ချင်းလင်စံအိမ်စားသောက်ပွဲ! ၂
Vol. 77 Ch. 1153
စဉ်းစားကြည့်။ ပျော်ရမယ်၊ စားရမယ်၊ ယွမ် ၁၀၀၀၀၀ ပေါက်နိုင်တယ်ဆိုရင် ဝင်မပါချင်တဲ့သူရှိမလား?
ဆုအတွက် ရုံချန်းကပေးမည်။ သူတို့သာတာဝန်ခံရရင် ချမ်းသာတိုင်းအလွန်အကျွံလုပ်သလိုဖြစ်မည်။
ဒါပေမဲ့ ဒီပွဲပြီးရင် ရုံချန်းက အဆရာပေါင်း၊ထောင်ပေါင်းများစွာအကျိုးအမြတ်ရမည်။
ချင်လင်က စားသောက်ပွဲအသေးစိတ်ကိုဖတ်ကြည့်သည်။ အထူးသဖြင့် လုံခြုံရေးပင်။ ရုံချန်းကအများကြီးအားစိုက်ထုတ်ထားသည်။ ရဲတပ်ဖွဲ့ကိုဖြန့်ကျက်ထားရုံသာမက မီးသတ်ဌာနကိုလည်းအရံသင့်ထားသည်။ အပြင်ကနေတောင်လွှဲပေးသည်။
ချင်းလင်စံအိမ်လုံခြုံရေးအစောင့်များ၊ ရှုမျှော်ခင်းနေရာအသီးသီးမှလုံခြုံရေးများ၊ ရုံချန်းကုမ္ပဏီအသီးသီးမှလုံခြုံရေးများလည်းရှိသောကြောင့် စားသောက်ပွဲမှာပြဿနာမရှိနိုင်။
တဖက်တွင် လင်းလန်ဇီက စားသောက်ပွဲအတွက်တက်ကြွအောင် ဆင်ပျော်ကိုသုံးချင်သည်။ သက်ဆိုင်ရာအရည်အချင်းများကို သူမကလေ့ကျင့်သင်ကြားပေးပြီး ရှောင်ဝူကိုအစီအစဉ်ထိန်းသိမ်းသူတောင်လုပ်စေချင်သည်။
မိုက်လေးပေးထားရင် သူအော်နိုင်မလား?
စိတ်ဝင်စားစရာ။
ချင်လင်က ပြီးပြည့်စုံသောအစီအစဉ်ကိုကြည့်ပြီး အခြေအနေအကြမ်းဖျင်းကိုသဘောပေါက်လိုက်သည်။
စားသောက်ပွဲအတွက်ပါဝင်ပစ္စည်းများကို သူဖြည့်ဆည်းပေးမည်။ အရည်အသွေးမြင့်(အရည်အသွေး ၂)အမဲသားကိုလည်း ဖြည့်ဆည်းပေးနိုင်သည်။
တနည်းပြောရရင် စားသောက်ပွဲတွင်တည်ခင်းမည့်အစားအစာများက တော်ဝင်အကြီးအကဲစားပွဲအဆင့်ရှိသည်။
သူလိုချင်ရင် အကောင်းဆုံးရနိုင်သည်။
ထို့နောက် အကြံပြုချက်တွင် သူ့လက်မှတ်ထိုးလိုက်သည်။
ချင်လင်က အကြံပြုချက်ကိုလင်းလန်ဇီထံပြန်ပေးပြီး ချန်လီကိုဖိတ်သည်_
"လက်ထောက်ချန်... ကိစ္စအဆင်ပြေပြီဆိုတော့ လဖက်ရည်သောက်ရအောင်''
"သူဌေးချင်သဘောပါပဲ''
ချန်လီလည်းပြုံးပြီး လဖက်ရည်စားပွဲသွားသည်။
အခု သူစိတ်ကြည်လင်နေသည်။ သူဌေးချင်လက်မှတ်ထိုးပြီးဖြစ်၍ ဒီတစ်ခါသူ့တာဝန်အောင်မြင်သွားပြီ။
ချင်လင်က အရည်အသွေး ၂ အူလုံလဖက်ခြောက်ထုတ်ပြီး တစ်အိုးနှပ်သည်။ ချန်လီနှင့်ခဏစကားပြောပြီးနောက် ချန်လီထံဖုန်းဝင်လာ၍သူပြန်သွားသည်။
