← Chapters

စားသောက်ပွဲစပြီ! ၂

Vol. 77 Ch. 1155

စားသောက်ပွဲစပြီ! ၂

Vol. 77 Ch. 1155

ရုံးခန်းထဲတွင် ချင်လင်နှင့်လင်းလန်ဇီတွေ့နေသည်။ လိုင်းပေါ်မှဖြစ်ရပ်အကြောင်းပင်။

"ဒါဆိုရင် အမဲသားကိုယွမ်တစ်သန်းနဲ့ဝယ်ချင်တာ ဘယ်သူလဲ?''

ချင်လင်က တအံ့တဩမေးလိုက်သည်။

အခုအမဲသားကို ယွမ်တစ်သန်းနဲ့ရောင်းလို့ရလား?

ဒီလိုဖြစ်မယ်မှန်းသိရင် တောင်တန်းစံအိမ်မဖွင့်ဘဲ စားသောက်ဆိုင်ဖွင့်ဖြစ်မည်။ တစ်နေ့ အမဲသားဟင်းပွဲ ၁၀၀ ရောင်းရရင် ယွမ်သန်း ၁၀၀ ပေါ့!

ဒီထက်ကောင်းတာ ဘာရှိဦးမလဲ?

သူစဉ်းစားကြည့်ရုံသာ။ လက်ရှိအခြေအနေမျိုးမရှိဘဲ စားသောက်ဆိုင်ဖွင့်ပြီးအမဲသားရောင်းရင် ဒီစျေးပေးဖို့မဖြစ်နိုင်။

လင်းလန်ဇီက_

"ယွမ်တစ်သန်းပေးချင်တဲ့သူကိုတော့မသိပါဘူး... ဒါပေမဲ့ သူကမင်မြို့တော်စာချုပ်ဆန်းစစ်ချက်အောင်ထားတယ်... ပြဿနာတော့မရှိလောက်ဘူး... မင်မြို့တော်ကနေ ကျွန်မတို့စားသောက်ပွဲကိုအာရုံစိုက်နေလိမ့်မယ်''

"လူသိမခံချင်တဲ့သူဌေးတစ်ယောက်ဖြစ်မှာ... အခု တစ်ယောက်ယောက်ဆုရသွားလို့ အပေးအယူလုပ်ချင်ရင် ကျွန်မတို့သဘောတူရမလား?''

ချင်လင်ကခဏစဉ်းစားပြီး_

"အဖြေထွက်လာရင် အပေးအယူလုပ်တာက သူတို့လွတ်လပ်ခွင့်ပါပဲ... ဒီလောက်စျေးကြီးပေးဝယ်ချင်တဲ့သူရှိရင် တို့စားသောက်ပွဲပုံစံကိုထင်ဟပ်တာပေါ့''

"ကောင်းပါပြီ!''

လင်းလန်ဇီ ခေါင်းညိမ့်လိုက်သည်။

ချင်လင်၏ထောက်ခံချက်ရပြီးနောက် သူမလည်းချင်းလင်စံအိမ်ပြန်ပြီး မာတီမီဒီယာဌာနကိုဗီဒီယိုရိုက်ကာတရားဝင်အကောင့်မှာတင်ခိုင်းသည်။

ချင်းလင်စံအိမ်က ယွမ်တစ်သန်းအပေးအယူကိုခွင့်ပြုကြောင်း လိုင်းပေါ်ကလူများသိပြီး အုတ်အော်သောင်းတင်းဖြစ်သွားသည်။

အတော်များများက ရုံချန်းရထားလက်မှတ်ကြိုဖြတ်ကြ၏။

ချင်းလင်စံအိမ်နှင့်ရုံချန်းပူးပေါင်းမည့်အစားအသောက်လမ်းကဘယ်လောက်နာမည်ကြီးမလဲတွေးကြည့်နိုင်သည်။

သို့ရာတွင် စားသောက်ပွဲလုပ်သောနေ့၌ ချင်လင်၊လင်းလန်ဇီနှင့်ရုံချန်းကမထင်မှတ်သောအရာဖြစ်လာသည်။ တစ်နေ့တည်း ရုံချန်းမှာတုံ့ဆိုင်းသွားလေသည်။

