← Chapters

အခြေခံ လှုပ်ရှားမှု

Vol. 2 Ch. 17

အခြေခံ လှုပ်ရှားမှု

Vol. 2 Ch. 17

အမှန်တိုင်းပြောရလျှင်၊ အော်ဆန် သည် အမှောင်ဘုရင်မအဲလ် ကို ဤမျှ မြန်ဆန်စွာ လှုပ်ရှား မည်ဟု မမျှော်လင့် ထားခဲ့ပေ။ သို့သော် သူ့ကို တကယ်တမ်း အံ့အားသင့် သွားစေသည်မှာ သူမ၏ အနီးကပ် မြင်ကွင်း က မည်မျှ ရုပ်ဆိုးထိတ်လန့် သည်ဟူသော အချက်ပင် ဖြစ်သည်။ အဝေးမှ ကြည့်လျှင် ဘုရင်မသည် ကမ္ဘာမြေသို့ ဆင်းသက်လာသည့် နတ်ဘုရားတစ်ပါး ကဲ့သို့ ထင်ရသည်။ သို့သော် အနီးကပ် ကြည့်သောအခါမူ သူမသည် ထိတ်လန့်စရာ မွန်းစတားတစ်ကောင်နှင့် ပိုတူသည်။ သူမ၏ ထူထဲပြီး ဆူးချွန်ကဲ့သို့ ခြေထောက်အမွှေးများပါသော မြင်ကွင်းက သူ့ခေါင်းအတွင်း ဦးနှောက် ချို့ယွင်း သွားစေနိုင်တဲ့ မြင်ကွင်းကဲသို့ဖြစ်နေသည်။ သူမ၏ "အရေးကြီးနေရာများ" ကို ဖုံးအုပ်ထားသည့် နက်မှောင်သော သံချပ်ကာများ ရှိနေခြင်းကြောင့် ဘုရားသခင်ကို ကျေးဇူးတင် ရမည် ၎င်းတို့မရှိလျှင် သူသည် ရူးသွပ်သွား လိမ့်မည်။

"ဒီ ဘော့စ် အတွက် လမ်းညွှန်စာအုပ် ရေးခဲ့တဲ့လူ... မင်း တကယ်ကို မသိနားမလည်တဲ့ ကောင်တွေ အများကြီးကို သေခြင်းတရားထဲ ရောက်အောင် လှည့်စားခဲ့တာပဲ" ဟု အော်ဆန် က တီးတိုး ရေရွတ်သည်။ ယောက်ျားတစ်ယောက် အနေဖြင့် သူသည် သစ္စာဖောက်ခံရသည် ဟု ခံစားရသည်။

ဘုရင်မ သည် အော်ဆန် ၏ မျက်လုံးများ ထဲမှ အထင်အမြင်သေးမှု ကို ခံစားမိ သကဲ့သို့ ရှိသည်။ သူမ၏ ခြေထောက်ရှစ်ချောင်းလုံး ကို မြှောက် လိုက်ပြီး မရပ်မနား နင်းခြေတိုက်ခိုက်မှု ကို စတင် လိုက်သည်။ အော်ဆန် သည် ၎င်းကို ကြိုတင်ခန့်မှန်း ထားပြီး၊ သူမ၏ ရက်စက်ကြမ်းကြုတ်သော ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများ ကို ရှောင်တိမ်း ရန် လျင်မြန်စွာ ရွေ့လျား လိုက်သည်။ သို့သော် ဘုရင်မ သည် မြန်ဆန် လွန်းပြီး ရှည်လျားသော ခြေထောက်များ ဖြင့် သူ့၏ ထွက်ပြေးရာ လမ်းကြောင်း ကို ချက်ချင်း ပိတ်ဆို့ လိုက်သည်။ ရုတ်တရက်၊ သူမ၏ ခြေထောက် မှ အလင်းတန်းသုံးခုသည် သူ့ဆီကို တန်းတန်းမတ်မတ်ပြေးဝင်လာခဲ့သည်။

