← Chapters

ပျော်ရွင်ခြင်း

Vol. 19 Ch. 265

ပျော်ရွင်ခြင်း

Vol. 19 Ch. 265

ယခုချိန်ထိမငြိမ်သက်သေးသည့်လှိုင်းလုံးတွေနှင့်အတူ အနီရောင်အရိပ်ကြီး အောက်ခြေမဲ့မြစ်ထဲမှာ တဖန်ပြန်ပေါ်လာခဲ့သည်။

၎င်းက ရေပြင်ကိုဆူပွက်လာစေပြီး ဆယ်ပေလောက်မြင်သည့်ဧရာမလှိုင်းလုံးကြီးတွေ ယူဆောင်လာခဲ့သည်။

ထို့နောက် တောင်အသေးစားတစ်ခုစာလောက်ကြီးမားသည့် ဧရာမကြေးခွံနီရေနတ်ဆိုးနဂါးကြီးတစ်ကောင် ကမ်းခြေသို့ ခုန်တက်လာခဲ့သည်။

၎င်းမျက်နှာက အရုပ်ဆိုးအကြည်းတန်ပြီး သားရဲဘုရင်တစ်ကောင်၏ ကြောက်စရာအရှိန်အဝါကို ထုတ်လွတ်နေခဲ့သည်။

ရုတ်တရက်, ထူးထဲသည့်နှာခေါင်းပေါက်တွေ လှုပ်ရွသွားပြီး ဦးခေါင်းကမလှမ်းမကမ်းရှိ ကြေးခွံနီရေနတ်ဆိုးနဂါး အသေကောင်တွေဘက် ရုတ်ချည်းလှည့်ကြည့်လိုက်သည်။

ချက်ချင်းပဲ ၎င်း၏ကြီးမားသည့်ပါးစပ်ကြီးကိုဟကာ ဒေါသတကြီးဟိန်းဟောက်လိုက်သည်။

ကြမ်းကြုတ်သည့်အသံက ရှဲလျူရှူးနှင့် အခြားလူတွေ၏နားစည်းတွေကို နာကျင်သွားစေခဲ့သည်။

သူတို့အောက်ရှိမြင်တွေလည်း ကြောက်လန့်သွားပြီး အထိန်းအကွပ်မဲ့ သွေးရူးသွေးတန်းပြေးကြတော့၏။

အထူးသဖြင့် လှည်းတစ်စီးဆိုလျှင် မြင်းတွေလန့်သွားသည့်အတွက် ဖရိုဖရဲဖြစ်သွားခဲ့သည်။

မြင်းတွေ အရပ်မျက်နှာအသီးအသီးကို ထွက်ပြေးနေသည့်အတွက်ကြောင့် လှည်းတွေ နေရာမှာ လည်နေပြီး အလျင်အမြန်လွတ်မြောက်ဖို မဖြစ်နိုင်တော့ပေ။

အရွယ်ရောက်ကြေးခွံနီရေနတ်ဆိုးနဂါးကြီး၏ နောက်ကျိသည့်မျက်လုံးတွေ အလျှင်အမြန်ပဲ သွေးနီရောင်ပြောင်းလာကာ ရက်စက်ကြမ်းကြုတ်သည့်အလင်းတန်းတွေ ထုတ်လွတ်လာ၏။

ထို့နောက် ၎င်း၏ခြေထောက်ကြီးတွေကို အားနှင့်တွန်းလိုက်ရာ....

ကြီးမားလေးလံပုံပေါ်သည့်ခန္ဓာကိုယ်ကြီးက ပေဒါဇင်ကျော်ရှေ့ကို ခုန်ထွက်သွားပြီး မျက်စိတ်တစ်မိတ်အတွင်း လှည်းအများစုကို နင်းခြေသွားခဲ့သည်။

ရမ္မက်ဂိုဏ်းတပည့်တွေ အန္တရာယ်ကိုမြင်သည့်အခါ လှည်းတွေကိုစွန့်ခွာပြီး ထွက်ပြေးကြတော့၏။

မြင်းတွေ ပြားကပ်သည်အထိ ဖိချေခံလိုက်ရပြီး လှည်းတွင်းက ကုန်ပစ္စည်းတွေလည်း စိစိညက်ညက်ကြေသွားခဲ့သည်။

