အခန်း (၃)
Vol. 1 Ch. 3
ရန့်ခ်စတူဒီယို အတွင်းမှာ အော်ဆန် ဟာ VR ဦးထုပ်ကို ချွတ်လိုက်ချိန်မှာပဲ ချားလ်စ် ရဲ့ မနှစ်မြို့စရာ မျက်နှာနဲ့ ဆုံတွေ့လိုက်ရတယ်။
"မင်း ရူးနေလား၊ ပရိုဟောင်း အော်ဆန်?" ချားလ်စ် က လှောင်ပြောင်လိုက်တယ်။
"ကျွန်တော် ဘာလုပ်မိလို့လဲ?" အော်ဆန် ဟာ အေးအေးဆေးဆေး ပြန်ဖြေရင်း မတ်တပ်ရပ်လိုက်တော့ ဘရက်ဒ်လေ နဲ့ တခြားသူတွေလည်း ဂိမ်းကနေ ထွက်ပြီး သူ့ဆီကို ဦးတည်လာတာကို သတိထားလိုက်မိတယ်။
"ဟန်ဆောင်တာ ရပ်လိုက်တော့။ ဂိမ်းစတင်တာ ၈ နာရီ ရှိပြီ၊ မင်းလုပ်တာမှ ဂေါ်ဘလင် တစ်ထောင် သတ်တာပဲ ရှိတယ်။ မင်းက ဒီစတူဒီယိုကို မင်းရဲ့ ကိုယ်ပိုင် အနားယူစခန်း လို့ မင်းထင်နေတာလား?" ချားလ်စ် က မဲ့ပြုံးနဲ့ မထီမဲ့မြင် စကားလုံးတွေ သုံးပြီး ဟောက်လိုက်တယ်။
"ကျွန်တော်ကတော့ အဲဒီလို မမြင်ပါဘူး၊ ချားလ်စ်" လို့ အော်ဆန် က ခပ်ဖွဖွ ပြုံးရင်း ပြန်ပြောတယ်။
ဘရက်ဒ်လေ ဟာ အခြေအနေကို ချက်ချင်း ဝင်ထိန်းချုပ်ဖို့ ကြားဝင်လာခဲ့တယ်။ "ချားလ်စ်၊ စိတ်လျှော့ပါဦး။ အော်ဆန် ရဲ့ အရည်အချင်းတွေက အလကားမဖြစ်နိုင်ပါဘူး။ သူက ဂုဏ်ထူးဆောင်ဘွဲ့ တစ်ခုရဖို့ သတ်ဖြတ် နေတာပါ— သိတဲ့သူတွေ နားလည်ပါတယ်"
ဘရက်ဒ်လေ ဟာ အပြုံးအတုနဲ့ ဆေးလိပ်တစ်လိပ်ကို ချားလ်စ် ဆီ ကမ်းပေးလိုက်ပေမဲ့ ချားလ်စ် ကတော့ မျက်မှောင်ကြုတ်ရင်း ခေါင်းလွှဲပြီး မယူခဲ့ပါဘူး။
"အရည်အချင်း? ဘာအရည်အချင်းလဲ? ငါသာ မင်းကို အခွင့်အရေး မပေးခဲ့ရင် ဘယ်သူက မင်းကို အလုပ်ခန့်မလဲ၊ အော်ဂေါ့ဒ်" ချားလ်စ် က လှောင်ပြောင်သည့်သံဖြင့် ကဲ့ရဲ့လိုက်သည်။ အော်ဆန် ကတော့ တစ်ခွန်းမှ မပြောဘဲ သူ့ကိုသာ ကြည့်နေခဲ့သည်။
"အားလုံး ကိုယ့်ရဲ့ တိုးတက်မှု ကို သတင်းပို့ကြ!" ချားလ်စ် က မကျေမချမ်း ရေရွတ်ရင်း အမိန့်ပေးလိုက်သည်။
"လီယို၊ အဆင့် ၆ ဘုန်းတော်ကြီး၊ အသေးစားပစ္စည်း နှစ်ခုရောင်းလို့ ငွေဒင်္ဂါး ၁၀ ပြား ရတယ်။"
"ဝိုင်ယက်၊ အဆင့် ၆ ကောင်းကင်စစ်သည်၊ လေလံပွဲကနေ ငွေဒင်္ဂါး ၁၂ ပြား ရခဲ့တယ်။"
