သားရဲတိုက်ခိုက်မှု
Vol. 19 Ch. 264
ဂျန်ဖန်း ရပ်တန့်သွား၏။
ဖုချောင်ဟွမ် တန်ဖိုးမရှိသည့်အသက်နှင့်ယှဥ်လျှင် သူက သဘာဝအတိုင်း ရတနာကို ပိုစိတ်စား၏။
"ပြောပါ, ဘယ်လိုရတနာလဲ...."
"ဆေးလုံးနဲ့ သလင်းကျောက်အနည်းငယ်လို့တော့လာမပြောနဲ့။ အဲ့တာတွေ ငါဂရုမစိုက်ဘူး...."
သူက သာမန်အတိုင်း တစ်သိန်းတန် သလင်းကျောက်တုံကင်တစ်ခုထုတ်ပြပြီး သူမရှေ့မှာ ဝှေ့ယမ်းပြလိုက်သည်။
မင်ရိုလန်အမူအရာ အနည်းငယ်ပြောင်းလဲသွားပြီး အင်္ကျီအိတ်ထဲက သူမလက်ကို ကို့ရို့ကားယားပြန်ရုတ်လိုက်သည်။
သူမက တကယ်ပဲ သာမန်ပစ္စည်းအချို့သုံးဖို့ စီစဥ်ထားခဲ့သည်။
ဂျန်ဖန်း ဤလောက်ထိ ချမ်းသာမည်ဟု မည်သူကထင်ထားမည်နည်း။
ကြည့်ရတာ သာမန်ပစ္စည်းတွေက သူ့ကို လှုပ်ရှားစေမည်မဟုတ်ပေ။
သူမသာ ကောင်းကင်သံစဥ်ဂိုဏ်းတပည့်ကြီးကို ကယ်တင်ချင်လျှင် ရှိသမျှအားလုံး ပေးရမည်ဖြစ်သည်။
သူမက ဖုချောင်ဟွမ်ကို တစ်ချက်ကြည့်လိုက်သည်။
အစောပိုင်လှေပေါ်၌ သူမကို စွန့်ပစ်ခဲ့သည့် ဖုချောင်ဟွမ်သဘောထားကြောင့် အရမ်းစိတ်ပျက်မိသော်လည်း သူက ကောင်းကင်သံစဥ်ဂိုဏ်းတပည့်ကြီးဖြစ်ပြီး ဂိုဏ်း၏အနာဂတ်ဖြစ်နေဆဲဖြစ်သည်။
ထို့ကြောင့် သူ့ကိုကယ်ဖို့အကောင်းဆုံးကြိုးစားဖို့သာ တတ်နိုင်၏။
အံ့ကြိတ်လိုက်ပြီး နာကျင်တွန့်ဆုတ်စွာဖြင့် နောက်ကျောမှ သစ်သားသေတ္တာကို ဖြုတ်ယူလိုက်ကာ နောက်ဆုံးအကြိမ် ယုယစွာ ပွေ့ပိုက်လိုက်၏။
ထိုအရာကိုမြင်သည့်အခါ, ဖုချောင်ဟွမ် မနေနိုင်ပဲ တုန်လှုပ်သွား၏။
"မဟာအကြီးအကဲ, ဒါ.. ဒါက မင်းရဲ့ အသက်ရတနာမလား..."
"သူ့ကို ပေးမလို့လား..."
အပြစ်ရှိသည့်အရိပ်အယောင်တစ်ခု နောက်ဆုံးမှာတော့ သူ့နှလုံးသားထဲမှာ ပေါ်လာခဲ့သည်။
ဂျန်ဖန်း မျက်ခုံးတွေ တွန့်ခေါက်သွား၏။
ဤ အသက်ရတနာဟုခေါ်သည့် အရာက သန်မာသည့်ကျင့်ကြံသူတစ်ယောက်မှီခိုအားထားသည့် ရတနာတစ်ခုကို ရည်ညွှန်း၏။ ဤအရာဖြင့် သူတို့၏ အစွမ်းထက်ဆုံးတိုက်ကွက်တွေကို ထုတ်သုံးနိုင်ကြသည်။
နာမည်အရ အလွန်အစွမ်းထက်တာ သိနိုင်တာပဲဖြစ်သည်။
မင်ရိုလန် သစ်သားသေတ္တာဖွင့်လိုက်သည့်အခါ ရှေးဟောင်းအငွေ့အသက်အပြည့်ဖြင့် အဖြူရောင် ရှေးဟောင်းဗျတ်စောင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။
ကြိုးတစ်ချောင်းစီက သလင်းကျောက်ကဲ့သို့ကြည်လင်နေပြီး အမြုတေဖွဲ့စည်းခြင်းအဆင့် သားရဲ၏ အကြောအမျှင်တွေမှ ပြုလုပ်ထားတာ သိသာလှ၏။
ကိုယ်ထည်ကို အမည်မသိရှေးဟောင်းသစ်သားတစ်မျိုးဖြင့် ပြုလုပ်ထားပြီး အဆင့်မြင့်ကနုတ်တွေ ရေးထွင်းထား၏။
ဗျတ်စောင်းတစ်ခုလုံးက စိတ်ဝိညာဥ်အလင်းတန်းတွေထုတ်လွတ်နေပြီး ထူးခြားသည့်အောရာကို ပေးစွမ်းနေခဲ့သည်။
"အဆင့်မြင့်, မှော်ရတနာ...."
