← Chapters

ပြီးပြည့်စုံတဲ့စိတ်ကူး!

Vol. 77 Ch. 1148

ပြီးပြည့်စုံတဲ့စိတ်ကူး!

Vol. 77 Ch. 1148

ချင်လင်က BMW 5 စီးရီးကားမောင်းပြီး အပန်းဖြေစံအိမ်အပြင်ထွက်ကာ ရုံချန်းဘက်မောင်းလာသည်။

ဒီနေ့ ရုံချန်းခရီးသွားဌာနကိုသွားရမည်။

ရုံချန်းထဲရောက်သောအခါ အရင်ထက်ပိုပြီးစည်ကားနေသည်ကိုသတိထားမိသည်။

ခရီးသွားလည်း အရင်ထက်ပိုများလာသည်။

ထိုခရီးသည်များက ရုံချန်းရာသီဥတုပြောင်းလဲသည်ကိုစိတ်ဝင်စားနေကြသည်။ လမ်းများမှာ လူများကြပ်သိပ်နေ၏။ နိုင်ငံတကာမြို့ကြီးက စျေးလမ်းတွေတောင် ဒီလောက်ကြပ်သိပ်နေမှာမဟုတ်။

နောက်ပြီး ဆောင်းတွင်းမကုန်သေးသော်လည်း လမ်းပေါ်မှလူတိုင်း ရှပ်လက်တိုဝတ်ထားကြသည်။

ရုံချန်းသားများ၊ခရီးသည်များမှာ ရာသီဥတုပြောင်းလဲမှုနှင့်အသားကျနေပုံရသည်။

ဒီနေ့ ရုံချန်းခရီးသွားဌာနတွင်အစည်းအဝေးလုပ်ခြင်းမှာ ရာသီဥတုပြောင်းလဲမှုကြောင့်ပင်။ ရုံချန်းခရီးသွားလုပ်ငန်းက တစ်စခန်းထနေသည်။

နောက်အကြောင်းတစ်ခုရှိသေးသည်။ မသင့်တော်သည့်အသုံးအနှုန်းနှင့်ကြော်ငြာသောရှုမျှော်ခင်းနေရာတစ်ခုရှိသည်။ ထိုနေရာကိုဝေဖန်ခံရပြီး ပြောင်းလဲပေးရန်အထက်လူများကိုတောင်းဆိုထားကြသည်။

ချင်လင် ဒီအကြောင်းသိသည်။ တကယ်တော့ သူလည်းမတတ်နိုင်။ အခုခေတ်လုပ်ငန်းနယ်ပယ်အသီးသီးမှာ ဒီလိုကန့်သတ်ချက်များရှိသည်။

အစက စိတ်ကူးမရှိသော်လည်း အဆက်အသွယ်လုပ်ထားရသည်။

ဒါတွေကိုအမြဲအာရုံစိုက်ထားရပြီး သူတို့လုပ်သင့်တာကိုဖြောင့်ဖြောင့်မလုပ်နိုင်။ မဟုတ်ရင် သင်ကြားရေးဖြစ်ရပ်တွေဖြစ်လာမှာမဟုတ်ပေ။

ဒီလိုသာဆက်သွားရင် မကြာခင် လီပိုင်ကိုပြဋ္ဌာန်းစာအုပ်ထဲကထုတ်ပစ်ရလိမ့်မည်။

ဘာပဲဖြစ်ဖြစ် အစ်ကိုပိုင်ရဲ့'ခြေဆယ်လှမ်းလှမ်း လူတစ်ယောက်သ*တ်၊ မိုင်ပေါင်းထောင်ချီ'က သိပ်နာမည်မကြီး။

ဒါ 'တားမြစ်ထားသောဓားကို တရားမဝင်ပိုင်ဆိုင်ထားပြီးအန္တရာယ်ပေးမှု'ဖြစ်သည်။

​ပြီးတော့ 'ဝမ်လွန်လက်ဆောင်လောက်မကောင်း!'။ သူက ဟိုမရောက်ဒီမရောက်ဆက်ဆံရေးကို စိတ်ကူးယဉ်စုံတွဲဖြစ်မှာစိုးရိမ်သည်။

