← Chapters

ငါ့ရှေ့ထပ်ပေါ်မလာနဲ့

Vol. 2 Ch. 18

ငါ့ရှေ့ထပ်ပေါ်မလာနဲ့

Vol. 2 Ch. 18

ပုံရိပ်ယောင် အစီအရင် အပြင်ဘက်တွင်...

"ဒါက ဖြစ်နိုင်လို့လား"

"အဲဒီအဘိုးကြီးရဲ့ ပုံစံက သူ့ဟာနဲ့သူတောင် မတ်တပ်ရပ်ဖို့အနိုင်နိုင်ရယ်…. သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးက အုတ်ဂူကို ခြေတစ်လှမ်းလှမ်းနေပြီ၊ အဲ့ဒါကို မရှက်မကြောက်နဲ့ သူ့ကိုသယ်သွားဖို့တောင် ပြောရဲသေးတယ်၊ ပုံမှန် စဉ်းစားတွေးခေါ်နိုင်စွမ်းရှိတဲ့ သူတစ်ယောက်က ဘယ်လိုလုပ် ဒီလိုကိစ္စကိုတောင်းဆိုရမှာလဲ"

"ဘုရားရေ၊ အဘိုးအိုက ၁၅ ထပ်ကိုတောင်ရောက်နေပြီနော်၊ ကြည့်ရတာအလုပ်ဖြစ်တဲ့ပုံပဲ"

"ဒါက အရှက်မရှိတဲ့ ကိစ္စတစ်ခုပဲ၊ ဒါကလိမ်ညာနေတာပဲ မဟုတ်ဘူးလား"

...

အစီအရင်၏ အဓိကအခြေအနေကို ဖြတ်ကျော်သွားသော ချီယွမ်၏လုပ်ရပ်ကိုကြည့်နေရင်း တိမ်ကြွေဂိုဏ်း၏ ကျင့်ကြံသူအားလုံးသည် ကြောင်အနေကြကာ မေးရိုးများပြုတ်ကျတော့မတတ် ပါးစပ်များပွင့်ဟနေကြသည်။

တာအိုဖိတ်ခေါ်ရာ တောင်ပို့‌နေရာတွင် တုန်ချိနေသော အဘိုးအိုတစ်ယောက်သည် သစ်သားတုတ်တစ်ခုကို အားပြုရင်း ငယ်ရွယ်သော လူငယ်တစ်ယောက်ကို ကျောမှာထမ်းထားကာ ထိပ်ပိုင်းသို့တက်နေလေ၏။ ထိုအဘိုးအို၏ခြေလှမ်းတိုင်းသည် ကြီးမားသောအားထုတ်မှုကိုဖော်ပြနေခဲ့သည်။

အခြေအနေတစ်ခုလုံးတွင် အံ့ဩစရာအကောင်းဆုံးကိစ္စကတော့ အဘိုးအို၏ခန္ဓာကိုယ်တစ်ခုလုံးက ချွေးများရွှဲစိုနေခဲ့သော်ငြား ဇိမ်ကျစွာလိုက်ပါလာသော လူငယ်လေးကတော့ သက်သာစွာဖြင့် စိတ်ဝိညာဉ်သစ်သီးတစ်လုံးကို စားသုံးနေလေရဲ့။ ထိုကောင်လေးက လေးစားမှုမရှိစွာဖြင့် အဘိုးအိုကိုပင် အဆက်မပြတ်ညွှန်ကြားနေသေးသည်။

"အဘိုး၊ နည်းနည်းပိုကြိုးစားဦးလေဗျာ၊ နာရီဝက်လောက်ရှိနေတာတောင်မှ ကျွန်တော်တို့ ဒီလောက်ပဲရောက်သေးတယ်၊ အဘိုး ဒီအတိုင်းသွားနေမယ်ဆိုရင် ကျွန်‌တော် ဝိညာဉ်ကျောက်တုံးတွေ လျှော့ချပစ်မှာနော်"

"အဘိုး ဒီလိုတွေးလိုက်လေ၊ ဒီတောင်မှာလည်း ခြေလှမ်းတစ်ရာလှမ်းရတယ်၊ အဲဒီတော့ အဘိုးရဲ့ခြေလှမ်းတစ်ခုစီတိုင်းက ဝိညာဉ်ကျောက်တုံးတစ်တုံးနဲ့ ညီမျှတယ်၊ ဒါဆိုရင် အဘိုး ရှေ့ဆက်ဖို့အတွက် ပိုပြီးခွန်အားတွေရမလာဘူးလား"

