ပြီးပြည့်စုံတဲ့စိတ်ကူး! ၂
Vol. 77 Ch. 1149
ချင်းလင်စံအိမ်လက်ရှိအခြေအနေအရ ဆိုင်းဘုတ်ဖယ်ချင်ရင်တောင် စီရင်စုကကန့်ကွက်မည်မဟုတ်မှန်းသိကြသည်။
ဥက္ကဌချင်က ဒီလိုဩဇာရှိသူပင်။
ဒီလိုလူမျိုးကိုမလေးစားဘဲနေဖို့မဖြစ်နိုင်။
ဒါ သူ့စည်းစိမ်ချမ်းသာ၊ ဂုဏ်အဆင့်အတန်း၊ အသက်အရွယ်နှင့်မဆိုင်။ သူ့ကိုယ်ကျင့်တရားနှင့်တကိုယ်ကောင်းမဆန်ခြင်းကြောင့်သာဖြစ်သည်။
ကိုယ်ကြိုးကြိုးစားစားဆွဲဆောင်ထားတဲ့ခရီးသည်တွေကိုမျှဝေပေးပြီး ကိုယ့်အိမ်ပေါက်မှာတောင်မိတ်ဆက်ပေးထားတယ်ဆိုတာ တခြားရှုမျှော်ခင်းနေရာတွေအဖို့ဖြစ်နိုင်ပါ့မလား?
လုံးဝမဖြစ်နိုင်။
တခြားသူဌေးသာဆိုရင် လက်ခံမှာမဟုတ်၊ လုပ်ငန်းတူချင်းခွင့်မပြုနိုင်။ ကိုယ့်အိမ်ပေါက်မှာဆိုင်းဘုတ်ထောင်ပြီးကြော်ငြာပေးဖို့ ပိုလို့တောင်မဖြစ်နိုင်ပေ။
"အားလုံးပဲ ဒီလောက်ယဉ်ကျေးနေဖို့မလိုပါဘူး!''
ချင်လင်လည်း ချန်ဝမ်အား_
"ဥက္ကဌချန်.. အစည်းအဝေးလုပ်ပါ.. ကျွန်တော်ကနားထောင်ရုံပါပဲ... ပြီးရင်ပြန်မှာ''
ဒီအစည်းအဝေးတက်ခြင်းက ရုံချန်းအခြေအနေကိုလာကြည့်ရုံသက်သက်သာ။
"ကောင်းပါပြီ.. ဥက္ကဌချင်စကားအတိုင်းပါပဲ''
ချန်ဝမ်လည်းခေါင်းညိမ့်ပြီး တခြားသူများကိုနှုတ်ဆက်သည်_
"အားလုံးထိုင်ကြပါ... ပြောစရာရှိတာပြောကြတာပေါ့... ရုံချန်းမှာရုတ်တရက်ရာသီဥတုပြောင်းလဲလာတာ အားလုံးအသိပဲ''
"လောလောဆယ်ဖြစ်နေတဲ့ရာသီဥတုကကောင်းတယ်ဆိုပေမဲ့ ရှေ့လျှောက်ပြောင်းဦးမလားမသိနိုင်ဘူး... ဒါပေမဲ့ စီရင်စုကလည်း နောက်ဆုံးဘယ်လိုပဲဖြစ်ဖြစ် ဒီများပြားလာတဲ့ခရီးသည်တွေကိုထိန်းသိမ်းရမယ်လို့ပြောထားတယ်... ရှုမျှော်ခင်းနေရာအားလုံးက ဝန်ဆောင်မှုပိုင်းမှာ သက်ဆိုင်ရာပြောင်းလဲမှုတွေလုပ်ရမယ်''
ချင်လင်ရှိသောကြောင့် အစည်းအဝေးမြန်မြန်ပြီးခြင်းဖြစ်မည်။ ချန်ဝမ်က သူ့ကိုအလေးထားသည်။ မဟုတ်ရင် အစည်းအဝေးအကြာကြီးလုပ်ပြီး အသေးစိတ်အကြောင်းအရာတွေပြောဖြစ်မည်။
အစည်းအဝေးပြီးသောအခါ ချင်လင်အား ချန်ဝမ်ကိုယ်တိုင် ခရီးသွားဌာနအပြင်လိုက်ပို့သည်။ ချင်လင် BMW 5 စီးရီးမောင်းပြီးထွက်သွားသည်ကိုကြည့်နေသည်။
ချင်လင်က ခရီးသွားဌာနမှထွက်ပြီး ရုံချန်းထဲလျှောက်သွားသည်။ လမ်းပေါ်တွင် ကိရိယာကိုင်ထားသောလူတစ်ယောက်ကိုတွေ့သည်။ ရာသီဥတုပြောင်းလဲရသည့်အကြောင်းကိုရှာနေတာဖြစ်မည်။
ရုံချန်းရာသီဥတုပြောင်းလဲခြင်းကြောင့် ဓာတ်ခွဲခန်းအတော်များများက ရုံချန်းလာပြီးစမ်းသပ်ချင်ကြောင်းပြောကြသည်။