"…"
ဘရက်ဒ်လေ က သက်ပြင်းချရင်း သတင်းပို့တယ်၊ "Level ၇ စစ်သည်တော်၊ အစိမ်းရောင်ပစ္စည်း တစ်ခုကို ငွေဒင်္ဂါး ၄၀ ပြား နဲ့ ရောင်းခဲ့တယ်— အဲဒါ ဒေါ်လာ ၄၀၀ လောက် ရှိတယ်။"
"ဒါဆို မင်းကျတော့ကော၊ ငါ့တို့ရဲ့ ပရိုဟောင်းကြီး? စကားမပြောနိုင်တော့ဘူးလား?" ချားလ်စ် က အော်ဆန် ကို ရှက်ရမ်းရမ်းစေဖို့ ရှင်းရှင်းလင်းလင်း စောင့်နေရင်း မဲ့ပြုံးပြလိုက်သည်။
အော်ဆန် ဟာ ဘာမှ မခံစားရတဲ့ပုံစံနဲ့ ပြန်ဖြေလိုက်တယ်- "အော်ဆန်၊ အဆင့် ၄ မှော်ဆရာ၊ ကြေးဒင်္ဂါး ၉၀ ပြား။"
"အားလုံးပဲ ကြားလိုက်ကြလား? ကြေးဒင်္ဂါး ၉၀ ပြား! ဒါက ငါတို့ ပရိုဟောင်းကြီး ရဲ့ 'အရည်အချင်း' လား? သူက ကြံ့သားရေလို ထူတဲ့ မျက်နှာ ပိုင်ရှင်ပဲဖြစ်ရမယ်" လို့ ချားလ်စ် က သူ့ကို နှိမ်ချဖို့ အခွင့်ကောင်းယူရင်း လှောင်ပြောင်ပြောဆိုလိုက်တယ်။
ဘရက်ဒ်လေ မှလွဲ၍ ကျန်တဲ့သူတွေက အော်ဆန် ရဲ့ သနားစရာကောင်းတဲ့ ဝင်ငွေကို လှောင်ပြောင်ရင်း တဟားဟား ရယ်မောနေကြတယ်။
အဆုံးမဲ့ ကမ္ဘာ ဂိမ်းထဲမှာ ရွှေဒင်္ဂါး ၁ ပြား ဟာ ငွေဒင်္ဂါး ၁၀၀ ပြား နဲ့ ညီမျှပြီး၊ ငွေဒင်္ဂါး ၁ ပြား ဟာ ကြေးဒင်္ဂါး ၁၀၀ ပြား နဲ့ ညီမျှတယ်။
၈ နာရီ ကြာအောင် ကစားပြီး သူ့ဝင်ငွေက ကြေးဒင်္ဂါး ၉၀ ပြား ပဲ ရှိတယ်။ ဒေါ်လာ ၉ ဒေါ်လာ လောက်ပဲ ရှိတဲ့ တန်ဖိုးမရှိတဲ့ ပမာဏပေါ့။
"နေပါဦး၊ ဒါက ပထမဆုံးနေ့ပဲ ရှိသေးတာ။ ဒီလို နည်းနည်းပါးပါး တိုးတက်မှု ကွာဟချက် က ပြန်ဖြည့်ဖို့ မခက်ခဲပါဘူး" လို့ အော်ဆန် က ချားလ်စ် ရဲ့ညစ်ပတ်တဲ့အဆင့်ကို လိုက်မဆင်းချင်လို့ ရိုးရိုးပဲပြန်ပြောလိုက်တယ်။ ချားလ်စ် ဟာ သူ့ကိုယ်သူ သန်မာတယ်လို့ ခံစားရဖို့အတွက် တခြားသူတွေကို နှိမ်ချဆက်ဆံရတာကို ပျော်တဲ့သူမျိုး ဖြစ်နေတယ်။
ဒါပေမဲ့ ချားလ်စ် ဟာ အော်ဆန် ရဲ့ တည်ငြိမ်တဲ့ တုံ့ပြန်မှုကို မြင်တော့ ဒေါသထွက်လာတယ်။ "ဒါဆို မင်းက အလကားစား ဖို့ ဒီကို ရောက်နေတာလားဟမ်? မင်းကို လစဉ် လစာတွေအများကြီး ပေးထားတာ ဘာအတွက်လဲ? ထိုင်နေဖို့လား?"