အော်ဆန်သည် ပြုံးလိုက်ပြီး သူ့ခြေထောက်အောက်တွင် နေဒိုင်းကာတစ်ခုကို ဆင့်ခေါ် လိုက်ကာ ပုံမှန်မဟုတ်သော လှုပ်ရှားမှုဖြင့် ထိုတိုက်ခိုက်မှုကို ရှောင်တိမ်း ရန် ကျွမ်းကျင်စွာ လေထဲသို့ ခုန်ပျံ လိုက်သည်။

သူ မည်သည့်အခြေနေတွင် ရှိသည်ဖြစ်စေ၊ တိုက်ခိုက်ရေး နည်းဗျူဟာနှင့် မှော်ပညာ နည်းစနစ်များတွင် အော်ဆန်၏ ကျွမ်းကျင်မှု ကို ယှဉ်နိုင်သူ နည်းပါး သည်။ တိုက်ခိုက်မှု ပုံစံ ကန့်သတ်ချက် ရှိသည့် ဘော့စ် တစ်ကောင်ကို ရင်ဆိုင်ရခြင်းမှာ အခက်အခဲမရှိခြေ ဤဘော့စ်သည် အစစ်အမှန် စွမ်းအား၏ အပိုင်းအစတစ်ခုမျှသာ ရှိသေးသည်အတွက် အော်ဆန် ကိုင်တွယ်ဖြေရှင်းရန် အံ့အားသင့်ဖွယ် လွယ်ကူနေသည် ကို တွေ့ရှိခဲ့ရသည်။

သူ မြေသို့ ဆင်းသက် လာချိန်တွင် မီးလုံးသုံးလုံး ကို ဆက်တိုက် လျင်မြန်စွာ ပစ်လွှတ် လိုက်ပြီး ဘော့စ် ၏ သံချပ်ကာ ရင်ဘတ် ကို တိကျစွာ ပစ်မှတ်ထား လိုက်သည်။

-၁

-၁

-၁

ထို လျင်မြန်သော တိုက်ခိုက်မှုများ သည် သူမ၏ ရင်ဘတ်သံချပ်ကာ ကို အနည်းငယ်သာ ခြစ်မိ ပြီး အမှန်တကယ် ပျက်စီးမှု တစ်စုံတစ်ရာ မဖြစ်စေခဲ့ပါ၊ သို့သော် အော်ဆန် ကလည်း အများကြီး မျှော်လင့်မထား ခဲ့ပေ။

အဆုံးမဲ့ ကမ္ဘာဂိမ်း တွင် တိုက်ခိုက်မှုများ သည် သံချပ်ကာမရှိသော နေရာများ ကို ထိမှန်သော်လည်း တိုက်ခိုက်မှုကို စုပ်ယူနိုင်သည်၊ အဆင့်မြင့် သံချပ်ကာများမှာ ထိခိုက်မှုနည်းသော တိုက်ခိုက်မှုများကို လုံးဝ စုပ်ယူနိုင်သလို့ ပြင်းထန်သောတိုက်ခိုက်မျိုးဆိုရင် တစ်ဆိတ်တစ်ပိုင်းသာ စုပ်ယူ နိုင်သည်

-၁၃၅၅

-၁၃၅၅

...

နာကျင် သည့် ဟိန်းသံ အချို့နှင့်အတူ မီးတောက်မီးလျှံ များက ဘုရင်မ၏ ရင်ဘတ် ပေါ်တွင် စတင် ပျံ့နှံ့ လာခဲ့သည်။ သူ၏ တိုက်ခိုက်မှုများ သည် သူမ၏ ကာကွယ်ရေး ကို မချိုးဖျက် နိုင်ခဲ့သော်လည်း၊ သူ၏ မီးမှော်ပညာရှင်များရဲ့

ပင်ကိုယ်လောင်ကျွမ်းမှုစွမ်းရည်ကမူ ဆက်လက် အလုပ်လုပ် နေဆဲ ဖြစ်သည်။

ထိုအောင်မြင်မှုကြောင့် အော်ဆန်သည် နောက်သို့ဆုတ်ခွာ လိုက်သည်။ ဒေါသထွက် လာသော ဘုရင်မ သည် သူမ၏ တိုက်ခိုက်မှု ကို တိုးမြှင့် လိုက်ပြီး၊ အနက်ရောင်မှော်လှံတံ တစ်ခုသည် သူမ၏ နောက်ဘက် တွင် ပေါ်ထွက် လာကာ၊ သေစေနိုင်သော ကြောက်မက်ဖွယ်အော်သံ နှင့်အတူ အော်ဆန် ထံသို့တိုက်ရိုက် ပစ်လွှတ် လိုက်သည်။

