ဘယ်သူမှ ငါ့ကို မယှဉ်နိုင်ဘူး
Vol. 2 Ch. 18
ဆာဗာ ကြေညာချက် : ကစားသမား အာရှာ သည် သူ၏ အဖွဲ့ကို ဦးဆောင်၍ ထိပ်တန်းအဆင့် မြေအောက်ခန်း မှောင်မိုက်သော ချောက်နက် ကို ရှင်းလင်းလိုက်ပါပြီ!
အဖွဲ့လိုက် ဆုလာဘ်- စွမ်းရည်အမှတ် ၃၀၊ ကျွမ်းကျင်အမှတ် ၃ မှတ်၊ ကျော်ဇောမှု ၁,၀၀၀ နှင့် ရွှေဒင်္ဂါး ၁၅ ပြား။
ကစားသမားများသည် ဆာဗာတစ်ခုလုံးတွင် တုံ့ပြန်မှုများဖြင့် ပြည့်နှက်သွားသည်-
ဂျာလာပီညိုမပါသော ပီဇာ: "အာရှာ ရေ၊ ဂုဏ်ယူပါတယ်!ဒရာဂွန်ကစ် ရဲ့ ခေါင်းဆောင်အတွက် ပန်းတွေပို့ထားတယ်!(ဘာသာပြန်အမှာစာ - ဂျာလာပီညို ဆိုတာ မက္ကဆီကန် ငရုတ်သီးတစ်မျိုးပါ )
အဆုံးမဲ့ကမ္ဘာဂိမ်းကျွမ်းကျင်သူ လျူချန်:
ဒရာဂွန်ကစ်ဂိုဏ်းကို ဘယ်သူမှ မတားနိုင်ဘူး!
အာရှာက နတ်ဘုရားအဆင့် မြားပစ်သမား ဖြစ်ဖို့ မွေးဖွားလာတာ။အဆုံးမဲ့ ကမ္ဘာဂိမ်းကို သူ သိမ်းပိုက်ဖို့ဆိုတာ အချိန်တစ်ခုပဲ လိုတော့တာ!"
ဆတ်ဘတ်ရှဲလို: "အော်ဂေါ့ဒ် နဲ့ ယှဉ်ရင်တော့ ဘယ်ရမလဲ? တစ်ကိုယ်တော်မှ မဟုတ်တာ၊ ဒီကြေညာချက်က ဘာများ ထူးလဲ? ဘာအစွမ်းအစမှ သိပ်မရှိဘူး။"
ဒရာဂွန်ကစ်ဂိုဏ်း ၏ မှောင်မိုက်သော ချောက်နက် ကိုအောင်ပွဲခံမှုသည် အဆုံးမဲ့ ကမ္ဘာ တစ်လျှောက် လှုပ်ခတ်သွားစေခဲ့သော်လည်း တုံ့ပြန်မှုများမှာ ရောနှောနေခဲ့သည်။ အဖွဲ့လိုက် အောင်မြင်မှုများသည် အော်ဂေါ့ဒ် ၏ ကြောက်မက်ဖွယ်ည
ရဲတိုက်ကို တစ်ကိုယ်တော် နှိပ်နင်းခြင်းလောက် ပါးစပ်အဟောင်းသား ဖြစ်စေသောလည်း အဖွဲ့လိုက်အောင်နိုင်ခြင်းနှင့် တစ်ယောက်ထဲ့ အောင်ပွဲခံခြင်းက ကွာခြားမှုကြီးမားသည်။ သို့သော်လည်း