…

ရုံချန်းဘူတာရုံ_

ရထားရပ်ချိန်တွင် ခရီးသည်များအလုအယက်ဆင်းလာကြသည်။ များလွန်း၍ ရှိသမျှခရီးသည်အားလုံး ဒီဘူတာမှာဆင်းကြသလားမှတ်ရသည်။

ရထားစီးစဉ်က ထူထူထဲထဲကုတ်အင်္ကျီဝတ်ထားသောခရီးသည်များမှာ ရထားပေါ်မှဆင်းသည်နှင့် ကုတ်အင်္ကျီချွတ်ပြီးရှပ်လက်တိုနှင့်နေကြသည်။

အားလုံးက သေချာပြင်ဆင်လာကြ၏။ စားသောက်ပွဲဝင်နွှဲရန်လာခြင်းဖြစ်သောကြောင့် လက်ရှိရုံချန်းရာသီဥတုကိုသိထားကြသည်။

ချန်သုံ့လည်း အတူတူပင်။

စားသောက်ပွဲတွင်သူဝင်ပါရသည့်အကြောင်းရင်းက ရိုးရှင်းသည်။ စားသောက်ပွဲညတွင် ယွမ်တစ်သန်း ဒါမှမဟုတ် ယွမ်တစ်သိန်းရရေးပင်။

ဒီတော့ စားသောက်ပွဲတက်နိုင်မှဖြစ်မည်။

ချင်းလင်စံအိမ်စားသောက်ပွဲဗီဒီယိုနှင့်အသေးစိတ်ကိုသူကြည့်ထားသည်။ ပွဲအတွင်းခရီးသည်များလုပ်ရမည့်ပြိုင်ပွဲအများစုမှာ ဦးနှောက်မသုံးရ။

သူ့ဦးနှောက်က သူများလောက်မထက်ကြောင်းဝန်ခံရမည်။ ငယ်ငယ်ကစာမေးပွဲဖြေတိုင်း တစ်ခါမှအမှတ် ၈၀ မကျော်ခဲ့ဖူးပေ။

ဉာဏ်သုံးရမည့်ပွဲဆိုရင် သူစားသောက်ပွဲတက်နိုင်မည်မထင်။

ချန်သုံ့ကတွေးတောရင်း တက္ကစီစောင့်သောနေရာရောက်လာသည်။ ထိုနေရာမှာလူတန်းရှည်ကြီးရှိနေသည်။

အထူးသဖြင့် စောင့်ဆိုင်းဧရိယာအတွင်း တက္ကစီတစ်စီးမှမရှိချေ။

အမှန်ပင်။ စားသောက်ပွဲကာလအတွင်း ခရီးသည်များလွန်းသောကြောင့် အငှားကားမလုံလောက်တော့။

တခြားမြို့များတွင် ပြောင်းပြန်ဖြစ်သည်။ ကားမောင်းသူများက တန်းစီစောင့်ရ၏။ အပြင်ရာသီဥတုမှာတောင် စောင့်ဆိုင်းဧရိယာတွင်အကြာကြီးစောင့်ရသည်။

ရုံချန်းကတော့ ဆန့်ကျင်ဘက်ပင်။

ခရီးသည်များတန်းစီပြီးမျှော်ကြည့်နေကြစဉ် ကားတစ်စီးရောက်လာသည်။ ကားတစ်စီးသာဖြစ်၍ ခရီးသည်တစ်ဦးတက်ပြီးထွက်သွားသည်။

ထို့နောက် စောင့်ဆိုင်းဧရိယာ၊ကားထွက်မည့်နေရာမှာ လွတ်သွားပြန်သည်။

ထိုမြင်ကွင်းကြောင့် ချန်သုံ့သက်ပြင်းချလိုက်သည်။ သူနေရာရောက်ရန်အဝေးကြီးလိုသေးသောကြောင့် ဘယ်လောက်တန်းစီရဦးမည်မသိ။

အချိန်အတော်ကြာသွားသော်လည်း ချန်သုံ့မှာကားတက်ရမည့်နေရာနှင့်ဝေးနေဆဲ။

ဒါ...