ထို့နောက် လင်းလန်ဇီလည်း တောင်တန်းစံအိမ်ပြန်ပြီး စားသောက်ပွဲကြော်ငြာဗီဒီယိုလုပ်ရန် မာတီမီဒီယာဌာနတွင်အလုပ်စသည်။
ညနေပိုင်းတွင် စံအိမ်တရားဝင်အကောင့်မှတဆင့် စားသောက်ပွဲကြော်ငြာဗီဒီယိုထွက်လာသည်။ ဝမ်ချိုင်၊ ရှောင်ဝူ၊ ရှောင်ရွှယ်တို့အကောင့်မှာလည်းတင်သည်။
တရားဝင်အကောင့်မှာ တိရစ္ဆာန်ပရိသတ်များအပါအဝင် ပရိသတ်သန်း ၁၃၀ ကျော်ရှိသည်။ ဗီဒီယိုထွက်ထွက်ချင်း ပရိသတ်များစိတ်ဝင်စားပြီးရေပန်းစားလာသည်။
နောက်ပြီး ချင်းလင်စံအိမ်ကပွဲမလုပ်တာကြာပြီ။ အခုရုတ်တရက်ပွဲထလုပ်သောကြောင့် စိတ်မဝင်စားဘဲမနေနိုင်။
တကယ်နာမည်ကြီးခြင်းကြောင့် အင်တာနက်ဆယ်လီအတော်များများက နည်းအမျိုးမျိုးနှင့်လူကြိုက်များအောင်လိုက်ကြသည်။
ဥပမာ ပရိသတ် ၄ သန်းကျော်ရှိသောဆယ်လီတစ်ယောက်က ဤသို့တင်ထားမည်_
"မယုံနိုင်စရာပဲ.. Tiktok တက်တက်ချင်း ချင်းလင်စံအိမ်ကပွဲလုပ်မယ်ဆိုတဲ့သတင်းတွေ့ရတာ... ဒီသတင်းက အံ့ဩစရာ စိတ်လှုပ်ရှားစရာ... ချင်းလင်စံအိမ်ပွဲတိုင်းက အရမ်းနာမည်ကြီးတာ အားလုံးအသိပဲ''
ထိုအင်တာနက်ဆယ်လီက အရင်ချင်းလင်စံအိမ်ပွဲများတွင်လည်းဝင်ပါခဲ့ပြီး ဗီဒီယိုတောင်တည်းဖြတ်ပြီးတင်ထားမည်။
အင်တာနက်ပေါ်ကဗီဒီယိုမှာ Like ၃၀၀၀၀၀ ကျော်အမြန်ရပြီး ဆက်တက်နေဆဲပင်။ ပေါ်ပင်လိုက်သူများလည်းအောင်မြင်ကြသည်။
ဒီလိုနာမည်ကြီးအောင်လုပ်ကြသောအင်တာနက်ဆယ်လီများစွာရှိသည်။
ဒီစားသောက်ပွဲက သူတို့နှင့်ဘာမှမဆိုင်သော်လည်း အချောင်နာမည်ရဖို့အရေးကြီးသည်။
တစ်ယောက်နှင့်တစ်ယောက်ဘာမှမပတ်သက်ရင်တောင် ညီအစ်ကိုတော်သည်။
စားသောက်ပွဲနှင့်အချောင်နာမည်ကြီးချင်သောအင်တာနက်ဆယ်လီများစွာရှိသောကြောင့်လည်း စားသောက်ပွဲက ကြောက်စရာကောင်းအောင်နာမည်ကြီးလာသည်။
တဖက်တွင် ဝေဖန်ဆန်းစစ်တတ်သောတချို့အင်တာနက်တယ်လီများက_
"ချင်းလင်စံအိမ်စားသောက်ပွဲအကြောင်း အားလုံးသိတယ်ဆိုပေမဲ့ ချင်းလင်စံအိမ်နဲ့စားသောက်ပွဲဘယ်လောက်နာမည်ကြီးကြောင်းပဲပြောနေကြတယ်... ဒီလိုနာမည်ကြီးတဲ့အထဲမှာ စားသောက်ပွဲကဘယ်လောက်ဆွဲဆောင်မှုရှိလဲ ဘယ်လောက်ပွင့်လင်းမြင်သာမှုရှိလဲမေ့နေပုံရတယ်?''