အာရှာသည် သူ့ကို ချီးကျူးဂုဏ်ပြုလိုသော သစ္စာရှိ ပရိသတ်များစွာ ရရှိထားဆဲ ဖြစ်သည်။
အာရှာသည် အချိန်မဖြုန်း ဘဲငွေကြေး ၁၀,၀၀၀ တန် ကစားသမားအားလုံးကြားနိုင်သည် မိုက်ခရိုဖုန်းကို ဝယ်ယူကာ ကြေညာ ခဲ့သည်- "ဒီအောင်ပွဲက ကျနော့်အဖွဲ့မပါဘဲ မဖြစ်နိုင်ပါဘူး။ ပါဝင်ကူညီခဲ့ကြသူတိုင်းကို အထူးကျေးဇူးတင်ပါတယ်။
ဒရာဂွန်ကစ်ဂိုဏ်း အောင်ပွဲတိုင်းမှာ ခင်ဗျားတို့ အများကြီး ပါဝင်လာတာကို မြင်ချင်ပါသေးတယ်။"
တောနက်ထဲ တွင် မွန်းစတားများ ကိုတိုက်ခိုက်နေသော ဘရက်ဒ်လေသည် ထို ကြေညာချက် ကို မထီမဲ့မြင် ပြုခဲ့သည်။ "အခုကျမှ နှိမ့်ချဟန်ဆောင်ပြနေတယ်။ မနေ့ကမှ သူတို့က ငါတို့ရဲ့ ဘော့စ်တွေကို လုယူပြီး အမဲလိုက်ကွင်းတွေကို အတင်းလုယူထားခဲ့ကြတာ။"
စနစ် သတိပေးချက် : ဒရာဂွန်ကစ်ဂိုဏ်းမှ ကစားသမားအားလုံးထံသို့ လက်ဆောင်ပေးပို့လိုက်ပါပြီ! ပမာဏ- ရွှေဒင်္ဂါး ၁,၀၀၀။ အရေအတွက်- အထုပ် ၉၉၉ ထုပ်!
ဘရက်ဒ်လေ သည် ငြိမ်သက် သွားသည်။ "ငွေကြေး တစ်သန်း ဆုကြေးလား???" သူသည် ညည်းညူ ရင်း တီးတိုးပြောလိုက်သော်လည်း သူ၏ လက်ချောင်းများ မှာ လျင်မြန် လှပြီး ရွှေ ၅ ပြား အမြတ်ကြီး ရစေသည့် လက်ဆောင်ထုပ် တစ်ခုကို ဆွဲယူ လိုက်သည်။ ငွေကြေး ၅,၀၀၀ ပိုချမ်းသာသွားသဖြင့် သူသည် ကျယ်လောင်စွာ ရယ်မော လိုက်သည်။
ပုဆိန်ဘုရင်: "လူထုရဲ့ ဘုရင်၊ ငါတို့ရဲ့ အစ်ကိုကြီး အာရှာ! တစ်ယောက်ယောက် ငါ့ကို ကူထူပေးကြပါဦး၊ ဒရာဂွန်ကစ်ဂိုဏ်းကို ငါ သစ္စာခံဖို့ အဆင်သင့်ပဲ!"
မျက်ရည်နှင့်သစ်တော : "အော်ဂေါ့ဒ်ဆိုတာ ဘယ်သူလဲ? အာရှာက အစစ်အမှန် ဘုရင်ပဲ!"
