← Chapters

ဆောင်းမှာနွေး နွေမှာအေး ၂

Vol. 77 Ch. 1145

ဆောင်းမှာနွေး နွေမှာအေး ၂

Vol. 77 Ch. 1145

ဒီတစ်ခါ တော်ဝင်ပညာရှင်လီလည်းပါသွားသည်။

သူပြန်သွားပြီး ဥက္ကာခဲအထူးသုတေသနစရမည်။

ဒီစီနီယာကြီးက ချင်းလင်အပန်းဖြေစံအိမ်မှာအကြာဆုံးဖြစ်ပြီး ချင်လင်လည်း သူ့ကိုအရင်းနှီးဆုံးဖြစ်သည်။ ထို့ကြောင့် တော်ဝင်ပညာရှင်လီပြန်သွားသောအခါ သူကိုယ်တိုင်တော်ဝင်ဆေးစွပ်ပြုတ်ချက်ကျွေးသည်။

ဒီလိုနှင့် ချင်းလင်အပန်းဖြေစံအိမ်တစ်ခုလုံးမှာ တော်ဝင်ဆေးပညာရှင်ယွမ်ရှန်သာကျန်ခဲ့သည်။

နောက်တစ်နေ့_

ချင်လင်ကရုံးခန်းထဲရောက်လာပြီး ခါတိုင်းလိုဂိမ်းဖန်သားပြင်ကြည့်ကာ နေ့စဉ်တာဝန်များအပြီးသတ်သည်။ ထို့နောက် ဂိမ်းဇာတ်ကောင်အား သတ္တုမြို့တော်စာကြည့်တိုက်သွားစေသည်။

အံ့ဖွယ်ကျောက်စာက သူအလိုချင်ဆုံးအရာတစ်ခုပင်။ အံ့ဖွယ်ကျောက်စာအလုံအလောက်ရသရွေ့ ပညာအားလုံးလေ့လာနိုင်မည်ဟုခံစားရသည်။

ဖြစ်ချင်တော့ စာကြည့်တိုက် NPC မေရီက ထိုင်ခုံမှထမလာ။ ဒီနေ့ ခန့်မှန်းဂိမ်းမရှိ။

ချင်လင်က ဂိမ်းဇာတ်ကောင်အား သတ္တုမြို့တော်ထဲလျှောက်သွားစေသည်။ ပန်းခြံရောက်သောအခါ ပန်းခြံကြော်ငြာစာရှေ့တွင် NPC အများကြီးစုဝေးနေ၏။

သူ့မျက်လုံးကျယ်သွားသည်။

ဇာတ်ကွက်တာဝန်တွေ့ပြီ။ သူကချက်ချင်း ဂိမ်းဇာတ်ကောင်အားရှေ့တိုးပြီး ကြော်ငြာစာဖတ်စေသည်:

(နတ်ဘုရားမအခမ်းအနားစတော့မည်။ နတ်ဘုရားမတောင်သွားပြီး နတ်ဘုရားမပန်းရှာပါ။ နတ်ဘုရားမပန်းကို နတ်ဘုရားမစမ်းထဲပစ်လိုက်လျှင် နတ်ဘုရားမဆီမှလက်ဆောင်ရမည်။ နတ်ဘုရားမပန်းများများပစ်လျှင် နတ်ဘုရားမတောင်ပေါ်လာနိုင်သည်!)

(နတ်ဘုရားမတောင်သွားပြီး နတ်ဘုရားမပန်းရှာလိုပါသလား?)

