အားဖြည့်ဆေးရည်သောက်ထားတဲ့လူနှစ်ယောက်!
Vol. 77 Ch. 1141
ပုံရိပ်ကသစ်ပင်တစ်ပင်ကိုကပ်ပြီး ဒူးလေးပြင်ကာ ချင်လင်ဆီချိန်ရွယ်လိုက်သည်။
ထိုအခိုက် ထိုပုံရိပ်နောက်တွင် နောက်ထပ်ပုံရိပ်နှစ်ခုထပ်ထွက်လာ၏။
သူကချက်ချင်းလှည့်လိုက်သော်လည်း ဘယ်သူမှန်းမသိရသေးခင် ခပ်ပြင်းပြင်းအထိုးခံရပြီးသတိလစ်သွားလေသည်။
ထို့နောက် လူတစ်ယောက်က သူ့ကိုဆွဲသွားသည်။ နောက်တစ်ယောက်က ဒူးလေးကောက်ပြီး သေချာစစ်ဆေးကြည့်သည်။
“မင်းတို့ဘယ်သူတွေလဲ?”
ထိုအချိန်တွင် မေးခွန်းထုတ်သံကြားရသည်။
မာဟုန်က နောက်ထပ်လူနှစ်ယောက်နှင့်အတူပေါ်လာ၏။
ချင်းလင်အပန်းဖြေစံအိမ်ကိုကာကွယ်ရန်တာဝန်ယူထားသည့်အပြင် သူဌေးချင်ကိုလည်းကာကွယ်ရသည်။ တယောအိတ်သယ်လာသူက ပုံမှန်မဟုတ်ကြောင်းသူတို့ရိပ်မိသည်။
သို့ရာတွင် သူတို့ခြေရာမခံမိသော နောက်ထပ်လူနှစ်ယောက်ရောက်နေမည်ဟုမထင်မိ။
ထို့ကြောင့် နိုးနိုးကြားကြားဖြစ်သွားသည်။
မာဟုန်ဘေးမှလူနှစ်ယောက်ကအမြန်ပြေးသွားပြီး ရုတ်တရက်တွေ့ရသောလူနှစ်ယောက်ကိုသွားတိုက်ခိုက်သည်။
ဘယ်သူဖြစ်ဖြစ် အရင်လက်ဦးမှုယူထားတာမမှား။
သို့သော် ထိုလူနှစ်ဦးကိုသွားတိုက်သည်နှင့် မာဟုန်အံ့ဩစရာဖြစ်သွားသည်။
သူနှင့်ပါလာသောနှစ်ယောက်က ထိုနှစ်ယောက်ကိုလုံးဝမယှဉ်နိုင်။ မကြာခင် သူ့လူများလဲကျသွားသည်။
မာဟုန် သူ့မျက်စိသူမယုံနိုင်။
သူတို့က အထူးတပ်ဖွဲ့ထဲမှအထူးလူများဖြစ်ပြီး အရေးကြီးပုဂ္ဂိုလ်များကိုအမြဲကာကွယ်ရသည်။ သူတို့ကိုဒီလောက်မြန်မြန်လဲအောင် ဘယ်သူမှမလုပ်နိုင်။
ဒါပေမဲ့ အမှန်တရားက သူ့ရှေ့မှာ။
ဒီလိုလုပ်နိုင်ဖို့ ဘယ်လောက်အားလိုလဲ?
မာဟုန် ချွေးသီးချွေးပေါက်များကျလာသည်။
…
တောင်ကြား_
လင်းဟန်လည်း ချင်လင်တို့ကိုသတိထားမိသွားသည်။
"ဥက္ကဌချင် ဥက္ကဌကျောက် ဥက္ကဌလင်း.. ရောက်လာပြီလား?''