ရှဲလျူရှူး နှလုံးသား သွေးယိုသွားခဲ့သည်။

တာဝန်ပစ္စည်းတွေလုံးဝပျက်စီးသွားသဖြင့် သူတာဝန်ယူထားသည့် တာတန် ကျရှုံးသွားသည်ဟု ဆိုလို၏။

သို့ပေမယ့် ယခုချိန်၌ အများကြီးတွေးလို့မရပေ။

ဧရာကြေးခွံနီရေနတ်ဆိုးနဂါးကြီး၏ ကြောက်စရာအော်ရာကို ခံစားမိသည့်အခါ ရှဲလျူရှူး တသိမ့်သိမ့်တုန်ယင်သွားပြီး ပြောလိုက်သည်။

"ဒါက အမြုတေဖွဲ့စည်းခြင်း အဆင့် ၂ သားရဲကြီးပဲ, ပြေးကြ..."

သူတို့က ဘယ်လိုလုပ် ဤအဆင့်ရှိသားရဲဘုရင်ကို ရင်ဆိုင်နိုင်မည်နည်း။

အစားမခံရင်ကို အတော်ကံကောင်းနေပြီဖြစ်သည်။

သို့ပေမယ့်....

ကြေးခွံနီရေနတ်ဆိုးနဂါးက သူတို့ကို လျစ်လျူရှူထားခဲ့သည်။

၎င်း၏ရက်စက်ကြမ်းကြုတ်သည့်မျက်လုံးတွေက ဂျန်ဖန်းနှင့် သူ့လူတွေပေါ်၌သာရှိနေခဲ့သည်။

အဘယ်ကြောင့်ဆိုသော်, သူတို့ဆီမှ ကြေးခွံနီရေနတ်ဆိုးနဂါးပေါက်များစွာ၏ အနံ့ကို ခံစားမိခြင်းကြောင့်ပင်။

အထူးသဖြင့်, ဂျန်ဖန်းဆီမှပင်။

ဆိုလိုတာ ၎င်းမျိုးဆက်တွေကိုသတ်တာ သေချာပေါက် သူတို့ပင်။

ဖားတစ်ကောင်ကဲ့သို့ဟိန်းဟောက်သံနှင့်အတူ, ရှေ့ ၁၀ ပေကျော်ထပ်ခုန်ထွက်ကာ သူတို့နောက် အလျင်အမြန်လိုက်တော့သည်။

ဂျန်ဖန်း မျက်ခွံတွေ အနည်းငယ် လှုပ်ရှားသွား၏။

ထိုကောင်ကြီးက ကုန်းပေါ်မှာတောင် ဤလောက်ထိ ကြမ်းကြုတ်သည်လား?...

မဟာအကြီးအကဲဖြစ်သည့် မင်ရိုလန် ဂရုမမူမိ၍ လက်မောင်းတစ်ဖက်ရှုံးဆုံးခဲ့တာ အံ့သြစရာမဟုတ်တော့ပေ။

အလျှင်အမြန်လိုက်မှီလာတာမြင်တော့, ဂျန်ဖန်း ရပ်တန့်ပြီး ပြောလိုက်သည်။

"ရှေ့ဆက်သွား, မရပ်နဲ့...."

ထို့နောက် ပြတ်ပြတ်သားသား သစ်သားသေတ္တာဖွင့်ကာ အဖြူရောင်ရှေးဟောင်းဗျတ်စောင်းကိုထုတ်ယူလိုက်သည်။

"ဒါက ငါ ပထမဆုံးအကြိမ် အဆင့်မြင့်မှော်ရတနာ သုံးဖူးတာပဲ...."

"ငါ့ကို စိတ်မပျက်စေဖို့ မျှော်လင့်တယ်...."

ဂျန်ဖန်း ညင်သာစွာရေရွတ်လိုက်ပြီး ဗျတ်စောင်းကို မြေပြင်ကို စိုက်လိုက်သည်။

ထို့နောက် အသက်ရှူသံထိန်းညှိပြီး စိတ်တည်ငြိမ်အောင်လုပ်ကာ သူ့လက်တွေကို ကြိုးတွေပေါ်သို့ ရုတ်တရက် ဖိချလိုက်သည်။

အဝေးမှကြည့်နေသည့် ရှဲလျူရှူး ထိတ်လန့်သွားပြီး အော်ပြောလိုက်သည်။

"ဒီကောင်ရူးနေလား..."

