← Chapters

အခန်း (၄)

Vol. 1 Ch. 4

အခန်း (၄)

Vol. 1 Ch. 4

ဂေါ်ဘလင် ဧကရာဇ် ရဲ့ တိုက်ခိုက်မှုစွမ်းအားက ၂၄၀ ရှိပြီး၊ အော်ဆန် ရဲ့ (အသက်မှတ်) က ၁၅၀ သာ ရှိတယ်။ ဘော့ ရဲ့ ရိုက်ချက် တစ်ချက်ခံလိုက်ရတာနဲ့ သူ့ဟာ ချက်ချင်းကို ရှုံးနိမ့်သွားနိုင်ပါတယ်။

သာမန်အဖွဲ့တွေဆိုရင် ဒီလို ဘော့ ကို ယှဉ်ဖို့ အခွင့်အရေး လုံးဝကိုမရှိပါဘူး။ ဒါပေမဲ့ ဂေါ်ဘလင် ဧကရာဇ် အတွက် ကံဆိုးတာက သူဟာ "လူ့သားအမြောက်" လို့ တင်စားခေါ်ဝေါ်ရမယ့် အော်ဆန် နဲ့ ရင်ဆိုင်နေရတာပဲ။ အော်ဆန် မှာ မီတာ ၁၇၀ အကွာအဝေး ကနေ အခြေခံတိုက်ခိုက်မှုတွေ ကို မနားတမ်း ပစ်ခတ်နိုင်တဲ့ စွမ်းရည်ရှိတယ်။

ဒုတိယထပ်မှနားထောင်သူ: "ကြည့်ကြဦး! ဘော့ ကြီး ပေါ်လာပြီ!"

တတိယထပ်ကဖျော်ဖြေတင်ဆက်သူ(ဂိမ်းကစားသူတွေရဲ့ နာမည်အဆန်းတွေကို အဆင်ပြေအောင်ဘာသာပြန်ပေးထားပါတယ်): "အိုး၊ ဒီ ဘော့ က အကြီးစားပဲ။ ကမ္ဘာ့အဆင့်ဘော့ များလား? အဲဒီ အသက်မှတ် ပမာဏ ကတော့ ရူးနေတာပဲ!"

နတ်ဘုရားအစွမ်းရှိသောစစ်သည်တော်: "ဘာကို စောင့်နေကြတာလဲ? တိုက်ခိုက်ကြ ဟေ့! သူ့မှာ အသက်မှတ်ဘား ရှိနေသမျှတော့ အနိုင်ယူလို့ရတယ်။ ဒါက ငွေပုံကြီး ဖြစ်နိုင်တယ်!"

အော်ဆန် ဟာ ချိုင့်ဝှမ်းတစ်ဖက်မှာ သေချာနေရာယူထားပြီး သူ့ရဲ့ တိုက်ခိုက်မှု အကွာအဝေး ကို သေချာ တွက်ချက်နေခဲ့တယ်။ သို့သော်လည်း အနီးနားက ကစားသမားတွေဟာ ဘော့ ပေါ်လာတာကို မြင်လိုက်ရတဲ့အခါ စိတ်လှုပ်ရှားမှု နဲ့ ရူးသွပ်သွားကြတယ်။ ဂေါ်ဘလင် ဧကရာဇ် ကို တစ်ချက်ထိရုံနဲ့တင် အောင်ပွဲခံရသလို ခံစားနေကြတယ်။

-၁၂!

-၂၅!

ကစားသမား အများအပြားဟာ ဂေါ်ဘလင် ဧကရာဇ် ဆီကို တရစပ် ပြေးဝင် တိုက်ခိုက်ကြပေမဲ့ အများစုက သနားစရာကောင်းလောက်အောင် နည်းပါးတဲ့ တိုင်ခိုက်မှုရမှတ် ကိုသာ ပေးစွမ်းနိုင်တယ်။ သူတို့ နောက်ကျသွားမှပဲ သူတို့ရဲ့ အမှားကို သဘောပေါက်သွားကြတယ်။ ဂေါ်ဘလင် ဧကရာဇ် က သူ့ရဲ့ မှော်တုတ် ကို မြှောက်လိုက်တဲ့အခါ မှောင်မိုက်တဲ့ ခြောက်ထောင့်ကြယ် ပုံသဏ္ဌာန် ပေါ်လာပြီး မြေပြင်အောက်ကနေ ဂေါ်ဘလင်ဖုတ်ကောင် စစ်သည်တော်တွေ အမြောက်အမြားကို ဆင့်ခေါ်လိုက်တော့တယ်။

