လူငယ်လေးဆိုပေမဲ့ ခန္ဓာကိုယ်က အားမရှိဘူးပဲ
Vol. 2 Ch. 17
“ ပုံရိပ်ယောင်အစီအရင်ရဲ့ ဒုတိယအခြေအနေက ရိုးသားမှုပိုင်းဆိုင်ရာ စမ်းသပ်ချက်ပဲ။ အဲ့ဒီအဘိုးအိုက မျက်စိမမြင်တဲ့အပြင် တုံချိနေခဲ့တယ်။ သူ့ရဲ့ပုံစံက စမ်းသပ်ခံတွေအမြင်မှာ လုံးဝကိုခုခံနိုင်စွမ်းမရှိတဲ့ သူတစ်ယောက်ပဲ။ အကယ်လို့ ဒီအခြေအနေမှာ စမ်းသပ်ခံတွေက ရိုးသားစွာနဲ့ အဘိုးအိုကို ငွေထုပ်ပေးလိုက်မယ်ဆိုရင်တောင်မှ အခြေအနေကို အောင်မြင်လိမ့်မယ်။ ”
“ ဒါကလည်း ပြိုင်ပွဲဝင်တွေအတွက် အဆင်ပြေအောင် လိုက်လျောပေးထားတဲ့ ကန့်သတ်ချက်တစ်ခုပဲ”
ယင်ချင်းယွမ်၏ ရှင်းပြနေသံကို နားထောင်ရင်း၊ ပိုင်ရှီရို့သည် ချီယွမ်၏ လုပ်ဆောင်ချက်ကို ကြေးမုံမှန်မှတစ်ဆင့် တည်ငြိမ်စွာကြည့်နေခဲ့သည်။ အဘိုးအို၏ လှည့်စားမှုကို ကျော်ဖြတ်ရင်း၊ ပိုင်ရှင်အစစ်အမှန်ထံ ပြန်ပေးခဲ့သော ချီယွမ်၏လုပ်ရပ်ကြောင့် သူမ၏လှပသော မျက်လုံးအတွင်းမှာတောက်ပမှုများ ဝင်ရောက်လာလေ၏။
နောက်ထပ်ပြီးပြည့်စုံတဲ့ ကျော်ဖြတ်မှုပဲ။
သူမတွင်သာမက တိမ်ကြွေဂိုဏ်း၏ ကျင့်ကြံသူများကြားတွင်ပါ ဆွေးနွေးသံများ တစ်စတစ်စပေါ်ထွက်လာခဲ့သည်။ သူတို့အားလုံး အံ့ဩသွားကြ၏။
“ ပုံရိပ်ယောင်အစီအရင်ရဲ့ ဒုတိယအခြေအနေက ဒီလောက်ထိရှုပ်ထွေးမယ်လို့ ဘယ်သူထင်ထားမှာလဲ။ တစ်ကယ်ကို ငါတို့ရဲ့ ဘိုးဘေးဆရာသခင်ကိုယ်တိုင် ဖန်တီးဖြည့်စွက်ထားတဲ့ အခြေအနေတွေ ပီသပါပေတယ်။”
“ဒါပေမဲ့ အဲ့ဒီအငယ်တန်းကျင့်ကြံသူကတည်း တော်တော်လေးထူးခြားတယ်နော်။ သူကလောဘမတတ်တဲ့အပြင်၊ ချိုမြိန်တဲ့စကားလုံးတွေမှာလည်း လှည့်ဖျားခြင်းမခံလိုက်ရဘူး။ သူ့ရဲ့စိတ်ဓာတ်က ခိုင်မာတယ်၊ ဒါ့အပြင် ထူးချွန်ပြောင်မြောက်တဲ့ အသိဉာဏ်ကိုလည်း ပိုင်ဆိုင်ထားသေးတယ်။ တော်တော်လေး အထင်သေးလို့ မရတဲ့ပုဂ္ဂိုလ်ပဲ။”
