အခန်း (၁)
Vol. 1 Ch. 1
“ကဲ့ အားလုံးပဲ နားထောင်ကြ။ ငါတို့ စတူဒီယိုမှာ အလကားစားသောက်နေတဲ့သူတွေအတွက် နေစရာမရှိဘူး။ အဆုံးမဲ့ ကမ္ဘာဂိမ်း စဖွင့်တာနဲ့ အသုံးမဝင်တဲ့ ဇာတ်ကောင်တွေကို လုံးဝမရွေးမိစေနဲ့။”
“စစ်သည်တော်၊ကောင်းကင်စစ်သည်၊ဘုန်းတော်ကြီး၊ လေးသမား—ဒါမျိုးတွေကိုပဲ ရွေးချယ်ကျ။
စွန့်စားနယ်မြေထဲ့ ဆော့ဖို့ ဒါမှမဟုတ် ရွှေရှာတဲ့ အဖွဲ့ဝင်ဖို့အတွက် ခင်ဗျားတို့ ဘာပြဿနာမှ မရှိစေရဘူး။”
“ငါတို့ရဲ့ ရည်ရွယ်ချက်က ရိုးရှင်းတယ်၊ ပိုက်ဆံရှာဖို့ပဲ! ပိုက်ဆံရဖို့အတွက် အစွမ်းကုန် ကြိုးစားကြ!”
ဘိုင်ကော်မြို့ရှိ သေးငယ်သော အွန်လိုင်းဂိမ်းစတူဒီယိုတစ်ခုအတွင်းတွင်၊ မန်နေဂျာဖြစ်သူ ချားလ်စ် က သူ၏ ဝန်ထမ်းများအား မီးလိုပူပြင်းသော စကားလုံးများဖြင့် စိတ်အားတက်ကြွစေရန် ပြောဆိုနေသည်။
အဆုံးမဲ့ကမ္ဘာဂိမ်း စတင်တော့မယ်ဟုတ်လား။
အဲဒါ စတင်ခဲ့တာ (၅) နှစ်တောင်ကြာပြီလေ။
စတူဒီယို၏ ထောင့်တစ်နေရာတွင် အော်ဆန်၏ မျက်လုံးများ ပြူးခနဲ ပွင့်သွားသည်။
“ဒီနေရာက… ရန်ခ်စတူဒီယို လား။”
အော်ဆန်သည် သူ့ပတ်ဝန်းကျင်ရှိ ရင်းနှီးသလိုလို၊ တစ်ချိန်တည်းမှာပင် စိမ်းသက်နေသော မျက်နှာများကို ကြောင်တောင်တောင်ကြည့်ရင်း မယုံကြည်နိုင်စွာဖြင့် ရေရွတ်လိုက်သည်– “ငါ… ငါ ပြန်ပြီး အသက်ရှင်လာတာလား။”
သူသည် စားပွဲပေါ်မှ ဖုန်းကို ဆွဲယူလိုက်သည်။ ဖန်သားပြင်တွင် ရက်စွဲကို ရှင်းလင်းစွာ ပြသနေသည်- ဇွန်လ ၁၂ ရက်၊ ၂၀၂၇။
“မယုံနိုင်စရာပဲ… ငါးနှစ်အကြာမှာ။ အဆုံးမဲ့ ကမ္ဘာ ဂိမ်း စတင်တဲ့နေ့မှာ ငါ ပြန်ရောက်နေတာပဲ!” အော်ဆန်သည် ထိတ်လန့်တကြားဖြင့် သူ့ထိုင်ခုံပေါ်မှ ခုန်ထရပ်လိုက်သည်။
အဆုံးမဲ့ ကမ္ဘာ နဲ့ပတ်သက်ပြီး ကမ္ဘာတစ်ဝန်းမှာ ပျံ့နှံ့နေတဲ့ သတင်းတွေအရ အဲဒီဂိမ်းဟာ ထိပ်တန်း AI ကုမ္ပဏီ သုံးခု ပူးပေါင်းဖန်တီးထားတဲ့ ဒုတိယလက်တွေ့ဘဝ တစ်ခုနဲ့ အနီးစပ်ဆုံးဖြစ်တယ်လို့ ဆိုကြသည်။ သို့သော် အော်ဆန်ကတော့ ထိုအဆိုကို ရယ်စရာကောင်းလှတယ်ဆိုတာ သိသည်။
အမှန်တရားကတော့... အဆုံးမဲ့ ကမ္ဘာ ဟာ နယ်မြေမျိုးစုံမှ သတ္တဝါများ ကို ခုခံတိုက်ခိုက်နိုင်ဖို့ လူသားတွေကို လေ့ကျင့်ပေးဖို့အတွက် ဂလက်ဆီရဲ့ နတ်ဘုရားများက ဖန်တီးထားတဲ့ စမ်းသပ်နယ်မြေ တစ်ခုသာ ဖြစ်သည်။
