← Chapters

အခန်း (၁၀)

Vol. 1 Ch. 10

အခန်း (၁၀)

Vol. 1 Ch. 10

"မှော်ဆရာတွေ မှာ သွက်လက်ဖျတ်လတ်မှု နည်းတယ်။ သူ ဝေးဝေးကို မရောက် နိုင်ဘူး! သူ့နောက်ကို လိုက်ကြ!" ကောင်းကင်ခုတ်ပိုင်းသူ ဟာ

အော်ဆန် နောက်လိုက်ရင်း မြူခိုးတွေ ထဲကို ဝင်ရောက်ကာ အော်ဟစ်လိုက်ပြီး သူ့အဖွဲ့ကို ချက်ချင်း ဖြန့်ကျက်ပြီး ဝိုင်းရံ ဖို့ အမိန့်ပေးလိုက်တယ်။

"ကောင်းကင်ခုတ်ပိုင်းသူ... သတိထား!" လို့ အသင်းဖော်တစ်ဦးက အော်လိုက်တယ်။

သစ်ပင်ကြီးတစ်ပင်ဟာ ကျယ်လောင်စွာ ပြိုလဲ သံနဲ့အတူ ကောင်းကင်ခုတ်ပိုင်းသူရဲ့ ရှေ့မှာ ပြုတ်ကျ လာပြီး သူ့ကို ထိခိုက် စေလုနီးပါး ဖြစ်ခဲ့တယ်။

အဆုံးမဲ့ ကမ္ဘာမှာ ဂိမ်းရဲ့ ရုပ်ပိုင်းဆိုင်ရာ သဘောတရားများဟာ လက်တွေ့ဘဝ နီးပါး တူညီ နေခဲ့တယ်။ ပစ္စည်းများ ကို ဖျက်ဆီးနိုင်ပြီး ပတ်ဝန်းကျင်ဆိုင်ရာ အန္တရာယ်များ က ကစားသမားများကို၊ အထူးသဖြင့် ဂိမ်းရဲ့ အစောပိုင်း အဆင့်များ မှာ ရှိသူတွေကို ပြင်းထန်တဲ့ ပျက်စီးဆုံးရှုံးမှုကို ဖြစ်စေနိုင်ပါတယ်။

ကောင်းကင်ခုတ်ပိုင်းသူ က ခနဲ့တဲ့တဲ့ ရယ်လိုက်တယ်၊ "ဒါပဲလား? ဒရာဂွန်ကစ်ဂိုဏ်း ရဲ့ အနာဂတ် အဓိကတိုက်ခိုက်သူကို ဒီလောက်လေးနဲ့ ချေမှုန်း ပစ်နိုင်မယ်လို့ မင်းထင်နေတာလား? သနားစရာ ကောင်းလိုက်တာ!"

"မင်း အများကြီး စဉ်းစား နေတယ်" လို့ အော်ဆန် ရဲ့ အသံဟာ မြူခိုးတွေ ထဲကနေ လှောင်ပြောင်သံ နဲ့ ပဲ့တင်ထပ်လာတယ်။ သူဟာ သစ်ပင်ကြီးများ ကို တစ်ပင်ပြီးတစ်ပင် လှဲချလိုက်တာကြောင့် ကောင်းကင်ခုတ်ပိုင်းသူ နဲ့ သူ့အဖွဲ့ကို ရှောင်ရင်းရှား ရင်း ဟိုတစ်ယောက် ဒီတစ်ယောက် ဖစ်သွားစေခဲ့တယ်။

မှော်ဆရာတွေ ဟာ အနီးကပ် တိုက်ခိုက်မှု မှာ အားနည်း ကြတယ်ဆိုတာ လူတိုင်းသိကြပြီး ရန်သူနဲ့အရမ်းနီးတဲ့ အကွာအဝေး ကို ရောက်သွားတာဟာ သူတို့အတွက် သေချာပေါက် သေဆုံး စေတတ်တယ်။ ဒါပေမဲ့ အော်ဆန် မှာ ရှင်းလင်းတဲ့ နည်းဗျူဟာ ရှိခဲ့တယ်။ သူဟာ အကောင်းဆုံး တိုက်ခိုက်မှု အနေအထားကို ရရှိဖို့အတွက် ပတ်ဝန်းကျင်မြေပြင်အနေအထား ကို ကောင်းကောင်းအသုံးချ နေခဲ့တာပါ။

