← Chapters

ကျီရူယွဲ့၏ ထုတ်ဖော်ပြောခြင်း

Vol. 19 Ch. 262

ကျီရူယွဲ့၏ ထုတ်ဖော်ပြောခြင်း

Vol. 19 Ch. 262

ရှဲလျူရူးမျက်နှာ အံ့အားသင့်သည့်အမူအရာတစ်ခု ပြသလာ၏။

"ငါသူ့ကို မမြင်ဖူးပေမယ့် သူ့အကြောင်း ကြားဖူးတယ်?....."

"ဂိုဏ်း ၉ ဂိုဏ်းမှာ ဒီလိုလူမျိုးတစ်ယောက် ရှိလို့လား...."

သူ၌ အသိအကျွမ်းများစွာရှိ၏။

ဂိုဏ်းအမျိုးမျိုးစုဝေးပွဲတွေကို မကြာခဏတက်ရောက်ဖူးရုံသာမက, အခြားဂိုဏ်း ၈ ဂိုဏ်းကိုလည်း အလည်အပတ်သွားဖူး၏။

ထို့ကြောင့် ဂိုဏ်းအသီးသီးရှိ ကျော်ကြားသည့်တပည့်အားလုံးကို မြင်ဖူး၏။

သူ့ရှေ့ရှိလူငယ်လေးက ဖုချောင်ဟွမ်ကို ရင်ဆိုင်ရဲသည်ဖြစ်၍ အားတော့မနည်းနိုင်ပေ။

သို့ပေမယ့် အတော်လေး စိမ်းနေ၏။

ပိုထူးဆန်းတာက သူ့ဂျူနီယာညီမက သူ သူ့နာမည်ကြားဖူးသည်ဟု အမှန်တကယ်ပြောနေခဲ့သည်။

ရမ္မက်ဂိုဏ်းတပည့်တွေလည်း ထိုဂျူနီယာညီမစကားကြောင့် အံ့အားသင့်သည့်အမူအရာတွေပြသလာ၏။

သူမက တိမ်စိမ်းမြို့လေလံပွဲတက်ရောက်ခဲ့သည့် ရမ္မဂိုဏ်းအမျိုးသမီးတပည့်မှလွဲပြီး အခြားသူမဟုတ်ပေ။

ကျီရူယွဲ့...

အတိတ်၌ သူမက ဂျန်ဖန်းကို စော်ကားမိ၍ လေလံပွဲဒုဥက္က၏လေလံပွဲမှနှင်ထုတ်ခြင်းကို ခံခဲ့ရ၏။

သူမက ထိုကိစ္စနှင့်ပတ်သက်ပြီး အငြိုးအတေးထားခဲ့သည်။

ယခု ရမ္မက်ဂိုဏ်းနယ်မြေ၌ ဂျန်ဖန်းကို တွေ့ရာ ဘယ်လိုလုပ် ကောင်းမွန်သည့် သဘောထား ရှိနိုင်မည်နည်း။

ကျီရူယွဲ့ အဖွဲ့နောက်ဆုံးမှ ရှေ့တက်လာပြီး လေးလေးစားစားပြောလိုက်သည်။

"စီနီယာအကိုကြီး, ဒီလူက တိမ်စိမ်းဂိုဏ်းခေါင်းဆောင် လက်အောက်က တပည့်တစ်ယောက်ပါ...."

"သူ့နာမည်က ဂျန်ဖန်းတဲ့...."

ဂျန်ဖန်း?...

ရမ္မက်ဂိုဏ်းတပည့်တွေ ရုတ်တရက် နားလည်သည့်အမူအရာတွေ ပြသလာ၏။

ရှဲလျူရူး ခြောက်ကပ်ကပ်ရယ်လိုက်၏။

"ဒီတော့ သူပေါ့...."

"ငါမမြင်းဖူးတဲ့ ဘယ်နာမည်ကြီးတပည့်များလဲလို့ သိချင်နေတာ...."

"တကယ်နာမည်ကြီးတစ်ယောက်ပဲ..."