"ဒီနေ့ ကံကငါ့ဘက်မှာပဲ''

နတ်ဘုရားမမစ်ရှင်နှင့်ကြုံမည်ဟု ချင်လင်မထင်မိ။

နတ်ဘုရားမနှင့်ဆိုင်သောဇာတ်ကွက်ကြောင့် ထူးထူးခြားခြားပစ္စည်းများရနိုင်သည်။

အရင်ရထားသောမျောကျောက်နှင့်ပျော်ရွှင်ခြင်းကျောက်က အလွန်အသုံးတည့်သည်။

မျောကျောက်အကြောင်းက ပြောစရာမလိုတော့။ ပျော်ရွှင်ခြင်းကျောက်ကို ရွက်လွှင့်ပရောဂျက်အတွက်သုံးထားပြီး လူအတော်များများဆွဲဆောင်ခံနေရသည်။

ချင်လင်ကချက်ချင်း ဂိမ်းဇာတ်ကောင်အား နတ်ဘုရားမတောင်သွားစေသည်။ နတ်ဘုရားမဇာတ်ကွက်ပေါ်လာ၍ ဇာတ်ကွက်အတွက်လိုအပ်သောနတ်ဘုရားမပန်းက နတ်ဘုရားမတောင်ပေါ်ပေါ်လာလိမ့်မည်။

ချင်လင်က ဂိမ်းဇာတ်ကောင်အား လိုက်ရှာစေသည်။ မကြာမီ အသစ်ပေါ်နေသောနတ်ဘုရားမပန်းကိုတွေ့ရသည်။

(သက်တန့်ရောင်နတ်ဘုရားမပန်းခူးလိုက်ပါပြီ။ ပန်းအရောင်စုံလေလေ နတ်ဘုရားမသဘောကျလေလေဖြစ်မည်။ အခုနတ်ဘုရားမတောင်သွားပြီး နတ်ဘုရားမကိုပူဇော်ရန် နတ်ဘုရားမစမ်းချောင်းထဲပစ်ချနိုင်ပါပြီ။ ရှေ့လျှောက် နတ်ဘုရားမတောင်ပေါ်တွင် နတ်ဘုရားမပန်းများ ကျပန်းပေါ်ပါမည်!)

ချင်လင်ကအသိပေးစာရပြီး မအံ့ဩဘဲမနေနိုင်။ မျောကျောက်ရစဉ်က ငါးရောင်စပ်နတ်ဘုရားမပန်းသာရခဲ့သည်။ အခု ၇ ရောင်ဆိုတော့ အရင်ထက်နှစ်ရောင်ပိုများတာပေါ့။

နောက်ပြီး ဒီသက်တန့်ရောင်နတ်ဘုရားမပန်းက ငါးရောင်စပ်နတ်ဘုရားမပန်းထက်ပိုလှပြီး ပွင့်ချပ်အရောင်ပိုတောက်သည်။

ဂိမ်းစနစ်အရ အရောင်စုံလေလေ ဆုလဒ်ပိုကောင်းလေလေပင်။

တနည်းပြောရရင် သက်တန့်ရောင်နတ်ဘုရားမပန်းက ငါးရောင်စပ်နတ်ဘုရားမပန်းထက်ဆုပိုရမည်။

ပန်းကို နတ်ဘုရားမတောင်ပေါ်စမ်းချောင်းဆီယူသွားလိုက်သည်။ ရုပ်ထုနားရောက်သောအခါ အိတ်ထဲမှပန်းထုတ်ပြီး စမ်းချောင်းထဲပစ်လိုက်သည်။

ခဏအကြာ နတ်ဘုရားမရုပ်ထုက အထူးအလင်းရောင်တစ်မျိုးထွက်လာသည်။ အလင်းပျောက်သွားသည်နှင့် အရင်တစ်ခါလို ဘယ်ကမှန်းမသိသောအသံကြားရသည်။

(လက်ဆောင်အတွက်ကျေးဇူးတင်ပါတယ်... ဒီပန်းတွေကိုတကယ်သဘောကျတယ်!)

ထို့နောက် နတ်ဘုရားမစမ်းရေထဲရတနာသေတ္တာမျောလာပြီး ဂိမ်းဇာတ်ကောင်လက်ထဲရောက်လာသည်။

(နတ်ဘုရားမရတနာသေတ္တာရသည့်အတွက်ဂုဏ်ယူပါသည်။ ဖွင့်ကြည့်လျှင် နတ်ဘုရားမထံမှကျပန်းလက်ဆောင်ရနိုင်ပါသည်!)

