← Chapters

အဲ့လူကို ထပ်တွေ့ရအုံးမှာလား

Vol. 2 Ch. 19

အဲ့လူကို ထပ်တွေ့ရအုံးမှာလား

Vol. 2 Ch. 19

တိမ်ကြွေဂိုဏ်း၏ ပြင်ပခန်းမတွင်

“တင်.. တာဝန်ကို အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့တဲ့အတွက် ပိုင်ရှင်ကိုဂုဏ်ပြုပါတယ်။ ကျင့်ကြံရေးကျင့်စဉ် မိတ်ဆက်ခြင်းဆိုတဲ့ တာဝန်ကို အောင်မြင်စွာ ပြီးမြောက်သွားပါပြီ။ ဆုလာဒ် ဖြစ်တဲ့ အမှတ် ၁၀၀၊ အဆင့်မြင့် ချီစုပ်ယူခြင်း ဆေးလုံးရှစ်လုံးနဲ့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သုံးရာကို စနစ်ရဲ့နေရာမှာ အသင့် ပို့ထားပြီးပါပြီ”

ရိုးရှင်းသော သစ်သားဦးထုပ်ကို ဝတ်ဆင်ထားသည့် ချီယွမ်သည် မျက်လုံးနှစ်ဖက်ကို ပွတ်သပ်ရင်း ထိုဝါးဦးထုပ်ကို အနေခက်စွာ ပြုပြင်လိုက်သည်။

သူ့အတွက်တော့ ထိုချီသန့်စင်ခြင်း နယ်ပယ်ဆိုင်ရာ ကျင့်ကြံမှု ကျင့်စဉ်သည် အလွန်ရိုးရှင်းပြီး ဒဲ့တိုးဆန်သဖြင့် တစ်ချက်ကြည့်ရုံမျှတင် မှတ်မိနိုင်ပါ၏။ ထိုမျှ ကြိုးစား အားထုတ်စရာ မလိုအပ်ချေ။

သိုပေမဲ့ စနစ်ထံမှ ရလိုက်သော အမှတ်တစ်ရာကြောင့် အစောပိုင်းက ညစ်ညူးနေသော စိတ်များပင် အနည်းငယ် ပြေလျော့သွားခဲ့သည်။

ချီယွမ်သည် မနေ့က တိမ်ကြွေဂိုဏ်း၏ တပည့်သစ် ခေါ်ဆောင်မှု စစ်ဆေးခန်းတွင် အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပြီး လေးစားရသော အစေခံတပည့် တစ်ယောက် ဖြစ်လာခဲ့သည်။

တာဝန်ကို ပြီးမြောက်လျှင် လွတ်လပ်စွာ ထွက်သွားလို့ရမည်ဟု ချီယွမ် ထင်ထားခဲ့ပေမဲ့ မထင်ထားစွာပင် တိမ်ကြွေဂိုဏ်းဘက်မှ မိတ်ဆက်အနေဖြင့် ချပေးခဲ့သော

( ချီစွမ်းအင် ထိန်းညှိခြင်းသိုင်း ) ဖြစ်တဲ့ အဆင့်နှိမ့် သိုင်းကျမ်းတစ်ခုကို လေ့ကျင့်ဖို့ရန် အတွက် စနစ်ထံမှ နောက်ထပ် တာဝန်တစ်ခု ပေးလာခဲ့သည်။ ထိုတာဝန် အသစ်ကို မြင်သည်နှင့် ချီယွမ် ချက်ချင်းဆိုသလို ကြီးမားသော ပြဿနာကို သဘောပေါက် မိသွား၏။

( ဒီဦးနှောက်မပါတဲ့ စနစ်က အပြင်ဘက်က အဖြစ်အပျက်တွေကို လုံးဝ ဂရုမစိုက်ဘူးနဲ့ တူတယ်။ ဒီငတုံးစနစ် ပေးလာသမျှ တာဝန်တွေ အားလုံးက မူရင်းဇာတ်လိုက်ရဲ့ ဘဝဇာတ်ကြောင်းကိုပဲ အခြေခံထားတာ နေမှာ။ မူရင်းဇာတ်လိုက် သေသွားတာတောင်မှ အဲဒီ‌ ကောင်ရဲ့တာဝန်တွေက မပြီးသွားသေးပဲ ငါ့ကို ခြေချုပ်ထားတယ်)

