← Chapters

မျက်ကွင်းပေးမယ်! ၂

Vol. 77 Ch. 1143

မျက်ကွင်းပေးမယ်! ၂

Vol. 77 Ch. 1143

မာဟုန်ကကြည့်ရင်း ရယ်လိုက်သည်။ သူနည်းနည်းကျေနပ်သွား၏။ သူဘာမှမလိုချင်သော်လည်း သူများကိုခံစားကြည့်စေချင်သည်။

ခဏအကြာ ခေါင်းဆောင်ဟုန်တို့အဖွဲ့ရောက်လာပြီး_

"ဥက္ကဌချင်.. တော်ဝင်ပညာရှင်လီ''

ထို့နောက် မာဟုန်နှင့်ဟူချင်းကိုကြည့်လိုက်ရာ မျက်ကွင်းညိုညိုများတွေ့ရသောကြောင့် ရယ်ချင်စိတ်ကိုပြန်ထိန်းထားပြီး_

"ခေါင်းဆောင်မာ.. ဘယ်မှာလဲ?''

ရုတ်တရက် လုပ်ကြံသူလာခေါ်ရမည်ဟုသတင်းရသောကြောင့် ချက်ချင်းသူ့လူများခေါ်ပြီးရောက်လာသည်။

မာဟုန်ကသူ့မျက်လုံးကိုကြက်ဥနှင့်ဆက်လှိမ့်ရင်း လုပ်ကြံသူကိုညွှန်ပြကာ_

"သူပဲ... သတိထား.. အဲဒီလူက ဂျပန်မှာနံပါတ်တစ်လုပ်ကြံရေးသမား''

"ဘယ်လို? နံပါတ်တစ်လုပ်ကြံရေးသမား?''

ခေါင်းဆောင်ဟုန် အံ့အားသင့်သွားသည်။

ထို့နောက် သူတစ်ခုတွေးမိသည်။

နောက်ထပ် ပါဝင်ပတ်သက်မှုလား?

ကမ္ဘာ့နံပါတ်တစ်သူခိုး Mike ကို မှတ်မိသေးတယ်ဟုတ်?

ဂုဏ်ပြုမှတ်တမ်းကို သူ့အိမ်ပို့နေဆဲရှိဦးမည်။

မာဟုန်တို့အကြောင်း သူသိသည်။ သူတို့မျက်နှာကိုပြည်သူကိုချမပြ။ သူတို့အကြောင်းပေါ်ဖို့ ပိုမဖြစ်နိုင်။

ပြီးတော့ သူကဒီလိုဂုဏ်ပြုမှတ်တမ်းမျိုးမလို။

ဒီတော့ ချင်းလင်အပန်းဖြေစံအိမ်မှာဖမ်းမိတာသူတို့ဖြစ်ပြီး နာမည်ကောင်းလက်မှတ်ရမည်။

ဂျပန်ကနံပါတ်တစ်လုပ်ကြံသူအတွက်လည်း အတူတူပင်။

ခေါင်းဆောင်မာကိုထမင်းဖိတ်ကျွေးရမလား သူစဉ်းစားနေသည်။

ဒါ အကြီးအကျယ်ပါဝင်လုပ်ဆောင်ချက်ပင်။

"မြန်မြန်.. သူ့ကိုလက်ထိပ်ခတ်လိုက်''

ခေါင်းဆောင်ဟုန်က ပတ္တရောင်လှည့်ရဲကိုပြောပြီးမှ မလုံခြုံမည်စိုး၍_

"လက်မှာတစ်ခု ခြေထောက်မှာတစ်ခုထပ်တိုးလိုက်''

