လင်းရီရဲ့ စီစဉ်မှုများ
Vol. 148 Ch. 2196
“ ဒီလောက် အရေးကြီးတဲ့ အပေးအယူကိစ္စမှာ ဘာတွေများ မှားယွင်းသွားတာ … ပြီးတော့ စဉ်းစားကြည့်ရင် ပြဿနာ တက်တယ်ဆိုတာ ဖြစ်ကို မဖြစ်သင့်တဲ့ အရာပဲ …”
ကုဟိုင်ချောင်က ပြောဆိုလိုက်ပြီး “ ဒီကိစ္စက E အဆင့် သွေးရည်ကြည်နဲ့ ဆက်စပ်နေတာနော်… အသေးအမွှား ကိစ္စလေးမဟုတ်ဘူး …”
“ မပူနဲ့ … ဟောင်ကောင်မှာ အားလုံးက စီစဉ်ထားတဲ့အတိုင်းပဲ … တစ်ယောက်ယောက်က သူ့ကို ဖယ်ရှားပေးလိမ့်မယ် …” ကျိုးကွမ်းယောင်က တည်ငြိမ်စွာ ပြောလိုက်သည်။ “ ပြီးတော့ တစ်ဖက်မှာ ရှိတဲ့လူကလည်း အကောင်အထည်ဖော်မယ့် အပိုင်းကို တာဝန်ယူထားပြီး အလဲအလှယ်နဲ့ ပတ်သက်တဲ့ အပိုင်းကို သတိမပြုမိဘူး … ဒီတော့ ပြဿနာ ကြီးကြီးမားမား မဟုတ်ဘူး … အလွယ်လေး ဖြေရှင်းလို့ရတယ် …”
“ မင်း တကယ်ပဲ ဒီလမ်းကြောင်းကို လျှောက်ဖို့ စီစဉ်ထားလား …” ရှောင်းကျန်းရဲ့က တိတ်တဆိတ် မေးမြန်းလိုက်သည်။
“ ငါလည်း အခု ရွေးချယ်စရာမှ မရှိတာ … ဒီတော့ ပြင်ဆင်ထားရမှာပေါ့ …” ကျိုးကွမ်းယောင် ပြောလိုက်သည်။ “ အသင်း ၄ ဖျက်သိမ်းခံလိုက်ရတဲ့ ကိစ္စမှာ ငါတစ်ယောက်တည်း အဲ့ဒီ သက်ရောက်မှုကို ခံစားရတာ မဟုတ်ဘူး … မင်းတို့ အားလုံးရောပဲ …”
ကျိုးကွမ်းယောင်က လက်ဖက်ရည် တစ်ကျိုက် သောက်လိုက်သည်။ ခေတ္တမျှ ချင့်ချိန်စဉ်းစားပြီးနောက်တွင် သူ စကားဆက်၏။
“ အသင်းလေးကြောင့် ငါတို့ မိသားစုတွေ ဟွာရှပြည်တွင်းမှာ လုံလုံလောက်လောက်နဲ့ ဖွံ့ဖြိုးတိုးတက်ချင်တယ်ဆိုရင် အခက်အခဲပေါင်းစုံနဲ့ ရင်ဆိုင်ရမှာပဲ … နိုင်ငံခြားဘက် ခြေဦးလှည့်မှပဲ ထွက်ပေါက်ရှိနိုင်မှာ ….”
“ အင်း ….” ကုဟိုင်ချောင်က သက်ပြင်းချလိုက်သည်။ “ ဆိုးကျိုးတွေက အခုချိန်မှာ အကျိုးသက်ရောက်မှုရှိတာကို မပြသေးဘူးဆိုပေမယ့် သူတို့ ရောက်လာတဲ့အချိန်ကျရင် ငါတို့အတွက် သိပ်ကို နောက်ကျသွားမှာ ….”
