← Chapters

ရုံချန်းရဲ့ရာသီဥတု! ၂

Vol. 77 Ch. 1147

ရုံချန်းရဲ့ရာသီဥတု! ၂

Vol. 77 Ch. 1147

ဒီအကြောင်း ဘယ်သူမှမသိ။

ရာသီဥတုပြောင်းလဲမှုက ရုံချန်းတစ်မြို့နယ်လုံးဖြစ်နေမှန်းလည်းသိသည်။

တနည်းပြောရရင် ရုံချန်းမှာ ဆောင်းမှာနွေး၊နွေမှာအေးအာနိသင် +၂ ရှိသည်။

ဒိလိုဆိုမှတော့ သူစိတ်ပူစရာမလိုတော့။

အကြောင်းမသိရင် ဒီရာသီဥတုကိုသူဖန်တီးထားမှန်းသိဖို့နေနေသာသာ သူနှင့်ပတ်သက်လာမည်လည်းမဟုတ်။

လက်ရှိအခြေအနေအရ ရုံချန်းကစိတ်ပူလာတော့မည်။

ရုံချန်းစီရင်စု_

ချန်လီကို စွန်းရှန်ရုံးခန်းထဲခေါ်သည်။

"ရာသီဥတုသုံးသပ်ချက်က ဘယ်လိုလဲ?''

စွန်းရှန်က ချန်လီကိုတန်းမေးသည်။

ရုံချန်းရာသီဥတုပုံမှန်မဟုတ်တာရက်ရှည်လာပြီဖြစ်ကြောင်း သတိထားမိကြသည်။

ရုံချန်းရာသီဥတုက တစ်ခုခုဖြစ်နေပြီ။

ထို့ကြောင့် မိုးလေဝသဌာနကိုချက်ချင်းစုံစမ်းပြီး အခြေအနေကိုအကဲဖြတ်ခိုင်းသည်။

ချန်လီက တန်းရှင်းပြသည်_

"စွန်းရှန်.. မကြာခင် မိုးလေဝသဌာနကအဖြေထုတ်ပါလိမ့်မယ်... ပြီးတော့ သူတို့သဲလွန်စလည်းတွေ့ထားတယ်... မင်စီရင်စုမိုးလေဝသကိုဆက်သွယ်ပြီး ရုံချန်းရဲ့မိုးလေဝသကိုဂြိုလ်တုနဲ့စကင်န်ဖတ်ပေးဖို့တောင်းဆိုထားတယ်''

စွန်းရှန်ခေါင်းညိမ့်လိုက်သည်။

ဒီရက်ပိုင်း ရုံချန်းအပူချိန်က လုံးဝခန့်မှန်းမရ။

ရာသီဥတုဆိုး၍မဟုတ်၊ အတော်ကောင်းသည်။ ဒီရာသီဥတုမှာ ရှပ်လက်တိုဝတ်ရင်အဆင်ပြေပြီး လျှောက်လည်ဖို့ကောင်းသည်။

ဒီရာသီဥတုက ပုံမှန်ဟုတ်မဟုတ်သိချင်သည်။

မကြာမီ သက်လတ်ပိုင်းလူတစ်ယောက် စွန်းရှန်ရုံးခန်းထဲခပ်သုတ်သုတ်ရောက်လာပြီးအစီရင်ခံသည်_

"စွန်းရှန် လက်ထောက်ချန်.. ကျွန်တော်တို့ရုံချန်းရာသီဥတုမြေပုံမှာ မိုးတိမ်လွှာရော အချက်အလက်ရော ကြီးကြီးမားမားပြောင်းလဲနေတယ်''

သူကပြောရင်းဆိုရင်း ရာသီဥတုဇယားကို သူတို့ရှေ့ဖွင့်ပြသည်_

"ဒီရာသီဥတုဇယားကိုကြည့်ပါ''

ရာသီဥတုမြေပုံကိုနားမလည်သောကြောင့် စွန်းရှန်နှင့်ချန်လီကအချင်းချင်းကြည့်လိုက်ကြသည်။

"ဘာဖြစ်နေလဲ?''