"ဟေ့! ချားလ်စ်!" ဘရက်ဒ်လေ ဟာ ဒေါသတကြီး ကြားဖြတ်ဝင်ပြောလိုက်တယ်။ "မင်းကို ဂရုမစိုက်ဘူးကွာ!" သူဟာ ချားလ်စ် ရဲ့ ကော်လံကို ဆွဲကိုင်ပြီး လက်သီးနဲ့ ထိုးဖို့ ပြင်လိုက်ပေမဲ့ အော်ဆန် က သူ့ကို နောက်ကနေ ချက်ခြင်းဆွဲထားလိုက်ပါတယ်။ "သူနဲ့ ရန်ဖြစ်မနေနဲ့။ သူအတွက်နဲ့ ရဲစခန်းရောက်သွားရင် မတန်ဘူး" လို့ သူပြောလိုက်တယ်။
ပေါင် ၂၀၀ ကျော်တဲ့ ဘရက်ဒ်လေ ဟာ ရန်ပွဲထဲ ပါသွားမယ်ဆိုရင် သုံးလေးယောက်နဲ့တောင် ထိန်းဖို့ မလွယ်ဘူး။ အော်ဆန် ဟာ အခြေအနေ မပိုအောင် ချက်ချင်း သူ့ကို ဘေးဘက်ဆီ ဆွဲခေါ်လိုက်တယ်။
ဘရက်ဒ်လေ ရဲ့ မျက်လုံးတွေဟာ စိတ်ပျက်မှုတွေ နဲ့ ပြည့်နေတယ်။ သူဟာ အော်ဆန် အသက် ၁၆ နှစ် အရွယ် ပရိုလောကထဲ စတင်ဝင်ရောက်ကတည်းက သစ္စာရှိတဲ့ ပရိသတ်တစ်ဦး ဖြစ်ခဲ့တယ်။ သူ့ရဲ့ သူရဲကောင်း ကို ဒီလို ဆက်ဆံခံနေရတာကို သူလုံးဝ မခံမရပ်နိုင်ဖြစ်နေပါတယ်။
"ဒါဟာ အနိုင်ကျင့်တာ ရှင်းရှင်းပဲ!" ဘရက်ဒ်လေ ဟာ တစ်ကိုယ်လုံး တုန်ယင်ရင်း ဒေါသထွက်နေတယ်။ "ကျွန်တော်တို့ကို ပေးတဲ့လစာက မြေပဲလောက် ပဲ ရှိတာ! ကျွန်တော်တို့ရဲ့ လစာ ၃,၅၀၀ က နောက်စရာပဲ၊ ရွှေရှာလို့ရတဲ့ ငွေရဲ့ ၇၀% ကိုပါ ပြန်ပေးရသေးတယ်။ ဘာကြောင့် သူ ဒီလိုလုပ်ပိုင်ခွင့် ရှိနေတာလဲ?"