“ဒါတော့ သိပ်မသေချာဘူး။ ချီတရဲ့လုပ်ဆောင်ချက်က ပြောစမှတ်တွင်တယ် ဆိုပေမဲ့ ဝိညာဉ်သွေးကြောလေးခုပဲ ပိုင်ဆိုင်ထားတဲ့ စွမ်းဆောင်ရည်ကနိမ့်ကျနေတယ်။ အဲ့ဒီလို နိမ့်ကျတဲ့အရည်အချင်းနဲ့ သူ့ရဲ့အနာဂတ်က ကောင်းမွန်စွာ တောက်ပနိုင်မှာမဟုတ်ဘူး။”
“ ဒါတော့မှန်တယ်။ သူ့ရဲ့အနာဂတ်က သေချာပေါက်ခက်ခဲမှာပဲ။ ကျင့်ကြံမှုပိုင်းလည်း တိုးတတ်ဖို့ခဲယဉ်းလိမ့်မယ်။ ”
အကုန်လုံး၏ စိတ်ဝင်တစားဝေဖန်သံများကြားတွင် အမျိုးသမီးကျင့်ကြံသူတစ်ယောက်သည် ပိုင်ရှီရို့အား စပ်စုစွာမေးလိုက်လေ၏။
“ ဂိုဏ်းတူအစ်မ.. ဂိုဏ်းတူအစ်မ အဲ့ဒီအခြေအနေကို ဖြတ်သန်းခဲ့ချိန်တုန်းကရော ဘယ်လိုမျိုးလဲ ”
အဖြေကိုသိချင်စွာဖြင့် တိမ်ကြွေဂိုဏ်း၏ ကျင့်ကြံသူတပည့်များစွာသည် ပိုင်ရှီရို့ထံသို့ အာရုံစိုက်မှုများ အပြည့်ပေးလိုက်ကြသည်။
ပိုင်ရှီရို့၏ မျက်နှာက အနည်းငယ်နီရဲလာလေကာ ရှက်ရွံ့သွားသည်။
“အဲ့ဒီတုန်းက ငါကငယ်ရွယ်ပြီး ရိုးအသေးတယ်။ အဲ့ဒီတော့ အဘိုးအိုကြီးဆီမှာ သေချာပေါက် အလိမ်ခံလိုက်ရတာပေါ့။ ငါအဲ့ဒီတုန်းက အိတ်ထဲမှာရှိတဲ့ အရေအတွက်ကိုပဲ မေးနိုင်ခဲ့တယ်။ အရေအတွက်ကိုမေးပြီးတော့ အတည်ပြုပြီးတဲ့အချိန်မှာ အဘိုးအိုကို ပြန်ပေးလိုက်တယ်။ အနည်းငယ် မေးခွန်းထုတ်နိုင်တဲ့အတွက် ပြီးပြည့်စုံတဲ့ သတ်မှတ်ချက်ကိုတော့မရခဲ့ဘူး၊ တော်တော်လေးကောင်းမွန်တယ်ဆိုတဲ့ သတ်မှတ်ချက်ကိုပဲရခဲ့တယ်”
အနီးအနားမှာရှိနေသော ငယ်ရွယ်သည့်တပည့်များအားလုံး အခြေအနေကို သဘောပေါက်သွားကြကာ နှစ်သိမ့်လိုက်ကြသည်။
“ ရပါတယ်၊ ဂိုဏ်းတူအစ်မ အဲ့ဒီတုန်းက ဂိုဏ်းတူအစ်မက ၁၀နှစ်ပဲရှိသေးတာလေ၊ သေချာပေါက် မရင့်ကျက်သေးဘူး။ အခု စမ်းသပ်ခံရမယ်ဆိုရင်တော့ ဂိုဏ်းတူအစ်မက သေချာပေါက် ချီတလိုမျိုး တစ်စက်မှမလျော့အောင် ဆောင်ရွက်နိုင်မှာပါ”
“ ဟုတ်တယ်၊ ဂိုဏ်းတူအစ်မက ဒီလောက်ဆောင်ရွက်နိုင်တာကို၊ အံ့ဩစရာကောင်းနေပါပြီ”
“ ဂိုဏ်းတူအစ်မရဲ့ သန်မာမှုကို ကျွန်တော်တို့ယုံကြည်တယ်”
“ ဒီလောက်ကြီးထိ မလိုပါဘူး။ တကယ်တော့ ဒီအခြေအနေက ကျန်တဲ့အခြေအနေထက် တော်တော်လေးခဲယဉ်းနေတာ”
