အခန်း (၅)
Vol. 1 Ch. 5
မြင့်မြတ်သောမင်းသားလေး: "ဂေါ်ဘလင် တစ်သောင်း... ဒါက ဖြစ်နိုင်လို့လား? အော်ဆန်၊ မင်းက ဒဏ္ဍာရီလာနတ်ဘုရားတစ်ပါး လား?"
ငရဲမီး: "ဂေါ်ဘလင် တစ်ထောင် သတ်တာကတောင် ရူးသွပ်တဲ့လုပ်ရပ်ပဲ။ ဒါပေမဲ့ တစ်သောင်း ကြီးများတောင်သတ်ထားတယ်? ဒါကတော့ တကယ်စစ်မှန်တဲ့ ဉာဏ်ကြီးရှင် ပဲ!"
ရူးသွပ်တဲ့ကျောက်တုံး: "ဂေါ်ဘလင်တွေက မင်းကို ဘာများလုပ်မိခဲ့လို့လဲ? ဒါမှမဟုတ် သူတို့ဆီက ရှားပါးပစ္စည်းကောင်းတွေ ကျလို့လား?"
...
ကမ္ဘာ့လုံးဆိုင်ရာစကားပြောခန်း တစ်ခုလုံး ဆူညံသွားခဲ့တယ်။ နာရီ နှစ်ဆယ်တောင် မပြည့်သေးခင် မှာ အော်ဆန် ဟာ ဂေါ်ဘလင် တစ်သောင်းကို ရှင်းပစ်ခဲ့တယ်။ ဒါဟာ ရူးသွပ်နေတာတင် မဟုတ်ဘဲ အလွန်ကြောက်မက်ဖွယ်ကောင်းလွန်း နေပါပြီ။
"အော်ဆန် မှာ နတ်ဘုရားအဆင့် ပစ္စည်းစုဆောင်းနိုင်စွမ်း ရှိနေနိုင်တယ်!" လို့ နိုလန်မြို့ ရဲ့ မွန်းစတားဂူထဲ့မှာ မွန်းစတားများကိုသတ်ဖြတ်နေရင်း တစ်စုံတစ်ယောက်က အံ့သြတုန်လှုပ်စွာနဲ့ တီးတိုးရေရွတ်ပြောဆိုလိုက်တယ်။ ဂေါ်ဘလင်တွေဟာ အဆင့်နိမ့် မွန်းစတားသားရဲတွေ ဖြစ်နေရင်တောင် အော်ဆန် ရဲ့ ကြောက်စရာကောင်းတဲ့ စွမ်းဆောင်ရည် က လူတိုင်းကို ပြောစရာဖြစ်စေခဲ့တယ်။
အော်ဆန် ဟာ အဆင့် ၆ ရောက်သွားခဲ့ပါပြီး သူ့ရဲ့ [စွမ်းအားပြင်း မီးလျှံ] စွမ်းရည်ကိုလဲ အဆင့် ၆ အထိ မြှင့်တင်ခဲ့ကာ သူ့ရဲ့ အမှတ် အားလုံးကို မှော်တိုက်ခိုက်မှုထဲသို့ ပြောင်းထည့်လိုက်တယ်။
သူ့ရဲ့ ဝိညာဉ်တံဆိပ် ဟာလည်း နောက်ဆုံးမှာတော့အဆင့်တက်လာခဲ့ပြီ။ သူဟာ စိတ်လှုပ်ရှားစွာဖြင့် သူရဲ့ စွမ်းရည်ပြမျက်နှာပြင်ကို ဖွင့်လိုက်တော့တယ်။
အော်ဆန်ရဲ့ မျက်လုံးများဟာ မယုံနိုင်စွာ စိုက်ကြည့်နေရင်း နောက်ဆုံးမှာ "ကြက်သေသေသွားပါတော့တယ်... ဒါကတော့ စွမ်းအားအလွန်ကြီးလွန်းတယ်ကွာ!"