"မင်းတို့က တကယ်ပိုက်ဆံရှာမပေးနိုင်ရင်တော့ မင်းတို့ ဒီထက်ပိုပြီး..." လို့ ချားလ်စ် က စကားစလိုက်ပေမဲ့ အော်ဆန် က မဲ့ပြုံးနဲ့ ဖြတ်ပြောလိုက်တယ်။
"ချားလ်စ်၊ ကျွန်တော် ထွက်ပြီ။"
"အော်ဆန်... မင်း တကယ်ပြောနေတာလား?" ဘရက်ဒ်လေ ရဲ့ မျက်လုံးတွေ အံ့သြတုန်လှုပ်စွာ ပြူးကျယ်သွားတယ်။ အော်ဆန် ရဲ့ ညီမလေးဟာ ကျောက်ကပ်အစားထိုးခွဲစိတ်မှုပြုလုပ်ဖို့ စောင့်နေရတာကို သူသိပါတယ်။ အခုချိန်မှာသာ ထွက်လိုက်ရင် ဘာလုပ်နိုင်တော့မှာလဲ?
အော်ဆန် ခေါင်းညိတ်ပြတော့ ဘရက်ဒ်လေ က ထစ်ထစ်အအနဲ့ မေးလိုက်တယ်၊ "ဒါဆို...စီယန်နာ ရဲ့ ခွဲစိတ်မှုကကော ဘယ်လိုလုပ်မလဲ?"
"စိတ်မပူပါနဲ့" လို့ အော်ဆန် က ပြုံးပြီး စိတ်ချစေတယ်။ "ကျွန်တော့်မှာ အစီအစဉ်ရှိတယ်။ ဂိမ်းအဖွဲ့ တစ်ခု ဖွဲ့ဖို့ စဉ်းစားထားတယ်။"
ဘရက်ဒ်လေ ချီတုံချတုံ ဖြစ်သွားတယ်။ "ဒါပေမဲ့ အဆုံးမဲ့ ကမ္ဘာ မှာ ဂိမ်းအဖွဲ့တည်ထောင်ခွင့် က အရမ်းစျေးကြီးတယ်လေကွာ။"
ချားလ်စ် က ရယ်မောလိုက်တယ်။ "ဘာလဲ၊ မင်း မေ့နေတာလား? ဂိမ်းအဖွဲ့တည်ထောင်ခွင့်က ငွေငါးသန်းနော်! မင်းက ကိုယ့်ကိုယ်ကိုယ် ပရိုဘဝတုန်းက အော့ဂေါ့ဒ် ပဲလို့ ထင်နေတာလား?"
သူ့ရဲ့ နောက်လိုက်တွေကပါ ရယ်မောရင်း ဝင်ပြောကြတယ်။ "အံ့ဩစရာပဲ! နောက်တစ်ခါ အော်ဆန် ကို တွေ့ရင် ဂိုဏ်းခေါင်းဆောင် လို့ ခေါ်ကြမယ်!"
"မင်းတို့ ရယ်နိုင်တုန်း ရယ်ထားကြပေါ့ကွာ" လို့ ဘရက်ဒ်လေ က မျက်နှာနီရဲစွာနဲ့ ဟောက်လိုက်တယ်။ "မကြာခင် မင်းတို့အားလုံး နောင်တရကြလိမ့်မယ်!"
ဘရက်ဒ်လေ ဟာ စားပွဲပေါ်ကို လက်နဲ့ ဆောင့်ရိုက်ချပြီးနောက် အော်ဆန် နဲ့အတူ စတူဒီယိုကနေ ထွက်ခွာလာခဲ့တယ်။
"သုံးလ မဟုတ်ဘူး— တစ်လပဲ! သူတို့မျက်နှာတွေကို နီရဲသွားအောင် ရိုက်ပစ်ရမယ်!" လို့ ဘရက်ဒ်လေ ဟာ ဒေါသတကြီးနဲ့ ရေရွတ်နေတုန်းပဲ။