သူမကချက်ချင်းအပြေးသွားသည်။
ကျောက်မိုချင်းကပြုံးပြီး_
"အင်း.. မင်းတို့လုပ်နေတာ လာကြည့်တာ... နတ်သမီးပုံပြင်နွယ်မျိုးစေ့လည်းပို့ထားတယ်... အဲဒါအရင်စိုက်လို့ရတယ်လို့ပြောဖူးတယ်မလား? စိုက်ပျိုးရေးဌာနကမန်နေဂျာယွီကို မင်းနဲ့ပူးပေါင်းလုပ်ဆောင်ဖို့ပြောလိုက်မယ်''
"ကောင်းပါပြီ ဥက္ကဌကျောက်''
လင်းဟန်က အမြန်ခေါင်းညိမ့်လိုက်သည်။
သူမအပေါ်မှာ ကျောက်မိုချင်းကျေးဇူးတွေရှိသည်။ ဘာပဲဖြစ်ဖြစ် ကျေးဇူးရှင်တစ်ဦးလမ်းညွှန်မှုက တစ်ဘဝစာပင်။
ဘေးမှ လင်းဟန်၏စီနီယာအစ်ကိုအစ်မများကလည်း လှမ်းကြည့်သည်။
ချင်လင်၊ကျောက်မိုချင်းနှင့်လင်းလန်ဇီကို သူတို့မှတ်မိသည်။ နာမည်ကြီးရှောင်ချင်က ချင်းလင်စံအိမ်ပိုင်ရှင်မှန်းလည်း သူတို့သိသည်။
ဒီလိုလူမျိုးနှင့်အဆက်အသွယ်ရှိသည့်အတွက် လင်းဟန်ကိုအားကျနေကြသည်။
ဒါပေမဲ့ အားကျရုံသာ။ ရုပ်ပျက်မည်စိုး၍ ဝင်ရောပြီးမနှုတ်ဆက်ရဲ။
ထို့နောက် လင်းဟန်က ချင်လင်တို့ကိုတောင်ကြားထဲလိုက်ပြသည်။
တောင်ကြားမှာ အရင်တစ်ခါချင်လင်လာခဲ့တုန်းကနှင့်မတူတော့။ အကြမ်းဖျင်းအစီအစဉ်ကိုမြင်ရသည်။
"ဥက္ကဌချင် ဥက္ကဌကျောက် ဥက္ကဌလင်း.. ဒီကျင်းတွေက နတ်သမီးပုံပြင်နွယ်စိုက်ဖို့ပါ... ပြီးရင် စခန်းချတဲ့နေရာကို ဒီနွယ်ပင်တွေနဲ့ဝိုင်းမယ်... အလယ်မှာတွင်းနက်နက်နဲ့စိုက်မယ်''
"အင်း.. မန်နေဂျာယွီကို မင်းနဲ့ပူးပေါင်းခိုင်းမယ်''
ကျောက်မိုချင်း ခေါင်းညိမ့်လိုက်သည်။
ချင်လင်တို့က လင်းဟန်နောက်လိုက်ပြီး တောင်ကြားကိုပတ်ကြည့်သည်။
တောင်ကြားက သေးသေးမဟုတ်။ ရွက်ဖျင်တဲစခန်းချပြီး ခရီးသည်များစွာနေနိုင်သည်။
မကြာမီ ယွီရွှေ့ရောက်လာပြီး_
"ဥက္ကဌချင် ဥက္ကဌကျောက် ဥက္ကဌလင်း!''
ကျောက်မိုချင်းက ယွီရွှေ့အား မျိုးပြောင်းအာကာသနွယ်မျိုးစေ့တန်းပေးပြီး_
"မန်နေဂျာယွီ.. ဒါ နတ်သမီးပုံပြင်နွယ်မျိုးစေ့တွေ... ဒီမျိုးစေ့တွေကို လင်းဟန်တို့နဲ့အတူ တောင်ကြားမှာစိုက်ပါ... ကျန်တာကို တောင်ခြေက ကေဘယ်ကားရုံးလမ်းတလျှောက်မှာစိုက်ပါ''
ယွီရွှေ့က ချက်ချင်းခေါင်းညိမ့်လိုက်သည်။
ထို့နောက် ချင်လင်၊ကျောက်မိုချင်းနှင့်လင်းလန်ဇီက တောင်ကြားမှပြန်ထွက်ပြီး ချင်းလင်အပန်းဖြေစံအိမ်ပြန်လာသည်။
စံအိမ်ဧည့်ခန်းထဲရောက်သောအခါ ရှောင်ရန်၏ 'အာ ဟာ' ဆိုသောအသံကြားရသည်။
သူ့တကိုယ်လုံးကို ချင်ဖုန်းလေးကတက်ခွထား၏။
မွေးနီက ဘေးမှအော်နေသည်။
ဝမ်ချိုင်နှင့်ရှောင်ရွှယ်ကတောင် စူးစမ်းကြည့်နေကြသည်။ ရှောင်ရန်ဖွတ်ဖွတ်ညက်ညက်ကြေသွားမလား စူးစမ်းနေခြင်းပင်။
ချင်ဖုန်းလေးကိုတင်ပြီး သုံးလေးလှမ်းတောင်သွားနေသေးသည်။
ကျောက်မိုချင်းကမြင်သောအခါ အမြန်ပြေးပြီး ချင်ဖုန်းလေးကိုချီလိုက်သည်။
သူမက ရှောင်ရန်ကိုစိုးရိမ်ခြင်းပင်။
ချင်ဖုန်းလေးပါသွားသည်နှင့် ရှောင်ရန်ကချက်ချင်းထွက်ပြေးသည်။
အတော်ဝေးဝေးပြေးသွား၏။
ရေကန်ထဲပြေးခြင်းမဟုတ်၊ မြက်ခင်းဆီပြေးခြင်းပင်။ မြက်ခင်းပေါ်အားရပါးရလှိမ့်စားသည်။
အစားပုပ် ဗိုက်ဆာနေပြီ။ ချင်ဖုန်းလေးကိုတင်ပြီးသွားလိုက်ရလို့ အားကုန်သွားတာများလား?