“ မဟုတ်ဘူး … သူတို့တွေက ပေါ်ထွက်လာပြီးနေပြီ …” ကျိုးကွမ်းယောင် ပြောလိုက်သည်။
“ ထာဝရ ကျေးရွာမှာ အမှုအသေးလေး တစ်ခု ပေါ်လာတာကိုတောင် အထက်က ဒီအမှုကို တင်းတင်းကြပ်ကြပ်နဲ့ ကိုင်တွယ်ချင်နေတယ်ဆိုတော့ ဒါက အဲ့ဒီ အခြေအနေကို ပြသနေတာပဲ ….”
ရှောင်းကျန်းရဲ့ ခေါင်းညိတ်လိုက်သည်။ သူလည်း အတွေးတူညီနေသည်။
“ ငါ့အထင် လျန်ရှန့်ဟော်က ဒီခု အခြေအနေကို သေချာ ရှင်းရှင်းလင်းလင်း နားလည်ထားပြီး ဒီရဲ့ အခွင့်အရေးကို အသုံးချပြီးတော့ ဖန့်ချိန်ကုန်သည်ကြီးများ အသင်းကို ကိုင်တွယ်ချင်နေတာ သေချာတယ် … တစ်နည်းပြောရရင် ငါတို့နှစ်ယောက်ကို ပစ်မှတ်ထားနေတာပဲ … မဟုတ်ရင် သူက ကျုံးဝေ့တပ်ဖွဲ့ရဲ့ ခေါင်းဆောင်ကို စေလွှတ်လာမှာ မဟုတ်ဘူး ….”
“ အတိအကျပဲ …. ဒီကိစ္စဖြစ်တော့မှ ငါလည်း လင်းယွင်အုပ်စုရဲ့ ဥက္ကဌက ကျုံးဝေ့တပ်ဖွဲ့ အသင်း ၁ ရဲ့ အသင်းခေါင်းဆောင်ဖြစ်မှန်း သိလိုက်ရတယ်… သူ့ အထောက်အထားက ဒီလောက် လျှို့ဝှက်နေတာ မဆန်းတော့ပါဘူး …” ကျိုးကွမ်းယောင် ပြောလိုက်သည်။ “ ဒါပေမယ့် ဒီတစ်ကြိမ် သူ့နည်းလမ်းတွေက ပိုပြီး သွယ်ဝိုက်နေတာ သိသာနေတယ် … ငါ မှတ်မိသလောက် ရုံမြို့ ကျိုးမိသားစုနဲ့ကျူးမိသားစုကို ကိုင်တွယ်တုန်းက သူ့လူတွေကို တိုက်ရိုက် စေလွှတ်ခဲ့တာပဲ …”
“ ကြည့်ရတာ သူ ဒီကိစ္စကို အတော် လေးလေးနက်နက် သဘောထားတဲ့ပုံပဲ … ပြီးရင် လျန်ရှန့်ဟော်က ငါတို့ကို ဖြည်းဖြည်းချင်း ရှင်းပစ်တော့မှာ … အဲ့ဒီအချိန်ကျရင် သူ့ကို ဘယ်သူကမှ ထိန်းချုပ်နိုင်တော့မှာ မဟုတ်ဘူး …” ကုဟိုင်ထောင် ပြောလိုက်သည်။
“ သူက အခု တစ်ဖက်လူတွေရဲ့ အသားထဲ နစ်ဝင်နေတဲ့ ဆူးတစ်ချောင်း ဖြစ်လာနေပြီ … တကယ်လို့ ငါတို့ဘက်ခြမ်းကသာ အောင်မြင်သွားခဲ့ရင် မုန်တိုင်းကြီးတစ်ခုက ကျိန်းသေပေါက် ဖြစ်လာမှာပဲ … ပြီးတော့ လျန်ရှန့်ဟော်လည်း ပြုတ်ကျဖို့ မဝေးတော့ပါဘူး….” ရှောင်းကျန်းရဲ့ ပြောလိုက်သည်။ “ ဒါပေမယ့် အရန်အနေနဲ့ နိုင်ငံခြားမှာ လှုပ်ရှားမယ့် အစီအစဉ်ကို စတင်ထားဖို့လည်း လိုသေးတယ် … လောင်ကျိုး … ရှေ့ဆောင်လမ်းပြ လုပ်ဖို့တော့ မင်းကို ဒုက္ခပေးရမှာပဲ ..”