ချင်လင်က အသိပေးစာရရချင်း ရတနာသေတ္တာကိုဖွင့်ကြည့်လိုက်သည်။

ခဏအကြာ အသိပေးစာပေါ်လာပြန်သည်။

(နတ်ဘုရားမမိုးလေဝသစာလိပ်ရသည့်အတွက် ဂုဏ်ယူပါသည်!)

ဂိမ်းဇာတ်ကောင်လက်ထဲတွင် စာလိပ်နှင့်တူသောအထူးပစ္စည်းတစ်ခုပေါ်လာသည်။

နာမည်ကြည့်ရင် ဒီနတ်ဘုရားမမိုးလေဝသစာလိပ်က သာမန်မဟုတ်မှန်းသိနိုင်သည်။

ချင်လင်က သူ့ဂိမ်းဇာတ်ကောင်အား စိုက်ပျိုးရေးခြံအမြန်ပြန်စေပြီး ရုံးခန်းတံခါးလော့ချကာ အတွေးနှင့်ဂိမ်းထဲဝင်လိုက်သည်။

ထို့နောက် နတ်ဘုရားမမိုးလေဝသစာလိပ်၏အရည်အသွေးကိုကြည့်လိုက်သည်:

(နတ်ဘုရားမမိုးလေဝသစာလိပ်: ဆန်းကြယ်!)

(နတ်ဘုရားမဆီကသာရနိုင်သော အထူးပစ္စည်းဖြစ်သည်။ နေရာတစ်ခု၏ရာသီဥတုကိုပြောင်းလဲနိုင်ပြီး အထူးအာနိသင်ရှိသည်:

နွေမှာအေး ဆောင်းမှာနွေး +၂!)

မှတ်ချက်ကြည့်ပြီး ချင်လင်အံ့ဩသွားသည်။

နွေမှာအေးပြီးဆောင်းမှာနွေးတာ လူတိုင်းလိုချင်တဲ့ရာသီဥတုမျိုးမလား?

နွေမှာအေးပြီးဆောင်းမှာနွေးတဲ့ပြည်တွင်းရှုမျှော်ခင်းနေရာသုံးခုလုံး နာမည်မကြီးလို့လား?

ဒါပေမဲ့ နေရာတိုင်းက 'နွေမှာအေး ဆောင်းမှာနွေး' မဖြစ်နိုင်။

ဒီစာလိပ်ကိုသုံးပြီးရင် နွေမှာအေးပြီး ဆောင်းမှာနွေးမည့်သဘော။ နောက်ပြီး +၂ အရည်အသွေးလည်းရှိသည်။

ဒီလိုဆို အံ့ဩဖို့မကောင်းဘူးလား? နွေရာသီမှာ မပူ၊ ဆောင်းရာသီမှာ မအေးဘဲနေမည်။

ချင်းလင်စံအိမ်က ရှုခင်းနဲ့တင်နာမည်ကြီးနေပြီ။ ဒီလိုအရည်အသွေးမျိုးရှိရင် နတ်ပြည်ပဲမလား?

ရုတ်တရက်ရာသီဥတုပြောင်းခြင်းက အလွန်ထူးခြားပြီး စိတ်ဝင်စားစရာလည်းကောင်းမည်။

ချင်လင်ကဂိမ်းထဲမှထွက်ပြီး လိုင်းပေါ်တက်ကာ နွေမှာအေး၊ဆောင်းမှာနွေးသောနေရာများကိုလိုက်ကြည့်သည်။

ကမ္ဘာတွင် နွေမှာအေးပြီးဆောင်းမှာနွေးသောနေရာများစွာရှိသည်။ ထိုနေရာများမှာ အထူးလတ္တီကျူနှင့်လောင်ဂျီကျူနေရာတွင်ကျနေသောကြောင့်ပင်။