ရမ္မက်ဂိုဏ်းတပည့်တွေ ပြုံးလိုက်ကြ၏။

စိတ်ဝိညာဥ်အမြစ်မရှိသည့်ဂုဏ်သတင်းက သူတို့ကြားဖူးလွန်း၍ နားကန်းမတတ်ပင်။

ယခု နောက်ဆုံးမှာ ထိုလူကို သူတို့ကိုယ်တိုင် မြင်ဖူးပြီပင်။

ရှဲလျူရူး မတူညီသည့်ဆွဲဆောင်မှုတွေရှိသည့် ယီလန်ရှင်း, ချူရှင်းမန်နှင့် ချင်ချိုင်းဟီတို့ကို ကြည့်လိုက်သည်။

သူက ပြုံးပြီး ပြောလိုက်သည်။

"ဂျူနီယာညီမသုံးယောက်, ဒီနေရာကို ဘေးကင်းကင်းရောက်လာတာ မင်းတို့တကယ်ကံကောင်းတာပဲ...."

"ဒါပေမယ့်, အခုမင်းတို့ရင်ဆိုင်နေရတာ ကောင်းကင်သံစဥ်ဂိုဏ်းတပည့်ကြီးနော်။ သူက ရင်ဆိုင်ရလွယ်ကူတဲ့သူတစ်ယောက် မဟုတ်ဘူး...."

"မင်းတို့အတွက် ငါဘာလို့ မဖြေရှင်းပေးရမှာလဲ..."

သူ့ကို အံ့အားသင့်စွာပဲ...

မိန်းခလေးသုံးယောက် ထူးမခြားနားရှိနေဆဲဖြစ်ပြီး မည်သည့်တုံ့ပြန်မှုမှ မပြပေ။

ရှဲလျူရူး ပဟေဠိဖြစ်သွားပြီး ပြောလိုက်သည်။

"မင်းတို့ မင်းတို့ကိုယ်မင်းတို့ မစိုးရိမ်ဘူးလား။ ဒါမှမဟုတ် ဂျူနီယာညီလေးဂျန်ဖန်ကို မစိုးရိမ်ဖူးလား....."

ယီလန်ရှင်း စက်ရှုပ်ရွံ့ရှာသည့် အမူအရာတစ်ချို့ပြသလာ၏။

သူမက ရမ္မက်ဂိုဏ်းအမျိုးသားတပည့်တွေကို အမြဲစက်ရှုပ်ရွံ့ရှာခဲ့ပြီး အေးစက်စွာ ပြောလိုက်သည်။

"ရှဲလျူရူး, ငါတို့ကို စိတ်အနှောက်အယှက်မပေးနဲ့..."

"ဂျူနီယာမောင်လေးဂျန်ရှိနေရင် နင် ငါတို့လုံခြုံရေးကို စိုးရိမ်စရာမလိုဘူး...."

သူ့ရည်ရွယ်ချက်ပေါ်သွားတာမြင်တော့ ရှဲလျူရူး ရှက်မသွားပေ။

ပေါ့ပေါ့ပါးပါးရယ်လိုက်ပြီး လက်ဖြန့်လိုက်သည်။

"ကောင်းပြီ, အစကတော့ ငါ ဂျူနီယာညီလေးဂျန်ကို အနည်းငယ်ကူညီချင်ခဲ့တာ...."

"မင်းတို့ သူ့သေခြင်းရှင်းခြင်းကို ဂရုမစိုက်မှတော့, ငါဝင်မပါတော့ဘူး...."

ထို့နောက် အင်္ကျီအိတ်ထဲလက်ထည့်ကာ ဂျန်ဖန်းနှင့် ဖုချောင်ဟွမ်ကြား ထိပ်တိုက်ရင်ဆိုင်မှုကို ပြုံးပြီး ကြည့်နေခဲ့သည်။

သူက ဖုချောင်ဟွမ်ကို ကောင်းကောင်းသိ၏။

ပင်ကိုယ်ပါရမီရှင်တစ်ယောက်ဖြစ်သော်လည်း... အထူးသဖြင့်, ဂီတမှာ နှစ်တစ်ရာမှတစ်ခါ ပေါ်ပေါက်ဖူးသည့်ပါရမီရှင်ဖြစ်၏။

သို့ပေမယ့် ပါရမီရှင်တစ်ယောက်ဖြစ်တာကြောင့် သူ့ခရီးလမ်းက ချောမွေ့ပြီး အမြဲအကာကွယ်ပေးခံရ၏။