နောက်ဆုံး ချန်လီကအောင့်သက်သက်နှင့်မေးလိုက်သည်_

"ဘာဖြစ်နေလဲ ပြောပြမှပေါ့... ဒီပုံကိုငါမှနားမလည်တာ''

သူက 'ငါတို့'ဟုမပြောဘဲ 'ငါ'ဟုသာပြောသည်။

စွန်းရှန်ကိုကာကွယ်ပေးခြင်းပင်။ သူ့ကိုယ်သူအနစ်နာခံပြီး သူ့ကိုယ်သူသာအရှက်ခွဲလိုက်သည်။

မိုးလေဝသတာဝန်ခံကလည်း အဖြေကိုရှင်းပြသည်_

"မင်စီရင်စုကနေ ရာသီဥတုကိုဂြိုဟ်တုနဲ့စကင်န်ဖတ်ကြည့်တာ ဒီရက်ပိုင်းရုံချန်းရာသီဥတုက အကြီးအကျယ်ပြောင်းလဲနေတာတွေ့ရတယ်... အဲဒါ သန့်စင်မြက်နဲ့ဆိုင်မယ်လို့ခန့်မှန်းထားတယ်''

"သန့်စင်မြက်က လေသန့်နိုင်တယ်... လေက ဂေဟစနစ်အပေါ်သက်ရောက်မှုရှိတယ်... ဂေဟစနစ်က ရာသီဥတုအပေါ်သက်ရောက်မှုရှိနိုင်တယ်''

"ရာသီဥတုပြောင်းတာ ကောင်းလား မကောင်းဘူးလား?''

စွန်းရှန်ကတန်းမေးသည်။

"ကောင်းတဲ့ပြောင်းလဲမှုပါ''

မိုးလေဝသတာဝန်ခံက အမြန်ရှင်းပြသည်_

"ရာသီဥတုပြောင်းလဲမှုကိုထိန်းထားနိုင်ရင် ရုံချန်းခရီးသွားလုပ်ငန်းက ပိုကောင်းလာမယ်''

"မင်စီရင်စုပညာရှင်တွေက မိုးလေဝသအချက်အလက်တွေနဲ့သုံးသပ်ကြည့်တော့ ဒီမှာသမုဒ္ဒရာတွေနဲ့ဆင်တူတဲ့တိမ်လွှာတွေရှိနေတာတွေ့ရတယ်''

"အပူပိုင်းသမုဒ္ဒရာရာသီဥတု?''

ချန်လီ သိပ်နားမလည်။

စွန်းရှန်လည်း နားမလည်။

အရင်က စာသေချာမလေ့လာခဲ့၍မဟုတ်။ အချိန်ကြာပြီးမေ့သွားခြင်းသာ။

"တနည်းပြောရရင် ကျွန်တော်တို့ရုံချန်းက ဆောင်းမှာနွေးပြီးနွေမှာအေးမယ်''

မိုးလေဝသတာဝန်ခံက​ ပြောသည်။

"ဆောင်းမှာနွေးပြီး နွေမှာအေးမယ်? တကယ်လား?''

နောက်ဆုံးတော့ စွန်းရှန်နှင့်ချန်လီသဘောပေါက်သွားပြီ။

နှစ်ယောက်သား ဒီသတင်းကြားပြီး ကြည်နူးဝမ်းသာဖြစ်သွားကြသည်။

ဒါခရီးသွားမြို့တော်တစ်ခုအတွက် အရေးအကြီးဆုံးပဲမလား? ပတ်ဝန်းကျင်နဲ့ရှုခင်းအရောင်အသွေးအပြင် အရေးကြီးတာက ရာသီဥတုပဲ။

တချို့နေရာများမှာ ရာသီဥတုသက်သက်နှင့်ခရီးသွားများကိုဆွဲဆောင်နိုင်ကြသည်။

အထူးသဖြင့် ဆောင်းမှာနွေးပြီးနွေမှာအေးသောနေရာများပင်။

ဆောင်းမှာနွေးပြီးနွေမှာအေးသောနေရာများကို အပန်းဖြေရန်ဦးစားပေးရွေးချယ်ကြသည်။

ရုံချန်းမှာ ချင်းလင်စံအိမ်၊ ချင်းလင်မွေးမြူရေးခြံ၊ နတ်သမီးပုံပြင်တောင်နှင့် ရှုမျှော်ခင်းနေရာအမျိုးမျိုးရှိသည်။ ချင်းလင်စံအိမ်လောက်မဟုတ်ရင်တောင် အပြင်ကရှုမျှော်ခင်းနေရာတွေထက်မလျော့။

ဒီလိုခရီးသွားပတ်ဝန်းကျင်ကြောင့် ရုံချန်းမှာခရီးသည်များကြပ်သိပ်နေသည်။

ရုံချန်းသာ ဆောင်းမှာနွေးပြီးနွေမှာအေးရင် ဘယ်လိုဖြစ်မလဲ?

စံယာအကြောင်းတွေးကြည့်ပါ။ အတော်များများက အပန်းဖြေသက်သက်သွားကြခြင်းမဟုတ်။ အချိန်အခါမရွေးသွားနေကြသည်။

ရုံချန်းသာ ဆောင်းမှာနွေးပြီးနွေမှာအေးရင် အဲလိုပဲဖြစ်မှာမလား?

