← Chapters

တာဝန်အသစ်

Vol. 148 Ch. 2202

တာဝန်အသစ်

Vol. 148 Ch. 2202

“ ကျုံးဝေ့တပ်ဖွဲ့ရဲ့ စည်းမျဉ်းစည်းကမ်းတွေ အရဆိုရင် ခေါင်းဆောင် အဆင့်တွေက အနည်းဆုံး စီ အဆင့်ရှိရတယ် … မင်းတို့နှစ်ယောက်ပေါင်းပြီး သူ့တစ်ယောက်တည်းကို အမှောက်သိပ်မှတော့ ပြဿနာ ရှိနိုင်ပါဦးမလား …”ရှောင်းကျန်းရဲ့ မေးလိုက်၏။ “ ဒါနဲ့ စကားမစပ် သူ့အပြင်ကို ချိုးယွီလော့နဲ့ နင်ချဲ့တို့ နှစ်ယောက်လည်း ရှိသေးတယ်… သူတို့သုံးယောက်ပေါင်း ခွန်အားက လုံးဝ လျှော့တွက်လို့ မရဘူး … ဟိုနှစ်ယောက်ကိုလည်း ဘေးထွက်နေတဲ့ နှစ်ယောက်ပါဆိုပြီး အထင်သေးလို့ မရဘူး …”

“ ကျွန်တော်တို့ ကောင်းကောင်းကြီး နားလည်တယ် …”

ရှောင်းယွမ်ကျယ်နှင့် ကုချင်းဖျင်တို့နှစ်ဦးလုံး လင်းရီကို အထင်မသေးကြပေ။ သူတို့ကိုယ်သူတို့ ယုံကြည်ချက် ရှိနေရုံသာ ဖြစ်၏။

“ ကျန်းကျားဟောက်လို့ ခေါ်တဲ့တစ်ယောက်ကလည်း ဖန့်ချိန်မှာပဲ ရှိသေးတယ်မလား …” ကုချင်းဖျင် မေးလာသည်။

“ သူ ဒီမှာ ရှိနေတုန်းပဲ … ဘယ်မှ မပြန်သေးဘူး …”

“ ကျွန်တော်ကတော့ ဒီလို အချိန်မျိုးမှာ အချိန်တွေ ဘာတွေ ဆွဲနေစရာ မလိုတော့ဘူးလို့ ထင်တယ် … “ ကုချင်းဖျင် ပြောလိုက်ပြီး “ သူ့ကို လူတွေ ခေါ်လာခဲ့ခိုင်းလိုက် … လက်နက်တွေ ယူလာခဲ့ခိုင်းလိုက် … ပြီးတာနဲ့ တိုက်ရိုက် ပေါ်တင်ပဲ လှုပ်ရှားမယ် … ဒါဆိုရင် ကျွန်တော်တို့ နှစ်ယောက်က နောက်ဆက်တွဲ ကိစ္စတွေကို ဖြေရှင်းလိုက်ရုံပဲ … ဒီနည်းလမ်းက ပိုပြီးလည်း စိတ်ချရသလို စွန့်စားရမှာလည်း နည်းတယ် …”

“ ကျန်းကျားဟောက်က လူဆိုးဂိုဏ်းခေါင်းဆောင်နော်.. တကယ်လို့ သူ့ကို ဒီကိစ္စ ကိုင်တွယ်ခိုင်းလိုက်မယ်ဆိုရင် ကြီးကြီးကျယ်ကျယ်တွေ ဖြစ်လာကုန်မှာ စိုးတယ် ….”

“ ဒါပေမယ့် အခုချိန်ကျမှတော့ အဲ့လောက်အထိ ဂရုစိုက်နေလို့မှ မရတော့တာ … ကျုံးဝေ့တပ်ဖွဲ့ထဲ ဝင်တာ ဘယ်နှနှစ်မှ မကြာသေးဘူး … တိုက်ခိုက်ရေးတပ်ဖွဲ့ရဲ့ အသင်းခေါင်းဆောင် ဖြစ်လာတဲ့ သူ့ရဲ့ အစွမ်းအစတွေက မေးခွန်းထုတ်စရာ လုံးဝရှိမှာမဟုတ်ဘူး … စွန့်စားရမယ့် အန္တရာယ်ကို နည်းနိုင်မျှ နည်းအောင် ကျွန်တော်တို့ဘက်က လျှော့ချဖို့လိုတယ် … သူသေသွားတာလောက် ပိုကောင်းတာ ရှိမှာ မဟုတ်တော့ဘူး … ဘာပဲဆိုဆို ဖန့်ချိန်က ကျွန်တော်တို့ လက်ဖဝါးထဲ ရှိနေတုန်းပဲလေ … ဧရာမ ပြဿနာကြီး မဟုတ်သရွေ့ ဖိနှိပ်ထားလို့ရတယ် …”