“ ပြဿနာ မရှိဘူး … ဟောင်ကောင်က အပေးအယူ အဆင်ပြေတာနဲ့ အစီအစဉ်က စလို့ရပြီ …” ကျိုးကွမ်းယောင် ပြောလိုက်ပြီး “ ဒါပေမယ့် အခု … ငါ့အကြောင်း မပြောကြသေးနဲ့စို့ … ဟွမ်စစ်ဟိုင်နဲ့ သူ့လူတွေက အခု ဖမ်းခံထားရတယ် … မင်းတို့မှာ တုံ့ပြန်မယ့် အစီအစဉ်တွေ ရှိလား …”
“ ပျော့ပြောင်းတဲ့ နည်းလမ်းတော့ မရှိဘူး … ငါတို့ ကြမ်းတမ်းတဲ့ နည်းလမ်းနဲ့ ချဉ်းကပ်ရုံ ရှိတာပဲ ….”
“ ကြမ်းတမ်းတဲ့နည်းလမ်းနဲ့ ချဉ်းကပ်မယ်ဆိုတာ ဘာကို ပြောချင်နေတာ …” ကျိုးကွမ်းယောင်က သူ့ကို ကြည့်လာခဲ့၏။
“ ငါ ကျန်းကျားဟောက်ကို ဆက်သွယ်ပြီး ဒီကိစ္စကို သူကိုယ်တိုင် ကိုင်တွယ်ခိုင်းထားတယ် …”
“ ကျန်းကျားဟောက် …”
ကျိုးကွမ်းယောင် ရေရွတ်လိုက်သည်။ “ ငါ ဒီလူ့အကြောင်း ကြားဖူးတယ် … ကွမ်တုံးစီရင်စုမှာ အကြမ်းဆုံးလူမလား ….”
“ ဆိုပါတော့ … သူက တကယ်ကို ရက်စက်တတ်တဲ့ လူတစ်ယောက်ပဲ … တစ်နိုင်ငံလုံးနဲ့ ခြုံပြီးကြည့်ရင် သူ့လိုလူ များများစားစား မရှိဘူး …”
“ ကျန်းကျားဟောက်က တကယ် ရက်စက်တယ် … သူ အရင်က လုပ်ခဲ့ဖူးတဲ့ ဇာတ်လမ်း တစ်ချို့ ငါ ကြားဖူးတယ် … ဒါပေမယ့် စဉ်းစားကြည့်လိုက်ရင် လူမိုက်ဂိုဏ်းခေါင်းဆောင် တစ်ယောက်နဲ့ ကျုံးဝေ့တပ်ဖွဲ့ရဲ့ အသင်းခေါင်းဆောင်တို့ ရင်ဆိုင် ထိပ်တိုက်တွေ့ဆုံမှာက အောင်မြင်နိုင်မယ့် အခွင့်အရေး သိပ်မများဘူးလို့ ထင်တယ်နော်….”
“ ခန္ဓာကိုယ် အင်အားချင်း ရင်ဆိုင်တိုက်ခိုက်ကြမယ်ဆိုရင်တော့ ကျန်းကျားဟောက်က အရေးနိမ့်နေသာ အသိသာကြီးပဲလေ …” ရှောင်းကျန်းရဲ့က ပြုံးလျက် ပြောလိုက်ပြီး “ ဒါပေမယ့် သူ ဘယ်လောက်ပဲ ကြမ်းပါတယ်ပြောပြော ကျည်ဆံထက်တော့ ပိုကြမ်းနိုင်မှာလား … စက်သေနတ်နဲ့ တစ်ချက်လောက် မွေ့လိုက်ရင် အလောင်းကောင် ဖြစ်သွားမယ့်ကောင်ပါပဲ….”