( ကြည့်ရတာ နောက်လာမယ့် တာဝန်တွေ အတွက်လည်း ဒီတိမ်ကြွေဂိုဏ်းမှာ ငါယာယီနေရဦးမယ်နဲ့ တူတယ်။ ထိုက်ရွှမ်း သန့်စင်နယ်မြေရဲ့ အလေးစားခံရဆုံး တာအိုသားတော်ဖြစ်တဲ့ ငါက ဒီလိုမျိုးနိမ့်ကျတဲ့ တိမ်ကြွေဂိုဏ်းမှာ အစေခံ တစ်ယောက်လိုမျိုး နေရဦးမှာပါလား )

( ချီးပဲ ဒါဘယ်လို သောက်ကျိုးနဲ ကိစ္စကြီးလဲ )

ချီယွမ်တစ်ယောက် ခံစားချက်များ ပြင်းထန်နေစဉ်မှာပဲ စနစ်မှ ထပ်မံ သတိပေးလာခဲ့သည်။

“ပိုင်ရှင်က တိမ်ကြွေဂိုဏ်းကို အခုမှ ဝင်ရောက်လာတာ ဖြစ်တဲ့အတွက် အားနည်းသေးတဲ့ အပြင် အထောက်အပံ့လည်း မရှိဘူး။ ဒါကြောင့် ပိုင်ရှင်အတွက် ပြန်လည် တိုက်ခိုက်နိုင်ဖို့ အရမ်းစောလွန်းနေသေးတယ်။ ကိုယ့်ကိုကိုယ် သန်မာလာအောင် တိုးတက်ဖို့ ကြိုးစားပါ။ ပိုင်ရှင့်အတွက် အင်အားကြီးတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာနိုင်ဖို့ လမ်းကြောင်းမှာ စနစ်က ခိုင်မာစွာ ထောက်ပံ့ပေးပါမယ်”

“တာဝန်အသစ်....ချီသန့်စင်ခြင်း အဆင့်သုံး”

“တာဝန် အကြောင်းအရာ.... ချီစွမ်းအင် ထိန်းညှိခြင်းသိုင်းကို ဆက်လက် လေ့ကျင့်ပြီး တစ်လအတွင်းမှာ ချီသန့်စင်ခြင်း အဆင့်သုံးသို့ အဆင့်တက်နိုင်အောင် လုပ်ပါ”

“တာဝန်၏ ဆုလာဒ်... အမှတ်တစ်ရာ့ငါးဆယ်၊ ထိပ်သီးအဆင့် ချီစုပ်ယူခြင်း ဆေးလုံးသုံးလုံး၊ စဦးအဆင့် ခုခံရေးဆိုင်ရာ မှော်လက်နက် တစ်ခုဖြစ်တဲ့ ကျောက်တုံး‌ ကြေးမုံမှန်၊ အဆင့်နှိမ့် ဝိညာဉ်ကျောက်တုံး ငါးရာကို ရရှိမယ်”

ငတုံးစနစ်၏ ထပ်မံ ရောက်ရှိလာသော ငတုံးတာဝန်များကြောင့် ချီယွမ် စောတက တက်ရမှာပင် မောပန်းလာခဲ့သည်။ အတွင်းစိတ်ကို အတတ်နိုင်ဆုံး ဖြေလျှော့ရင်းစနစ်၏ အသိပေးချက်များ ပျောက်ကွယ် သွားချိန်ကိုသာ တိတ်တဆိတ် စောင့်ဆိုင်းနေတော့၏။

သူ၏ လက်ရှိကျင့်ကြံဆင့် နယ်ပယ်သည် ချီသန့်စင်ခြင်း အဆင့်သုံးထက် များစွာ မြင့်မားပြီး ဖြစ်လေရာ.. စနစ်၏ ဤတာဝန်အား ဆောင်ရွက်စရာ မလိုပဲ ပြီးမြောက်ပြီးသားပင်။ ထို့ကြောင့် စနစ်ထံမှ ထပ်မံရောက်ရှိလာမည့် အသိပေးချက်ကို စောင့်ဆိုင်းနေခဲ့သည်။ သို့သော်ငြား နာရီဝက်ကြာမြင့်သွားတာတောင်မှ ဘယ်လို အသိပေးချက်မှ မပေါ်ပေါက်လာခဲ့ချေ။