လှံတံ ချဉ်းကပ်လာသည်နှင့်အမျှ ၎င်းပတ်ဝန်းကျင်ရှိ လေဟာနယ်များ လှိုင်းထ နေသည်ကို အော်ဆန် သည် အာရုံစိုက်၍ စောင့်ကြည့်နေခဲ့သည်။ လှံတံရဲ့

ပေါက်ကွဲမှု အချင်းဝက် သည် အနည်းဆုံး သုံးမီတာ ရှိရမည်။ သူ့၏ အသက်မှတ် ၃၀၀ သာသာဖြင့်ဆိုလျှင် အနည်းငယ် ထိခိုက် ရုံမျှဖြင့်ပင် သေဆုံး နိုင်သည်။

"ဒိုင်းကာ၊ ဒိုင်းကာ... ဒိုင်းကာနဲ့ နောက်ထပ် ဒိုင်းကာတွေ!"

သူသည် နေဒိုင်းကာ လေးခုကို လျင်မြန်စွ

ပ ဆက်တိုက် ထုတ်လိုက်သည်။

ဒုန်း! ဒုန်း! ဒုန်း!

"ဒီအရာရဲ့ မှော်တိုက်ခိုက်မှု စွမ်းအားက မယုံနိုင်လောက်အောင်ပဲ!"

လှံတံ သည် သူ၏ ဒိုင်းကာ သုံးခု ကို ဖြိုခွဲ လိုက်သောအခါ အော်ဆန် ၏ ကျောပြင် တစ်လျှောက် ချွေးအေးများ စီးကျ လာသည်။ စတုတ္ထမြောက် ဒိုင်းကာ သည်သာလျှင် နောက်ဆုံး ထိခိုက်မှု ကို ထိန်းချုပ် စုပ်ယူ နိုင်ခဲ့သည်။

နေဒိုင်းကာ တစ်ခုစီသည် တိုက်ခိုက်မှု ၇၀၀မှတ်ကို စုပ်ယူ နိုင်သည်ကို ထောက်ရှုပါက ဘုရင်မ ၏ တိုက်ခိုက်မှု သည် တစ်ချက်တည်း ဖြင့် ပျက်စီးမှုမှတ် ၂,၀၀၀ ကျော် ပါဝင်သည်—၎င်းသည် သူ့ကို အကြိမ်ပေါင်းများစွာ သတ်ရန် လုံလောက်သည် ထက် ပိုနေသည်။

အန္တရာယ် ကို သဘောပေါက် လာသောအခါ အော်ဆန် သည် ဤ ဘော့စ်တိုက်ပွဲ နှင့်ပတ်သက်၍ ပေါ့ပေါ့တန်တန်ထားချင်သည့် စိတ်ထား ကို လုံးဝ စွန့်လွှတ် လိုက်သည်။ သူ၏ မှော်စွမ်းအင်ကို အာရုံစိုက်ကာ နောက်ထပ် မီးလုံးများ ကို ဆက်တိုက် ပစ်လွှတ် လိုက်ပြီး၊ အားလုံးကို သူမ၏ သံချပ်ကာ ရင်ဘတ် ကိုသာ ပစ်မှတ်ထား လိုက်သည်။

-၂

-၂

တိုက်ခိုက်မှုမှာလုံးဝ စုပ်ယူခံ ရသော်လည်း၊ ယခုအခါ ထိချက်တစ်ခုစီ သည် ယခင်ကထက် ပျက်စီးမှု အနည်းငယ် ပို ဖြစ်စေခဲ့သည်။