လုပ်ကြံသူဖြစ်၍ သတိထားတာပိုကောင်းမည်။

ထို့နောက် လုပ်ကြံသူအား ခေါင်းဆောင်ဟုန်တို့ကခေါ်သွား၏။

ခေါင်းဆောင်ဟုန်ထွက်သွားသောအခါ ချင်လင်လည်း ဟူချင်းနှင့်ကောကျန်းကိုပြုံးပြပြီး_

"ချင်းလင်စံအိမ်ကကြိုဆိုပါတယ်... ခင်ဗျားတို့ရဲ့လက်ဆောင်ကိုတကယ်သဘောကျတယ်... ကျေးဇူးတင်တဲ့အနေနဲ့ ဒီည ကျွန်တော်ကိုယ်တိုင်ချက်ကျွေးမယ်''

တော်ဝင်ပညာရှင်လီမျက်လုံးကျယ်သွား​ပြီး_

"သူဌေးချင်.. ဒီည စားကောင်းပြီပေါ့''

"ကျွန်တော်ကရော?''

မာဟုန်က သူ့ကိုယ်သူလက်ညိုးထိုးပြသည်။

ချင်းလင်အပန်းဖြေစံအိမ်ရောက်တာကြာပြီဖြစ်၍ သူဌေးချင်လက်ရာဘယ်လောက်ကောင်းမှန်း သူတို့သိသည်။ ကမ္ဘာ့အတော်ဆုံးစားဖိုမှူးတောင် သူ့ကိုဦးညွတ်ရသည်။

တော်ဝင်ဆေးစွပ်ပြုတ်က ကမ္ဘာမှာပြိုင်ဘက်ကင်းသောစားကောင်းသောက်ဖွယ်ပင်။ စားပြီးရင် တသသဖြစ်သွားမည်။

ထို့ကြောင့် တော်ဝင်ပညာရှင်လီမှာအရွယ်ရပြီဖြစ်သော်လည်း သူကြုံဖူးသမျှ စိတ်လှုပ်ရှားနေရသေးသည်။

ဟူချင်းနှင့်ကောကျန်းက နည်းနည်းဇဝေဇဝါဖြစ်သွား၏။

ထမင်းတစ်နပ်ပဲဟာ။ ဘာလို့ မာဟုန်နဲ့တော်ဝင်ပညာရှင်လီက ဒီလောက်ဖြစ်နေတာလဲ?

သူဌေးချင်လက်ရာကြောင့်လား?

ဒါပေမဲ့ သူတို့နှစ်​ယောက်ထောက်ခံသည်။

သူဌေးချင်ရဲ့အဆင့်အတန်းနဲ့ ကိုယ်တိုင်ချက်ကျွေးရင် ကျေနပ်စရာ။

နှစ်ယောက်သားထိုသို့တွေးမိပြီး သူဌေးချင်လက်ရာကိုမျှော်လင့်စောင့်စားကာ မြည်းကြည့်ချင်နေသည်။

ထို့နောက် မာဟုန်က ဟူချင်းနှင့်ကောကျန်းကို အပန်းစံအိမ်အထဲခေါ်သွားသည်။

ပန်းလှလှများဖြစ်စေ၊ မြက်ခင်းပြင်ဖြစ်စေ၊ အလှစိုက်ဝါးတောကိုဖြစ်စေ၊ နှစ်ယောက်သား အပန်းဖြေစံအိမ်မှာမြင်မြင်သမျှစူးစမ်းနေကြသည်။

ထို့နောက် မျှော်စင်။ မျှော်စင်ထဲဝင်ဝင်ချင်း အမွှေးနံ့တစ်မျိုးရသည်။ တခဏချင်း သူတို့စိတ်အေးချမ်းသွားသလိုခံစားရသည်။

ပန်းအိမ်လည်းရှိသေးသည်။ အထဲဝင်လိုက်သောအခါ လန်းဆန်းသွားပုံက မယုံနိုင်စရာ။

သူတို့မလာခင် လိုင်းပေါ်မှာချင်းလင်အပန်းဖြေစံအိမ်အကြောင်းသတင်းများဖတ်ခဲ့သော်လည်း ကိုယ်တိုင်မျက်စိနှင့်မြင်ရမှ တကယ်အံ့ဩစရာဖြစ်နေသည်။

ဒီလိုနေရာမျိုးမှာအလုပ်လုပ်ရရင် ကျေနပ်စရာမကောင်းဘူးလား?