သူက သူ့ရဲ့ အကွာအဝေးပစ်စွမ်းရည် နဲ့ မှော်စွမ်းအင် ကန့်သတ်ချက် ဟာ အများဆုံး နှစ်ဆလောက် ပဲ တိုးလာမယ်လို့ ခန့်မှန်းထားခဲ့တာ။ ဒါပေမဲ့ မထင်မှတ်ထားပဲ အဲဒီ စွမ်းရည်ကိန်းဂဏန်း နှစ်မျိုးလုံးဟာ ငါးဆတောင် ထိုးတတ်လာခဲ့တယ်။
[နတ်ဘုရား၏ ညာဘက်မျက်လုံး]: စူပါဘုရားအဆင့်
* အမြဲတမ်းစွမ်းရည် ၁ : မွန်းစတား ၁၀ ကောင် သတ်တိုင်း တိုက်ခိုက်မှုအကွာအဝေး ၁ မီတာ တိုးလာမည် (ကန့်သတ်ချက်အသစ်: မီတာ ၁၀၀၀/၅၀၀၀)။
* နတ်ဘုရားများ၏ မှတ်ချက်: "အမှန်တရားသည် မိမိ၏ စိတ်ကူးနိုင်သည်အကွာအဝေးအတွင်း၌သာ တည်ရှိသည်"။
* အမြဲတမ်းစွမ်းရည် ၂ :မွန်းစတား ၁ ကောင် သတ်တိုင်း မှော်စွမ်းအင် ၁ မှတ် တိုးလာမည် (ကန့်သတ်ချက်အသစ်: မှော်စွမ်းအင် ၁၀,၀၀၀/၅၀,၀၀၀)။
* နတ်ဘုရားများ၏ မှတ်ချက်: "မည်သည့် မှော်ဆရာမှ ဖျက်ဆီးရေးစက်တစ်ခုဖြစ်လာမည့် ဆွဲဆောင်မှုကို မတွန်းလှန်နိုင်ပါ"။
သူ ရင်ထဲအောင့်သက်သက် ဖြစ်သွားခဲ့တယ်။ သူဟာ စူပါဘုရားအဆင့် ဝိညာဉ်တံဆိပ် ရဲ့ တိုးတက်နိုင်စွမ်း ကို လုံးဝ လျှော့တွက်ထားခဲ့မိတယ်။ ဒါက သူ့ကို ရွေ့လျားနေသော သေမင်းအမြောက် အဖြစ် ပြောင်းလဲပစ်ဖို့ တမင်ရည်ရွယ်ထားတာများလား?
မီတာ ၅,၀၀၀ အကွာအဝေး ဆိုတာ ဘယ်လို မွန်းစတားမျိုးလဲ?!
အဲဒီလောက် အဝေးကနေ တိုက်ခိုက်ရင် သူဟာ အေးဆေးအိပ်ရင်းနဲ့တောင် ပစ်ခတ်နေနိုင်တယ်
ရှင်းရှင်းပြောရရင် အဆုံးမဲ့ကမ္ဘာဂိမ်းထဲက ပုံမှန်ကစားသမားတစ်ဦးရဲ့ အဝေးဆုံးမြင့်နိုင်တဲ့အကွာအဝေး ဟာ မီတာ ၂,၀၀၀ မှာပဲ အများဆုံး ကန့်သတ်ထားတာ။ အဲဒီထက် ကျော်လွန်ရင် မှုန်ဝါးဝါး သာ မြင်ရမှာဖြစ်ပြီး တိကျစွာ ပစ်မှတ်ထားဖို့ မဖြစ်နိုင်ပါဘူး။
ဒီဂိမ်းထဲမှာ လေးသမား တွေဟာ အလွန်ဝေးကွာတဲ့မြင်နိုင်စွမ်းကို ပိုင်ဆိုင်ထားတယ်။ အဆင့် ၂၀ ရောက်ပြီး [သိမ်းငှက် မျက်လုံး] ဆိုတဲ့ စွမ်းရည် ကို ဖွင့်လိုက်တဲ့အခါ အထက်တန်းအဆင့် လေးသမား တစ်ယောက်ဟာ သူတို့ရဲ့ ပုံမှန် အကွာအဝေးထက် ကျော်လွန်တဲ့ အဝေးက ပစ်မှတ်တွေကို ပစ်မှတ်ထားပစ်ခတ်နိုင်ကျတယ်။ ဂိုဏ်းစစ်ပွဲများ မှာဆိုရင် အဆင့်မြင့် လေးသမား တစ်ဦးက ရန်သူ့ မှော်ဆရာ တွေကို နောက်တန်း ကနေ လှမ်းပြီး ပစ်ခတ်သတ်ဖြတ်နိုင်တာကြောင့် ထိပ်တန်းကစားသမားတွေဟာ ဂိုဏ်းကနေ လစဉ် ထောက်ပံ့ကြေး ကို သက်သောင့်သက်သာ ရရှိကြတယ်။
