← Chapters

ဟေဇယ်ရဲ့အဖိုးတန်ပစ္စည်းများ

Vol. 2 Ch. 16

ဟေဇယ်ရဲ့အဖိုးတန်ပစ္စည်းများ

Vol. 2 Ch. 16

"မစ်ရှင် ပစ္စည်းများ ရရှိပါပြီ: သန့်ရှင်းသော အသက်တောင်ဝှေး၊ ငွေရောင်ကြံ့နဂါး ပခုံးစွပ် ..."

ဟေဇယ် ဆုံးရှုံးသွားသော ပစ္စည်းများ သည် အော်ဆန် ၏ သိုလှောင်ခန်းထဲသို့ အလိုအလျောက် ပျံသန်း ဝင်ရောက်လာပြီး၊ လျင်မြန်စွာ ကြည့်လိုက် ရုံဖြင့် သူသည် "ဝိုး!" ဟု မပြောဘဲ မနေနိုင် ဖြစ်ခဲ့သည်။

[နတ်ဘုရား အလင်းတောင်ဝှေး]

အရည်အသွေး: (ဒဏ္ဍာရီအဆင့်)

အဆင့် လိုအပ်ချက်: ၅၀

အမျိုးအစား: မှော်ပညာရှင်

မှော် တိုက်ခိုက်မှု စွမ်းအား: ၁၂၀၀

တိုက်ခိုက်မှု အရှိန်: ၁.၃၀

ပြင်းထန်သော တိုက်ခိုင်နှုန်း: ၃၀%

အကျိုးသက်ရောက်မှု ၁: တစ်စက္ကန့်လျှင် အသက်မှတ် ၅% ပြန်လည်ဖြည့်တင်းပေးသည်

အကျိုးသက်ရောက်မှု ၂: အမြင့်ဆုံး အသက်မှတ် ကို ၃၀% တိုးမြှင့်ပေးသည်

ပစ္စည်းအစုံလိုက်အတွက် နိုးထနိုင်သော စွမ်းရည် : (အသက်၏ ချီးမွမ်းခြင်းသီချင်း)

အကျိုးသက်ရောက်မှု: မီတာ ၁၀၀ အတွင်း မိတ်ဆွေများ အားလုံး၏ အမြင့်ဆုံး အသက်အမှတ် ကို ၅၀% တိုးမြှင့်ပေးသည်။ မိနစ် ၃၀ ကြာသည်၊ ပြန်လည်အသုံးပြုချိန် ၂ နာရီ။

အော်ဆန် သည် မှော်တောင်ဝှေး၏ စွမ်းရည်ကိန်းဂဏန်းများ ကို အသေးစိတ်ဖော်ပြထားသည့် လိမ္မော်ရောင် စာသားတန်းများ ကို စိုက်ကြည့်ရင်း တံတွေးမျိုချမတတ် ဖြစ်နေခဲ့သည်။ ဟေဇယ် ၏ ပစ္စည်းကိရိယာ တိုင်းသည် ဒဏ္ဍာရီအဆင့်၊ ထိပ်တန်းအဆင့် ပစ္စည်း များဖြစ်ပြီး၊ တစ်ခုစီတိုင်း သည် လက်ရာမြောက် နေခဲ့သည်။ သူမ၏ အလုပ်သင် ဦးထုပ် တစ်ခုတည်းသာလျှင် အခြေခံ စွမ်းရည်ကိန်းဂဏန်းများ ဖြင့် ထူးထူးခြားခြား မကိုက်ညီ ဘဲ ရှိနေခဲ့သည်။

"ဒီ ဂိမ်းဇာတ်ကောင် ရဲ့ ပစ္စည်းတွေကိုသာ ခိုးယူပြီး ဂိမ်းကထွက် နိုင်ရင်ဘယ်လောက်ကောင်းမလဲ" ဟု အော်ဆန် က လိုချင်တပ်မက်မှုဖြင့် မျက်လုံးများ တောက်ပလျက် စိတ်ထဲမှ တွေးမိသည်။ ဒီလို တန်ဖိုးကြီးပစ္စည်းများကို ဘယ်သူကများ သွေးဆောင်မှု မခံရဘဲ နေနိုင်ပါ့မလဲ?