တကီလာမော့ကင်ဘတ်: "တကယ်ပြောရရင်၊ အာရှာဟာ အခု အဆုံးမဲ့ ကမ္ဘာရဲ့ အငြင်းပွားစရာမရှိတဲ့ ဘုရင် ဖြစ်နေပါပြီ။"
ငွေကြေး တစ်သန်း ပေးလိုက်ခြင်းသည် ဆာဗာတစ်ခုလုံး ကို တုန်လှုပ် သွားစေခဲ့ပြီး အာရှာရဲ့ ဂုဏ်သတင်းကို ပိုမိုတိုးတတ်သွားစေခဲ့သည်။ ကစားသမားများစွာသည် ဒရာဂွန်ကစ်ဂိုဏ်းသို့ ဝင်ရောက်ရန် အိပ်မက် မက်နေကြပြီဖြစ်သောကြောင့် အာရှာရဲ့ အဆင့်အတန်းကို နားလည်ရန် မခက် ခဲပေ။
"ဘယ်လောက်တောင် ပျင်းစရာကောင်းတဲ့ ဇာတ်လမ်းလဲ၊" အမှောင်ဘုရင်မအဲလ်၏ အကြွင်းအကျန်များ ပေါ်တွင် ရပ်နေရင်း အော်ဆန် က တီးတိုး ရေရွတ်လိုက်သည်။ ကမ္ဘာချန်နယ် ပေါ်ရှိ အာရှာ၏ ဟန်ရေးပြမှု ကို ကြည့်ရင်း သူ့၏ ယခင်ဘဝမှ အဖြစ်အပျက်များကို ပြန်လည် အမှတ်ရ စေခဲ့သည်။ "ဂိုဏ်းရဲ့ ငွေကြေးတွေနဲ့တောက်ပနေတဲ့ အာရှာရဲ့ပုံရိပ်က ကစားသမား အသိုင်းအဝိုင်းကြားမှာ ပျံ့နှံ့နေပြီ။"
ဒရာဂွန်ကစ်ဂိုဏ်းသည် အချမ်းသာဆုံး အဖွဲ့အစည်း မဟုတ်သော်လည်း အာရှာ၏ အစောပိုင်းကတည်းက ငွေအများအပြား သုံးစွဲလိုစိတ်က သူတို့ကို အောင်မြင်မှုဆီသို့ တွန်းပို့ ခဲ့ကြောင်း အော်ဆန် က အသိဆုံးဖြစ်သည်။ ငွေကြေးတစ်သန်း ပေးသော အမူအရာသည် အောင်ပွဲခံခြင်း ကဲ့သို့ ထင်ရ သော်လည်း၊ အမှန်တကယ်တွင် ၎င်းသည် သူတို့၏ တစ်ခြားဂိုဏ်းတွေနဲ့ ကွဲပြားမှုကို ဖော်ဆောင်ရန် ဗျူဟာမြောက် ဖန်တီးထားသော ကြော်ငြာလှုပ်ရှားမှု တစ်ခု ဖြစ်သည်။
"တောင်းပန်ပါတယ်၊ မင်းကို ငါ တောက်ပခွင့် ပေးလို့မရဘူး။" အော်ဆန်က ပြုံးစိစိမျက်နှာဖြင့် သူ၏ ကိုယ်ပိုင် ကြေညာချက် ကို ထုတ်ပြန်လိုက်သည်။
ဆာဗာ ကြေညာချက် : "ကစားသမား အော်ဂေါ့ဒ် သည် သူ၏ စွမ်းရည် ဇွဲလုံ့လဖြင့် လျှိုဝှက်ဘော့စ် [ဘုရင်အဆင့်: အမှောင်ဘုရင်မအဲလ်] ကို တစ်ကိုယ်တော် နှိပ်နင်းနိုင် ခဲ့ပါသဖြင့် ဂုဏ်ယူပါသည်!"
ဆုလာဘ်- စွမ်းရည်အမှတ် ၇၀၊ ကျွမ်းကျင်အမှတ် ၂၀၊ ကျော်ဇောမှု ၁၀,၀၀၀ နှင့် ရွှေဒင်္ဂါး ၈၀!
ကစားသမား တုံ့ပြန်မှုများ:
ဂျာလာပီညိုမပါသော ပီဇာ : "အံ့သြစရာပဲ...နေဦး၊ ဘာလဲဟ?ဘုရင်အဆင့်ဘော့စ် တစ်ဦးလား?"
ဘတ်ဂျာလန်း: "ဘုရားရေ၊ သူ ဘုရင်အဆင့်ဘော့စ်တစ်ဦးကို တစ်ကိုယ်တော် နိုင်လိုက်တာလား?!
အော်ဂေါ့ဒ်က တခြားအဆင့်မှာ ရောက်နေပြီ။ သူကိုယ်တိုင်က ဘော့စ်လိုပဲ!"