ဒါပေမဲ့ လက်ရှိအခြေအနေက ခံရခက်သည်။

တချို့အွန်လိုင်းစာရေးသူများက 'ဖုံးကွယ်ခြင်း' လိုစာလုံးတွေတောင်မသုံးနိုင်ကြ။

မကြာမီ ချင်လင် ရုံချန်းခရီးသွားဌာနရောက်လာသည်။

ရုံချန်းခရီးသွားဌာနမှာ အစက ငါးမြောက်ငါးခြောက်နှင့် မရှိလည်းဖြစ်သောဌာနတစ်ခုဖြစ်ခဲ့သည်။

သို့ရာတွင် ချင်းလင်စံအိမ်ပေါ်လာပြီး အခြေအနေလုံးဝပြောင်းသွားသည်။ ချင်းလင်စံအိမ်၏လွှမ်းမိုးမှုကြောင့် ရုံချန်းခရီးသွားလုပ်ငန်းကပေါက်ပြီး ခရီးသည်မြောက်များစွာကိုဆွဲဆောင်နိုင်ခဲ့သည်။

အခု ချင်းလင်စံအိမ်ခရီးသည်များက တခြားရှုမျှော်ခင်းနေရာများကိုလည်းသွားသောကြောင့် ထိုနေရာများမှာလည်ပတ်သူတိုးလာသည်။

နောက်ပြီး ရုံချန်းရှုမျှော်ခင်းနေရာများသာမက မုန့်စျေးလမ်း၊ စားသောက်ဆိုင်များနှင့် ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်သောတခြားလုပ်ငန်းများပါ ဖွံ့ဖြိုးတိုးတက်လာသည်။

ရုံချန်းတွင်အလုပ်အဖြစ်ဆုံးမှာ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းဖြစ်ပြီး ချင်းလင်ဓာတ်ခွဲခန်းမှသီးနှံစိုက်သူများထက်ပိုရသည်။

ထို့ကြောင့် ဒီကဏ္ဍအတွက် အဖွဲ့အစည်းတစ်ခုရှိရန်လိုသည်။

အနည်းဆုံးတော့ လုပ်ငန်းတစ်ခုလုံးမှာ စနစ်ရှိမည်၊ အဆင့်အတန်းရှိမည်၊ ကိစ္စဝိစ္စတချို့ဖြေရှင်းပေးနိုင်မည်။

ဒီလိုနှင့် ရုံချန်းခရီးသွားဌာနက နေရာရလာသည်။

ခရီးသွားအဖွဲ့အစည်းတွင်အလုပ်လျှောက်သောအခါ ရုံချန်းခရီးသွားလုပ်ငန်းဝန်ထမ်းရေးရာက လေ့ကျင့်ပေးရသည်။ ကျွမ်းကျင်လက်မှတ်ရပြီးမှ အလုပ်ဝင်ရသည်။

ပျံကျစျေးသည်ဖြစ်စေ၊ စားသောက်ဆိုင်ဝန်ထမ်းဖြစ်စေ၊ တက္ကစီကားမောင်းသူတောင် အခိုင်အမာလိုအပ်သောအရာဖြစ်လာသည်။

ဒါကလည်း ခရီးသွားလုပ်ငန်းစီမံချက်ဖြစ်ပြီး ရှုမျှော်ခင်းနေရာတိုင်းက အဖွဲ့အစည်းနှင့်ပူးပေါင်းရသည်။

ထို့ကြောင့် ရုံချန်းခရီးသွားအဖွဲ့အစည်းမှာ ဩဇာအာဏာရှိနေသည်။

တခြားရှုမျှော်ခင်းနေရာများအတွက်မှန်သည်။ ချင်းလင်စံအိမ်အတွက်တော့ အသုံးမဝင်။ ရုံချန်းခရီးသွားဌာနက ချင်းလင်စံအိမ်အပေါ်လက်မတင်ရဲပေ။

ချင်လင်က ရုံချန်းခရီးသွားဌာနထဲဝင်သွားသည်။ အထဲတွင် စည်ကားနေ၏။ စာမေးပွဲလာဖြေသူများ၊ မှတ်ချက်ပေးခံရသောကြောင့် ပြန်လေ့ကျင့်ရသူများရှိနေသည်။

ချင်လင်က အစည်းအဝေးခန်းထဲတန်းသွားသည်။ အခန်းထဲတွင် လူတချို့ရောက်နေပြီ။ အားလုံးက ရှုမျှော်ခင်းတာဝန်ခံများဖြစ်သည်။

ထိုလူများက ချင်လင်ကိုမြင်ပြီးမှတ်မိသည်။ အားလုံးကလှမ်းကြည့်လိုက်သော်လည်း ဘယ်သူမှလာမနှုတ်ဆက်ကြ။

