← Chapters

အင်ပါယာဓား ကိုင်ဆောင်သူ

Vol. 148 Ch. 2203

အင်ပါယာဓား ကိုင်ဆောင်သူ

Vol. 148 Ch. 2203

“ တကယ် … အဲ့လို ကိစ္စမျိုးလည်း ရှိသေးတယ်ပေါ့ ….”

“ ဘော့စ်လျို ပြောတဲ့ပုံစံကို ကြည့်ရင်တော့ သူလည်း သိပ်တော့ မသေချာဘူး … ဒါကြောင့်မို့ ထွေထူး ဂရုစိုက်မနေဘဲ ကျုပ်ကို အားတဲ့အချိန် တစ်ချက် ကြည့်ကြည့်ဖို့ ပြောလာခဲ့တာ ….”

လင်းရီ တွေးတွေးဆဆနှင့် ဆင်ခြင်ကြည့်လိုက်ပြီး ဤကိစ္စက တကယ်ပဲ ကြီးကြီးမားမား ကိစ္စ မဖြစ်နိုင်ဟု ခံစားလိုက်ရသည်။

အကယ်၍ အမှန်တကယ် လေးနက်သည့် ကိစ္စဖြစ်မည်ဆိုပါက ရှောင်းကျန်းဖုန်း တစ်ဦးတည်း သိရမှာ မဟုတ်ချေ။

“ ဒါဆိုလည်း မင်းတို့ကောင်တွေ တစ်ချက် ကြည့်ကြည့်ပေါ့ .. အခုလည်း မင်းတို့ကောင်တွေ အားနေတာပဲမလား ….”

“ နားလည်ပြီ …”

ကိစ္စများ ဆွေးနွေးပြီးနောက် ညစာ ပါတီကလည်း ည ရှစ်နာရီတွင် တရားဝင် စတင်လေသည်။ စားပွဲပေါ်ရှိ အမျိုးမျိုးသော စားသောက်ဖွယ်ရာများကလည်း သုံးနာရီကြာပြီးနောက် ဖြည်းဖြည်းချင်း လျော့နည်းလာခဲ့သည်။

“ အစ်ကိုရီ … ဖန့်ချိန်က ကိစ္စရပ်တွေက ကိုင်တွယ်ပြီးလုနီးပါး ဖြစ်နေပြီဆိုတော့ ကျိုးဟိုင်ကို ပြန်ဖို့ အစီအစဉ်ရှိလား ….”

“ မနက်ဖြန် …” လင်းရီ ခွန်းတုံ့ပြန်လိုက်သည်။ “ မနက်ဖြန်လောက်ဆို ငါတို့ ရလဒ်တစ်ခုခုတော့ သေချာပေါက် ရပြီ ..”

“ ဒါဆို အခုကတည်းကကြိုပြီး လေယာဉ်လက်မှတ် ဖြတ်ထားလိုက်တော့မယ်နော်….”

“ လုပ်လိုက်လေ .. အတူပြန်ကြတာပေါ့ … ဟိုမှာ ငါ့အိမ် အလွတ်တစ်လုံး ရှိတယ် … မင်း အဲ့ဒီမှာ နေလို့ရတယ် ….”

“ အဟိ ... ဒါဆိုလည်း ဟိုတယ်မှာ တည်းစရာ မလိုတော့ဘူးပေါ့ ….”

စားသောက်ပြီးနောက် အုပ်စုလည်း ဆိုင်ထဲက ထွက်လာခဲ့ကြသည်။

ကလင် ကလင် ကလင် …

ထိုအချိန်မှာပဲ လင်းရီ၏ ဖုန်းသံ မြည်ဟည်းလာသည်။ ကျီချင်းရန်ထံက ဖြစ်၏။

လင်းရီ စကားမပြောနိုင်သေးခင်မှာပဲ ကျီချင်းရန်က မေးလာခဲ့သည်။

“ နင် ရစ်ဇ်ကာတွန် ဟိုတယ်မှာ တည်းနေတာမလား ….”

“ အင်း … ငါ အရင်ကလည်း မင်းကို ပြောပြဖူးပါတယ် ...”