“ ဟားဟား … အဲ့လိုဆိုလို့ကတော့ ကြည့်ရတာ ပွဲကြီးပွဲကောင်း ဖြစ်တော့မယ့်ပုံပဲ ….”
ကျိုးကွမ်းယောင် ကျယ်လောင်စွာ ရယ်မောလိုက်၏။ “ သူ အခု ရစ်ဇ်ကာတွန် ဟိုတယ်မှာ တည်းနေတယ် ကြားတယ် … မင်းတို့ ပိုင်နက်ထဲမှာပဲ..."
ကုဟိုင်ချောင်က ပြုံးလျက် ခေါင်းညိတ်လိုက်သည်။ “ ဒီတစ်ခါတော့ သူ ထောင်ချောက်ထဲကို တည့်တိုးဝင်လာမိတာပဲ ….”
“ ဘယ်အချိန် စပြီးလှုပ်ရှားဖို့ စီစဉ်ထားလဲ ….”
“ ကျန်းကျားဟောက်ရဲ့ လူတွေက ဟိုတယ်မှာ ကြို စောင့်နေထားကြပြီ … သူတို့ကတော့ ဒီည လှုပ်ရှားဖို့ စီစဉ်ထားတာပဲ …” ကုဟိုင်ချောင် ပြောလိုက်၏။
“ မင်းအားတယ်ဆို လာပြီး ပွဲကြည့်ပါလား …”
“ ကောင်းပြီလေ… အဲ့လိုဆိုမှတော့ စိတ်လှုပ်ရှားဖို့ကောင်းတာလေးတွေ အလွတ်ခံလို့ ဘယ်ဖြစ်မှာ ….”
….
အင်တာနက်ဆိုင်ကနေ ထွက်လာခဲ့ပြီးနောက် လင်းရီ ပြန်ဖို့ အလျင်မလိုချေ။ ထိုအစား ဈေးသို့လည်ပတ်၍ နာမည်ကြီး စားစရာမုန့်များကို ညစာအတွက် ဝယ်ယူလိုက်၏။
ကျီချင်းရန်ထံသို့ ဖုန်းခေါ်၍လည်း အလုပ်ကိစ္စများအကြောင်း ဆွေးနွေးရင်း သူတို့နှစ်ဦးကြားရှိ ဆက်ဆံရေးကို ဆက်တိုက် ကောင်းမွန်အောင် ထိန်းသိမ်းနေသည်။
လင်းရီ ဟိုတယ်သို့ ရောက်လာပြီး အထဲသို့ မဝင်နိုင်သေးခင်မှာပဲ ရှောင်ပင်းထံက ဖုန်းဆက်လာခဲ့၏။
“ အစ်ကိုရီ … ကျွန်မ အခုပဲ ဖန့်ချိန်ကိုရောက်တယ် … ဟိုတယ်ကိုရောက်ဖို့ မိနစ် ၂၀ လောက်တော့ကြာမယ် ….”
“ အိုကေ … ငါမင်းဖို့ အခန်းတစ်ခန်း ကြိုမှာထားပေးမယ် … တွေ့တဲ့အခါကျ အသေးစိတ် စကားပြောကြတာပေါ့ ….”
“ အဲ့တာတွေ မလိုပါဘူး … ခေါင်းဆောင်နဲ့ တစ်ခန်းတည်း အတူမျှသုံးလို့လည်း အဆင်ပြေပါတယ် ….” ရှောင်ပင်းက ကျီစယ်စွာ စကားဆိုလိုက်သည်။
“ လေးလေးနက်နက်နေ …. ငါတို့က အခု မစ်ရှင်လုပ်နေတာ ….”