[ဂေါ်ဘလင် ဖုတ်ကောင် စစ်သည်တော်- အဆင့် ၅]

အသက်မှတ် : ၃၀၀/၃၀၀

တိုက်ခိုက်မှုစွမ်းအား : ၂၀

တိုက်ခိုက်မှုကြောင့် အသက်ဝင်လာသော ဤ ဖုတ်ကောင်စစ်သည်တော်များ သည် ရန်လိုလာပြီး အနီးနားရှိ ကစားသမားများကို စတင်တိုက်ခိုက်ကြသည်။

"အလောင်းခေါ် မှော်ဆရာ အမျိုးအစား ဘော့ လား? ဒီလို များပြားတဲ့ မွန်းစတားတွေ... စိတ်ဝင်စားစရာပဲ" အော်ဆန် ရဲ့ မျက်လုံးတွေဟာ မျှော်လင့်ချက်တွေနဲ့ တောက်ပနေခဲ့တယ်။ ဘော့ က ဖုတ်ကောင်တွေကို ဒီလောက် အများကြီး ခေါ်နိုင်မယ်ဆိုရင် သူ့မှာ ကြီးမားတဲ့ စိတ်ကူး တစ်ခု ရှိနေပြီ။

အနီးအနားစကားပြောခန်း :

ကျပန်း ကစားသမား : "အား... ဒီ ဂေါ်ဘလင် စစ်သားငယ်လေးတွေ က တိုက်ခိုက်မှုတွေ စုပေါင်းလုပ်ဆောင်နေကြပြီ!"

အနီးနားရှိ ကစားသမားများဟာ လျင်မြန်စွာ လဲကျကုန်ကြပြီး ဝိညာဉ် သုံးဆယ်ကျော် ဟာ မီးရှူးမီးပန်း တွေလို ဂိမ်းပြန်လည်စတင်ရာ နေရာကို ပျံတက်သွားကြတယ်။

"နောက်မဆုတ်ကျနဲ့ တောင့်ခံထား! အကူအညီပေးတဲ့အဖွဲ့များ၊ ဝင်ရောက်တိုက်ခိုက်ကျ!" လို့ပြောပြီး ကစားသမားတစ်ဦးက တခြားသူတွေကို စုစည်းဖို့ ကြိုးစားပေမဲ့လဲ အသုံးမဝင်တဲ့ ကြိုးစားမှု ဖြစ်သွားပါတယ်။ လူသစ်ကျေးရွာ မှာရှိတဲ့ ပျမ်းမျှ ကစားသမားတစ်ဦးဟာ အဆင့် ၃ ကနေ ၅ လောက်သာ ရှိပြီး၊ ဖုတ်ကောင်စစ်သည်တော် သုံးကောင်ထက် ပိုရင်ဆိုင်တိုက်ခိုက်ရသူတိုင်း ကြာကြာ မရှင်သန်နိုင်ခဲ့ကြဘူး။

ကစားသမားတွေဟာ လူသစ်ကျေးရွာ ဆီကို နောက်ဆုတ်ရင်းနဲ့ ဖုတ်ကောင်စစ်သည်တော် တွေကို ရွာအဝင်ဝဆီ ဆွဲဆောင်သွားသလို ဖြစ်ကုန်တာကြောင့် လူသစ်ကျေးရွာမှာထိတ်လန့်မှုတွေ ပျံ့နှံ့သွားခဲ့တယ်။ အခုတော့ ဘယ်သူမဆို ဘေးကင်းဇုန် အပြင်ကို ခြေချလိုက်ရင် သေပြီလို့သာ သတ်မှတ်ရတော့မယ်။

သံမဏိလူသား: "သွားပြီ၊ ဖုတ်ကောင်ကျူးကျော်မှုမှာပဲ! ငါတို့ အကုန်သေကျရတော့မယ်!"