အော်ဆန် က ဘရက်ဒ်လေရဲ့ပခုံးကို ခိုင်မာတဲ့ လက်တစ်ဖက် တင်လိုက်တယ်။ "စကားတွေ အများကြီး ပြောစရာမလိုပါဘူးကွာ။ ငါ မင်းကို စိတ်ပျက်အောင် မလုပ်ပါဘူး စိတ်ချ။"
ဒါပေမဲ့ သူ့စိတ်ထဲမှာတော့ ခိုင်မာပြင်းထန်တဲ့ ဆုံးဖြတ်ချက် တစ်ခု နေရာယူထားပါပြီ။ "စိတ်မပူပါနဲ့ ဘရက်ဒ်လေ။ နှစ်ပတ်အတွင်းမှာ ချားလ်စ် က မင်းကို 'ဘော့' လို့ ခေါ်လာစေရမယ်"
သူရဲ့ ညစ်ပတ်ပြီး ကျဉ်းမြောင်းတဲ့ အငှားခန်း ကို ပြန်ရောက်တဲ့အခါ အော်ဆန် ဟာ ရင်းနှီးနေတဲ့ ရှုပ်ပွနေတဲ့ အခန်းကို လှည့်ပတ်ကြည့်လိုက်တယ်။
မြင်သာထင်သာတဲ့ အလှဆင်ပစ္စည်း တစ်ခုတော့ ရှိတယ်။ အဲဒါကတော့ အော်ဆန် လူငယ်ဘဝတုန်းက ပရိသတ်တွေ ဝိုင်းရံထားပြီး၊ နိုင်ငံ့ပရိသတ်တွေ ရှေ့မှာ Sword and Conquest ချန်ပီယံဆုဖလား ကို သုံးနှစ်ဆက်တိုက် မြှောက်ကိုင်ထားတဲ့ ကြီးမားတဲ့ ပိုစတာတစ်ခုပဲ။ ဒီပုံဟာ သူ့ရဲ့ အကောင်းဆုံးငယ်ဘဝအချိန်တွေကို ဖော်ပြနေပြီး ဂုဏ်ယူမှု နဲ့ ဘုန်းအာနုဘော် တွေ ထွက်ပေါ်နေပါတယ်။
ဒါပေမဲ့ အောင်ပွဲခံခဲ့တဲ့ အဲဒီလူငယ်လေးက ပျောက်ဆုံးသွားခဲ့ရပါပြီ။အတိတ်ကဆိုးရွားတဲ့ သင်ခန်းစာတွေကြောင့် မကောင်းတဲ့လူတွေကို လက်စားချေဖို့ စိတ်သစ်လူသစ်နဲ့ ပြန်လည်ရှင်သန်လာခဲ့ပါပြီ၍။
"ကျွန်တော် အဲဒီပွဲကို ရည်ရွယ်ချက်ရှိရှိ အရှုံးမပေးခဲ့ပါဘူး" လို့ အော်ဆန် ဟာ သူ့ကိုယ်သူ တီးတိုးပြောလိုက်တယ်။ ဂိမ်းရလဒ်အရှုပ်တော်ပုံ က သူ့ ထောင်ချောက်ဆင်ခံခဲ့ရပြီ၊ ညီမဖြစ်သူ သေဆုံးခြင်း က သူ့ရဲ့ စိတ်ဓာတ်ကို အောက်ဆုံးထိထိုးကျသွားပါခဲ့တယ်။
ဒါပေမဲ့ အခုတော့ ပြန်လည်နိုးထဖို့ အချိန်တန်ပြီ။
ဖုန်းခေါ်ဆိုမှုတစ်ခုက သူ့ရဲ့ အတွေးတွေကို ဖြတ်တောက်လိုက်တယ်။
"ဟိုင်း၊ 'အသုံးပြုပြီးသား ဂိမ်းစက် ရောင်းသူလားခင်ဗျ အသစ်လိုရော ကောင်းမွန်သေးလား'။ ဈေးလျှော့ဖို့ စဉ်းစားပေးပါဦးမလား? ကျွန်တော် ငါးထောင်တိတိ ပေးဖို့ အသင့်ပါပဲ!"
"အမ်..."