ပထမအချက် သူတို့မှာသတ္တိမရှိ။ ဂုဏ်ချင်းကွာဟချက်ကြီးလွန်းသည်။

ဒုတိယအချက် ဝန်ဆောင်မှုလုပ်ငန်းချင်းတူသောကြောင့် သူ့မျက်ခုံးကိုသွားထိရလောက်အောင် မမိုက်မဲ။

ချင်လင်လည်း ထိုင်ခုံရှာထိုင်လိုက်သည်။

မကြာမီ ခရီးသွားဌာနမှ မျက်နှာပြုံးပြုံးနှင့်လူတစ်ယောက်နှင့်အတူ လူတစ်စုရောက်လာသည်။

ထိုသူမှာ ရုံချန်းခရီးသွားအဖွဲ့အစည်းဥက္ကဌချန်ဝမ်ဖြစ်သည်။

ကျူးဇီယဉ်ကျေးမှုပန်းခြံ၏ဒါရိုက်တာလည်းဖြစ်သည်။

ကျူးဇီယဉ်ကျေးမှုပန်းခြံက ရုံချန်းမှာရှိပြီး ချင်းလင်စံအိမ်နှင့်နီးသောကြောင့် ခရီးသည်အတော်များများကသွားကြည့်ကြသည်။

ချန်ဝမ်က ခရီးသွားအဖွဲ့အစည်းဥက္ကဌဖြစ်ပြီး ဩဇာအာဏာရှိသောကြောင့် ခရီးသွားလုပ်ငန်းမှလူများက သူ့နောက်ပြုံလိုက်နေသည်။

ထိုနေရာက ရုံချန်းမှာအထင်ကြီးစရာကောင်းသည်။

ချန်ဝမ်ကဝင်လာပြီး ချင်လင်ကိုမြင်မြင်ချင်း တရိုတသေနှုတ်ဆက်သည်_

"ဥက္ကဌချင်လည်း ရောက်နေပြီလား''

သူ ရုံချန်းခရီးသွားအဖွဲ့အစည်းဥက္ကဌဖြစ်လာတာ ဥက္ကဌချင်ကမလုပ်သောကြောင့်မှန်း သူကောင်းကောင်းသိသည်။ ချင်းလင်စံအိမ်မန်နေဂျာကိုပို့ခြင်းလည်းမရှိ။

မဟုတ်ရင် သူဥက္ကဌဖြစ်လာမည်မဟုတ်ပေ။

အစည်းအဝေးတက်လာသူများမှာ ရုံချန်းရှုမျှော်ခင်းနေရာအသီးသီးမှသူဌေးများဖြစ်၍ ချင်လင်အကြောင်းကိုသိကြသည်။

ထို့ကြောင့် အားလုံးချင်လင်ဆီရောက်လာပြီး ရိုရိုသေသေနှုတ်ဆက်ကြသည်_

"မတွေ့တာကြာပြီနော် ဥက္ကဌချင်!''

"ဥက္ကဌချင်.. တွေ့ရတာဝမ်းသာပါတယ်''

"ဥက္ကဌချင်ရောက်လာမှတော့ ဒီအစည်းအဝေးကအရာရောက်ပြီ''

ချင်းလင်စံအိမ်မရှိရင် သူတို့တာဝန်ခံထားတဲ့ရှုမျှော်ခင်းနေရာတဝက်လောက်ကခြောက်ကပ်ပြီး အရင်လိုစည်ကားတော့မည်မဟုတ်မှန်းလည်းသိသည်။

ချင်းလင်စံအိမ်နှင့်ချင်းလင်မွေးမြူရေးခြံက အရေအတွက်ကန့်သတ်ထားသောကြောင့်သာ သူတို့ရှုမျှော်ခင်းနေရာများကိုလာလည်ကြသည်။

ဒါကလည်း ချင်းလင်စံအိမ်ကကြော်ငြာပေးသောကြောင့်ပင်။ အရင်က စီရင်စုနှင့်ဥက္ကဌချင်စကားပြောပြီး ချင်းလင်စံအိမ်ဝင်ပေါက်ကြော်ငြာဘုတ်တွင် ရုံချန်း၏တခြားရှုမျှော်ခင်းနေရာများကိုမိတ်ဆက်ပေးထားသည်။

ချင်းလင်စံအိမ်နာမည်ကြီးလာသည်အထိ ဆိုင်းဘုတ်ကရှိနေဆဲ။

All Chapters