( ဘာတွေဖြစ်နေတာလဲ )

ချီယွမ် အနည်းငယ် ရှုပ်ထွေး သွားခဲ့သည်။ တာဝန် အကြောင်းအရာကို အသေးစိတ်ပြန်လည် ဖတ်ရှု့ချိန်မှသာ ရုတ်တရက် သဘောပေါက်သွား၏။ ထိုကြောင့် စနစ်၏ လုပ်ဆောင်ချက် အတိုင်း လိုက်လျော ဟန်ဆောင်ရင် (ချီစွမ်းအင်ထိန်းညှိခြင်း) သိုင်းကို အနည်းငယ် လေ့ကျင့်ဖို့ ကြိုးစား ပေးလိုက်သည်။

“တင်.. တာဝန်ကို အောင်မြင်အောင် ဆောင်ရွက်နိုင်တဲ့ အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်....”

( ချီးပဲဟေ့ )

ကြည့်ရတာ တာဝန်အကြောင်းအရာတွေ အားလုံးက အရေးပါ နေခဲ့သည်။တာဝန်ကို အောင်မြင်အောင် ဆောင်ရွက်ချင်ရင် အခြေအနေတိုင်းကို လုပ်ဆောင်ဖို့ လိုအပ်နေလောက်သည်။

( ဒီငတုံးစနစ်က အသုံးမကျတဲ့ တာဝန်တွေကြီး ပေးနေတယ်ဆိုပေမဲ့ တာဝန်နဲ့ ပတ်သက်လာရင် တော်တော်လေး စည်းကမ်းကြီးတာပဲ )

ချီယွမ် ခြောက်ကပ်စွာ ပြုံးလိုက်ရင်း အနည်းငယ် ခေါင်းယမ်းလိုက်သည်။ နှလုံးသားထဲမှ ဆန်တက်လာသော ဒေါသစိတ်ရိုင်းများကို ဖိနှိပ်ရင်း အပြင်ထွက်လာကာ တိမ်ကြွေဂိုဏ်း၏ ရှု့ခင်းတစ်ချို့ကို ကြည့်ရှု့ရန်သာ ဆုံးဖြတ်လိုက်တော့သည်။

စမ်းသပ်မှုကို အောင်မြင်စွာ ကျော်ဖြတ်နိုင်သည့် တပည့်အသစ်များထဲမှ တစ်ယောက်ဖြစ်သည့် ချီယွမ်သည် အလိုအလျောက်ပင် တစ်ဦးတည်း နားနေရန် နေရာကို ရရှိခဲ့သည်။

သေးငယ်သော နံရံများနှင့် အဆင့်နှိမ့်ကာ ယိုင်နဲ့နဲ့ ဖြစ်နေသော ဤသစ်သားတဲက စုတ်ချာသည် ဆိုသော်ငြား တခြားအစေခံ တပည့်များနှင့် အခန်းမျှဝေ သုံးရခြင်းထက်တော့ ပိုကောင်းပါသေး၏။

ဤနှစ်တွင် တိမ်ကြွေဂိုဏ်းသည် မျိုးမျိုးမြတ်မြတ် အောင်မြင်ခဲ့ပြီး တပည့်သစ် နှစ်ဆယ်ကျော် ခေါ်သွင်းနိုင်ခဲ့သည့် အတွက် ပြင်ပခန်းမကို တာဝန်ယူရသော အကြီးအကဲ မိုကျွမ်းယွမ် တစ်ယောက် ပျော်ရွှင်မှုများ ပြည့်နှက် နေတော့သည်။

စည်းမျဉ်းအရ ဆိုလျှင် အသစ်ဝင်လာသော တပည့်တိုင်းက အစေခံတပည့်အဖြစ် ပြင်ပခန်းမတွင် အလုပ်လုပ်ရပြီး ထူးချွန်သော အရည်အချင်းကို ပြသနိုင်ပါက တစ်နှစ်အတွင်းမှာ အပြင်တပည့်အဖြစ် ရာထူးတိုးနိုင်သည်။ သို့ပေမဲ့ ဒီအတွင်းခန်းမ အကြီးအကဲများက ရွေးချယ်ခဲ့သော အလွန်ထူးချွန်သည့် အစေခံ တပည့်များက‌တော့ ချွင်းချက်အနေဖြင့် အတွင်းခန်းမသို့ တိုက်ရိုက်ဝင်ရောက်ကာ အတွင်းတပည့်တစ်ယောက် ဖြစ်လာနိုင်သည်။