"ဤပစ္စည်းသည် ဟေဇယ်၏ သီးသန့်လက်နက် ဖြစ်သည်။ ၎င်းကို အသုံးပြုခြင်း၊ စွန့်ပစ်ခြင်း သို့မဟုတ် ဖျက်ဆီးခြင်း မပြုလုပ်နိုင်ပါ။"

အော်ဆန် သည် ခါးသီးစွာ ရယ်မောလိုက်သည်။ သိပ်ကို ကောင်းလွန်းတာမို့ အမှန်တရား မဖြစ်နိုင် သည်မှာ သေချာသည်။ အဆုံးမဲ့ကမ္ဘာဂိမ်း သည် အခမဲ့ကံကောင်းခြင်း မျိုးကို ကိုင်တွယ်လေ့ မရှိ—ဟေဇယ် ၏ ပစ္စည်းကိရိယာများ သည် သူမ တစ်ဦးတည်းနှင့်သာ ချည်နှောင်ထား သည်။ အခြားမည်သူမှ ထိုပစ္စည်းများ ကို အသုံးမပြုနိုင် သလို ကောက်ယူ၍ပင် မရနိုင်ပေ။

သူသည် ဘော့စ် မှ ချထားခဲ့သော သူရဲကောင်းအဆင့် ပစ္စည်းသုံးခု ကို ကောက်ယူရန် နောက်လှည့်လိုက်သော်လည်း၊ သူတို့ထံ မရောက်မီတွင် သူ၏ နားထဲ့တွင် လာပါ..လာပါ... လို့တိုးတိုးလေးပြောသော အသံသည် သူနှင့်မနီးမဝေးအကွာအဝေး မှ ပဲ့တင်ထပ် လာပြီး သူ့ကျောရိုးတစ်လျှောက်လုံး

ချမ်းစိမ့်စိမ့် ဖြစ်သွားစေသည်။

ထိုအသံသည် စိတ်ကို ညို့ယူဖမ်းစား နိုင်ပြီး၊သူ့အကြိုက်ဆုံး အသံကဲ့သိုဖစ်နေသည်။ သူ့၏ ယခင်ဘဝ က ယောက်ျားလေး ကစားသမားများစွာ သည် အမှောင်ဘုရင်မအဲလ် ကို ဘာကြောင့် ဒီလောက် ရူးသွပ် ခဲ့ကြသည်ကို အံ့သြစရာ မရှိတော့ပါ။ ထို ညှို့ငင်အားကောင်းသော အသံ သည် မည်သည့်ယောက်ျားကိုမဆို ဒူးထောက်လောက်အောင် စွမ်းဆောင်နိုင်သည်။

ပေါ်တယ်ထဲ့ မှ ပြီးပြည့်စုံသော ပုံသဏ္ဌာန် ရှိသည့် ကြွေပန်းကန်ကဲ့သို့ ဖြူဖွေးသော ခြေထောက်တစ်ချောင်း သည် လှမ်းထွက် လာခဲ့သည်။ ထိုမြင်ကွင်းသည် နှလုံးသားကို မြှားဖြင့် ပစ်ခတ်ခံရသကဲ့သို့ ထင်မှတ်ရလောက်အောင် ရင်ခုန်စိတ်လှုပ်ရှားမှုရှိ ခဲ့သည်။ နောက်ထပ် ခြေထောက်တစ်ချောင်း ထပ်ထွက်လာပြီး၊ စိတ်လှုပ်ရှားမှုနှင့် ကာမမီးတောက်များ သူ့ကို ဖြတ်သန်း သွားသဖြင့် အော်ဆန် ၏ ပါးစပ် သည် ခြောက်သွေ့ လာခဲ့သည်။

ထို့နောက်... တတိယခြေထောက် တစ်ချောင်း ပေါ်လာ ခဲ့သည်။

ပြီးတော့... စတုတ္ထခြေထောက် တစ်ချောင်း။

"မင်း ငါ့ကို လာနောက်နေတာလား?"