အခန်းမှာ အပ်ကျသံကြားရလောက်သည်အထိ တိတ်ဆိတ်သွားခဲ့သည်။

ပုံမှန်ဆိုပါက သူတို့တွေ ထိုသို့ ပြုလုပ်ရန် ကြောက်ရွံ့နေမှာ မဟုတ်ချေ။

သို့သော် ယခု … ဖန့်ချိန်ကုန်သည်ကြီးများအသင်းက ရှေ့တန်းဘက်သို့ အတင်းအကြပ် တွန်းပို့ခံထားရပြီး သူတို့၏ လှုပ်ရှားမှုတိုင်းကို စေ့စေ့စပ်စပ် သတိချပ်ဖို့ လိုသည်။ အသေးအမွှား လှုပ်ရှားမှုလေး တစ်ရပ်ကပင် သူတို့ဘက်ခြမ်းကို ဧရာမ ဆုံးရှုံးမှုများ ဖြစ်ပွားစေသည်အထိ ဖြစ်လာနိုင်သောကြောင့် သူတို့တွေ ဤမျှ သတိထားနေကြရခြင်းပင်။

ဖြစ်နိုင်မည်ဆိုပါက ယခုထက်ပိုပြီး လုံခြုံစိတ်ချနိုင်မည့် နည်းလမ်းကို သူတို့ ရှာချင်သည်။

သို့ပါသော်လည်း အလုပ်ထက် အပြောက ပိုလွယ်နေခဲ့၏။

လင်းရီဆိုသည့်ကောင်က လုံးဝ ကိုင်တွယ်ရ လွယ်ကူမည့်ကောင်မဟုတ်။

“ ငါ ဝမ်ရှောင်ဟွေ့ကို ဖုန်းခေါ်ပြီး သူ ဘယ်လိုစဉ်းစားထားလဲ ကြည့်ကြည့်ဦးမယ် … သူ့မှာ ပိုကောင်းတဲ့ နည်းလမ်းရှိရင် ရှိနေလောက်တယ် …”

ရှောင်းကျန်းရဲ့ ဖုန်းထုတ်ပြီး ဝမ်ရှောင်ဟွေ့၏ နံပါတ်ကို နှိပ်လိုက်သည်။ ကျန်သူများလည်း ကြားနိုင်ဖို့ စပီကာကို ဖွင့်ထားလိုက်၏။

“ ခေါင်းဆောင် … ကျုပ်တို့ ဒီဘက်မှာ ပြဿနာ တက်နေလို့ ခင်များရဲ့ အကြံဉာဏ်ကို တောင်းခံချင်လို့ပါ …”

“ မင်းတို့ ပြဿနာကို ငါလည်း မဖြေရှင်းပေးနိုင်ဘူး … ဒီကိစ္စကို အစိုးရ လုပ်ထုံးလုပ်နည်းတွေ အတိုင်း စီရင်သွားမယ် … ငါ့ဆီ ထပ်ပြီး ဖုန်းမဆက်လာနဲ့ …”

အားလုံး ကြက်သေသေသွားခဲ့ကြ၏။ ဝမ်ရှောင်ဟွေ့က ဤမျှ ရန်လိုပြီး သူတို့ကို စကားပြောခွင့်လေးပင် မပေးဘဲ နေလိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။

သူ့ဘက်က ပွင့်ပွင့်လင်းလင်း မပြောသွားသော်လည်း သူနှင့် ဖန့်ချိန်ကုန်သည်ကြီးများ အသင်းကြားထဲတွင် စည်းတစ်ခု ခြားထားလိုက်ပြီ ဖြစ်ကြောင်းကို လူတိုင်း နားမလည်နိုင်သည်အထိ မအကြပေ။

“ ခေါင်းဆောင် … ခင်များ အဲ့လိုတော့ ပြောလို့ မရဘူးလေ … ကျုပ်တို့ချင်း ရင်းနှီးလာတာ နှစ်‌တွေ ဘယ်လောက်တောင် ကြာနေပြီတုန်း … ကျုပ်တို့ အရေးတကြီး အကူအညီလိုအပ်နေလို့ပါ … အကြံဉာဏ်လေး စဉ်းစားပေးစမ်းပါ …”

“ ငါတို့ချင်း ရင်းနှီးလာတဲ့ ခင်မင်မှုကို ထောက်ထားလို့ပဲ ငါ ဖုန်းကိုင်တာ … “ ဝမ်ရှောင်ဟွေ့က လေးနက်စွာ ပြောလိုက်ပြီး “ တခြားလူတွေသာဆို ငါ ဖုန်းတောင် ကိုင်မှာ မဟုတ်ဘူး ….”