“ ဒီမနက်ခင်း သတင်းထဲ ဟိုတယ်ဝင်ပေါက်ဝမှာ ကားတစ်စင်း ပေါက်ကွဲတဲ့အကြောင်း တွေ့လိုက်ရတယ် … နင် အဆင်ပြေတယ်မလား ….”

အာ …..

“ မနေ့ညက ငါ အိပ်ပျော်သွားတာ အသေကောင်အတိုင်းပဲ … ငါလည်း ဒီမနက်ခင်းမှ ဖြစ်သွားမှန်း သိလိုက်ရတာ ….”

“ နင် အဆင်ပြေတယ်ဆို ပြီးတာပဲ … ဒီနေ့ ပြောင်းလိုက်တော့ … အဲ့မှာ ဆက်မနေနဲ့တော့ ….”

“ ဟီးဟီး … အိုကေ အိုကေ ….”

“ ဟီးဟီး လုပ်မနေနဲ့ … ငါ ဒီမှာ အလေးအနက်ထားပြီး ပြောနေတာ … အမှုပြီးတာနဲ့ ဖန့်ချိန်ကနေ မြန်မြန်ပြန်လာခဲ့တော့ ….”

“ အင်းပါ … ငါ နားလည်ပါတယ် ….”

ဖုန်းချပြီးနောက် လင်းရီ အနည်းငယ် သက်တောင့်သက်သာ ဖြစ်သွားသည်ဟု ခံစားလိုက်ရသည်။

ကျီချင်းရန်ဆီကနေ ယခုလိုမျိုး စိတ်ပူသည့် ဖုန်းကောမျိုး မရရှိခဲ့သည်မှာ အချိန်တစ်ခုလောက်ကို ကြာသွားခဲ့လေပြီ။

“ အစ်ကိုရီ … ဖန့်ချိန်က အခြေအနေက ပူပူနွေးနွေး ဖြစ်နေတာဆိုတော့ ဖန့်ချိန် ကုန်သည်ကြီးများ အသင်းက ကြံမိကြံရာတွေ လောင်းကြေးထပ်လာတာရော ဖြစ်နိုင်လောက်လား ….” ကျန်းချောင်ယွဲ့ မေးလာခဲ့သည်။

“ ဖြစ်နိုင်တာပေါ့ … အဲ့ဒီအခြေအနေတွေကိုလည်း ငါ ထည့်စဉ်းစားပြီးပြီ …” လင်းရီ ပြောလိုက်သည်။ “ သူတို့မှာ အဲ့လို လုပ်ဝံ့တဲ့ ဇရှိမရှိဘဲ ကြည့်ရမှာ ….”

“ ကြိုတင် ပြင်ဆင်ထားတာတွေရော လုပ်ပြီးပြီလား .. တကယ်လို့ အလစ်ငိုက် တိုက်ခိုက်ခံရရင် ကောင်းမှာ မဟုတ်ဘူးနော်…”

“ အဲ့ကိစ္စ ပူစရာ မလိုဘူး … ရှောင်ပင်း အားလုံး စီစဉ်ထားပြီးသား …”

“ ကျစ် ကျစ် ကျစ် … ငါကတော့ သူတို့တွေ အဲ့လိုမျိုး လောင်းကြေးထပ်လာဖို့ပဲ မျှော်လင့်တယ် … သူတို့တွေ ဘယ်လောက်ထိ ပြဿနာ ပေးနိုင်မလဲဆိုတာ ငါကြည့်စမ်းဦးမယ် …” လော့ချီက မှတ်ချက်ပေးလိုက်သည်။

“ နင့် အဲ့ဒီ ကျီးကန်းပါးစပ်က လျှောက်လျှောက်မပြောနဲ့ …” ကျန်းချောင်ယွဲ့ ပြောလိုက်ပြီး “ ဒီကလူတွေက သတ္တိသိပ်ကောင်းကြတာ … သမိုင်းတွေ ရှိခဲ့ဖူးတယ်လို့တောင် ငါကြားဖူးတယ် … ဗဟိုဌာနက ရာထူးကြီးတဲ့ လူတစ်ချို့ စုံစမ်းဖို့ ရောက်လာတာ အကုန်လုံး ပျောက်သွားကုန်ကြတယ်ဆိုပဲ … သူတို့ ပျောက်သွားတဲ့ ဖြစ်ရပ်ကလည်း အခုချိန်ထိ ဆန်းကြယ်နေတုန်းပဲ … သူတို့ မလုပ်ဝံ့တဲ့အရာတွေ တကယ်ကို မရှိတာ …”

