ချင်းလင်စံအိမ်စားသောက်ပွဲ!
Vol. 77 Ch. 1152
ချင်းလင်အပန်းဖြေစံအိမ်_
ချင်လင်ကဂိမ်းဖန်သားပြင်ကြည့်ပြီး နေ့စဉ်တာဝန်များအပြီးသတ်နေသည်။ ထို့နောက် တံခါးခေါက်သံကြားရ၏။
လင်းလန်ဇီနှင့်ချန်လီ အတူတူဝင်လာကြသည်။
"ခင်ဗျားတို့နှစ်ယောက်.. ဘယ်လိုလုပ်အတူတူလာကြတာလဲ?''
ချင်လင်ကမတ်တပ်ထရပ်ပြီးစူးစမ်းလိုက်သည်။ ချန်လီကို လဖက်ရည်စားပွဲဆီဖိတ်ပြီးထိုင်ကြ၏။
လင်းလန်ဇီကထိုင်ပြီးနောက် ရှင်းပြသည်_
"သူဌေးက စားသောက်ပွဲလုပ်ဖို့ပြောတယ်မလား? လက်ထောက်ချန်ကလည်း အဲဒီအတွက်ရောက်နေတာ''
"သူဌေးချင်''
ချန်လီကခေါင်းညိမ့်ပြီး_
"ကျုပ် တကယ်စားသောက်ပွဲအတွက်လာတာ... ရုံချန်းရာသီဥတုကပြောင်းနေတယ်လေ... ခရီးသည်တွေပြုံကျနေတယ်''
"ရာသီဥတုသာယာလို့လာကြတယ်ဆိုပေမဲ့ ရာသီဥတုကိုပဲအားကိုးနေလို့မရဘူး... တခါတည်းထိုင်စားပစ်လို့မဖြစ်ဘူး''
"အဲဒါကြောင့် စီရင်စုကလည်း လှုပ်ရှားမှုတချို့လုပ်မယ်... ဒါပေမဲ့ မင်းသိတဲ့အတိုင်း ငါတို့စီရင်စုက ဒီအပိုင်းမှာအတွေ့အကြုံမရှိဘူး... မင်းရဲ့ချင်းလင်စံအိမ်လောက်မကောင်းတာသေချာတယ်''
"ချင်းလင်စံအိမ်မှာစားသောက်ပွဲလုပ်မယ်ဆိုတော့ စီရင်စုက ဒီပွဲမှာပူးပေါင်းချင်တယ်... တစ်နှစ်တစ်ကြိမ် ဒါမှမဟုတ် အကြိမ်ကြိမ်လုပ်လို့ရတယ်''
"ဒီပွဲကိုနည်းနည်းကျော်အောင်လုပ်မယ်... တို့ရုံချန်းရဲ့ပွဲကြီးတစ်ခုဖြစ်အောင်ပေါ့.. အဲဒီကိစ္စ မင်းနဲ့လာဆွေးနွေးတာပဲ သူဌေးချင်''
ချင်လင်က အထူးအမဲသားအရောင်ထွက်ချင်ရုံသက်သက်နှင့် ပွဲလုပ်ချင်သူ။
စီရင်စုမှာ ဒီလိုအတွေးရှိမည်ဟုမထင်မိ။
"ရတာပေါ့.. စီရင်စုက ဒီကဥက္ကဌလင်းနဲ့ဆွေးနွေးနိုင်ပါတယ်... ကျွန်တော်ကန့်ကွက်စရာမရှိပါဘူး''
ချင်လင် မငြင်း။ စီရင်စုကပူးပေါင်းမှတော့ စားသောက်ပွဲကပိုကြီးကျယ်မည်။
စီရင်စုက ထူးထူးခြားခြားပွဲဖြစ်စေချင်မှတော့ သူမငြင်းနိုင်။ ဘာပဲဖြစ်ဖြစ် ချင်းလင်စံအိမ်အတွက်အရှုံးမရှိ။
စီရင်စုကိုကူညီနိုင်တာပေါ့။ ဘာလို့မကူညီရမှာလဲ?
