← Chapters

ပွဲစပြီ

Vol. 148 Ch. 2198

ပွဲစပြီ

Vol. 148 Ch. 2198

ဖုန်းချပြီးနောက် လင်းရီသည် ဝမ်ရှောင်ဟွေ့၊ ချင်းရင်းလုံ ၊ ကျောက်ဟော် ၊ ကူဖန့်၊ စွန်းချွမ်းချန်၊ လုယွမ်လင်းတို့နှင့် ဆက်စပ်သည့် သတင်းအချက်အလက်များကို ရှောင်ပင်းထံသို့ ပို့ပေးလိုက်သည်။

အားလုံး စီစဉ်ပြီးသည်နှင့် လင်းရီ မတ်တပ်ရပ်ပြီး အညောင်းအညာဆန့်လိုက်သည်။ သူ စကားတွေ အမျာကြီး ပြောခဲ့ရသဖြင့် သူ့ ပါးစပ်ပင် မီးခိုးထွက်တော့မယောင် ခံစားနေရလေသည်။

လက်ထဲရှိ တာဝန်များကို စီစဉ်ခွဲဝေ ဆောင်ရွက်ပြီးနောက် လင်းရီ သူ့အခန်းထဲ ဆက်မတော့ဘဲ ထွက်ခွာရန် ဟန်ပြင်လိုက်သည်။

သူတံခါးဖွင့်လိုက်သည့် အချိန်မှာပဲ ဟိုတယ်ဝန်ထမ်းတစ်ဦးက တွန်းလှည်းနှင့် သူ့တံခါးရှေ့ ဖြတ်သန်းသွားသည်။

ထို့ပြင် ဤလူက ဗွီဒီယိုထဲ သူ မြင်ဖူးသည့် တစ်ယောက်နှင့် တစ်ထေရာတည်းပင်။

လင်းရီ ရုတ်တရက်ကြီး ထွက်လာတာကို မြင်တော့ ရုပ်ဖျက်ထားသည့် ဝန်ထမ်းက ရှုပ်ထွေးသည့် အရိပ်အယောင်တို့ တခဏမျှ ဖြတ်ပြေးသွားခဲ့ပြီး အလျင်အမြန်ပဲ ပုံမှန်ပြန်ဖြစ်သွားခဲ့သည်။

“ ဆရာ … အခန်းသန့်ရှင်းရေး ဝန်ဆောင်မှု ယူဦးမလားဗျ ….”

“ မလိုသေးဘူး …”

လင်းရီ လိုတိုရှင်း တုံ့ပြန်ပြီး ယုံကြည်ချက် အပြည့်ဖြင့် ဓာတ်လှေကားထဲသို့ ဝင်သွားခဲ့သည်။

လင်းရီ သူ့မြင်ကွင်းထဲက ထွက်သွားခဲ့ပြီးနောက် ဝန်ထမ်းက ဝေါ်ကီတော်ကီကို ကောက်ပြီး တီးတိုးပြောလိုက်၏။

“ အစ်ကိုမာ … ဟိုငနဲ ထွက်သွားပြီ … အပြင်ရောက်ရင် တွေ့ပါလိမ့်မယ် …”

“ အိုကေ … ငါသိပြီ …”

အချိန်က ရေအလျင်နှယ် စီးဆင်းသွားခဲ့ပြီး မကြာခင်မှာပဲ ညဆယ်နာရီကျော် အချိန်သို့ ရောက်လာခဲ့သည်။

ဟိုတယ်အပြင်ဘက်တွင် GL8 တစ်စင်းက ပါကင်ထိုးထားပြီး အထဲတွင် လူတစ်ဦး ထိုင်နေသည်။ ထိုလူက သူ့ရဲ့ သားကောင်ကို ချောင်းမြောင်းနေသည့်နှယ် ပြတင်းပေါက်အပြင်ဘက်သို့ မျက်စိရှင်ရှင်ထားပြီး စောင့်ကြည့်နေလျက် ရှိသည်။

ခရီးသည် ထိုင်ခုံတွင် ထိုင်နေသည့် လူက ကတုံးကို ပြောင်အောင် တုံးထားပြီး အမူအရာကင်းမဲ့သည့် မျက်နှာထားဖြင့် စီးကရက်တစ်လိပ်ကို သောက်နေသည်။