လဲကျနေတဲ့ သစ်ပင်တွေ ဟာ ကောင်းကင်ခုတ်ပိုင်းသူ နဲ့ သူ့အဖွဲ့ရဲ့ ရှေ့မှာ အတားအဆီးများ အဖြစ် ပုံဖော်ထားခဲ့ပြီး၊ အော်ဆန် ကတော့ ဝိညာဉ်တစ်ကောင်လို့ လျင်မြန်စွာထွက်သွားကာ အဝေးကနေ တိုက်ခိုက်မှုတွေ ကို ပစ်လွှတ်နေခဲ့တယ်။ ဓားသမား တစ်ယောက်က လဲကျနေတဲ့ သစ်ပင်တွေ ကို ခုန်ကျော်ဖို့ ကြိုးစားစဉ်မှာပဲ အော်ဆန် က သူ့ကို ပေါက်ကွဲမှု တစ်ခုနဲ့ ထိမှန်စေပြီး စက္ကန့်ပိုင်းအတွင်း သတ်ပစ်လိုက်တယ်။ သူ့ရဲ့ ခန္ဓာကိုယ်ဟာ အဖြူရောင် အလင်းတန်း တစ်ခုနဲ့အတူ ပျောက်ကွယ်သွားခဲ့တယ်။

"ဟာကွာ! ဘယ်လို အဆင့်ပစ္စည်း မျိုးက သူ့ကို ဒီလောက် ပြင်းထန်ပျက်ဆီးဆုံးရှုံးနိုင်တဲ့ တိုက်ခိုက်နိုင်စွမ်း ပေးနိုင်တာလဲ?" ကောင်းကင်ခုတ်ပိုင်းသူ ဟာ ထိတ်လန့် သွားပြီး သူ့ရဲ့ အဝေးပစ် အသင်းဖော်များ ကို သူ့ကို အကာအကွယ်ပေး ရန် အမိန့်ပေးရင်း သူနဲ့ သူ့ရဲ့ အနီးကပ် တိုက်ခိုက်သူများ ဟာ အရှိန်အပြည့် နဲ့ ထိုးစစ်ဆင် လိုက်ကြတယ်။

မြှားတွေ နဲ့ မီးလုံးတွေ ဟာ အော်ဆန် ဆီသို့ ပျံသန်းလာခဲ့ပေမဲ့ သူဟာ တည်ငြိမ်စွာ အနောက်ကို အနည်းငယ် ဆုတ်လိုက်ပြီး တိုက်ခိုက်မှုများ အားလုံးကို သူ့ရှေ့မှာ အန္တရာယ်မရှိဘဲ ပေါက်ကွဲ စေခဲ့တယ်။ ဒဏ်ရာမရ ဘဲ သူဟာ ခပ်ရွဲ့ရွဲ့ ပြုံး ရင်း သူတို့ကို လှောင်ပြောင် လိုက်တယ်၊ "မင်းတို့ အသင်း ရဲ့ အဝေးပစ်အကွာအဝေး က မင်းတို့ အောက်ကဟာလိုပဲ တိုတောင်း တာပဲကွာ"။

(ဘာသာပြန်အမှာစာ - အဝေးပစ်သမားတွေကိုတောင် ဂွေးတိုလေးလို့ပြောနေတော့ အနီးကပ်တိုက်တဲ့လူတွေဆို တိုရုံတင်မကဘူး ပျောက်နေလောက်တယ်)

