အသက်အတွက်ရတနာ
Vol. 19 Ch. 263
ဂျန်ဖန်း သေစေနိုင်လောက်သည့်အသံလှိုင်းကိုကြည့်ပြီး အမူအရာပြောင်းလဲမသွားပေ။
ပေါ့ပေါ့ပါးပါး အနက်ရောင်ဓားကိုမြောက်ပြီး အသံလှိုင်းမရောက်လာခင်, ရုတ်တရက် ခုတ်ချလိုက်၏။
"ကောင်းကင်နဲ့မြေပြင် ကြယ်ကြွေကြခြင်း...."
ထိုအရာက မိုးခြိမ်သံကဲ့သို့ နားတွေထဲ ပေါက်ကွဲထွက်သွားပြီး ရှိနေသည့်တပည့်အားလုံး နားစည်းတွေ နာကျင်သွားကြသည်။
သူတို့နားတွေ၌ တဝီဝီမြည်သံတွေသာ ကြားနေရ၏။
ကျီရူယွဲ့ ကြိုတင်ပြင်ဆင်ထားပြီး စိတ်ဝိညာဥ်စွမ်းအင်ဖြင့် သူမနားကို ပိတ်ထားခဲ့သည်။
သို့ပေမယ့် ဓားချက်ထွက်ပေါ်လာသည်နှင့် ကြောက်စရာပေါက်ကွဲသံက စိတ်ဝိညာဥ်အလွာကို ချိုးဖြတ်ကာ သူမနားတွေကို အပြင်းအထန်နားကျင်သွားစေ၏။
သူမ၏လှပသည့်မျက်လုံးတွေ ပြူးကျယ်နေပြီး အံ့အားသင့်သည့်အမူအရာ ပြသလာ၏။
"တစ်လကြာပြီးတော့ သူ့ဓားသိုင်းကပိုအားကောင်းလာပြီပဲ..."
အခန်းထဲမှာ သရုပ်ပြတုန်းက စွမ်းအားက အထင်ကြီးစရာကောင်း၏။
သို့ပေမယ့် ယခုနှင့်နှိုင်းယှဥ်လျှင် ဘာမှမဟုတ်တော့ပေ။
ကြိုတင်ပြင်ဆင်ထားသည့်သူမတောင် ဤကဲ့သို့ဖြစ်သွား၏။
အခြားလူတွေတော့ ပြောစရာကို မလိုတော့ပေ။
တစ်ခဏကြာပြီးနောက်, ဂျန်ဖန်းကို ကိုယ့်ကိုယ်ကို အထင်ကြီးနေသည့်အတွက် လှောင်ပြောင်ခဲ့သည့် ရမ္မက်ဂိုဏ်းတပည့်တွေ ပင့်သက်ရှိုက်လိုက်ကြ၏။
ဤဓားချက်၏စွမ်းအားကို ခုခံနိုင်ပါ့မလားဟု သူတို့ကိုယ်သူတို့ မေးကြည့်လိုက်ကြ၏။
မြင်းဇတ်ကြိုးကိုင်ထားသည့် ရှဲလျူရူးလက်တွေ ရုတ်တရက်တင်းကြပ်သွားပြီး ကြောက်စရာပေါက်ကွဲအားကြောင့် ထိတ်လန့်သွား၏။
"ဒါ ဘာဓားသိုင်းလဲ...."
"စွမ်းအားက မယုံနိုင်စရာပဲ...."
အားကောင်းသည့်ပေါက်ကွဲစွမ်းအားက ရှိနေသည့်လူတိုင်းကို တုန်လှုပ်သွားစေရုံသာမက....
လာနေသည့် အသံလှိုင်းတွေကိုပါ ပျောက်ကွယ်သွားစေ၏။
ဗျတ်စောင်းတီးခတ်နေသည့် ဖုချောင်ဟွမ်လက်တွေ တုန်ယင်သွားပြီး အသံအနည်းငယ်ထွက်ပေါ်လာ၏။
သူ့မျက်နှာက အံ့အားသင့်သည့်အမူအရာတွေ ပြသလာ၏။
"မင်း.. မင်းဓားသိုင်းက ဘာဖြစ်တာလဲ...."
ကျီရူယွဲ့ သူ့ကို သတိပေးထားသော်လည်း ဤလောက်ထိအားကောင်းမည်တော့ မျှော်လင့်မထားပေ။
ဂျန်ဖန်း ထူးမခြားနားစွာ ပြောလိုက်သည်။
"ငါ မင်းကို ပြောစရာလိုလို့လား...."