မောပန်းတကြီး ခွန်းတုံ့ပြန်ဖို့ ပြင်နေသောအဘိုးအိုသည် (ခြေလှမ်းတစ်လှမ်းက ဝိညာဉ်ကျောက်တုံးတစ်တုံးနှင့် ညီမျှသည်)ဟူသော ချီယွမ်၏ပြောစကားကြောင့် ရုတ်တရက်အလင်းပွင့်သွားလေကာ တုန်ချိနေသောခန္ဓာကိုယ်ပင် အင်အားများပြည့်ဝလာခဲ့ပြီး သိသာလောက်တဲ့အရှိန်ကို တိုးမြင့်သွားခဲ့သည်။

ထိပ်ဆုံးသို့ ရောက်လုနီးပါးဖြစ်နေသော ချီယွမ်ကြောင့် တိမ်ကြွေဂိုဏ်း၏ တပည့်များစွာသည် အံ့ဩလွန်းစွာဖြင့် ယင်ချင်းယွမ်ကို ရည်ရွယ်မိသော်လည်းကောင်း မရည်ရွယ်မိသော်လည်းကောင်း လှမ်းကြည့်လာကြသည်။

တပည့်ခေါ်ယူခြင်းအတွက် တာဝန်ရှိသောသူတို့၏အကြီးအကဲ ဖြစ်သူသည် ယုံကြည်ချက်ရှိစွာဖြင့် တတိယအခြေအနေမှာ လှည့်ကွက်သုံးလို့မရဘူးဟု ကြေညာခဲ့သည်မဟုတ်လား…

အများ၏စိုက်ကြည့်ခံရမှုကြောင့် ယင်ချင်းယွမ်၏မျက်နှာသည် တွန့်လိမ်လာကာ တော်တော်လေးအဆင်မပြေသော မျက်နှာထားဖြစ်လာခဲ့သည်။ ယင်ချင်းယွမ်က နက်ရှိုင်းသောအသံဖြင့် ပြောလိုက်၏။

"ဒီအစီအရင်ထဲမှာရှိတဲ့ ဇာတ်ကောင်တိုင်းက အစီအရင်ရဲ့ ပင်မစွမ်းအင်အဖြစ် သရုပ်ထင်လာပြီး ထောက်ပံ့ပေးနေကြတဲ့သူတွေပဲ၊ ဒါကြောင့် ဒီတာအိုဖိတ်ခေါ်ခြင်းတောင်ပေါ်မှာရှိတဲ့ ဖိအားက အဘိုးကြီးအပေါ်ကို မသက်ရောက်နိုင်ဘူး"

"ချီတကလည်း ဒါကိုအခွင့်အရေးယူပြီးတော့ အစီအရင်ဇာတ်ကောင်ကိုအသုံးပြုပြီး အပေါ်တက်ဖို့လုပ်ခဲ့တာပဲ၊ သူက အစီအရင်ရဲ့ဖိအားကို ကျော်ဖြတ်နိုင်ရုံတင်သာမက ဘာမှမကြိုးစားဘဲနဲ့ ထိပ်ဆုံးကိုရောက်နိုင်လိမ့်မယ်"

ကျင့်ကြံသူများကြားတွင် အံ့ဩတကြီးရေရွတ်သံများ ထပ်မံပြည့်နှက်သွားလေသည်။

"အော် ဒီလိုကိုး၊ ငါအခုတော့နားလည်သွားပြီ"

"ဘုရားရေ... ဒီလိုလျှို့ဝှက်တဲ့ဟာကွက်ကြီးကို ချီတ ဘယ်လိုများရှာတွေ့ခဲ့တာလဲ"

ယင်ချင်းယွမ် အေးစက်စွာမဲ့ရွဲ့လိုက်ပြီး…

"အစကတော့ အဲ့ဒီချီတက မွေးရာပါစွမ်းရည်နိမ့်ကျပေမဲ့ ကောင်းမွန်တဲ့စိတ်ဓာတ်ပိုင်းကို ရှိထားတော့ ကြိုးစားပြီးလေ့ကျင့်ရင် နည်းနည်းတော့ အောင်မြင်လိမ့်မယ်လို့ ငါထင်ခဲ့သေးတယ်၊ ဒါပေမဲ့ အဲ့ဒီကောင်ကို အခုလိုမျိုးဉာဏ်နီဉာဏ်နက်များတဲ့ ကလိမ်ကကျစ်ကောင်ဖြစ်နေမယ်လို့ မထင်ထားမိဘူး"