“ ဒီလိုတွေ ပြောနေတာ နင် နေ့ညတုန်းက ဘာတွေ ဖြစ်သွားခဲ့လဲ မသိသေးဘူးနဲ့တူတယ် …”

ရှောင်ပင်းမှာ အားတက်သရော ဖြစ်စွာနှင့် အခြားသူများကို ယမန်နေ့ညက ဖြစ်ရပ်များအကြောင်း စပြီး ရှင်းပြတော့သည်။

ဇာတ်လမ်းကို နားထောင်ပြီးနောက် အုပ်စုရှိ လူခြောက်ယောက်လုံး ကိုယ်စီ အံ့အားသင့်စွာဖြင့် လေအေးကြီးများ ရှူရှိုက်မိသွားခဲ့ကြသည်။

“ တကယ် … ခေါင်းဆောင်က တကယ့်ကို သောက်ကြမ်းကြီးပဲ … ကားနဲ့လူတွေကိုတောင် ဖောက်ခွဲပစ်တယ်ဆိုတော့ ….”

“ နင် အဲ့တုန်းကို မြင်ကွင်းကို မမြင်တွေ့လိုက်ရလို့ … သိပ် ရင်ဖိုဖို့ ကောင်းတာပဲ …” ရှောင်းပင်းက စိတ်လှုပ်ရှားမှု အပြည့်ဖြင့် ပြောသည်။ “ ဒါကြောင့်မို့ ငါ မှန်းကြည့်ရရင် သူတို့တွေ လှုပ်ရှားဖို့ စဉ်းစားနေတယ်ဆိုရင်တောင်မှ သူတို့ရဲ့ ကိုယ့်လုပ်နိုင်စွမ်းကိုယ် အရင်ချင့်ချိန်ဖို့ လိုသေးတယ် …. လက်ရှိ အများရဲ့ အမြင်ဖိအားက သူတို့တွေကိုပဲ ဆန့်ကျင်နေတာ … ပြီးတော့ သူတို့တွေ ဘယ်လို အဆုံးသတ်သွားမလဲဆိုတာက အခုထိ မသေချာသေးဘူး … ဒါကြောင့်မို့ သူတို့ လှုပ်ရှားချင်တယ်ဆိုရင်တောင် လုံလောက်တဲ့ သတ္တိ ရှိမှာ မဟုတ်ဘူး ….”

“ ဘာလို့ဆို အစ်ကိုရီရဲ့ အကွက်တွေက သိပ်ကြောက်ဖို့ ကောင်းလွန်းနေလို့လေ … ဘယ်သူမဆို ကြောက်ပြီး တောင့်တင်းနေမှာ သေချာတယ် … ဖမ်းခံရဖို့ စောင့်ဆိုင်းနေရုံပဲ ရှိမှာ …”

“ သွားစို့ … ပြီးခဲ့တာတွေက ပြီးပြီ …. ဘာမှ ဆွေးနွေးနေစရာ အကြောင်းမရှိဘူး ….” လင်းရီ ပြောလိုက်၏။ “ ဟိုတယ် အရင်ပြန်ကြစို့ … ဒီနေ့ ငါတို့ ဖန့်ချိန်ကို ခဏလောက် လည်ပတ်ပြီးရင် ကျိုးဟိုင်ကို ပြန်ကြမယ်….”

“ ဟုတ်ပြီကွ ….”

အုပ်စုက ဟိုတယ်သို့ ပြန်လာ၍ သူတို့ ခရီးဆောင်အိတ်များကို ပြင်ဆင်ဖို့ ဟန်ပြင်ကြသည်။

ကလင် ကလင် ကလင် …

သူတို့တွေ ဟိုတယ်ဝင်ပေါက်ဝသို့ ရောက်သည့် အချိန်မှာပဲ နံပါတ်စိမ်းတစ်ခုက လင်းရီဖုန်းထဲ ဝင်လာသည်။

“ ဟယ်လို …”

“ ဟယ်လို …. ခေါင်းဆောင်လင်းနဲ့ ဖုန်းပြောချင်လို့ပါ ….”