အော်ဆန် ဟာ အခန်းထောင့်က ဖုန်တွေတက်နေတဲ့ ဂိမ်းစက် ကို ငဲ့ကြည့်လိုက်တယ်။ ဒါဟာ လွန်ခဲ့တဲ့ နှစ်နှစ်က နှစ်သိန်းကျော် ပေးပြီး ဝယ်ခဲ့တဲ့ ထိပ်တန်းမော်ဒယ် တစ်ခု ဖြစ်ပြီး ညီမရဲ့ ဆေးကုသစရိတ် တွေအတွက် အွန်လိုင်းမှာ ရောင်းချဖို့ တင်ထားခဲ့တာပါ။
"ဆောရီး၊ ဖုန်းမှားနေပါတယ်" လို့ သူက ပြတ်သားစွာ ဖုန်းချလိုက်တယ်။
အဆုံးမဲ့ ကမ္ဘာဂိမ်းမှာ သူရဲ့ ဝင်ငွေရှာနိုင်စွမ်း ကို ကြည့်မယ်ဆိုရင် သူ့လို ကျွမ်းကျင်ကစားသမား တစ်ယောက်အတွက် ငါးထောင် ရဖို့ဆိုတာ ဘာမှခက်ခဲနေမှာမဟုတ်ဘူး။
သူ့ရဲ့ အတိတ်ဘဝ တုန်းက အဆုံးမဲ့ ကမ္ဘာဂိမ်း ဟာ ငွေကြေးအရ ဘယ်လောက်အထိ အကျိုးအမြတ်များလဲ ဆိုတာကို သူ သဘောမပေါက်ခဲ့ဘူး။ သူဟာ ဂိမ်းစက် ကို ရောင်းချပြီး စတူဒီယိုရဲ့ ပစ္စည်းကိရိယာ ကိုပဲ အားကိုးခဲ့ရာကနေ တစ်နှစ်လုံး အချိန်ဖြုန်းခဲ့သလိုဖြစ်ပြီယ တခြားသူတွေရဲ့နောက်မှာ ကျန်ရစ်ခဲ့ရပါတယ်။
ဒါ့အပြင်၊ စတူဒီယို က သူ့ရဲ့ ဝင်ငွေ ၇၀% ကို ဖြတ်ယူခဲ့တဲ့အတွက် ချားလ်စ် ဟာ သန်းကြွယ်သူဌေး ဖြစ်သွားခဲ့ချိန်မှာ အော်ဆန် ကတော့ လောက်ငရုံ လေးသာ ရခဲ့တယ်။
ကြာဇံခြောက်တစ်ထုပ် ပြုတ်စားပြီးတဲ့နောက် သူဟာ ဂိမ်းစက် ကို ပါဝါဖွင့်ပြီး ဂိမ်းထဲကို ပြန်လည်ဝင်ရောက် လိုက်တယ်။
ဂေါ်ဘလင် ဧကရာဇ် တိုက်ခိုက်မှု ကျန်ရှိချိန်: ၂၉ မိနစ်၊ ၃ စက္ကန့်။
ကစားသမားရဲ့ အွန်လိုင်းအချိန် ပေါ် မူတည်ပြီး ရေတွက်မှုက ရပ်တန့် ထားတာဖြစ်ပါတယ်။ ဒါမှ ပြင်ပကမ္ဘာ က အနှောင့်အယှက်တွေကြောင့် ဘော့တိုက်ခိုက်မှုကို မလွတ်သွားစေရန် သေချာစေခဲ့တာပါ။
"သင်သည် [အမဲရောင်ဂေါ်ဘလင်] ကို သတ်ဖြတ်လိုက်ပြီ။ အတွေ့အကြုံမှတ် +၁။"
အော်ဆန် ဟာ တောင်ကုန်းထိပ်မှာ နေရာယူထားပြီး အောက်က ဂေါ်ဘလင်တွေကို စနစ်တကျ တိုက်ခိုက်နေပါတယ်။
သူ့ရဲ့ လက်ရှိနှုန်းထားအရ ဘော့ ရောက်မလာခင်မှာ တစ်မိနစ်ကို မွန်းစတား ငါးဆယ် လောက်ကို အလွယ်တကူ မီးရှို့သတ်ဖြတ် နိုင်ပြီး၊ သူ့ရဲ့ [နတ်ဘုရားမျက်လုံး၏ ညာဘက်မျက်လုံး] စွမ်းရည်ရဲ့ ဆုကြေး ကို အမြင့်ဆုံး ရယူနိုင်ခဲ့တယ်။ တိုက်ပွဲမှာ ပစ်ခတ်နိုင်တဲ့အကွာအဝေး နဲ့ ခွန်အာ ဟာ အရာအားလုံးအတွက် အဆုံးအဖြတ်ဖြစ်တယ်ဆိုတာကို သူ ကောင်းကောင်းသိပါတယ်။
"နေပါဦး၊ ငါ စွမ်းရည်စာအုပ် ရလိုက်တာလား?"