ဖုချောင်ဟွမ် နှလုံးသား တင်းကြပ်သွားပြီး ဂျန်ဖန်းကို နောက်ထပ်လျော့မတွက်ရဲတော့ပေ။
ချက်ချင်းပဲ လက်ဆယ်ချောင်းကို ဗျတ်စောင်းပေါ်ဖိကာ အလျှင်အမြန်တီးခတ်ကာ အော်ပြောလိုက်သည်။
"ဒါဆိုလည်း ငါ့အသန်မာဆုံးနည်းစနစ်ကို စမ်းကြည့်လိုက်..."
"ဖီးနစ်နိဗ္ဗာန်န...."
ချက်ချင်းဆိုသလိုပဲ....
အသံလှိုင်းဒါဇင်ချီက တဝီဝီမြည်သံနှင့်အတူ လေထုကိုဖြတ်ကာ ဂျန်ဖန်းဆီ အရပ်မျက်နှာ မျိုးစုံမှ ဝင်ရောက်လာခဲ့သည်။
အသံတစ်ခုစီက လူတစ်ယောက်နှလုံးသားကို ကျုံ့ဝင်သွားစေနိုင်ပြီး ခြေလက်တွေကို အသာလေးဖြတ်တောက်နိုင်တာ သံသယရှိစရာမလိုပေ။
အများကြီးဆိုရင်တော့ ပြောစရာကို မလိုတော့ပေ။
ယီလန်ရှင်းအပါအဝင် အမျိုးသမီးသုံးယောက် နှလုံးသားတွေ ချက်ချင်း တင်းမာသွား၏။
ဖုချောင်ဟွမ် ခွန်အားပြည့် ထုတ်သုံးလာပြီပင်။
သူက ကောက်ကျစ်စွာ ပြုံးလိုက်သည်။
"မင်း ဒါကို ကိုင်တွယ်နိုင်မလား ကြည့်ကြတာပေါ့...."
သူ့လက်ချောင်းတွေက ရပ်တန့်မသွားပဲ ကြမ်းတမ်းသည့်မုန်တိုင်းတစ်ခုကဲ့သို့ အသံလှိုင်းတွေ တစ်ခုပြီးတစ်ခု ထုတ်ဖော်နေခဲ့သည်။
ဤကဲ့သို့ ပြင်းထန်သည့်တိုက်ခိုက်မှုနှင့်, အဆင့်တူ၌ မည်သူက ခုခံနိုင်မည်နည်း။
ထိုအခိုက်အတန့်၌, ရှဲလျူရှူးနဖူး ချွေးအေးတွေ ထွက်နေပြီဖြစ်သည်။
"ငါ သူ့ကို လျော့တွက်ခဲ့တာပဲ...."
ကျီရူယွဲ့လည်း စိတ်ထဲတုန်ယင်သွားပြီး ဆံထွေးမျိုးချကာ ပြောလိုက်သည်။
"စီနီယာအကို, နင်ဆိုရင်ကော, နိုင်လောက်လား...."
ရှဲလျူရှူး အံ့ကြိတ်လိုက်၏။
ဆန္ဒမရှိစွာဖြင့် ခေါင်းခါယမ်းပြလိုက်သည်။
"အခွင့်အရေးလုံးဝမရှိဘူး...."
"ဒီလို သိပ်သည်းအားကောင်းတဲ့တိုက်ခိုက်မှုကို အဆင့်မြင့်အကာအကွယ်ရတနာရှိတဲ့လူပဲခုခံနိုင်မှာ။ မဟုတ်ရင်, ရှုံးနိမ့်မှာ အသေအချာပဲ..."
ထိုအရာပြောပြီးနောက်, ရှက်သလိုခံစားရပြီး သူ့ကိုယ်သူကာကွယ်ပြောလိုက်သည်။
"ဒါပေမယ့်, ငါတင်မဟုတ်ဘူး။ ဂိုဏ်း ၉ ဂိုဏ်းနယ်မြေကိုကြည့်ရင်, မျိုးဆက်တူထဲမှာ ရှချောင်ကောနဲ့ ပါရမီရှင်အနည်းငယ်ပဲ ဒီတိုက်ကွက်ကို ခုခံနိုင်မှာ...."