ထို့ကြောင့် အားနည်းချက်တစ်ခုလည်းရှိ၏။

ထိုအရာက သူကို စိတ်ဓာတ်ညံ့ဖျင်းသွားစေပြီး အနည်းငယ်သောအပြစ်အနာဆာကိုတောင် သည်းမခံနိုင်တာဖြစ်သည်။

တစ်ယောက်ယောက်သူ့ကို ရန်လာစလျှင် သူ့ကိုပစ်မှတ်ထားဖို့က သူ့အတွက် လွယ်ကူ၏။

အကျဥ်းချုပ်ပြောရလျှင် စကားလုံးလေးလုံးဖြင့် ဖော်ပြနိုင်၏။

စိတ်ထားကျဥ်းမြောင်းခြင်း...

ဂျန်ဖန်း ဘယ်လိုရန်စခဲ့လဲ သူမသိပေမယ့် ဖုချောင်ဟွမ်စိတ်ဓာတ်အရ အလွယ်တကူအလွတ်မပေးမှာတော့ အသေအချာပဲဖြစ်သည်။

ဂျန်ဖန်း ဘယ်လိုကံကြမ္မာမျိုးနှင့်ရင်ဆိုင်ရမလဲ ကြည့်ရတောပေါ့....

ဒီဂျူနီယာညီမသုံးယောက် သူ့ကိုကယ်ဖို့ ငါ့ဆီ အကူအညီတောင်းမလားကြည့်ကြတာပေါ့....

တစ်ဖက်၌, ကျီရူယွဲ့ သူမမေးစေ့ကို မောက်မာစွာ မော့လိုက်ပြီး ဂျန်ဖန်းနောက်ခံကို လှောင်ပြောင်မှုနှင့် ထုတ်ဖော်လိုက်၏။

"စီနီယာအကိုဖု, သူ့ကို လျော့မတွက်နဲ့နော်...."

"သူ့ကျင့်ကြံရေးက ဘာမှမဟုတ်ပေမယ့် ဓားသိုင်းကတော့ အတော်အထင်ကြီးစရာကောင်းတယ်..."

"တိုက်ခိုက်ရင်, မိုးခြိမ်းသံလို ပေါက်ကွဲမှုကြီးတွေ ထွက်ပေါ်လာလိမ့်မယ်။ နင် ဂရုမစိုက်ရင်, အလွယ်တကူရှုံးနိမ့်သွားလိမ့်မယ်..."

ဟမ်?...

ရှိနေသည့်လူတိုင်း သူမကို ကြည့်လိုက်ကြသည်။

ရမ္မက်ဂိုဏ်းတပည့်တွေကတော့ သဘာဝအတိုင်း ဘာမှမပြောကြပေ။

သို့ပေမယ့် ယီလန်ရှင်း, ချင်ချိုင်းဟီ နှင့် ချူရှင်းမန်တို့ အမျိုးသမီး သုံးယောက် ဒေါသထွက်သွား၏။

ချင်ချိုင်းဟီ ဒေါသတကြီး ကြိမ်းမောင်းလိုက်သည်။

"နင့်ပါးစပ်ပိတ်ထားစမ်း..."

"လုပ်စရာမရှိရင်လည်း အေးဆေးပါးစပ်ပိတ်ကြည့်နေပါလား...."

"လူတစ်ယောက်အားနည်းချက်ကို ထုတ်ပြတာ ဒါဘာကို ဆိုလိုတာလဲ...."

ယီလန်ရှင်းမျက်နှာလည်း အေးစက်လာ၏။

"ရမ္မက်ဂိုဏ်းတပည့်တွေ တစ်ယောက်မှ ယှဥ်ကျေးမှုမရှိကြဘူးလား..."

"နင်တို့လက်ယားနေရင်လည်း တစ်ပွဲလောက်စမ်းကြည့်မလား...."

ချူရှင်းမန် ဂျန်ဖန်းထိခိုက်သွားမှာ စိုးရိမ်၏။

ကျီရူယွဲ့ သူ့အကြောင်းကို ဖော်ထုတ်လိုက်ရာ တိုက်ပွဲ၌ အသာစီးရမည့်အဓိအချက်ကို ယူသွားလိုက်သလိုပင်။

ပုံမှန်ဆို နူးညံ့သည့်ချူရှင်းမန်တောင် ကျီရူယွဲကို ဒေါသတကြီးစိုက်ကြည့်နေသည်။

"နင်အရမ်းများသွားပြီ...."