မီရှဲလ်ပလေယာ: "အဆင့် ၅ ရောက်ခါနီးပြီကို! အခုတော့ အတွေ့အကြုံမှတ် ၃၀% ဆုံးရှုံးသွားပြီ။ ဘယ်လိုလုပ်ရမလဲ?"

အဆုံးမဲ့ ကမ္ဘာဂိမ်း မှာ သေဆုံးခြင်းရဲ့ ပြစ်ဒဏ်က ကြီးမားပါတယ်။ တစ်ကြိမ်သေဆုံးတိုင်း ကစားသမားတွေရဲ့ အတွေ့အကြုံမှတ် ၁၀% ကုန်ကျပြီး ပစ္စည်းဆုံးရှုံးနိုင်ခြေ အနည်းငယ်ပါ ရှိတယ်။ ဘောတိုက်ခိုက်မှု မှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ကစားသမားတွေဟာ နောက်တစ်ကြိမ် ထပ်မံတိုက်ခိုက်ဖို့အတွက် အရမ်းကြောက်ရွံ့နေကြပါပြီ။ ဒါပေမဲ့ ဖုတ်ကောင်စစ်သည်တော် တွေ ရွာအပြင်ဘက်မှာ ရှိနေတဲ့အတွက် သူတို့ဟာ ရွာထဲ့မယ် ပိတ်မိသလိုဖြစ်နေပြီိ အဓိက ပြသာနာက အဆင့်မြှင့်တင်တဲ့အဖွဲ့ တွေရဲ့နောက်မှာ အဆင့်အများကြီး နောက်ကျကျန်နေခဲ့ကြမှာ ကြောက်ရွံနေကျပါတယ်။

နတ်ဘုရားအစွမ်းရှိသောစစ်သည်တော်: "မထိတ်လန့်ကြပါနဲ့! မွန်းစတားတွေက ရွာထဲက ကစားသမားတွေကို တိုက်ခိုက်လို့ မရဘူး။ ဒါက ဂိမ်းရဲ့စနစ်ချို့ယွင်းချက် တစ်ခု ဖြစ်နေတာနေမှာပါ။ ဂိမ်းရဲ့ AI က အလိုအလျောက် ပြင်ပေးပါလိမ့်မယ်။"

ဘော့ ကို တိုက်ခိုက်ဖို့ လူစုဆောင်းခဲ့တဲ့ အဲဒီ ကစားသမားဟာ လူတိုင်းကို စိတ်အေးအောင် ကြိုးစားခဲ့ပေမဲ့ အရာမဝင်ပဲ ပိုပြီး ပြင်းထန်တဲ့ ကန့်ကွက်တုံ့ပြန်မှု တွေကိုသာ ဖြစ်ပေါ်စေခဲ့ပါတယ်။

" ဒီမယ် အဘိုးကြီး မင်းရဲ့ လိမ်ပြောနေတဲ့စကားတွေကို ငါတို့ ယုံမယ်ထင်နေတာလား?"

"ဟုတ်တယ်! မင်းသာ ဘော့ ကို ဝင်တိုက်ခိုက်ဖို့ မပြောခဲ့ရင် အဲဒီ ဂေါ်ဘလင် ဖုတ်ကောင်တွေ က ငါတို့ကို တိုက်ခိုက်နေမှာ မဟုတ်ဘူး!"

"ငါ့အစ်ကိုက အက်ဂါမြို့ မှာ အခုဆို ပိုက်ဆံကောင်းကောင်း ရှာနိုင်နေပြီကွ။ ငါတို့ ဆုံးရှုံးသွားတဲ့ အချိန်တွေကို မင်း ပြန်ရှာပေးနိုင်မယ် ထင်နေတာလား?"

အဆင့် ၅ ဓားကိုင်သမား ကို ဝိုင်းဝန်း လှောင်ပြောင်ပြောဆိုနေကျပါတယ်၊ သူဟာ ကုသရေးဌာန မှာ ဝိုင်းဝန်ပြောဆို လှောင်ပြောင်မှုကိုခံနေခဲ့ရတယ်။

ဘုန်း—ဘုန်း—ဘုန်း!