ကျီရူယွဲ့ အံ့အားသင့်စွာ ပင့်သက်ရှိုက်လိုက်သည်။
ဖုချောင်ဟွမ်၏ ခွန်အားပြည့်တိုက်ခိုက်မှုက ဤလောက်တောင်ကြောက်စရာကောင်းသည်လား?...
ဒါဆို ဂျန်ဖန်း သေချာပေါက် ကံဆိုးပြီပင်။
သို့ပေမယ့် သူမကြည့်လိုက်သည့်အခါ ဂျန်ဖန်းမျက်လုံးတွေ တည်ငြိမ်နေတာ တွေ့လိုက်၏။
သူက သာမန်အတိုင်း အနက်ရောင်ဓားကိုဝှေ့ယမ်းပြီး မိုးခြိမ်းသံကဲ့သို့ပေါက်ကွဲသံနှင့် လာနေသည့်အသံလှိုင်းတွေကို ပျောက်ကွယ်သွားစေခဲ့သည်။
သို့ပေမယ့် ဖုချောင်ဟွမ် လက် ၁၀ ချောင်းက ပိုမြန်မြန် လှုပ်ရှားလာခဲ့သည်။
သူမျက်နှာက မနှစ်မြို့စရာ ကျေနပ်မှုကို ပြသနေ၏။
"ဒါကို ဘာလို့ ဖီးနစ်နိဗ္ဗာန်န လို့ခေါ်လဲ သိလား...."
"နိဗ္ဗာန်နဆိုတာ ပြန်လည်မွေးဖွားခြင်းပဲ..."
"ဒီနည်းစနစ်ကို စတင်လိုက်တာနဲ့, ရန်သူမသေမချင်း အသံလှိုင်းတွေက အဆုံးမရှိထွက်ပေါ်နေမှာ..."
"ငါ ဒါကို ဘယ်တုန်းကမှ ခွန်အားကုန် မသုံးဖူးဘူး...."
"မင်း, ဂျန်ဖန်းက ပထမဆုံးပဲ...."
"ဒါကြောင့် သေရင်တောင် မင်းဂုဏ်ယူသင့်တယ်...."
ဂျန်ဖန်း မလှုပ်မယက်ရှိနေသေး၏။
အနက်ရောင်ဓားကို အစီအစဥ်တကျလွဲယမ်နေပြီး အသံလှိုင်းတွေကို ခုခံနေခဲ့သည်။
ထိုစဥ် အခြားလက်တစ်ဖက်က စိတ်ဝိညာဥ်စွမ်းအင်တွေ တိတ်တဆိတ် လှည့်ပတ်နေခဲ့သည်။
ဂျန်ဖန်း အချည်းနှီးရုန်းကန်နေတာ မြင်သည့်အခါ ဖုချောင်ဟွမ်၏မနှစ်မြို့စရာအပြုံးက ပိုမိုကြီးထွားလာခဲ့သည်။
"မင်းဓားသိုင်းက အသုံးမဝင်တော့ပါဘူးကွာ...."
"စိတ်ပျက်အားငယ်ပြီး သေလိုက်တော့...."
မည်သူသိမည်နည်း။
ဂျန်ဖန်း တည်ငြိမ်စွာ ပြောလိုက်သည်။
"ငါ ဓားသိုင်းပဲ သိတယ်လို့ ဘယ်သူပြောလဲ..."
သူ့ဘယ်လက် စိတ်ဝိညာဥ်စွမ်းအင်တွေ လိမ့်တက်လာပြီး ရုတ်တရက် ဖုချောင်ဟွမ်ကို ညွှန်ပြလိုက်သည်။
"အရှေ့ရပ်မှ ခရမ်းရောင်စွမ်းအင်...."
ဝှစ်!
ခရမ်းရောင်အလင်းတန်းက လျှပ်စီးကဲ့သို့ လေထုကို ဖောက်ထွက်သွား၏။
ထိုနောက် ဖုချောင်ဟွမ်လက်ထဲရှိ ရှေးဟောင်းဗျတ်စောင်းကို ထိမှန်သွားခဲ့သည်။
ဘန်း!
ရှေးဟောင်းဗျတ်စောင်း ချက်ချင်း ပေါက်ကွဲထွက်သွား၏။
ခရမ်းရောင်အလင်းတန်းက စွမ်းအင်လျော့ကျမသွားပဲ သူ့ရင်ဘတ်ကို ချက်ချင်း ထိမှန်လာ၏။
ဖုန်း!