အနီးကပ် တိုက်ခိုက်သူများ ဟာ သွားများ ကို ကျိတ် လိုက်ကြတယ် အကြည်နဲ့တင်သေတယ်ဆို သူတို့အကြည်တွေကြောင့် အော်ဆန် အခါတစ်ရာမကသေနေပါပြီ။ အဆုံးမဲ့ ကမ္ဘာဂိမ်းမှာ သူရဲကောင်းများဟာ ကာကွယ်နိုင်စွမ်း အမြင့်ဆုံး ဖြစ်ပေမဲ့ နှစ်မီတာခန့် သာ ရှိတဲ့ တိုက်ခိုက်နိုင်တဲ့ အကွာအဝေး နဲ့ ကန့်သတ်ထားတာကြောင့် သူတို့ဟာ တိုက်ခိုက်နိုင်စွမ်း တိုတောင်းတဲ့ လုပ်ကြံသူ တွေနဲ့ ဆင်တူနေခဲ့တယ်။

"ဒီ ခွေးကောင် က ငါတို့ရဲ့ ပစ်မှတ်အကွာအဝေး နဲ့

မမှီတမှီလေးမှာပဲ နေနေတာတယ်။ ဒါပေမဲ့ ပုံမှန် မှော်ဆရာ အကွာအဝေး ထက် ကျော်လွန်ပြီး သူ ဘယ်လို လုပ်ပြီး တိုက်ခိုက်နေနိုင်တာလဲ?" လို့ ဒရာဂွန်ကစ်ဂိုဏ်းရဲ့ အဝေးပစ် ကစားသမား တစ်ဦးက မယုံနိုင်စွာ တီးတိုးပြောလိုက်တယ်။

ဂိမ်းဇာတ်ကောင် အချို့က အဆင့်တက် တဲ့အခါ ပစ်မှတ်အကွာအဝေး တိုးလာတယ်ဆိုတာ လူတိုင်း သိကြပေမဲ့ အော်ဆန် က အဆင့် ၈ မှော်ဆရာ တစ်ယောက်ပဲ ရှိသေးတာ!

ကောင်းကင်ခုတ်ပိုင်းသူ က လက်မလျှော့ဘဲ ဆက်လက် ဖိအားပေး နေခဲ့တယ်။ ဒါပေမဲ့ အော်ဆန် က သူတို့ရဲ့ အဝေးပစ်သမားတွေ တိုက်ခိုက်နိုင်တဲ့အကွာအဝေးထက် ၂၁ မီတာပိုတဲ့ အကွာအဝေး ကပဲ တည်ငြိမ်စွာတိုက်ခိုက်နေပါတယ်။ သူတို့ကို ပိုပြီး လှောင်ပြောင် ဖို့အတွက် မီးလုံးများ ကို နောက်တစ်ကြိမ် ထပ်မံ ပစ်လွှတ်လိုက်ရာ၊ ပူလောင်တဲ့ အပူရှိန် က သူ့ကို လိုက်နေသူတွေဆီ ဖြန့်ကျက် ရိုက်ခတ်သွားခဲ့တယ်။

ကောင်းကင်ခုတ်ပိုင်းသူ ရဲ့ ခုခံတိုက်ခိုက်ရေးသမား ဖြစ်တဲ့ စစ်အာဏာရှင် ဟာ စိုးရိမ်ပူပန် လာခဲ့ပါပြီ။ မြင့်မြတ်သောဂိုဏ်း ရဲ့ ဒုတိယ ဥက္ကဋ္ဌ ဟာ ဒီ မှော်ဆရာရဲ့ မီးလုံးများ ကြောင့် ဘယ်လောက်တောင် ကြောက်မက်ဖွယ်ကောင်းအောင် သေဆုံး ခဲ့ရလဲဆိုတာကို သူ ကောင်းကောင်းမှတ်မိ နေခဲ့တယ်။ သူ ဘယ်လောက်ပဲ သန်မာ နေပါစေ၊ သူတောင် အသက်ရှင်နိုင် မလားဆိုတာ မသေချာဘူး။