ပိုင်ရှီရို့ခေါင်းယမ်းလိုက်လေကာ…
“ဒီအခြေအနေမှာ ကိုယ့်ရဲ့လောဘကို ကျော်ဖြတ်ရရုံတင်သာမကဘူး၊ အနိုင်ကျင့်ချင်တဲ့ ပင်ကိုယ်စိတ်ရိုင်းကိုပါ ချိုးနိုမ်ရတယ်။ ဘယ်လိုပဲဆိုဆို မျက်စိရှေ့က တုံချိနေတဲ့အဘိုးအိုက ပြိုင်ဘက်ဖြစ်မလာနိုင်ဘူးလေ။ ဒါကြောင့် ဒီအခြေအနေမှာ အာရုံစိုက်မှုလေး တစ်ခုတောင်လွဲချော်ခဲ့တာနဲ့ ပြီးပြည့်စုံတဲ့ကျော်ဖြတ်ခြင်းကို ဆုံးရှုံးရလိမ့်မယ်။ ”
သူမ၏ရှင်းပြမှုကြောင့် တပည့်များရုတ်တရက် နားလည်သွားကြကာ အကြိမ်ကြိမ်ခေါင်းငြိမ့်ရင်း တိတ်တဆိတ် စိတ်သက်သာရာ ရသွားခဲ့သည်။
ဂိုဏ်းဘက်မှစည်းမျဉ်းများ ဖြေလျော့ပေးခဲ့လို့သာပေါ့။ မဟုတ်လို့ဆိုလျှင် ဤမျှခက်ခဲသည့် စမ်းသပ်မှုအခြေအနေကြောင့် တိမ်ကြွေဂိုဏ်း အတွင်း၌ တပည့်သစ်တစ်ယောက်မှ ပေါ်မလာမှာကိုပဲ စိုးရိမ်ရသည်။ ထိုအချိန်မှာပဲ စောင့်ကြည့်ခံရမှုအများဆုံး လင်ကျန်းနှင့် ဝမ်ယုချန်လည်း ဒုတိယအခြေအနေကို ကျော်ဖြတ်နိုင်ခဲ့သည်။
လင်ကျန်းသည် ဝိညာဉ်ကျောက်တုံးအထုပ်ကို အဘိုးအိုအား ချက်ချင်းပေးခဲ့သည်အပြင် အဘိုးအို အိမ်ပြန်နိုင်ဖို့အတွက်ပါ ကူညီပေးခဲ့သည်။ ထိုအချိန်တွင် ဝမ်ယုချန်သည် အံ့ဩဖို့ကောင်းစွာပဲ ချီတနည်းတူ နောက်ထပ်ပြီးပြည့်စုံသော ကျော်ဖြတ်မှုကို ပြသနိုင်လေ၏။
တစ်ကယ်တော့ ဝိညာဉ်ကျောက်တုံးအထုပ်ကို အဘိုးအိုထံသို့ပြန်ပေးသည်ဖြစ်စေ၊ ဝိညာဉ်ကျောက်တုံးတစ်ချို့ ခိုးယူထားသည်ဖြစ်စေ၊ ဤအခြေအနေကို အောင်မြင်သူအဖြစ် သတ်မှတ်ခံရမည်ဖြစ်သည်။
ပုံရိပ်ယောင်နယ်မြေ၏ ပထမအခြေအနေအပြီးမှာ စမ်းသပ်ခံခြောက်ဆယ်ကို ဖယ်ထုတ်လိုက်သည့်အတွက် ဒုတိယစမ်းသပ်မှုတွင် ငါးဆယ်ကျော်သာ ကျန်ရစ်တော့သည်။
ထိုငါးဆယ်ကျော်အတွင်းမှာမှ အဘိုးအိုကို လိမ်ညာခဲ့သူနှင့် တိုက်ခိုက်ခဲ့သူများကို ထုတ်လိုက်ပြန်သဖြင့် သုံးဆယ်ကျော်သာ ကျန်ရစ်တော့သည်။
