အခန်း (၇)
Vol. 1 Ch. 7
ရှက်တာခရောင်း: "ဟဲလို၊ ၉၁၁ လား? ကျွန်တော့်ကို တစ်ယောက်ယောက်က လိမ်နေတယ် ထင်တယ်"
ရှက်တာခရောင်း ဟာ အော်ဆန် ရဲ့ ID ကို ထပ်ခါတလဲလဲ စစ်ဆေး နေခဲ့တယ်။ တောင်ဝှေး ကို သူ့ဆီ ရောင်းခဲ့တဲ့သူက ဒီလူ ဟုတ်မဟုတ် သေချာအောင် စစ်နေတာ။ မဟုတ်ရင်တော့ သူဟာ ဒီ ပါတီ ကနေ ထွက်သွားတာကြာလောက်ပြီ။
"ညီလေး၊ ငါ မင်းကို ရွှေဒင်္ဂါးအပို နည်းနည်းပေးမယ်၊ ပြီးရင် အဆင့် ၁၀ ကစားသမား နည်းနည်းလောက် ရှာပြီး မွန်းစတားဖမ်းဖို့ ကူညီပေးပါလား?"
အော်ဆန် ဟာ ရယ်မောရင်း ပြန်ဖြေလိုက်တယ်၊ "စိတ်လျှော့ပါ ဘော့ရယ်။ ငြိမ်ငြိမ်လေး ထိုင်ပြီး အဆင့်မြန်မြန်တတ်ဖို့ အတွက် အသင့်ပြင်ထားပါ"
အော်ဆန် ဟာ ခဏလောက်နားပြီး ရှက်တာခရောင်းကို ထပ်ပြောလိုက်တယ်၊ "ဂိမ်းကနေထွက်သွားပြီ စကားထိုင်ပြောနေဖို့ မင်းသူငယ်ချင်းနှစ်ယောက်ကို ခေါ်လာဖို့ မလိုဘူးလို့ မင်း သေချာလား?"
ရှက်တာခရောင်း ဟာ ဒေါသထွက် နေခဲ့ပြီ။ "အဆင့် မြှင့်ပေးဖို့ ပဲ အာရုံစိုက်ပေးလို့ မရဘူးလား? မင်း လိုအပ်ရင် ငါ ဝင်ကူတိုက်ပေးမယ်"
သူ လုံးဝကို စိတ်ကုန်နေပြီ—လိမ်ညာခံရတာက တစ်မျိုး၊ ဒါပေမဲ့ အဆင့် မြှင့်တဲ့အချိန်ကို ဖြုန်းတီး နေရတာ? ဒါက တကယ့်ကို ကပ်ဘေး ပဲ။ သူ နောက်ကျကျန်နေခဲ့ရင် သူ့သူငယ်ချင်းတွေက သူ့ကို မဆုံးနိုင်အောင် လှောင်ပြောင်ကြတော့မှာ။
အော်ဆန် ဟာ ခေါင်းခါပြီး သူ့ရဲ့ ကမ်းလှမ်းမှုကို ပယ်ချလိုက်တယ်။ သူဟာ ရှက်တာခရောင်း ကို မြူခိုးသစ်တော ထဲကို ဦးဆောင်ခေါ်သွားခဲ့ရာ
မွန်းစတား ဖမ်းတဲ့ နေရာများ ကို တွေ့လိုက်ရတယ်။
[အရိပ်ဝံပုလွေ : အဆင့် ၈]
* အသက် : ၇၀၀/၇၀၀
* တိုက်ခိုက်မှု စွမ်းအား : ၄၀
* စွမ်းရည် : ကြောက်မက်ဖွယ် ဆက်တိုက်တိုက်ခိုက်ခြင်း
အမှောင်ထု နှင့် တစ္ဆေ ပုံစံရှိသော အရိပ်ဝံပုလွေ တစ်ကောင် ထွက်ပေါ်လာသည်။ ဒီနေရာက
မွန်းစတားများ ဟာ လူသစ်ကျေးရွာ က မွန်းစတားတွေထက် အများကြီး ပိုအားကောင်း တာကြောင့် ကစားသမားအများစုဟာ အဖွဲ့ဖွဲ့ ပြီးမှ ဖမ်းလေ့ရှိတယ်။ တကယ်တော့ အော်ဆန် ဟာ သူ့ပတ်ဝန်းကျင်မှာ အဖွဲ့သုံးဖွဲ့ လောက် မွန်းစတားဖမ်းနေတာကို မြင်နိုင်ခဲ့တယ်။
ရှက်တာခရောင်း: "ဒီနေရာတွေက လူများတယ်။ ပိုပြီး တိတ်ဆိတ်တဲ့နေရာ ရှာရအောင်"
အော်ဆန် က ခပ်ရွဲ့ရွဲ့ ပြုံးလိုက်တယ်၊ "စိတ်မပူပါနဲ့—သူတို့က ငါ့ထက် ပိုပြီး မွန်းစတားဖမ်းနိုင်မှာ မဟုတ်ဘူး"
"မယုံနိုင်စရာပဲ။ အဆင့် ၇ မှော်ဆရာ က အဆင့် ၁ ငစနူးလေးကို ဒီကို ခေါ်လာတာလား? သေချင်နေတာလား? ထွက်သွားစမ်း!"