သူ့နာမည်က မာပေါ် ဖြစ်ပြီး ကျန်းကျားဟောက်၏ ထိပ်တန်း လက်ပါးစေ တစ်ဦးဖြစ်ကာ လင်းရီကို မနက်ကတည်းက စောင့်ကြည့်နေတာ ဖြစ်သည်။

လင်းရီ ထင်ထားတဲ့ အတိုင်းပဲ သူတို့ရဲ့ အထောက်အထားကို ဖော်ထုတ်မိမှာ စိုးရွံ့သည့်အတွက် ရှောင်းကျန်းရဲ့၏ အကြံပေးမှုဖြင့် သူတို့တွေ လင်းရီနောက်ကို တစ်ချိန်လုံး မလိုက်ခဲ့ကြချေ။ ထိုအစား သူတို့လူများကို စီစဉ်နေရာ ချထား၍ လင်းရီ၏ လှုပ်ရှားမှုတိုင်းကို ဟိုတယ်၏ ထောင့်ဘက်ပေါင်းစုံမှ စောင့်ကြည့်နေခဲ့ကြသည်။

လင်းရီ ညဘက် ဟိုတယ်သို့ ပြန်လာသရွေ့ သူတို့ လှုပ်ရှားဖို့ အခွင့်အရေးရမှာ ဖြစ်၏။

သူ့နောက်ကို တကောက်ကောက်လိုက်ပြီး စွန့်စားနေဖို့ မလိုချေ။

လင်းရီ တက္ကစီတစ်စင်းပေါ်က ဆင်းလာတာကို မြင်တော့ မာပေါ်၏ မျက်ခုံးနှစ်ဖက်မှာ တင်းကြုတ်သွားခဲ့သည်။

လင်းရီ ဟိုတယ်၏ အဓိက ဝင်ပေါက်ဝသို့ ဝင်သွားသည့်တစ်လျှောက်လုံး မာပေါ် သူ့အကြည့်ကို လင်းရီ ကိုယ်ပေါ်မှ တစ်ဖဝါး မခွာခဲ့ချေ။ ထို့နောက်တွင်မှပဲ စကားပြောစက်ကို ကောက်ကိုင်လိုက်၏။

“ အပေါ်ထပ်ကကောင်တွေ သတိ … ပစ်မှတ် အပေါ်တက်လာပြီ ….”

“ နားလည်ပြီ …”

မိနစ် အနည်းငယ်ကြာပြီးနောက် မာပေါ်ရဲ့ စကားပြောစက်က အသံများ ဆူညံလာသည်။

“ အစ်ကိုမာ … သူ အခန်းထဲ ရောက်သွားပြီ …”

“ နိုးနိုးကြားကြားနေ … ဒီညက လှုပ်ရှားဖို့ အကောင်းဆုံးပဲ … ဘာအမှားအယွင်းမှ မဖြစ်စေနဲ့ ….”

“ နားလည်ပါပြီ ….”

သူ့ လက်အောက်ငယ်သားများနှင့် ဆက်သွယ်ပြီးနောက် မာပေါ် သူ့ထိုင်ခုံနောက်ကျောသို့ သက်တောင့်သက်သာဖြစ်စွာ မှီလိုက်သည်။

ယခု ညဆယ်နာရီကျော်နေပြီ ဖြစ်သဖြင့် ပစ်မှတ် သူ့အခန်းထဲက ထပ်ပြီး ထွက်လာမည်လို့ မထင်ပေ။

ကျန်ရစ်သည်က ညအချိန်အခါကောင်းကို စောင့်ဆိုင်းပြီး သူတို့ဘက်က လှုပ်ရှားဖို့ပဲ ဖြစ်သည်။

ထိုအချိန်၌ Rolls Royce Phantom တစ်စင်းက GL8 နှင့် ပြိုင်လျက် လာရပ်သည်။

ကားတံခါး ပွင့်လာခဲ့ပြီး အဖြူရှောင်ရှပ်နှင့် ဘောင်းဘီကို ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦး ထွက်လာသည်။

အမျိုးသားက ပိန်ပါးပြီး မျက်နှာထက်တွင် ကျောက်ပေါက်မာကဲ့သို့ ချိုင့်ခွက်ထစ်များ ပြည့်နှက်နေပြီး သူ၏လှုပ်ရှားမှုတိုင်းက ဒေါသမထွက်ဘဲနှင့်ကို မာန်ပါနေခဲ့သည်။