"ငါမှာ ပစ်မှတ်ညွှန်းပြတဲ့စွမ်းရည် တစ်ခု လိုတယ်။ ဂြိုဟ်တုနေရာပြစနစ် လိုမျိုး တစ်ခုခုပေါ့။ မဟုတ်ရင် ဒီလောက်ရှည်တဲ့ အကွာအဝေး က အလကားဖြစ်သွားမှာပဲ" လို့ အော်ဆန် စဉ်းစားလိုက်တယ်။
သူ ဂေါ်ဘလင် တစ်သောင်း သတ်ခဲ့လို့ အသစ်ရရှိထားတဲ့ [သားရဲမျိုးနွယ်ရဲ့ ရန်သူတော်] ဘွဲ့ကို စစ်ဆေးကြည့်လိုက်တယ်။
[သားရဲမျိုးနွယ်ရဲ့ ရန်သူတော်]
အကျိုးသက်ရောက်မှု: ပစ္စည်းကျနှုန်း +၁၀%၊ ရှားပါးပစ္စည်းကျနှုန်း +၁%။
မှတ်ချက်: ဒီဘွဲ့ကို ဝတ်ဆင်ထားစဉ် သားရဲမျိုးနွယ် အခြေချနယ်မြေ ထဲ ဝင်ရောက်ပါက ဧရိယာတစ်ခုလုံးကနေ ချက်ချင်းရန်လိုတိုက်ခိုက်မှု ကို ဖြစ်ပေါ်စေမည်။
"ဒီဘွဲ့က တကယ် မိုက်တယ်!" လို့ အော်ဆန် ရဲ့ မျက်လုံးတွေက တောက်ပသွားတယ်။ ရှားပါးပစ္စည်းကျနှုန်း က ၁% ပဲ တိုးတယ်ဆိုပေမယ့် "ပစ္စည်းကျနှုန်း" နဲ့ "ရှားပါးပစ္စည်းကျနှုန်း" ကြားက ကွာခြားချက်ကို သူ ကောင်းကောင်းသိတယ်။
ရှားပါးပစ္စည်းကျနှုန်း ဖြစ်ပေါ်လာရင် သူဟာ အနည်းဆုံး အပြာရောင်အဆင့် ဒါမှမဟုတ် အဲဒီထက် မြင့်တဲ့ ပစ္စည်း ကို ရရှိမှာ သေချာတယ်။
သားရဲနယ်မြေ တွေမှာ တိုက်ခိုက်ခံရဖို့လား? အော်ဆန် က ကြိုဆိုပါတယ်။ ဒါဟာ မွန်းစတားတွေကိုလိုက်ရှာရတဲ့ ဒုက္ခကိုပါ သက်သာစေပါတယ်။
ဂေါ်ဘလင် ဧကရာဇ် ရဲ့ ဟိန်းသံဟာ တောင်ကြားတစ်ခုလုံးမှာ ပဲ့တင်ထပ်သွားပြီး အော်ဆန် က အဲဒီအသံထဲမှာ ရန်သူကိုမတွေ့လို့ စိတ်ပျက်ဒေါသထွက်မှု အရိပ်အမြွက်ပါရှိကို သိလိုက်ပါတယ်။
အဆုံးမဲ့ ကမ္ဘာဂိမ်း ထဲက အထက်တန်းအဆင့်ဘော့ တွေရဲ့ အသိဉာဏ်ဟာ အဆင့်တစ်ခုအထိ ရှိကျပါတယ်။ ဂိမ်းအစောပိုင်း ဘော့ တစ်ဦးအနေနဲ့ ဂေါ်ဘလင် ဧကရာဇ် ဟာ အော်ဆန် ရဲ့ ဂေါ်ဘလင် မွန်းစတား ထုတ်စက် လိုမျိုး ဆင့်ခေါ်လိုက် သတ်ဖြတ်ခံရလိုက် ဖြစ်နေတဲ့
အတွက် ဒေါသထွက် နေမှာ သေချာတယ်။
တစ်ကီလိုမီတာ အကွာက သစ်တောထဲမှာရှိနေတဲ့ ဘော့ ဟာ အော်ဆန် အတွက် မှုန်ဝါးဝါးပုံရိပ် သာ မြင်နေတော့တယ်။ သူဟာ ပစ်မှတ်ချိန်ညှိဖို့ ခဏတာ အချိန်ယူလိုက်တယ်။
ဝှီး၊ ဝှီး၊ ဝှီး...