အော်ဆန် ၏ မျက်နှာအမူအရာ သည် စွဲလမ်းမှု မှ မယုံကြည်နိုင်စရာ သို့ ပြောင်းသွားကာ၊ ထိုမှတစ်ဆင့် ထိတ်လန့်ကြောက်ရွံ့မှု သို့ ရောက်ရှိသွားခဲ့သည်။

နှစ်မီတာ သို့မဟုတ် သုံးမီတာ ခန့်စီ ရှည်လျားသော ခြေထောက်ရှစ်ချောင်းလုံး သည် ပင့်ကူတစ်ကောင် ကဲ့သို့ ပုံသဏ္ဌာန်ဖြင့် စုဝေး နေခဲ့သည်။ ၎င်းတို့၏ အပေါ်တွင် အနက်ရောင် သရဖူ ဆောင်းထားသော ခေါင်းကြီးတစ်လုံး နှင့် အဆမတန် ကြီးမားသော တောင်ပံ ခြောက်ခု တို့သည် ဖြည်းညင်းစွာ ပေါ်လာ ခဲ့သည်။

အမှောင်ဘုရင်မအဲလ် ၏ မျက်နှာသည် အပြစ်အနာအဆာကင်းသော ပန်းပုထုဆစ်မှု ကဲ့သို့ လှပ နေသော်လည်း၊ အေးစက် ပြီး အသက်မဲ့ နေကာ သေခြင်းတရားနှင့် ပုပ်သိုးခြင်း၏ အငွေ့အသက်များ ကို ဖြာထွက်နေစေခဲ့သည်။

"သေစမ်းပါ..."

ပင့်ကူကြောက်ရောဂါနှင့် ဧရာမ သတ္တဝါများအပေါ် ကြောက်ရွံ့မှု တို့သည် တစ်ပြိုင်နက်တည်း သူ့ကို ရိုက်ခတ် လာသောကြောင့် အော်ဆန် ၏ နဖူး တွင် ချွေးအေးများ စို့ လာခဲ့သည်။

"ဘယ်သူကများ အဲဒီလမ်းညွှန်ကို ရေးခဲ့လဲ... ငါ သတ်လို့ရအောင် ထွက်လာခဲ့စမ်းပါ!" ဟု သူက မယုံနိုင်စွာ တီးတိုး ရေရွတ်လိုက်သည်။ ယခင်လမ်းညွှန်များတွင် "ကြောက်မက်ဖွယ် ည" မစ်ရှင် ၏ အသေးစိတ် အဆင့်တိုင်း ကို ဖော်ပြထားသော်လည်း အရေးအကြီးဆုံး အပိုင်း ကို ချန်ထားခဲ့ခြင်းမှာ အံ့သြစရာ မရှိတော့ပေ။

ဤ လျှို့ဝှက် ရဲတိုက် ကို သော့ဖွင့် ခဲ့သူ မည်သူမျှ မစ်ရှင် ဘော့စ် ၏ ပုံပန်းသဏ္ဌာန် မည်သို့ရှိသည်ကို ဖော်ပြခဲ့ခြင်း မရှိ ခဲ့ပေ။

ဒါက ဘုရင် မပီသတဲ့ အဲလ်ဘုရင်မ မဟုတ်ဘူး၊ ဧရာမ၊ ထိတ်လန့်စရာကောင်းတဲ့ ပင့်ကူ ပဲ ဖြစ်နေသည်။

[အမှောင်ဘုရင်မအဲလ်: အဆင့် ၁၅]

[ဘော့စ်အဆင့်]

အသက်အမှတ်: ၅၀၀,၀၀၀/၅၀၀,၀၀၀

တိုက်ခိုက်မှု စွမ်းအား : ၆၈၀

စွမ်းရည်များ : အမှောင်မှော်ပညာ ကျွမ်းကျင်မှု

သတိပေးချက် ပေါ်လာပြီး အော်ဆန် သည် စိုးရိမ်ပူပန်မှု အနည်းငယ် ခံစားလိုက်ရသည်။ ဤသတ္တဝါတွင် အသက်မှတ် ၅၀၀,၀၀၀ ရှိပြီး၊ ၎င်းသည်

