ရုံချန်းရဲ့ရာသီဥတု!
Vol. 77 Ch. 1146
ညပိုင်းကုန်လွန်သွားသည်။
နောက်နေ့ ချင်လင်နိုးလာပြီး အဝတ်အစားလဲကာအပြင်ထွက်လာသည်။ နွေးထွေးမှုကိုသူခံစားရသည်။
"ယောက်ျား.. ဒီနေ့အပူချိန်တက်နေသလိုမခံစားရဘူးလား?''
ကျောက်မိုချင်းကလှစ်ခနဲရောက်လာပြီး အံ့ဩသံနှင့်မေးသည်။
ချင်လင်လည်း ခံစားမိသည်။
နတ်ဘုရားမမိုးလေဝသစာလိပ်ကြောင့်မှန်း သူသိသည်။
ဆောင်းမှာနွေး၊နွေမှာအေး +၂ အာနိသင်ကြောင့် ကုတ်အင်္ကျီဝတ်ရမည့်အချိန်ဖြစ်သော်လည်း ရှပ်အင်္ကျီလက်တိုသာဝတ်ရန်လိုသည်။
သတိထားမိသူက ချင်လင်နှင့်ကျောက်မိုချင်းတင်မဟုတ်။
ချင်းလင်စံအိမ်ဧည့်သည်များနှင့်ရုံချန်းသားများပါသတိထားမိသည်။
ရုံချန်း_
ချန်လီကမနက်အစောကြီးနိုးလာပြီး စီရင်စုထဲသွားမည်အပြုတွင် သူဝတ်ထားသောဆောင်းတွင်းဝတ်စုံကြောင့် ချွေးပြန်လာသည်ကိုသတိပြုမိသည်။ သူပူလောင်အိုက်စပ်နေပြီ။
ဒီနေ့အပူချိန်အရ နွေရာသီဝတ်စုံဝတ်ရင်အဆင်ပြေလောက်သည်။
မနေ့ကအပူချိန်နှင့်ယှဉ်ရင် မိုးနှင့်မြေလိုကွာနေသည်။
"ဘယ်လိုဖြစ်တာလဲ? ဒီနေ့ ရုံချန်းမှာအအေးလှိုင်းဖြတ်မယ်ဆို?''
ချန်လီ ဇဝေဇဝါဖြစ်သွားသည်။ ဒီနေ့လုံးဝအေးသည်မထင်။
သို့သော်လည်း မိုးလေဝသခန့်မှန်းချက်ကိုယုံကြည်ပြီး ဆောင်းတွင်းဝတ်စုံဖြင့်သာ စီရင်စုကိုသွားလိုက်သည်။
ဒီရာသီမှာ ရာသီဥတုပြောင်းလဲတတ်သည်။ အခုပူပြီးအိုက်နေသော်လည်း ချက်ချင်းအေးလာနိုင်သည်။
စီရင်စုရောက်သောအခါ အတော်များများက သူထင်သည့်အတိုင်း ဆောင်းတွင်းဝတ်စုံဝတ်ထားကြသည်။
ဒီနေ့အအေးလှိုင်းဖြတ်မည်ဟူသောမိုးလေဝသခန့်မှန်းချက်ကို သူတို့ယုံသည်။
သို့သော် မိုးလေဝသခန်မှန်းထားသောအအေးလှိုင်းက တစ်မနက်လုံးရောက်မလာကြောင်း ချန်လီသတိထားမိသည်။ သူလည်းပူပြီး ချွေးပြန်နေပြီ။ တကယ်မသက်သာ။
နေ့လည်ပိုင်းတွင် အပူချိန်တက်နေဆဲဖြစ်သောကြောင့် ကုတ်အင်္ကျီဝတ်စရာမလိုတော့။
ဒီနေ့ရာသီဥတုပုံမှန်မဟုတ်ကြောင်း ရုံချန်းသားများသတိထားမိပြီး ရှပ်လက်တိုပြောင်းဝတ်ကြသည်။
ဒီအပူချိန်နှင့် ရှပ်လက်တိုကသာ နေသာထိုင်သာရှိသည်။ ပူလည်းမပူ၊ အေးလည်းမအေး၊ အနေတော်ပင်။
သို့ရာတွင် ကျိန်ဆဲနေသူများလည်းရှိသည်။
"ဒီရာသီမှာ ရာသီဥတုကလုံးဝခန့်မှန်းမရဘူး... မနေ့ကအရမ်းအေးပြီး ဒီနေ့ရှပ်လက်တိုဝတ်နေရတယ်''
"မိုးလေဝသခန့်မှန်းချက်ရဲ့အအေးလှိုင်းလည်း မမြင်မိပါလား!''