သူဟာ မီးလုံးသုံးလုံးကို လျင်မြန်စွာ စတင်ပစ်ခတ်လိုက်ရာ မီးလုံးတစ်လုံးစီဟာ ဘော့ ရဲ့ ခြေထောက်နားမှာ ပဲပေါက်ကွဲသွားကျတယ်။
လွဲချော်သွားသွားတာလား!
"ဟာ... ဘယ်တတ်နိုင်မှာလဲ။ ဒီအကွာအဝေးကနေ ထိဖို့ဆိုတာ လွယ်မှမလွယ်တာ" လို့ အော်ဆန် က မျက်လုံးကို အားစိုက်ကြည့်ရင်း တီးတိုးရေရွတ်လိုက်တယ်။ အဆုံးမဲ့ ကမ္ဘာဂိမ်းမှာ ပစ်မှတ်ညွှန်းစနစ် ဟာ မီတာ ၂၀၀ ကျော်ရင် အလုပ်မလုပ်တော့ဘူး။ ဒါကြောင့် ပစ်မှတ်ချိန်တာဟာ ကိုယ်ရဲ့အာရုံစူးစိုက်နိုင်စွမ်းပေါ်မှာသာ မူတည်တယ်။ ပစ်မှတ်ကို ချိန်ထားရုံနဲ့ ထိမှန်မယ်လို့ အာမမခံနိုင်ဘူး။ လူသစ်တွေတောင် အနီးကပ်ပစ်မှတ် တိုက်ခိုက်မှုတွေ ကို လွဲချော်တတ်ကြတယ်။
"ကောင်းပြီလေ၊ ဒါကို မင်း ထိအောင်ပစ်နိုင်မှာပါ!" အော်ဆန် ဟာ သူ့ကိုယ်သူ အားပေးစကားပြော လိုက်တယ်။
လေးနှစ် ကြာ ပရို eSports အတွေ့အကြုံ၊ သုံးနှစ် ကြာ အဆုံးမဲ့ကမ္ဘာဂိမ်း ကစားခဲ့တဲ့ အတွေ့အကြုံ၊
ဂိမ်းကနေ လက်တွေအဖြစ်ပြောင်းလဲသွားခြင်းမှာ
မသေဆုံးမှီ ၂နှစ်တာ ရှင်သန်ခဲ့ရတဲ့ အတွေ့အကြုံ... လွယ်ကူတဲ့ လမ်းမရှိရင် သူကိုယ်တိုင် ပဲလမ်းဖောက်ရုံပေါ့!
"လေတိုက်နှုန်း... စစ်ဆေးပြီးပြီ!"
"ပစ်မှတ်တည်နေရာ... စစ်ဆေးပြီးပြီ!"
"ထောင့် ... ၅၅ ဒီဂရီ... စစ်ဆေးပြီးပြီ!"
သူ မီးမှော် ကို ခေါ်ယူလိုက်ချိန်မှာ သူ့အောက်မှာ အနက်ရောင် ကြယ်ခြောက်ထောင့် တစ်ခု တောက်ပလာခဲ့တယ်။ သူ့ဆံပင်တွေ လေထဲ လွင့်ပျံသွားပြီး မှော်စွမ်းအား တွေ ထကြွလာခဲ့တယ်။
အော်ဆန် ရဲ့ မျက်နှာဟာ တည်ကြည် သွားခဲ့တယ်။ ဒီအချိန်မှာ သူဟာ မီးနတ်ဘုရားမှော်ဆရာ တစ်ဦးလို ဖြစ်နေခဲ့ပြီ!
မီးလုံးတွေ ဟာ အပြာရောင်ကောင်းကင်ကို ဖြတ်ပြီး အဆင့် ၁၀ ဂေါ်ဘလင် ဧကရာဇ် ဆီကို လျင်မြန်စွာ ဦးတည်သွားခဲ့ရာ၊ အောက်က ကစားသမားများ ရဲ့ အာရုံစူးစိုက်မှုကို ဆွဲဆောင်သွားခဲ့တယ်။
-၄၂!