ဂိမ်း စတင်ဖွင့်လှစ်ချိန်မှာ အရာအားလုံးဟာ ပုံမှန်အတိုင်းပါပဲ။ ဒါပေမဲ့ သုံးနှစ်ကြာပြီးနောက်မှာတော့ အဆုံးမဲ့ ကမ္ဘာဂိမ်း ဟာ လက်တွေ့ဘဝနဲ့ ပေါင်းစပ်သွားပြီး၊ ဂိမ်းဟာ အပြင်းစား ရှင်သန်မှုပုံစံ သို့ ပြောင်းပြန် ပြောင်းလဲသွားမည်ဖြစ်သည်။ ဂိမ်းထဲမှာ သေဆုံးခြင်းဟာ လက်တွေ့မှာ ကမ္ဘာမှာသေဆုံးခြင်းကို ဆိုလိုသည်။
အဆုံးမဲ့ ကမ္ဘာ ခေတ် ရဲ့ ပဉ္စမနှစ်မှာ အော်ဆန်သည် ရှေးဟောင်းအပျက်အစီးတစ်ခုကို စူးစမ်းရှာဖွေရင်း အလွန်ရှားပါးသော ပစ္စည်း တစ်ခုကို ရှာတွေ့ခဲ့သည်။ ထိုအခါ အမေရိကန်ရှိ အင်အားအကြီးဆုံး အဖွဲ့အစည်း ဖြစ်သော ဒရာဂွန်ကစ်အဖွဲ့သည် မနာလိုစိတ်ဖြင့် သူ့ကို လိုက်လံရှာဖွေကာ ချုံခိုတိုက်ခိုက်ခံရ၍ သူ့သေဆုံးသွားခဲ့သည်။
အော်ဆန် မတ်တပ်ရပ်နေသည်ကို မြင်သောအခါ ချားလ်စ်က မျက်မှောင်ကြုတ်ကာ၊ ခနဲ့တဲ့တဲ့ လေသံဖြင့် ပြောင်လှောင်ပြောဆိုလိုက်သည်– “ပြုတ်သွားတဲ့ ပရော်ဖက်ရှင်နယ်ဟောင်း တစ်ချို့ကတော့ သူတို့လိုချင်တဲ့ ပိုက်ဆံအငတ်ဆုံး ဇာတ်ကောင် ဖြစ်တဲ့ မှော်ဆရာ ကို ရွေးချယ်နိုင်ပါတယ်။ ဒါပေမဲ့ တစ်ရက်ကို ရွှေနှစ်ပြားတောင် ရှာမပေးနိုင်ရင်တော့ ငါ့မျက်စိရှေ့ မလာနဲ့။”
“အော်ဆန်၊ သူ့လိုလူတွေအတွက် မင်းရဲ့ အင်အားတွေကို မဖြုန်းတီးပါနဲ့။”
သူ့ဘေးနားမှာရှိတဲ့ ဘရက်ဒ်လေက အော်ဆန် စိတ်မထိန်းနိုင်ဘဲ ပေါက်ကွဲသွားရင် ချားလ်စ်ကိုက အလုပ်ထုတ်ရန်အကြောင်းပြချက် ပေးလိုက်သလိုဖြစ်မှာစိုးလို့ အော်ဆန်ကို တိုးတိုးလေး ကပ်ပြောပြီး တိုက်တွန်းနေသည်။
“ဘရက်ဒ်လေ! ဟာ၊ ငါ့ရဲ့ သူငယ်ချင်းဟောင်း ဘရက်ဒ်လေ၊ အရင်ကအတိုင်း လန်းနေတုန်းပဲ!” အော်ဆန်သည် ခဏတာမျှ မှင်တက်သွားပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် တောက်ပသွားသည်။
ဘရက်ဒ်လေက သူ့ကို နားမလည်နိုင်စွာဖြင့် ပါးစပ်အဟောင်းသား ကြည့်နေသည်။ အော်ဆန်လည်း လျင်မြန်စွာ အခြေအနေကို ပြောင်းလဲလိုက်ပြီး၊ “အဲ… မင်း နည်းနည်း ပိန်သွားသလိုပဲ။ မမှတ်မိတော့ဘူးတောင် ထင်မိတာ။”
“ဟုတ်တယ်၊ ဆယ်ကြိမ်မှာ ကိုးကြိမ် အငတ်ခံနေရရင် ဒီလိုပဲ ဖြစ်တာပေါ့။”
ဘရက်ဒ်လေက သူ့ခေါင်းနောက်ကို ကုတ်လိုက်ပြီး အော်ဆန်၏ ထူးဆန်းသောအပြုအမူကြောင့် အံ့ဩတကြီး ကြည့်လိုက်သည်။ “ဟေ့၊ မင်းရဲ့ အဝေးပစ် DPS စွမ်းရည်တွေနဲ့ဆိုရင် လေးသမား ကို ကစားပြီး စီယန်နာ ခွဲစိတ်ဖို့အတွက် လုံလောက်တဲ့ငွေကို ရှာနိုင်မှာပါ။ စိတ်မပူပါနဲ့။”