“ ခင်များက ဘယ်သူလဲ ….”

“ ငါ့ကိုယ်ငါ မိတ်ဆက်ပေးပါရစေ … ငါ့နာမည်က စုဝန်ရန် … ဗဟိုကော်မရှင် စည်းကမ်းထိန်းသိမ်းရေး ဌာနက အင်စပက်တာပါ … ဖန့်ချိန်က အခြေအနေကိစ္စအကြောင်း နည်းနည်း‌မေးမြန်းချင်တာ ရှိလို့ မင်း အချိန်ရလား … အဆင်ပြေရင် လူချင်းတွေ့ပြီး စကားပြောချင်လို့ ….”

စောက်ကျိုးနည်း ….

လင်းရီ စိတ်ထဲ ကျယ်လောင်စွာ မြည်တမ်းမိသွားခဲ့သည်။

' အင်ပါယာဓား ကိုင်ဆောင်သူ ‘ လို့ သတ်မှတ်လို့ရတဲ့ တစ်စုံတစ်ယောက်ကို ဒီလောက် မြန်မြန်ပဲ စေလွှတ်လာတယ်… ကြည့်ရတာ ဖန့်ချိန်က အခြေအနေကို မြန်မြန် ဖြေရှင်းချင်နေတယ်နဲ့တူတယ် ….

“ ကျုပ်ကတော့ ခင်များကို ဒီကိစ္စထဲ ဝင်ပါဖို့ အကြံမပေးချင်ဘူး ….”

“ ခေါင်းဆောင်လင်း …. မင်းက ငါတို့ရဲ့ စည်းကမ်းထိန်းသိမ်းရေးနဲ့ ဆုံးဖြတ်ချက်တွေကို သံသယ ဝင်နေတာလား …”

“ မဟုတ်ဘူး မဟုတ်ဘူး… ကျုပ်ဆိုလိုချင်တာ အဲ့ဒီ အဓိပ္ပာယ် မဟုတ်ဘူး ….” လင်းရီ ရှင်းပြလိုက်သည်။

“ ရှန်းဝေ့ကလူတွေ ဘယ်လောက်တောင် ချီးထုပ်ကျတဲ့ ကောင်တွေလဲဆိုတာ ကျုပ်ထက်ပိုပြီး ခင်များက ပိုသိမှာတော့ …. အခု … သူတို့လူတွေက ဖန့်ချိန်မှာဆိုတော့ ခင်များအတွက် အန္တရာယ်ရှိမှာကို စိုးရိမ်လို့ပါ … ပြီးတော့ ထာဝရ ကျေးရွာမှာ ဘာတွေ ဖြစ်သွားခဲ့လဲ ခင်များလည်း သိပါတယ် … သူတို့သာ ကြံမိကြံရာတွေ လျှောက်လုပ်လာရင် ဘာတွေ လုပ်လာမလဲ ဘယ်သူမှ မပြောနိုင်ဘူး ….”

“ ရတယ် … ဒါက ငါ့အလုပ်ပဲလေ …. ဘာတွေပဲ ဖြစ်လာဖြစ်လာ ငါ့ဘက်က သေချာ စုံစမ်းစစ်ဆေးဖို့ ဆုံးဖြတ်ပြီးသား ….”