“ ခစ်ခစ် ….” ရှောင်ပင်း ရယ်မောပြီးနောက် သူမ၏ လေသံက တည်ကြည်လာသည်။ “ အစ်ကိုရီ … ကျွန်မ ဖန့်ချိန် ကုန်သည်ကြီးများအသင်းရဲ့ ဒေတာတွေကို စစ်ဆေးတုန်းက တစ်ခုတွေ့ခဲ့တယ် …. ရှင် အခုတည်းနေတဲ့ ရစ်ဇ်ကာတွန် ဟိုတယ်မှာ ဖန့်ချိန်ကုန်သည်ကြီးများအသင်းရဲ့ ဝေစုတွေပါတယ် …. ပြီးတော့ ဒီရဲ့ ချင်းရုံ အုပ်စုကလည်း ကုမိသားစုရဲ့ လက်အောက်ခံ ကုမ္ပဏီပဲ …”
“ ကုမိသားစုရဲ့ လက်အောက်ခံ ကုမ္ပဏီ ဟုတ်လား ….”
ဤသတင်းကို ကြားတော့ လင်းရီ အတန်ငယ်ကြာ တိတ်ဆိတ်သွားခဲ့သည်။
အခြေအနေက ရုတ်တရက်ကြီး ရှုပ်ထွေးသကဲ့သို့ ဖြစ်လာသည်။
ဤကိစ္စတွင် ဖန့်ချိန်၏ ရှောင်းမိသားစုနှင့် ကုမိသားစုတို့က သူ၏ အဓိက ပစ်မှတ်များဖြစ်သည်။ သို့တိုင် သူကတော့ ၎င်းတို့ရဲ့ ဟိုတယ်တွင် သွားပြီး တည်းခိုမိနေသည်။ ယခု သူ ပိုပြီး သတိထားရတော့မှာ ဖြစ်၏။
“ ကောင်းပြီလေ … လာခဲ့လိုက်… ဟိုတယ်ခန်းမထဲ တွေ့ကြတာပေါ့ …..”
“ အိုကေ ….”
ဖုန်းချပြီးနောက် လင်းရီ၏ အမူအရာမှာ လေးလေးနက်နက် ဖြစ်လာခဲ့သည်။
မည်သည့်ဘက်ခြမ်းသမျှ သဟဇာတ ဖြစ်လို့သည့် ဘက်ခြမ်းကို လှစ်ဟာပြမလာခဲ့ကြပဲ သူကိုယ်တိုင်ကလည်း တစ်ဖက်သူ၏ မျက်လုံးထဲတွင် အသားထဲ နစ်ဝင်နေသည့် ဆူးတစ်ချောင်း ဖြစ်နေသည်။ ထို့ပြင် ယခု … မသိလိုက်ပါဘဲ သူတို့ရဲ့ ဟိုတယ်ထဲတွင် ချက်ကင် ဝင်ထားခဲ့မိသည်။
ယခုမတိုင်မီကလည်း သူတို့ရဲ့ စောင့်ကြည့်ရေး ရေဒါထဲတွင် သူ ရှိနေခဲ့ဖူးလောက်လေသည်။
ဤသို့ ကြည့်မည်ဆိုပါက သူ တကယ့်ကို အနည်းငယ် သတိလက်လွတ် ဖြစ်နေမိခဲ့သည်။
ထိုအကြောင်း တွေးမိတော့ လင်းရီ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ လူများက တစ်ယောက်ပြီးတစ်ယောက် တည်တည်ငြိမ်ငြိမ်နှင့် ဖြတ်သန်းသွားနေကြပြီး ၊ အောင်မြင်ကျော်ကြားသည့် လူပုဂ္ဂိုလ်များနှင့် သာမန်မြို့သားများလည်း ရှိနေသည်။ အန္တရာယ်ရှိသည့် မည်သည့် လက္ခဏာရပ်ကိုမျှတော့ မမြင်ရသေးချေ။