"ကောင်းကင်ခုတ်ပိုင်းသူ၊ မင်းကို ငါ ကာပေး မယ်။ မင်းက ကျလာတဲ့ပစ္စည်းတွေ ကို သွားကောက်လိုက်" လို့ သူ့ရဲ့ အသင်းဖော် တစ်ဦးဖြစ်တဲ့ ဓားကိုင် တိုက်ခိုက်သူ က အော်ပြောလိုက်ပြီး တိုက်ခိုက်မှုရဲ့ ဒဏ် ကို ခံယူဖို့ အတွက် ရှေ့ကို ပြေးဝင် သွားခဲ့တယ်။ မထင်မှတ်ထားစွာပဲ သူဟာ ချက်ချင်း မီးလောင်ကျွမ်းပြီး ပြာအဖြစ် ပြောင်းလဲ သွားခဲ့တယ်။

သူ့ရဲ့ အသင်းဖော် ကျဆုံးသွားတာကို မြင်လိုက်ရတဲ့အခါ ကောင်းကင်ခုတ်ပိုင်းသူ ဟာ ဒေါသတကြီး အော်ဟစ်လိုက်တယ်၊ "မင်း စိတ်ပျက်ပြီးတော့ ဂိမ်းထဲ့ကမထွက်မချင်း ငါ မင်းကိုမသတ်နိုင်ရင် မြေကြီးစားမယ် လို့ ကျိန်ဆိုတယ်!"

အော်ဆန် ရဲ့ အကြည့် ဟာ ထက်မြက် သွားခဲ့တယ်။ သူ့ရဲ့ အရင်ဘဝ မှာ ဒရာဂွန်ကစ်ဂိုဏ်းဟာ အမေရိကန် မှာ ထိပ်တန်းဂိုဏ်း ဖြစ်လာခဲ့တာ မဆန်း ပါဘူး။ သူတို့ အဖွဲ့ဝင်တွေမှာ ရှိတဲ့ ယုံကြည်မှု နဲ့ ပူးပေါင်းဆောင်ရွက်မှု အဆင့်ဟာ တခြား ဂိုဏ်း အများစုထက် အများကြီး သာလွန် နေခဲ့တယ်။

ဘာပဲဖြစ်ဖြစ်၊ ဂိမ်းရဲ့ ဒီလို အစောပိုင်း အဆင့် မှာ အသင်းဖော် တစ်ယောက်ကို ကာမိဖို့ အတွက် စိတ်ရင်းမှန်နဲ့ အနစ်နာခံ ပြီး အတွေ့အကြုံမှတ် ဆုံးရှုံးတာဟာ ကြီးမားတဲ့ စိတ်ပိုင်းဖြတ်မှု ယူရတာပါ။

"သဘောကျစရာ ပဲ။ မင်း ငါ့ရဲ့ လေးစားမှု နည်းနည်းတော့ ရသွားပြီ..." လို့ အော်ဆန် က ခပ်ရွဲ့ရွဲ့ ပြုံး ရင်း ပြောလိုက်တယ်။ "ဒါဆိုရင် မင်းတို့ ပိုပြီး မြန်မြန် သေ ရအောင် ငါ သေချာပေါက် လုပ်ပေးမယ်"

"မာနကြီးတဲ့ ခွေးကောင်! မင်း သေ ပြီ!!" ကောင်းကင်ခုတ်ပိုင်းသူက မုန်းတီးမှု နဲ့အတူ သွားကြိတ် ပြောလိုက်တယ်။ ရုတ်တရက် အော်ဆန် ဟာ သူ့ရဲ့ နောက်ကျောဘက် ကနေ သတ်လိုသော ရည်ရွယ်ချက် တစ်ခုကို ခံစား လိုက်ရတယ်။ မှောင်မဲတဲ့ အရိပ်သုံးခု ဟာ တိတ်ဆိတ် ပြီး သေစေနိုင်လောက်တဲ့ အကွာဝေးနားထိကပ်ရောက်လာခဲ့တယ်။ သူတို့ဟာ လုပ်ကြံသူတွေပဲ!