အော်ဆန်ရဲ့ မျက်နှာက အပြုံးများ ရပ်တန့်သွားပြီး “စီယန်နာ” ဟု တိုးတိုးလေး ရေရွတ်လိုက်သည်။
သူ၏ အတိတ်ဘဝတွင်၊ အော်ဆန်သည် နာမည်အကြီးဆုံး အွန်လိုင်းဂိမ်းများထဲမှ တစ်ခုအတွက် အမျိုးသားချန်ပီယံဆုကို သုံးနှစ်ဆက်တိုက် ရရှိခဲ့သော ပရော်ဖက်ရှင်နယ် eSports ကစားသမား တစ်ဦးဖြစ်သည်။ ပရိသတ်များက သူ့ကို အငြင်းပွားစရာမရှိသော လျှို့ဝှက်နတ်ဘုရား ဟုခေါ်ကြပြီး အော်ဂေါ့ဒ် ဟု အတိုကောက် ခေါ်ဝေါ်ခဲ့ကြသည်။
(ဘာသာပြန်မှတ်ချက် အော်ဂေါ့ဒ်ဆိုတာ အော်ဆန်ရဲ့ ရှေ့နာမည်နဲ့ God ဆိုတာပေါင်းပြီး အတိုကောက် အော်ဂေါ့ဒ် လို့ခေါ်တာဖြစ်ပါတယ်)
သို့သော် ထို့နောက်တွင် သူသည် ပွဲရလဒ် လိမ်လည်မှု အရှုပ်တော်ပုံထဲသို့ ရောက်ရှိသွားခဲ့သည်။ သူ၏ကလပ်မှ ထုတ်ပယ်ခံရပြီး ဒဏ်ကြေးငွေ သန်းချီ၍ ပေးဆောင်ခဲ့ရသဖြင့် သူ့ဂုဏ်သတင်းသည် ပျက်စီးခဲ့ရသည်။ အော်ဂေါ့ဒ် ဟူသော နာမည်သည် ဂိမ်းလောကတွင် အရှက်ရစရာ တစ်ခု ဖြစ်လာခဲ့ရပြီး၊ ဂိမ်းစတူဒီယိုတစ်ခုတွင် ရွှေရှာဖွေခြင်း ဖြင့်သာ ဝမ်းစာအတွက် ရုန်းကန်နေခဲ့ရသည်။
စီယန်နာသည် သူ၏ ညီမငယ်ဖြစ်သည်။ သွေးသားတော်စပ်ခြင်း မရှိသော်လည်း မိဘမဲ့ဂေဟာတွင် အတူတူ ကြီးပြင်းလာခဲ့ကြသဖြင့် အော်ဆန်က သူမကို မိသားစုကဲ့သို့ သဘောထားသည်။
လွန်ခဲ့သည့် နှစ်ရက်ခန့်က စီယန်နာ၏ ကျောက်ကပ်များ အလုပ်မလုပ်တော့ဘဲ ပျက်ဆီးသွားသဖြင့်ကျောက်ကပ်အစားထိုးရန် ဆရာဝန်များက အရေးပေါ်ခေါ်ယူ၍ သတိပေးခဲ့သည်။ အသက်ရှင်ရန် လအနည်းငယ်မျှသာကျန်နေရှိသော သူ့မအတွက် ယွမ် ရှစ်သိန်း (၈၀၀,၀၀၀) ကုန်ကျမည့် ကျောက်ကပ်အစားထိုးခွဲစိတ်မှုတစ်ခုကို ပြုလုပ်နိုင်မှသာ အသက်ဆက်ရှင်သန်နိုင်မည်ဖြစ်သည်။
အကြွေးများဖြင့် လည်ပင်းနစ်ကာ အခြေအနေဆိုးရွားနေသော အော်ဆန်သည် ယခုအခါ အနည်းငယ် နာမည်ရနေပြီဖြစ်သည့် သူ၏ အသင်းဖော်ဟောင်းများ ထံမှ အကူအညီတောင်းခဲ့သည်။ သို့သော်လည်း ကြင်နာမှုအစား အဆုံးမရှိသော စော်ကားပြောဆိုမှုများ ကိုသာ ရင်ဆိုင်ခဲ့ရသည်။
“ငါ သုံးသောင်းပဲ လိုတော့တာကို… ငါ သူ့ကို မကယ်တင်နိုင်ခဲ့ဘူး။ ငါ တကယ်ကို အသုံးမကျတဲ့လူပဲ!”