မာဟုန်က သူတို့နှစ်ဦးကိုခေါ်လာရင်း_

"အိုး ဒါနဲ့... ဥက္ကဌချင်က အပန်းဖြေစံအိမ်အပြင်ထွက်ခဲတယ်... ခင်ဗျားတို့လျှောက်ကြည့်လို့ရတယ်... ငါတို့ကလေ့ကျင့်ရေးခန်းထဲမှာမဆင်းရင် ကွင်းထဲမှာပြေးတာ''

အားကစားကွင်းထဲလျှောက်သွားသောအခါ အသံများကြားရသည်_

ရှောင်ရန်ကမြက်ခင်းပေါ်လှိမ့်ပြီး ခွေးသွားစိတ်မြက်ကိုပါးစပ်ထဲထည့်နေသည်။

"သူကအိမ်မွေးတိရစ္ဆာန်''

မာဟုန်ကပြောသည်_

"သူ့နာမည် ရှောင်ရန်တဲ့... သတိထား.. တက်မနင်းမိစေနဲ့''

နေဝင်တော့မည်။

ကောကျန်းနှင့်ဟူချင်းလည်း အပန်းဖြေစံအိမ်နှင့်ရင်းနှီးသွားပြီး နယ်မြေနှင့်ပတ်ဝန်းကျင်ကိုအတော်အသင့်နားလည်သွားသည်။ တဖြည်းဖြည်းမှောင်သွားသောအခါ ဧည့်ခန်းအပြင်မှာ လှလှပပအလင်းရောင်တစ်မျိုးထွက်နေသောကြောင့် သူတို့နှစ်ဦးအံ့ဩသွားသည်။

နွယ်ပင်များမှထွက်သောအလင်းဖြာနေခြင်းပင်။ ပင်စည်က ကျောက်စိမ်းလိုစိမ်းပြီး ကိုင်းနှင့်အရွက်မှထွက်သောအလင်းက ပတ်ဝန်းကျင်ကိုအလင်းပြန်နေသည်။

ထိုအလင်းရောင်ကြောင့် သက်သောင့်သက်သာခံစားချက်မျိုးရသည်။

"မထူးဆန်းဘူးလား?''

ကောကျန်းအံ့ဩနေသည်။

"အင်း.. ချင်းလင်အပန်းဖြေစံအိမ်မှာ ဒါမျိုးရှိတယ်လို့ဘယ်သူမှမပြောဖူးဘူး''

တော်ဝင်ပညာရှင်လီကပြုံးလိုက်ပြီး_

"အဲဒါတောင်ကြားကတွေ့တဲ့မျိုးပြောင်းပင်လေ... သူဌေးချင်ယူစိုက်ထားတာ... အပြင်လူတွေမသိသေးဘူး''

တော်ဝင်ပညာရှင်ကိုယ်တိုင်သက်သေဖြစ်နေသည်။

မကြာမီ ဆရာလင်းက အပန်းဖြေစံအိမ်မှစားဖိုမှူးများနှင့်ဟင်းပွဲတည်ခင်း၏။

တော်ဝင်ဆေးစွပ်ပြုတ်အပြင် တခြားဟင်းပွဲများကိုလည်း အရည်အသွေး ၂ ပါဝင်ပစ္စည်းများနှင့်ချက်ထားသည်။

ကောကျန်းနှင့်ဟူချင်းက သူဌေးချင်ကိုယ်တိုင်ချက်ပေးသည့်အတွက်စောင့်မျှော်နေခြင်းဖြစ်သည်။

သို့ရာတွင် တော်ဝင်ဆေးစွပ်ပြုတ်အိုးဖွင့်လိုက်သောအခါ ဆေးနံ့ပြင်းပြင်းထွက်လာသည်။ ဆေးနံ့ +၂ အာနိသင်ကြောင့် နှစ်ယောက်သားမျက်လုံးပြူးသွား၏။

သူတို့မယုံနိုင်။ အနံ့ကကောင်းလွန်းသည်။ အနံ့နှင့်တင် သွားရည်ကျလာသည်။

ဒါတကယ် သူဌေးချင်ချက်တာလား?