"တကယ်ကြီး သားရဲဘုရင်ကို တစ်ယောက်တည်း ရင်ဆိုင်မလို့လား...."

ကျီရူယွဲ့ ထိုမြင်ကွင်းကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေခဲ့သည်။

ဂျန်ဖန်းက မကောင်းဆိုးဝါးကြီးကို တစ်ယောက်တည်းရင်ဆိုင်နေခဲ့သည်။

အလွန်အမင်းခြားနားမှုက သူမနှလုံးသားထဲမှာ အကြီးမားသည့်သက်ရောက်မှုတစ်ခု ဖြစ်သွားစေခဲ့သည်။

ဒါ... ဒါ တကယ်ပဲ သူမတစ်ခါက အထင်သေးခဲ့သည့် တိမ်စိမ်းဂိုဏ်းတပည့်လား?....

အလားတူကြည့်နေသည့် မင်ရိုလန်လည်း မနေနိုင်ပဲ မျက်မှောင်ကြုတ်သွားသည်။

"သူက ဒီသားရဲကို တစ်ယောက်တည်းရင်ဆိုင်ချင်နေတာလား...."

"ငါတောင်မှ မတော်တဆ လက်မောင်းတစ်ဖက်ရှုံးဆုံးခဲ့တာ...."

ဤသားရဲ၏စွမ်းအားက ကုန်းပေါ်မှာ အားနည်းသွားပြီး ၎င်း၏မွေးရာပါနတ်ဘုရားစွမ်းရည်ကို ကန့်သတ်ထားသော်လည်း....

ဂျူနီယာတစ်ယောက်ဖြစ်သည့်ဂျန်ဖန်း ဘယ်လိုလုပ် ကိုင်တွယ်နိုင်မည်နည်း။

ယီလန်ရှင်း, ချင်ချိုင်းဟီ နှင့် ချူရှင်းမန်တို ပင့်သက်ရှိုက်လိုက်ကြသည်။

သို့ပေမယ့် နောက်မှာ ကြေးခွံနီရေနတ်ဆိုးနဂါးကြီးရှိနေပြီး တာဝန်ဖြစ်သည့်မိုင်တစ်ထောင်သိမ်းငှက်တွေကိုလည်း ကာကွယ်ရအုန်းမည်ဖြစ်ရာ ရပ်တန့်လို့မရပေ။

သူမတို့က စိုးရိမ်တကြီး နောက်ကို လှည့်ကြည့်ဖို့သာ တတ်နိုင်၏။

ဂျန်ဖန်း၏ သေးသွယ်သည့်ပုံရိပ်က ကြေးခွံနီရေနတ်ဆိုးနဂါးကြီး၏ ကြီးမားသည့်ခန္ဓာကိုယ်နှင့် ယှဥ်လျှင် သိသိသာသာကွာခြားလှ၏။

ထိုမြင်ကွင်းက လူတိုင်းစိတ်ထဲမှာ နက်ရှိုင်းစွာ စွဲထင်သွားစေပြီး အမြင်အားဖြင့်, နက်နဲသည့်ထင်မြင်ချက်ကို ချန်ထားခဲ့သည်။

ပြင်းထန်သည့်လေပြင်းတွေ သူ့ကိုတိုက်ခတ်သွားသော်လည်း ဂျန်ဖန်း မလှုပ်မယက်ရှိနေဆဲဖြစ်သည်။

သူက တည်ငြိမ်စွာပဲ အကွာအဝေးကို တွက်ချက်ကြည့်လိုက်သည်။

ကြေးခွံနီရေနတ််ဆိုးနဂါး ပေ ၂၀ အကွာအဝေးကိုရောက်ပြီး နောက်တစ်ကြိမ်လေထဲခုန်တက်လိုက်သည့်အခါ....

ဂျန်ဖန်း ထိုအခွင့်အရေးကို အမိအရယူပြီး ကျားနဂါးဟိန်းသံနည်းစနစ်ကို ပြတ်ပြတ်သားသား အသုံးပြုလိုက်သည်။

တရန်!