ရုံချန်းခရီးသွားပတ်ဝန်းကျင်ကောင်းရင် ချင်းလင်စံအိမ်အတွက်လည်းကောင်းတာပဲ။
"တကယ်ကျေးဇူးတင်ပါတယ် သူဌေးချင်''
ချန်လီ ချက်ချင်းဝမ်းသာသွားသည်။ ချင်လင်နှင့်ခဏစကားပြောပြီးနောက် လင်းလန်ဇီနှင့်စားသောက်ပွဲအကြောင်းဆွေးနွေးကြရန် ချင်းလင်စံအိမ်ဘက်ခပ်သုတ်သုတ်ထွက်သွားကြသည်။
နောက်ရက်များတွင် ချင်းလင်စံအိမ်နှင့်ရုံချန်းကပူးပေါင်းပြင်ဆင်ကြသည်။ လင်းလန်ဇီကအချိန်နှင့်အမျှရောက်လာပြီး နောက်ဆုံးအခြေအနေကိုအစီရင်ခံသည်။
ရက်ပိုင်းကြာပြီးနောက် ချန်လီနှင့်လင်းလန်ဇီ ချင်လင်ရုံးခန်းထဲရောက်လာပြန်သည်။
"သူဌေး.. ဒီစားသောက်ပွဲရဲ့ဒီဇိုင်းနဲ့အစီအစဉ်ကိုကြည့်ပါဦး''
လင်းလန်ဇီကပြောရင်း ချင်လင်ဆီအကြံပြုချက်ပြသည်။
ချင်လင်က ယူဖတ်လိုက်၏။
စားသောက်ပွဲကိုနှစ်ပိုင်းခွဲထားသည်။ တစ်ပိုင်းက အစားအသောက်အပိုင်းပင်။
စားသောက်ပွဲတွင် ရုံချန်း၏ပျံကျမုန့်ဆိုင်များ၊ အဆာပြေမုန့်ဆိုင်၊ စားသောက်ဆိုင်များ၊ ကိုယ်တိုင်ချက်လက်ရာများတောင်ပါဝင်နိုင်သည်။
သူတို့ကိုယ်ပိုင်အစားအစာကိုတစ်နေ့တည်းရောင်းပြီး ခရီးသည်များဆီမှ Like နှင့်မှတ်ချက်ရနိုင်သည်။ တချိန်တည်းမှာ ရုံချန်းကသီးသန့်ဝဘ်ဆိုက်တစ်ခုဖွင့်ပြီး စားဖိုမှူးအားလုံးစာရင်းသွင်း၍ Like ရရန် QR ကုဒ်လျှောက်ထားနိုင်သည်။
စားသောက်ပွဲနေ့တွင် ရုံချန်းစားဖိုမှူးများဟူ၍ကန့်သတ်မထား။ အပြင်စားဖိုမှူးများလည်းဝင်ပါနိုင်သည်။
ရုံချန်းခရိုင်အသစ်နှင့်ချင်းလင်စံအိမ်လမ်းကို အဝင်အထွက်ပိတ်ထားမည်။ လမ်းတဖက်တချက်တွင် ဆိုင်များခင်းပြီး ရုံချန်းစားဖိုမှူးများကိုလက်စွမ်းပြစေကာ ခရီးသည်များဆီမှ Like စုဆောင်းနိုင်သည်။
ခရီးသည်ဆီမှ Like အများဆုံးရသောစားဖိုမှူးများက ချင်းလင်မွေးမြူရေးခြံစားသောက်ပွဲမှာပါဝင်နိုင်မည်။
နောက်တစ်ပိုင်းက ခရီးသည်များအတွက်ဖြစ်သည်။
စားသောက်ပွဲနေ့တွင် ခရီးသည်များရုံချန်းရောက်သောအခါ မုန့်ဆိုင်၊အဆာပြေမုန့်ဆိုင်၊ စားသောက်ဆိုင် မည်သည့်ဆိုင်မှာစားသုံးသည်ဖြစ်စေ ကံစမ်းမဲနှိုက်ခွင့်ရမည်။
ကံစမ်းမဲတွင် စိန်ခေါ်ပွဲများပါသည်။ ဥပမာ အစားဘယ်လောက်စားရမည်၊ အမြင့်ဘယ်လောက်ခုန်ရမည်၊ ကောင်မလေးနှင့်ဘယ်လောက်ကြာကြာနမ်းရမည်၊ မင်းသမီးလိုဘယ်လောက်ကြာကြာချီရမည် စသည်...