“အစ်ကိုကြီး၊ ကျွန်မအတွက် စိတ်မပူပါနဲ့။ ကျွန်မ အဆင်သင့်ဖြစ်နေပါပြီ… ကျွန်မကို အိမ်ခေါ်သွားပေးပါနော်။”
ငါးနှစ်တိုင်ကြာခဲ့သော်လည်း ထိုစကားများက သူ့ကို အမြဲခြောက်လှန့်နေဆဲပင်။ သေဆုံးခါနီးအချိန်၌ပင် နောင်တနှင့် အပြစ်ရှိစိတ်တို့က အော်ဆန်ကို နှိပ်စက်နေခဲ့သည်။
ယခုတွင်တော့ အော်ဆန်သည် သွားများကို စေ့၍ လက်သီးကို တင်းတင်းဆုပ်ထားသည်။ သူသည် နောက်ထပ် အခွင့်အရေးတစ်ရပ် ကို ရရှိခဲ့ပြီဖြစ်ပြီး၊ ဤတစ်ကြိမ်တွင် သူတို့၏ ကံကြမ္မာကို ပြောင်းလဲပစ်ရန် ခိုင်မာစွာ ဆုံးဖြတ်ထားသည်။
“ဟေး၊ အော်ဆန်၊ မများလှပေမယ့် ဒီမှာ နှစ်သောင်း။ ငါ့မှာ ရှိတာ ဒါပဲ။ အခုလောလောဆယ်အတွက် အထောက်အကူ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။” ဘရက်ဒ်လေသည် ဘဏ်ကတ်တစ်ခုကို ဂရုတစိုက် ထုတ်ပေးလိုက်သည်။
အော်ဆန်၏ မျက်နှာအမူအရာသည် နူးညံ့သွားပြီး၊ ကျေးဇူးတင်သော အပြုံးဖြင့် ကတ်ကို ညင်သာစွာ ပြန်တွန်းပေးလိုက်သည်။ “မင်းပဲ သိမ်းထားပါ၊ ဘရက်ဒ်လေ။ ငါ ကိုယ်တိုင် ရှားပါးတဲ့ ပစ္စည်းတွေ အများကြီး ရှာပြီး ပိုက်ဆံကို စုဆောင်းမယ်။”
“ကောင်းပြီ! မင်း လုပ်နိုင်မယ်ဆိုတာ ငါ ယုံကြည်ပါတယ်!” ဘရက်ဒ်လေသည် သက်ပြင်းချကာ စိတ်သက်သာရာရသွားသည်။
ဆာဗာ ဖွင့်သည်နှင့်တစ်ပြိုင်နက် အော်ဆန်သည် သူ၏ VR ဦးထုပ်ကို ဝတ်ဆင်၍ ဂိမ်းထဲသို့ ဝင်ရောက်လိုက်သည်။
အဆုံးမဲ့ ကမ္ဘာက ၃နှစ်ကြာပြီ အပြင်စားရှင်သန်မှုအဖစ် ပုံစံ မပြောင်းခင်မှာ တတ်နိုင်သမျှ အားအကောင်းဆုံး ဖြစ်နေအောင် ငါ လုပ်ရမယ်။ ဒီတစ်ခါတော့ ငါ လူတိုင်းကို ကာကွယ်မယ်!” အော်ဆန်သည် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီးနောက် သူ၏ အကြည့်တို့သည် ပြတ်သားသော ဆုံးဖြတ်ချက်များဖြင့် ထက်မြက်လာသည်။
ဇာတ်ကောင်ဖန်တီးသည့် မျက်နှာပြင်တွင်၊ CGI နမူနာဗီဒီယိုများ က ဇာတ်ကောင် တစ်ခုစီကို လင်းလက်တောက်ပစွာ ပြသနေသည်။
အဆုံးမဲ့ ကမ္ဘာဂိမ်းသည် ဇာတ်ကောင် များ ရွေးချယ်ရာ၌ စိတ်တိုင်းကျ ရွေးချယ်ခွင့်ရှိသည်။ အခြေခံ ဇာတ်ကောင်ခြောက်မျိုး၊ (အတန်းခွဲ) ကိုးဆယ့်ကိုးမျိုး ရှိပြီး၊ အဆင့် ၂၀ နှင့် အဆင့် ၅၀ တွင် ထပ်မံ၍ အဆင့်တိုးမြှင့်မှုများ ပြုလုပ်နိုင်သည်။ ရှာဖွေတွေ့ရှိရန် စောင့်ဆိုင်းနေသော လျှို့ဝှက် ဇာတ်ကောင် ရာပေါင်းများစွာ လည်း ရှိသည်။
