← Chapters

နှင်းနဂါးတောင်ဆီ ဦးတည်ခြင်း

Vol. 13 Ch. 180

နှင်းနဂါးတောင်ဆီ ဦးတည်ခြင်း

Vol. 13 Ch. 180

လီယုဟန်အံ့ဩသွားခဲ့သည်။ သူမရဲ့မျက်နှာက မယုံနိုင်တဲ့စကားတစ်ခုကို ကြားလိုက်ရသည့်နှယ် ချက်ချင်းပဲ ထူးဆန်း သွားလေ၏။

“တကယ်လို့ ကျွန်မကသာ တရှားတိုင်းပြည်ကို လာခဲ့ရတဲ့ရည်ရွယ်ချက်က ရုတ်တရက်မြင့်တက်လာတဲ့ ကံကြမ္မာအမှတ်နဲ့ ပတ်သက်ပြီး သတင်းစုဆောင်းဖို့လို့ပြောမယ်ဆိုရင် ယုံကြည်နိုင်မှာလား?”

လီယုဟန်ရဲ့ပုံစံက သူမရဲ့အသက်အတွက် အတင်းအကျပ်ကြိုးစားနေရဟန်ရှိသည်။ ချက်ချင်းပဲ သူမက အင်္ကျီစကို တင်းကျပ်စွာ ဆုတ်ကိုင်လိုက်သည်။ သူမရဲ့မျက်နှာသည်လည်း အနည်းငယ်နီရဲလာ၏။

သူမက ခေါင်းငုံ့လိုက်လေကာ အနည်းငယ်ရှက်ရွံနေဟန်ဖြင့်ပြောလာခဲ့သည်။

“တစ်ကယ်တော့ ကျွန်မ အဖိုးလီပဟန်ရဲ့အမိန့်ကြောင့် ဒီနေရာကို သတင်းစုဆောင်းဖို့ရောက်လာခဲ့ရတာ။ ထျန်းလင်ဂိုဏ်းရဲ့ လေ့လာမှု အရ တရှားတိုင်းပြည်ရဲ့ ဒီရက်ပိုင်းအတွင်း တိုးတက်မှုက တဖြေးဖြေး မြင့်တက်လာခဲ့တယ်။ သံသယ ဝင်စရာကောင်းနေတဲ့ အဲ့ဒီ မြင့်တက်မှုက ကျွန်မတို့ကိုပါသတိထားလာစေခဲ့တယ်။ ဒါကြောင့်မိုလို့ ထျန်းလင်ဂိုဏ်းက သူတို့ရဲ့တပည့်တွေကို တရှားကိုဖိအားပေးနိုင်အောင်စေလွှတ်ခဲ့တာပဲ။ တရှားသာအခုလိုမျိုး ဆက်လက်ကြီးထွားနေမယ်ဆိုရင် ကပ်ဘေးကြီး တစ်ခုက မလွဲမသွေဖြစ်ပေါ်လာလိမ့်မယ်”

လီယုဟန်သည် ရှကျိုးယွီရဲ့မျက်လုံးတည့်တည့်ကို စိုက်မကြည့်ရဲချေ။ သူမကစကားဆုံးသွားချိန်မှသာ မဝံ့မရဲဖြင့် ခိုးကြည့်လာ၏။ မျက်စိရှေ့က ဖူမဲ့ရဲ့မျက်နှာကြောင့်သူမထူးဆန်းစွာ ခံစားနေရသည်။ တစ်ခုခုမှားယွင်းနေသလိုမျိုးပဲ။ သူမ တွန့်ဆုတ်စွာဖြင့် ဆက်ပြောလိုက်၏။

“ဒါပေမယ့် ထျန်းလင်ဂိုဏ်းက သတင်းစုဆောင်းရုံ အတွက်ပဲစေလွှတ်ခဲ့တာပါ။ တရှားတိုင်းပြည်ကို ဘာမှ လုပ်မှာ မဟုတ်ဘူး! ဒါ့အပြင် တိုက်ခိုက်မယ်၊ မတိုက်ခိုက်ဘူးဆိုတာ ကျွန်မလိုမျိုး အတွင်းတပည့်တစ်ယောက်က ဆုံးဖြတ်နိုင်တဲ့ ကိစ္စမဟုတ်ဘူး။ ဒါကြောင့် ကျေးဇူးပြုပြီးမသတ်ပါနဲ့!”