ရွာအဝင်ဝနားမှာ မီးပေါက်ကွဲမှု သုံးခု ဖြစ်ပေါ်လာပြီး စုပြုံနေတဲ့ ဖုတ်ကောင်တွေ ကို မီးတောက်တွေနဲ့ ဖုံးလွှမ်းသွားစေတယ်။

-၃၀

-၈၅

-၈၅

မီးလုံးသုံးလုံး ဟာ ငါးမီတာ အချင်းဝက် ကို ထိမှန်ပြီး ဖုတ်ကောင်စစ်သည်တော် အုပ်စုတစ်စုကို မီးရှို့ဖျက်ဆီး လိုက်တယ်။ မီးတောက်တွေရဲ့ ပေါက်ကွဲမှုတွေဟာ သူတို့ကို တိုက်ခိုက်သတ်ဖြတ်ခဲ့တဲ့ ဖုတ်ကောင်တချို့ကို ပြာပုံဖြစ်တဲ့အထိလောင်ကျွမ်းသွားစေခဲ့ပြီး ဖုတ်ကောင်အရေအတွက်ကိုလျော့ကျသွားစေခဲ့ပါတယ်။

နောက်ထပ်တစ်စက္ကန့်အကြာမှာပဲ မီးလုံးငယ်လေးများ ဟာကြယ်ကြွေသလို တရစပ်ကိုကျဆင်းလာခဲ့ပါတယ်။ မီးတောက်တွေနဲ့ ထိမိတဲ့ ဖုတ်ကောင်တိုင်း ဟာ ချက်ချင်း ပြာကျသွားခဲ့ပါတယ်။

လူတိုင်းဟာ အံ့အားသင့်စွာ နဲ့ အဝေးက သစ်တောကို ကြည့်ရင်း ကြက်သေသေ သွားကြတယ်။

နတ်ဘုရားအစွမ်းရှိသောစစ်သည်တော် ဟာ သူ့ရဲ့ ခန့်မှန်းချက်ဟာ မှန်ကန်ကြောင်း အတည်ပြုလိုက်သလိုမျိုးဖြစ်သွားသဖြင့် မျက်နှာဟာချက်ချင်းဝင်းပ သွားတယ်။ "ဟား! ငါသိသားပဲ၊ Iအဆုံးမဲ့ ကမ္ဘာဂိမ်း က ဂိမ်းစနစ်ချို့ယွင်းမှုကို ချက်ချင်းပဲပြင်လိုက်တာဖစ်မယ်!"

သံမဏိလူသား: "အေးဆေးပဲ! ကာကွယ်ရေးမျှော်စင် က အလုပ်လုပ်နေပြီ!"

ဘာဂါစားသုံးသူ: "ကျွန်တော် သိရသလောက်တော့ ကျွန်တော်တို့ရွာက ကာကွယ်ရေးမျှော်စင် ရှိတဲ့ တစ်ခုတည်းသော ရွာပဲ။ တခြား လူသစ်ကျေးရွာ တွေ ဒီလို ကာကွယ်ရေးပစ္စည်းမျိုး မရှိကြဘူး။"

"သင်သည် [ဂေါ်ဘလင် ဖုတ်ကောင် စစ်သည်တော်] ကို သတ်ဖြတ်လိုက်ပြီ။ အတွေ့အကြုံမှတ် +၇။"

"သင်သည် မွန်းစတားဖုတ်ကောင်များကို သတ်ဖြတ်လိုက်ပြီ။"

"သင့်ကို ရှာမတွေ့သေးပါ။"

အော်ဆန် ဟာ သူရဲ့ အခြေခံတိုက်ခိုက်မှုဖစ်တဲ့ မီးလုံးဆက်တိုက်ပစ်စွမ်းရည်ကို အသုံးချပြီးဆက်တိုက် ပစ်ခတ်နေခဲ့ရာကနေ စုပြုံနေတဲ့ မွန်းစတား တွေကို လျင်မြန်စွာ ရှင်းလင်းနိုင်ခဲ့ပြီး အဆင့် ၅ ကို အဆင့်တက်သွားခဲ့ပါတယ်။