ဂျန်ဖန်း တိတ်တဆိတ် အံ့အားသင့်သွား၏။
ဤကဲ့သို့ရတနာမျိုးက ဂိုဏ်း ၉ ဂိုဏ်း အကြီးအကဲတွေနှင့် ဂိုဏ်းခေါင်းဆောင်တွေသာ ပိုင်ဆိုင်နိုင်သည့်အရာတွေဖြစ်ကြသည်။
တပည့်တွေ၌ ပိုင်ဆိုင်နိုင်မည့်အခွင့်အရေးမရှိပေ။
မင်ရိုလန် အတော်လေးတွန့်ဆုတ်နေသည့်မျက်နှာဖြင့်, ဂျန်ဖန်းကို ပေးလိုက်သည်။
"သခင်လေးဂျန် သနားကြင်နာမှုပြပြီး ဖုချောင်ဟွမ်အသက်ကို ချမ်းသာပေးဖို့ပဲ ငါမေတ္တာရပ်ခံချင်တယ်...."
ဂျန်ဖန်း တစ်ခဏစဥ်းစားပြီး ပြောလိုက်သည်။
"ကောင်းပြီလေ..."
"ဒါပေမယ့်, "ဆန္ဒရှိရှိပေးကြောင်းစာ" မင်းရေးပေးရမယ်..."
အခြားသူတစ်ယောက်ပစ္စည်းဆိုလျှင် သူက ချက်ချင်းလက်ခံမည်ဖြစ်သည်။
သို့ပေမယ့် မင်ရိုလန်စိတ်ဓာတ်က သူ့ကို သတိထားစေ၏။
သူမက အခုချိန် ဒဏ်ရာအပြင်းအထန်ရနေပြီး သဘာဝအတိုင်း အားနည်းနေ၏။
ပြန်ကောင်းလာလို့ ဂျန်ဖန်းက သူမအားနည်းချိန်မှာ လုသွားသည်ဟု ပြောလျှင် ခုခံစရာမရှိတော့ပေ။
ထို့ပြင်, သူမက ဂိုဏ်း ၉ ဂိုဏ်း၏ မဟာအကြီးအကဲဖြစ်ပြီး ဂျန်ဖန်းကတော့ တပည့်တစ်ယောက်သာဖြစ်သည်။
ထိုအခါ ဂျန်ဖန်း ဘယ်နားက တရားမျှတမှုရှာရမည်နည်း။
"မင်းဘာကို ဆိုလိုတာလဲ...."
မင်ရိုလန်အိုမင်းသည့်မျက်လုံးတွေ ဒေါသကြောင့် ပြူးကျယ်သွား၏။
"ဒီအဘွားကြီးက စကားပြန်ပြင်မယ်လို့ မင်းထင်နေတာလား...."
တကယ်တော့, ထိုကဲ့သို့အတွေးမျိုး သူမစိတ်ထဲမှာ ရှိခဲ့၏။
နောက်ပိုင်း ထိပ်တန်းအဆင့် ရှေးဟောင်းဗျတ်စောင်းတစ်ခု ရှာမတွေ့ခဲ့လျှင်, သေချာပေါက် ထိုအရာကို ပြန်ရဖို့ ကြိုးစားမည်ဖြစ်သည်။
သူမ မမျှော်လင့်ထားတာက ဂျန်ဖန်း ဤလောက်ထိသတိရှိနေပြီး သူမကို သတိထားနေတာပဲဖြစ်သည်။
ဂျန်ဖန်း ဖုချောင်ဟွမ်လည်ပင်းကို ဓားထိပ်ဖျားဖြင့်ထိလိုက်၏။
"မင်းရေးမှာလား မရေးဘူးလား...."