“သင့်ရဲ့ ဇာတ်ကောင် နဲ့ နာမည်ကို ရွေးချယ်ပါ။”
အော်ဆန်သည် တုံ့ဆိုင်းခြင်းမရှိဘဲ “မှော်ဆရာ။ အသုံးပြုသူအမည်- အော်ဂေါ့ဒ်” ဟု ရွေးချယ်လိုက်သည်။
ထိုသို့ရွေးချယ်လိုက်သည်နှင့် သူသည် အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ကာ သစ်သားဖြင့်ပြုလုပ်ထားသော လှံတံတစ်ချောင်းကို ကိုင်ဆောင်လျက် ပေါ်လာသည်။
ရုတ်တရက်၊ စနစ်ပြတင်းပေါက်တစ်ခု ပေါ်လာသည်– “ချစ်ခင်ရသော ကစားသမား၊ ခဏတာ စစ်တမ်းလေးတစ်ခု ဖြည့်ပေးပါရန် အကူအညီ တောင်းခံအပ်ပါသည်။”
“၆၀% တိကျမှုနှုန်းကို ထိန်းသိမ်းထားနိုင်ပါက ငွေဒင်္ဂါးနှင့် ဝိညာဉ်တံဆိပ် ကဲ့သို့သော ဆုလာဘ်များ ရရှိရန် အခွင့်အရေးရှိပါသည်။”
အော်ဆန် ပြုံးစိစိလုပ်လိုက်သည်။ ဂိမ်းကုမ္ပဏီအများစုသည် ထိုကဲ့သို့သော လှည့်ကွက်များကို အမြဲထုတ်သုံးတတ်ပြီး နောက်ဆုံးတွင် စစ်မှန်သော ဆုလာဘ်များကို ချွေတာလေ့ရှိသည်။
သို့သော် ဝိညာဉ်တံဆိပ် အကြောင်းကြားလိုက်ရသည့်အခါ သူသည် စိတ်ဝင်စားမှုမပြဘဲ မနေနိုင်ခဲ့။ “အဲဒီ ဝိညာဉ်တံဆိပ် က ဘာလဲဆိုတာ ငါ အမြဲတွေးမိနေတာ… ထိန်းတန်းအဆင့် တံဆိပ်တစ်ခုက စိတ်ဝင်စားစရာ ဖြစ်နိုင်တယ်။”
အဆုံးမဲ့ ကမ္ဘာတွင် ပစ္စည်းကိရိယာများနှင့် အသုံးအဆောင်ပစ္စည်းများကို အပြည့်အဝ ရောင်းဝယ်ဖောက်ကား နိုင်သော်လည်း ဝိညာဉ်တံဆိပ်များ ကို တစ်ကြိမ် တပ်ဆင်ပြီးသည်နှင့် အမြဲတမ်း ရှိနေမည်ဖြစ်သည်။ ဇာတ်ကောင်တစ်ဦး၏ စွမ်းဆောင်ရည်သည် ၎င်းတို့၏ အခြေခံစွမ်းရည်ကို သတ်မှတ်သော်လည်း၊ ဝိညာဉ်တံဆိပ်များ ကမူ ကစားသမားတစ်ဦး၏ မွေးရာပါ စွမ်းရည် အဖြစ် ဆောင်ရွက်ပြီး ၎င်းတို့၏ အမြင့်ဆုံး
စွမ်းရည်ပမာဏကို ဆုံးဖြတ်ပေးသည်။
ကစားသမားများသည် ဝိညာဉ်တံဆိပ် သုံးခုသာ တပ်ဆင်နိုင်သည်- လူသားအဆင့်၊ မြင့်မြတ်အဆင့် နှင့် နတ်ဘုရားအဆင့် တို့ဖြစ်သည်။
အရည်အသွေးအဆင့်သတ်မှတ်ချက်များမှာ အနိမ့်ဆုံးမှ အမြင့်ဆုံးသို့ လူသား၊ ဝိညာဉ်၊ သခင်၊ အထက်တန်း နှင့် နတ်ဘုရား တို့ဖြစ်သည်။
သူ၏ အတိတ်ဘဝတွင် အော်ဆန်ကို သေစေခဲ့သော ရှားပါးပစ္စည်းမှာ အထက်တန်းအဆင့် ဝိညာဉ်တံဆိပ် တစ်ခုဖြစ်ပြီး၊ ၎င်းသည် မနာလိုမှုနှင့် သေဆုံးခြင်း၏ မချိုးဖျက်နိုင်သော ရင်းမြစ်တစ်ခု ဖြစ်ခဲ့သည်။