ဒါပေမဲ့ အော်ဆန် ဟာ သာမန်ကစားသမား မဟုတ်ခဲ့ဘူး။ သူ့ဟာ ဂိမ်းနဲ့လက်တွေဘဝ ထပ်တူကျသွားတဲ့အချိန်မှာတောင် သူဟာ ပစ္စည်းအစုတ် တွေနဲ့ နှစ်နှစ်ကြာ အသက်ရှင် နေခဲ့တာ။ သူ့ရဲ့ ပင်ကိုအသိဉာဏ် တွေဟာ ပုံမှန်ကစားသမားတွေရဲ့ အဆင့်ထက် အများကြီး ကျော်လွန် နေခဲ့တယ်။

အဆုံးမဲ့ ကမ္ဘာဂိမ်း မှာ လုပ်ကြံသူများဟာ အဆင့် ၁ ကတည်းက ၁၀ စက္ကန့် ကြာ ပစ်မှတ်ဆီ တိတ်တဆိတ် ကပ် သွားနိုင်တဲ့ လျှို့ဝှက်ကျွမ်းကျင်မှုစကေး တစ်ခု ရှိခဲ့ပါတယ်။ သူတို့သာ ဦးခေါင်း သို့မဟုတ် နှလုံး လိုမျိုး အရေးကြီးတဲ့ အစိတ်အပိုင်းများ ကို ထိမှန်အောင် တိုက်ခိုက် နိုင်ခဲ့ရင် အရေးပါသော ထိခိုက် ပျက်စီးမှုကြီးကြီးမားမား ကို ဖြစ်ပေါ်စေဖို့ အခွင့်အရေး မြင့်မား ပါတယ်။ သို့သော် သူတို့ရဲ့ များပြားတဲ့ ပစ္စည်းကိရိယာ နှင့် ကျွမ်းကျင်မှု လိုအပ်ချက်များ၊ အပြင် ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ရတဲ့ သဘော သဘာဝ တို့ကြောင့် လုပ်ကြံသူ ဟာ လူကြိုက်အနည်းဆုံး

ဂိမ်းဇာတ်ကောင်များ ထဲက တစ်ခု ဖြစ်ပါတယ်။

ဒါတောင် လုပ်ကြံသူသုံးယောက် ကို တစ်ပြိုင်တည်း ရင်ဆိုင်ရတာဟာ အော်ဆန် အတွက်တောင် မထင်မှတ်ထားတဲ့ အခြေအနေ ဖြစ်ခဲ့တယ်။

လုပ်ကြံသူတစ်ယောက် ဟာ ဓားမြှောင် ကို အေးစက်စွာကိုင်ထားပြီး အနီးသို့ ချဉ်းကပ် လာခဲ့တယ်။ အော်ဆန် ဟာ သူ့ရဲ့ ကျောနားမှာ အေးစက်တဲ့ ဓားသွားအစွန်းကို ခံစားမိနိုင်လောက်အောင်ထိ နီးကပ်နေပြီ။

လုပ်ကြံသူဟာ ဓားမြှောင်ကို မြှောက်ပြီး လှမ်းခုတ်လိုက်ချိန်မှာ လေကိုပဲ ခုတ်ပိုင်းလိုက်မိတယ် အဲ့ချိန်မှာပဲ လုပ်ကြံသူ ဟာ တစ်ခုခု မှားနေပြီ ဆိုတာကို သတိထားမိလိုက်တယ်—သူ့ရဲ့ တိုက်ခိုက်မှု လွဲချော် သွားခဲ့တယ်။

"တစ်ယောက်ယောက်ကို ရှာ နေတာလား?" အော်ဆန် ရဲ့ အသံက အပေါ်ဘက် ကနေ ထွက်ပေါ်လာတယ်။ သူခိုး ဟာ ထိတ်လန့်စွာ မော့ကြည့်လိုက်တဲ့အခါ အော်ဆန် ကို တွေ့လိုက်ရတယ်။ သူ့မြင်လိုက်တာဟာ အော်ဆန်ရဲ့ ဆံပင်တွေဟာ လေထဲမှာ လွင့်ပျံ နေပြီး တောင်ဝှေး ဟာ သူ့ကို တိုက်ရိုက်ချိန် ထားတယ်။ ခြောက်ထောင့်ကြယ် တစ်ခုဟာ လုပ်ကြံသူရဲ့ နဖူး မှာ တောက်ပ နေခဲ့တယ်။

ဘန်!