သတိလက်လွတ်ဖြစ်နေသည့် ဖုချောင်ဟွမ် ရင်ဘတ်ကို ထိမှန်သွားပြီး လူတစ်ကိုယ်လုံး ထိုင်နေရာမှ လွင့်စင်သွားခဲ့သည်။
ဖုချောင်ဟွမ် နာကျင်စွာ ညီးညူလိုက်ရပြီး ရင်ဘတ်ကို ငုံ့ကြည့်လိုက်သည်။
လက်တစ်ချောင်လောက်ထူသည့် သွေးပေါက်ရာတစ်ခုက အတိုင်းသားပင်။
ကျေမွသွားသည့်ရှေးဟောင်းဗျတ်စောင်းကိုကြည့်ပြီး မနေနိုင်ပဲ ကြောက်ရွံ့မှုကို ခံစားလိုက်ရသည်။
ဤရှေးဟောင်းဗျတ်စောင်းက ရှားပါးသည့် အလယ်အလတ်အဆင့် မှော်ရတနာဖြစ်၏။
ထိုအရာက ဂျန်ဖန်းလက်ချောင်းသိုင်းတစ်ချက်ဖြင့် အမှန်တကယ် ပျက်စီးသွားသည်လား?....
ခရမ်းရောင်အလင်းတန်းစွမ်းအားအများစုကို ထိုအရာက ကာကွယ်ပေးခဲ့လို့မဟုတ်လျင်...
သူ့နှလုံး ထိုးဖောက်ခံရပြီး နေရာမှာပဲ သေသွားမည်ဖြစ်သည်။
ဂျန်ဖန်း ကျန်ရှိသည့်အသံလှိုင်းတွေ ဖျက်ဆီးနေတာကိုကြည့်ပြီး သူ့ကိုယ်တိုင်က ဗျတ်စောင်းရှုံးဆုံးသွားသဖြင့်...
နှလုံးသား တုန်လှုပ်လာခဲ့သည်။
မည်သို့ ဆက်လက်တိုက်ခိုက်ရဲတော့မည်နည်း။
ဖနှောင့်နှင့်ဖင် တစ်သားတည်းဖြစ်အောင် ပြေးတော့၏။
ဂျန်ဖန်း နောက်ဆုံးကျန်ရှိသည့်အသံလှိုင်းကိုဖျက်ဆီးပြီး ထွက်ပြေးသွားသည့် ဖုချောင်ဟွမ်ကို ကြည့်လိုက်သည်။
သူ့မျက်လုံးတွေ ကျဥ်းမြောင်းသွား၏။
"ထွက်ပြေးချင်တာလား...."
စိတ်ဝိညာဥ်စွမ်းအင်တွေ သူ့ခြေထောက်အောက်မှာ စီးဆင်းလာပြီး ချက်ချင်း လှုပ်ရှားမှုနည်းလမ်းကို အသုံးပြုလိုက်၏။
နေရာ၌ အရိပ်တစ်ခုသာ ချန်ထားခဲ့ပြီး ဇန်ပေါင်းများစွာကို ခုန်ကူးကာ ဖုချောင်ဟွမ်နောက်မှာ ပေါ်လာခဲ့သည်။
နောက်မှာ ချည်းကပ်လာသည့်အော်ရာတစ်ခုကို ခံစားမိသည့်အခါ...
ဖုချောင်ဟွမ် ဦးခေါင်းခွံ့ ထုံကျဥ်သွား၏။
သူက တောက်ပသည့်ဓားမြှောင်တစ်ချောင်းထုတ်ကာ တစ်ဖက်လှည့်ပြီး ရက်ရက်စက်စက်ထိုးချလိုက်သည်။
သို့ပေမယ့်....
သူ့မျက်ခွံ့တွေကို ကျုံ့သွားစေတာက....
ဂျန်ဖန်း သာမန်ကာဆန်ကာ လက်ဆန့်ထုတ်ပြီး ဓားမြှောင်ကို ဆုပ်ကိုင်ထားလိုက်သည်။
သူ့လက်ငါးချောင်းဆုပ်ကိုင်မှုဖြင့် ဓားမြှောင် ပုံပျက်သွား၏။
ထို့နောက် ချက်ချင်း လက်ငါးချောင်းက လက်သီးအဖြစ်ပြောင်းကာ ဖုချောင်ဟွမ်လက်မောင်းကို ထိုးချလိုက်သည်။
ခရက်...