လီယုဟန်ရဲ့ပါးပြင်နှစ်ဖက်မှာ မျက်ရည်များစီးကျလာခဲ့သည်။ သူမရဲ့ပုံစံက အလွန်နူးညံ့တဲ့ပန်းတစ်ပွင့်လိုမျိုးပဲ။ ရင်နင့်စရာ ကောင်းလှ၏။

“ကျွန်မကိုမသတ်သရွေ့ အစေခံလိုမျိုး ခစားဆိုရင်လည်း ခစားပါ့မယ်”

လီယုဟန်ရဲ့အသံက တိမ်ဝင်သွားခဲ့သည်။ သူမရဲ့မျက်နှာတစ်ခုလုံးလည်း နီရဲလာ၏။ ခန္ဓာကိုယ်မှာရှိတဲ့ သွေးတွေ အားလုံးက သူမရဲ့မျက်နှာပေါ်မှာပဲစုဝေးနေသလိုမျိုး နီရဲလာခဲ့သည်။ ထိုအရာက ထူးဆန်းတဲ့လှပမှုမျိုးကို ဖြစ်ပေါ်စေသည်။

ဒါပေမယ့် ရှကျိုးယွီရဲ့စိတ်ထဲမှာတော့ ညစ်ပတ်တဲ့အတွေးတွေကို တွေးမနေခဲ့ဘူး။ ထိုအစား သူ့ရဲ့ လေသံက ပြောင်းသွား ခဲ့သည်။ ရှကျိုးယွီက စိတ်ဝင်တစားဖြင့်မေးလိုက်၏။

“ဒါဆိုရင် မင်းက တရှားတိုင်းပြည်ကိုကူညီဖို့ ရောက်လာတဲ့သူမဟုတ်ဘူးပေါ့။ ဒါဆိုရင် တရှားကိုပုန်ကန်မယ့် ငါ့ရဲ့အစီ အစဉ်မှာ မင်းပါဝင်မလားသိချင်တယ်”

လီယုဟန် ချက်ချင်းပဲမော့ကြည့်လာခဲ့သည်။ သူမရဲ့မျက်ရည်များနှင့် စိုစွတ်နေသောမျက်လုံးတွေက အံ့အားသင့်နေပုံပဲ။

…………………….

တရှားတိုင်းပြည်ရဲ့နယ်စပ်တွင် မဟာတံတိုင်းနဲ့ပတ်သက်သော စီမံစရာများကို ကျူးကော့လုံ စီစဉ်ခဲ့ပြီးပြီ။ ထို့ကြောင့် အခုချိန်တွင် အားလပ်နေတော့၏။ အကြီးအကဲတွေဘက်မှလည်း ကူညီပေးရန် တပည့်များကို စေလွှတ်ထားပြီးပြီ။ ထူးချွန် သော ကျင့်ကြံသူများရဲ့အကူအညီကြောင့် တရှားတိုင်းပြည်ရဲ့မဟာတံတိုင်းသည် ပိုမိုရုပ်လုံးပေါ်လာခဲ့သလို အရည်အချင်း ကလည်း မြင့်တက်လာသည်။

ဒါ့အပြင်ရှကျိုးယွီပို့ပေးခဲ့သော ငွေတုံးသန်းသုံးဆယ်သည်လည်း သေးငယ်တဲ့ပမာဏတစ်ခု မဟုတ်ခဲ့ချေ။ ကျူးကော့လုံရဲ့လိုအပ်ချက်အားလုံးကို သေချာပေါက် ဖြည့်ဆည်းနိုင်သွား၏။

နားနေစခန်းတွင်ကျွေးမွေးသော အစားအသောက်များပင် အဆင့်မြင့်လာခဲ့သည်။

ဒါပေမယ့် အကြီးအကဲတွေရဲ့ တပည့်အသီးသီးကတော့ လွန်စွာခံစားရခက်နေကြ၏။

“ငါတို့ရဲ့ဂိုဏ်းခေါင်းဆောင်တွေက ငါတို့ကို သိုင်းလောကရဲ့ ဆရာကြီးတွေဖြစ်လာစေရမယ်လို့ ကတိပေးခဲ့တာ မဟုတ်ဘူးလား? အခုဘာကိစ္စက အလုပ်သမားတွေလိုမျိုး တံတိုင်းဆောက်ခိုင်းနေရတာလဲ”