ဂေါ်ဘလင် အကောင် ၂၀၀ လောက် သတ်ပြီးတဲ့နောက် သူဟာ အဖြူရောင် စွမ်းရည်စာအုပ် တစ်အုပ် ကောက်ရလိုက်တယ်။ အော်ဆန် ပြုံးလိုက်တယ်။ [ဂေါ်ဘလင် သုတ်သင်သူ] ဆိုတဲ့ ဘွဲ့ က ပစ္စည်းကျနှုန်း ကို တကယ်ပဲ တိုးမြှင့်ပေးနေတာ ရှင်းနေတယ်။
"သင်သည် အစပြုသူ၏ မှော်ကျမ်းစာ: မီးလုံးဆက်တိုက်ပစ်စွမ်းရည် ကို ရရှိပါပြီ။"
အဆင့် E မီးမှော်: မီးလုံးဆက်တိုက်ပစ်စွမ်းရည်
အကျိုးသက်ရောက်မှု:မှော်စွမ်းအင် ၄၀ သုံးစွဲပြီး မီးလုံး ပေါက်ကွဲမှု သုံးလုံး ကို ထုတ်လွှတ်သည်။ ၎င်းမီးလုံးသည် ၅ မီတာ အချင်းဝက် အတွင်းရှိ ရန်သူများအား ပျက်စီးဆုံးရှုံးမှု ၁၂၀% ကို သက်ရောက်စေသည်။ ပြန်လည်စောင့်ဆိုင်းချိန်မှာ ၅ စက္ကန့်သာကြာမြင့်မည်ဖြစ်သည်။
"ငါ့ရဲ့ အခြေခံတိုက်ခိုက်မှု ထက် ပျက်စီးဆုံးရှုံးမှုက နည်းနည်းလေးတော့ မြင့်တယ်၊ ဒါပေမဲ့လဲ မှော်စွမ်းအင် ကုန်ကျမှု များတယ်" ဟု အော်ဆန် ရေရွတ်လိုက်သည်။ ဤသည်မှာ အက်ဂါမြို့ရှိ မှော်ဆရာစျေးဆိုင် တွင် ငွေဒင်္ဂါးပြား ၁ ဖြင့် ဝယ်ယူရရှိနိုင်သော ရိုးရှင်းသည့် အစပြု မှော်ပညာ ဖြစ်သည်။
"နယ်ပယ်တိုက်ခိုက်မှု က ဆိုးတော့မဆိုးဘူး။ ငါသာ မွန်းစတားတွေကို စုစည်းထားနိုင်ရင် မီးလုံးသုံးလုံး က ထိခိုက်မှုကြီးကြီးမားမား ဖြစ်စေနိုင်တယ်။"
ထို မှော်ပညာ ကို တပ်ဆင်ရင်း သူသည် တိုက်ခိုက်မည်နည်းဗျူဟာ ကို စတင်စဉ်းစားခဲ့သည်။ စွမ်းအားမြင့် မီးလျှံ နှင့် တွဲဖက်သုံးပါက သူ၏ တိုက်ခိုက်နိုင်စွမ်းကို အဓိက မြှင့်တင်ပေးနိုင်လိမ့်မည်။
တစ်ခုတည်းသော ပြဿနာမှာ အစပြုသူရွာတွင် မွမွန်းစတားများကို ပြန့်ကျဲ နေရာချထားခြင်းဖြစ်ပြီး၊ အစပြုသူများ ကိုယ်ခံပညာကို ဘေးကင်းစွာ လေ့လာနိုင်ဖို့အတွက် စုပြုံမလာအောင် ရည်ရွယ်ထားသောကြောင့် ဖြစ်သည်။
စနစ်သတိပေးချက်: သတိပြုပါ! ဂေါ်ဘလင် ဧကရာဇ် သည် တစ်မိနစ်အတွင်း ရောက်ရှိလာပါမည်!