ဖုတ်ကောင်စစ်သည်တော် တွေအားလုံးက သူ့ကို ဘုံရန်သူအဖြစ် သတ်မှတ်လိုက်ပြီ ဆိုတာကို သူ သတိထားမိလိုက်ပါတယ် ဒါပေမဲ့ သူ့ရဲ့ အကွာအဝေးကဝေးကွာလွန်းတာကြောင့် သူတို့ရဲ့ ရှာဖွေနိုင်တဲ့ အကွာအဝေး ထက်ကိုကျော်လွန်နေခဲ့ပါတယ်။ ဒါကြောင့် ဖုတ်ကောင်တွေ ဟာ ပစ်မှတ်မဲ့ လျှောက်သွားနေကြချိန်မှာ ဘော့ ကတော့ ပစ်မှတ်မတွေ့တာကြောင့် စိတ်ပျက်ပြီး ဖုတ်ကောင်စစ်သည်တော်တွေကိုပဲ ထပ်တလဲလဲဆင့်ခေါ်နေခဲ့ပါတယ်။

ကစားသမားအများစုက ရွာထဲမှာ ပုန်းအောင်းနေကြတဲ့အတွက် အသစ်ခေါ်လိုက်တဲ့ ဖုတ်ကောင်တွေမှာ ပစ်မှတ်မရှိတာကြောင့် နေရာမှာတင် ကြောင်အစွာ ရပ်နေခဲ့ကြရတယ်။

တောင်ကုန်းအပေါ်က အော်ဆန် ကတော့ ပျော်ရွှင်စွာ ပြုံးနေခဲ့ပြီး၊ သူရဲ့ မှော်တုတ် ဟာ စဉ်ဆက်မပြတ် ပစ်ခတ်မှု ကြောင့် အပူလွန်ကဲလုနီးပါး ဖြစ်နေခဲ့ရပါပြီတယ်။

တခြားဘယ်သူမှ ထွက်လာဖို့ သတ္တိမရှိတဲ့အတွက် သူဟာ သူ့ရဲ့ သတ်ဖြတ်မှု တွေကို လာခိုးမှာ ကို စိတ်ပူစရာမလိုတော့ဘူး။ မလှုပ်ရှားနိုင်တဲ့ ပစ်မှတ်တွေ ကို ပစ်ဖို့အတွက် သူရဲ့ တိုးချဲ့ထားတဲ့ အကွာအဝေး ကို အသုံးပြုပြီး တောင်ကုန်းတစ်ဖက်ခြမ်းကနေ ဘေးကင်းလုံခြုံစွာ အဝေးပစ်မော်တာသေနတ်နဲ့ ရန်သူတွေကို ပစ်ခတ်နေရသလိုမျိုး ခံစားနေရပါတယ်။

ဒါ့အပြင်၊ သူဟာ ဘော့ ရဲ့ ရှာဖွေနိုင်တဲ့ အကွာအဝေးရဲ့ အပြင်ဘက်မှာ ရှိနေတဲ့အတွက်ကြောင့် မှော်စွမ်းအင် ကုန်သွားရင်တောင် တိုက်ခိုက်တာကို ခနရပ်လိုက်ပြီး တရားထိုင်ခြင်းစွမ်းရည်ကို သုံးပြီး မှော်စွမ်းအင် ပြန်လည်ဖြည့်တင်းနိုင်ပါသေးတယ်။

"အော်ဆန် တိုက်ခိုက်နေမှန်းမသိတဲ့ ကစားသမားတွေကတော့ ရွာကို မြင့်မြတ်တဲ့ မျှော်စင် က ကာကွယ်ပေးထားတာလို့ ယုံကြည့်နေကျပါတယ်! မျှော်စင်နဲ့ စတင်ရတယ် ဆိုတာ ငါတို့လောက် ကံကောင်းတဲ့ ကစားသမားတွေ ရှိပါဦးမလား?"

"ဒီလို ကောင်းချီးပေးခံရတဲ့ ရွာ မှာရှိတဲ့အတွက် ငါဟာ အဆုံးမဲ့ကမ္ဘာ လောကမှာ အောင်မြင်ကျော်ကြားသူ ဖြစ်လာဖို့ ကံပါလာခဲ့တာပဲ!"

...

လူတိုင်းဟာ မြင့်မြတ်တဲ့ မီးတောက်မျှော်စင် က ရွာကို ကာကွယ်ပေးနေတယ်လို့ သေချာစွာ ယုံကြည်နေကျပြီး စိတ်လှုပ်ရှားအားရစွာ တောင်ကုန်းဘက်ကို ကြည့်ရင်း အားပေးအော်ဟစ်နေခဲ့ကြတယ်။

ကစားသမား အနည်းငယ် သာ ထူးဆန်းတဲ့ အရာတစ်ခု ကို သတိထားမိလိုက်တယ်။ "ကျနေတဲ့ ပစ္စည်းတွေ ကို ငါတို့ ဘာလို့ ကောက်လို့မရတာလဲ?"