ထိုတပည့်ရဲ့မျက်နှာသည် အလွန်စိတ်ပျက်နေဟန်ရှိသည်။

“ဘယ်သူသိမှာလဲ။ ဒါက အလုပ်သင်သဘောမျိုးခိုင်းတာလားမှ မသိတာ။ အကြီးအကဲတွေရဲ့ဆုံးဖြတ်ချက်ဆိုတော့ ငါတို့ လည်းဘာမှမတတ်နိုင်ဘူး။ ကဲပါ အလုပ်ပဲလုပ်ကြရအောင်”

စိတ်ဝိဉာဏ်စွမ်းအင်ကိုအသုံးပြုရင်း ကျောက်တုံးကြီးတစ်တုံးကို မနေတဲ့တပည့်တစ်ယောက်က မတတ်နိုင်စွာဖြင့် နှစ်သိမ့် ပေးလိုက်သည်။

“ငါ့တို့တွေရဲ့အချိန်က အကျိုးမရှိလို့လား? အခုလိုမျိုးခိုင်းစေနေရအောင် ငါတို့က အရမ်းအချိန်တွေပေါနေလို့လား? ငါတို့ တွေက ကျင့်ကြံသူတစ်ယောက်ပဲ”

ပထမတပည့်သည် ဒေါသတကြီးဖြင့် လက်ထဲမှာကိုင်ဆောင်ထားတဲ့တူကို လွင့်ပစ်လိုက်၏။ အလွန်ကို မခံမရပ်နိုင် ဖြစ်နေ ဟန်ရှိသည်!

“ညီအကို မင်းရဲ့နှလုံးသားက အရမ်းကိုဖြူစင်သန့်ရှင်းလိုက်တာ! တကယ်ပဲအကြီးအကဲတွေကို အခုလိုမျိုး အကျိုးအမြတ် ထုတ်ခွင့် ပေးနေတော့မှာလား? မင်းက သူတို့စိတ်ကြိုက်လုပ်ခွင့်ပေးနေတာပဲ”

“ဒီနေရာမှာ ငါနဲ့ခံယူချက်ချင်းတူတဲ့ ညီအကိုတွေရှိမယ်ဆိုရင် ချက်ချင်းပဲ မင်းတို့ရဲ့လက်နက်တွေကို ကိုင်ဆောင်လိုက်ကြ။ ငါ့လိုမျိုး ကိုယ့်ရဲ့ဆန္ဒကိုဖော်ထုတ်ကြမယ်”

ထိုနေရာတစ်ခုလုံးအနည်းငယ် ဆူညံသွားခဲ့ကြသည်။ တပည့်တွေအနေနဲ့ ဒီရက်ပိုင်းအတွင်း လွန်စွာခံစားခဲ့ကြ၏။ သူတို့သည် ပါရမီရှိသောကျင့်ကြံသူများဖြစ်သည်။ သူတို့ရဲ့ဂုဏ်းအသီးသီးတွင် လေးစားမှုကိုခံယူရတဲ့ အင်အားကြီး ပုဂ္ဂိုလ်များ ဖြစ်ကြ၏။ သူတို့ရဲ့သိုင်းလောကမှာဆိုရင် ဘယ်သူမှမထိပါးနိုင်တဲ့ပုဂ္ဂိုလ်များပင်!

ဒါပေမယ့် သူတို့ရဲ့အကြီးအကဲတွေက ဒီနေရာကိုခေါ်ဆောင်လာခဲ့သည်။ ဒီနေရာမှာအလုပ်လုပ်ဖို့ တောင်းဆိုခဲ့သည်?!

အခုလိုမျိုး ငယ်ရွယ်ပြီးတက်ကြွတဲ့ ကျင့်ကြံသူတွေက ဒီလိုစော်ကားမှုမျိုးကို ဘယ်လိုလုပ်ခံနိုင်မှာလဲ?