သူ့ရှေ့တွင် ဖြစ်ပွားနေသည့် အရာများကို အခြေခံကြည့်ရှုရုံမျှနှင့် နောက်ယောင်လိုက်ခံနေရလားဆိုတာ ဆုံးဖြတ်ဖို့ မသေချာပေ။
နောက်ထပ် မိနစ် ၂၀ ခန့်ကြာပြီးနောက် ရှောင်ပင်းက လက်တော့တစ်လုံးကို သယ်ဆောင်ရင်း ဟိုတယ်ထဲသို့ ဝင်ရောက်လာခဲ့သည်။
ရှောင်ပင်းက အပေါ်ဘက်ခြမ်းတွင် အနက်ရောင် လေဒီရှပ်ကို ဝတ်ဆင်ထားပြီး အောက်ဘက်ပိုင်းကိုတော့ ဂျင်းအကြပ်ကို ဝတ်ဆင်ထားသည်။ စိန်ဆွဲကြိုး သေးသေးလေးကိုလည်း ရင်ဘက်တွင် ဝတ်ဆင်ထားပြီး လန်းဆန်းတက်ကြွပြီး သဘာဝဆန်သည့် ခံစားချက်ကို ပေးစွမ်းနေသည်။
လင်းရီ ဖုန်းကိုင်၍ ရှောင်ပင်းထံသို့ ဆက်သွယ်လိုက်သည်။
“ ငါ မင်းကို မြင်တယ် … အစီအစဉ် ပြောင်းသွားပြီ … ငါ့ဆီကို မလာသေးနဲ့ ... ရှေ့ကောင်တာကို သွားပြီး ကိုယ့်ဘာကိုယ် အခန်းယူလိုက် … အခုက တွေ့ဖို့ အချိန်ကောင်း မဟုတ်သေးဘူး….”
“ နားလည်ပြီ ….” ရှောင်ပင်း ညင်သာစွာ တုံ့ပြန်လိုက်၏။ ထို့နောက် ရှေ့ကောင်တာသို့ ဦးတည်ရင်း တီးတိုးပြောလိုက်သည်။
“ အစ်ကိုရီ … ကျွန်မ ဖန့်ချိန်က အခြေအနေတွေ အကြောင်း ကြားထားတာ …. အတော်လေး တင်းမာနေတာပဲ ….”
“ အမှန်ပဲ … ဖန့်ချိန် ကုန်သည်ကြီးများရဲ့ အင်အားက ငါမျှော်လင့်ထားတာထက် ပိုကြီးမားနေတယ် …. ကိုင်တွယ်ရတာ နည်းနည်း ပြဿနာ တက်ချင်စရာပဲ …” လင်းရီ ပြောလိုက်ပြီး “ ငါ အစောက မင်းဆီ ပို့လိုက်တဲ့ အချက်အလက်ကို တစ်ချက် ကူကြည့်ပေးဦး …. ပြီးရင် သက်သေအထောက်အထားတွေ တတ်နိုင်သလောက် ရှာပေး … ငါတို့ စွဲချက်တင်တဲ့အခါကျရင် လိုကောင်း လိုလာလိမ့်မယ် …”
“ ဒါပေမယ့် ပြဿနာက ဖန့်ချိန်က သူတို့ရဲ့ ပိုင်နက် ဖြစ်နေတာနော် … နှစ်ဖက်က ထိပ်တိုက်ရင်ဆိုင်တဲ့အခြေအနေမှာ …. ကျွန်မကတော့ ကျွန်မတို့တွေ ဖော်ထုတ်ခံထားရပြီးပြီလို့ ခံစားနေရတယ် … လက်ဆုပ်လက်ကိုင် မပြနိုင်ဘူး ဆိုပေမယ့်ပေါ့ ….”