"တစ်ခါတလေ မိုးလေဝသခန့်မှန်းချက်ကိုယုံရတာ အရူးဖြစ်တာပဲ!''
“……”
မကျေနပ်သံ များပြီးရင်းများလာသည်။
ရုံချန်းသားများက အဆင်ပြေသည်။ ရာသီဥတုမမှန်ကြောင်းသတိထားမိပြီး အိမ်ပြန်၊အဝတ်အစားလဲကြသည်။ အလွန်အဆင်ပြေသည်။
ခရီးသည်များက အခြေအနေဆိုး၏။ အားလုံး ဆောင်းတွင်းအဝတ်အစား၊အပေါ်အင်္ကျီများဝတ်လာကြသည်။ ရှပ်လက်တိုတောင်ပါမလာ။
ချင်းလင်စံအိမ်နှင့်ချင်းလင်မွေးမြူရေးခြံတွင်နေ့ဝက်လည်ပတ်ပြီး ချွေးပြန်လာကြသည်။
သို့သော် ခရီးသည်များက ထူးဆန်းသည်ဟုမထင်ကြ။ တောင်ပိုင်းရာသီဥတုက မိန်းမတွေလို ခန့်မှန်းမရဟုသိထားကြသည်။
ရာသီဥတုရုတ်တရက်ပူနွေးလာခြင်းမှာ တောင်ပိုင်းရာသီဥတု၏အခြေခံသဘောသာ။ မနက်ဖြန် ပြန်အေးလာလိမ့်မည်။
အချိန်ကုန်လွန်သွားသည်။
ဒုတိယမြောက်နေ့_
အအေးလှိုင်းရောက်မလာကြောင်း ရုံချန်းသားများသိလိုက်သည်။ ဒီနေ့ရာသီဥတုက နွေးနေဆဲ။ ရှပ်လက်တိုဝတ်ရင် နေသာထိုင်သာရှိသည်။
ထို့ကြောင့် အများစုက ဆောင်းတွင်းမှာရှပ်လက်တိုနှင့်အပြင်ထွက်ကြသည်။ တချို့ကဆဲလ်ဖီဓာတ်ပုံရိုက်ပြီး လိုင်းပေါ်တောင်တင်ကြ၏။
(ခေါင်းစဉ်: တခြားမြို့တွေမှာ ကုတ်အင်္ကျီဝတ်ပြီးချမ်းတုန်နေကြပေမဲ့ ငါကတော့ ရှပ်လက်တိုနဲ့ရုံချန်းပတ်)
သူ့ခေါင်းစဉ်က ဆွလိုက်သလိုပင်။
အတော်များများက ဒီရာသီမှာကုတ်အင်္ကျီဝတ်ထားရင်တောင် အပြင်မထွက်ချင်ကြ။
ဆက်တိုက်ကံဆိုးသည်က ခရီးသည်များပင်။ သူတို့မှာ ထူထူထဲထဲဆောင်းတွင်းဝတ်များသာပါလာပြီး အထဲကရှပ်အင်္ကျီလက်ရှည်တောင် အတော်လေးထူသည်။
ဘယ်လိုဖြစ်တာလဲ?
ဒီအချိန် ရုံချန်းအင်္ကျီဆိုင်တွေမှာ နွေရာသီဝတ်ရှပ်လက်တိုမရောင်းသေးသောကြောင့် ချင်းလင်စံအိမ်ကိုချွေးတလုံးလုံးနှင့်လည်ပတ်နေရသည်။
တချို့ဉာဏ်ကောင်းသောခရီးသည်များက ရုံချန်းသားများဆီမှရှပ်လက်တိုတောင်းကြသည်။
ရုံချန်းသားများကလည်း စီးပွားရေးအကွက်မြင်သည်။ ဘာပဲဖြစ်ဖြစ် ခရီးသည်အများကြီးရှိသောကြောင့် အကွက်ကောင်းစောင့်ပြီးဝင်ငွေဖန်တီးကြသည်။
သူတို့ရှပ်အင်္ကျီအဟောင်းများကို လမ်းဘေးချခင်းပြီးရောင်းရာ ဝယ်သူများလည်းရှိသည်။
အံ့ဩစရာမကောင်းဘူးလား?