"စားသောက်ပွဲရဲ့အစားတလိုင်းဆုအကြောင်း လူဘယ်လောက်များသိကြလဲ? စားဖိုမှူးအတော်များများ စိတ်ဝင်စားနေကြမယ်ထင်တယ်''
"အချိန်တန်ရင် အစားတလိုင်းဆုရတဲ့သူက စားသောက်ဆိုင်ဖွင့်နိုင်ပြီး လိုင်းပေါ်မှာနာမည်ကြီးမယ်... အခွင့်အရေးတွေအများကြီးရမယ်''
"ဟင်းချက်နတ်ဘုရားပြိုင်ပွဲလိုပဲ စားဖိုမှူးအားလုံးနာမည်ကြီးဖို့အခွင့်အရေးရမယ်''
"နောက်ပြီး ချင်းလင်စံအိမ်ရဲ့ဘဏ္ဍာရေး.. ချင်းလင်ကုမ္ပဏီသူဌေးရဲ့ဘဏ္ဍာရေးနဲ့.. ရုံချန်းအရာရှိတွေပေါင်းလိုက်ရင် ခိုမှာပူစရာမလိုဘူး... သူတို့နာမည်အပျက်ခံမှာမဟုတ်ဘူး''
အမှန်ပင်။ ထိုဝေဖန်ဆန်းစစ်သည့်ဗီဒီယိုကို ကျိုးကြောင်းသင့်သည်ဟုထင်ကြသည်။
ဒီလိုပွင့်လင်းမြင်သာမှုမျိုးကို ရသစုံရှိုးတွေမယှဉ်နိုင်ဘူးမလား?
လိုင်းပေါ်မှာ ဗီဒီယိုရိုက်တင်တဲ့သူတွေဘယ်လောက်များရှိမလဲ? ဖန်သားပြင်တစ်ခုလုံးလွှမ်းမိုးထားလောက်သည်။
ထို့အပြင် တခြားနေရာများ လိုက်တုပနိုင်သောအရာလည်းမဟုတ်။ ပထမအချက် ချင်းလင်စံအိမ်လိုမှော်ဆန်သောနေရာမျိုးမရှိ။ ဒုတိယအချက် ချင်းလင်စံအိမ်လိုပရိသတ်မရှိ။ တတိယအချက် ချင်းလင်စံအိမ်လိုနာမည်မရှိ၍ခရီးသည်မများပေ။
…
သမုဒ္ဒရာမြို့သစ်၊မာရန်းလမ်း၊စံအိမ်တစ်ခုတွင် ရင့်ပျက်ပုံပေါက်သောအမျိုးသမီးတစ်ဦးမှာ မီးဖိုချောင်ထဲတွင်အလုပ်ရှုပ်နေသည်။
ယွီရှင်းမှာ အစားအသောက်ခုံမင်သူဖြစ်သည်။ မကြာခဏချက်ပြုတ်နည်းလေ့လာပြီး အရသာရှိရှိလုပ်စားတတ်သည်။
သူမလက်ရာက စားဖိုမှူးခေါင်းတွေထက်လျော့မည်မထင်။
သူမတကိုယ်တော်ချက်ပြုတ်ပြီးစားသောက်ပွဲလုပ်ကာ သူများကိုမြည်းခိုင်းမည်ဟုတွေးဖူးသည်။
သူမယောက်ျားကအလွန်ချမ်းသာသူဖြစ်၍ ဒီလိုပွဲမျိုးလုပ်ရင် ယောက်ျားဖြစ်သူ၏အရှိန်နှင့် အားလုံးကချီးကျူးစကားသာပြောကြမည်။
နောက်ပြီး သူမကအပြင်ထွက်လေ့ရှိသူမဟုတ်၊ သူမလက်ရာကိုမြည်းခိုင်းဖို့ဘယ်လိုဖိတ်ရမှန်းမသိပေ။
သူမကနာမည်ကြီးလည်းမဟုတ်၍ သူမဖိတ်ခေါ်လျှင် အများစုက ဒီအသိုင်းအဝိုင်းကလူတွေသာဖြစ်မည်။
ပျင်းစရာ။
မုန့်လုပ်ပြီးနောက် စားပွဲပေါ်တင်ကာ မုန့်စားရင်း အစားအသောက်ဗီဒီယိုတချို့လိုက်ကြည့်သည်။
ဒါကလည်း သူမလုပ်နေကျဝါသနာတစ်ခုပင်။ စိတ်ဝင်စားစရာအစားအသောက်တွေ့ရင်လေ့လာကြည့်ပြီး အစားအသောက်ဘလော့ဂါတွေက သူမလိုသေချာမလုပ်ဟုထင်မိသည်။
တစ်ခါတလေ မျှဝေချင်သော်လည်း အွန်လိုင်းစျေးကွက်အကြောင်းမသိ၍ ဗီဒီယိုဘယ်လိုရိုက်ရမှန်းမသိ။ ထို့ကြောင့် မျှဝေရင်တောင် Like ပေးသူက သူငယ်ချင်းတွေသာဖြစ်သည်။
တစ်ခါတလေ သူမမျက်နှာပြရင် Like ပေးသူက ဘာတွေးနေမှန်းမသိသောယောက်ျားများချည်းဖြစ်လေသည်။ ဘာပဲဖြစ်ဖြစ် သူတို့ဘာတွေးလဲ လူတကာသိသည်။
မကြာမီ သူမလိုက်ကြည့်နေသောအကောင့်မှအသိပေးစာတက်လာ၍ စိတ်ဝင်တစားကြည့်လိုက်သည်။ ချင်းလင်စံအိမ်အကြောင်းပင်။
အရင်က ချင်းလင်စံအိမ်ရောက်ဖူးသည်။ ချင်းလင်စံအိမ်မှအရည်အသွေးမြင့်ပါဝင်ပစ္စည်းများဝယ်ပြီး ဟင်းချက်စားဖူးသည်။
ထိုပစ္စည်းများနှင့်ချက်လျှင် တကယ်အရသာရှိသည်။
ထို့ကြောင့် ချင်းလင်စံအိမ်ကိုလည်းစိတ်ဝင်စားမိသည်။
ယွီရှင်းက ချက်ချင်းဗီဒီယိုဖွင့်ကြည့်လိုက်သည်။ ကြည့်ပြီး သူမမျက်လုံးကျယ်သွား၏။
ချင်းလင်စံအိမ်ပွဲက သူမအတွက်ဟန်မကျဘူးလား?