မင်ရိုလန်မျက်လုံးတွေ တွန့်လိမ်သွားပြီး ဂျန်ဖန်းကို စိတ်ထဲမှာ ကျိန်ဆဲလိုက်၏။
မည်းမှောင်သည့်မျက်နှာဖြင့် လက်မောင်းမှစီးကျနေသည့်သွေးတွေဖြင့် သွေးစာတစ်ကြောင်း ချက်ချင်းပဲ တွန့်ဆုတ်စွာ ရေးလိုက်သည်။
ထိုအခါမှသာ ဂျန်ဖန်း ပြုံးလိုက်သည်။
သူက ရှေးဟောင်းဗျတ်စောင်းနှင့် သွေးစာရွက်နှစ်ခုလုံးကို ယူလိုက်သည်။
"အခု မင်းသူ့ကို လွတ်ပေးလို့ရပြီလား...."
မင်ရိုလန် ဂျန်ဖန်းကို စိုက်ကြည့်လိုက်သည်။
ဂျန်ဖန်း ပြုံးလိုက်သည်။
ရှေးဟောင်းဗျတ်စောင်းကိုလွယ်ပြီး ပြတ်ပြတ်သားသား တစ်ဖက်လည့်လိုက်သည်။
သို့ပေမယ့် သူ့ဓားကိုတော့ ပြန်မသိမ်းသေးပေ။
ထိုအစား, မလွယ်ကူသည့်အမူအရာရှိနေသည့် ကျီရူယွဲ့ကို ကြည့်လိုက်သည်။
ဂျန်ဖန်း သူမဆီလျှောက်လာတာမြင်သည့်အခါ အနီရောင်နှုတ်ခမ်းလေးကိုကိုက်ပြီး အားတင်းပြုံးလိုက်သည်။
"ဂျူ... ဂျူနီယာမောင်လေးဂျန်...."
"မင်းအနိုင်ရလို့, ဂုဏ်ယူပါတယ်...."
ဂျန်ဖန်း ဖြည်းဖြည်းချင်းလျှောက်လာပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
"ငါ့အကြောင်းတွေပြောပေးတဲ့မင်းကို ကျေးဇူးတင်ရမှာမလား...."
ပြောပြီးနောက်, သူ့ဓားဖြင့် ခုတ်ချလိုက်သည်။
အားကောင်းသည့်ဓားချီက လေထုကိုဖြတ်ပြီး မိုးခြိမ်းသံကဲ့သို့အသံတစ်ခုကို ဖန်တီးလိုက်၏။
ဘေးနားမှာရပ်နေသည့် ရှဲလျူရှူး အမူအရာပြောင်းသွားပြီး ကျီရူယွဲ့ကိုဆုပ်ကိုင်ကာ လေထဲသို့ခုန်ဆုတ်လိုက်၏။
ရွပ်!
ကျီရူယွဲ့အောက်ရှိမြင်း နှစ်ခြမ်းကွဲထွက်သွား၏။
ထိုသွေးထွက်သံယိုမြင်ကွင်းက ကျီရူယွဲ့ကို ဖြူဖျော့သွားစေပြီး သူမ၏နူးညံ့သည့်ခန္ဓာကိုယ်လေးကို တသိမ့်သိမ့်တုန်ယင်သွားစေခဲ့သည်။
ရှဲလျူရှူး အမူအရာလည်း အကြီးအကျယ်ပြောင်းလဲသွား၏။
သူက ဒေါသတကြီး အော်ပြောလိုက်သည်။
"ဂျန်ဖန်း,မင်း ဒါ ဘာကိုဆိုလိုတာလဲ...."
ရမ္မက်ဂိုဏ်း တပည့်ကြီးဖြစ်သည့် သူ့ရှေ့မှာ သူ့လူကိုတိုက်ခိုက်ခြင်းက....
သူ့မျက်နှာကို ဖြတ်ရိုက်လိုက်တာမဟုတ်ဘူးလား....
ဂျန်ဖန်း အေးစက်စွာပြောလိုက်သည်။
"ငါ့အဓိပ္ပာယ်က မသိသာဘူးလား...."