တဖက်တွင် အင်္ကျီဆိုင်များမှာ လုပ်ထုံးလုပ်နည်းရှိသည်။ သူတို့က အထည်ချုပ်စက်ရုံငယ်လေးတချို့ကိုချက်ချင်းဆက်သွယ်ပြီး ညတွင်းချင်းရှပ်လက်တိုချုပ်ခိုင်းသည်။
ထိုမြင်ကွင်းကိုလည်း အမိအရလိုင်းပေါ်တင်ကြ၏။
ရုံချန်းနှင့်ချင်းလင်စံအိမ်နာမည်ကြီးသောကြောင့် ထိုဗီဒီယိုများလည်းနည်းနည်းပေါက်လာပြီး အာရုံစိုက်ခံရသည်။
အပူချိန်တစ်ရက်၊နှစ်ရက်မမှန်ခြင်းဖြစ်၍ သိပ်စိတ်မဝင်စားကြသေး။
ရာသီဥတုအကြောင်းသုံးသပ်ထားသောပညာရှင်တစ်ဦးတောင်ရှိသည်_
"ရုံချန်းမှာရုတ်တရက်ပူနွေးနေတာ မထူးဆန်းသလို အံ့ဩစရာလည်းမကောင်းပါဘူး... ဘာပဲဖြစ်ဖြစ် တောင်ပိုင်းရာသီဥတုက ပြောင်းလဲတတ်တာပဲ... ကျွန်တော်သိသလောက်တော့ တောင်ပိုင်းရာသီဥတုက တစ်နေ့တည်းအမျိုးမျိုးပြောင်းတတ်တယ်... မနက်ပိုင်း ကုတ်အင်္ကျီဝတ်.. နေ့လည် ရှပ်လက်တိုဝတ်ပြီး ညကျရင် ရှပ်လက်ရှည်ဝတ်ရလိမ့်မယ်... ဒီအခြေအနေက တစ်ရက်နှစ်ရက်ဆိုပြီးပါပြီ ဟား ဟား''
သို့သော် ရုံချန်းမှာ တတိယမြောက်နေ့အထိနွေးနေပြီး ဆောင်းတွင်းမီးဖိုဖြစ်နေသည်။ ရှပ်လက်တိုက အဆင်အပြေဆုံး။
စတုတ္ထမြောက်နေ့လည်း နွေးနေဆဲ။
ရုံချန်းသားများနှင့်ခရီးသည်များလည်း ရှပ်လက်တိုနှင့်အသားကျနေပြီ။
ပဉ္စမမြောက်နေ့လည်း ဒီအတိုင်း။
ထိုအခါ လိုင်းပေါ်ကအခြေအနေကိုစိတ်ဝင်စားသူများလာသည်။
ဆောင်းတွင်းဖြစ်နေသော်လည်း ရုံချန်းမှာ နေ့တိုင်းဒီအတိုင်း။
လုံးဝမဟုတ်သေး။
ဘာပဲဖြစ်ဖြစ် ရုံချန်းရဲ့လတ္တီကျူနဲ့လောင်ဂျီကျူက ဒီလိုအခြေအနေမျိုးမှာမရှိ။
ဆဋ္ဌမနေ့လည်း မပြောင်းလဲ။
ဗီဒီယိုတင်ပြီးသုံးသပ်ထားသောမိုးလေဝသပညာရှင်လည်း ဗီဒီယိုဖျက်ပြေးသွားသည်။
သူ့သုံးသပ်ချက်နှင့်တခြားစီပင်။
ဒီလိုမဖြစ်သင့်။
ချင်းလင်စံအိမ်နှင့်ချင်းလင်မွေးမြူရေးခြံတွင် ချင်လင်က ဒီရက်ပိုင်းရာသီဥတုကိုသတိထားကြည့်သည်။
ဘာပဲဖြစ်ဖြစ် ရာသီဥတုပြောင်းလဲခြင်းက နတ်ဘုရားမမိုးလေဝသစာလိပ်ကြောင့်ဖြစ်နေသည်။