“ ငါ့အစ်ကို … ခင်များတို့က ဘယ်လိုလူစားမျိုးတွေလည်း ကျုပ် ရှင်းရှင်းလင်းလင်းကြီး သိတယ် … အဲ့လိုဆိုတာလည်း ကျုပ် လုံးဝ ယုံတယ် …” လင်းရီ ပြောလိုက်ပြီး “ ဒါပေမယ့် ခင်များက ဒီရောက်ရောက်ချင်း ကျုပ်ဆီ ဆက်သွယ်လာတယ်ဆိုတော့ ကျုပ်အထင် ခင်များကို အကြီးအကဲလုက လွှတ်လိုက်တာပဲ ဖြစ်ရမယ် … ကျုပ်တို့ချင်းက တစ်ဖက်တည်းသားချင်းတွေပဲလေ … ဒါကြောင့်မို့ ကျုပ်က ခင်များကို မထိခိုက်စေချင်တာ … ဖန့်ချိန်က ပြဿနာတွေကို ကျုပ်ဘာကျုပ်ပဲ ကိုင်တွယ်လိုက်မယ် … အဲ့ဒီအတွက် အကျိုးရမှတ်ကောင်းတွေလည်း ကျုပ်မယူဘူး …. ဒါပေမယ့် ကျုပ် အသင်းဝင်တွေကိုတော့ အမှတ်တစ်ချို့ ပေးဖို့ မျှော်လင့်တယ် … တကယ်လို့ သူတို့လည်း ခင်များနဲ့ ပူးပေါင်းဖြစ်ခဲ့မယ်ဆိုရင်ပေါ့ …..”

“ ဒါပေမယ့် အဲ့လိုလုပ်လိုက်ရင် ………”

“ မပူနဲ့… ကျုပ်ပြောတာပဲ နားထောင်လိုက် … ဒီ ခွေးသူတောင်းစားတွေက အတော် သန်မာကြတဲ့ကောင်တွေ … ကျုပ်ပြောတာကို ယုံ …. ခင်များက အစီရင်ခံစာ ရေးတင်ဖို့ ကိစ္စပဲ အာရုံစိုက်ထားလိုက် …. အသက်ရင်းရမယ့် ကိစ္စကိုတော့ ကျုပ်တို့နဲ့ပဲ လွှဲထားလိုက် …”

“ ဒါပေမယ့် အဲ့လိုလုပ်လိုက်ရင် မင်းအတွက်ကျ ဘယ်တရားမျှတတော့မှာ ….”

“ ဒီ ယူနီဖောင်းကို ဝတ်ပြီး ဒီတံခါးကို ဖြတ်သန်းပြီးတဲ့ အချိန်ကတည်းက တရားမျှတတဲ့ အကြောင်းတွေကို မေ့ထားလိုက်တော့ … ပြဿနာ ဖြေရှင်းပြီးဖို့က အဓိကပဲ ….”

“ ဟင်း … ခေါင်းဆောင်လင်း … မင်းတော်တော် ပင်ပန်းခဲ့ရပြီပဲ ….”

စုဝန်ရန် အသက်ပြင်းပြင်း ရှူသွင်း၍ “ မင်းရဲ့ အဆင့်အတန်းကို ငါလည်း သိထားတယ် ဆိုပေမယ့် ဂရုစိုက်ဖို့ လိုသေးတယ် … ဘာပဲဆိုဆို မင်းလည်း အသွေးနဲ့ အသားနဲ့လူသားပဲလေ… ပြီးတော့ မင်းက ငါ့ထက်ပိုပြီး ဟွာရှနိုင်ငံတော်ကြီးအတွက် ပိုပြီး အရေးပါတယ် …..”

“ အဲ့တာ ဘယ်လို စကားမျိုးလဲ … ကျုပ်တို့အားလုံးက ပြည်သူတွေအတွက် လုပ်နေတာလေ …. ခင်များ အခုလို ပြောလိုက်တာက လူတန်းစား ၊ အဆင့်အတန်း ခွဲခြားရာရောက်တယ်….”

“ ဟားဟား … ကောင်းပြီလေ … ငါ ထပ်မပြောတော့ဘူး…. ဒါပေမယ့် မင်းလည်း ဂရုစိုက် …”

“ နားလည်တယ် … ကျုပ်တို့ နောက်မှ စကားကောင်းကောင်း ပြောကြတာပေါ့ ….”