ဒီလောက်မြန်မြန်ရောက်လာမည်ဟုမထင်မိ။
ထို့နောက် ချင်လင်ကရုံချန်းအပြင်မောင်းထွက်ပြီး မြို့အစွန်ရောက်လာသည်။ ဒီဘက်ကအဆောက်အဦး၊လမ်းအားလုံး အသစ်စက်စက်ဖြစ်သည်။
မြို့သစ်အပိုင်းပင်။
မြို့သစ်အပိုင်းက မူလရုံချန်းနေရာနှင့်လုံးဝမနီး၊ အနည်းအကျဉ်းသာဆက်စပ်နေပြီး အများစုကလမ်းပိုင်းသာဆက်သည်။
ချင်းလင်စံအိမ်မှာ မြို့ဟောင်းနှင့်မြို့သစ်အဆက်နေရာတွင်တည်ရှိသည်။
မြို့သစ်ပိုင်းမှာအပြည့်အဝမဖွံ့ဖြိုးသေးသော်လည်း အိမ်များကိုကြိုတင်ရောင်းချထားသည်။
ချင်လင်က အဆောက်အဦးတစ်ခုရှေ့တွင်ကားရပ်လိုက်သည်။ အဆောက်အဦးမှာပြင်ဆင်နေဆဲဖြစ်ပြီး စာလုံးကြီးများရေးထားသည်:
'ရုံချန်းချင်းလင်စံအိမ်ဧည့်ကြိုခန်းမ'
အမှန်ပင်။ စီရင်စုက ချင်းလင်စံအိမ်ကို မြို့သစ်ထဲတွင်ဧည့်ကြိုခန်းမအဖြစ်ထားရန်အဆောက်အဦးတစ်ခုပေးထားသည်။
အခု ချင်းလင်စံအိမ်တွင်ခရီးသည်များလွန်းသောကြောင့် မနိုင်ဝန်ထမ်းနေရသည်။ မူလဧည့်ကြိုခန်းမမှာ ပြည့်ကြပ်နေ၏။
နောက်ပိုင်း နတ်သမီးပုံပြင်တောင်ပရောဂျက်ဖွင့်ရင် ခရီးသည်ပိုများလာဦးမည်။
အဲဒီအချိန်ကျရင် မြို့သစ်ဧည့်ကြိုခန်းမက အသုံးတည့်လာမည်။ ခရီးသည်များကို ဘတ်စ်ကားနှင့်တိုက်ရိုက်လာကြိုပြီး နတ်သမီးပုံပြင်တောင်သို့သွားနိုင်သည်။
ဒီခန်းမက ချင်းလင်စံအိမ်ခရီးသည်များကိုခွဲပေးနိုင်သည်။ နောက်ပြီး ရုံချန်းရောက်နေသောတခြားခရီးသည်များလည်း ဒီမှာစာရင်းသွင်းကာကိစ္စဝိစ္စများလုပ်ထားနိုင်သည်။
ချင်လင်က ဧည့်ကြိုခန်းမကိုကြည့်ရှုပြီး ချင်းလင်အပန်းဖြေစံအိမ်ပြန်လာသည်။
အပန်းဖြေစံအိမ်ရောက်သောအခါ ယွမ်ရှန်က လူတစ်ယောက်နှင့်ရောက်လာ၏။
"တော်ဝင်ပညာရှင်ယွမ်.. သူက?''
ချင်လင်က ထိုလူကိုဇဝေဇဝါနှင့်ကြည့်လိုက်သည်။
"သူဌေးချင်.. သူက တရုတ်သိပ္ပံအကယ်ဒမီရဲ့မိုးလေဝသဌာနကပါမောက္ခလင်း''
ယွမ်ရှန်က ခပ်တိုတိုရှင်းပြသည်_
"ရုံချန်းရာသီဥတုအပြောင်းအလဲကိုစစ်ဆေးဖို့ရောက်လာတာ''
"ဒီနေ့ နေရာအမျိုးမျိုးမှာ သူစစ်ဆေးကြည့်ပြီးပြီ... မကြာဘူး.. ချင်းလင်စံအိမ်က ဒီရာသီဥတုပြောင်းလဲတဲ့နေရာအလယ်တည့်တည့်မှာကျနေတာတွေ့ရတယ်တဲ့''
ပါမောက္ခလင်းလည်း ချက်ချင်း ချင်လင်ကိုနှုတ်ဆက်သည်_
"သူဌေးချင်.. မင်းအကြောင်းအများကြီးကြားဖူးတယ်... ငါထင်တာထက်ပိုငယ်တာပဲ''
ချင်လင် အံ့ဩသွားသည်။ သူကမသိဟန်ဆောင်ကာမေးလိုက်သည်_
"ပါမောက္ခလင်း အဲဒါအမှန်ပဲလား?''