ဦးဆောင်လာတဲ့တစ်စုံတစ်ယောက်ကို ရရှိလိုက်တာနဲ့တပည့်တွေအားလုံး ချက်ချင်းပဲတုံ့ပြန်လာကြသည်။

ဒါပေမယ့် အလုပ်ရုံရဲ့ဆူညံမှုကို ကျင့်ကြံသူအကြီးအကဲတွေအနေနဲ့ သတိမထားမိဘူးဆိုတာ ဖြစ်နိုင်ပါ့မလား? ချက်ချင်းပဲ သူတို့အားလုံးရောက်လာခဲ့ကြသည်။

အကြီးအကဲတွေနဲ့တပည့်တွေအားလုံး အနည်းငယ် ရုန်းရင်းဆန်ခတ်ဖြစ်သွားသည်။

လက်တွေ့မှာတော့ တပည့်တွေက လွန်စွာသန်မာနေကြခြင်းမဟုတ်ပေ။ ဒါပေမယ့် သူတို့ရဲ့အရည်အတွက်က များပြားနေခဲ့သည်။ ဒါ့အပြင် တပည့်တွေကဂိုဏ်းများစွာ၏ လက်အောက်ခံတပည့်များဖြစ်သည်။ အကြီးအကဲတွေအနေနဲ့ လက်လွတ် စပယ် မပြုမှုရဲပေ။ ထို့ကြောင့်စကားလုံးများဖြင့် မြူဆွယ်ဖို့ကြိုးစားကြ၏။ ဒီတပည့်တွေအားလုံး လိမ္မာစွာဖြင့် သူတို့ရဲ့ သက်ဆိုင်ရာနေရာကို ပြန်သွားဖို့ရန်မျှော်လင့်ထားကြသည်။

“ချန်ပန် မင်းက ဂိုဏ်းကို ဆန့်ကျင်တော့မလို့လား? ဘယ်လိုအကျိုးဆက်တွေ ကြုံလာရမယ်ဆိုတာကို မင်းနားလည်သလား?”

ကျန်းစန်ချက်ချင်းပဲ စူးရှစွာသတိပေးလိုက်သည်။

တပည့်အုပ်စုကိုခေါင်းဆောင်ထားတဲ့ ခေါင်းဆောင်သည် ကျန်းစန်ရဲ့လက်အောက်ခံတပည့်တစ်ယောက်ဖြစ်သော ချန်ပန်ဆိုသူပင်။

ချန်ပန်သည် နဂိုက အလွန်အရည်အချင်းရှိသော သူတစ်ယောက်ဖြစ်၏။ ဂိုဏ်းရဲ့နောက်ထပ်မျိုးဆက်သစ်တွေကို ဦးဆောင် နိုင်စွမ်းရှိသော လူတစ်ယောက်အဖြစ် လျာထားခြင်းခံရသူဖြစ်သည်။ အခုလို တပည့်တစ်ယောက်ထံမှ တိုက်ရိုက်ပုန်ကန်မှုမျိုး ခံလာမယ်လို့ ကျန်းစန် မမျှော်လင့်ထားခဲ့ပေ။ ကျန်းစန်ရဲ့မျှော်လင့်ချက်တွေအားလုံးကို ရိုက်ချိုးသွားသလိုမျိုးပဲ။

ဒါပေမယ့် ချန်ပန်ကတော့ ဂရုမစိုက်ပါချေ။ ဂိုဏ်းတစ်ခုထဲမှာ သူ့ရဲ့တစ်ဘဝလုံးကို မြုပ်နှံဖို့ စိတ်ကူးမထားဘူး။

“အကြီးအကဲကျန်းစန် အကြီးအကဲကိုကျွန်တော့်ရဲ့ ဆရာအဖြစ် သဘောထားပြီး အမြဲတမ်းလေးလေးစားစား ဆက်ဆံခဲ့တယ်။ ကျွန်တော့်ကို ဒီလိုမျိုးဆက်ဆံလာမယ်လို့ လုံးဝမမျှော်လင့်ထားမိဘူး။ ကျွန်တော်တို့ တပည့်တွေ အခုဘယ်လိုမျိုး ခံစားနေရတယ်ဆိုတာ အကြီးအကဲသိသလား?”

“ဒီကိစ္စကို ကိစ္စကြီးတစ်ခုပါ အရမ်းကိုမွန်မြတ်တဲ့ကိစ္စတစ်ခုပါဆိုပြီး ကျွန်တော်တို့ကို ရှင်းရှင်းလင်းလင်းပြောထားခဲ့တာ။ ဒါပေမယ့် အခုတော့ ဆောက်လုပ်ရေးနေရာမှာအလုပ်သမားအဖြစ် အလုပ်လုပ်နေရတာလား? ဒါက…….”