“ ကျုပ် နားလည်တယ်… အခြေအနေက အရေးကြီးနေတယ် … ပြီးတော့ အတော်လေး ဆိုးရွားတဲ့ သက်ရောက်မှုတွေ ရှိနေတယ် … ဒါပေမယ့် ကျုပ်တို့တွေ ဒီတိုင်း အရှုံးပေးလိုက်လို့တော့ မဖြစ်ဘူးလေ …”

ဖုန်းတစ်ဖက်ခြမ်းရှိ ဝမ်ရှောင်ဟွေ့မှာ စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားခဲ့သည်။

“ အခု မင်းတို့မှာ အခွင့်အရေး တစ်ခုတည်း ကျန်တယ် … ဆုပ်ဖမ်းနိုင်တာ မဖမ်းနိုင်တာကတော့ မင်းတို့အပိုင်း ….”

“ အိုကေတယ် … ကျုပ်တို့ကိုပြော ….”

“ လင်းရီဆိုတဲ့ကောင်ကို သတ်လိုက် … သူက ပြဿနာတွေ အားလုံးရဲ့ အရင်းမြစ်ပဲ … သူသေတာနဲ့ ဒီပြဿနာက အလိုအလျောက် ဖြေရှင်းပြီးသားပဲ … မင်းတို့ တက်နေတဲ့ ပြဿနာတွေ အကုန်လုံးလည်း ပြေလည်သွားလိမ့်မယ် …..”

“ ကောင်းပြီ … ကျုပ်နားလည်ပြီ ….”

ဝမ်ရှောင်ဟွေ့ဘက်က ဖုန်းချသွားခဲ့ပြီး ရှောင်းကျန်းရဲ့ တင်းမာသွားသည်။

“ ငါတို့ ဒီလမ်းတစ်ခု လျှောက်ရုံ ရှိတော့တာပဲ … သူ့ကို သေချာပေါက် အပြတ်ရှင်းရမယ် … ငါအခုချက်ချင်း ကျန်းကျားဟောက်ကို ဆက်သွယ်ပြီး သူ့လူတွေကို အသင့် ပြင်ထားခိုင်းလိုက်မယ် … လက်နက်တွေပါ ယူလာခိုင်းပြီး မင်းတို့နှစ်ယောက်နဲ့ အတူလှုပ်ရှားကြပေါ့ ….”

“ ကျွန်တော့်အထင် သူ ဖန့်ချိန်ကနေ ထွက်တော့ မသွားလောက်သေးဘူး … သူ ဘယ်မှာ ရှိနေလဲ သွားစုံစမ်းလိုက်ဦးမယ် …”

“ သွားစို့ … ခွဲပြီး လှုပ်ရှားကြမယ် … ဒါ ငါတို့ရဲ့ တစ်ခုတည်းနဲ့ နောက်ဆုံးသော အခွင့်အရေးပဲ … ငါတို့သူ့ကို ဖန့်ချိန်မှာပဲ တစ်သက်လုံး နေသွားခိုင်းရမယ် ….”

…..

ဖန့်ချိန် ၊ အင်ပါရီယာ စားသောက်ဆိုင်။

ဤစားသောက်ဆိုင်က ဖန့်ချိန်၏ နာမည်ကြီး စားသောက်ဆိုင်များထဲက တစ်ခုပင်။ ယင်းကလည်း နာမည်ကို ကြည့်ရုံမျှနှင့် အတော်လေးလည်း သိသာလှ၏။ လူတစ်ယောက်ကု သာမန် ကုန်ကျစရိတ်က ယွမ် ၂,၀၀၀ ၊ တော်တော်များများအတွက် ယင်းက တစ်လစာ ကုန်ကျစရိတ် ဖြစ်၏။