ထိုမြင်ကွင်းကြောင့် ကျောက်မိုချင်းတို့လည်း ရယ်ရမှန်းမသိ၊ငိုရမှန်းဖြစ်ကုန်၏။
ချင်လင်ကပြုံးပြီး သူ့ရုံးခန်းထဲပြန်လာသည်။ ထို့နောက် သူ့စိတ်ထဲမှဖန်သားပြင်ကြည့်ပြီး ဂိမ်းဇာတ်ကောင်အား နေ့စဉ်တာဝန်များလုပ်စေသည်။
မကြာမီ အပြင်မှမာဟုန်ဝင်လာသည်။ သူ့ကြည့်ရတာ တစ်ခုခုဖြစ်လာပုံပင်။ သူ့မျက်လုံးတစ်ဖက်ကိုလည်း လက်နှင့်အုပ်ထားသည်။
"ခေါင်းဆောင်မာ.. ဘာဖြစ်လို့လဲ?''
ချင်လင်က မာဟုန်ကိုကြည့်ပြီးဇဝေဇဝါနှင့်မေးသည်။
"ဒါ.. ဘာမှမဟုတ်ပါဘူး''
မာဟုန်က အောင့်သက်သက်နှင့်ဖြေသည်။
ချင်လင်က မယုံ_
"ဘာမှမဟုတ်ရင် ဘာလို့လက်နဲ့အုပ်ထားတာလဲ? မျက်စိနာနေလို့လား?''
"ဘယ်ကမျက်စိနာရမှာလဲ?''
မာဟုန်ကအမြန်ခေါင်းခါပြီး သူအုပ်ထားသောမျက်လုံးကိုဖွင့်ပြသည်။
မျက်စိမနာဘဲ ပန်ဒါမျက်လုံးဖြစ်နေသည်။
မာဟုန်မျက်လုံးတစ်ဖက်က အထိုးခံထားရသလို လုံးဝညိုမည်းနေ၏။
“အာ!”
မာဟုန်ကိုကြည့်ပြီး ချင်လင်ကြောင်သွားသည်။ သူမရယ်ဘဲမနေနိုင်။
ပြီးမှ သူအံ့ဩသွားသည်။
မာဟုန်အကြောင်း၊ မာဟုန့်အင်အားကို သူအသိဆုံး။ အထူးတပ်ဖွဲ့ဝင်များမယှဉ်နိုင်သော အထူးသက်တော်စောင့်မျိုးဖြစ်သည်။
အထူးတကာ့အထူးမာဟုန်က ပန်ဒါမျက်လုံးဖြစ်အောင် ဆိုးဆိုးဝါးဝါးအထိုးခံရသတဲ့။
"ခေါင်းဆောင်မာ.. ဘယ်သူနဲ့ချခဲ့တာလဲ?''