သူ့ကိုယ်သူပေါ်အောင် လုပ်လိုက်မိပြီလား?
ပါမောက္ခလင်းက အမြန်ရှင်းပြသည်_
"ရာသီဥတုရဲ့အလယ်ဗဟိုက ချင်းလင်စံအိမ်ပဲ.. ရာသီဥတုပြောင်းလဲတဲ့အခြေအနေအတိအကျကိုတော့ တော်ဝင်ပညာရှင်ယွမ်ကိုပြောထားတယ်... အကြမ်းဖျင်းခန့်မှန်းထားတာပေါ့''
"တော်ဝင်ပညာရှင်ယွမ်က နတ်သမီးပုံပြင်တောင်ပေါ်ဥက္ကာခဲကျဖူးတယ်ပြောတယ်... မင်းသိတဲ့အတိုင်း ဥက္ကာခဲကျရင် သက်ရောက်မှုအများကြီးရှိတယ်.. ရာသီဥတုအပါအဝင်ပေါ့... ဒီရာသီဥတုပြောင်းလဲတာက ဥက္ကာခဲနဲ့ဆက်စပ်နေလိမ့်မယ်''
"ဥက္ကာခဲကျတာကြာပြီမလား?''
ချင်လင်က အမှတ်တမဲ့မေးလိုက်သည်။
ဥက္ကာခဲဲကြောင့်ဆိုရင် ဒီလောက်ကြာမှရာသီဥတုပြောင်းတာ အဓိပ္ပါယ်မရှိဘူးမလား?
မေးပြီးမှ နောင်တရပြန်သည်။
တရုတ်သိပ္ပံအကယ်ဒမီပါမောက္ခက ဒီလိုထင်မှတော့ ထင်စေပေါ့။ အဲဒါကိုအချက်အလက်အဖြစ်သတ်မှတ်ရင် အကောင်းဆုံး။
သူဘာလို့မေးတာလဲ? ပမာမခန့်လုပ်ခြင်းမဟုတ်။
ပါမောက္ခလင်းက ပြုံးလိုက်ပြီး_
"ဥက္ကာခဲကျတာကြာပြီဆိုတာမှန်ပါတယ်... ဒါပေမဲ့ ရာသီဥတုပြောင်းလဲတဲ့အထိမဖြစ်သေးဘူး... ဒါမှမဟုတ် လုံးဝပြောင်းလဲတဲ့အထိမဖြစ်သေးတာ... တဝက်တပျက်ပြောင်းလဲတာဆိုရင် အမှတ်တစ်ခုမရောက်ခင်အထိ ဒီလိုရာသီဥတုပြောင်းလဲမှာမဟုတ်ဘူး''
"ရုံချန်းရာသီဥတုကိုလေ့လာပြီးပြီ... ရာသီဥတုက အမြဲကောင်းတယ်... အနည်းဆုံးတော့ မင်စီရင်စုနဲ့မင်မြို့တော်လိုနေရာမျိုးထက်ပိုကောင်းတယ်''
"အဲဒါကြောင့် ရုံချန်းအပေါ်သက်ရောက်မှုရှိပေမဲ့ ရာသီဥတုပြောင်းလဲတဲ့အမှတ်ကိုမရောက်သေးတာလို့ခန့်မှန်းထားတယ်... အသေးစိတ်ရှင်းပြရရင် အရမ်းရှုပ်ထွေးတယ်... ရှုထောင့်တွေအများကြီးပါတယ်... အချိန်တိုအတွင်းမပြောနိုင်ဘူး''
"ပြောင်းလဲရတဲ့အကြောင်းရင်းက သန့်စင်မြက်ကလေသန့်စင်ပေးပြီး လေထုထဲကအောက်စီဂျင်ပမာဏကိုတိုးစေလို့ သက်ရောက်မှုရှိလာပြီး ရုံချန်းရာသီဥတုကိုပြောင်းစေတာဖြစ်မယ်''
"ပြီးတော့ တောင်ကြားအကျယ်အဝန်းအရ ဥက္ကာခဲကျတဲ့နေရာမကျယ်ဘူးဆိုတာလည်းသိနိုင်တယ်... အဲဒါကြောင့် ရာသီဥတုပြောင်းလဲတဲ့ဧရိယာသိပ်မကျယ်ဘူး... ရုံချန်းနားတဝိုက်ပဲ... သိပ္ပံနည်းကျရှင်းပြနိုင်ဖို့က အရင်လေ့လာရဦးမယ်''
ထိုရှင်းပြချက်ကြောင့် ချင်လင်မှင်သက်နေသည်။
တွက်ဆမှုက ခရေစေ့တွင်းကျ!