ဆယ်မိနစ် အတွင်းမှာ ဂေါ်ဘလင် ဖုတ်ကောင် စစ်သည်တော် လေးရာ ကို သတ်ဖြတ်နိုင်ခဲ့တယ်။ သူ့ရဲ့ [ဂေါ်ဘလင်သတ်ဖြတ်သူ] ဘွဲ့ရဲ့ အပိုဆုကြေး ကြောင့် အော်ဆန် ဟာ အဖြူရောင် သာမန် ပစ္စည်းသုံးမျိုး၊ အစိမ်းရောင် အနည်းငယ်နဲ့ ငွေဒင်္ဂါးနှစ်ပြား ရရှိခဲ့တယ်။

အဆုံးမဲ့ ကမ္ဘာဂိမ်းမှာ ဝတ်ဆင်စရာ ပစ္စည်းတွေ ကို အဆင့် ၆ ဆင့် ခွဲခြားထားပါတယ်။

အဖြူရောင် (သာမန်အဆင့်) |

အစိမ်းရောင် (သာလွန်ကောင်းမွန်အဆင့်) |

အပြာရောင် (သန့်စင်ပြီးသားအဆင့်) |

ခရမ်းရောင် (သူရဲကောင်းအဆင့်) |

လိမ္မော်ရောင် (ဒဏ္ဍာရီလာအဆင့်) |

အနီရောင် (တားမြစ်အဆင့်) |

ဂိမ်းရဲ့ စတင်ကာလ မှာ အဆင့် ၁၀ အပြာရောင်အဆင့် ပစ္စည်းတစ်ခုဟာ လေလံပွဲမှာ ငွေဒင်္ဂါး ၅ ပြား၊ ဒါမှမဟုတ် ခန့်မှန်းခြေအားဖြင့် ယွမ်ငါးထောင် လောက်အထိ ရရှိနိုင်ပါတယ်။ ပစ္စည်းကိရိယာ တွေအပြင် ရှားပါးပစ္စည်းများ၊ ဝိညာဉ်တံဆိပ် တွေနဲ့ ထူးခြားတဲ့ ရတနာတွေ ကဈေးပိုပြီးမြင့်နိုင်ပါတယ်။

ဒီ သာမန်အဆင့် ပစ္စည်းအနည်းငယ်က အော်ဆန် ကို စိတ်မဝင်စားစေခဲ့ပါဘူး။ သူ့ရဲ့ [နတ်ဘုရား၏ ညာဘက်မျက်လုံး] အတွက် မွန်းစတားတွေကိုသတ်ဖြတ်ခြင်းနဲ့ အတွေအကြုံအမှတ်ကို တိုးတက်အောင် လုပ်ခြင်းက အဓိက ရည်ရွယ်ချက် ဖြစ်တယ်။ အခုဆိုရင် ဂေါ်ဘလင် ဧကရာဇ် ဟာ သူ့ကို တိုက်ခိုက်နိုင်စွမ်းမရှိတဲ့ ဂေါ်ဘလင် ဖုတ်ကောင်လှိုင်းလုံးတွေကို ခေါ်ယူပေးနေတဲ့ အလုပ်ကြိုးစားဆုံး "ဧကရာဇ်" ဖြစ်နေပြီ။

ဘော့ က ဖုတ်ကောင်စစ်သည်တော် ဘယ်လောက်များများ ဆင့်ခေါ်ထားလဲဆိုတာ အော်ဆန် ရေတွက်လို့ မရတော့ဘူး။ သူ့စိတ်ထဲမှာ ပန်းတိုင်တစ်ခုတည်း သာ ရှိတယ်- သတ်ဖြတ်ပြီး ပစ္စည်းစုဆောင်းဖို့ပါ!