“ဒါက သေချာပေါက်စော်ကားနေတာပဲ!”

ချန်ပန်ရဲ့မျက်နှာသည်ဒေါသကြောင့် နီရဲနေခဲ့သည်။ အနီးနားမှာရှိတဲ့တပည့်တွေအားလုံးလည်း လွန်စွာ စိတ်ပျက်နေကြ၏။ လက်သီးလက်မောင်းတန်းကာ သဘောတူကြောင်း အော်ဟစ်ကြသည်။

ကျန်းစန်ရဲ့မျက်နှာသည် အရှက်ရမှုကြောင့် အနည်းငယ်နီရဲလာခဲ့သည်။ ယခင်က ဒီတပည့်တွေအားလုံးသည် လွန်စွာနာခံ ကျသော တပည့်များပင်။ ပုံမှန်အားဖြင့် ကြိုက်သလိုခိုင်းစေလို့ရခဲ့သည်။

ဒါပေမဲ့ အခုတော့ လုံးဝကိုထိန်းချုပ်လို့မရနိုင်တော့ပေ။

ကျန်းစန်ဒေါသတကြီးဖြင့် အင်္ကျီကိုခါယမ်းလိုက်သည်။

“ကောင်းပြီ ဒီလိုဆိုမှတော့ ထွက်သွားချင်တဲ့သူတွေအားလုံး ထွက်သွားကြ။ ငါ့ရဲ့ဂိုဏ်းမှာ ပုန်ကန်တဲ့တပည့်မျိုး မရှိတော့ဘူး!”

ကျန်းစန်ရဲ့ရည်ရွယ်ချက်ကတော့ ပြဿနာရှာနေတဲ့သူတွေအားလုံးကို ငြိမ်သက်သွားစေရန်ဖြစ်သည်။

ဒီလောက်များပြားတဲ့တပည့်တွေအားလုံးက သူတို့ရဲ့ဂိုဏ်းကိုစွန့်လွတ်ချင်ကြမှာမဟုတ်ဘူးလို့ တွေးထား၏။ လူတိုင်းက သတ္တိရှိတဲ့သူတွေမှ မဟုတ်တာပဲ။ ဒါပေမယ့် ထိုအချိန်မှာကျန်းစန်မမျှော်လင့်ထားသော ကိစ္စတစ်ခုဖြစ်ပေါ်သွားခဲ့သည်။

ကျန်းစန်ရဲ့စကားဆုံးတာနဲ့ တပည့်တဝက်ကျော်ကျော်သည် ထွက်သွားဖို့ရွေးချယ်ခဲ့ကြသည်။

“မင်းတို့ မင်းတို့......!’’

ကျန်းစန်နေရာမှာတွင် သွေးအန်လုနီးနီးဖြစ်သွားခဲ့သည်။ သူ့ရဲ့မြင်ကွင်းတစ်ခုလုံးမဲမှောင်လာတော့၏။ မူးဝေမှုကြောင့် မေ့လဲတော့မတတ်ပင် ခံစားနေရသည်။ အနီးအနားမှာရှိနေတဲ့အကြီးအကဲတွေအားလုံးက အမြန်ဝင်ထိန်းပေးလိုက်ရ၏။

အကြီးအကဲတွေအားလုံးရဲ့မျက်နှာသည် အလွန်ရှုပ်ထွေးနေကြသည်။

'တပည့်တွေကို မောင်းထုတ်ချင်တယ်ဆိုရင်လည်း မင်းရဲ့ဂိုဏ်းကတပည့်ကိုပဲမောင်းထုတ်လေ။ ဘာကြောင့် အကုန်လုံးကို မောင်းထုတ်ပစ်ရတာလဲ?’