သို့ရာတွင် နွေမှာအေးပြီးဆောင်းမှာနွေးသောအခြေအနေတစ်ရပ်လည်းရှိသေးသည်။ ထိုအခြေအနေက ဂေဟစနစ်နှင့်ဆက်စပ်နေ၏။ ဂေဟစနစ်ပြောင်းလဲမှုက ရာသီဥတုအပေါ်သက်ရောက်မှုရှိပြီး နွေမှာအေး၍ဆောင်းမှာနွေးစေသည်။

ချင်လင်ကစာဖတ်ပြီး ဒီအချက်နှင့်ချိတ်ဆက်သင့်သည်ဟုထင်သည်။

ဘာပဲဖြစ်ဖြစ် ချင်းလင်စံအိမ်နှင့်ချင်းလင်မွေးမြူရေးခြံဂေဟစနစ်က တကယ်ပြောင်းလဲနေပြီ။ ရာသီဥတုအပေါ်သက်ရောက်မှုရှိတယ်ဆိုရင် ကျိုးကြောင်းမသင့်ဘူးလား?

ဒီတော့ ဒီအချက်ကိုအကြောင်းပြရမည်။

ညပိုင်းတွင် အပန်းဖြေစံအိမ်လသာဆောင်ပေါ်တန်းတက်ပြီး နတ်ဘုရားမမိုးလေဝသစာလိပ်ထုတ်ကာ အသုံးပြုမည်ကိုရွေးလိုက်သည်။

သံသာပင်က ဂင်ဂိုပင်နှစ်ပင်ကိုအသွင်ပြောင်းလိုက်သလို စာလိပ်ကအလင်းရောင်ဖြစ်ပြီး ပျောက်ကွယ်သွားသည်။ ဒီနတ်ဘုရားမမိုးလေဝသစာလိပ်က အရပ်ရှစ်မျက်နှာသို့အလင်းပြန့်သွားခြင်းသာကွာသည်။

စာလိပ်က မိုးလေဝသအဖြစ်ပြောင်းသွား၏။

နောက်ပြီး ဂင်ဂိုပင်ထူးခြားသလို အလင်းရောင်ကိုသူများမမြင်ရ၊ သူသာမြင်ရသည်။

ထို့ကြောင့် နတ်ဘုရားမမိုးလေဝသစာလိပ်မှထွက်လာသောအလင်းရောင်ကို သူတစ်ယောက်သာမြင်သည်။

အလင်းရောင်က စံအိမ်တစ်ခုလုံး၊ အပန်းဖြေစံအိမ်တစ်ခုလုံးနှင့် နတ်သမီးပုံပြင်တောင်အထိပါရောက်သွားသည်။

ဒါတွေအားလုံးသူတို့လုပ်ထားတာဆိုတော့ နေရာတစ်ခုလို့သတ်မှတ်ရမှာပေါ့ ဟုတ်လား?

သို့ရာတွင် အလင်းရောင်က စံအိမ်နှင့်မွေးမြူရေးခြံကိုဖုံးလွှမ်းသွားပြီးနောက် အရပ်ရှစ်မျက်နှာသို့ဆက်ပြန့်ပြီး ကျယ်သည်ထက်ကျယ်ကာ ရုံချန်းတစ်ခုလုံးဖုံးတော့မတတ်ဖြစ်သွားသည်။

ဒီတစ်ခါ သူအံ့ဩသွားသည်။ မှတ်ချက်မှာပြောတဲ့တစ်နေရာက ဒီလောက်ကျယ်လား?

တနည်းပြောရရင် ရုံချန်းက အမြတ်ထွက်သွားပြန်ပြီ။

ဒါပေမဲ့ ဒါလည်းကောင်းသည်။ ဒီလိုဆိုရင် ရာသီဥတုအပြောင်းအလဲကြောက်စရာမလိုတော့။ ရုံချန်းကိုအကြောင်းပြချက်ရှာပြီးစုံစမ်းခိုင်းမည်!

All Chapters