ဂိမ်းစတင်ချိန် စောစောပိုင်းဖြစ်သောကြောင့် အချိန်တိုင်းသည် အရေးကြီးသည်။ ကစားသမားအများစုသည် စစ်တမ်းကို ကျော်သွားလေ့ရှိသည်။ သို့သော် အော်ဆန်သည် စစ်တမ်းကို ဖြည့်ရုံဖြင့် တန်ဖိုး သန်းပေါင်းများစွာ ရှိသော သခင်အဆင့် ဝိညာဉ်တံဆိပ်ကို ဆွတ်ခူးခဲ့သည့် ပညာရှင်ကစားသမားတစ်ဦးကို သတိရမိသည်။ ထိုတံဆိပ်က ဂိမ်းအစတွင် သူ့ကို ကြီးမားသော အားသာချက်တစ်ခု ပေးခဲ့သည်။
အဆုံးမရှိသော မေးခွန်းများကို သည်းခံ၍ အော်ဆန် စတင်ဖြေဆိုခဲ့သည်။ ပထမမေးခွန်းအနည်းငယ်မှာ ရိုးရှင်းပြီး ဂိမ်းဗဟုသုတ၊ ကစားသမား၏ အတွေ့အကြုံနှင့် နောက်ခံဇာတ်ကြောင်းကို ရင်းနှီးကျွမ်းဝင်မှုတို့အကြောင်း အများဆုံး ပါဝင်သည်။
“ဘော့ ကို တိုက်ခိုက်နေချိန်မှာ သင့်အသင်းဖော်တွေ သေဆုံးသွားပြီး သင့်တစ်ယောက်တည်း ကျန်ခဲ့ရင် ဘာလုပ်မလဲ။”
A. အရှုံးနည်းအောင် အသင်းကနေ ထွက်လိုက်မယ်။
B. အသင်းဖော်တွေကို စကားပြောခန်းမှာ ဆဲဆိုကြိမ်းမောင်းမယ်။
C. ထွက်ပြေးပြီး အသင်းဖော်တွေအတွက် ဆုတောင်းပေးမယ်။
D. အသေခံ တိုက်ခိုက်မယ်။
အော်ဆန်သည် မေးခွန်းများ ပိုမိုခက်ခဲလာသည်ကို သိရှိ၍ အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ ခဏအကြာတွင် သူသည် D ကို ရွေးချယ်လိုက်သည်။
“အဖြေမှန်ပါသည်!”
အော်ဆန်သည် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ အဆုံးမဲ့ ကမ္ဘာဂိမ်း သည် အားနည်းသူများအတွက် စိတ်ရှည်သည်းခံမှုမရှိ။ အကန့်အသတ်များကို တွန်းလှန်ကျော်လွှားခြင်း သည် ဂိမ်း၏ အဓိက အနှစ်သာရပင် ဖြစ်သည်။
လေးနာရီ ကြာပြီးနောက်တွင် အော်ဆန်သည် လုံးဝကို ပင်ပန်းနွမ်းနယ်နေသော်လည်း မေးခွန်းများကို ဆက်လက်ဖြေဆိုနေခဲ့သည်။
“ဒါကို ‘ခဏလေး’ ဖြည့်ရမယ့် စစ်တမ်းလို့ ခေါ်တာလား။”
မေးခွန်းငါးရာ ကဇာတ်ကောင် တွေရဲ့ အားသာချက်၊ အားနည်းချက်တွေကနေ စစ်မှန်တဲ့ ဗျူဟာချဉ်းကပ်မှုတွေအထိ အရာရာကို လွှမ်းခြုံထားသည်။ ကစားသမားအသစ်တွေအတွက်တော့ ဒါဟာ အိပ်မက်ဆိုးတစ်ခုလိုပင်။
ကံကောင်းစွာနဲ့ပဲ အော်ဆန်ရဲ့ အတွေ့အကြုံတွေက သူ့ကို ဆက်လက်သွားနိုင်အောင် ကူညီပေးခဲ့သည်။
“ဒင်!” (အသံမြည်လာသည်)
“မယုံနိုင်စရာပဲ! သင့်ရဲ့ တိကျမှုနှုန်းဟာ ၉၉% ကျော် သွားပါပြီ။ အဆင့်သတ်မှတ်ချက်- ထူးခြားသော စွမ်းရည်”
“သင်ဟာ နတ်ဘုရားအဆင့် လူသား ဝိညာဉ်တံဆိပ် တစ်ခုကို ရရှိခဲ့ပါပြီ!