အနီးနားမှာရှိတဲ့ အဆင့် ၉ လေးသမား တစ်ဦးက မထီလေးစား လှမ်းပြောလိုက်ပြီး ရန်လိုစွာ လေးကို ဆွဲယူပြီး လျင်မြန်စွာပစ်ချက်သုံးချက် ကို ထုတ်လွှတ်လိုက်တယ်။ သူ့ရဲ့ ခြောက်ယောက်အဖွဲ့ ဟာ စနစ်တကျ ပူးပေါင်းထားပြီး အရိပ်ဝံပုလွေ ရှစ်ကောင် ကို ဆွဲဆောင်ခဲ့တယ်။
အကာအကွယ်သမား ဖြစ်တဲ့ သူရဲကောင်း က ဟိန်းဟောက်ပြီး မွန်းစတားတွေရဲ့ အာရုံစိုက်မှု ကို ဆွဲယူဖို့ အခြေခံ စွမ်းရည် ကို သုံးလိုက်ချိန်မှာ ဘုန်းတော်ကြီး က သူ့ကို သွေးဖြည့်ပေးထားတယ်။ ကျန်တဲ့သူတွေကတော့ ဝံပုလွေများ ကို ပျက်စီးဆုံးရှုံးမှု အများဆုံး ဖြစ်အောင် တိုက်ခိုက်ဖို့ အာရုံစိုက်နေကြတယ်။
အော်ဆန် ဟာ အဲဒီအဖွဲ့ကို လေ့လာကြည့်လိုက်တယ်။ သူတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှု နဲ့ အစီအစဉ် ကို ကြည့်ခြင်းအားဖြင့် သူတို့က ဘယ်လိုတိုက်ခိုက်ရမယ်ဆိုတာ သိတဲ့ အတွေ့အကြုံရှိ ကစားသမားတွေ ဖြစ်ကြောင်း ရှင်းနေတယ်။
"အမ်... အော်ဆန်၊ ဒီ မွန်းစတားတွေ က နည်းနည်း များတယ်။ ငါတို့ နောက်ဆုတ်သင့် တယ်ထင်တယ်" လို့ ရှက်တာခရောင်း က စိတ်ပူနေဟန်ဖြင့် တီးတိုးပြောလိုက်တယ်။
ဒါပေမဲ့ အော်ဆန် က လေးသမားအဖွဲ့ ကို လှည့်ကြည့်ပြီး ရယ်လိုက်တယ်။ "မွန်းစတားတွေတွေ စုပေးထားတဲ့အတွက် ကျေးဇူးတင်ပါတယ်"
သူဟာ သူ့ရဲ့ အခြေခံ တောင်ဝှေး ကို မြှောက်ပြီး မီးမှော် ကို စုစည်းကာ ဝံပုလွေအုပ် အလယ်ကို မီးလုံးသုံးလုံး ဆက်တိုက် ထုတ်လွှတ်လိုက်တယ်။
-၅၅
-၅၅
...