စွန်းရှန်နှင့်ချန်လီက ချက်ချင်းဦးနှောက်ကိုအလုပ်ပေးလိုက်ရာ အကြံရလာသည်။ ခရိုင်အသစ်တစ်ခုတိုးချဲ့ရုံနှင့်မလုံလောက်သေး။ ခရိုင်များထပ်ချဲ့ရမည်။

ချင်းလင်စံအိမ်နှင့်ချင်းလင်မွေးမြူရေးခြံကြောင့် ရုံချန်းကိုလည်ပတ်သူပိုများပြီး ရုံချန်းမှာရက်ပိုင်းလောက်နေကြမည်။

နတ်ဘုရားမမိုးလေဝသစာလိပ်က ချင်းလင်စံအိမ်ကိုသာမက ရုံချန်းတစ်မြို့လုံးကိုပါပြောင်းလဲပေးလိုက်သည်။

ထို့အပြင် ရုံချန်းရာသီဥတုပြောင်းလဲရခြင်းမှာ သန့်စင်မြက်နှင့်ဆက်စပ်နေမည်ဟူသောသတင်းကလိုင်းပေါ်အမြန်ပြန့်သွားသည်။

ဟွားဆေးရုံ_

ဝန်ကြီးလုကသတင်းဖတ်ပြီး မိုးလေဝသသုတေသနသမားတစ်​ယောက်တန်းခေါ်ကာ ရုံချန်းရာသီဥတုအချက်အလက်ကိုစကင်န်ဖတ်ခိုင်းသည်။

နောက်ဆုံး လိုင်းပေါ်မှာပြောကြသလို ရုံချန်းက အပူပိုင်းသမုဒ္ဒရာရာသီဥတုမျိုးရှိနေသည်။

ဒါပေမဲ့ ရုံချန်းမှာဘာလို့ဒီလိုရာသီဥတုမျိုးဖြစ်လာရတာလဲ? မယုံနိုင်စရာ။ တကယ်ပဲ သန့်စင်မြက်ကြောင့်လား?

ဝန်ကြီးလုက သူ့လက်ထောက်ကိုချက်ချင်းညွှန်ကြားလိုက်သည်_

"မြန်မြန်.. သန့်စင်မြက်က ရာသီဥတုအပေါ်သက်ရောက်မှုရှိမရှိ လေ့လာခိုင်းကြည့်ပါဦး''

တချိန်တည်းမှာ ရုံချန်းရာသီဥတုပြောင်းလဲသောသတင်းက ရေပန်းစားလာသည်။

အရင်ကတည်းက အာရုံစိုက်ခံရပြီးဖြစ်၏။

ဒီတစ်ခါ ရုံချန်းမှာ အပူပိုင်းသမုဒ္ဒရာရာသီဥတုမျိုးရှိသည်ဆိုသောသတင်းကြောင့် အားလုံးအံ့အားသင့်သွားသည်။

ဘာပဲဖြစ်ဖြစ် ရုံချန်းကတောင်ပိုင်းမှာ။ ဒီလိုရာသီဥတုမျိုးရှိဖို့မဖြစ်နိုင်။ ပြည်သူများက_

"တသက်နဲ့တကိုယ် ရုံချန်းလိုတောင်ပေါ်ဒေသက အပူပိုင်းသမုဒ္ဒရာရာသီဥတုမျိုးရှိတာလည်းကြုံရပြီ''

"အဲတော့ ရုံချန်းက ဆောင်းမှာနွေးပြီး နွေမှာအေးမှာပေါ့?''

"ချင်းလင်စံအိမ်ဖြစ်ပြန်ပြီ... ရုံချန်းက တကယ့်ခရီးသွားမြို့ဖြစ်တော့မယ်''

“……”

အတော်များများ အံ့ဩနေကြသည်။ အပူပိုင်းသမုဒ္ဒရာရာသီဥတုအကြောင်းမသိသူလည်း ဖတ်ပြီးအံ့ဩသွားကြသည်။

ဒီလိုရာသီဥတုမျိုးက ရုံချန်းလိုတောင်ပေါ်ဒေသမှာမဖြစ်နိုင်သော်လည်း အခုဖြစ်နေမှန်းသိလိုက်ရပြီ။

ထို့ကြောင့် ရုံချန်းတစ်မြို့လုံး ဆောင်းမှာနွေးပြီး နွေမှာအေးတော့မည်။

ရုံချန်းသားများ အတော်စိတ်ဝင်စားနေကြ၏။ ဘာပဲဖြစ်ဖြစ် ဆောင်းမှာနွေးပြီး နွေမှာအေးတဲ့တခြားနေရာတွေနဲ့ယှဉ်ရင် ရုံချန်းကသူတို့နဲ့နီးစပ်သည်။