မီးလုံးဆက်တိုက်ပစ်စွမ်းရည် ဟာ ဘော့ ရဲ့ ဦးခေါင်းကို တည့်တည့် ထိမှန်သွားခဲ့ပြီး ဘော့ ကို လဲကျ သွားစေခဲ့တယ်။ စွမ်းအားပြင်း မီးလျှံ ရဲ့ ၆ ဆ စုပုံတိုက်ခိုက်မှု ဟာ အသက်ဝင်သွားခဲ့ပြီး ဘော့ ရဲ့ ခန္ဓာကိုယ်အနှံ့ကို မီးကူးစက်သွားစေတယ်။
အော်ဆန် ရဲ့ တိုက်ခိုက်မှု မှတ်တမ်းမျက်နှာပြင်မှာ ကျေနပ်ဖွယ်ရာ ကိန်းဂဏန်းတွေတစ်ခုပြီးတစ်ခုကို ပြသနေခဲ့တယ်-
၆၀၃!
၆၀၃!
...
သုံးစက္ကန့် အတွင်း မီးလောင်ကျွမ်းမှုကြောင့် ၁၂,၀၀၀ ရှိတဲ့ ဘော့ ရဲ့ အသက် ဟာ ငါးပုံတစ်ပုံနီးပါး ကျဆင်းသွားပြီး တိုက်ခိုက်မှု ၁,၈၀၀ ကျော်ကို ဖြစ်ပေါ်စေခဲ့တယ်။
"အံ့ဩစရာပဲ..."
အော်ဆန် မျှော်လင့်ထားခဲ့ပေမယ့် ဒီလိုမျိုး ရလဒ် ကို မြင်လိုက်ရတော့ သူ့ဟာ စိတ်လှုပ်ရှားသွားပါတော့တယ်။
မိုးကြိုးဘုရင်: "ဒါ… ဒါ ကာကွယ်ရေးမျှော်စင် က ငါတို့ကို ကူညီပြီး ဘော့ သတ်ပေးနေတာလား?"
ပီဇာချစ်သူ: "မင်းတို့အားလုံး ဘာတွေ စောင့်နေကြတာလဲ? အန္တရာယ်ကြီးရင် အကျိုးအမြတ်ကြီးမယ်! ဒီကံကြမ္မာဟာ ငါ့ဟာပဲ! သွားတိုက်ခိုက်ကြစို့!"
ကစားသမား ထောင်ပေါင်းများစွာ စိတ်လှုပ်ရှားစွာ အော်ဟစ်ကြွေးကြော်လိုက်ကြတယ်။ လူသစ်ကျေးရွာ ကို ကာကွယ်ပေးနေပုံရတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ မျှော်စင် ဟာ တကယ်တော့ ကစားသမားတွေကို စေတနာနဲ့ ကူညီပေးနေတဲ့ အင်အားကြီး ပုဂ္ဂိုလ် တစ်ဦး ဖြစ်နေခဲ့ပြီ!
ဆာဗာဖွင့်ပြီး တစ်ရက်နီးပါး ရှိနေပြီဖြစ်ပေမဲ့ ထိပ်တန်း အဆင့် ၁၀ ဘော့ တစ်ကောင်ကို ဘယ်အဖွဲ့ကမှ မချနိုင်သေးဘူး။ ဒီ ဘော့ ကို သတ်နိုင်ရင် မယုံနိုင်စရာ ပစ္စည်းကောင်းတွေ ရရှိမယ်ဆိုတာ လူတိုင်း ရှင်းလင်းစွာသိနေခဲ့တယ်။
လူတိုင်းမှာ အတွေးတစ်ခုတည်း ပဲ ရှိတယ်- "မြင့်မြတ်တဲ့ မျှော်စင်က ပေးတဲ့ စည်းစိမ်တွေဟာ ငါ့အတွက်ပဲ!"
ကုန်ကျစရိတ် ဒါမှမဟုတ် အသက်ဆုံးရှုံးမှု ကို မတွက်ဘဲ သူတို့ဟာ အပြိုင်အဆိုင် ဂေါ်ဘလင် ဧကရာဇ် ဆီကို ပြေးဝင်သွားကြတယ်။
"သင့်ကို ရှာတွေ့သွားပါပြီ!"