မစ်ရှင် ၏ အစစ်အမှန် စွမ်းအား ၃% ခန့် သာရှိသော ပုံရိပ်တစ်ခုမျှသာ ဖြစ်သည်။ သူမ၏ အစစ်အမှန် ပုံစံ မည်မျှအထိ အားကောင်း မည်ကို သူ မှန်းဆ၍ပင် မရ နိုင်ပေ။ သူမသည် ဂိမ်းနှောင်းပိုင်း ကမ္ဘာအဆင့် ဘောစ့် ဖြစ်နိုင်ဖွယ် ရှိသည်။

စွမ်းရည် တစ်ခုတည်းသာ ဖော်ပြထားသော်လည်း အော်ဆန် သည် ၎င်း၏ အဓိပ္ပာယ် ကို သိ သည်။ အဆုံးမဲ့ ကမ္ဘာတွင် မှော်ဆရာ များသည် စီ-အဆင့် သို့မဟုတ် ထို့ထက်မြင့်သော မှော်ပညာဆယ်ခု သို့မဟုတ် ထို့ထက်ပိုသော မှော်ပညာများအားလုံးကို အဆင့် ၁၀ အထိ ကျွမ်းကျင် မှသာ "အမှောင်မှော်ဆရာ" ရာထူး သို့ ရောက်ရှိနိုင်သည်။ ထို့ကြောင့် ဤ ဘော့စ် တွင် အနည်းဆုံး မှော်နက် စွမ်းရည် ဆယ်ခု ရှိသည်။

မစ်ရှင်သည် စတင် အသက်ဝင်လာသောအခါ အော်ဆန် သည် မြေပြင်ပေါ်ရှိ သူရဲကောင်အဆင့်ပစ္စည်းများ နှင့် ငြိမ်သက်နေဆဲ ဖြစ်သော သတ္တဝါငယ် များကို လှမ်းကြည့်လိုက်သည်။ ယခုအချိန်အတွက်တော့ သူသည် ထိုပစ္စည်းများ ကို စွန့်လွှတ် ရတော့မည်။ ဘော့စ် ကို အချိန်မတိုင်မီ နိုးထနိုင်မည် အန္တရာယ်များသော ကိစ္စများကိုမလုပ်လိုပေ။

သူသည် နောက်လှည့်၍ အပြေးအလွှား ထွက်ခွာသွားပြီး၊ သူ့ကိုယ်သူ ခြေထောက်ရှစ်ချောင်းပါ ဘုရင်မ နှင့် အဝေးဆုံး အကွာအဝေး တွင် ရှိနေစေခဲ့သည်။

ဘော့စ်နှင့် လက်အောက်ခံများ လိုက်မလာ သောအခါ၊ အော်ဆန် သည် မီတာ ၈၀၀ အကွာ အထိ ဆုတ်ခွာ ခဲ့ပြီး မိမိကိုယ်ကို တိုက်ခိုက်နိုင်သည့် အကွာအဝေး တွင် ရှိနေစေသည်။

"ငါ့ရဲ့ တိုက်ခိုက်နိုင်မှု အကွာအဝေးရဲ့ တစ်ဝက်လောက်ပဲ သုံးရတော့မယ်" ဟု သူသည် မိမိကိုယ်ကို ထိန်းချုပ် ရင်း တီးတိုး ရေရွတ်လိုက်သည်။

သူသည် ဟေဇယ် ၏ ပစ္စည်းများ ကို မြေအောက်ခန်း ထဲသို့ ပစ်ချ လိုက်ပြီး၊ သူ သေဆုံး ၍ အရာအားလုံး ဆုံးရှုံး သွားခဲ့လျှင်လဲ ဟေဇယ်၏ မစ်ရှင် ထိုအစိတ်အပိုင်း ကို ပြီးမြောက် အောင် လုပ်ခဲ့သည်။

"ဟေဇယ်၏ ဆုံးရှုံးသွားသော ပစ္စည်းများကို ပြန်လည်အပ်နှံပြီးပါပြီ။"

"ကျေးဇူးပြု၍ ဟေဇယ်ကို ပေါင်ဒီနော် မြို့သို့ လိုက်ပို့ပေးပါ။"