ပြတ်သားသည့်အရိုးကျိုးသံတစ်ခု ပတ်ဝန်းကျင်ကို ပျံ့နှံ့သွားခဲ့သည်။
ဖုချောင်ဟွမ် နောက်တစ်ကြိမ်လွင့်ထွက်သွားပြီး အဆောက်အဦးအောက်ရှိ ကျောက်ခုံတစ်ခုကို အပြင်းအထန် ဝင်တိုက်သွားခဲ့သည်။
"အ...."
ဖုချောင်ဟွမ် ဆက်တိုက်တိုက်ခိုက်မှုတွေခံရပြီး မြေပြင်ပေါ်မှာ နာကျင်စွာ ညီးညူလဲလျောင်းနေခဲ့သည်။
ဂျန်ဖန်း သူ့ဓားကိုကိုင်ကာ ဖြည်းဖြည်းချင်းလျှောက်လာပြီး ပြောလိုက်သည်။
"ငါမင်းကိုပြောပါတယ်။ မင်းက မင်းထင်သလောက် အားမကောင်းပါဘူးလို့...."
"အရင်က, ငါ မင်းရန်စတာတွေကို လျစ်လျူရှုခဲ့တယ်..."
"ဒါပေမယ့်, မင်းက ကံကောင်းမှုကို တန်ဖိုးမထားဘူး...."
သူက ဖုချောင်ဟွမ်လည်ပင်းကို ဓားဖြင့်ရွယ်လိုက်၏။
လက်ကောက်ဝတ် လှုပ်လိုက်ရုံဖြင့်, ဖုချောင်ဟွမ်လည်မျိုးကိုခွဲပြီး အသက်နှုတ်ယူလိုက်နိုင်၏။
ထိုအခိုက်အတန့်၌, ဖုချောင်ဟွမ် နောက်ဆုံးမှာ သူမတတ်နိုင်သည့်လူကို ရန်စမိပြီိဆိုတာ နားလည်လိုက်၏။
ဤသာမန်ပုံရှိသည့်ဂျန်ဖန်းက စွမ်းအားကြီးသူတစ်ယောက်ဖြစ်နေခဲ့သည်။
ဂုန်ချိုင်းယီ ဘာကြောင့် ဂျန်ဖန်းကို အလွန်သဘောကျလဲဆိုတာ သူရုတ်တရက် နားလည်လာ၏။
ထိုအရာက ဂျန်ဖန်း အလွန်ထူးခြားနေသောကြောင့်ဖြစ်သည်။
"နေပါအုန်း, ငါ့ကိုမသတ်ပါနဲ့။ ငါတို့ ဆွေးနွေးနိုင်ပါတယ်....."
သေခြင်းတရားနှင့်ရင်ဆိုင်ရသည့်အခါ, ဖုချောင်ဟွမ်လည်း သူ့ဂုဏ်သိက္ခာကို ဂရုမစိုက်နိုင်တော့ပေ။
သူက အကြိမ်ကြိမ်အရိုအသေပေးပြီး အသနားခံလိုက်၏။
ဂျန်ဖန်း မလှုပ်မရှားရှိနေပြီး မျက်လုံးတွေက သတ်ဖြတ်လိုစိတ်တွေဖြင့် ပြည့်နှက်နေခဲ့သည်။
"မင်းလုပ်ကြံလို့ ငါတို့တွေ နတ်ဆိုးသားရဲဗိုက်ထဲရောက်လုနီးပါးပဲ။ အဲ့နောက်အရှက်မရှိ ဓားပြတိုက်သေးတယ်။ ပြီးတော့ စီနီယာအမယီလန်ရှင်းကိုတောင် ဒဏ်ရာရစေခဲ့သေးတယ်....."
"အဲ့တုန်းက မင်းနောင်တရခဲ့လို့လား..."
"အခုမှ အသနားခံနေတာ အရမ်းနောက်ကျသွားပြီ...."
သူက ချက်ချင်းပဲ လက်ကောက်ဝတ်လှည့်ကာ သူ့လည်မျိုကို အညာတာမဲ့ထိုးခွဲဖို့ ရည်ရွယ်လိုက်၏။
သို့ပေမယ့် ထိုအခိုက်အတန့်၌....
အနီးနားရှိ အလွန်အားနည်းနေသည့် မင်ရိုလန် ကုန်းရုန်းထလာပြီး ပြောလိုက်သည်။
"ခဏနေပါအုန်း...."
"သခင်လေးဂျန်,... သူ့အသက်အတွက်....ငါ ရတနာတစ်ခုပေးပါ့မယ်...."