အော်ဆန် သည် စိတ်ကို တည်ငြိမ်စေပြီး သူ၏ ဝိညာဉ်တံဆိပ်ပြားကို စစ်ဆေးလိုက်သည်။
[နတ်ဘုရား၏ ညာဘက်မျက်လုံး]: စူပါဘုရားအဆင့်
*(အလိုအလျောက်စွမ်းရည် ၁): မွန်းစတား ၁၀ ကောင် သတ်တိုင်း +၁ မီတာ တိုက်ခိုက်မှု အကွာအဝေးရရှိသည်။ (လက်ရှိ အမြင့်ဆုံးပမာဏ: ၁၆၀/၁၀၀၀ မီတာ)
* (အလိုအလျောက်စွမ်းရည် ၂): ဘီလူး တစ်ကောင် သတ်တိုင်း မှော်စွမ်းအင် +၁ တိုးလာသည်။ (လက်ရှိ အမြင့်ဆုံးပမာဏ: မှော်စွမ်းအင် ၁၆၀၀/၁၀၀၀၀)
အော်ဆန် ဟာ တရားထိုင်ခြင်း စွမ်းရည်ကို အသက်သွင်းပြီး မှော်စွမ်းအင် ကို အကောင်းဆုံးဖြစ်အောင် ပြုလုပ်ရင်း ထိုင်စောင့်နေလိုက်တယ်။ သူဟာ အဆင့် ၄ သာ ရှိသေးပေမဲ့ သူ့ရဲ့ တိုက်ခိုက်မှုအကွာအဝေး က တိုးလာခြင်းနဲ့ မှော်စွမ်းအင်ပမာဏ များပြားခြင်းတို့က ခက်ခဲတဲ့ တိုက်ပွဲ အတွက် လိုအပ်တာတွေ အားလုံးကို ပေးစွမ်းနေပြီ။
ဒေါသထွက်နေတဲ့ ဟိန်းသံ တစ်ခုဟာ တောင်ကြားတစ်လျှောက် ပဲ့တင်ထပ်လာချိန်မှာ အလွန်ကြီးမားပြီး အင်္ကျီရုံထားတဲ့ ဂေါ်ဘလင် တစ်ကောင်ဟာ မှောင်မိုက်တဲ့ မှော်စွမ်းအား တွေ ဝန်းရံလျက် ပေါ်လာခဲ့တယ်။
[အထူး ဘော့: ဂေါ်ဘလင် ဧကရာဇ်]
အဆင့် : ၁၀
အသက်မှတ် : ၁၂,၀၀၀
တိုက်ခိုက်မှု : ၂၄၀
စွမ်းရည် : ဖုတ်ကောင် ဆင့်ခေါ်ခြင်း
"ဒီ စွမ်းရည်ကိန်းဂဏန်းတွေ ... အရတော်တော်တော့ အားကောင်းတယ်။ ဒါက ပိုပြီးပျော်စရာကောင်းလိမ့်မယ်" အော်ဆန် ရဲ့ မျက်လုံးတွေဟာ တင်းမာမှု နဲ့ စိတ်လှုပ်ရှားမှု နှစ်မျိုးလုံးနဲ့ တောက်ပနေခဲ့တယ်။
(ကျွန်တော် အစောပိုင်း ၂ပိုင်းမယ် [ကောင်းကင်ဝိညာဉ်၏ ညာဘက်မျက်လုံး] လို့ ဘာသာပြန်ထားပေမဲ့ ဖတ်ရတာ ထောက်နေလို့ ဒီအပိုင်းကနေစပြီး
[နတ်ဘုရား၏ ညာဘက်မျက်လုံး] လို့ပြောင်းလဲ အသုံးပြုပါတော့မယ် ခင်ဗျာ]