ထိုအချိန်မှာပဲ တစ်ချိန်လုံးတိတ်ဆိတ်နေခဲ့သော ပိုင်ရှီရို့သည် အနည်းငယ်မျက်မှောင်ကြုတ်သွားကာ ခေါင်းယမ်းလိုက်ပြီး…

"အဲ့ဒါကလည်း သန်မာမှုရဲ့ နည်းလမ်းတစ်ခုပဲလို့ ကျွန်မထင်တယ်၊ ဒီတတိယအခြေအနေမှာ ချီတက တာအိုရဲ့စစ်မှန်တဲ့နှလုံးသားကို သရုပ်မဖော်နိုင်ခဲ့ပေမဲ့ အစီအရင်ရဲ့ပြစ်ချက်ကို လျင်မြန်စွာရှာတွေ့နိုင်တယ်။ သူ့ရဲ့လုပ်ဆောင်ချက်က ချီးကျူးဖွယ်ရာပဲ"

"ဒါ့အပြင် စကြာဝဠာပုံရိပ်ယောင်အစီအရင်က တိမ်ကြွေဂိုဏ်းနဲ့ သက်ဆိုင်တဲ့အစီအရင်တစ်ခုပဲ။ အစီအရင်ရဲ့ဟာကွက်ကို ရှာတွေ့သွားရင်တောင်မှ ဒါက ကျွန်မတို့ရဲ့ပြဿနာပဲ၊ တခြားသူကိုအပြစ်တင်လို့မရဘူးလေ"

"ဂိုဏ်းရဲ့စည်းမျဉ်းအရဆိုရင် လူတစ်ယောက်က လှေကားထစ်သုံးဆယ်ကို တက်နိုင်မယ်ဆိုရင် ပထမအဆင့်ကို အောင်မြင်တယ်လို့ သတ်မှတ်လို့ရတယ်၊ အခုချီတက သတ်မှတ်ချက်ကို တော်တော်လေးကျော်လွန်နိုင်ခဲ့ပြီဆိုတော့ တိမ်ကြွေဂိုဏ်းရဲ့ တပည့်တစ်ယောက်ဖြစ်လာပြီမလား"

သူမ၏စကားလုံးများကြောင့် ကျင့်ကြံသူများအားလုံး ဆွံ့အသွားကြကာ ငြင်းဆိုသံထွက်မလာတော့ချေ။

စည်းမျဉ်းအရဆိုလျှင် ချီတသည် အောင်မြင်စွာဖြင့်တပည့်အဖြစ် ဝင်ရောက်နိုင်ခဲ့သည်။

တိမ်ကြွေဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်ကိုယ်တိုင် ထွက်ပေါ်လာရင်တောင်မှ ထိုအချက်ကို ငြင်းဆိုလို့ရမည်မဟုတ်ချေ။

ဒီလိုမှမဟုတ်ဘူးဆိုရင် ကျင့်ကြံသူတွေအကြားမှာ လှောင်ပြောင်ဖွယ်ရာ ကိစ္စတစ်ခုဖြစ်လာခဲ့ပြီး ဂုဏ်သိက္ခာမရှိသည့်အတွက် အများ၏အပြစ်တင်ကဲ့ရဲ့ခြင်းကို ခံရလိမ့်မည်။ ဒီလိုမျိုးထူးချွန်လှသည့် တပည့်တစ်ယောက်ကို ဂိုဏ်းအတွင်းသို့ခေါ်လိုက်ခြင်းက ကောင်းချီးတစ်ခုလား သို့တည်းမဟုတ် ကျိန်စာတစ်ခုလားဆိုတာတော့ မပြောဆိုနိုင်ပါချေ။

ပိုင်ရှီရို့ တိတ်တဆိတ်တွေးတောမိသွားသည်။

…

ပုံရိပ်ယောင်အတွင်းတွင် တာအိုဖိတ်ခေါ်ရာတောင်ထိပ်၌..

