စားသောက်ပွဲစပြီ!
Vol. 77 Ch. 1154
ချင်းလင်စံအိမ်၏ရုတ်တရက်စားသောက်ပွဲက လိုင်းပေါ်မှလူများကို အချိန်တိုအတွင်းဆွဲဆောင်လိုက်နိုင်သည်။
အထူးသဖြင့် ချင်းလင်စံအိမ်ပရိသတ်များပင်။
ချင်းလင်စံအိမ်က အရမ်းပျော်စရာကောင်းမှန်းသိကြသည်။ နောက်ပြီး ရုံချန်းရာသီဥတုပြောင်းလဲမှုကြောင့် အတော်များများလာချင်နေကြသည်။
အခု စားသောက်ပွဲပါပါလာပြီ။
လုံးဝစိတ်ဝင်စားစရာ။
အထူးသဖြင့် စားသောက်ပွဲညပင်။ ဆုရမည့်အပြင် ချင်းလင်စံအိမ်စားသောက်ပွဲကပေးသောပါဝင်ပစ္စည်းများလည်းရမည်။
ထိုပါဝင်ပစ္စည်းများက အကြီးအကဲစားပွဲအတွက်မှန်း ပရိသတ်ဟောင်းများသိကြသည်။
နောက်ပြီး အကြီးအကဲစားပွဲက ချင်းလင်စံအိမ်မှာသာရှိသည်။ တခြားဘယ်နေရာမှာမှမတွေ့နိုင်။ ဒီလိုအရည်အသွေးရှိသောပါဝင်ပစ္စည်းများကို လွယ်လွယ်မရနိုင်သောကြောင့်ပင်။
သို့ရာတွင် အခုချင်းလင်စံအိမ်က ရှားရှားပါးပါးအကြီးအကဲစားပွဲနှင့်ဧည့်ခံတော့မည်။ အရင်ချင်းလင်စံအိမ်ပွဲမှာမဲပေါက်ဖူးသူမှလွဲ၍ အကြီးအကဲစားပွဲကိုဘယ်သူမှမစားဖူးကြ။
အကြီးအကဲစားပွဲကို လိုင်းပေါ်တွင် ယွမ် ၁၀၀၀၀၀ ပေးဝယ်သူရှိသော်လည်း ချင်းလင်စံအိမ်က ယွမ် ၁၀၀၀၀၀ နှင့်အထူးလုပ်ပေးခြင်းမရှိခဲ့။
ဒါ တန်ဖိုးမဖြတ်နိုင်သောဂန္တဝင်စီးရီးပင်။
အခုချင်းလင်စံအိမ်စားသောက်ပွဲညမှာ ထိုပါဝင်ပစ္စည်းများကို စားဖိုမှူးအားပေးမည်ဖြစ်၍ စားသောက်ပွဲတက်နိုင်သောခရီးသည်အားလုံး အကြီးအကဲစားပွဲစားရမည့်သဘောဖြစ်သည်။
ဒါပြည်သူတွေစိတ်အဝင်စားဆုံးအချက်ဖြစ်ပြီး လူပြောအများဆုံးအချက်လည်းဖြစ်သည်။
"သော*က်.. စားသောက်ပွဲတက်ချင်လိုက်တာ''
"ဒါအကြီးအကဲစားပွဲစားရမယ့်အခွင့်အရေး''
"အကြီးအကဲစားပွဲစားပြီး ဆုကြေးရရင် အိပ်ရာနိုးရင်တောင်ရယ်ပြီးနိုးလာမှာ''
"အပေါ်ကလူ.. ခင်ဗျားအိပ်မက်မက်နေတာသိတယ်မလား.. မြန်မြန်ထတော့!''
"ဆုကြေးပဲမဲနေကြတာ.. ရှောင်ချင်ကိုယ်တိုင်ချက်တဲ့အမဲသားကိုသတိမထားမိဘူးလား? ရှောင်ချင်ကိုအထင်သေးတာလား?''