လေးသမား က အော်ဆန် ရဲ့ မွန်းစတား ဝင်လုရန် ကြိုးပမ်းမှု ကို ကြည့်ပြီး မထီမဲ့မြင် ရယ်မောလိုက်တယ်။ "မဆိုးဘူး၊ ကလေးလေး။ နေရာကျယ် တိုက်ခိုက်မှု စွမ်းရည် ကို မြန်မြန်ဆန်ဆန် သင်ယူထားတာပဲ။ ဒါပေမဲ့ ဒါလောက်နဲ့ မလုံလောက်သေးဘူး"
အဆုံးမဲ့ ကမ္ဘာဂိမ်းမှာ မှာ အတွေ့ကြုံမှတ်နဲ့ ပစ္စည်း လုယူခြင်းတွေ ဟာ အချိန်တိုင်း နေရာတိုင်းမယ် ဖြစ်တတ်တယ်။ ပုံမှန်အားဖြင့်မွန်းစတားတွေကို ပထမဆုံးတိုက်ခိုက်တဲ့ ကစားသမားအဖွဲ့တွေဟာ မွန်းစတားတွေရဲ့ ရန်လိုတိုက်ခိုက်မှု ကိုခံကျရပြီး အတွေ့အကြုံအမှတ်များကိုတော့ အဆင့်တတ်ဖို့လုံ့လောက်အောင် အပြည့်ဝ ရရှိကြပါတယ်။ သို့သော် နောက်မှ ဝင်ရောက်တိုက်ခိုက်တဲ့ အဖွဲ့ထက် သေဆုံး ဒဏ်ရာရနိုင်ခြေလဲ မြင့်မားပါတယ်၊ သူတို့ဟာ တိုက်ခိုက်မှုကို နောက်ဆုတ်ပြီး မွန်းစတားများကို တခြားအဖွဲ့ထံ့ အာရုံစိုက်အောင်လုပ်နိုင်မှသာ အကျအဆုံးနည်းမှာပါ။
"ဟုတ်လို့လား?" အော်ဆန် က ခပ်ပါးပါးလေး ပြုံးလိုက်တယ်။
-၇၀၄!
ချက်ချင်းဆိုသလို ဝံပုလွေများ ပေါ်မှာ ကြောက်မက်ဖွယ်ကောင်းတဲ့ အနီရောင် ကိန်းဂဏန်းများ ဆက်တိုက် ပေါ်လာပြီး ဝံပုလွေ ရှစ်ကောင်စလုံး ဟာ ချက်ချင်း သေဆုံး သွားခဲ့တယ်။
"သင်သည် [အရိပ်ဝံပုလွေ] ကို သတ်လိုက်ပါပြီ။
အတွေ့ကြုံမှတ် +၃၀"
"သင်သည် [အရိပ်ဝံပုလွေ] ကို သတ်လိုက်ပါပြီ။"
"သင့်၏အဆင့်သည် အဆင့် ၃ သို့ တိုးမြှင့်သွားပါပြီ။"
"ဘာ... ဘာဖြစ်တာလဲ..."
"ဒါ ဘယ်လို တိုက်ခိုက်မှု မျိုးလဲ? ဘယ်လို မွန်းစတားသတ်ဖြတ်မှု စွမ်းဆောင်ရည် မျိုးလဲ?
ဒါက ကစားသမား တစ်ယောက်ရော ဟုတ်ရဲ့လား?"