လင်းရီသည် စုဝန်ရန်နှင့် စကားအကြာကြီး ပြောဖို့ မရည်ရွယ်ထားသကဲ့သို့ သူ့ကိုလည်း ဤကိစ္စထဲ လိုတာထက်ပိုပြီး ဝင်စွက်ဖက်မှာကို မလိုပေ။

စုဝန်ရန်ကဲ့သို့သော အဆင့်အတန်းမျိုး ရှိတဲ့လူက ကျိန်းသေပေါက် အံ့အားသင့်ဖို့ကောင်းမှာတော့ သံသယ ဖြစ်ဖို့ မလိုချေ။

သူကဲ့သို့သော လူစားမျိုးက မည်သူ့ကိုမဆို ကိုင်တွယ်နိုင်စွမ်းရှိသည်။ အားလုံး ပြီးစီးသွားသည်နှင့် ဘာမျှ မဖြစ်ပျက်သကဲ့သို့ ပြန်ပြီး ထွက်သွားနိုင်သည်။

သို့သော် ရှန်းဝေ့ရှိ ထိုငနဲများနှင့် ပတ်သက်၍တော့ … လင်းရီ သူ့ကို အမှန်တကယ် ဝင်ပါစွက်ဖက်ဖို့ မလုပ်ခိုင်းရဲချေ။

သကောင့်သားများက သူ့ခေါင်းကိုပင် သေနတ်နှင့် ချိန်ရွယ်ဝံ့သူများဖြစ်ပြီး ထိုသို့သော လူစားမျိုးများကို သာမန်နည်းလမ်းများဖြင့် ကိုင်တွယ်နိုင်မှာ မဟုတ်ချေ။

သို့သော် စုဝန်ရန်၏ ရောက်ရှိလာမှုကလည်း ကောင်းသည့် လက္ခဏာတစ်ရပ်ဖြစ်၏။ သူတို့ဘက်ခြမ်းက အောင်မြင်နိုင်ဖို့ ရာခိုင်နှုန်း ပိုများနေသည်။

စုဝန်ရန်အကြောင်းကို အခြားသူများနှင့် မျှဝေခြင်း မရှိပါဘဲ လင်းရီသည် အုပ်စုကို ဟိုတယ်ထံသို့ ဦးဆောင်လာခဲ့သည်။

ကောင်တာတွင် ချက်ကင်ဝင်နေစဉ်၌ ရှောင်ပင်းက ဟိုတယ်ခန်းမထဲသို့ ကျီးကန်းတောင်မှောက် တစ်ချက် ကြည့်လိုက်၏။ လူတော်တော်များများက ခေါက်တုံ့ခေါက်ပြန် သွားလာနေကြသော်လည်းပဲ သူတို့အားလုံးက ပုံမှန်ပဲ ဖြစ်ကာ မည်သည့် မသင်္ကာစရာ အပြုအမူကိုမျှ မမြင်တွေ့ရချေ။

“ ပုံမှန် မဟုတ်တဲ့အရာတွေ သတိထားမိလို့လား ….” ချက်ကင်လုပ်ပြီးသည့် ယွီစီယင်က လှည့်ပြီး မေးလာသည်။

“ အားလုံး သာမန်ပဲ ….”

“ ဆိုပေမယ့် ပေါ့ဆပြီးမှတော့ မနေနဲ့ …. ငါ့အိမ်က လူတွေ ပြောတာတော့ ဖန့်ချိန် ကုန်သည်များအသင်းက လူတွေ အကုန်လုံးက မသတီဖို့ကောင်းတဲ့လူတွေချည်းပဲတဲ့ ….. ငါတို့ မပြန်ခင် အချိန်အထိ သတိထားပြီး နေသင့်တယ် …..”

“ ဟုတ် အစ်မရင်း ….”

ချက်ကင် လုပ်ပြီးနောက် အုပ်စုက ဓာတ်လှေကားများထံသို့ ဦးတည်၍ ရှစ်လွှာသို့ တက်လာသည်။

သို့သော် ဓာတ်လှေကား တံခါး ပွင့်လာသည်နှင့် ရှစ်လွှာရှိ အခန်းတစ်ချို့မှ တံခါးများ ရုတ်ချည်း ပွင့်လာခဲ့ကာ သေနတ်နှင့် လူတစ်ဒါဇင်ကျော်ခန့်က ရုတ်ချည်း ပြေးတက်လာသည်။ အနက်ရောင် သေနတ်ပြောင်းဝများကိုလည်း သူတို့ဦးခေါင်းထံသို့ ချိန်ရွယ်ထားကြသည်။

“ ငိုးပဲ … အားလုံးကာဗာယူကြ …”

All Chapters