ချီယွမ် အပြင်ထွက်လိုက်သည်နှင့် အေးမြ လန်းဆန်းသော လေပြေအေးက ဖြတ်တိုက်လာခဲ့သည်။ သူ၏ စိတ်ဝိညာဉ်တစ်ခုလုံး လန်းဆန်းသွား၏။

“ဒီနေရာက တော်တော်လေး မွှေးတာပဲ။ မိန်းမပျိုရဲ့ ကိုယ်သင်းနံ့လိုပဲ အားပါးပါး”

ချီယွမ်တစ်ယောက် တစ်ခုခုကို သတိထားမိ သွားသည့်နှယ် ရုတ်တရက်ဘေးသို့ လှည့်ကြည့်လိုက်သည်။ အဝါဖျော့ရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး သိပ်မဝေးသည့် နေရာတွင် ရပ်နေသော လှပသည့် အမျိုးသမီး ကျင့်ကြံသူ တစ်ယောက်ကို ချက်ချင်း အမြင်ဖမ်းမိသွား၏။ သူမ၏လှပပြီး ကျောက်စိမ်းလို နူးညံ့သော မျက်နှာသည် အနည်းငယ် နီရဲနေခဲ့ကာ သူ့အားစိုက်ကြည့်နေခဲ့သည်။

“ဂိုဏ်းတူအမ ဒီနေရာမှာ ဘာလုပ်နေတာလဲ”

ထိုအချိန်မှသာ အစောပိုင်းက ရခဲ့သော အမွှေးနံ့၏ လာရင်းကို ချီယွမ် သဘောပေါက် သွားလေကာ လျင်မြန်စွာဖြင့် လက်နှစ်ဖက်ယှက်ရင်း အရိုအသေ ပေးလိုက်သည်။

နေရာအသစ်တွင် ရောက်လာခဲ့ပြီး တိမ်ကြွေဂိုဏ်းနှင့်ကောင်းမွန်‌သော နားလည်မှုကို မရထားသေးသည့် အတွက် ချီယွမ် သည် သူ၏ နတ်အာရုံကို ဂရုမစိုက်ပဲ မထုတ်လွှတ်ခဲ့ပေ။ ဂိုဏ်းအတွင်းရှိ ကျွမ်းကျင်ကျင့်ကြံ သူများကို အနှောင့်အယှက် ပေးမိအောင် မလုပ်ဝံ့ပါချေ။ ထို့ကြောင့်သူ၏ စိတ်ဝိညာဉ်အာရုံခံမှုကလည်း ပုံမှန်ထက် ပိုမိုဝေဝါးနေခဲ့သည်။

မျက်စိရှေ့က ပိုင်ရှီရို့သည် ဂိုဏ်းခေါင်းဆောင်၏ သမီးဖြစ်သည့်အပြင် အတွင်းခန်းမ၏ ထိပ်သီး တိုက်ရိုက် တပည့်များထဲမှ တစ်ယောက်ဖြစ်သည်။ တနည်းပြောမည်ဆိုလျှင် တိမ်ကြွေဂိုဏ်း အတွင်း၌ ဆက်လက် နေထိုင်လိုပါက သူမကို လုံးဝ ရန်စမိလို့မဖြစ်ဘူး။

ချီယွမ်ကို အနည်းငယ်အံ့အားသင့်စွာကြည့်နေရင်း ပိုင်ရှီရို့ ခေါင်းငြိမ့်လိုက်သည်။

“တစ်ရက်ပဲ ရှိသေးတာကို ချီသန့်စင်ခြင်း အဆင့်သုံးကို အဆင့်တက်သွားပြီလား”

ချီယွမ် အလိုက်သင့်လေး ပြုံးပြလိုက်ကာ

“အကြီးအကဲမို ပေးထားတဲ့ (ချီစွမ်းအင်ထိန်းညှိခြင်း) သိုင်းကတော်တော်လေး အကျိုးရှိတယ်။ အဲ့ဒီ နက်နဲတဲ့သိုင်းပညာကို ကျွန်‌တော်တစ်ညလုံး လေ့လာခဲ့တယ်လေ။ ကံကောင်းပြီး ချီသန့်စင်ခြင်း အဆင့်သုံးကို အဆင့်တက်သွားခဲ့တာ”