ရှက်တာခရောင်း ဟာ မယုံနိုင်စွာ မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်နေခဲ့တယ်။ လွန်ခဲ့တဲ့ ခဏလေးတင်က သူဟာ အော်ဆန် ရဲ့ စွမ်းရည်အပေါ် သံသယဝင် နေခဲ့တာ။ အခုတော့ တိုက်ခိုက်မှု တစ်ချက်တည်း နဲ့ သူဟာ အဆင့် ၁ ကနေ အဆင့် ၃ ကို ရောက်သွားခဲ့ပြီ။ (စာဖတ်သူများ မရှင်းမှာဆိုးလို့ပါ အော်ဆန်နဲ့ ရှက်တာခရောင်းက ပါတီဖွဲ့ထားတာမို့ အော်ဆန်မွန်းစတားသတ်ရင် ရှက်တာခရောင်းလဲ အဆင့်တတ်ပါတယ်)
ရှက်တာခရောင်း ဟာ သူတို့ ဂိမ်းတစ်ခုတည်း ပဲ ကစားနေတာ ဟုတ်ရဲ့လားလို့ အလေးအနက် သံသယ စတင်ဝင်လာခဲ့တယ်။
"သင့်၏အဆင့်သည် အဆင့် ၈ သို့ တိုးမြှင့်သွားပါပြီ။"
အဆင့် ၅ ဂေါ်ဘလင် ဖုတ်ကောင်လှိုင်းများ ကို ဖြတ်သန်းပြီးတဲ့နောက် အော်ဆန် ဟာ အတွေ့အကြုံ မှတ် အများကြီး ရရှိခဲ့တယ်။ ဘော့ ရဲ့ ခေါ်ယူထားတဲ့ ဖုတ်ကောင်တွေ က အတွေကြုံမှတ် နည်းနည်းပဲ ပေးပေမဲ့ ပုံမှန်မွန်းစတားတွေ ကို သတ်ခဲ့မယ်ဆိုရင် သူ အဆင့် ၉ ကို ရောက်နေသင့်တယ်။
သူဟာ သူ့ရဲ့ စွမ်းရည်အမှတ် အားလုံး ကို မှော်တိုက်ခိုက်မှု မှာ ထည့်သွင်းခဲ့ပြီး၊ သူ့ရဲ့ [စွမ်းအားပြင်း မီးလျှံ] စွမ်းရည်ကို အဆင့် ၈ အထိ မြှင့်တင်လိုက်တယ်။ အဲဒီစွမ်းရည်က အခုဆိုရင် သူ့ရဲ့ မှော်စွမ်းအင် ၈% ကို ပြင်းထန်တဲ့ လောင်ကျွမ်းတိုက်ခိုက်မှု အဖြစ် ပေးစွမ်းနိုင်ပြီ။ ဒါက လောင်ကျွမ်းမှု တစ်ခုချင်းစီနဲ့ ၈၀၀+ ကျော်တဲ့ ပြင်းထန်တဲ့ တိုက်ခိုက်မှု ကို ပေးနိုင်ခဲ့တယ်။
ခြောက်ယောက်ပါ အဖွဲ့ ဟာ သူတို့ မြင်နေရတာတွေကို နားမလည်နိုင်ဘဲ ပါးစပ်အဟောင်းသား နဲ့ ကြည့်နေကြတယ်။
ရဲရင့်သောဆိုးသွမ်းသူ : ဟာ မေးရိုးပင် ပြုတ်ကျမတတ် ဖြစ်သွားခဲ့တယ်။ "ဟာ... ဒါက ဘယ်လို ထူးဆန်းတဲ့ ဖြစ်ရပ် မျိုးလဲ?"
အော်ဆန် ဟာ အဲဒီနောက်မှာ သနားညှာတာမှု ကင်းမဲ့တဲ့ မွန်းစတားသတ်ဖြတ်စက် ဖြစ်လာခဲ့တယ်။ သူ့ပတ်ဝန်းကျင်မှာ ဘယ်သူရှိရှိ ဂရုမစိုက်ဘူး—သူ မြင်ရတဲ့ မွန်းစတားမှန်သမျှ ကို မီးနဲ့ရှို့ ပြီး နောက်တစ်ကောင်ဆီ ဆက်သွားခဲ့တယ်။ ကျင့်ဝတ်လား? ယဉ်ကျေးမှုလား? အဲဒါတွေက တခြားသူတွေရဲ့ ကန့်သတ်ချက် တွေသာ ဖြစ်တယ်။ သူ့စိတ်ထဲမှာ အပြစ်ရှိတယ်လို့ ထင်တဲ့ အရိပ်အယောင် လုံးဝမရှိဘဲ တည်ငြိမ် နေခဲ့တယ်။
လေးသမားအဖွဲ့ က အစပိုင်းမှာ ယှဉ်ပြိုင်ဖို့ ကြိုးစားခဲ့ပေမဲ့ ငါးမိနစ် ကြာတဲ့အထိ အတွေ့အကြုံ တစ်မှတ် မှ မရရှိတော့တဲ့အခါ လက်လျှော့လိုက်ကြတယ်။ အော်ဆန် က မွန်းစတားတွေအားလုံး ကို သူ့ဆီ ဆွဲယူပေးခြင်းဖြင့် သူတို့အတွက် အချိန်ကုန်သက်သာစေ ခဲ့တယ်။
"ဘော့ ၊ လူအနည်းငယ် ထပ်ခေါ်လာ ရင် ကောင်းမယ် မဟုတ်လား? ဒီ နေရာလွတ်တွေ ကို ဖြည့်လိုက်တာက ပိုကောင်းမယ်။ ငါ ၁၂% လျှော့စျေး တောင် ပေးမယ်"
အော်ဆန် ဟာ မြေပြင်ပေါ်က ငွေဒင်္ဂါးတွေ နဲ့ ပစ္စည်းတွေ ကို ကောက်ထည့်ပြီး ရှက်တာခရောင်း ကို သေလောက်အောင် တည်ကြည်သော အမူအရာနဲ့ ကြည့်လိုက်တယ်။
ရှက်တာခရောင်း ဟာ လုံးဝကို ထိတ်လန့်တုန်လှုပ် နေခဲ့တယ်။ စကားထစ်အစွာနဲ့ သူ ပြန်ဖြေတယ်၊ "ခ... ခဏလေး။ ငါ့မှာ အိပ်နေတဲ့ သူငယ်ချင်း နည်းနည်းတော့ ရှိတယ်။ ငါ သူတို့ကို ခေါ်လိုက်မယ်!"