ဤလူကတော့ ကွမ်တုံး စီရင်စုတွင် အရက်စက်ဆုံးဟု ကျိုးကွမ်းယောင် ဆိုညွှန်းခဲ့ဖူးသည့် ကျန်းကျားဟောက်ကလွဲ၍ အခြားလူ မဟုတ်ချေ။

ကားထဲက ထွက်လာခဲ့ပြီးနောက် ကျန်းကျားဟောက်က ဘေးဘီဝဲယာကို တစ်ချက်ရှိုးပြီး ကားတံခါးဖွင့်၍ အထဲသို့ ဝင်လာခဲ့သည်။

ကျန်းကျားဟောက်ကို သတိပြုမိတော့ မာပေါ်လည်း သူ့ကိုယ်နေဟန်ထားကို ချိန်ညှိလိုက်သည်။

“ အစ်ကိုဟောက် … ရောက်လာပြီလား ….”

“ ငါ အစတုန်းက လာချင်တာ မဟုတ်ဘူး … ဒါပေမယ့် ရှောင်းကျန်းရဲ့က ငါ့ကို အတင်းသွားခိုင်းလို့ … တစ်ခုခု အမှားအယွင်းဖြစ်မှာ ကြောက်လို့တဲ့လေ….”

“ ကျုပ် နားမလည်တာ ဒီငနဲက ဘာကောင်မို့လို့ ရှောင်းကျန်းရဲ့က အဲ့လောက် ဖင်တုန်အောင် ကြောက်နေတာ …”

“ ရှောင်းကျန်းရဲ့ကို ဒီလောက်ထိ ဖြစ်အောင် လုပ်နိုင်တဲ့လူက ကျိန်းသေပေါက် ရိုးရှင်းမှာ မဟုတ်ဘူး … ဂရုစိုက်တာကောင်းမယ် …” ကျန်းကျားဟောက်က စီးကရက်တစ်လိပ်ကို မီးညှိပြီး ပြောလိုက်သည်။

“ အကုန်လုံး ပြင်ထားပြီးပြီလား ….”

“ ကားနောက်ထဲမှာ အကုန် အဆင်သင့်ပဲ … ဒီည ကျုပ်တို့ ညီကို တစ်ချို့ကို ခေါ်ပြီး နည်းနည်းပါးပါး ပစ်ခတ်လိုက်ရင် ကိစ္စက ပြီးပြီ …”

ကျန်းကျားဟောက် ခေါင်းညိတ်လိုက်သည်။ “ အထဲကကောင်တွေကို နိုးနိုးကြားကြား ရှိဖို့ သတိပေးလိုက် … ဘာလွဲမှားချော်မှားမှ မဖြစ်စေနဲ့ ….”

“ နားလည်ပါပြီ အစ်ကိုဟောက် ….”

ကလင် ကလင် ကလင် …

နှစ်ယောက် စကားပြောနေစဉ်တွင် ကျန်းကျားဟောက်ရဲ့ ဖုန်းသံ မြည်လာခဲ့၏။ ရှောင်းကျန်းရဲ့ထံကပင်။

“ ဘော့စ်ရှောင်း … မင်း ဒီအချိန်ကြီး ဖုန်းဆက်လာတာ ငါ ဖန့်ချိန် ရောက်မရောက် စစ်ဆေးချင်လို့ မလား …”

“ ငါတို့ချင်း ရင်းနှီးလာတာ ဒီလောက်ကြာပြီကို မင်း ဘယ်လိုလူစားမျိုးလဲ ငါ မသိဘဲ နေမလား ….” ရှောင်းကျန်းရဲ့က ရယ်ကျဲကျဲဖြင့် ပြောသည်။

“ ငါ ရစ်ဇ်ကာတွန် ဟိုတယ် အပြင်မှာ ရှိတယ် … ထွက်လာခဲ့ … အရက်သောက်ကြမယ် … ပြီးမှပဲ ရှိုးပွဲကို ပြန်လာကြည့်ကြတာပေါ့ ….”