တကီလာမော့ကင်ဘတ် : "အာ ဒရာဂွန်ကစ်ဂိုဏ်းရဲ့ ခေါင်းဆောင်ကတော့ ဒုတိယ နေရာသာရတော့မယ့်ပုံပဲ။"
ကြွယ်ဝမှု ခရီးသည်: "တကယ်ပဲ! ဒီလူက စည်းကမ်းအတိုင်း ကစားနေတာ မဟုတ်ဘူး၊ သူကတော့ ဒဏ္ဍာရီလာပဲ!"
တစ်ချိန်တည်းမှာပင်၊ ဒရာဂွန်ကစ်ဂိုဏ်းမှ အိုင်းဗီ သည် သူမ၏ ရေဝတ်ရုံ နှင့်အတူ စိုးရိမ်မကင်း ဖြစ်နေသည်။ "ငါတို့ အခု လက်ဆောင်တွေ ပေးဖို့ လိုသေးလား?" ဟု သူမက တွန့်ဆုတ်စွာ မေးလိုက်သည်။
မိုးကြိုးဘုရင်သည် ဒေါသထွက် နေသည်။ "မဖြစ်နိုင်ဘူး! သူက ဂိမ်းရဲ့အမှား ဒါမှမဟုတ်အားနည်းချက် တစ်ခုခုကို အလွဲသုံးစား လုပ်နေတာ သေချာတယ်။ သာမန် ကစားသမားတစ်ယောက်ဟာ ဘုရင်အဆင့်ဘော့စ်ကို တစ်ကိုယ်တော် ဘယ်လိုမှ မနိုင်နိုင်ဘူး။ ဂိမ်းစနစ်က ပေါက်တတ်ကရတွေ လျှောက်ပြောနေတာ!"
သို့သော် အာရှာကမူ တည်ငြိမ် နေခဲ့သည်။ "ဒါဟာ ဂိမ်းအမှား ဖြစ်ဖြစ်၊အားနည်းချက် ဖြစ်ဖြစ်၊ ဘုရင်အဆင့်ဘော့စ် တစ်ဦးကို တစ်ကိုယ်တော် နိုင်ဖို့ကတော့ စွမ်းရည် လိုအပ်တုန်းပဲ။ ငါ့ရဲ့ အကဲဖြတ်မှုက မမှားပါဘူး။"
သူ၏ အဖွဲ့သားများ ဘက်သို့ လှည့်ကာ အာရှာသည် ယုံကြည်မှုရှိသော အပြုံး တစ်ခုကို ပြုံးပြလိုက်သည်။ "ငါ့ အဆင့် ၁၅ ဒဏ္ဍာရီဝင်လေး အတွက် ပုံစံကြမ်းကို လုံခြုံအောင် ယူထားနိုင်ခဲ့ပါပြီ။ အဲဒါကို အကောင်အထည်ဖော်ဖို့ ခင်ဗျားတို့အားလုံးရဲ့ အကူအညီ လိုအပ်ပါတယ်။"
မိုးကြိုးဘုရင်သည် ချက်ချင်းပင် စေတနာ့ဝန်ထမ်းလုပ် ခဲ့သည်။ "ကျနော်တို့ ကူညီပါ့မယ် ခေါင်းဆောင်! ကျနော်တို့ အဖွဲ့က မိကျောင်းသားရေအခု ၅၀၀ ကို ဆောင်ရွက်ပေးနိုင်ပါတယ်။"
အိုင်းဗီက ခေါင်းညိတ် လိုက်သည်။ "ပြဿနာ မရှိပါဘူး! ကျမက လက်မှုပညာရှင်များဆီက ပစ္စည်းတွေ ယူပြီးတော့ မှော်ကျောက်သလင်း ၃,၀၀၀ ကို ရအောင် လုပ်ပေးပါ့မယ်။"
ငွေကြေး နှစ်သန်း ထပ်မံရင်းနှီးမြှုပ်နှံပြီး