"စားကြစို့!''

ချင်လင်က ငါးရှဉ့်ပန်းကန်နှင့်ထွက်လာသည်။

အရည်အသွေး ၂ ငါးရှဉ့်နှင့်ငါးချက်လက်ရာကြောင့် ငါးရှဉ့်နှပ်ကလည်း အရည်အသွေး ၃ ရှိသောစားကောင်းသောက်ဖွယ်ဖြစ်သည်။

တော်ဝင်ပညာရှင်လီက တော်ဝင်ဆေးစွပ်ပြုတ်တစ်ပန်းကန်ခပ်လိုက်သည်။ ငါးရှဉ့်တစ်တုံးကောက်စားပြီး မနေနိုင်ဘဲချီးကျူးလိုက်သေး၏။

ဘေးစားပွဲမှလင်းလျိုတို့လည်း စစားနေပြီ။

သူဌေးချင်ကိုယ်တိုင်ချက်တဲ့လက်ရာကို သူပြောမှသာစားရသည်။ စကားပြောနေရင် သူများတွေပိုစားသွားလိမ့်မည်။

ဟူချင်းနှင့်ကောကျန်းလည်း တော်ဝင်ဆေးစွပ်ပြုတ်တစ်ပန်းကန်ယူသည်။ အရသာခံပြီးနောက် ထူးထူးခြားခြားခံစားချက်က ခေါင်းထဲရောက်လာသည်။

“အရသာရှိလိုက်တာ”

ကောကျန်း အံ့ဩသွားသည်။

"အင်း''

ဟူချင်းကချက်ချင်းခေါင်းညိမ့်ပြပြီး ခေါင်းမဖော်တမ်းစားတော့သည်။ သို့ရာတွင် သုံးလေးလုပ်အားရပါးရဝါးစားလိုက်ရာ ထိခိုက်ထားသောမျက်လုံးကနာပြီး တွန့်သွားလေသည်။

ဘယ်လောက်နာနာ အရသာတကယ်ရှိသောကြောင့် များများစားရမည်။

သူဌေးချင်ဟင်းချက်မည်ဟုအသံကြားသည်နှင့် တော်ဝင်ပညာရှင်လီတို့ဘာကြောင့်စိတ်လှုပ်ရှားနေမှန်း အခုမှသဘောပေါက်သည်။

သူဌေးချင်မှာ ဒီလက်ရာမျိုးရှိတာပဲ။

သုတေသနလုပ်တတ်၊ စီးပွားရေးလုပ်တတ်၊ အတိုက်အခိုက်တတ်၊ အချက်အပြုတ်ကတတ်သေး။

ဟူချင်းနှင့်ကောကျန်းတို့အားရပါးရစားနေစဉ် ခေါင်းဆောင်ဟုန်က စိတ်ကြည်လင်စွာနှင့် စီရင်စုကိုစာဖိုင်သွားပေးသည်။ ဂျပန်နိုင်ငံမှနံပါတ်တစ်လုပ်ကြံသူအကြောင်းပင်။

ဒီလိုပြစ်မှာမျိုးမှာ ချက်ချင်းအချက်အလက်တင်ပြ၊ အမှုကိုအတည်ပြုပြီး တရားရုံးလွှဲပေးရသည်။ နိုင်ငံတကာသူခိုး Mike ကိုအဖော်ပြုဖို့ ထောင်ထဲအမြန်ပို့ရမည်။

All Chapters