ချင်လင်က တအံ့တဩမေးသည်။
မာဟုန်ကခေါင်းညိမ့်ပြိး_
"ဟုတ်တယ်.. အရမ်းသန်တဲ့တစ်ယောက်နဲ့... သူတို့ကိုလုံးဝမနိုင်ဘူး... အဲဒါပဲ''
သူကပြောရင်းဆိုရင်း ဒေါသထွက်ထွက်နှင့်လက်ကာပြသည်။
ချင်လင်အံ့ဩသွားပြီး_
"ခေါင်းဆောင်မာ.. ခင်ဗျားမယှဉ်နိုင်ဘူး ဟုတ်လား? ဘယ်သူတွေလဲ?''
မာဟုန်ကသက်ပြင်းချကာ_
"အထက်က လူသစ်နှစ်ယောက်လွှတ်လိုက်တယ်... အခုလေ့ကျင့်ရေးခန်းထဲမှာ... ခင်ဗျားနဲ့တွေ့ဖို့စောင့်နေကြတာမလား?''
ချင်လင် ဇဝေဇဝါဖြစ်သွားသည်။
အထက်ကလွှတ်လိုက်တာ?
ထို့နောက် သူတစ်ခုခုတွေးမိသည်။
"ခန္ဓာကိုယ်အားဖြည့်ဆေးရည်ပဲ''
ချင်လင်ပြောလိုက်သည်။
အထက်လူများဆီ အားဖြည့်ဆေးရည်လှူပြီးနောက် ချင်းလင်၏ပဏာမစမ်းသပ်ချက်အောင်မြင်ခဲ့ပြီး အထက်ကအားဖြည့်ဆေးရည်ကိုအမြောက်အများထုတ်ခဲ့သည်။
တချိန်တည်းမှာ အထက်လူများက အားကစားသမားနှင့်အထူးရွေးချယ်ထားသောစ*စ်သားများတွင် အားဖြည့်ဆေးရည်သုံးပြီး ထူးချွန်အားကစားသမား၊စ*စ်သားများဖြစ်အောင်လေ့ကျင့်ပေးခဲ့သည်။
ဒီနေ့ အိုလံပစ်အားကစားပွဲနေ့ဖြစ်၍ ထိုထူးချွန်ကစားသမားများပြိုင်လောက်ပြီ။ တစ်ကမ္ဘာလုံးအံ့ဩနေလိမ့်မည်။
မာဟုန်တို့မှာ အထူးတကာ့အထူးလူများဖြစ်သည်။ အားဖြည့်ဆေးရည်သောက်ထားသောစ*စ်သားများသာ သူတို့ကိုဒီလိုဖြစ်အောင်လုပ်နိုင်မည်။
“အင်း”
မာဟုန်က ခေါင်းညိမ့်လိုက်ပြီး_
"ဥက္ကဌချင်.. ပြီးရင် ကျွန်တော်လျှောက်လွှာတင်လိုက်မယ်... အားဖြည့်ဆေးရည်သုံးဖို့ အထက်လူတွေကိုစာတင်မယ်''
သူလိုအထူးတကာ့အထူးသက်တော်စောင့်က အခုပန်ဒါမျက်လုံးဖြစ်အောင်အထိုးခံရသည်။
အဲဒီအားဖြည့်ဆေးရည်က အံ့ဩစရာဖြစ်မည်။
မကြာမီ ချင်လင် လေ့ကျင့်ရေးခန်းထဲရောက်သွားပြီး မတ်မတ်ရပ်နေသောသန်သန်မာမာလူငယ်နှစ်ယောက်ကိုတွေ့ရသည်။ သူတို့ကို အရင်ကမမြင်ဖူး။
ချင်လင်နောက်မှလိုက်လာသောမာဟုန်က သူတို့နှစ်ယောက်အား_
"ဒါ ချင်းလင်အပန်းဖြေစံအိမ်က ဥက္ကဌချင်ပဲ''
သူတို့နှစ်ယောက်က ချင်လင်ကိုချက်ချင်းဦးညွတ်ပြီး_
"ကောင်းသောနေ့ပါ ဥက္ကဌချင်!''
သူတို့ကပြောရင်းဆိုရင်း စာဖိုင်များထုတ်ကာ ချင်လင်ဆီပေးပြီး သူတို့ကိုယ်သူတို့မိတ်ဆက်သည်_
"ကျွန်တော်က ကောကျန်းပါ!''
"ကျွန်တော်က ဟူချင်းပါ!''