တီးခတ်လိုက်သည်နှင့် ဂျန်ဖန်း တစ်ခုခုမှားနေတာကို ခံစားမိလိုက်သည်။

စက္ကန့်ပိုင်းအတွင်းမှာပဲ, သူ၏စိတ်ဝိညာဥ်စွမ်းအင် ၁၀ ပုံ ၁ ပုံက ကုန်ဆုံးသွားခဲ့သည်။

ထိုအရာက သူ့ကို တုန်လှုပ်သွားစေခဲ့သည်။

အလယ်အလတ်အဆင့်မှော်ရတာက သူ့စွမ်းအင် ၁ ရာခိုင်နှုန်းလောက်သာ ကုန်ဆုံးစေ၏။

အဆင့်မြင့်မှော်ရတနာကတော့ ဆယ်ဆလောက် စားသုံးနေခဲ့သည်။

သို့ပေမယ့် ထွက်ပေါ်လာသည့်စွမ်းအားကလည်း သူ့ကို ထိတ်လန့်သွားစေ၏။

တောင်ပြိုကျနိုင်လောက်သည့်ဟိန်းသံက ပဲ့တင်ထပ်လာပြီး ပတ်ဝန်းကျင်ကို တုန်လှုပ်သွားစေခဲ့သည်။

လေထဲရှိ ကြေးခွံနီရေနတ်ဆိုးနဂါး အသံလှိုင်းကြောင့် ဆုတ်ဖြဲခံလိုက်ရပြီး သွေးတွေ ပန်းထွက်လာခဲ့သည်။

ဤအရာက သံမဏိလိုကြေးခွံတွေနှင့် အမြုတေဖွဲ့စည်းခြင်းအဆင့် ၂ သားရဲဘုရင်ဖြစ်၏။

အလယ်အလတ်အဆင့်မှော်ရတနာနှင့် ထိုအရာတွေကို ချိုးဖြတ်ဖို့က စိန်ခေါ်မှုတစ်ခုပင်။

သို့ပေမယ့် တီးခတ်မှုတစ်ခုက ၎င်း၏အသားတွေကို ဆုတ်ပြဲသွားစေခဲ့သည်။

ငါသာ ခွန်အားကုန်ထုတ်သုံးရင်....

ဂျန်ဖန်းမျက်လုံးတွေ မျှော်လင့်ချက်တွေနှင့် တောက်ပလာ၏။

ကြေးခွံနီရေနတ်ဆိုးနဂါး မြေပြင်ပေါ်အပြင်းအထန် ပြုတ်ကျသွား၏။

၎င်း၏သွေးနီရောင်မျက်လုံးတွေလည်း အလျှင်အမြန် မှိန်ဖျော့သွားပြီး အဝါရောင်ရင့်ရင့်သို့ပြန်ပြောင်းသွား၏။ ၎င်းအကြည့်ထဲ၌ ကြောက်ရွံ့မှုတွေကသိသာလှပြီး ဂျန်ဖန်း၏အန္တရာယ်ကို ခံစားမိလိုက်သည်။

သို့ပေမယ့် ဂျန်ဖန်းကိုယ်ပေါ်ရှိ သွေးနံကို ခံစားမိသည့်အခါ ဒေါသတကြီးဟိန်းဟောက်ပြီး နောက်တစ်ကြိမ်ခုန်ဝင်သွား၏။

ဗျတ်စောင်းသံကို မနည်းခုခံရသော်လည်း ၎င်း၏အတွင်းကလီစာတွေဆီသို့မရောက်ပေ။

ထိုလူသားကို မြန်မြန်သတ်နိုင်သရွေ့, ပြဿနာရှိမည်မဟုတ်ပေ။

သူမသိတာက.....

ထိုအရာက စမ်းသပ်တိုက်ခိုက်မှုလေးတစ်ခုသာဆိုတာပင်။

တောင်ကြီးတစ်လုံးလို ဖိကျလာတာမြင်တော့....