ပုံရိပ်ယောင်နယ်မြေအတွင်းမှာ ချီယွမ်ဆက်သွားနေခဲ့ပြီး နောက်ဆုံးမှာတော့ သေးငယ်သော တောင်ကုန်းတစ်ခုရှိရာသို့ ရောက်လာလေ၏။ တောင်ကုန်းတစ်ခုဆိုသော်ငြား ထိုတောင်ပို့သည် ဆယ်ပေကျော်သာ မြင့်မားပြီး သစ်ပင်တစ်ပင်တောင် မရှိပါချေ။ တောင်ပို့၏ထိပ်တွင် ကျောက်တုံးနှစ်ဖက် ခြံရံရင်း သေးငယ်သောဝင်ပေါက်တစ်ခု ဖြစ်နေခဲ့သည်။ ဝင်ပေါက်၏ထိပ်တွင် ရှင်းလင်းသောစကားလုံးများဖြင့်… (တာအိုဖိတ်ခေါ်ရာဝင်ပေါက်) ဟုရေးသားထားသည်။
တောင်ပို့၏အောက်ခြေတွင် လှေကားထစ်ပုံစံများ ပြုလုပ်ပေးထားသည်။ အတိအကျတွက်ချက်လိုက်လျှင် လှေကားထစ်တစ်ရာရှိနေသည်။
ပုံရိပ်ယောင် အစီအရင်၏ နောက်ဆုံးအခြေအနေကို ချီယွမ်ချက်ချင်းပဲ သဘောပေါက်လိုက်သည်… တောင်တတ်ရမှာပဲ…
ချီယွမ်ချက်ချင်းပဲ လှေကားထစ်ပေါ်လို့ စတင်ခြေလှမ်းလိုက်သည်။ ပထမလှေကားထစ်တွင် ဘာကိုမှမခံစားရပါချေ။ ဒုတိယခြေလှမ်းတွင် အနည်းငယ်လေးလံလာသော်ငြား အခက်အခဲမရှိသေးပေ။ ဒီလိုဖြင့် တတိယ စတုတ္ထ… ဆယ်ခုမြောက်လှေကားထစ်ကို ရောက်လာချိန်မှာတော့ ချီယွမ်နောက်ဆုံးတော့ ရပ်တန့်လိုက်သည်။ ခြေတစ်လှမ်းတိုးတိုင်း ခန္ဓာကိုယ်ပေါ် သက်ရောက်လာသည့်ဖိအားက နှစ်ဆဖြစ်လာမှန်း ချီယွမ်နောက်ဆုံးတော့ သတိထားမိသွား၏။ ဒီနှုန်းအတိုင်းနှင့် ခြေလှမ်းတစ်ရာတတ်လှမ်းရမည်ဆိုလျှင် ထိုကြောက်မက်ဖွယ်ဖိအားက အသန်မာဆုံးဖြစ်အောင် သန့်စင်ထားသော ကန့်သတ္ထုကိုတောင်မှ ခွဲချေနိုင်လောက်လိမ့်မည်။
ချီယွမ်ချက်ချင်းပဲ သူ၏လုပ်နိုင်စွမ်းကို တွက်ချက်လိုက်သည်။ လှေကားထစ် ခုနှစ်ဆယ်ဝန်းကျင်လောက်ကိုသာ ခံနိုင်လိမ့်မည်။ စွမ်းဆောင်ရည်အားလုံးကို ထုတ်သုံးလိုက်လျှင်တောင်မှ ခုနှစ်ဆယ့်သုံးထစ်လောက်သာ တတ်နိုင်မည်။ သို့ပေမဲ့ သူ၏ရည်မှန်းချက်က တိမ်ကြွေဂိုဏ်းအတွင်းသို့ သာမန်တပည့်တစ်ယောက်အနေနဲ့ ဝင်ရောက်ရန်ဖြစ်သည်။ အစွမ်းကုန်ကြိုစားရန် မဟုတ်ဘူး။