သူမအကြောင်းဘယ်သူမှမသိပေမဲ့ လူတွေအများကြီးကိုမြည်းခိုင်းလို့ရတယ်မလား?
အထူးသဖြင့် ဒီပွဲကစိတ်ဝင်စားစရာကောင်းသည်ဟုထင်သည်။ စားသောက်ပွဲဝင်အောင်လုပ်ပြီး အစားတလိုင်းဆုရရင် ရှေ့လျှောက်သူမဟင်းချက်ဗီဒီယိုကိုလိုက်ကြည့်သူတွေများလာမည်။
အရေးအကြီးဆုံးမှာ ဗီဒီယိုထဲတွင်ပါသောစားသောက်ပွဲအတွက်ပါဝင်ပစ္စည်းများဖြစ်သည်။ အပြင်မှာရှားပါးသောပါဝင်ပစ္စည်းများဖြစ်ပြီး အစားအသောက်ချစ်သူများစမ်းကြည့်ချင်သောအရာလည်းဖြစ်သည်။
ယွီရှင်းကတွေးတောပြီးနောက် ချက်ချင်းဖုန်းဆက်လိုက်သည်။ ဒီလိုစားသောက်ပွဲမျိုးမှာပါဖို့ လက်ထောက်နှစ်ယောက်ရှာရမည်။
ယွီရှင်းလိုလူတွေအများကြီးရှိသည်။
ချင်းလင်စံအိမ်ပွဲကို စားဖိုမှူးအတော်များများ စိတ်ဝင်စားကြသည်။ ဒါတစ်ရက်အတွင်း နာမည်ကြီးလာမည့်အခွင့်အရေးပင်။
မျက်နှာပျက်မည်စိုးသောနာမည်ကြီးစားဖိုမှူးများမှလွဲ၍ တခြားစားဖိုမှူးများက ပါဝင်ယှဉ်ပြိုင်ခြင်းကိုသေချာနားလည်ကြသည်။
မင်ကျန်းအစားအစာဆက်ခံသူများလည်း ဗီဒီယိုတွေ့ပြီး ကိုယ်စီစိတ်ကူးရကြသည်။
လိုင်းပေါ်မှာဝေဖန်သုံးသပ်ကြသလို ယွမ် ၅၀၀၀၀၀ ဆုကြေးကိုသူတို့မမက်။ အစားတလိုင်းဆုကိုရရင် ရှေ့လျှောက်ဒီထက်အများကြီးပိုရမည်။
အစားတလိုင်းဆုကိုရဖို့သာလိုသည်။
ဒါပေမဲ့ နောက်ဆုံးရလဒ်မထွက်ခင်အထိ လူတိုင်းကယုံကြည်ချက်အပြည့်ပဲမလား?
ဗီဒီယိုထွက်ပြီးမကြာမီ နာမည်ကြီးပြည်တွင်းသတင်းဌာနများက Live လွှင့်ခွင့်ရချင်ကြောင်း ချင်လင်သတင်းရသည်။ ဒီစားသောက်ပွဲအလားအလာကိုမြင်သောကြောင့်ဖြစ်မည်။
သို့သော် ချင်လင်ကတန်းငြင်းလိုက်သည်။ သူငွေကိုဂရုမစိုက်ဘဲ ချင်းလင်တရားဝင်အကောင့်မှာ Live လွှင့်ရင်အကောင်းဆုံးပဲမလား?