"လူ... လူငယ်လေး၊ ငါမင်းကိုသယ်လာခဲ့ပြီးသွားပြီ၊ မင်းပြောတဲ့ ဝိညာဉ်ကျောက်တုံးတွေက ဘယ်မှာလဲ"

မောပန်းစွာအသက်ရှူနေခဲ့သော အဘိုးအိုက ချီယွမ်ကို မြေပြင်ပေါ်သို့ပြန်ချရင်း စကားကိုတောင် ဆုံးအောင်မပြောနိုင်တော့ချေ။

ချီယွမ်သည် အင်္ကျီပေါ်မှဖုန်များကိုခါလိုက်သည်။ ထို့နောက်မှာမှ ညစ်ကျယ်ကျယ်ပြုံးလိုက်ပြီး…

"အဘိုး တော်တော်အလုပ်ကြိုးစားခဲ့တယ်၊ အဘိုးက အသက်သာကြီးတာ တော်တော်လေးသန်မာတုန်းပဲနော်၊ တစ်ကယ်ကိုလေးစားပါတယ်"

အဘိုးအို အသက်မရှူနိုင်တော့ပေ။ အံကြိတ်သံနှင့်…

"အဓိပ္ပာယ်မရှိတာတွေပြောမနေနဲ့၊ ဝိညာဉ်ကျောက်တုံးကိုသာထုတ်ပေး"

ချီယွမ်၏ပုံစံက အနည်းငယ်ရှုပ်ထွေးသွားဟန်ပဲ။

"ဝိညာဉ်ကျောက်တုံးဟုတ်လား။ ဘာဝိညာဉ်ကျောက်တုံးလဲ"

မူမမှန်သောအခြေအနေကြောင့် အဘိုးအို ဒေါသတကြီးအော်ဟစ်လိုက်လေ၏။

"မင်းကို တောင်ထိပ်အထိခေါ်သွားမယ်ဆိုရင် ဝိညာဉ်ကျောက်တုံးတစ်ရာပေးမယ်ဆို၊ မင်း ငါ့ကိုလှည့်စားဖို့ကြံနေတာလား"

ထိုအချိန်မှသာ ချီယွမ် ရုတ်တရက်သဘောပေါက်သွားခဲ့ပြီး ပြုံးလိုက်လေကာ..

"အို... အဲဒါကိုဆိုလိုတာလား။ အဲဒါက ကျွန်တော်စနေတာလေ၊ တောင်းပန်ပါတယ်ဗျာ"

"ဘာကွ"

အဘိုးအိုကြီး၏မျက်နှာက ချက်ချင်းဆိုသလို မည်းနက်သွားကာ နှုတ်ခမ်းများက တစ်ဆတ်ဆတ်တုန်ယင်လာ၏။

"ကောင်စုတ်လေး မင်းဘယ်လိုတောင် ငါ့ကိုလှည့်စားရဲတာလဲ"

ချီယွမ်ကတော့ ဘာမထီဟန်ဖြင့် ပုခုံးသာတွန့်ပြလိုက်သည်။

"ကျွန်တော်က အမြဲတမ်းရိုးသားပြီး တည့်တိုးဆန်တဲ့သူတစ်ယောက်ပဲ၊ ပြီးရင် ကျွန်တော်ဆိုတဲ့သူက ကျေးဇူးနဲ့ရန်ငြိုးကို ခွဲခြားတုံ့ပြန်တတ်တယ်၊ ဒါကြောင့် လှည့်စားခံရတာကိုလည်း ငြိမ်မခံတတ်ဘူး၊ အဘိုးက ကျွန်တော့်ကို တစ်ကြိမ်လှည့်ဖျားခဲ့မှတော့ ကျွန်တော်ကလည်း ပြန်ပြီးလှည့်ဖျားရမှာပဲ၊ ဒီလိုမှမဟုတ်ဘူးဆိုရင် ကျွန်တော်ရဲ့စိတ်အခြေအနေက ဘယ်အဆင်ပြေပါတော့မလဲ၊ အတွင်းနတ်ဆိုးတွေ ပေါ်လာနိုင်တယ်လေ၊ အဘိုးနားမလည်ဘူးလား"

ထိုအဘိုးအို၏ပုံစံက နေရာမှာတင် သွေးအန်ထွက်တော့မတတ် ဒေါသတကြီးဖြစ်လာခဲ့သည်။

"ကောင်စုတ်လေး၊ ငါမင်းကိုလုံးဝခွင့်မလွှတ်ဘူး"