ဘော့ ဟာ သူ့ဆီ ပြေးလာနေတဲ့ ကစားသမား အလုံးအရင်း ကို လျစ်လျူရှုပြီး အော်ဆန် ပုန်းနေတဲ့ နေရာကို ချက်ချင်း ပစ်မှတ်ထား လိုက်ကာ ဖုတ်ကောင် စစ်သည်တော်များ ကို ပိုမို ခေါ်ယူလိုက်တယ်။ အော်ဆန် ကိုပဲ အာရုံစိုက်ရင်း ဂေါ်ဘလင် ဧကရာဇ် ဟာ ကစားသမားတွေဆီကတိုက်ခိုက်မှုတွေကို အရေးမလုပ်ပဲ အော်ဆန် ဆီပဲတည့်တည့်လမ်းလျှောက်လာခဲ့တယ်။
အော်ဆန် ဟာ တည်ငြိမ်စွာ နဲ့ နောက်ကို အနည်းငယ်ဆုတ် လိုက်ပြီး ဘော့ ရဲ့ လမ်းကြောင်းကို ကြိုတင်ခန့်မှန်းကာ ပစ်မှတ်ကိုချိန်ထားလိုက်တယ်။
မီးလုံး ဒါဇင်ပေါင်းများစွာ လေထဲ ဖြတ်ပြေးသွားပြီး ဘော့ အပေါ်ကို ဥက္ကာခဲမိုးရွာသလိုမျိုး ကျဆင်းလာခဲ့တယ်။ တော်တော်များများ လွဲချော်ခဲ့ပေမဲ့ ထိမှန်တဲ့ မီးလုံးတိုင်း ဟာ [စွမ်းအားပြင်းမီးလျှံ]စွမ်းရည်ကြောင့် ပြင်းထန်တဲ့ အပူချိန်ကို ထုတ်လွှတ်နေပါတယ်။
-၆၀၃!
...
မိနစ်ပိုင်းအကြာမှာ မီးလောင်ကျွမ်းပြီး မည်းနက်နေတဲ့ ဘော့ ဟာ အော်ဆန် နဲ့ မီတာ ၂၀၀ အောက်သာ ဝေးတဲ့အကွာအဝေးကို ရောက်လာခဲ့ပြီ။
မိုးကြိုးဘုရင်: "ဟာ... ဘော့ သေတော့မယ်! မျှော်စင်ဘိုးဘေ အောင်ပါစေ!"
ဂေါ်ဘလင် ဧကရာဇ် က အားမရှိတာ မဟုတ်ဘူး။ မျှော်စင်ဘိုးဘေ က အဆမတန် အစွမ်းထက် နေတာပါ(မျှော်စင်ဘိုးဘေဆိုတာ အော်ဆန်ကို ပြောတာဖြစ်ပါတယ်)။ နောက်ဆုံးမှာတော့ ဘော့ ဟာ မီးလောင်ကျွမ်းပြီး သေဆုံးပါတော့မယ်။
"ဒါဟာ သက်တန်းနည်းတဲ့ ဖုတ်ကောင် မှော်ဆရာ ဘော့ ဖြစ်နေလို့ တော်သေးတယ်။ နည်းနည်းလေး နီးလာရင်တောင် ငါ့ကို သေဆုံးသွားစေနိုင်တယ်" လို့ အော်ဆန် က သက်ပြင်းချပြီး [စွမ်းအားပြင်း မီးလျှံ] ရဲ့ ပြန်လည်အသုံးပြုနိုင်ချိန် ကို စောင့်ကာ နောက်ဆုံးတိုက်ခိုက်မှုနဲ့ အဆုံးသတ်ဖို့ ပြင်လိုက်တယ်။
နောက်ဆုံး တိုက်ခိုက်မှု တစ်ခုနဲ့အတူ ဘော့ ဟာ လဲကျသွားပြီး မျက်စိကျိန်းလောက်အောင် တောက်ပတဲ့ ပစ္စည်းအပုံကြီး ကျဆင်းလာခဲ့တယ်။
အနီးနားက ကစားသမားတွေဟာ တံတွေးမျိုချရင်း ပစ္စည်းအပုံကြီးကို စိုက်ကြည့်နေကြတယ်။ အဲဒီထဲမှာ ဧကရာဇ် ရွှေဒင်္ဂါး အချို့ တလက်လက် တောက်ပနေခဲ့တယ်။
ဒါက ချမ်းသာမည့် အပုံကြီး ပဲ!