ထို့ပြင် ဤနေရာက အင်တာနက် ဆယ်လီ တော်တော်များများနှင့် မော်ဒယ်လ်များ လာရောက်ချင်ဆုံး နေရာတစ်ခုလည်း ဖြစ်သည်။

အကယ်၍ တစ်စုံတစ်ယောက်ကသာ သူတို့ကို ဤနေရာသို့ ခေါ်လာပြီး ထမင်းစားဖိတ်မည်ဆိုပါက ဝီချက်မိုးမန့်များတွင် တင်၍ တစ်လလောက် ထိုင်ကြွားနေ၍ ရလေသည်။

စားသောက်ဆိုင်ထဲရှိ သီးသန့်ခန်းထဲတွင် လင်းရီနှင့် ရှောင်းပင်းတို့က အတွင်းဘက် အကျဆုံး အခန်းဆုံးကို ယူထားသည်။

စားပွဲပေါ်တွင် အမျိုးမျိုးသော အရသာရှိသည့် စားသောက်ဖွယ်ရာတို့ စုံလင်စွာ တည်ခင်းထား၏။

ထို့ပြင် ဤထမင်းဝိုင်းက လင်းရီကို ယွမ် နှစ်သိန်း ကုန်ကျစေသည်။

ထိုသို့သော ဈေးနှုန်းက တော်တော်များများ လက်တွန့်သွားလောက်သည့် ပမာဏပင်။

များမကြာမီ သီးသန့်ခန်း တံခါး တွန်းဖွင့်လာခဲ့ပြီး စွေ့ချန်၊ ယွီစီယင်နှင့် ကျန်သူများလည်း အသီးသီးရောက်လာခဲ့ကြသည်။

ယခု … အသင်းထဲရှိ လူတိုင်း စုံလင်စွာ ရောက်ရှိနေသဖြင့် အသင်းစုစည်းပွဲဟု သတ်မှတ်၍လည်း ရ၏။

အနောက်ပိုင်းတွင်တုန်းက လင်းရီသူတို့ကို လူများ ဖမ်းဆီးရန် စေလွှတ်ခဲ့ပြီး မနေ့မနက် အစောပိုင်းတွင် သူတို့၏ ကိုယ်စီ မစ်ရှင်များကို ပြီးမြောက်နိုင်ခဲ့သည်။

သို့သော် လူများကို ဖမ်းဆီးရန်အတွက် အကြမ်းနည်းသုံးခဲ့ရပြီး လင်းရီတောင်းဆိုသည့်အတိုင်း လက်ထိပ်ခတ်ကာ ရာဇဝတ်မှု ကျူးလွန်ထားပြီး ထွက်ပြေးနေသည့် အသွင်ရောက်သည့် ဓာတ်ပုံများကို လင်းရီ တောင်းဆိုသည့်အတိုင်း သူတို့ ရိုက်ပေးခဲ့ကြ၏။

သူတို့၏ အဓိက တာဝန်များ ပြီးဆုံးပြီးနောက်တွင် လင်းရီက သူတို့ကို ဖန့်ချိန်သို့ စုစည်းရန် ခေါ်လိုက်၏။

အရှုပ်အထွေးများကို ကိုင်တွယ်ရန်တော့ မဟုတ်ဘဲ ဒီတိုင်း ရိုးရိုးရှင်းရှင်း စားသောက်ဖို့ပဲ ဖြစ်သည်။

“ ကဲ လာကြ လာကြ … ထိုင်ကြ …”

“ ဝါး … များလိုက်တဲ့ ဟင်းပွဲတွေ … အစ်ကိုရီ … နင်က သိပ်ရက်ရောတာပဲ …” လော့ချီက အားရဝမ်းသာ အမူအရာဖြင့် ပြောလိုက်သည်။

“ ရက်ရောတဲ့ စကားလုံးကလည်း ချီးမွမ်းခံရဖို့ကို တော်တော်လေး ကုန်ကျခံလိုက်ရတယ် …” လင်းရီ ရွှတ်နောက်နောက်လေသံဖြင့် ပြောပြီး မေးလိုက်သည်။ “ စစ်ဆင်ရေး အခြေအနေ ဘယ်လိုလဲ … အခက်အခဲတွေ ဘာတွေ ကြုံခဲ့ရသေးလား …”

“ အားလုံး ချောချောမွေ့မွေ့ပါပဲ ….” ကျောက်ယွင်ဟူက ပြောလိုက်သည်။ “ သူတို့ရဲ့ ဘော်ဒီဂတ်တွေက သောက်ရမ်းဝိလွန်းတယ် … သွားပြီး ရွှီရှောင် တစ်ချက် ၊ နှစ်ချက် လုပ်လိုက်တာ အကုန် မှောက်ကုန်တာပဲ … စကေးတောင် နည်းနည်းပါးပါး ပြချင်တာ မပြလိုက်ရဘူး ….”