အာရှာသည် လက်ဆောင်အထုပ်များကို အဖွဲ့လိုက် စကားပြောခန်းထဲ့မှာ ပြည့်စေခဲ့သည်။ ရယ်မောသံများ နှင့် ခင်မင်ရင်းနှီးမှု များသည် လေထဲရှိ တင်းမာမှု ကို လျင်မြန်စွာ အစားထိုး ဖယ်ရှားသွားခဲ့သည်။
ကြောက်ဖက်ဖွယ်ည ရဲတိုက် တွင်မူ၊ ငွေရောင် အလင်းတန်း တစ်ခုသည် အမှောင်ဘုရင်မအဲလ်၏ အကြွင်းအကျန်များမှ ရုတ်တရက် ထွက်ပေါ် လာကာ ဘုရင်မတစ်ဝက်အရွယ်အစား ရှိပြီး အနည်းငယ် ပျက်စီးနေသော ရုပ်တု တစ်ခုနှင့် ကြီးမားသော နီလာကျောက် တစ်ခုထွက်ပေါ်လာသည်။ အော်ဆန် သည် ထို ပစ္စည်းများ ကို ကောက်ယူပြီး ဖော်ပြချက်များ ကို စစ်ဆေးလိုက်ရာ မျက်လုံးများ အရောင်တောက် လာသည်။
[အဲလ်ဘုရင်မ၏ ရုပ်တု]
အရည်အသွေး- ပျက်စီးနေသော အမွေအနှစ်
အသေးစိတ်အချက်အလက်များ- အမှောင်ဘုရင်မ အဲလ်၏ ဖျက်ဆီးမှုကြောင့် အားနည်းသွားပြီး စွမ်းအား ၉၉% လျော့ကျသွားသော အဲလ် မျိုးနွယ် မှ ဒဏ္ဍာရီဝင် အမွေအနှစ် တစ်ခု။
၎င်းကို သိမ်းဆည်းလိုက်ပါက အထူးစွမ်းရည် တစ်ခုကို ရရှိမည်။
စွမ်းရည်:
ပဉ္စမြောက် ကိုယ်ခန္ဓာ: ထိခိုက်မှုမရှိသော အခြေအနေ သို့ ၃ စက္ကန့် ကြာ ဝင်ရောက်သည်။ ပြန်လည်အသုံးပြုချိန်: ၁၂ နာရီ။
"၃ စက္ကန့် အတွင်း ထိခိုက်မှုမရှိခြင်း!" အော်ဆန် သည် သူ၏ စိတ်လှုပ်ရှားမှု ကို ထိန်းမနိုင် ဖြစ်သွားခဲ့သည်။ ဤ အမွေအနှစ် တစ်ခုတည်းကပင် အရာအားလုံးထက် တန်ဖိုးရှိနေခဲ့သည်။ သူ၏ ယခင်ဘဝ တွင် အဆင့် ၂၀ ကျော် သွားခြင်းကြောင့် အဆင့်မြင့် ကစားသမား အမြောက်အမြားသည် ဤ '၃ စက္ကန့် နတ်ဘုရားအသွင်' အမွေအနှစ်ကို ထာဝစဉ် ဆုံးရှုံး ခဲ့ကြရသည်။
သုံးစက္ကန့် ဟူသော အချိန်သည် တိုတောင်း သည်ဟု ထင်ရသော်လည်း၊ ၎င်းသည် အစွမ်းထက်သော လျှို့ဝှက်လက်နက် ဖြစ်ပြီး၊ အထူးသဖြင့် သူ၏ ဒိုင်းကာဖြင့် ကျော်လွှားရန် မဖြစ်နိုင်သော တိုက်ခိုက်မှု မြင့်မားသည့် သူခိုးများကို ကိုင်တွယ်ရာတွင် အထူးအသုံးဝင် ပါသည်။