တောင်ပို့ထိပ်ရှိ ရှေးဟောင်းဝင်ပေါက်တစ်ခုဖြစ်သော တာအိုဖိတ်ခေါ်ရာ ဝင်ပေါက်ကိုလှမ်းကြည့်ရင်း အသေးစိတ်လေ့လာဖို့ ဆုံးဖြတ်လိုက်သည်။ သန်မာမှုကို အတတ်နိုင်ဆုံးဖုံးကွယ်ရင်း လွယ်ကူစွာဖြတ်သန်းနိုင်မည့် နည်းလမ်းကိုရှာဖွေလိုက်သည်။
ထိုသို့ဖြင့် ချီယွမ်တစ်ယောက်မျက်လုံးများ မှေးစင်းရင်းဇိမ်ကျစွာဖြင့် လှေကားထစ် တစ်ထစ်ခြင်း ပြန်ဆင်းလိုက်တော့သည်။
ပုံရိပ်ယောင်နယ်မြေ အပြင်ဘက်တွင်…
“ဘာတွေဖြစ်နေတာလဲ။ ချီတကဘာကြောင့် ဆယ်ထစ်ပဲတတ်ရတာလဲ။ တာအိုဖိတ်ခေါ်ခြင်းဝင်ပေါက်ကို မတတ်တော့ဘူးလား။ သူ့ရဲ့ခံနိုင်ရည်က ဆယ်ထစ်လောက်ပဲ ရှိတာလား။”
ချီယွမ်၏လုပ်ရပ်ကြောင့် တိမ်ကြွေဂိုဏ်း၏ ကျင့်ကြံသူများအားလုံး သံသယများပြည့်နှက်သွားခဲ့သည်။
“အစောပိုင်းက အခြေအနေနှစ်ခုမှာ ဒီကောင်လေးက တော်တော်လေး ပြီးပြည့်စုံစွာလုပ်နိုင်ခဲ့ပါတယ်။ ဘာကြောင့် ဆယ်ထစ်ပဲတတ်ရတာလဲ။ ”
“ ဒီထူးချွန်တဲ့ကောင်လေးကလည်း တစ်ကယ်တော့ တော်တော်အားနည်းတာပါလား… ”
“ နေဦး၊ ကြည့်လိုက်ကြ။ သူကအပေါ်ဘက် လှေကားထစ်တွေအပေါ်ကို ကျောက်တုံးတွေ လှမ်းပစ်တင်နေတယ်။ ကြည့်ရတာ ဖြတ်လမ်းသုံးဖို့ ကြိုးစားနေပုံပဲ။ ”
ထိုအကြံပြုချက်ကြောင့် ခန်းမတစ်ခုလုံး ဆူညံသွားတော့သည်။
“ ဒီတာအိုဖိတ်ခေါ်ခြင်း တောင်ထိပ်က နှစ်တစ်ထောင်သက်တမ်းရှိပြီး တော်တော်လေး ပြီးပြည့်စုံတဲ့အနေအထားမှာ ရှိနေတယ်။ ဘယ်လိုလုပ် လူသစ်လေးတစ်ယောက်က ပြစ်ချက်ရှာတွေ့နိုင်မှာလဲ။ ”
ထိုဆူညံသော ဆွေးနွေးသံများကြောင့် တာဝန်ရှိယင်ချင်းယွမ် အေးစက်စွာ မဲ့ရွဲ့လိုက်သည်။
“ စိတ်အေးလက်အေး နေကြစမ်းပါ။ အဲ့ဒီတာအိုဖိတ်ခေါ်ခြင်းတောင်ထိပ်က လူတစ်ယောက်ရဲ့ တာအိုနှလုံးသားကိုစမ်းသပ်ဖို့ ဘိုးဘေးဆရာသခင်ကြီးကိုယ်တိုင် ဖန်တီးခဲ့တာပဲ။ အစီအရင်ထဲမှာရှိတဲ့ သက်ရှိတစ်ယောက်မှ လွတ်မြောက်နိုင်မှာမဟုတ်ဘူး။ ”
“ ဒါ့အပြင် ဒီအစီအရင်ထဲမှာဆိုရင် သူတို့တွေ ဘာပစ္စည်း၊ ဘာစိတ်ဝိညာဉ်ရတနာမှ သုံးလို့ရမှာမဟုတ်ဘူး။ သူတို့ပျံလို့လည်းမရဘူး။ ဒါကြောင့် တခြားလှေကားသုံးပြီး တတ်တာဖြစ်ဖြစ်၊ မြေကြီးထဲက တူးသွားတာပဲဖြစ်ဖြစ် ဘာမှအကျိုးမရှိဘူး”