မကြာမီ ရှောင်ချင်အကြောင်းပြောသူပေါ်လာသည်။
အစပိုင်း ယွမ် ၁၀၀၀၀၀ ကိုမက်ပြီး ရှောင်ချင်ကိုယ်တိုင်ချက်မည့်အမဲသားကိုသတိမထားမိကြ။
ရှောင်ချင်နာမည်ကြီးတာ အားလုံးအသိ။ နောက်ပြီး သွေးခဲပလိပ်ရောဂါဆေးထုတ်ထား၍ ကြည်ညိုခံနေရသည်။
ဒါပေမဲ့ ဒါသူ့လက်ရာနဲ့မဆိုင်။
သူချက်မည့်ဟင်းက အဓိပ္ပါယ်ထူးခြားနိုင်သော်လည်း သာမန်လူများအဖို့ ထိုအဓိပ္ပါယ်က ယွမ် ၁၀၀၀၀၀ ဆုကြေးလောက်လက်တွေ့မကျပေ။
"ရှောင်ချင်က ထူးခြားတာဟုတ်ပါတယ်... ငါ့သူ့ကိုအရမ်းလေးစားတယ်... ဒါပေမဲ့ ယွမ် ၁၀၀၀၀၀ နဲ့ယှဉ်ရွေးရရင်တော့ ငါလိုတာပဲရွေးမယ်''
"ငါရောပဲ... ယွမ် ၁၀၀၀၀၀ နဲ့ အများကြီးလုပ်လို့ရတာ''
"အဓိပ္ပါယ်ရှိတဲ့တစ်နပ်စာက ငါ့အတွက်သိပ်မဟုတ်ဘူး... ယွမ် ၁၀၀၀၀၀ ရရင်တော့ ငါ့အခက်အခဲကပြေလည်သွားမှာ''
"အင်း.. ရှောင်ချင်အမဲသားက အမေ့ခံလေးပေါ့''
ယွမ် ၁၀၀၀၀၀ မက်လုံးက ပိုကြီးနေသည်။
ဒါပေမဲ့ လုံးလုံးတော့မဟုတ်။
တစ်ယောက်ယောက်က ကြေညာချက်ထုတ်လိုက်သောကြောင့်ပင်။ ထိုလူမှာ 'ပျော်စရာဆိုင်ပိုင်ရှင်'ဆိုသောလူဖြစ်သည်။
ဒီရက်ပိုင်း လိုင်းပေါ်မှာ ဒီလူကိုမြင်နေရသည်။
သူကစီးပွားရေးကျောင်းဆင်းဖြစ်ပြီး ကောလိပ်ကျောင်းသားများစွာကိုလိမ်လည်ခဲ့သည်ဟုပြောကြသည်။ အခု သူစီးပွားပြောင်းတော့မည်။
အရင်သူလုပ်ခဲ့သမျှ သူများအပြောခံရသောကြောင့် ဒီရက်ပိုင်းနာမည်ကြီးသောကိစ္စကို သူဌေးလော့က ပေါ်ပင်လိုက်ခြင်းဖြစ်သည်။ သူနှင့်အဆင်မပြေသူအားလုံးကိုဘလော့ပစ်သည်။
ဒီလူက ရှောင်ချင်အမဲသားကိုမြည်းရန် ယွမ် ၁၅၀၀၀၀ ပေးဝယ်ချင်သည်ဆိုသောဗီဒီယိုတစ်ပုဒ်တင်ထား၏။
ချင်းလင်စံအိမ်နာမည်ခံပြီး သူ့အကြောင်းပြခြင်းပင်။
ဒါကြောင့်လည်း ပြည်သူများကရှောင်ချင်အမဲသားကိုစိတ်ဝင်စားလာကြသည်။
ဒီအခွင့်အရေးကို ယွမ် ၁၅၀၀၀၀ နှင့်ဝယ်သူရှိလာပြီ။
နည်းနည်းကြီးသည်။
အားလုံးက ဆုကြီးဟုထင်နေစဉ် သူဌေးလော့ထက် ၅၀၀၀၀ ပိုပြီး ၂၀၀၀၀၀ ပေးသူရှိလာ၏။
သူဌေးလော့ကိုသဘောမကျသူပင်။