ထို အကျိုးသက်ရောက်မှု ကို သတိပြုမိ ပြီးနောက် အော်ဆန် သည် နောက်တစ်ကြိမ် ဆုတ်ခွာ လိုက်ကာ၊ ဘုရင်မ ၏ မရပ်မနား တိုက်ခိုက်မှုများ ကို ခုခံရန် နောက်ထပ် နေဒိုင်းကာ တစ်ခုကို ဆင့်ခေါ် လိုက်သည်။ ပတ်ဝန်းကျင်သည် သားရဲစခန်းကို ငလျင်လှုပ်ထားကဲ့သို့ ထိခိုက်ပျက်စီး လျက် ရှိသည်။ သူ၏ အလိုအလျောက်စွမ်းရည်ဖြစ်တဲ့ ပြင်းထန်စွာလောင်ကျွမ်းခြင်းစွမ်းရည်သည် အလုပ်ဖြစ် နေသော်လည်း၊ ဘုရင်မ ၏ အသက်မှတ် ၅၀၀,၀၀၀ မှာ အလွန်များပြား လှသည်။ သူမ အသက်မှတ်ကို ပိုမိုမြန်ဆန်စွာ လျှော့ချရန် နည်းလမ်း မရှာနိုင်လျှင် သူသည် မှော်စွမ်းအင် ကုန်ဆုံး ကာ သေဆုံးသွားလိမ့်မည်။

"သူမရဲ့ အကာကွယ်ကို ဖျက်ဆီးဖို့တင် မီးလုံး ဒါဇင်နဲ့ချီပြီး ထပ်လိုဦးမယ်ထင်တယ်" ဟု သူက မျက်မှောင်ကုတ်၍ တွက်ချက် လိုက်ပြီးနောက် ဘုရင်မ ၏ ရင်ဘတ် ကို လျင်မြန်စွာ ဆက်တိုက် တိုက်ခိုက်ခြင်း ကို ပြန်လည် စတင် လိုက်သည်။

သူသည် ထိုနေရာကို မသင့်လျော်သော အကြောင်းပြချက် ဖြင့် ပစ်မှတ်ထား ခြင်း မဟုတ်ပါ။ ရင်ဘတ်ဧရိယာ သည် အဆုံးမဲ့ ကမ္ဘာဂိမ်း တွင် မဟာဗျူဟာမြောက် အားနည်းချက် တစ်ခု ဖြစ်သည်။

ရင်ဘတ်ရှိ သံချပ်ကာသည် ကြာရှည်စွာ ခံနိုင်ရည်မရှိပေ၊ ဆက်တိုက် တိုက်ခိုက်မှုများ က ၎င်းကို ဖျက်ဆီး နိုင်ပြီး၊ ကစားသမားများမှာ နှလုံး သို့မဟုတ် ဦးခေါင်း ကဲ့သို့သော ကာကွယ်မှုမရှိသည့် အားနည်းချက်များ ကို ပြင်းထန်ထိခိုက်မှု များ ပြုလုပ်နိုင်သည်။ ထိုသို့သော နေရာများသည် ပြင်းထန်စွာခိုက်မှုခံရလျှင် ခနတာရပ်တန့်သွားခြင်း၊ နောက်သို့ လွင့်ထွက်သွားခြင်း သို့မဟုတ် လေထဲသို့

ခနတာမြှောက်တတ်သွားခြင်း ကဲ့သို့သော အကျိုးသက်ရောက်မှုများ ကိုလည်း ရံဖန်ရံခါ ဖြစ်ပေါ်စေသည်။

ဆယ်မိနစ်ကြာ သောအခါ ဘုရင်မ၏ ရင်ဘတ် တစ်ဝိုက်ရှိ သံချပ်ကာ သည် အက်ကွဲ စပြုလာပြီး အတွင်းမှ ဖျော့တော့သော အရေပြား အနည်းငယ်ပေါ်ထွက်လာသည်။ အော်ဆန်တွင် လှပမှုကို ခံစားလိုစိတ် မရှိတော့ဘဲ အော်ဟစ်နေသော ဤမွန်းစတားကို အပြီးသတ် ရှင်းပစ်ရန် စိတ်သာရှိတော့သည်။

အသက် ၂၀% ရောက်သွားသောအခါ ဘုရင်မသည် ရပ်တန့်သွားပြီး သူမ၏ လိုက်လံတိုက်ခိုက်မှု ကို ရပ်နားလိုက်သည်။