"ဟုတ်ပြီ၊တစ်ခုတော့အဆင်ပြေသွားပြီ ..." ဟု အော်ဆန် က တီတိုးပြော လိုက်သည်။

"သူက ဘုရင်မကြီးကို ဟေဇယ် ဘက်ဆီ မြှားခေါ်သွားဖို့ စဉ်းစားနေခဲ့တယ်။ ဟေဇယ် နဲ့ ဘုရင်မကြီးတို့ တိုက်ခိုက်ကျရင် သူကအကျိုးအမြတ်တွေကို ဘာမှအားစိုက်စရာမလိုပဲ အေးဆေး ရတယ်။ ဒါပေမဲ့ သူဟာ ဟေဇယ် ကို ကူညီတိုက်ခိုက်ဖို့ မြေအောက်ခန်းဆီ ချဉ်းကပ်သွားတဲ့အခါတိုင်းမှာ ဟေဇယ်က သူ့ကို ကူညီတိုက်ခိုက်ပေးဖို့ချက်ချင်း ငြင်းပယ်ပစ် ခဲ့တယ်။"

" 'အား... ကျွန်မ ကျွန်မရဲ့ အစေခံမပါဘဲ ကိုယ့်ပစ္စည်းကိုယ် ဝတ်လို့မရဘူး။ ကျွန်မကို ကူညီပေးပါလား၊ ရိုးအပြီး ထိခိုက်လွယ်တဲ့ ကျွန်မရဲ့ စွန့်စားသူလေး။' "

" 'ကူညီပေးရမယ် ဟုတ်လား၊ မှော်ပညာလောကရဲ့ အရှက်ရစရာပဲ...' " အော်ဆန်က တီးတိုးရေရွတ်လိုက်သည်။ ဟေဇယ် နဲ့ ဆက်ဆံရတာဟာ ရှုပ်ထွေးမှုတွေရဲ့ မုန်တိုင်းနဲ့ ဆက်ဆံနေရသလိုပင်။

သူမက သူ့ကို အခါတစ်ရာ သတ်ပစ်နိုင်တယ်ဆိုတာသာ သူ မသိခဲ့ဘူးဆိုရင်၊ စိတ်ပေါ့ပါးသွားအောင် သူမဘက်ကို မီးလုံးတစ်လုံးလောက် ပစ်ပေါက်ပစ်မိမှာ သေချာသည်။

"အဝေးမှာ၊ ဒဏ်ရာရထားတဲ့ အမှောင်သတ္တဝါလေးတွေဟာ ပုံသဏ္ဌာန်ပြောင်းလဲလာပြီး၊ မည်းနက်တဲ့ ပိုးအိမ်များအဖြစ် ပေါင်းစပ်သွားကြတယ်။ ထိုပိုးအိမ်တွေ ပွင့်ထွက်သွားတဲ့အခါ ကြောက်မက်ဖွယ်ကောင်းတဲ့ ပုံသဏ္ဌာန်အသစ်တွေ ထွက်ပေါ်လာတယ်။

"[ဘုရင်မရဲ့ ထိပ်တန်းအစောင့် : အဆင့် ၁၅]

အသက်မှတ်: ၂၀,၀၀၀/၂၀,၀၀၀

တိုက်ခိုက်စွမ်းအား : ၂၃၀

ကျွမ်းကျင်မှုများ : အလျင်မြန်ဆုံးတိုက်ခိုက်မှု၊

အမှောင်စွမ်းအင် ပေါက်ကွဲမှု၊ သွေးရူးသွေးတန်း တိုက်ခိုက်မှု

"ပိုးအိမ်များထဲမှ ဆယ့်နှစ်ကောင် ထွက်ပေါ်လာပြီး၊ မီးခိုးရောင် သံချပ်ကာ ဝတ်စုံများ ဝတ်ဆင်ကာ လှံများ ကိုင်ဆောင်ထားကြသည်။ ၎င်းတို့သည် ဘုရင်မရဲ့ တော်ဝင်အစောင့်အရှောက်များ ဖြစ်ကြပြီး တစ်ကောင်စီမှာ အဆင့် ၁၀ ဘော့စ်တစ်ကောင်နဲ့ ညီမျှတဲ့ စွမ်းအား ရှိသည်။ ထိုအစောင့်များဟာ အော်ဆန်ကို ရှာဖွေဖို့အတွက် ဧရိယာအနှံ့ ဖြန့်ကျက်လိုက်ကြသည်။"