လိုင်းပေါ်မှာ သူဌေးလော့ပစ်မှတ်ထားခံရတာ ဒါပထမဆုံးမဟုတ်။
ယွမ် ၂၀၀၀၀၀ က အတော်ကြီးသည်။
သို့သော် မကြာခင် ပိုကြီးသူထွက်လာပြန်၏။ အင်တာနက်ဆယ်လီဒုတိယမျိုးဆက်သူဌေးသားက ရှောင်ချင်၏အမဲသားဟင်းပွဲကို ယွမ် ၅၀၀၀၀၀ နှင့်ဝယ်လိုကြောင်းကြေညာသည်။
အင်တာနက်ဆယ်လီဒုတိယမျိုးဆက်သူဌေးသားမှာ အရင်တစ်ခါပန်းအိမ်မျိုးစေ့နှစ်စေ့ဝယ်ပြီး သူ့အကြောင်းပြခဲ့သည်။ ဒီတစ်ခါ ပိုထင်ရှားလာ၏။
ဘာပဲဖြစ်ဖြစ် အမဲသားဟင်းကို ယွမ် ၅၀၀၀၀၀ ထက်ပိုပေးချင်တဲ့သူမရှိလောက်တော့ဘူးမလား? သူဌေးတွေတောင် ဒီလောက်ထောင်လွှားမှာမဟုတ်။
ကြည့်ရတာ လိုင်းပေါ်မှာပြောကြသလို 'သခင်လေးဝမ်ရဲ့ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီက ဝင်ငွေကောင်းတယ်'ဆိုတာမှန်နေပြီထင်သည်။
သို့ရာတွင် ထူးဆန်းသောလူတစ်ယောက်က ရှောင်ချင်၏အမဲသားဟင်းကို ယွမ် ၁၀၀၀၀၀၀ ပေးဝယ်လိုသည်ဟုကြေညာလာသည်။
သူကပိုပြတ်သည်။ သူဘယ်သူလဲမပြောဘဲ မင်မြို့တော်မှ စာချုပ်နှင့်ဘဏ်အကောင့်ထဲယွမ်တစ်သန်းလွှဲပေးထားသည်။
တနည်းပြောရရင် ရှောင်ချင်ရဲ့အမဲသားဟင်းကိုရသူက ယွမ်တစ်သန်းရမည်။
အမဲသားဟင်းတစ်ခွက် ယွမ်တစ်သန်း။
ဒါလိုင်းပေါ်မှာစျေးအကြီးဆုံးအမဲသားဖြစ်သွားမယ်မလား?
လူချမ်းသာဘဝက သာမန်လူတွေခန့်မှန်းမရအောင်ပင်။
ရုတ်ချည်းဆိုသလို စားသောက်ပွဲကပိုကြီးကျယ်ခမ်းနားလာသည်။
အစကလျစ်လျူရှုခံရတဲ့ရှောင်ချင်ရဲ့အမဲသားက ရုတ်တရက်ကြီးယွမ်တစ်သန်းတန်သွားမယ်လို့ ဘယ်သူထင်မလဲ?
ဒီစားသောက်ပွဲကို သွားကိုသွားရမည်။
ဒီစားသောက်ပွဲတက်ပြီးယွမ်တစ်သန်းရရင် သူဌေးဖြစ်ပြီ။
သို့ရာတွင် လိုင်းပေါ်မှတစ်ယောက်ယောက်ကမေးခွန်းထုတ်လာသည်:
"ပြောဦးမယ် လူချမ်းသာ... ရှောင်ချင်ရဲ့အမဲသားကိုဝယ်ချင်တဲ့အကြောင်း လိုင်းပေါ်ကြေညာထားတာ... ချင်းလင်စံအိမ်ကရောခွင့်ပြုလို့လား?''
ဒါစိတ်စမ်းခြင်းပင်။
မှန်သည်။ ပိုက်ဆံဘယ်လောက်ရှိရှိ၊ ချင်းလင်စံအိမ်ကိုအရင်ခွင့်တောင်းရမည်။
ချင်းလင်အပန်းဖြေစံအိမ်_