"ဘယ်မှ မသွားပါနဲ့ ဆရာ! ခင်ဗျား ကျေးဇူးပြုပြီး ဒီမှာပဲ နေပေးပါ!" ရှက်တာခရောင်း ဟာ သူ့ရဲ့ အစွမ်းထက်တဲ့ အင်အားစုအသစ် က ပျောက်ကွယ် သွားမှာကို ကြောက်ရွံ့ပြီး အော်ဆန် ကို သူငယ်ချင်း အဖြစ် ချက်ချင်း ပေါင်းထည့်လိုက်တယ်။ သူဟာ အော်ဆန် ကို နေရာမှာပဲ နေဖို့ ထပ်ခါတလဲလဲ သတိပေးခဲ့တယ်။
အော်ဆန် ဟာ သက်ပြင်းချ ရင်း ခေါင်းညိတ်လိုက်တယ်။ နောက်ဆုံးတော့ အချိန်ဟာ ပိုက်ဆံပဲ မဟုတ်လား။
အော်ဆန် ဟာ တခြား မွန်းစတားရှိတဲ့ နေရာတွေ ကို လှည့်ကြည့်လိုက်ရာ သူတို့ဟာ အများအားဖြင့် ဂိုဏ်းအဖွဲ့များ နဲ့ ပြည့်နေတာကို သတိထားမိတယ်။ သူဟာ ဒေသတွင်း စကားပြောဝိုင်း ထဲကို မက်ဆေ့ချ်တစ်ခု ပို့လိုက်တယ်- "အရှေ့မြောက်ဘက် က အရိပ်ဝံပုလွေ ဖမ်းတဲ့နေရာ သုံးနေရာ ကို နောက်တစ်နာရီအတွက် ငါ သုံးပါ့မယ်။ အဆင်မပြေမှုအတွက် တောင်းပန်ပါတယ်"
ရှက်တာခရောင်း ဟာ ခဏတာ ကြက်သေသေ သွားတယ်။ "ဟာကွာ၊ ကွင်းလုံးကျွတ်ရှင်းမို့ လုပ်နေတာလား? ခင်ဗျား တကယ် ရက်စက် တဲ့လူပဲ"
ချက်ချင်းပဲ ချက်ထဲမှာ တစ်ယောက်က ပြန်ဖြေတယ်။
ရှေးဟောင်းစက်လှေကား : "အော်? ငါတို့ မြင့်မြတ်တဲ့ ချောက်ကမ်းပါးဂိုဏ်းကို မရှိဘူးလို့ ထင်နေတာလား?"