“ မင်းလည်း ဒီရောက်နေတယ်ပေါ့ …” ကျန်းကျားဟောက် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

“ အမှားအယွင်း‌‌တွေ ရှိလာမှာစိုးလို့ ငါတို့ ကိုင်တိုင် ရောက်လာကြည့်တာ …” ရှောင်းကျားရဲ့က တစ်ချက် ရယ်ပြီး ပြောလိုက်သည်။ “ ဒီနားမှာ စားကောင်းတဲ့ စားသောက်ဆိုင် တစ်ဆိုင်ရှိတယ် … သွားပြီး မြည်းစမ်းကြည့်ကြစို့ … ငါမင်းဖို့ လူတွေ စီစဉ်ထားပေးပြီးသား …”

“ ဒါဆိုလည်း သွားကြတာပေါ့ ….”

ထို့နောက် ရှောင်းကျန်းရဲ့က ကျန်းကျားဟောက်ကို လိပ်စာပို့လာခဲ့သည်။ ဆယ့်ငါးမိနစ်ခန့် ကြာပြီးနောက် သူတို့တွေ ရစ်ဇ်ကာတွန် ဟိုတယ်အနီးနား စားသောက်ဆိုင်တစ်ခုတွင် ဆုံသည်။

ကျန်းကျားဟောက်က ကျိုးကွမ်းယောင်ကို မမြင်ဖူးသည့်အတွက် အချင်းချင်း မိတ်ဆက်ပေးလိုက်ပြီး သူတို့တွေ စပြီး စားသောက်ကြသည်။

“ မင်းတို့ကို ဒီလောက် ရေးကြီးခွင်ကျယ် ဖြစ်အောင် လုပ်တဲ့ အဲ့လင်းရီက … အတော်လေး ထူးခြားတဲ့ အထောက်အထားနဲ့ ကျောထောက်နောက်ခံ ရှိရမယ် … ဟုတ်တယ်ဟုတ် ….”

“ အမှန်ပဲ … ဒါပေမယ့် သူ ဘယ်သူဆိုတာကိုတော့ ငါမင်းကို ပြောပြလို့ မရဘူး … ဘယ်လို မတော်မဆမှုမျိုးမှ မဖြစ်သွားဘဲ သူ သေသွားတယ်ဆိုတာကိုပဲ သေချာအောင်လုပ် … ဒါ ဂိမ်းအကြီးစားနော် ဟေ့ကောင် … အောင်မြင်သွားတာနဲ့ မင်း ကွမ်တုံးစီရင်စုတစ်ခုတည်းတင် မကဘူး … ဟွာရှတစ်ခုလုံးကို သောင်းကြမ်းချင်သလို သောင်းကြမ်းစမ်း …. ငါတို့ရဲ့ ကစားကွင်းကြီး ဖြစ်ပြီ … “

“ မင်းငါ့ကို လိမ်နေတာတော့ မဟုတ်ဘူးမလား …” ကျန်းကျားဟောက်က ရယ်မောလျက် ပြောလိုက်၏။

“ ငါ့ကောင်ရာ... မင်း စဉ်းစားကြည့်… တကယ်လို့ ဘာမဟုတ်တဲ့ အသေးအမွှား ကိစ္စလေးဆိုရင် ငါက မင်းကို ခေါ်လိုက်မှာလား … ဒီညက ငါတို့ သမိုင်းမှတ်တမ်း အသစ်ကို ရေးထိုးမယ့်နေ့လောက်ကို အရေးပါတယ် …”

ကျန်းကျားဟောက် သူ့ထိုင်ခုံ နောက်ကျောသို့ မှီပြီး စီးကရက် နောက်တစ်လိပ်ကို မီးညှိလိုက်သည်။

“ မင်း ပြောသလိုဆိုရင် ကြည့်ရတာ ငါတို့ဘက်က လူတွေ ပိုပြီး ခပ်များများ လွှတ်ရမလိုပဲ ….”

“ မင်း သူ့ကို ဖယ်ရှားရှင်းလင်းနိုင်မယ်ဆိုရင် ဘယ်လို အရေအတွက်ပဲ ဖြစ်ဖြစ် တန်တယ် ….”

ကျန်းကျားဟောက် အမူအရာကင်းမဲ့သွားပြီး စက္ကန့်အနည်းငယ်လောက်ကြာအောင် တိတ်ဆိတ်သွားခဲ့သည်။

“ ဒီကိစ္စကို ဘယ်သူ နောက်ခံပေးထားလဲ….”