ထို့နောက် အော်ဆန် ၏ မျက်လုံးများ သည် နီလာကျောက် ပေါ်သို့ ကျရောက် သွားသည်။ ဤအရာက အပိုဆုလာဘ် ဖြစ်နိုင်သလား။ သူသိသလောက်တော့ အမှောင်ဘုရင်မအဲလ်၏ ပုံရိပ်ယောင်မှာ ဒင်္ဂါးပြား အနည်းငယ်နှင့် အမွေအနှစ် သာကျသည်ဟု သိထားသည်။ သူသည် ထိုကျောက်ကို ကောက်ယူ လိုက်သည်။
[အဲလ်မျိုးနွယ်၏ ကျောက်မျက်]
*အရည်အသွေး- ပြည့်စုံသော အမွေအနှစ်
*လိုအပ်ချက်- အဆင့် ၂၀
အကျိုးသက်ရောက်မှု- စွမ်းရည်ပြန်လည်အသုံးပြုချိန် အားလုံးကို ၃၀% လျှော့ချသည်။ လက်နက်၏ အရည်အသွေးပေါ် မူတည်၍ အချို့သော အခြေခံတိုက်ခိုက်မှုများနှင့် စွမ်းရည်များ ကို နှစ်ကြိမ်အထိ ထပ်ပွား စေနိုင်သည်။
*ဖော်ပြချက်- ဒဏ္ဍာရီအဆင့်လက်နက်များ ထုတ်လုပ်ရာတွင် မရှိမဖြစ်လိုအပ်သော အစိတ်အပိုင်း။
ထိုစာကြောင်း အနည်းငယ် ကြောင့် အော်ဆန် ၏ ပါးစပ် မှာဟ သွားလုနီးနီး ဖြစ်သွားသည်။ စွမ်းရည်အားလုံးပြန်လည်အသုံးပြုချိန်ကို ၃၀% လျှော့ချ ပေးရုံနှင့်ပင် မည်သူမဆို တပ်မက် လောက်ပြီဖြစ်ရာ၊ တိုက်ခိုက်မှုများ သို့မဟုတ် မှော်ပညာများ ကို ထပ်ပွား နိုင်သည့် စွမ်းရည်ပါ ပေါင်းထည့်လိုက်သည့်အခါတွင်... မီးလုံး သုံလုံးပစ်စွမ်းရည် ကဲ့သို့သော စွမ်းရည်ကို သုံးလိုက်ပါက မီးလုံး ကိုးလုံး ရွာချသွားမည်ဖြစ်သည်။ အော်ဆန် သည် အသေးစိတ်အချက်အလက်များ ကို ပြန်လည်ဖတ်ရှု လိုက်ချိန်တွင် လက်များ မှာပင် ထုံကျင် သွားသလို ခံစားလိုက်ရသည်။
"ငါ... ငါ အခုပဲ အပြစ်အနာအဆာကင်းတဲ့ အမွေအနှစ်ကို ရလိုက်တာလား?" ကျောက်မျက်၏ ရှားပါးမှု ကို သဘောပေါက်သောအခါ သူသည် ငြိမ်သက် သွားသည်။ ဥပမာအားဖြင့်၊ ရုပ်တု သည် ပျက်စီးနေသော အမွေအနှစ်သာ ဖြစ်သည်။ သို့သော် အခုတော့ သူသည် အပြစ်အနာအဆာ ကင်းမဲ့သော အမွေအနှစ် ကို သူ့လက်ထဲတွင် ကိုင်ထားရပြီ!
တိုက်ခိုက်မှု မှတ်တမ်းကို ပြန်စစ်ဆေးကြည့်သောအခါ အော်ဆန် သည် သူ၏ ကံကောင်းခြင်း ကို နောက်ဆုံးတွင် နားလည် သွားသည်-
ဂုဏ်ယူပါတယ်။အပို ကျဆင်းနှုန်း ၁% အသက်ဝင်သွားပါပြီ!