ရုတ်တရက် အနောက်ဘက်ဘူတာထွက်ပေါက်တွင် ဆူဆူညံညံအသံများ ချန်သုံ့ကြားလိုက်ရသည်။ သူ့နားကလူအားလုံး လှမ်းကြည့်လိုက်ကြသည်။

အထဲမှလူငယ်တစ်ယောက်လမ်းလျှောက်ထွက်လာပြီး နောက်မှာဝတ်စုံပြည့်နှင့်လူတချို့ပါသည်။ သက်တော်စောင့်များပင်။

ထိုလူငယ်ကို ဖုန်းနှင့်ဓာတ်ပုံလိုက်ရိုက်နေသောအမျိုးသမီးခရီးသည်များလည်းပါသည်။

ဒီလူကိုမြင်ဖူးသလို ချန်သုံ့ခံစားရသည်။

အချိန်အတော်ကြာမှ TV ချန်နယ်တစ်ခုမှာမြင်ဖူးကြောင်းမှတ်မိသည်။ လတ်တလောပြနေသော TV ဇာတ်လမ်းတွဲမှာ ဒုတိယမင်းသားဖြစ်မည်။

ဒါကြောင့် အမျိုးသမီးခရီးသည်တွေကမှတ်မိပြီး ဓာတ်ပုံရိုက်နေကြခြင်းပင်။ ယနေ့ခေတ်မိန်းကလေးများက နာမည်ကြီးဇာတ်လမ်းတွဲထဲမှသရုပ်ဆောင်များ၏ပရိသတ်ဖြစ်ချင်ကြသည်။

သို့ရာတွင် ချန်သုံ့ဇဝေဇဝါဖြစ်သွားသည်။

ဒီဆယ်လီက ဒီမှာဘာလာလုပ်တာလဲ? နောက်ကလူတန်းမှာတောင် တန်းစီနေလိုက်သေး။

ဆယ်လီကလည်း လွတ်နေသောကားပါကင်တွင်တန်းစီနေသောလူများကိုကြည့်ပြီးကြောင်သွားသည်။

သို့ရာတွင် ဖုန်းအမြန်ဖွင့်ပြီး ထိုမြင်ကွင်းကို Live စလွှင့်တော့သည်။

ဒါကပိုပြီးကြည့်ချင်စရာကောင်းသည်။

အမှန်ပင်။ ချင်းလင်စံအိမ်နှင့်ရုံချန်းပူးပေါင်းသောစားသောက်ပွဲကိုတက်ရောက်သူဆယ်လီများရှိသည်။

ဆယ်လီက သူတင်မဟုတ်။

ရုံချန်းတဖက်တွင်လည်း လူများစုဝေးနေကြသည်။ ထိုထဲတွင် မနှစ်ကနာမည်ကြီးလူငယ်များပါသည်။

မနှစ်ကလို့ သူဘာလို့ပြောလိုက်ပါလိမ့်?

အကြောင်းမှာ မနှစ်က TV ဇာတ်လမ်းတွဲများရေပန်းစားပြီး ဒီနှစ်နည်းနည်းမြှုပ်နေသောကြောင့်ပင်။

ဒီလိုဆိုရင်တောင် ခရီးသည်များကစိတ်ဝင်စားကြသေးသည်။

"အားလုံးပဲ မတိုးကြပါနဲ့... အစဉ်လိုက်နေပါ''

ဆယ်လီက သူ့နားမှလူများကိုအော်ပြောလိုက်သည်။ ထို့နောက် တည်တည်ငြိမ်ငြိမ်နှင့်_

"ကျွန်တော်လည်း အားလုံးနဲ့အတူ စားသောက်ပွဲမှာဝင်ပါဖို့လာတာပါ... စားသောက်ပွဲလက်မှတ်လည်းလိုချင်ပါတယ်... ကျွန်တော်ပြိုင်ပွဲတွေဝင်ပြိုင်မယ်... လက်မှတ်အပိုလေးများရှိရင် မျှဝေပေးကြပါ''

သူက စကားသန်းလိုက်သည်။

မိန်းကလေးပရိသတ်များက သေချာပေါက်ပေးကြလိမ့်မည်။

သို့ရာတွင် သူ့စကားကအမှန်အကန်ဖြစ်၍ ဘယ်သူမှပြဿနာရှိသည်မထင်။

ဒီဆယ်လီတွေ သူတို့ဘာသာရောက်လာကြမည်ဟု ချင်းလင်စံအိမ်ကမျှော်လင့်မထားပေ။

All Chapters