ဂျန်ဖန်း အသက်ပြင်းပြင်းရှူလိုက်သည်။

ထို့နောက် စိတ်ဝိညာဥ်စွမ်းအင်အားလုံးထုတ်လွတ်ကာ, လက်ချောင်းတွေက အလျှင်အမြန်ဆက်တိုက်တီးခတ်လာပြီး အရိပ်တွေချန်ထားခဲ့၏။

ထိုအခိုက်အတန့်၌...

အဆင့်မြင့်မှော်ရတနာနှင့်မြောကမ္ဘာအဆင့်ကျင့်ကြံရေးနည်းစနစ်က ပေါင်းစပ်သွားပြီး မကြုံစဖူးစွမ်းအားကို ထုတ်လွတ်လာ၏။

အသံလှိုင်းဖြတ်သန်းသွားသည့်နေရာတိုင်း, မြေပြင်က နွားသိုးတွေထွန်ယက်သွားသကဲ့သို့ လိမ့်တက်လာ၏။

ပတ်ဝန်းကျင်ရှိ သစ်ပင်တွေလည်း အက်ကွဲသံနှင့်အတူ ကျိုးပဲ့လွင့်ပျံကုန်ကြသည်။

ဖုန်နှင့် အညစ်အကြေးတွေလည်း ကောင်းကင်ပေါ် ထိုးတက်ကုန်၏။

မြင်ကွင်းက ဂုန်ချိုင်းယီ၏ ဂိုဏ်းသခင်ခန်းမ မတော်တဆမှုထက် ပိုပြင်းထန်၏။

လေထဲရှိ ကြေးခွံနီရေနတ်ဆိုးနဂါး မကြုံစဖူးအသံလှိုင်းတိုက်ခိုက်မှုနှင့် ရင်ဆိုင်လိုက်ရသည်။

ဗြိကနဲပဲ့တင်ထပ်သံနှင့်အတူ...

၎င်းကြေးခွံတွေ စက္ကူတစ်ရွက်လို စုတ်ပြဲသွားပြီး ခန္ဓာကိုယ်မှာ နက်ရှိုင်းသည့်ဒဏ်ရာတွေ ဖြစ်ပေါ်လာခဲ့သည်။

သွေးတွေလည်း စမ်းချောင်းတစ်ခုကဲ့သို့ စီးကျလာခဲ့သည်။

ကြေးခွံနီရေနတ်ဆိုးနဂါး နာကျင်စွာဟိန်းဟောက်လိုက်ရပြီး ကြောက်ရွံ့မှုတွေ ၎င်းမျက်လုံးထဲမှာ ဖြတ်ပြေးသွား၏။

သိသာစွာပင် ၎င်းက ဤအသံလှိုင်းတိုက်ခိုက်မှု၏ကြောက်စရာစွမ်းအားကို နားလည်သွားခဲ့သည်။

သို့ပေမယ့်, ဂျန်ဖန်း လက်တစ်ကမ်းစာလောက်သာ ဝေးတော့၏။

သူ့ကိုသာ ဖိခြေလိုက်လျှင် ပြားသွားမည်ဖြစ်သည်။

သို့ပေမယ့် ၎င်းမကြာခင် နောင်တရသွား၏။

ထို့ပြင် နောင်တရဖို့ နောက်ကျသွားပြီဖြစ်သည်။

ဂျန်ဖန်း၏အရာရာကိုစွန့်စားမှုနှင့်အတူ အသံလှိုင်းက ပိုကြောက်စရာကောင်းလာခဲ့သည်။

၎င်းအရေပြား ပြတ်ရှရုံသာမက ကွဲထွက်သွားပြီး နာကျင်စွာ ဟိန်းဟောက်လိုက်ရသည်။

ထို့နောက် မျက်လုံးတွေ၌ ပူပြင်းသည့်နာကျင်မှုကို ခံစားလာရ၏။

ကြောက်လန့်သွားပြီး မျက်လုံးပိတ်ကာ ထိုအားနည်းသည့်နေရာကို မျက်ခွံဖြင့်ကာကွယ်လိုက်၏။

သို့ပေမယ့်....