သင်ဟာ ဒီစစ်တမ်းကို ပြီးဆုံးအောင် ဖြေဆိုနိုင်ခဲ့တဲ့ ကမ္ဘာတစ်ဝန်းက ပထမဆုံး ကစားသမား ဖြစ်ပါတယ်။ အပိုဆုလာဘ် အနေဖြင့် စူပါနတ်ဘုရားအဆင့် လူသား ဝိညာဉ်တံဆိပ် ကို ချီးမြှင့်လိုက်ပါပြီ!”အော်ဆန်သည် တောင့်ခနဲ ရပ်တန့်သွားပြီး ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ ဘာ… စူပါနတ်ဘုရားအဆင့် တံဆိပ်ဆိုတာ ဘာလဲ။သူ၏ အတိတ်ဘဝတွင် တရုတ်ဒေသ တစ်ခုလုံး၌ပင်
နတ်ဘုရားအဆင့် ဝိညာဉ်တံဆိပ်ကို ရရှိဖူးသူ ဆယ်ယောက်တောင် မရှိခဲ့ပေ။ စူပါနတ်ဘုရားအဆင့်
ဆိုတာကိုတော့ သူ တစ်ခါမှ ကြားပင် မကြားဖူးခဲ့။“ဝိညာဉ်တံဆိပ်ကို တပ်ဆင်လိုပါသလား။”သူ့ရှေ့တွင် ဖြူစင် စင်ကြယ် သော တံဆိပ်တစ်ခုက ဝဲနေသည်။ အော်ဆန်သည် ရင်ခုန်သံမြန်စွာဖြင့် တံတွေးမျိုချလိုက်ပြီး ခေါင်းညိတ်လိုက်သည်။“ဂုဏ်ပြုပါသည်။ သင်၏ လူသား ဝိညာဉ်တံဆိပ် နိုးထလာပါပြီ!”[ကောင်းကင်ဝိညာဉ်၏ ညာဘက်မျက်လုံး]: စူပါနတ်ဘုရားအဆင့် * (အလိုအလျောက် စွမ်းရည် ၁): ဘီလူး ၁၀ ကောင် သတ်ဖြတ်တိုင်း တိုက်ခိုက်မှု အကွာအဝေးကို တစ်မီတာ တိုးမြှင့်ပေးသည် (ကနဦး အကန့်အသတ်- ၀/မီတာ ၁,၀၀၀)။
နတ်ဘုရားများ၏ မှတ်ချက်- “မှော်ဆရာ တွေအတွက် အဓိပ္ပာယ်မဲ့လောက်အောင် အကွာအဝေးရှည်လျားနေရင် ဘာဖြစ်လဲ။” * (အလိုအလျောက် စွမ်းရည် ၂): ဘီလူးတစ်ကောင် သတ်ဖြတ်တိုင်း မှော်စွမ်းအင် ကို ၁ မှတ် တိုးမြှင့်ပေးသည် (ကနဦး အကန့်အသတ်- ၀/မှော်စွမ်းအားမှတ် ၁၀,၀၀၀)။နတ်ဘုရားများ၏ မှတ်ချက်- “မှော်ဆရာ တွေမှာ အဆုံးမရှိတဲ့ မှော်စွမ်းအားတွေ ရှိနေရင်ရော ဘာဖြစ်နိုင်သလဲ??။
”“သေချာပေါက်… မွန်းစတားတွေ
သတ်တာက ငါ့ရဲ့ မှော်စွမ်းအား နဲ့ တိုက်ခိုက်မှု အကွာအဝေး ကိုပါ တိုးပေးနေတာလား။ ဒါ့အပြင် အဆင့် ကိုပါ ထပ်တိုးလို့ရအုံးမှာလား။”အော်ဆန်သည် မယုံနိုင်စွာဖြင့် သူ့မျက်နှာကို ပွတ်သပ်လိုက်သည်။ ဤ ဝိညာဉ်တံဆိပ်သည်… အရူးအမူး အစွမ်းထက် နေသည်!လုံးဝမတွန့်ဆုတ်ဘဲ သူသည် ဂိမ်းကို စတင်လိုက်သည်။သူ အိပ်မက်မက်နေတာလား ဒါမှမဟုတ် အဆုံးမဲ့ ကမ္ဘာကို ဖန်တီးသူတွေ ရူးသွပ်သွားတာလားဆိုတာ အော်ဆန် စောင့်မကြည့်ဘဲ မနေနိုင်တော့ပေ။မျက်နှာပြင် ပြောင်းသွားပြီး အော်ဆန်သည် အစပြုသူရွာ နံပါတ် ၃၃၁၃ သို့ ရောက်ရှိလာသည်။ဆာဗာ ဖွင့်ပြီး နှစ်နာရီ ကြာသော်လည်း ဂိမ်း၏ လူကြိုက်များမှုကို သက်သေပြနေသည့်အလား ရွာထဲတွင် လူအပြည့်ပင် ရှိနေဆဲဖြစ်သည်။