အကြီးအကဲတွေအားလုံးရဲ့ ရင်ထဲမှာ ခါးသက်နေခဲ့သည်။

ကျန်ရှိနေတဲ့တပည့်တွေလည်း ရှုပ်ထွေးနေဟန်ရှိသည်။ ထွက်သွားကြပေမယ့်လည်း ချက်ချင်းကိုနောင်တရခဲ့သော တပည့် များစွာလည်းရှိ၏။ ဒါပေမယ့် လုပ်ပြီးမှတော့ပြန်လှည့်ရိုးထုံးစံမရှိဘူး။

ထိုအချိန်မှာပဲ အလွန်ငယ်တဲ့တပည့်တစ်ယောက်က ချန်ပန်အနားကိုကပ်ခါ လေသံနိမ့်ဖြင့်မေးလိုက်သည်။

“ညီအကို ချန်ပန် ကျွန်တော်တို့ဘာဆက်လုပ်ကြမလဲ?”

“အကြီးအကဲတွေက ကျွန်တော်တို့နောက်ကိုလိုက်မလာကြဘူး။ သူတို့လိုက်လာကြဦးမှာလား?”

သူ့ရဲ့ပုံစံက တွန့်ဆုတ်နေဟန်ရှိသည်။ ခန္ဓာကိုယ်တစ်ခုလုံးလည်းတောင့်တင်းနေ၏။

ထိုတပည့်တွေအားလုံးအတွက် အပြင်ထွက်ပြီးအတွေ့အကြုံယူရသည်က ရှားလွန်းသည်။ သူတို့အနေနဲ့ဂိုဏ်းထဲမှာပဲ နေပြီးတော့ ပြင်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်ခံထားရသည်။ အကြီးအကဲတွေရဲ့ဖိအားအောက်မှာ နှစ်ပေါင်းများစွာ နေခဲ့ရသည့်အတွက် သူတို့မှာသတ္တိမရှိကြတော့ပေ။

ဒါပေမယ့် ထိုအချိန်မှာခေါင်းဆောင်ဖြစ်သော ချန်ပန်ကတော့ အရည်အချင်းလည်းရှိသလို သတ္တိလည်းရှိသည်။ သူက လက်တဖက်သာယမ်းပြလိုက်ပြီး

“ညီအကို ငါ ချန်ပန်က ဒီကိစ္စကို အပြည့်အဝတာဝန်ယူတယ်။ မင်းတို့တွေနောင်တရတယ်ဆိုရင် ပြန်ပြီး အဲ့ဒီနေရာကို သွားလိုက်ကြ။ ငါမတားဘူး!”

“မင်းတို့သာ ငါ့နောက်ကိုလိုက်ခဲ့မယ်ဆိုရင် ငါ့အနေနဲ့မင်းတို့ကို လုံးဝ မမျှမတမဆက်ဆံဘူး။ အခုကစပြီး ငါတို့က အဖွဲ့ တစ်ခုတည်ထောင်မယ်!”

“ငါတို့ကိုယ် ငါတို့ပဲအားကိုးမယ်! ဒီနေ့လိုကိစ္စမျိုးလုံးဝ ထပ်မဖြစ်စေရဘူး!”

ထိုတပည့်က ချက်ချင်းပဲမေးလိုက်သည်။

“ဒါဆိုရင် အကိုချန် ငါတို့ဘယ်ကိုသွားကြမလဲ? သိုင်းလောကရဲ့ကောင်းမွန်တဲ့နေရာအသီးသီးကို ဂိုဏ်းတွေအားလုံးက ယူထားတယ်။ ငါတို့သွားစရာနေရာမရှိဘူး!”

ချန်ပန်ကတော့ မလှုပ်ရှား ရပ်နေဆဲပဲ။ သူ့ရဲ့ပုံစံက ယုံကြည်ချက်ရှိနေသည်။

“ကိစ္စမရှိဘူး။ ငါတို့ကို ဒီနေရာမှာမကြိုဆိုဘူးဆိုရင် နောက်တစ်နေရာရှာမယ်! ငါ့ရဲ့နောက်ထပ်ဦးတည်ချက်က နှင်းနဂါး တောင်ပဲ!”

“အနာဂါတ်ကျရင် မင်းနဲ့ငါနဲ့ကောက ပိုပြီးတော့ အင်အားကြီးတဲ့ဂိုဏ်းတစ်ခုဖြစ်လာလိမ့်မယ်။ နဂါးနှင်းတောင်ကိုသာ အပိုင်သိမ်းသွားပြီဆိုရင် ငါတို့ရဲ့ဂိုဏ်းကို……..”

“နှင်းတောင်တန်းဂိုဏ်းလို့ ခေါ်ဆိုမယ်!”

All Chapters