ကောင်းကင်ကို ခုတ်ပိုင်းသူ : "ပြီးတော့ မင်းက ဘယ်ဂိုဏ်းကလဲ၊ ဒီလောက် မာနကြီး လွန်းတာ? ငါတို့ ဒရာဂွန်ကစ်ဂိုဏ်း ဟာ ဘယ်သူ့ကိုမှ မကြောက်ဘူး။ သတ္တိရှိရင် ငါတို့နေရာတွေကို လာယူကြည့်"
မြူခိုးသစ်တော မှာ အရိပ်ဝံပုလွေ ပေါက်ဖွားရာနေရာ ခြောက်နေရာ ရှိတယ်။ ဒရာဂွန်ကစ်ဂိုဏ်း က သုံးနေရာ ကို ထိန်းချုပ် ထားပြီး၊ နောက်တစ်နေရာကို မြင့်မြတ်သော် ချောက်ကမ်းပါးဂိုဏ်း က ယူထားတယ်။ တခြား ကစားသမားတွေ အားလုံးက ကျန်တဲ့ နှစ်နေရာ အတွက်သာ တိုက်ခိုက်နေရတယ်။
ဂိမ်းရဲ့ အစောပိုင်းကာလ မှာ ဒီလိုဖြစ်ရပ်မျိုးက သာမန် ပဲ။ ဂိုဏ်းကြီးတွေ မှာ ကစားသမားများ နဲ့ ပစ္စည်းကောင်းများ ပိုမိုရှိတာကြောင့် သာမန်ကစားသမားများ အတွက် ယှဉ်ပြိုင်ဖို့ အခွင့်အရေးမရှိဘူး။
အော်ဆန် ရဲ့ မျက်နှာဟာ မှောင်မဲ သွားခဲ့တယ်။ သူ့ရဲ့ ယခင်ဘဝ တုန်းက ထိပ်တန်း ဂိုဏ်း ဖြစ်တဲ့ ဒရာဂွန်ကစ် ဟာ ဂိမ်းစဖွင့်ချိန်ကတည်းက အဆုံးကမ္ဘာဂိမ်းကို လွှမ်းမိုးထား ခဲ့တယ်။ လက်ရှိမှာ အဆင့်သတ်မှတ်ချက် ရဲ့ ထိပ်တန်း ကစားသမား ၅၀ ထဲက သုံးပုံတစ်ပုံ ဟာ ဘီလီယံပေါင်းများစွာတန် ကော်ပိုရေးရှင်း က ကျောထောက်နောက်ခံပြုထားတဲ့ ဒရာဂွန်ကစ်က ဖြစ်တယ်။ ဒါကြောင့် သူတို့ဟာ သူတို့ စိတ်တိုင်းကျ ရက်စက်ကြမ်းကြုတ်စွာ ပြုမူကြတာ သဘာဝကျတယ်။
"အော်၊ ငါ မင်းတို့အတွက် နေရာနှစ်နေရာ ချန်ထားပေးမလို့ပါပဲ။ ဒါပေမဲ့ မင်းတို့ တောင်းဆိုတဲ့အတွက် လေးနေရာလုံး ကို ယူလိုက်မယ်"
အော်ဆန် က အေးစက်တဲ့ အပြုံး နဲ့ ပြန်ဖြေလိုက်တယ်။ သူ့ကို ယခင်က သတ်ခဲ့တဲ့သူတွေ ပေါ်လာပြီဆိုတော့ ထိန်းထားစရာ အကြောင်းမရှိတော့ဘူး။
ဘယ်သူက ပိုပြီး ရက်စက်နိုင်မလဲ ကြည့်ကြရအောင်။
ကောင်းကင်ကို ခုတ်ပိုင်းသူ: "ဒီနေရာမှာ သတ်လို့မရလို့ မင်း ကံကောင်းသွားတယ်။ မဟုတ်ရင် မင်းကို အခုပဲ သတ်ပစ်လိုက်ပြီ ကောင်စုတ်"
ရှေးဟောင်းစက်လှေကား : "လာလေ၊ သတ္တိရှိရင် လာခဲ့! ဒီအတိုင်း ရပ်ပြီး ပါးစပ်နဲ့ ပဲလေးကြီးနေတာ လား?"