"သူမ တိုက်ခိုက်မှုပုံစံ ပြောင်းနေပြီ၊" ဟုတွေးရင်း အော်ဆန်က ဘုရင်မ၏ပုံစံကို ချက်ချင်းမှတ်ထားလိုက်ပြီး စိတ်ထဲမှ တွေးလိုက်သည်။

အားကောင်းသော ဘော့စ် များသည်၊ ကစားသမားများက အသက်မှတ်ကို လျှော့ချနိုင် လေလေ တိုက်ခိုက်မှု ပုံစံများ ပိုပြင်းထန်လေ ဖြစ်သည်။ ၎င်းသည် အဆုံးမဲ့ကမ္ဘာဂိမ်း၏ ဘော့စ်တိုက်ပွဲများ တွင် အဓိက ခက်ခဲရသည်အကြောင်းရင်းဖြစ်သည်။

ကြီးမားသော မှော်အနက် ဆဋ္ဌဂံပုံသည် ဘုရင်မ ၏ နောက်ဘက်တွင် ရုတ်တရက် ပေါ်လာ ပြီး ကောင်းကင်ကို ပိတ်ဆို့ လိုက်သည်။ ထို ဆဋ္ဌဂံပုံ မှ သွေးနီရောင် မှော်သင်္ကေတ တစ်ခုသည် ဆင်းသက် လာပြီး အော်ဆန် ၏ နေဒိုင်းကာကို ကျော်လွှား ကာ သူ့ကို တိုက်ရိုက် ထိမှန် သွားသည်။

သူ့အရေပြားပေါ်တွင် ထွင်းထုထားသကဲ့သို့ဖြစ်လာသော သင်္ကေတအသစ်များ ကို တစ်ချက်ကြည့် ရင်း အော်ဆန် က " အေ-အဆင့် ကျိန်စာ စွမ်းရည်... (သေမင်း၏ သင်္ကေတ)" ဟု တီးတိုး ရေရွတ်လိုက်သည်။

[အေ-အဆင့် မှော်နက် စွမ်းရည်: (သေမင်း၏ သင်္ကေတ)]

အကျိုးသက်ရောက်မှု: နယ်နိမိတ်အတွင်းရှိ ပစ်မှတ်များ အားလုံး၏ အသက်မှတ်ကို ၁၀% သို့ လျှော့ချသည်။ မှော်ဒဏ်ခံနိုင်ရည် အပေါ်မူတည်၍ အကျိုးသက်ရောက်မှု လျော့ကျသွားမည်။ ၁ မိနစ် ကြာမြင့်သည်၊ ပြန်လည်အသုံးပြုချိန် မိနစ် ၃၀။

ဤ ကျိန်စာ စွမ်းရည် သည် အလွန်အမင်း အစွမ်းထက် လွန်းသည်။ ၎င်းကို ချေဖျက် ရန် အလင်းမှော်ပညာရှင်တစ်ဦး မရှိဖဖြစ်လိုအပ်သည်၊ အကောင်းဆုံးပစ္စည်းများ တပ်ဆင်ထားသော ကစားသမားများပင် ဤစွမ်းရည်ကျစေမှု ကြောင့် အပြင်းအထန် ဒုက္ခရောက် ကြလိမ့်မည်။ သေမင်း၏ သင်္ကေတမှော်နက်ပညာသည် အော်ဆန် ၏ ယခင်ဘဝက ဂိုဏ်းအဖွဲ့အစည်းကြီးများစွာကိုပင် ဖြိုချ ခဲ့ဖူးပြီး ထိပ်တန်း ကစားသမားများ ကို အားနည်းသော ရန်သူများ ရှေ့တွင်ပင် ခုခံကာကွယ်နိုင်စွမ်းမရှိအောင် ဖြစ်စေခဲ့သည်။