-၄၀

-၉၅၀!

ဦးခေါင်းကို တိုက်ရိုက်ထိမှန်သွားခဲ့တယ်။

"လေထဲကနေ တိုက်ခိုက်တာ... အဲဒါ ဘယ်လို လှုပ်ရှားမှု မျိုးလဲ?!" ဒရာဂွန်ကစ်ဂိုဏ်း အဖွဲ့ဝင်တွေရဲ့ မေးရိုးတွေ ဟာ ပြုတ်ကျ လုမတတ် ဖြစ်သွားခဲ့တယ်။

ရှက်တာခရောင်း ကလည်း အဲဒီ လှုပ်ရှားမှု ကို အချိန်မီ မြင်လိုက် ရပြီး "မိုက်လိုက်တာကွာ ! လေထဲကနေ သတ်လိုက်တာလား!" လို့ အော်လိုက်တယ်။

သူ့ပါတီက မိန်းကလေးတွေဟာလည်း အလားတူ ထိတ်လန့် နေခဲ့ကြတယ်။ ဂိမ်းစတင်တာ နှစ်ရက် သာ ရှိသေးပြီး ကစားသမားအများစုဟာ အခြေခံ တိုက်ခိုက်မှုတွေ နဲ့ပဲ ဖရိုဖရဲ ဖြစ်နေတုန်းပဲ ရှိသေးတယ်။ ဒါပေမဲ့ ဒီမှာတော့ အော်ဆန် ဟာ ဘော့စ်အဆင့် တိုက်ခိုက်နိုင်စွမ်းကို ရနေပါပြီ မှော်ဆရာရဲ့ အဆိုးဆုံး ရန်သူ လို့ ယူဆရတဲ့ လုပ်ကြံသူတွေ ကို အေးဆေးရင်ဆိုင် တိုက်ခိုက်နေတာကို တွေ့ရတယ်။

အားလုံးထဲမှာ ထိတ်လန့်စရာအကောင်းဆုံး ကတော့ အော်ဆန် ဟာ လေထဲမှာတောင် တိုက်ခိုက်နိုင်တဲ့စွမ်းရည်ကို ချောမွေ့စွာ လုပ်ဆောင်နိုင်ခြင်း ဖြစ်တယ်။ အဆုံးမဲ့ ကမ္ဘာဂိမ်း လို အာရုံကြော ဆက်သွယ်မှု အပြည့်အဝပါဝင်တဲ့ ဂိမ်းမှာ ကစားသမားတွေရဲ့ အာရုံကြောကွန်ယက်များ ကို ဂိမ်းနဲ့ တိုက်ရိုက် ချိတ်ဆက် ထားတယ်။ မှော်ပညာ သုံးစွဲခြင်း နဲ့ ပစ်မှတ်ချိန်ခြင်း တို့အတွက် အာရုံစူးစိုက်မှု လိုအပ်ပြီး၊ မဟုတ်ရင် သူတို့ဟာ မှော်စွမ်းအင်ဆိုးကျိုးကြောင့်၊ တိုက်ခိုက်မှု မအောင်မြင်ခြင်း ဒါမှမဟုတ် အခြား အပြစ်ဒဏ်များ နဲ့ ရင်ဆိုင်ရမှာ ဖြစ်တယ်။

အော်ဆန် အတွက် ဒီလို စတန့်ထွင် ပြီး လုပ်နိုင်တာဟာ ပုံမှန်နားလည်မှု ထက် ကျော်လွန် နေခဲ့တယ်။

အက်အက်အာဂိုဏ်း က ထိပ်တန်း ကစားသမားများ ဟာ တခြားဂိမ်းတွေမှာ အထင်ကြီးစရာ ကောင်းတဲ့ တိုက်ခိုက်မှုမျိုးစုံကို ကို ပြုလုပ်နိုင်ခဲ့ပေမဲ့ "ဓားနှင့် အောင်ပွဲများ" ဂိမ်းမှာ ဒီအဆင့်အထိ လုပ်ဆောင်နိုင်ခဲ့တဲ့ မှော်ဆရာ က တစ်ဦးတည်း သာ ရှိခဲ့တယ်-