ထိုအခိုက်အတန့်လေးမှာပဲ, နာကျင်မှုက ၎င်းမျက်လုံးကို ထိုးဖောက်လာပြီး မျက်ခွံတွေ ပေါက်ကွဲထွက်သွား၏။

ဤသို့ဖြင့် မျက်လုံးနှစ်လုံးလုံး အသံလှိုင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားခဲ့သည်။

ထို့နောက် အားကောင်းသည့်အသံလှိုင်းက ဦးနှောက်ဆီ တည့်တည့်ထိုးဖောက်လာခဲ့သည်။

လေထဲရှိကြေးခွံနီရေနဂါးကြီး မြေပြင်ပေါ်ပြုတ်ကြလာပြီး နာကျင်စွာ အော်ဟစ်လိုက်ရသည်။

၎င်း၏ကြီးမားသည့်ခန္ဓာကိုယ်ကြီးက မြေပြင်ကို တုန်ခါသွားစေပြီး, ဖုန်လုံးကြီးတွေ ပေဒါဇင်နှင့်ချီအမြင့်ကို မြင့်တက်သွားခဲ့သည်။

ထိုအရာက မြေငလျှင်တစ်ခုလိုပင်။

မြင်ကွင်းက ကြောက်စရာကောင်းလှ၏။

ဂျန်ဖန်း မရပ်တန့်ပေ။

သူက မရပ်မနား အသံလှိုင်းတိုက်ခိုက်မှုတွေ ထုတ်ဖော်နေပြီး ကြေးခွံနီရေနတ်ဆိုးနဂါးကြီး တဖြည်းဖြည်း လှုပ်ရှားမှုရပ်တန့်သွားခဲ့သည်။

နောက်ဆုံး, ဝမ်ဗိုက်ပလက်ဖြင့် ခန္ဓာကိုယ်တောင့်တင်းသွားကာ မလှုပ်မယက်ဖြစ်သွားခဲ့သည်။

ထိုအခါမှသာ ရပ်တန့်လိုက်၏။

တကယ်တော့, သူ့၌ ဆက်လက်တီးခတ်ဖို့ အားမရှိတော့ပေ။

မျက်နှာက ဖြူဖြော့နေပြီး စိတ်ိညာဥ်စွမ်းအင်တွေ ကုန်ဆုံးလုနီးပါးပင်။

အသက် ၁၀ ရှိုက်စာ အချိန်လေးအတွင်း သူ့စိတ်ဝိညာဥ်စွမ်းအင် ၉၀ ရာခိုင်နှုန်းလောက် ကုန်ဆုံးသွားခဲ့သည်။

သို့ပေမယ့် ရလဒ်က ကျေနပ်စရာကောင်းလှ၏။

အမြုတေဖွဲ့စည်းခြင်းအဆင့် ၂ သားရဲဘုရင်ကို ထိပ်တိုက်ရင်ဆိုင်သတ်နိုင်ခဲ့သည်။

ပတ်ဝန်းကျင်ရှိလူတိုင်း ရပ်တန့်သွားကြ၏။

သူတို့မျက်နှာတွေ၌ တုန်လှုပ်မှုတွေ အပြည့်ပင်။

ရှဲလျူရှူး သူ့နဖူးမှ ချွေးတွေကို မသိမသာ သုတ်လိုက်သည်။

ကြေးခွံနီသားရဲ သူတို့ရန်ပွဲကိုဝင်နှောက်ယှက်လိုက်တာ ကံကောင်းသည်ဟု ခံစားရ၏။

မဟုတ်လျှင်...

ကျီရူယွဲ့ တုန်ယင်နေ၏။

ဂျန်ဖန်း၏ အားနည်းသည့်ခန္ဓာကိုယ်ကိုမြင်သည့်အခါ သူမ အလွန်ကြောက်ရွံ့သွား၏။

အကူအညီမဲ့စွာဖြင့် ပြောလိုက်သည်။

"စီနီယာအကိုကြီး, ငါ...."

ရှဲလျူရှူး သူမကို နောက်ထပ် မကာကွယ်ပေးရဲတော့ပေ။

သူက သူမနှင့်အကွာအဝေးတစ်ခုခြားပြီး အကူအညီမဲ့စွာ ပြောလိုက်သည်။

"မင်း... ဂျူနီယာညီလေးဂျန်ခွင့်လွတ်အောင် နည်းလမ်းတစ်ခုခုရှာသင့်တယ်....."

"စီနီယာအကို မင်းကို မကူညီနိုင်ဘူး....."

All Chapters