သို့သော် အော်ဆန် အပေါ်တွင်မူ ဤစွမ်းရည်သည် သိပ်အလုပ်မဖြစ်ပေ။

"ဒါပဲလား? မင်းမှာ ရှိတာဒါပဲလား?" အော်ဆန် က လှောင်ပြုံးပြုံး လိုက်သည်။

သာမန် ကစားသမား တစ်ဦးကို တိုက်ခိုက်ပါက ဤမှော်နက်သည် အလွန်တရာဒုက္ခပေး နိုင်ပါသည်။ သို့သော် အော်ဆန်သည် နောက်ထပ်ထိခိုက်မှု မခံတော့ရန် သန္နိဋ္ဌာန်ချ ထားသည်။ သူ၏ ဒိုင်းကာများ အသင့်ရှိနေ သရွေ့ သူသည် အဆင်ပြေ သည်။ အသက်မှတ် ၃၅ ကျန်နေသော်လည်း သူသည် လုံးဝ မစိုးရိမ် ပါ။ သူ၏ မှော်စွမ်းအင်သိုလှောင်မှု ဖြင့် နေဒိုင်းကာကိုးခု သည် အပိုသွေးတန်း တစ်ခုကဲ့သို့ ဖြစ်သည်။

ဘုရင်မသည် သူမ၏ သားကောင်သည် ကျိန်စာ အောက်တွင် ရုန်းကန် နေသည်ကို စောင့်ကြည့် ရင်း မာနကြီးတဲ့ ပြောင်လှောင်သံဖြင့် အော်ဟစ် လိုက်သည်။ သူမ၏ ကြီးမားသော တောင်ပံ ခြောက်ခု ကို တစ်ချက်ခတ်ပြီး မှော်နက် ဓား သုံးချောင်း ကို ဆင့်ခေါ် လိုက်ကာ အော်ဆန် ဆီသို့ ပျံသန်း လာခဲ့သည်။

အော်ဆန် သည် တည်ငြိမ်စွာ တုံ့ပြန်ကာ နေဒိုင်းကာ ခြောက်ခု ကို ဆင့်ခေါ် လိုက်ပြီး၊ ဓားနှစ်ချောင်း စီကို ဒိုင်းကာတစ်ခုစီဖြင့် ခုခံဖယ်ရှား လိုက်သည်။ သူ၏ မှော်စွမ်းအင်ပမာဏ ကို တစ်ချက်ကြည့်လိုက်ရာ အမှတ် ၁,၀၀၀ ခန့်သာ ကျန်ရှိတော့သည်ကို တွေ့ရသည်။

မှော်စွမ်းအင် လုံးဝနီးပါး မကျန် တော့သော်လည်း အော်ဆန် သည် ဘုရင်မ၏ ရင်ဘတ် ကို ဆက်လက် တိုက်ခိုက် နေခဲ့ကာ၊ သူမ၏ အက်ကွဲနေသော သံချပ်ကာ ကို တဖြည်းဖြည်း ချေဖျက် နေသည်။

-၂၀

-၂၀

...

ထိချက်တိုင်း သည် တိကျမှု အပြည့်အဝ ဖြင့် ထိမှန်ခဲ့ပြီး၊ အော်ဆန်သည် သူသည် ဤအရာကို လုပ်ဆောင်ရန် မွေးဖွားလာ သကဲ့သို့ ခံစားခဲ့ရသည်။ သူ၏ ရင်ဘတ်ပေါ်တိကျစွာပစ်ခတ်မှု သည် သူကိုယ်တိုင် အတွက်ပင် ထိတ်လန့်စရာကောင်း လှသည်။

သူ၏ မှော်စွမ်းအင်သည် သုညနီးပါး သို့ ရောက်ရှိလာပြီး ဘုရင်မရဲ့ ရင်ဘတ်သံချပ်ကာ ကွဲအက် လာသည်နှင့်အမျှ အော်ဆန်ရဲ့ နောက်ဆုံးအခွင့်အရေးဟာနီးကပ်လာသည်။ သူ၏ အစပြုသူမှော်တောင်ဝှေးကို မြှောက်၍ သူက "မင်း ကျဆုံးရတော့မယ်!" ဟု အော်ဟစ် လိုက်သည်။

ကွဲအက်သံ နှင့်အတူ သံချပ်ကာ သည် ပျက်စီး သွားပြီး အော်ဆန်သည် ဘုရင်မရဲ့ ပေါ်ထွက်လာသော ဖွင့်ဖြိုးလုံးတင်းနေသောရင်ဘတ် ကို လျစ်လျူရှု နိုင်ရန် သူ၏ အတွင်းစိတ် "ပညာရှိ စနစ်" ကို အသက်သွင်း လိုက်သည်။

ပြင်းထန်သောတိုက်ခိုက်မှု ! -၂၃၀

ပြင်းထန်သောတိုက်ခိုက်မှု ! -၂၃၀

...