သူက ကျီရူယွဲ့ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။
"အတိတ်တုန်းက မင်းရဲ့ခနဲ့တဲ့တဲ့စကားတွေနဲ့ပတ်သတ်ပြီး ငါ ဘယ်တုန်းကမှ မငြင်းခုန်ခဲ့ဘူး...."
"ဒါပေမယ့်, မင်းက နောင်တမရပဲ, ပိုလို့တောင်ဆိုးလာတယ်။ အခု ငါ သန်မာတဲ့ပြိုင်ဘက်နဲ့ တိုက်ခိုက်နေတာကို ငါ့ကျင့်ကြံရေးနည်းစနစ်တွေ ထုတ်ပြောလာတယ်...."
"မင်းက သေဖို့ ထိုက်တန်တယ်..."
ကျီရူယွဲ့ ထိတ်ထိတ်ပျာပျာဖြစ်သွား၏။
သူမ အတော်လေးနောင်တရနေ၏။ ဂျန်ဖန်းသာ ဤလောက်ထိအားကောင်းမှန်းသိခဲ့လျှင် အဆတစ်ရာလောက်သတ္တိပိုရှိလျှင်တောင် အဆင်ခြင်မဲ့လုပ်ရဲမည်မဟုတ်ပေ။'
ယခု ပြဿနာအကြီးကြီး တက်ပြီပင်။
သူမက ရှဲလျူရှူးကို အသနာခံသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။
"စီနီယာအကိုကြီး, ငါ့ကို ကယ်ပါအုန်း..."
ရှဲလျူရှူးလည်း ခေါင်းကိုက်သွား၏။
ဂျန်ဖန်း စိတ်ဝိညာဥ်အမြစ်မရှိဘူးလို့ ဘယ်ခွေးမသား လျှောက်သတင်းဖြန့်သနည်း။
သူက ကောင်းကင်သံစဥ်ဂိုဏ်းတပည့်ကြီးထက်တောင် အားကောင်းနေခဲ့သည်။
သူ့ထက်လည်း အားမနည်းနိုင်ပေ။
ဤကဲ့သို့သန်မာသည့်ရန်သူကို ရန်စမိတာ သူ့အတွက်လည်း ပြဿနာများ၏။
သို့ပေမယ့်, ကျီရူယွဲ့က သူ့ဂျူနီယာမဖြစ်၍ ရမ္မက်ဂိုဏ်းတပည့်ကြီးတစ်ယောက်အနေဖြင့်, ရပ်ကြည့်မနေနိုင်ပေ။
တွန့်ဆုတ်စွာပဲ ကျီရူယွဲ့ကို ဆက်လက်ကာကွယ်ပေးလိုက်သည်။
"ဂျူနီယာညီလေးဂျန်, ရူယွဲ့က တကယ်ပဲ မှားခဲ့ပါတယ်...."
"ဒါပေမယ့်, သူမက ရမ္မက်ဂိုဏ်းကပါ။ အပြစ်ပေးမယ်ဆိုရင်တောင်, ငါတို့ဂိုဏ်းအကြီးအကဲတွေပဲ ဆုံးဖြတ်သင့်တယ်....."
"မင်းငါ့ကိုယုံမယ်ဆိုရင်, သူမကို ပြန်ခေါ်သွားပြီး သူမနဲ့ထိုက်တန်တဲ့အပြစ်ကို ခံယူခိုင်းလိုက်ပါ့မယ်...."
မင်းကိုယုံရမယ်?....
ဂျန်ဖန်း မထုံတတ်တေးမျက်နှာဖြင့် ဆက်လျှောက်လာနေပြီး မျက်လုံးထဲမှာ အေးစက်စက်အလင်းတစ်ချက် ဖြတ်ပြေးသွား၏။
"ငါ မယုံရင်ကော...."
ရှဲလျူရှူး ချောင်ပိတ်သွား၏။
ရွေးချယ်စရာလမ်းမရှိတော့ပေ။
ဤအခိုက်အတန့်၌ သူက တိုက်ခိုက်ရုံကလွဲပြီး အခြားရွေးချယ်စရာမရှိတော့ပေ။
သူက ဂျန်ဖန်းနှင့် သူ့နောက်ရှိ မိန်းကလေးသုံးယောက်ကို ကြည့်လိုက်သည်။
ထို့နောက် သူ့ကိုယ်ပိုင် ခြောက်ယောက်အဖွဲ့ကိုကြည့်ပြီး ချင့်ချိန်ကြည့်လိုက်သည်။
အခြေအနေကို တွက်ချက်ပြီးနောက် သူတို့ဘက်က အနိုင်ရဖို့အခွင့်အရေးများသည်ဟု ခံစားရ၏။ ထို့ကြောင့် သူ့မျက်လုံးတွေ တဖြတ်ဖြတ်လက်လာပြီး အော်ပြောဖို့ပြင်လိုက်၏။
ရုတ်တရက်....