ရွှေဒင်္ဂါး တစ်ပြားချင်းစီ ဟာ ယွမ်တစ်ထောင်တန်ကြေးရှိတယ်။
ဘော့ ရဲ့ ပစ္စည်းများ ဟာ ပုံမှန်မဟုတ်ဘဲ အဆင့်မြင့်မားလွန်း နေခဲ့တယ်။ သာမန်အဖြူရောင် ပစ္စည်း တစ်ခုမှ မပါဘဲ အစိမ်းရောင် နဲ့ အပြာရောင် ပစ္စည်းတွေသာ ရောနှောပါဝင်နေခဲ့တယ်။
"ဟို တောင်ဝှေး က... ခရမ်းရောင် လား?"
"ဒါ... ဒါ သူရဲကောင်းအဆင့်လက်နက် များ ဖြစ်နေမလား?!"
သက်တန်းရင့် ဘဏ်ရဲ့သူငယ်ချင်း: "ငါ့ရဲ့ အနှစ်သုံးဆယ် လျင်မြန်စွာ ကောက်ယူတဲ့ အတွေ့အကြုံ ကို မင်းတို့ကို ပြလိုက်မယ်!"
ဓားကိုင်ဆောင်ထားတဲ့ ကစားသမား တစ်ဦးဟာ ရှေ့ကို လျှပ်စီးလက်သလို ပြေးသွားပြီး သူ့ရဲ့လက်ဟာ မြန်ဆန်လွန်းတာကြောင့် သူရဲကောင်းလက်နက် ကို ဆွဲယူလိုက်ကာ ထွက်ပြေးဖို့ လှည့်လိုက်တယ်။ ဒါပေမဲ့ သူ့ကို တုန်လှုပ် စေတဲ့အရာက အဲဒီ တောင်ဝှေး ဟာ သူ့လက်ထဲကနေ ချော်ထွက်သွားပြီး မြေပေါ်ကို ပြန်ကျသွား ခဲ့တာပဲ။
"ဘာ... ဘာဖြစ်တာလဲ? ငါ့ကို ကောက်ယူခွင့် မပြုဘူးလား?!"
ဓားသမား ရဲ့ မျက်နှာဟာ ကြက်သေသေ သွားပြီး စိတ်ဓာတ်လည်း ကျိုးပျက် သွားခဲ့တယ်။ "စောက်ကျိုးနည်း အဆုံးမဲ့ ကမ္ဘာဂိမ်း! ငါတို့ ခုနစ်ကြိမ်ရှစ်ကြိမ် သေပြီးတဲ့နောက် ဒီပစ္စည်းတွေက ငါတို့ရဲ့ လျော်ကြေး အနေနဲ့ ဖြစ်သင့်တာ မဟုတ်ဘူးလား? မင်းကို ကျိန်ဆဲတယ်၊ မင်းက @#%$..."
ကစားသမား အုပ်စုကြီး တစ်ခုလုံးဟာ ပစ္စည်းအပုံကြီးကို မြင်နေရပေမဲ့ ဘယ်လို့မှကောက်ယူလို့ မရဘူးဆိုတာကို သိလိုက်ရပါလိုက်ရတယ်။
မိုးကြိုးဘုရင် က အပြာရောင် ရင်အုပ်ကာ တစ်ခုကို ကောက်ယူလိုက်ရာ မက်ဆေ့ချ်တစ်ခု ပေါ်လာတယ်- ဒီပစ္စည်းဟာ သင့်ပစ္စည်း မဟုတ်ပါဘူး။ မိနစ် ၃၀ အတွင်း မယူရင် ပိုင်ရှင်ကင်းမဲ့သွားပါလိမ့်မယ်။
"ငါ့ပစ္စည်း မဟုတ်ဘူး? ဒါဆို ဘယ်သူ့ပစ္စည်းလဲ... ဂိမ်းမန်နေဂျာ ရဲ့ ပစ္စည်းလား?" လို့ မိုးကြိုးဘုရင် က စိတ်ရှုပ်ထွေးစွာ တီးတိုးရေရွတ်လိုက်တယ်။
"အဟမ်း... အားလုံးပဲ လမ်းနည်းနည်းလေး ဖယ်ပေးကြပါဦးခင်ဗျာ။"
အော်ဆန် က အော်ပြောလိုက်ပြီး လူအုပ်ကြားထဲ တိုးဝှေ့ဝင်ရောက်သွားခဲ့တယ်။