“ ဝမ်ရှောင်ဟွေ့ ….”

“ သူတောင် ပါဝင် ပတ်သက်နေတယ်လား ….” ကျန်းကျားဟောက် အံ့အားသင့်သည့် အမူအရာကို ဖော်ပြလာသည်။ ဝမ်ရှောင်ဟွေ့ မည်သို့သော လူစားမျိုး ဖြစ်လဲဆိုတာကို သူ ကောင်းကောင်းကြီး သတိပြုမိ၏။

ထိုကဲ့သို့သော လူစားမျိုးကိုယ်တိုင် ဝင်စွက်ဖက်လာရသည်အထိဆိုတော့ ဤကိစ္စက ဘယ်နည်းနှင့်မျှ အသေးအမွှား မဖြစ်နိုင်တော့ချေ။

လင်းရီဆိုသည့်ကောင်က မျက်လုံးနှင့် မြင်တွေ့နေရသည်ထက်ကို ပိုနေလောက်သည်။

“ ငါ့လူတွေ သူ့ကို မျက်လုံးဒေါက်ထောက် ကြည့်ထားတယ် … သတ်ဖို့က ဘာပြဿနာမှ ရှိမှာမဟုတ်ဘူး ….” ကျန်းကျားဟောက် ပြောလိုက်ပြီး “ ဒါပေမယ့် ငါတို့ရဲ့ ခြေရာလက်ရာတွေကို ဖုံးကွယ်ဖို့လည်း လိုသေးတယ် .. ပြီးတာနဲ့ အားလုံးကို မီးရှို့ပစ်ဖို့ ငါလုပ်ထားတယ် … ပြီးရင် ဆုံးရှုံးမှုတွေအတွက်လည်း မင်းတို့ဘက်က တန်ကြေးပြန်ပေးရမယ် …”

“ ပြဿနာ မရှိဘူး ….” ကုဟိုင်ချောင် ပြောလိုက်ပြီး “ ယုံကြည်ချက် ရှိရှိနဲ့တာလုပ် … မင်း ရစ်ဇ်ကာတွန် ဟိုတယ်ကြီးကို မီးမရှို့ပစ်ရင် ရပြီ …”

“ နောက်ဆက်တွဲ ကိစ္စတွေ ငါကိုင်တွယ်လိုက်မယ် ….”

စီးပွားရေးကိစ္စများ ဆွေးနွေးပြီးနောက် အုပ်စုမှာ လွတ်လွတ်လပ်လပ် စတင်စားသောက်ကြတော့သည်။

အနီးရှိ မိန်းကလေးများကလည်း ကျောက်ရုပ်ကြီးလို ထိုင်မနေကြချေ။ သူတို့ သူဌေးတွေနဲ့ အီစီကလီ လုပ်ပေးနေကြ၏။

ကလင် ကလင် ကလင် …

မနက်ခင်း တစ်နာရီလောက်ထိုးတော့ ကျန်းကျားဟောက်၏ ဖုန်းသံ မြည်လာသည်။ မာပေါ်ထံက ဖြစ်၏။

“ အစ်ကိုဟောက်… အချိန်ကောင်းတော့ ရောက်လာပြီလို့ထင်တယ် … ကျုပ်တို့ အခုချက်ချင်း လှုပ်ရှားလို့ရပြီ … အမိန့်ပေးလိုက်တော့ …”

“ ကောင်းပြီ … ငါ အခု ပြန်လာနေပြီ ….”

အသိအမှတ်ပြုပြီးနောက် ကျန်းကျန်းဟောက် ဖုန်းချ၍ ချက်ချင်း မတ်တပ်ရပ်လိုက်သည်။

“ ကိုင်း လူကြီးမင်းတို့ … ရှိုးပွဲက စတော့မယ် … သွားပြီး ကြည့်ကြစို့ …”

“ ဟားဟား … သွားကြစို့ …” ရှောင်းကျန်းရဲ့ ပြောလိုက်သည်။

“ ဒီကနေ့ … ဒီကောင်က သံချောင်းလို မာတာ ဟုတ်မဟုတ် ငါ ကြည့်စမ်းဦးမယ် …”

All Chapters