"အော်ဆန် ဟာ အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ရဲတိုက် ရှင်းလင်းရေးရဲ့ ပထမဆုံး စည်းကမ်းကို လိုက်နာဖို့ ပြင်ဆင်လိုက်တယ်– ဘော့စ်ကို မသတ်ခင် နောက်လိုက်ရန်သူများကို အမြဲတမ်း အရင်သတ်ပါ။"

" 'အဆုံးမဲ့ ကမ္ဘာ' မှာ၊ နောက်လိုက်ရန်သူတွေဟာ ပုံမှန် တခြားအွန်လိုင်းဂိမ်းတွေကလို အလွယ်တကူ သတ်လို့ရတဲ့ ပစ်မှတ်တွေ မဟုတ်ဘူး။ အဆင့်မြင့် အခြေအနေတွေအောက်မှာဆိုရင် အပြင်းထန်ဆုံး ကစားသမားတွေတောင် ပေါ့ဆမှုကြောင့် သေဆုံးသွားနိုင်တယ်။"

"သူ့ရဲ့ မှော်ပညာကို သုံးလိုက်ချိန်မှာ ခြောက်ထောင့်ကြယ်ပုံစံထွက်ပေါ်လာပြီး အော်ဆန်ဟာ အနီးဆုံး ရန်သူအုပ်စုတွေကို မီးလုံးတွေနဲ့ မိုးရွာသလို ပစ်လွှတ်လိုက်တယ်။"

"ဂေါ်ဘလင် ဧကရာဇ်ကို ချုံခိုသတ်ရာမှ ရရှိခဲ့တဲ့ အတွေ့အကြုံကို အသုံးပြုပြီး၊ သူရဲ့ တိကျတဲ့ ပစ်မှတ်ကို၊ သူ့ရဲ့ အပြင်းထန်ဆုံး မီးလျှံ စွမ်းရည်နဲ့ အစောင့်တွေကို မီးတောက်စေခဲ့တယ်။"

-၁၅၅၄!

-၁၅၅၄!

...

"သူ့ရဲ့ တိုက်ခိုက်မှုတွေဟာ ရန်သူတွေရဲ့ အာရုံခံနိုင်တဲ့ အကွာအဝေး အပြင်ဘက်ကို ကျရောက်ခဲ့တာကြောင့် ရန်သူတွေဟာ စိတ်ရှုပ်ထွေးသွားခဲ့တယ်။ ဒါပေမဲ့ အမှောင်ဘုရင်မကြီးအဲလ် ကတော့

ဂေါ်ဘလင် ဧကရာဇ်နဲ့ မတူဘူး။ အသိဉာဏ် မြင့်မားတဲ့ သူမဟာ အစောင့်တွေကို အဖွဲ့သုံးဖွဲ့ ခွဲပြီး ရှာဖွေဖို့ အမိန့်ပေးလိုက်တယ်။"

"လျင်မြန်စွာ နေရာရွှေ့ပြောင်းခြင်းနဲ့ မရပ်မနား မီးလုံးများ ပစ်ခတ်ခြင်းတို့ကြောင့် အော်ဆန် ဟာ အစောင့်သုံးကောင်ကို သတ်နိုင်ခဲ့တယ်။ ကျန်ရှိတဲ့ အစောင့်တွေကတော့ ဒေါသထွက်လွန်သွားကြပြီး သူတို့ရဲ့ သွေးရူးသွေးတန်း တိုက်ခိုက်မှု စွမ်းရည်ကို အသက်သွင်းလိုက်ကြတယ်။ အဲ့ဒီစွမ်းရည်က သူတို့ရဲ့ အလျင်နှုန်းကို မြှင့်တင်ပေးပေမဲ့၊ အချိန်ကြာလာတာနဲ့အမျှ သူတို့ရဲ့ အသက်သွေး ကိုတော့ လျော့ကျစေခဲ့တယ်။"

"သင်ဟာ ဘုရင်မရဲ့ ထိပ်တန်းအစောင့် ကို သုတ်သင်လိုက်ပါပြီ။ အတွေ့ကြုံမှတ် +၉၀၀။"