ဆိပ်ကမ်းတံတားမှ ဧရာမလှိုင်းလုံးကြီးတွေ မြင့်တက်လာခဲ့သည်။
ထို့နောက် ဧရာမသွေးနီရောင်အရိပ်ကြီး ရုတ်တရက် မြစ်ထဲမှပြေးထွက်လာပြီး ဂျန်ဖန်းတို့စီးလာသည့်သင်္ဘောကို ကိုက်ချလိုက်သည်။
အက်ကွဲသံနှင့်အတူ...
သင်္ဘော၏ ကြီးမားသည့်အပိုင်းအတော်များများ အကိုက်ခံလိုက်ရသည်။
ကျန်ရှိသည့်တစ်ဝက်က အလျှင်အမြန်ပဲ မဆုံးနိုင်သည့်လှိုင်းလုံးတွေကြားမှာ နစ်မြုပ်သွားခဲ့သည်။
ရှိနေသည့်လူတိုင်း ကြောင်အသွားကြ၏။
"အဲ့... အဲ့တာ ဘာကြီးလဲ...."
ရှဲလျူရှူ အံ့အားသင့်သွား၏။
သို့ပေမယ့် မင်ရိုလန် ကြောက်ရွံ့မှုတွေ ပြသလာပြီး အလျှင်အမြန်အော်ပြောလိုက်သည်။
"ချောင်ဟွမ်, ပြေး, မြန်မြန်ပြေးတော့..."
ဖုချောင်ဟွမ်မျက်နှာလည်း ဖြူဖြော့သွားပြီး မင်ရိုလန်ကိုကူညီကာ ကုန်းတွင်းပိုင်းသို့ သွေးရူးသွေးတန်းပြေးတော့၏။
ဘာနှင့်ရင်ဆိုင်နေရလဲဆိုတာ သူတို့ထက် မည်သူမှ ပိုမသိနိုင်ပေ။
ဂျန်ဖန်းလည်း တစ်ခဏကြောင်အနေပြီး အမူအရာအကြီးအကျယ်ပြောင်းလဲသွား၏။
"ဒါ အရွယ်ရောက်ကြေးခွံ့နီရေနတ်ဆိုးနဂါးပဲ..."
"မြန်မြန်, ငါတို့မိုင်တစ်ထောင်သိမ်းငှက်တွေကို ကာကွယ်ပြီး ဒီနေရာကထွက်သွားကြ...."
ကြေးခွံနီရေနတ်ဆိုးနဂါးအလောင်းတွေကို ဂရုစိုက်နေဖို့ အချိန်မရှိပေ။
အနည်းဆုံး သူတို့တာဝန်ပစ္စည်းတွေကို လုံခြုံအောင်လုပ်ရမည်ဖြစ်သည်။
ယီလန်ရှင်းနှင့် အမျိုးသမီးနှစ်ယောက် တုန့်ပြန်လိုက်ကြ၏။
အလျှင်အမြန်ပဲ သူမတို့မြင်းတွေပေါ်တက်ပြီး ကြာပွတ်ဝှေ့ယမ်းကာ လှည်းတွေကို ကုန်တွင်းပိုင်းသို့ ရေးကြီးသုတ်ပြာ မောင်းသွားတော့သည်။
ဂျန်ဖန်း နောက်ဆုံးလှည်းနောက်မှလိုက်ပြီး ကာကွယ်ပေးနေခဲ့သည်။
ရှဲလျူရှူး နောက်ဆုံးမှာ တုံ့ပြန်လိုက်လာ၏။ ဂိုဏ်းနှစ်ဂိုဏ်းကို ထိုကဲ့သို့အမူအရာဖြင့်မြင်ရသည့်အခါ သူဘယ်လိုလုပ် နေရဲမည်နည်း။
အလျှင်အမြန်ပဲ အော်ပြောလိုက်သည်။
"မြန်မြန်ဆုတ်ကြ...."
သို့ပေမယ့်....
သူတို့က ခြေတစ်လှမ်းနောက်ကျနေဆဲဖြစ်သည်။