"သူတို့က တိုက်ခိုက်နေကြတာ..."

"နင်က ထိခိုက်အောင်လုပ်နေတာ မဟုတ်ဘူးလား...."

မတူညီသည့်ဂိုဏ်းတွေမှ အမျိုးသမီးသုံးယောက် ဂျန်ဖန်းကို အရမ်းကာကွယ်ပေးမည်ဟု ကျီရူယွဲ့ မမျှော်လင့်ထားပေ။

ရှဲလျူရူး ပေါ့ပေါ့ပါးပါးရယ်လိုက်သည်။

"ဒါလေးပြောရုံနဲ့ ဘာထူးခြားသွားမှာမိုလို့လဲ....."

"မင်းတို့က ဂျူနီယာညီလေးဂျန်နိုင်မယ်လို့ ထင်နေတာလား....."

"ဟ....ဟ...ဟ..."

ရှဲလျူရှီးကာကွယ်ပေးနေ၍ ကျီရူယွဲ့ ယုံကြည်မှုပြန်ရလာခဲ့သည်။ သူမက ခါးထောက်ပြီး အသံစူးစူးဖြင့် ရယ်လိုက်သည်။

"အတိအကျပဲ...."

"နင်တို့ ဂျန်ဖန်းကို အသက်ရှင်စေချင်ရင်, ငါတို့စီနီယာအကိုကြီးဆီ အသနားခံသင့်တယ်...."

"သူသာ စိတ်ကောင်းဝင်ရင်, ဂျန်ဖန်း အသက်ရှင်ကောင်းရှင်မှာပါ..."

မိန်းခလေးသုံးယောက် ဒေါသထွက်သွားကြ၏။

ဒီမိန်းမ...

အတော်လေး ဒေါသထွက်စရာကောင်း၏။

ဂျန်ဖန်း သူမကို အေးစက်စွာကြည့်လိုက်သည်။

"ပြီးမှ ငါမင်းနဲ့ စရင်းရှင်းမယ်...."

ကျီရူယွဲ့ ရင်ဘတ်ကိုပုတ်ပြီး မျက်မှောင်ကြုတ်လိုက်သည်။

"အို, ကြောက်လိုက်တာ..."

"ငါမလုပ်ရဲပါဘူး..."

ပြောနေစဥ်, သူမမျက်လုံးတွေ၌ လှောင်ပြောင်မှုတွေ အပြည့်ပင်။

ထိုအရာကြောင့် ရမ္မက်ဂိုဏ်းတပည့်တွေ ကျယ်လောင်စွာ ရယ်လိုက်ကြ၏။

"သူကိုယ်တိုင်တောင် မလုံခြုံတာ, ဂျူနီယာညီမကျီကို ခြိမ်းခြောက်ချင်နေသေးတယ်...."

"ဖုချောင်ဟွမ်လက်ထဲက အသက်ရှင်နိုင်မယ်ထင်နေလား မသိဘူး...."

"ဖုချောင်ဟွမ် သူ့ကို ချမ်းသာပေးရင်တောင်, ငါတို့အားလုံးကို တိုက်ခိုက်နိုင်မှာတဲ့လား...."

"ငါအထင်တော့ သူက စိတ်ဝိညာဥ်အမြစ်မရှိရုံတင်မဟုတ်ပဲ ဦးနောက်ပါမရှိဘူးနဲ့တူတယ်...."

.....

ဂျန်ဖန်း သူ့တို့ကို လျစ်လျူရှူထား၏။

သူက ဖုချောင်ဟွမ်ကိုကြည့်ပြီး သူ့အနက်ရောင်ဓားကို ဖြည်းညင်းစွာ မြောက်လိုက်သည်။

ဖုချောင်ဟွမ် ရယ်လိုက်၏။

"ဒီတော့ မင်းက ဓားပညာမှာ အကျွမ်းကျင်ဆုံးပေါ့...."