ပြီးပြည့်စုံလိုက်တဲ့အတွေး!
သူ့အကြောင်းမပေါ်ချင်လို့သာမဟုတ်ရင် ပါမောက္ခလင်းကို လက်ခုပ်ဩဘာပေးလိုက်ချင်သည်။
တဖက်ခန့်မှန်းချက်တွေက အဓိပ္ပါယ်မရှိတာတွေဖြစ်နေပေမဲ့ ဒီလိုပြီးပြည့်စုံတဲ့စိတ်ကူးတွေထွက်လာတိုင်း ဓားစာခံအတွက်ပူစရာမလိုတော့။
ပါမောက္ခလင်းမှာ အပန်းဖြေစံအိမ်ကိုလာကြည့်ရုံသာဖြစ်သည်။ ကျောက်မိုချင်းကဝင်ခွင့်ပေးထားခြင်းဖြစ်သောကြောင့် လီခိုင်နှင့်အမြန်ပြန်သွား၏။
ဝန်ကြီးလုပေးသောတာဝန်ကြောင့် ရုံချန်းကိုလာခြင်းဖြစ်သည်။ ဒီသုတေသနကိုအမြန်အပြီးသတ်ပြီး သူ့ကိုယ်ပိုင်သုတေသနပြန်လုပ်ရန်စိတ်ကူးနေသည်။
အခု ဘာဖြစ်နေလဲ အကြမ်းဖျင်းသိရပြီ။ သုတေသနလုပ်ပြီး သိပ္ပံနည်းကျသက်သေပြနိုင်ရန်စမ်းသပ်မည်။
ပါမောက္ခလင်းနှင့်လီခိုင်ထွက်သွားပြီးနောက် ယွမ်ရှန်က_
"ဥက္ကဌချင်... မင်းအတွက်သတင်းကောင်းရှိတယ်... ဆေးရုံကကင်ဆာလူနာတွေ အခြေအနေပိုကောင်းလာပြီ... မကြာခင် လုံးဝပြန်ကောင်းသွားလိမ့်မယ်''
"မင်းစိုက်ထားတဲ့လဖက်ပင်နှစ်ပင်က တကယ့်နိုင်ငံ့ရတနာပဲ... ရွှေ့စိုက်ထားတဲ့လဖက်ပင်တွေသာ ဒီအာနိသင်ကိုထိန်းထားနိုင်ရင် တို့နိုင်ငံက ကင်ဆာပြဿနာကိုဖြေရှင်းနိုင်မှာ''
"အဲဒီကျ ကင်ဆာနဲ့ပတ်သက်ရင် တစ်ကမ္ဘာလုံးတို့လက်ထဲရောက်ပြီ''
တော်ဝင်ပညာရှင်ယွမ် စိတ်လှုပ်ရှားနေသည်။ စီနီယာသုတေသနတစ်ဦးအနေနှင့် အကြီးဆုံးသူ့အိပ်မက်က အနောက်တိုင်းနိုင်ငံများကိုကျော်တက်နိုင်ဖို့ပင်။
အခု ကင်ဆာကုနိုင်တဲ့လဖက်ခြောက်က အနောက်တိုင်းလောကကိုကျော်တက်သွားပြီ။ တကယ်တော့ ကင်ဆာနဲ့ပတ်သက်ရင် အနောက်တိုင်းကိုနှစ်ပေါင်းများစွာနောက်ချန်ထားနိုင်ပြီ။
ပျိုးထောင်သူက သူမဟုတ်၊ သူဌေးချင်ဖြစ်သော်လည်း လက်တွေ့စမ်းသပ်ချက်မှာသူပါဝင်ခဲ့သောကြောင့် ဂုဏ်ယူမိသည်။
ချင်လင် ပြုံးလိုက်သည်။ ယွမ်ရှန်နှင့်စကားပြောပြီးနောက် သူ့ရုံးခန်းထဲပြန်လာသည်။
သူထိုင်ထိုင်ချင်း စိုက်ပျိုးရေးခြံအလယ်တွင်ပုံရိပ်တစ်ခုတွေ့ရသောကြောင့် အံ့ဩသွားသည်။ ဒီတစ်ခါ လူပုလေးအာနီမဟုတ်။ ပေါ်မလာတာကြာပြီဖြစ်သောအစားတလိုင်းပင်။
နောက်ထပ်ဇာတ်ကွက်တာဝန်လား?
ချင်လင်က ဂိမ်းဇာတ်ကောင်အား အစားတလိုင်းဆီအမြန်သွားစေသည်။
အခုတလော သူ့ကံအတော်ကောင်းနေပုံရသည်။