ဒီစိန်ခေါ်မှုအောင်မြင်ရင် စားသောက်ပွဲအတွက်ကျန်လက်မှတ်များကိုရနိုင်သည်။
လက်မှတ်အရောင်းဌာန ၁၊၂၊၃ ၊၄၊၅ ရှိသည်။
ဌာန ၅ ခုပေါင်းပြီး ဝင်ခွင့် QR ကုဒ်လက်မှတ်ရမည်။ အချိန်ကျရင် စားသောက်ပွဲမှာပါဝင်ခွင့်ရမည်။
နောက်ပြီး လက်မှတ်တစ်စောင်ကို မိသားစုသုံးယောက်ခေါ်ခွင့်ရှိသည်။
ချင်လင်က အစီအစဉ်ဖတ်ပြီး ရသစုံရှိုးနှင့်တူသလိုခံစားရသည်။
သူတို့သေချာလုပ်ပြီးကြော်ငြာနိုင်ရင် ရသစုံရှိုးပွဲတွေထက်အဆင့်ပိုမြင့်နိုင်တယ်မလား?
ဘာပဲဖြစ်ဖြစ် ရုံချန်းမှာ ခရီးသည်သောင်းချီ၊ ရုံချန်းသားသိန်းချီရှိသည်။ အများစုကလာကြလိမ့်မည်။
ဘယ်ရသစုံရှိုးပွဲက ဒီလောက်အများကြီးဖိတ်နိုင်လို့လဲ?
ဆယ်လီမပါသည်မှလွဲ၍ ဒီစားသောက်ပွဲကအတော်အတန်ကြီးမည်။
ဒီလိုစားသောက်ပွဲမျိုးကျင်းပရာတွင် နောက်ဆုံးဆုက မက်လောက်စရာဖြစ်ရမည်။
ပြီးတော့ စားသောက်ပွဲတစ်ညလုံးဆုများရှိမည်။
စားသောက်ပွဲတက်နိုင်သောစားဖိုမှူးများက ယွမ်တစ်သောင်းရမည်။ စားသောက်ပွဲညတွင်လည်း Like များရပြီး ထိပ်တန်းစားဖိုမှူးသုံးယောက်ထွက်လာမည်။
တတိယဆု ၁၀၀၀၀၀၊ ဒုတိယဆု ၃၀၀၀၀၀ ဖြစ်ပြီး ပထမဆုက ၅၀၀၀၀၀ ရမည်။
ပထမဆုက ဆုတန်ဖိုးထက်ပိုပြီး စားဖိုမှူးများအတွက်အရေးပါသည်။
ချင်းလင်စံအိမ်နှင့်ရုံချန်းနာမည်ကြောင့် အလွန်အာရုံစိုက်ခံရမည်။
ရုံချန်းစားသောက်ပွဲတွင် ပထမ၊ဒုတိယ၊တတိယစားဖိုမှူးများကနာမည်ရမည်ဟု သူယုံကြည်သည်။
အဲဒီကျရင် အကျိုးအမြတ်ကြီးကြီးရမည်။
စားသောက်ပွဲတက်သောခရီးသည်များက စားဖိုမှူးကို Like ပေးရမည့်အပြင် မဲနှိုက်ပြီးဆုလည်းရနိုင်သည်။
ယွမ် ၁၀၀၀၀၀ ဒါမှမဟုတ် ရှောင်ချင်ချက်သောအမဲသားဟင်းပွဲရမည်။
နောက်ဆုံးဆုကို ချင်လင်တောင်းဆိုထားခြင်းဖြစ်သော်လည်း ပထမယွမ် ၁၀၀၀၀၀ ဆုက ခရီးသည်များအတွက်ဆွဲဆောင်မှုအရှိဆုံးဖြစ်နိုင်သည်။