စနစ်၏ နောက်ဆုံးတာဝန် ပြီးသည်နှင့် ချီသန့်စင်ခြင်း အဆင့်သုံးအဖြစ် အပြင်ပိုင်းတွင် ဖော်ထုတ်ထားခဲ့သော်ငြား ပိုင်ရှီရို့ ချက်ချင်း သတိထားမိ သွားလိမ့်မယ်လို့ ချီယွမ် မမျှော်လင့်ခဲ့မိချေ။

ပိုင်ရှီရို့ အချိန်အကြာကြီး တွေးတောနေခဲ့သည်။ ထိုနောက်မှာမှ ရုတ်တရက် မော့ကြည့်လာပြီး တည်ငြိမ်စွာ မေးလိုက်သည်။

“ချီတ အစီအရင်ဝိညာဥ်နဲ့ တွေ့ခဲ့တုန်းက ဘယ်လို ခံစားရလဲ”

( ဝိညာဉ် ဟုတ်လား )

ချီယွမ် အနည်းငယ် စဉ်းစားလိုက်ပြီးမှ ရိုးသားစွာ ဖြေလိုက်သည်။

“အဲဒီ စိတ်ဝိညာဉ်က တွေ့သမျှလူတိုင်းကို မကောင်းပြောတယ်။ ဒေါသကလည်း ကြီးလွန်းတယ်။ ဒါ့အပြင် ကျန်တာတော့ မသိတော့ဘူး”

ပိုင်ရှီရို့ သက်ပြင်း ချလိုက်လေကာ

“အဲ့ဒီ အစီအရင်ဝိညာဉ်က သီးသန့်နေခဲ့တာ နှစ်တွေသောင်းချီကြာနေပြီ။ အရင်ဂိုဏ်းခေါင်းဆောင်ကြီး ကွယ်လွန်ပြီးကတည်းက သူ့ကို ထွက်ပေါ်အောင် လုပ်နိုင်ခဲ့တဲ့ ပထမဦးဆုံးသော သူက နင်ပဲ”

ထိုစကားကြောင့် ချီယွမ် အနည်းငယ် သိချင်သွားခဲ့သည်။ ထိုအကြောင်းနှင့် ပတ်သက်ပြီး ပထမဦးဆုံး ပြောပြခဲ့သူက ပိုင်ရှီရို့ မဟုတ်ပါချေ။

တိမ်ကြွေဂိုဏ်း၏ အကာအကွယ် အစီအရင်သည် စကြာဝဠာ ပုံရိပ်‌ယောင် အစီအရင်ဖြစ်ပြီး ပိုင်ရှီရို့ ဖော်ပြခဲ့သော အစီအရင်ဝိညာဉ်ကလည်း ထိုအစီအရင်၏ စိတ်ဝိညာဉ်သာ ဖြစ်တန်ရာ၏။ စိတ်ဓာတ်ပိုင်း ဆိုင်ရာ စမ်းသပ်မှုတွင် သူ့ကြုံတွေ့ခဲ့ရသော အစီအရင်သည် ပင်မအကာအကွယ် အစီအရင်၏ ထိပ်ပိုင်းလောက်သာ ရှိနိုင်သည်။

သီအိုရီပိုင်းအရ ပြောရမည်ဆိုလျှင် ဂိုဏ်းတစ်ခု၏ အကာအကွယ် အစီအရင်က ထိုဂိုဏ်း၏ အခြေခံပဲ။ အစီအရင်တွင် စိတ်ဝိညာဉ်ရှိပါက ထိုအစီအရင်၏ စွမ်းအင်ကလည်း မြင့်မားစွာ တိုးတက်လာပြီး အခြေခံအဖြစ် ထောက်ပံ့ပေးနိုင်သည်။ ထို့ကြောင့် အစီအရင် စိတ်ဝိညာဉ်များက အင်အားကြီး ရန်သူ မပေါ်လာဘူးဆိုလျှင် အပြင်သူနှင့် တွေ့ဆုံတာ ရှားပါးသည်။