အဲ့ဒါ အော်ဂေါ့ဒ် ပဲဖြစ်သည်။

လွန်ခဲ့သော နှစ်နှစ် က ကမ္ဘာ့ဖိုင်နယ်ပွဲ ၌ ကမ္ဘာပေါ်တွင် အစွမ်းအထက်ဆုံး မှော်ဆရာ ဖြစ်သူ အော်ဂေါ့ဒ် သည် သူ၏ ပိတ်ပင်ခံထားရသည် အမြင့်ဆုံးသော တားမြစ်ထားသော မှော်ပညာ ဖြစ်သည့် "ငရဲခန်းကို သန့်စင်မယ်" ကို သုံးစွဲပြီး ဒြပ်စင်ပုံတူရှစ်မျိုး ကို ခေါ်ထုတ်ကာ ကမ္ဘာ့ချန်ပီယံများ ကို တစ်ဦးတည်းနီးပါး ချေမှုန်းနိုင်ခဲ့သည်။

"ကျွန်တော် ဆရာ့ရဲ့ အရိပ် ကို မြင်နေရသလိုပဲ..." ဟု ရှက်တာခရောင်း က စွဲမက်စွာ တိုးတိုးလေး ပြောလိုက်သည်။ သူသည် ထို ဖိုင်နယ်ပွဲ ကို အကြိမ်ရာချီ ကြည့်ရှုခဲ့ပြီး အော်ဂေါ့ဒ် ၏ လှုပ်ရှားမှုတိုင်းကို မှတ်မိ နေခဲ့သည်။ အော်ဆန် လေထဲသို့ ခုန်တက်သွားသည့် ဒုတိယ စက္ကန့် ၌ပင် သူ၏ လှုပ်ရှားမှုများသည် သူ့ အိုင်ဒေါ့ နှင့် ထပ်တူကျ နေခဲ့သည်။

သက်ပြင်းချ လိုက်ပြီး အော်ဆန် က " လုပ်ကြံသူ တွေနဲ့ မြှားပစ်သမား တွေက ငါ့ရဲ့ အကြိုက်ဆုံး မဟုတ်တဲ့ ဇာတ်ကောင်အမျိုးအစားတွေပဲ" ဟု တီးတိုးပြောလိုက်သည်။

ကျန်ရှိနေသော လုပ်ကြံသူနှစ်ဦး သည် သူ့ကို ထောင့်ဖြတ် ပိတ်ဆို့ ဖို့အတွက် လျင်မြန်စွာ ရွေ့လျားလာကြသည်။ သူတို့၏ စည်းချက်ညီမှု နှင့် အနေအထားယူမှု များသည် အပျော်တမ်းကစားသမား များထက် များစွာ သာလွန်နေခဲ့သည်။

အော်ဆန် ခေါင်းခါလိုက်သည်။ "ငါ့ရဲ့ ကိုယ်ပိုင် လှုပ်ရှားမှု ကို သုံးရတော့မယ်ထင်တယ်- အမေရိကန် ဘောလုံး ရှောင်တိမ်းနည်း "

ပုံမှန်နည်း ဖြင့် ရှောင်တိမ်း ရန် မဖြစ်နိုင်တော့သည့်အတွက် အော်ဆန် သည် သူ့ဘေးရှိ မြေပြင် သို့ မီးလုံးများစွာ ကို ပစ်လွှတ်လိုက်သည်။ ပေါက်ကွဲမှု ၏ တွန်းကန်အား ကြောင့် သူသည် ဘေးသို့ ရွေ့လျား သွားခဲ့ပြီး လုပ်ကြံသူများ နှင့် ၁၀ မီတာ အကွာအဝေးကို ရောက်ရှိသွားခဲ့သည်။