အားကိုးရာသစ်သားတုတ်ကို ဆွဲမရင်း အဘိုးအိုက ချီယွမ်ရှိရာသို့ တဟုန်ထိုးပြေးလာခဲ့သည်။ ထိုအချိန်မှာပဲ လျင်မြန်စွာလှုပ်ရှားမှုကြောင့် အဘိုးအို၏ခြေထောက်က ချော်ကျသွားကာ မြေပြင်ပေါ်သို့ပြုတ်ကျသွားသည်။ နောက်တစ်စက္ကန့်မှာပင် အပြာရောင်မြူခိုးများအဖြစ် ပျောက်ကွယ်သွားလေ၏။

စက္ကန့်အနည်းငယ်အကြာတွင် တာအိုဝင်ပေါက်၏ လေထုကြားထဲ အနည်းငယ်ပြောင်းလဲမှုများဖြစ်ပေါ်လာပြီး လေဟာနယ်ထဲမှ စုဝေးလာခဲ့သော ချောမောခန့်ညားလွန်းလှသည့် လူငယ်တစ်ယောက်၏ ပုံရိပ်က အရိပ်ထင်လာသည်။ ထိုလူငယ်က ချီယွမ်ကို ဒေါသတကြီးကျိန်ဆဲတော့သည်။

"ကောင်စုတ်လေး၊ ဒီအစီအရင်ကို ငါစောင့်ကြပ်လာခဲ့တာ နှစ်ပေါင်းသောင်းချီ ကြာခဲ့ပြီ၊ မင်းလိုမျိုး လူစိတ်မရှိတဲ့သူ တစ်ယောက်မှမတွေ့ဖူးခဲ့ဘူး၊ ငါ့ရဲ့ပုံရိပ်ခွဲက ကြိုးစားပမ်းစားနဲ့ မင်းကိုတောင်ထိပ်အထိ ခေါ်လာပေးခဲ့တာကို မင်းကဝိညာဉ်ကျောက်တုံးလေး နည်းနည်းတောင်မှ မပေးနိုင်ဘူးလား"

"စည်းမျဉ်းကြောင့်သာ မဟုတ်ဘူးဆိုရင် ဓားတစ်ချောင်းနဲ့ မင်းကိုပညာပေးပြီးနေပြီ၊ သွားတော့၊ ဒီနေရာကို လုံးဝပြန်မလာနဲ့"

ချီယွမ် မတုံ့ပြန်နိုင်ခင်မှာဘဲ အင်အားကြီးသောတွန်းအားတစ်ခုက ပုံရိပ်ယောင်အပြင်ဘက်အထိ သူ့ကိုတွန်းလွှတ်လာ၏။ ကိုယ်ရေးကိုယ်တာအမုန်းတရားများနှင့် ရောနှောနေသော ထိုတွန်းအားက တော်တော်လေးသန်မာသည်ပြောရမည်။

ပုံရိပ်ယောင်အပြင်ဘက်တွင် လူများစွာ၏စိုက်ကြည့်မှုကိုခံယူရင်း ချီယွမ် အပြစ်မဲ့တဲ့သူတစ်ယောက်နှယ် နှာခေါင်းကိုပွတ်သပ်လိုက်သည်။

[ငါက လှေကားထစ်တစ်ရာအထိတောင် တက်နိုင်ခဲ့ပြီး အစီအရင်ရဲ့ပင်မစိတ်ဝိညာဉ်နဲ့တွေ့နိုင်ခဲ့တယ်၊ ဒါဆိုရင် ငါအောင်သွားပြီမလား]

တစ်ကယ်တော့ ချီယွမ် စိတ်မပူပါချေ။ ပုံရိပ်ယောင်အစီအရင်အတွင်းရှိ အစီအရင်ဝိညာဉ်သည် သန်မာသော်ငြား နတ်အသွင်ပြောင်းခြင်းနယ်ပယ် အလယ်အလတ်အဆင့်သာရှိသေးသည်။ ရွှေအမြုတေနယ်ပယ်ထက် သုံးဆင့်ကျော်မမြင့်သည့်အတွက် သူ၏ကျင့်ကြံမှုဖုံးကွယ်ထားခြင်းကို ရှာမတွေ့နိုင်ပါချေ။

အခြေအနေကိုအတည်ပြုရန်အတွက် ချီယွမ် ချက်ချင်းပဲ တိမ်ကြွေဂိုဏ်း၏တပည့်တစ်ယောက်အနားသို့ ချဉ်းကပ်လိုက်၏။