အဓိကမစ်ရှင်ကို လျစ်လျူရှုထားပြီး သူသည် အနီးဆုံးရှိ မွန်းစတားများ ပေါက်ဖွားရာဇုန် သို့ တန်းတန်းမတ်မတ် ဦးတည်သွားခဲ့သည်။[အမဲရောင်ဂေါ်ဘလင် : အဆင့် ၁][ (အသက်စွမ်းအား): ၈၀/၈၀][(တိုက်ခိုက်မှု): ၆]အော်ဆန်သည် သူ့ကိုယ်ပိုင် စွမ်းရည်များကို အမြန်ကြည့်လိုက်သည်– မှော်တိုက်ခိုက်မှု ၁၀ မှတ်၊ (အသက်စွမ်းအား ၁၀၀၊ မှော်စွမ်းအင် ၅၀။ဤအစပြု ဂေါ်ဘလင်ကို ချေမှုန်းရန်မှာ လွယ်ကူသော်လည်း ဆုလာဘ်များမှာမူ မပြောပလောက်ပါ။သူသည် လှံတံကို မြှောက်ပြီး အခြေခံ မီးလုံးတိုက်ခိုက်မှု ကို လွှတ်လိုက်သည်။ရှစ်ချက် ထိမှန်ပြီးနောက် ဂေါ်ဘလင်သည် ၎င်း၏ သံချေးတက်နေသော ဓားဖြင့် အနည်းငယ် ခုတ်ရမ်းရင်း လဲကျသွားသည်။ မီးလုံးတစ်လုံးစီသည် မှော်စွမ်းအား တစ်မှတ်ကို သုံးစွဲသောကြောင့် သူ စုစုပေါင်း မှော်စွမ်းအင် ၈ မှတ် ဆုံးရှုံးခဲ့သည်။ထို့ကြောင့်ပင် မှော်ဆရာ သည် ပိုက်ဆံ အကုန်အကျ အများဆုံး ဇာတ်ကောင် ဖြစ်ရခြင်း ဖြစ်သည်။ အခြေခံ တိုက်ခိုက်မှုတစ်ခုပင်လျှင် မှော်စွမ်းအင်ကို သုံးစွဲသောကြောင့် မှော်စွမ်းအင်ပြန်ပြည့်စေသည့် စွမ်းရည်ပါသော ရှားပါးပစ္စည်းများနှင့် ဈေးကြီးသော မှော်စာအုပ်များပေါ်တွင် မှီခိုနေရခြင်း ဖြစ်သည်။
သင့်အနေနဲ့ သောင်းနဲ့ချီပြီး ရင်းနှီးမြှုပ်နှံ လိုက်မယ်ဆိုရင်တော့ မှော်ဆရာ ဟာ သာမန် ဇာတ်ကောင် တွေထက် သာလွန်နိုင်ပါတယ်။ ဒါပေမဲ့ ဒါက ပိုက်ဆံအများကြီး သုံးနိုင်သူတွေ အတွက်သာ သင့်တော်တဲ့ ကဏ္ဍတစ်ခု ဖြစ်ခဲ့ပါတယ်။“သင်ဟာ [အမဲရောင်ဂေါ်ဘလင်] ကို သတ်ဖြတ်လိုက်ပါပြီ။ အတွေ့အကြုံ +၃ ရရှိပါသည်”[သင့်အား မဟာဝိညာဉ်နတ်ဘုရားမှ ကောင်းချီးပေးထားပြီး၊ သင်၏ ဂုဏ်ရည်များ အနည်းငယ် တိုးလာပါသည်]အော်ဆန်သည် သူ၏ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ရင်း (အခြေအနေပြ မျက်နှာပြင်) ကို တစ်ဖန် ပြန်စစ်လိုက်သည်- မှော်စွမ်းအင် ၄၂/၅၁!ဒါက နည်းနည်းလေး တိုးလာတာ ဖြစ်ပေမဲ့၊ အော်ဆန်က ဒါဟာ အစ သာ ရှိသေးတယ်ဆိုတာကို သိနေခဲ့သည်။
“ဒါက စူပါနတ်ဘုရားအဆင့် ဝိညာဉ်တံဆိပ်ပေါ့လေ? ဒါက လုံးဝကို ဖျက်ဆီးပစ်နိုင်တဲ့ စွမ်းအား ပဲ!”အော်ဆန် တစ်ကိုယ်လုံး ကျောချမ်းသွားသည်။ သူသာ အဆင့် ၁ ဂေါ်ဘလင်များကို အဆင့်အမြင့်ဆုံး ရောက်သည်အထိ ဆက်လက် သတ်ဖြတ် နေပါက…[ကောင်းကင်ဝိညာဉ်၏ ညာဘက်မျက်လုံး] သည် အမြင့်ဆုံးအဆင့်တွင် သူ့ကို မှော်စွမ်းအင် ၁၀,၀၀၀ နှင့် အကွာအဝေး တစ်ကီလိုမီတာ အထိ ပေးအပ်မည်ဖြစ်သည်။သူက မှော်ဆရာ မဟုတ်တော့ဘဲ၊ လူ့သား အမြောက်တပ်ကြီး တစ်ခု ဖြစ်လာလိမ့်မည်!ရွာထဲမှာ မတ်တပ်ရပ်နေရုံနဲ့တောင် ပြင်ပနယ်မြေက ဘော့ တွေကို နျူကလီးယားတိုက်ခိုက်မှု လုပ်နိုင်မှာပဲ!