"မင်းကျင့်ကြံရေးက ငါ့ထက်နိမ့်တယ်။ ပြီးတော့ အခု ဂိုဏ်းပြင်ပကို ရောက်နေတာ..."

"ဒါတောင် ငါ့ကို ဓားနဲ့ရွယ်ရဲသေးတယ်ပေါ့...."

"ကောင်းတယ်, မင်းရဲ့သတ္တိရှိမှုအတွက်, လက်မောင်းတွေဖြတ်ပြီးရင်, လွတ်ပေးမယ်..."

တရန်! တရန်! တရန်!

သူက အလျှင်အမြန်ပဲ ဗျတ်စောင်းကြိုးတွေကို တီးခတ်လိုက်ရာ အားကောင်းသည့်အသံလှိုင်းတွေ ထွက်ပေါ်လာခဲ့သည်။

ရှဲလျူရူမျက်နှာ အနည်းငယ်ပြောင်းလဲသွား၏။ သူက မြင်းဇတ်ကြိုးချက်ချင်းဆွဲပြီး နောက်ဆုတ်သွားကာ အော်ပြောလိုက်သည်။

"အားလုံးနောက်ဆုတ်။ မထိခိုက်အောင် သတိထားကြ...."

သူသတိပေးစရာမလိုပေ။

ရမ္မက်ဂိုဏ်းတပည့်တွေ နာကျင်မှုကြောင့် သူတို့နားတွေပိတ်လိုက်ပြီး နောက်ဆုတ်သွားကြသည်။

ကျီရူယွဲ့ မျက်လုံးတွေ အံ့အားသင့်မှုတွေ ပြသလာ၏။

"စတိုက်ရုံနဲ့ ဒီလောက်အားကောင်းနေပြီ..."

"ကောင်းကင်သံစဥ်ဂိုဏ်းကျင့်ကြံရေးနည်းလမ်းတွေက တကယ် အစွမ်းထက်တာပဲ..."

ထိုအသံလှိုင်းနှင့်သာ တိုက်ရိုက်ရင်ဆိုင်ရလျှင် ဘယ်လောက်တောင် ဒဏ်ရာမလဲဆိုတာ သူမစိတ်ကူးမကြည့်နိုင်ပေ။

ရှဲလျူရှူး နောက်ထပ် ပေါ့ပေါ့ပါးပါး စကားမပြောနိုင်တော့ပေ။

ဖုချောင်ဟွမ်ကို ကြည့်နေသည့် သူ့အကြည့်တွေက လေးနက်လာခဲ့သည်။

"တစ်နှစ်လောက်မတွေ့ရတာနဲ့, ဒီကောင့်ရဲ့ခွန်အားက အတော်တိုးတက်လာတာပဲ..."

"အရင်တုန်းက, ငါသူ့ရဲ့အသံလှိုင်းတိုက်ခိုက်မှုကို မကြောက်ဖူး..."

"ဒါပေမယ့် အခုတော့...."

သူ ဆက်မပြောရဲတော့ပေ။

သို့ပေမယ့် အဓိပ္ပာယ်က ရှင်းလင်းရှ၏။ ထိုအရာကို သူတိုက်ရိုက် ရင်မဆိုင်နိုင်ပေ။

ကျီရူယွဲ့ တုန်လှုပ်သွား၏။ စီနီယာအကိုကြီးတောင်, ဤအသံလှိုင်းတွေကို မကိုင်တွယ်နိုင်ဘူးလား?...

ဒါဆို ဂျန်ဖန်း...

သူမနှုတ်ခမ်းတွေ တွန့်ကွေးသွားပြီး ဂျန်ဖန်း၏ သနားစရာအခြေအနေကို မြင်ရဖို့ စိတ်အားထက်သန်နေခဲ့သည်။

သူမ ဒုဥက္ကချန်း၏နှင်ထုတ်ခံရပြီး, ဂိုဏ်းအသီးအသီးကိုယ်စားလှယ်တွေရှေ့မှာ အရှက်ကွဲခဲ့ရသည့်နေ့တုန်းကလိုပင်။

သို့ပေမယ့်...

သူမက ဂျန်ဖန်းကို ကြည့်လိုက်သည့်အခါ သူမအမူအရာ အေးခဲသွား၏။

All Chapters