“ ခပ်တိုတိုပြောရမယ်ဆိုရင်၊ သူတို့မှာ ရုတ်တရက် အတောင်ပံတွေ ပေါက်လာရင်တောင်မှ အပေါ်ကိုပျံတတ်နိုင်မှာမဟုတ်ဘူးအေ”
“ ဒီအစီအရင်ရဲ့ တတိယခြေအနေက လုံးဝလှည့်ကွက်သုံးလို့မရနိုင်တဲ့ အခြေအနေတစ်ခုပဲ။ ထိပ်ဆုံးကိုရောက်ချင်ရင် ဘယ်သူမဆို တစ်လှမ်းချင်းတတ်မှရမယ်။ ခြေလှမ်းသုံးဆယ်အပေါ်တတ်နိုင်ရင် အောင်မြင်တယ်လို့ သတ်မှတ်ပြီး၊ ငါးဆယ်အထက်ကိုတတ်နိုင်ရင်တော့ ပြီးပြည့်စုံတဲ့ အခြေအနေအဖြစ် သတ်မှတ်တယ်။ ”
အကုန်လုံးထောက်ခံစွာ ခေါင်းညိမ့်လိုက်ကြသည်။
“ ဆရာသခင်ကိုယ်တိုင် ဖန်တီးခဲ့တဲ့ အခြေအနေဖြစ်နေတာကို၊ ဒါ့ကြောင့် ဒီလောက်ထိ ခံညားနေတာပဲ။ ”
“ ငါတို့ရဲ့ ဘိုးဘေးဆရာသခင်က တော်တော်လေးဉာဏ်ကောင်းပြီး၊ အင်အားကြီးတဲ့ လူတစ်ယောက်ပဲနော်။ ”
တိမ်ကြွေဂိုဏ်း၏ ကျင့်ကြံသူများအားလုံးက တစ္ဆေတစ်ယောက်ကို မြင်တွေ့လိုက်သည့်နှယ် ကြေးမုံမှန်အတွင်းသို့ ဆွံ့အစွာဖြင့် စိုက်ကြည့်လိုက်ကြသည်။ ထိုအချိန်တွင် ပုံရိပ်ယောင်အတွင်း၌…
“ မင်း ငါ့ကိုဝိညာဉ်ကျောက်တုံး ပြန်မပေးဘဲနဲ့ ဘာကိစ္စ ငါ့ဆီကိုပြန်ရောက်လာတာလဲ”
ချီယွမ်၏ ပြန်ရောက်လာမှုကြောင့် ထိုအဘိုးအိုက စိမ်းစိမ်းဝါးဝါးအော်ဟစ်ရင်း ဒေါသတကြီးတုံ့ပြန်လိုက်သည်။ ထိုသူ၏ပုံစံက လုံးဝကို မကြိုဆိုချင်ဟန်ပဲ။
ဒါပေမဲ့ ချီယွမ်က ဂရုမစိုက်ပါချေ။ ထိုအစား ပြုံးလိုက်လေကာ
“ အဘိုး၊ ကျွန်တော့်မှာ ဝိညာဉ်ကျောက်တုံးတစ်ချို့ရှိတယ်။ အဘိုးများ လိုချင်သလားလို့လေ”
“ မင်းဘာကိုဆိုလိုချင်တာလဲ။ ”
ထိုအဘိုးအိုက အနည်းငယ်အံ့ဩသွားဟန်ဖြင့် ပြန်မေးလာခဲ့သည်။ အဘိုးအို၏ ရှုပ်ထွေးနေသော မျက်နှာထားကြောင့် ချီယွမ်၏အပြုံးက ပိုမိုတောက်ပလာလေရဲ့။
“ ရိုးရှင်းပါတယ်၊ ဒီအရှေ့မှာ တောင်ပို့တစ်ခုရှိတယ်။ အဘိုးသာကျွန်တော့်ကို အပေါ်ထိခေါ်သွားမယ်ဆိုရင် အဘိုးကို ဝိညာဉ်ကျောက်တုံးတစ်ရာပေးမယ်။ ”
……..