ချင်လင်ကဦးညွတ်ခံရပြီး နည်းနည်းအနေခက်သွားသည်။ သူကစာဖိုင်များယူကာ မာဟုန်အား_
"ခေါင်းဆောင်ဟုန်.. ဒီလိုဆိုရင် ဝန်ထမ်းလုပ်ထုံးလုပ်နည်းအတိုင်း သူတို့နှစ်ယောက်အတွက်စီစဉ်ပေးလိုက်ပါဦး''
"ကောင်းပါပြီ ဥက္ကဌချင်!''
မာဟုန်ကခေါင်းညိမ့်ပြီး စာရွက်စာတမ်းကိစ္စများလုပ်ရန်ထွက်သွားသည်။
ထိုအချိန်တွင်_
တစ်ယောက်က_
"ဥက္ကဌချင်.. ကျွန်တော်က အသစ်ဆိုတော့ လက်ဆောင်ပါလာပါတယ်!''
သူကပြောရင်းဆိုရင်း ဘေးကိုကြည့်လိုက်သည်။
ထိုနေရာတွင် ကြိုးတုပ်ထားသောလူတစ်ယောက်ရှိသည်။ သူ့လက်နှစ်ဖက်လုံးအဆစ်များလွဲနေပြီး တကိုယ်လုံးဒဏ်ရာဒဏ်ချက်အပြည့်နှင့် အခြေအနေတော်တော်ဆိုးသည်။
“သူကဘယ်သူလဲ?”
ထိုလက်ဆောင်ဆိုသောအရာကိုကြည့်ရင်း ချင်လင်ကဇဝေဇဝါနှင့်မေးသည်။
နောက်တစ်ယောက်က_
"ဥက္ကဌချင်.. ဒီလူက လုပ်ကြံတဲ့သူပါ... ခင်ဗျားကိုသ*တ်ဖို့လာတာ... ကျွန်တော်တို့ရှာပြီး နှိမ်နှင်းထားတာ''
"ကျွန်တော့်ကို? ဘယ်သူလွှတ်တာလဲ သိလား?''
ချင်လင်အံ့အားသင့်သွားပြီး တန်းမေးလိုက်သည်။
စပြောသူက_
"လိုက်စုံစမ်းပြီးပါပြီ... သူက ဂျပန်နိုင်ငံက... ဝဂ်ယူနွားဥက္ကဌက ခင်ဗျားကိုသ*တ်ဖို့ငှားထားတာ... သွေးခဲပလိပ်ရောဂါဆေးရည်ကိစ္စကြောင့် သူတို့နိုင်ငံ့ရတနာဝဂ်ယူနွားတွေ မျိုးတုံးတော့မလိုဖြစ်နေပြီ''
"ဝဂ်ယူနွားဥက္ကဌ Yagyama က ဆေးရည်မရတာ ခင်ဗျားကြောင့်တဲ့... ဒီဆေးရည်ကို ခင်ဗျားပဲထုတ်တတ်ပြီး သူများမထုတ်နိုင်မှန်းသိတယ်တဲ့... ဒီပလိပ်ရောဂါကိုခင်ဗျားဖြန့်ပြီး သူတို့ဝဂ်ယူနွားကိုပစ်မှတ်ထားတာဆိုပဲ''
"ဘာမှမဆိုင်ပါလား? ဒီပလိပ်ရောဂါကိုဖြန့်ပြီး သူတို့နဲ့ဝဂ်ယူနွားကိုပစ်မှတ်ထားတယ် ဟုတ်လား?''
ချင်လင် ပြောစရာစကားမရှိတော့။
အဲဒီ Yagyama ဦးနှောက်မရှိဘူးလား?
"Yagyama က လုပ်ကြံသူတောင်ငှားတယ်''
သူကပြောသည်_
"သူ့ကိုလွှတ်ထားလို့ဖြစ်ပါ့မလား?''