ထို့ကြောင့်ပဲ အစီအရင်၏ စိတ်ဝိညာဉ်များကို ဂိုဏ်း၏ အစောင့်အရှောက်များ အဖြစ်သတ်မှတ်ကာ အထူးလေးစားကြသည်။

ထိုက်ရွှမ်း သန့်စင်နယ်မြေတွင်လည်း တောင်တန်း အကာအကွယ် အစီအရင်ရှိပါသည်။ ထိုအစီရင်၏ စိတ်ဝိညာဉ်က ကျင့်ကြံဆင့် အလွန်မြင့်သော နတ်သားရဲတစ်ကောင် ဖြစ်ပြီး သန့်စင်နယ်မြေ၏ အထွဠ်အမြတ်ထားရသော နတ်ဘိုးဘေးများထဲမှ တစ်ပါးဖြစ်သည်။

သို့ပေမဲ့ ပိုင်ရှီရို့၏ စကားလုံးများကို မှန်းဆ ကြည့်လိုက်လျှင် တိမ်ကြွေဂိုဏ်းနှင့် တိမ်ကြွေဂိုဏ်း၏ ပင်မ အစီအရင် စိတ်ဝိဉာဉ်သည် ကောင်းမွန် ညီမျှသော ဆက်ဆံရေးတစ်ခု ရှိဟန်မရချေ။

ချီယွမ်၏ ရှုပ်ထွေးနေသော မျက်နှာထားကြောင့် ပိုင်ရှီရို့က ဆက်လက်ရှင်းပြလာသည်။

“ဒီစကြာဝဠာ အကာအကွယ် အစီအရင်က ကွယ်လွန်သွားတဲ့ ဂိုဏ်းခေါင်းဆောင်နဲ့ အရမ်းရင်းနှီးတယ်။ သူတို့ ဆက်ဆံရေးက ညီအကိုတွေ လိုမျိုးပဲ။ ဒါပေမဲ့ အကြောင်းအရင်း တစ်ခုကြောင့် အရင် ဂိုဏ်းခေါင်းဆောင် ကွယ်လွန်ပြီးနောက်မှာ အစီအရင်ဝိညာဉ်ရဲ့ စိတ်နေစိတ်ထားကလည်း အရမ်းကို ပြောင်းလဲသွားခဲ့တယ်။ သုံးနှစ်တစ်ကြိမ် အသစ်ဝင်လာတဲ့ တပည့်တွေကို စစ်ဆေးဖို့ ပုံရိပ်ခွဲတွေ စေလွှတ်တာက လွဲရင် ဘာကိစ္စပဲရှိနေပါစေ သူက လုံးဝကို ဂရုမစိုက်ဘူး။ ဒါ့ကြောင့် ဂိုဏ်းရဲ့ အကာအကွယ် အစီအရင် ရဲ့ စွမ်းအင်တွေတောင် တော်တော်လေး လျော့ကျသွားခဲ့တယ်”

“ဒါကြောင့် နင့်ကို အကူအညီတောင်းချင်တာပဲ။ ကျေးဇူးပြုပြီး အစီအရင်ရဲ့ ပင်မစည်းအတွင်းကနေ အစီအရင် စိတ်ဝိညာဉ်သခင်ကြီးကို ထွက်လာအောင် ခေါ်ထုတ်ပြီး‌တော့ ဘာကြောင့် အခုလိုမျိုး ပြုမူနေလဲ မေးပေးလို့ရမလား”

“ဟမ်”

ချီယွမ် အံ့ဩသွားခဲ့သည်။

“အဲ့ဒီလူကို ထပ်တွေ့ရဦးမှာလား”

“အဲ့ဒီ စိတ်ဝိညာဥ် အစီအရင်သခင်ကြီးက အစောပိုင်းတုန်းက ကျွန်တော့်ကို ဘယ်လောက်တောင် မကျေမနပ်ဖြစ်နေလဲ သတိမထားမိဘူးလား။ ကျွန်တော့်ကို ထပ်သွားခိုင်းနေတာ.. ဘာလဲ မီးထဲကိုလောင်စာ ထပ်ထည့်မလို့လား။ ပြောလို့မရဘူး၊ ကျွန်တော်နဲ့ ထပ်တွေ့ရင် တစ်ချက်ထဲနဲ့တောင် ကျွန်တော့်ကို ရိုက်သတ်နိုင်တယ်။”

………

All Chapters