ဘုရင်မသည် နာကျင်စွာ အော်ဟစ်ရင်း နောက်ပြန် ယိမ်းနွဲ့ သွားခဲ့သည်၊ အော်ဆန် ၏ မီးလုံးများ သည် သူမရဲ့ လုံးဝင်းသောရင်သားပေါ်ကို ဆက်လက် ထိမှန် နေသဖြင့် ဆက်တိုက် နောက်သို့ အဆက်မပြတ် ဆုတ်နေရချင်းကြောင့် သူမသည် လေထဲတွင် မြှောက်တတ်သွားခဲ့သည်။

တိုက်ခိုက်မှု အချိန်ကိုက် စွမ်းရည် ကို အပြောင်မြောက်ဆုံး ပြသခြင်းမှာ အော်ဆန်ရဲ့ ကျွမ်းကျင်မှုဖြစ်သည်၊ အော်ဆန်ရဲ့ အခြေခံ တိုက်ခိုက်မှုတိုင်းသည် စနစ်တကျ တစ်ခုနှင့်တစ်ခုဆက်စပ် နေခဲ့သဖြင့် ဘုရင်မကို လေထဲတွင် မြှောက်ထား နိုင်ခဲ့ပြီး ခုခံကာကွယ်နိုင်စွမ်း မရှိအောင်ဖြစ်နေစေသည်။ ၎င်းသည် အစပြုသူမှော်တောင်ဝှေး၏ တိုက်ခိုက်မှုနှုန်း ၀.၅ ဖြင့် လူနည်းစု သာ လုပ်ဆောင်နိုင်သော အံ့ဖွယ်စွမ်းရည် ဖြစ်သည်။ စက္ကန့်ပိုင်းလေးမျှ သော အမှားသည်ပင် အော်ဆန်ရဲ့ ဆက်တိုက်တိုက်ခိုက်မှုကို ရပ်တန့်သွားစေနိုင်သည်။

ထို့အပြင်၊ အော်ဆန်သည် ဤ မယုံနိုင်စရာ စွမ်းရည်ပြသမှု ကို မှတ်တမ်းတင် ရန်အတွက် သူ၏ ဂိမ်းမှတ်တမ်းတင် စနစ် ကို အလွယ်တကူ ဖွင့်လိုက်သည်။

တစ်မိနစ် ကြာသောအခါ ဘုရင်မ ၏ ခေါင်းပေါ်တွင် "ဆက်တိုက် တိုက်ခိုက်မှု x33" ဟူသော စာသား ပေါ်လာသည်။

ဆယ်မိနစ် ကြာသောအခါ ရေတွက်မှု သည် ၃၅၂ အထိ ရောက်ရှိသွားသည်။

မိနစ် သုံးဆယ် ကြာပြီးနောက် ဆက်တိုက် တိုက်ခိုက်မှု အရေအတွက် သည် မယုံနိုင်စရာ ၉၀၀ အထိ ရောက်ရှိသွားပြီး၊ ဘုရင်မရဲ့ အသက်မှတ်သည် အနိမ့်ဆုံး သို့ ရောက်ရှိသွားခဲ့သည်။

ဓားနှင့် အောင်နိုင်ခြင်းဂိမ်း၏ ဝါရင့်ကစားသမားများ ကြည့်နေခဲ့ပါက၊ သူတို့သည် "ဒါက အော်ဆန်

ပုံမှန် လုပ်နေကျ! အခြေခံ လှုပ်ရှားမှုတွေပါ၊ ဘာမှ မထူးဆန်းပါဘူး!" ဟု အော်ပြောကြပေလိမ့်မည်။

All Chapters