သူ့ကိုသူပြန်တွေးလိုက်မိတယ် ဂိမ်းစနစ်ချို့ယွင်းနေတာကို အမြတ်ထုတ်နေမိတာလား? အဆုံးမဲ့ ကမ္ဘာ မှာ "ဂိမ်းစနစ်ချို့ယွင်းနေတုံး အမြတ်ထုတ်တယ်" ဆိုတဲ့ အယူအဆလုံးဝ မရှိပါဘူး။ နတ်ဘုရားများ ဟာ ကစားသမားတွေ ပိုမိုအားကောင်းလာစေဖို့အတွက် ဘယ်နည်းနဲ့မဆို လုပ်ဆောင်လို့ရနိုင်အောင် ဒီဂိမ်းကို ဖန်တီးထားခဲ့တာ ဖြစ်ပါတယ်။

သူ့ရဲ့ အတိတ်ဘဝ တုန်းက အော်ဆန် ဟာ ဒီထက်ပိုပြီး ရူးသွပ်တဲ့ သတ်ဖြတ်စုဆောင်းမှုများစွာကို မြင်တွေ့ခဲ့ရဖူးပါတယ်။ နဂါးသခင် တစ်ဦးဟာ သူ့ရဲတိုက်မှာ အေးအေးလူလူ လှဲလျောင်းရင်း ဝိုင်သောက်ကာ သီချင်းဆိုနေချိန် မှာ သူ့ရဲ့ နဂါးကိုးကောင် က အနီးနားက မွန်းစတားဂူ တစ်ခုလုံးကို ဖျက်ဆီးနေ ခဲ့တယ်။ တစ်ညတည်း မှာပဲ သူဟာ အလယ်အလတ်နိုင်ငံတစ်နိုင်ငံအရွယ် မွန်းစတားဂူ ကို ဖျက်ဆီးပြီး၊ ဘော့ တိုင်းကို သတ်ဖြတ်ကာ ဘီလျံပေါင်းများစွာတန်တဲ့ ပစ္စည်းများစွာကို ရရှိခဲ့ပါတယ်။

အဆုံးမဲ့ ကမ္ဘာဂိမ်း မှာ ကစားသမားတစ်ဦးဟာ လုံလောက်တဲ့ စွမ်းအား ရှိနေသရွေ့ ဂိမ်းစည်းမျဉ်းစည်းကမ်းတွေ့ကို ချိုးဖောက်တဲ့ "ဂိမ်းချို့ယွင်းချက်"က ကိုယ်ကိုယ်တိုင်ပဲ ဖြစ်လာနိုင်တာပါ!

ဒါပေမဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ တခြားနယ်မြေပေါင်းစုံက သတ္တဝါများ နဲ့ နှိုင်းယှဉ်ရင် သူ့ရဲ့ လက်ရှိစွမ်းအားဟာ ကလေးကစားနည်း သာသာလောက်ပဲ ရှိပါသေးတယ်။

အချိန်တွေ ကုန်လွန်သွားခဲ့ပြီး ငါးနာရီ ကြာမြင့်သွားတယ်။

၉၉၉၁!

၉၉၉၅!

ဘီလူးကောင်ရေ ၁၀,၀၀၀ သတ်ဖြတ်မှု ပြီးမြောက်!

အော်ဆန် ဟာ မြေပြင်ပေါ်ကို လုံးဝ မောပန်းနွမ်းနယ်စွာ လဲကျသွားခဲ့တယ်။ ဒီအချိန်မှာတော့ ဂေါ်ဘလင် တစ်ကောင်လောက် ထပ်မြင်ရုံနဲ့ အော့အန်ချင်စိတ်ပါ ပေါက်လာခဲ့မှာပါ။

စနစ်ကြေညာချက် : ကစားသမား အော်ဂေ့ါဒ် သည် နတ်ဘုရားတစ်ပါး ဆင်းသက်လာသကဲ့သို့ ဂေါ်ဘလင် ၁၀,၀၀၀ ကို သတ်ဖြတ်နိုင်ခဲ့သောကြောင့် "သားရဲမျိုးနွယ်ရဲ့ ရန်သူတော်" ဘွဲ့ကို ရရှိခဲ့သည်။

စနစ်ကြေညာချက်...

(ဘာသာပြန်သူမှတ်ချက် အစပြုသူရွာကို လူသစ်ကျေးရွာလို့ ပြောင်းလဲအသုံးပြုထားပါတယ် ခင်ဗျာ)

All Chapters