ဒီအချက်က ဝမ်ချုံကျယ်မိသားစုအတွက်အရေးပါသည်။

မီးဖွားပြီးတစ်နှစ်အကြာတွင် နေရာကောင်းရှာပြီးအနားယူချင်သောကြောင့် ယောက်ျားဖြစ်သူက ကလေးကိုအဘိုးအဘွားများဆီအပ်ကာ သူမကိုရုံချန်းခေါ်လာသည်။

လင်မယားနှစ်ယောက်လုံး ကုတ်အင်္ကျီအထူများဝတ်ထားကြသည်။ ကားထဲတွင်အပူပေးစက်ဖွင့်ထားသော်လည်း ရာသီဥတုကအေးနေသေးသည်။

"ခဏနေ ရုံချန်းရောက်တော့မယ်''

ကားမောင်းနေသောယောက်ျားကပြောသည်။

ဝမ်ချုံကျယ် ချက်ချင်းတက်ကြွသွား၏။ ခပ်လှမ်းလှမ်းမှာ ရုံချန်းကိုလှမ်းမြင်နေရပြီ။

"ယောက်ျား''

သူမက သိချင်စိတ်နှင့်_

"ရုံချန်းကတကယ်ပဲ လိုင်းပေါ်မှာပြောထားသလို ဆောင်းမှာနွေးပြီး နွေမှာအေးမယ်ထင်လား?''

"ရောက်ရင်သိမှာပဲမလား?''

ယောက်ျားဖြစ်သူက ပြုံးပြုံးနှင့်ပြောသည်။

ဝမ်ချုံကျယ်ခေါင်းညိမ့်လိုက်သည်။

နှစ်ယောက်သား ရုံချန်းနားရောက်လာပြီးမကြာမီ ကားထဲတွင်ပူလာသည်ကိုခံစားမိသည်။

ယောက်ျားက ချက်ချင်းကားထဲမှအပူပေးစက်ကိုပိတ်လိုက်သည်။

အပူပေးစက်ပိတ်လိုက်ရင်တောင် ပူနေဆဲ။

နှစ်ယောက်သား သူတို့ကုတ်အင်္ကျီထူထူများအမြန်ချွတ်လိုက်ပြီး ရှပ်လက်တိုနှင့်နေကြသည်။

သူတို့သေချာပြင်ဆင်လာသည်။ ဘာပဲဖြစ်ဖြစ် ရုံချန်းအခြေအနေကိုသူတို့သိထားသည်။

ကုတ်အင်္ကျီများချွတ်ပြီး ရှပ်လက်တိုနှင့် အအေးဓာတ်ကိုလုံးဝမခံစားရဘဲ အပူချိန်အနေတော်ဟုထင်သည်။

နောက်ပြီး ဒီလိုရာသီဥတုမျိုးက တကယ်သဘောကျစရာ။ အသက်ရှူလိုက်တိုင်း ခန္ဓာကိုယ်တစ်ကိုယ်လုံးကမွေးညင်းပေါက်တွေ ပွင့်ထွက်သွားသလိုပင်။

သူတံခါးဖွင့်လိုက်သောအခါ လန်းဆန်းနွေးထွေးသောလေက ပြေးဝင်လာသည်။

"ယောက်ျား.. ဟုတ်တယ်တော့!''

ဝမ်ချုံကျယ်က အံ့ဩသံနှင့်_

"ရုံချန်းရာသီဥတုက တကယ်ဆောင်းမှာနွေးပြီး နွေမှာအေးတာပဲ''

"အင်း''

​ယောက်ျားက ချက်ချင်းခေါင်းညိမ့်သည်။

သူတို့ရုံချန်းမဝင်ခင် အပူပေးစက်ကအေးနေသေးသည်။

အခုတော့ မိုးနှင့်မြေလိုကွာသည်။

ရုံချန်းနှင့်ချင်းလင်စံအိမ်ရာသီဥတုက လုံးဝအံ့ဩစရာ။

နောက် ဒီထက်ပိုပြီးစည်ကားလာတော့မည်။

ဝမ်ချုံကျယ်တို့လင်မယားတင်မဟုတ်၊ ရုံချန်းကိုစိတ်ဝင်စားသောခရီးသည်များလည်း သတိထားမိသည်။

ထို့ကြောင့် ရုံချန်းကပေါက်သွား၏။

နတ်ဘုရားမမိုးလေဝသစာလိပ်အကြောင်း ချင်လင်ပူစရာမလိုတော့ပါချေ။

All Chapters