"သူဟာ နေရာပြန်ယူလိုက်ပြီး ရိုးရာ မှော်ပညာရှင်များရဲ့ အက—ရန်သူအုပ်စုတွေကို ဝိုင်းပြီး တိုက်ခိုက်ခြင်းကို စတင်လိုက်တယ်။

(ဘာသာပြန်အမှာစာ ရန်သူအုပ်စုကို တစ်ယောက်ထဲ့ ဝိုင်းပြီးတိုက်ခိုက်တယ်ဆိုတာက နေရာတွေပြောင်းလဲပြီးတိုက်ခိုက်တာကိုဆိုလိုတာဖစ်ပါတယ် )

ဒါပေမဲ့ ဒီနောက်လိုက်ရန်သူ တစ်ကောင်ချင်းစီမှာ အသက်သွေးက များပြားလွန်းတဲ့အတွက် ၁၅၀၀ ကျော်လောင်ကျွမ်းတဲ့ ထိခိုက်မှုရှိလင့်ကစား တစ်ကောင်ချင်းစီကို အနိုင်ယူဖို့အတွက် သူဟာ တစ်မိနစ်နီးပါး အချိန်ယူခဲ့ရတယ်။"

"အစောင့်လေးကောင်သာ ကျန်တယ် သူတို့ သူ့ဆီမရောက်အောင် နေရာအမြဲပြောင်းလဲနေခဲ့တယ်။ ကျင့်သားရနေတဲ့ လှုပ်ရှားမှုနဲ့အတူ သူဟာ သူတို့ရဲ့ အလွန်လျင်မြန်သောတိုက်ခိုက်မှု ကို ကာကွယ်ဖို့

မြင့်မြတ်သော နေဒိုင်းကာကို နောက်ထပ်ဆင့်ခေါ်လိုက်တယ်။ လိမ္မာပါးနပ်စွာ ရှောင်တိမ်းပြီး

အမှောင်စွမ်းအင် ပေါက်ကွဲမှု ကို ဘေးတိုက်လှည့်ရှောင်ကာ မီးလုံးတွေနဲ့ ပြန်လှန်တိုက်ခိုက်ခဲ့တယ်။"

"တခြားသူတွေအတွက်တော့ ဒါဟာ အထူးဆန်းလို ဖြစ်နေလိမ့်မယ်– မှော်ပညာရှင်တစ်ဦးက တိုက်ခိုက်မှုတွေကို လွယ်ကူစွာ ရှောင်တိမ်းနေရင်း တိကျတဲ့ မှော်ပညာ တိုက်ခိုက်မှုတွေနဲ့ တိုက်ခိုက်ဖို့ဆိုတာမဖြစ်နိုင်သလောက်ပါပဲ။"

"ခက်ခက်ခဲခဲ တိုက်ခိုက်ပြီးနောက်၊ သူဟာ နောက်ဆုံးကျန်ရှိတဲ့ ထိပ်တန်းအစောင့်ကို အောင်မြင်စွာ သတ်နိုင်ခဲ့တယ်။ထိုစဉ်မှာ ကြီးမားတဲ့အရိပ်ကြီးတစ်ခု ရွေ့ရှားလာပြီးသူအပေါ်မှာ ရပ်သွားခဲ့တယ် သူ မော့ကြည့်လိုက်တဲ့အခါ ဧရာမသတ္တဝါကြီးတစ်ကောင်ကို တွေ့လိုက်ရသည်။"

"အမှောင်ဘုရင်မကြီးအဲလ်ဟာ သူ့အပေါ် လွင့်ပျံနေပြီး၊ သူမရဲ့ ကြီးမားတဲ့ အတောင်ပံတွေက လေပြင်းတွေတိုက်ခတ်စေတယ်။ သူမက သူ့ကို ငုံ့ကြည့်နေပြီး၊ အင်းဆက်ပိုးကောင်ကို ကြည့်နေတဲ့ ဘုရားသခင်တစ်ပါးလို အေးစက် စူရှတဲ့အကြည့်နဲ့ ကြည့်ရှုနေခဲ့တယ်။"

All Chapters