“ အဲ့တာဆို ကောင်းတယ် … ဒီနေ့ မင်းတို့ဖို့ ဒီပွဲကို လုပ်ပေးတာ … အဝသာ စားကြ …”

“ အစ်ကိုရီ … ကျွန်မကြားမိတာတော့ ဖန့်ချိန်မှာ အခြေအနေတွေ ရှုပ်ထွေးနေတယ်ဆို … ကျွန်မတို့တွေ တစ်ခုခု လုပ်ပေးဖို့ လိုသေးလား …” ယွီစီယင် မေးလိုက်၏။

“ လောလောဆယ်တော့ မလိုသေးဘူး …” လင်းရီ သွားကြားထိုးတံ တစ်ချောင်းကို ကိုင်ထားရင်း အမှုမထားသည့် အမူအရာဖြင့် ပြောလိုက်သည်။ “ လုပ်ပြီးရမယ့် ဟာတွေက လုပ်ပြီးသွားပြီ … ကျန်တာက သူတို့အပေါ်ပဲ မူတည်တယ် … ထိပ်တိုက်ရင်ဆိုင်မလား … ဒါမှမဟုတ် ဒီတိုင်းပဲ အရှုံးပေးလာခဲ့မလား စောင့်ကြည့်ကြတာပေါ့ ….”

“ ထိပ်တိုက် ရင်ဆိုင်ဖို့ကတော့ မဖြစ်နိုင်ဘူးထင်တယ်… ကျွန်မအထင်တော့ သူတို့တွေ ဘုရင်ကြီးကို ကယ်တင်ဖို့ နယ်ရုပ်တွေကို စတေးပစ်လောက်တယ် …” ရှောင်ပင်း ပြောလိုက်သည်။

“ ငါလည်း အဲ့လို ထင်တယ် …” လော့ချီက ထပ်ဖြည့် ပြောလာသည်။

“ အခု ကိစ္စက တိုင်းသိပြည်သိ ဖြစ်လို့ တစ်နိုင်ငံလုံးက စောင့်ကြည့်နေကြတာ … ခြေတစ်လှမ်း မှားယွင်းသွားတာနဲ့ လူအများရဲ့ အမြင်ဖိအားက သူတို့ ဘယ်သူ့ကိုမဆိုအပေါ် ကျရောက်လာမှာပဲ …”

“ ဒါကြောင့်မို့ မင်းတို့အားလုံးကို ဒီမှာ စားဖို့ခေါ်လိုက်တာ … ပြီးတော့ ငါတို့ချင်း မဆုံဖြစ်တာ ကြာပြီမို့လည်း ပါတာပေါ့ ….”

“ ဟီးဟီး … ဒီကိစ္စကြောင့်သာ မဟုတ်ရင် ကျုပ်တော့ဖြင့် ကျုပ်တို့တွေ ကျိုးဟိုင် လာပြီး ခေါင်းဆောင်ဆီ လာလည်ရင်ကောင်းမလားလို့ စဉ်းစားနေကြတာ ….” ရှောင်းကျန်းဖုန်းက ပြောလိုက်သည်။

“ ဘာလဲ … ကိစ္စ တစ်ခုခု ရှိလို့လား …” လင်းရီ သိချင်စိတ် ပြင်းပြစွာဖြင့် မေးလိုက်၏။

“ လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်တုန်းက ကျုပ် ရန်ကျင်းသွားတုန်း တပ်ဖွဲ့ဆီ ခဏ ဝင်ဖြစ်တယ် … ကျုပ် ဘော့စ်လျိုဆီက ကြားမိတာ ကျိုးဟိုင်မှာ အခြေအနေ နည်းနည်း ထူးဆန်းတယ်ဆိုပဲ … အတော်လေး သံသယ ဖြစ်ဖို့ကောင်းတဲ့လူ ရောက်နေတယ်လို့ပြောတယ် … သူက ကျုပ်တို့ကို သွားပြီး စစ်ဆေးကြည့်စေချင်နေတာ …”

All Chapters