"တစ်ဆိတ်လောက်ပါ ဂိုဏ်းတူအစ်ကို၊ အစောပိုင်းက အစီအရင်ဝိညာဉ်နဲ့ တွေ့ခဲ့တယ်လို့ ကျွန်တော်ထင်တယ်၊ သူက ကျွန်တော်ကိုအပြင်ထုတ်ပေးခဲ့တာပဲ၊ ဒါဆိုရင် ကျွန်တော်အောင်မြင်သွားပြီလား"

ထိုတပည့်က ချီရွမ်အား ရှုပ်ထွေးစွာကြည့်လာလေ၏။

"ညီအစ်ကိုရေ ငါ့ကို ဂိုဏ်းတူအစ်ကိုလို့မခေါ်ပါနဲ့လား၊ မင်းကမှ ငါ့ရဲ့ဂိုဏ်းတူအစ်ကိုပဲ၊ အစီအရင်ဝိညာဉ်က သူ့ရဲ့ပုံစံအစစ်ကို မပြလာတာ နှစ်တွေ အများကြီးကြာခဲ့ပြီ။ ဒါပေမဲ့ မင်းကတော့ထွက်လာအောင် ဆွဲဆောင်နိုင်ခဲ့တယ် တစ်ကယ့်ကိုလေးစားစရာပဲ"

[ဟမ်]

ချီယွမ် အနည်းငယ်အံ့သြသွားခဲ့သည်။

အစီအရင်ကိုကျော်ဖြတ်သည့်လူတိုင်း ဤအခြေအနေကို ကြုံတွေ့ရလိမ့်မည်ဟု ခန့်မှန်းခဲ့မိတာပင်။

သေချာအကဲခတ်လိုက်ချိန်မှသာ ပုံရိပ်ယောင်အစီအရင်၏ ပထမအခြေအနေနှစ်ခုကို ကျရှုံးခဲ့သောသူများကလွဲရင် တတိယအခြေအနေကို ကျော်ဖြတ်သူများကြား၌ အောင်မြင်ခဲ့သူက သူတစ်ယောက်တည်းသာဖြစ်ဟန်ရှိ၏။

ပြိုင်ပွဲဝင်အများစုသည် အထစ်နှစ်ဆယ်ဝန်းကျင်တွင် ရုန်းကန်နေကြရပြီး ခြေလှမ်းတစ်ခုစီတိုင်းက သူတို့အတွက် အင်အားအကုန်လုံးကို ကုန်ခမ်းစေဟန်ရှိသည်။

ထိုသူများကြားတွင် လျင်မြန်စွာတိုးတက်နိုင်သော တစ်ဦးတည်းသောသူကတော့ ကံကြမ္မာ၏သားတော် လင်ကျန်းပင်။ ထိုသူက ၃၈ ဆင့်ကို ကျော်ပြီး အဆင့် ၄၀ သို့ရောက်ခါနီးနေပြီ ဖြစ်သည်။ သို့ပေမဲ့ သူ၏ရုန်းကန်နေမှုကိုကြည့်ရသလောက် အဆင့် ၅၀ အထိရောက်ဖို့တော့ မဖြစ်နိုင်ပါချေ။

ထိုအချိန်တွင် လင်ကျန်း၏ပြိုင်ဖက် ဝမ်လုချန်သည် ၃၃ ထစ်အထိရောက်နေခဲ့ပြီး ဒုတိယနေရာမှ ဗိုလ်စွဲထားသည်။

ဝမ်လုချန်၏ ဝတုတ်သောမျက်နှာပြင်သည် ဝက်အသည်းလိုနီရဲနေခဲ့ပြီး ခန္ဓာကိုယ်၏အဆီများက သူ့ကိုဆွဲချနေဟန်ရှိသည်။ ဒီဘဝမှာတော့ လှေကားထစ် ၃၅ ထစ်ကိုရောက်နိုင်မည့်ပုံ မရှိချေ။

ချွေးတရွှဲရွှဲဖြင့် အသည်းအသန်ကြိုးစားနေကြသော ပြိုင်ပွဲဝင်များကိုကြည့်နေရင်း ချီယွမ် မနေနိုင်အောင်ပြုံးမိသွားခဲ့သည်။

ကောင်းမွန်သောဉာဏ်ရည်ကို ပိုင်ဆိုင်ထားသည့်အတွက် ဂုဏ်ယူမှုက နှလုံးသားတစ်ခုလုံးကိုဝန်းရံလာ၏။

……..

All Chapters