ထိုလူကဆက်ပြီး_
"လုပ်ကြံသူဆီက သတင်းရထားပါတယ်... Yagyama က သူ့ကိုယ်သူသ*တ်သေသွားပြီတဲ့... သ*တ်မသေခင် သူ့ပိုင်ဆိုင်မှုအားလုံးနဲ့ ခင်ဗျားကိုသ*တ်ဖို့လူငှားခဲ့တာ''
"တကယ် အသေအကြေပဲ''
ချင်လင်ကပြောရင်း ခေါင်းခါလိုက်သည်။
ဒါပေမဲ့ Yagyama သ*တ်သေသွားတာ သူ့အတွက်တစ်မျိုးကောင်းသည်။ သူလက်တုံ့ပြန်ဖို့စဉ်းစားစရာမလိုတော့။
ချင်လင်က သူတို့နှစ်ဦးကိုစူးစမ်းကြည့်လိုက်သည်။ သူတို့ဘယ်လောက်သန်လဲသိချင်သောကြောင့်_
"ကောကျန်း ဟူချင်း.. မင်းတို့အားကိုသိရအောင် အလေးမပြီးထိုင်ထလုပ်ကြည့်ပါလား''
ကောကျန်းနှင့်ဟူချင်းက ချက်ချင်းခေါင်းညိမ့်လိုက်သည်။
သူတို့သောက်ထားသောအားဖြည့်ဆေးရည်ကို ဒီသူဌေးချင်ဖန်တီးထားခြင်းဖြစ်၍ ဆေးစွမ်းပြရမည်။
ကောကျန်းနှင့်ဟူချင်းက တစ်ယောက်ချင်းထိုင်ပြီး သာမန်လူမတတ်နိုင်သောအလေးချိန်အထိတိုးတိုးသွားသည်။
သာမန်လူမရန်ခက်သောအလေးချိန်ဖြစ်သော်လည်း ကောကျန်းနှင့်ဟူချင်းက အသာလေးမနိုင်သည်။
အဲဒီနောက် အလေးထပ်တိုးပြန်သည်။ နှစ်ယောက်လုံး အလွယ်တကူမနိုင်၏။
နောက်ဆုံး သာမန်လူ၏နှစ်ဆနီးပါးအထိ မနိုင်သည်ကိုတွေ့ရသည်။ အံ့ဩစရာ။
မာဟုန် ပန်ဒါမျက်လုံးဖြစ်ရင်လည်း ဖြစ်လောက်စရာပင်။
"မဆိုးဘူး.. ဆေးစွမ်းက တကယ်အံ့ဩစရာပဲ''
ချင်လင်က အံ့ဩသံနှင့်ပြောသည်။
"ဥက္ကဌချင်''
ဟူချင်းက ပြုံးပြုံးနှင့်_
"ခင်ဗျားလည်း အားဖြည့်ဆေးရည်သောက်ထားတယ်လို့ ခေါင်းဆောင်ဟုန်ပြောတယ်... ခင်ဗျားရဲ့အင်အားကိုရော ကြည့်လို့ရမလား?''
ချင်လင် မငြင်း။ သူက ကောကျန်းနှင့်ဟူချင်းရှေ့တွင် အလေးတုံးယူလိုက်သည်။
ကောကျန်းနှင့်ဟူချင်း ကြောင်သွား၏။
သူဌေးချင်က ဘယ်လိုလဲ?
တစ်ခါတည်း နှစ်တုံး မ မလို့လား?
ဒါ သူတို့ မ နိုင်တာရဲ့နှစ်ဆ!
သူတို့ကိုဒီလွှတ်လိုက်ခြင်းမှာ သူတို့ကအားဖြည့်ဆေးရည်ကိုအကောင်းဆုံးစုပ်ယူနိုင်စွမ်းရှိသောကြောင့်ပင်။ သူတို့မှာအားဖြည့်ဆေးရည်အာနိသင်အများဆုံးရှိသည်ဟု တာဝန်ခံတော်ဝင်ပညာရှင်ကလည်းပြောသည်။
သူဌေးချင်ရဲ့အင်အားက သူတို့ထက်သာတာများလား?
နောက်ခဏတွင် ချင်လင်က သူတို့နှစ်ယောက် မ ရသောဝိတ်တန်းကို လက်တစ်ဖက်တည်းနှင့်မြှောက်လိုက်လေသည်။
စွမ်းအားပင်အသီးနှစ်လုံးစားထားသောသူ့အင်အားက အားဖြည့်ဆေးရည်သောက်ထားသောသူတို့နှစ်ယောက်ထက် အပုံကြီးသာသည်။
ဟူချင်း: ''ဝိုး ဝိုး''
ကောကျန်း: ''ကျွတ် ကျွတ်''
နှစ်ယောက်သားကြည့်ရင်း မှင်တက်နေသည်။
သူဌေးချင်က ဘယ်လိုအားဖြည့်ဆေးရည်မျိုးသောက်ထားတာလဲ?
သန်လိုက်တာ!