ဂိုဏ်းခေါင်းဆောင်တွေ ဟာ မွန်းစတားတွေ သတ်ရင်း နဲ့ပဲ ဒေသတွင်းစကားပြောဝိုင်း ထဲမှာ အော်ဆန် ကို လှောင်ပြောင်နေကြပြီး သူ ပြောရုံသက်သက် လို့ ယူဆထားကြတယ်။ အော်ဆန် က ဘာမှ မပြောဘဲ ပတ်ဝန်းကျင် မြေအနေအထား ကို စူးစမ်းကြည့်ရှုဖို့သာ အာရုံစိုက်နေခဲ့တယ်။
ရဲရင့်သောဆိုးသွမ်းသူ: "မင်းက စွမ်းအားကြီးတဲ့ မှော်ဆရာ ပဲကွာ။ ငါတို့နဲ့ မပူးပေါင်းချင်ဘူးလား? အဆင့် ပိုမြင့်တဲ့ မွန်းစတားတွေ ကို သွားရှာလို့ ရတယ်"
စောစောက လေးသမား ဟာ အခုဆိုရင် အော်ဆန် ကို သဘောကျ သွားပြီး သူ့ကို အဖွဲ့ထဲ ခေါ်ဖို့ ကြိုးစားတယ်။ နေရာလွတ်ရအောင် သူဟာ သူ့အဖွဲ့ထဲက ကျပန်း မှော်ဆရာ တစ်ဦးကိုတောင် ကန်ထုတ် ခဲ့တယ်။
"ကျေးဇူးတင်ပါတယ်၊ မဝင်သေးဘူး" လို့ အော်ဆန် က မဆိုင်းမတွ ပြန်ဖြေလိုက်တယ်။
ရဲရင့်သောဆိုးသွမ်းသူ ဟာ အော်ဆန် ကို လူအ တစ်ယောက်လို မျက်မှောင်ကြုတ်ကြည့်ရင်း ပြောတယ်။ "မင်း ကောင်းတာကိုတော့ ငါ ဝန်ခံတယ်။ ဒါပေမဲ့ ဒီ ဂိုဏ်းတွေ ကို တစ်ယောက်တည်း ရင်ဆိုင်တာ ကိုယ့်ဘာသာကိုယ် သတ်သေတာ နဲ့ အတူတူပဲ"
အော်ဆန် ဟာ သူ့ကို အေးစက်စွာ ကြည့်လိုက်တယ်။ "ကြည့်နေလိုက်"
ရဲရင့်သောဆိုးသွမ်းသူ ဟာ လှောင်ပြောင်ပြောဆိုလိုက်တယ်။ "ဟုတ်ပါပြီ။ ဂိမ်းထဲကနေ အသတ်ခံရပြီး ပစ္စည်းအလုမခံ ရဖို့ ဆုတောင်းပေးပါတယ်"
သူ့ကို လျစ်လျူရှု ပြီး အော်ဆန် ဟာ သူ့ရဲ့ မြေပုံ ပေါ်မှာ တည်နေရာများ ကို အမှတ်အသားပြုပြီး သူ့ရဲ့ အခြေခံတိုက်ခိုက်မှုများ အတွက် လိုအပ်တဲ့ ထောင့်များ ကို ခန့်မှန်းတွက်ချက် နေခဲ့တယ်။ သူ့ရဲ့ အစီအစဉ် က ရိုးရှင်းပါတယ်- လူတိုင်းက မွန်းစတားတွေအတွက် တိုက်ခိုက်ချင် ကြတယ် ဟုတ်လား? ကောင်းပြီ။ သူက ကွင်းပြင်တစ်ခုလုံး ကို သူ့ဘာသာ ယူလိုက်ရုံပဲ။
၁,၀၂၂ မီတာ ဆိုတဲ့ မိုက်မဲလောက်စရာ အကွာအဝေး ကြောင့် အော်ဆန် ဟာ မြူခိုးသစ်တော ရဲ့ တစ်ဝက်နီးပါး ကို လွှမ်းခြုံနိုင်ခဲ့တယ်။ ဒါ့အပြင် သူ့ရဲ့ မှော်စွမ်းအင် ၁၀,၃၀၀ နဲ့ ငါးစက္ကန့်သာကြာတဲ့ သုံးလုံးတွဲ မီးလုံး ရဲ့ ပြန်လည်အသုံးပြုနိုင်ချိန်ကြောင့် သူဟာ မွန်းစတားများပေါက်ဖွားရာ နေရာ လေးနေရာ ကို ဆက်တိုက် မီးလုံးတွေနဲ့ ပစ်ခတ်နိုင်ပါတယ်။
အဲဒီအကွာအဝေးကနေ ပစ်မှတ်တွေကို အတိအကျ ညွှန်းလို့ မရရင်တောင် ကိစ္စမရှိဘူး။ သူ ဆက်တိုက် မှော်ပညာထုတ်လွှတ်နေသရွေ့ အသစ်ပေါက်ဖွားလာတဲ့ အရိပ်ဝံပုလွေတိုင်း ကို နောက်ဆုံးမှာ ထိမှန်မှာပဲ။