"သူငယ်ချင်း၊ သူက သရဲ များလား ဒါမှမဟုတ် တစ်ခုခုများလား?" လို့ ရှက်တာခရောင်း ဟာ ထိတ်လန့်စွာ တီးတိုးပြောလိုက်တယ်။

"ဒါဘာကြီးလဲ? သူက ရွေ့လျားဖို့ အတွက် စကေး တွေ သုံးနေတာလား" ကောင်းကင်ခုတ်ပိုင်းသူ ရဲ့ မျက်နှာဟာ ဖြူဖပ်ဖြူရော် ဖြစ်သွားခဲ့ပြီး အော်ဆန် ရဲ့ ဆန်းကြယ်တဲ့ လှုပ်ရှားမှုကြောင့် သူ့စိတ်ထဲမှာ မူးနောက် သွားခဲ့တယ်။

ဒီလို လူသစ်ကစားသမားတွေ ကို မြင်ရတော့ အော်ဆန် ရယ်မောမိတယ်။ အဆုံးမဲ့ ကမ္ဘာဂိမ်း ရဲ့ တိုက်ခိုက်ရေး စနစ် ဟာ ပြောင်းလွယ်ပြင်လွယ် ရှိမှုကို အမြင့်ဆုံး ခွင့်ပြုထားပြီး၊ ရွေ့လျားမှု အတွက် တိုက်ခိုက်ရေး ကျွမ်းကျင်မှုများ ကို အသုံးပြုခြင်းဟာ အပြင်းထန်ဆုံး ရှင်သန်မှုပုံစံ မှာ ပုံမှန် နည်းလမ်း ဖြစ်တယ်။

မှော်ပညာ၊ လက်နက်ကျွမ်းကျင်မှု၊ ဒိုင်းကာ နည်းစနစ်၊ ဒါမှမဟုတ် လုပ်ကြံမှု လှုပ်ရှားမှုများ—မင်းရဲ့ စွမ်းရည် တန်ဖိုးတွေ ဘယ်လောက်ပဲ အားကောင်း နေပါစေ၊ တိုက်ပွဲ မှာ လိုက်လျောညီထွေ မဖြစ်နိုင်ရင် မင်း သေချာပေါက် ကျဆုံးမယ်။

မီးလုံးနှစ်လုံး ထပ်ပစ်ပြီးနောက် လုပ်ကြံသူနှစ်ယောက် ဟာ ကျဆုံးသွားခဲ့ပြီး ကြေးဒင်္ဂါး အနည်းငယ်သာ ကျန်ရစ်ခဲ့တယ်။

"လာပါဦး! မင်းရဲ့ တိုက်ခိုက်မှုတွေ ကို ပြပါဦး။ အသေခံဖို့ မင်းမှာ အသင်းဖော် ဘယ်နှစ်ယောက် ကျန်သေးလဲ ကြည့်ရအောင်" လို့ အော်ဆန် က ကောင်းကင်ခုတ်ပိုင်းသူ ကို လက်ညှိုးထိုးပြီး ပြောဆို လိုက်တဲ့အခါ ကောင်းကင်ခုတ်ပိုင်းသူရဲ့မျက်နှာဟာ ဖြူဖျော့သွားတယ်။ ထိခိုက်မှု၊ သွက်လက်ဖျတ်လတ်မှု ၊ ထိန်းချုပ်နိုင်စွမ်း —အဘက်ဘက်မှာ ဒီလူဟာ သူတို့ထက် အများကြီး သာလွန် နေခဲ့တယ်။

၂၁ မီတာ အကွာအဝေး ကို တိကျစွာ ထိန်းထားရင်း အော်ဆန် ဟာ အတွင်းအပြင် ဝင်လိုက်ထွက်လိုက် လုပ်နေခဲ့ပြီး သူတို့ရဲ့ လိုက်လံဖမ်းဆီးမှု ကို သူ့အတွက် အဆုံးမရှိ စားသောက်ပွဲ တစ်ခုအဖြစ် ပြောင်းလဲ ပစ်ခဲ့တယ်။

All Chapters