← Chapters

သန္ဓေသားအဆင့်စွမ်းအားကြီးသူ၏ဂူအိမ်တော်

Vol. 19 Ch. 266

သန္ဓေသားအဆင့်စွမ်းအားကြီးသူ၏ဂူအိမ်တော်

Vol. 19 Ch. 266

"မင်းလာနောက်နေတာလား...."

"ဒီလိုစွမ်းအားကြီးသူကို ဆန့်ကျင်တာ ကိုယ့်ကိုယ်ကို သတ်သေတာပဲ...."

"ကျီရူယွဲ့ကို စွန့်ပစ်တာ ငါ့ဂုဏ်သတင်း ထိခိုက်တယ်ဆိုပေမယ့် မျက်နှာပျက်တာက အသက်ရှုံးဆုံးတာထက်တော့ ပိုကောင်းသေးတယ်...."

ယီလန်ရှန်းနှင့် မိန်းခလေးနှစ်ယောက်လည်း ပျော်ရွင်စွာ ပြန်ရောက်လာကြပြီး သဘောကျမှုအပြည့်ဖြင့် ဂျန်ဖန်းကို ကြည့်လိုက်ကြသည်။

အမြုတေဖွဲ့စည်းခြင်းအဆင့် ၂ သားရဲဘုရင်ကို သတ်နိုင်ခြင်း?....

ဤအရာက ဂိုဏ်း ၉ ဂိုဏ်းအတွင်း ထိပ်ဆုံး ငါးယောက်ဝင်ဖို့ သေချာ၏။

မင်ရိုလန်လည်း ဖုချောင်ဟွမ်ဖေးမမှုဖြင့် ပြန်ရောက်လာပြီး တုန်လှုပ်မှုတွေ အပြည့်ပင်။

သူမ၏ အိုမင်းသည့်မျက်နှာ၌ ရှက်ရွံ့မှုကို ခံစားနေရသည်။

ဂုဏ်သရေရှိ မဟာအကြီးအကဲတစ်ယောက်ဖြစ်သည့်သူက သားရဲကြောင့် လက်တစ်ဖက်ကိုက်ဖြတ်ခံခဲ့ရပေမယ့်, ဂျူနီယာတစ်ယောက်က သတ်ပြစ်နိုင်ခဲ့သည်။

ထိုကိစ္စသာပြန့်သွားလျှင် သူမမျက်နှာ ပြရဲပါအုန်းမည်လား?..

"ဒီသားရဲရဲ့ နတ်ဘုရားစွမ်းရည်အများစုက ရေထဲမှာပဲ အသုံးပြုနိုင်တာ..."

"ကုန်းပေါ်မှာ သူ့ခွန်အားက ၁၀ ပုံ ၁ ပုံတောင်မရှိဘူး...."

သူမက လက်မခံနိုင်စွာဖြင့် ပြောလိုက်သည်။

ဂျန်ဖန်း ထိုအရာကို မငြင်းပေ။

မြစ်ထဲမှာသာဆိုလျှင် သူ့ကံကြမ္မာက မဟာအကြီးအကဲ ထက်သာမည်မဟုတ်ပေ။

အဆုံးမှာတော့ ဤသားရဲက မြစ်ထဲမှာဆို ဖမ်းရခက်၏။

သူ့အသံလှိုင်းတိုက်ခိုက်မှုက ၎င်းကို ဒဏ်ရာရစေဖို့ ခက်ခဲလှ၏။

ထို့ပြင်, ၎င်းက သင်္ဘောကိုအမြဲကိုက်နေသဖြင့်, လူတိုင်း ရေထဲပြုတ်ကျသွားနိုင်သည်။

ထိုသို့ဆိုလျှင် ဂျန်ဖန်း တိုက်ခိုက်စွမ်းအားက အကြီးအကျယ်ကန့်သတ်ခံရမည်ဖြစ်သည်။

ထိုအရာက ပြဿနာကြီးတစ်ခုပင်။

"အကြီးအကဲမင်ပြောတာ မှန်ပါတယ်...."

ဂျန်ဖန်း ဝတ်ကျေတမ်းကျေ ပြန်ဖြေလိုက်သည်။

သူ့အကြည့်တွေကတော့ ကြေးခွံနီရေနတ်ဆိုးနဂါးကြီး၏ ဘယ်အစိတ်အပိုင်းတွေက တန်ဖိုးကြီးလဲဆိုတာ တွက်ချက်နေခဲ့သည်။

သလင်းဖြူသားရဲကြီးတုန်းက သူအတော်လေး ရလိုက်၏။

ဤကြေးခွံနီရေနတ်ဆိုးနဂါးကြီးကလည်း တန်ဖိုးမနည်းသင့်ပေ။

မင်ရိုလန် ဂျန်ဖန်းအကြည့်ကို သတိထားမိပြီး ထိုမှသာ သူတို့ရှေ့မှာ ဧရာမကြွယ်ဝမှုကြီး လဲလျောင်းနေတာ နားလည်လိုက်သည်။

သူမအကြည့်တွေက ကြေးခွံနီရေနတ်ဆိုးနဂါး၏ ပါးစပ်ကြီးကို စိုက်ကြည့်နေပြီး မျက်လုံးတွေက မီးဟုန်းဟုန်းတောက်နေခဲ့သည်။

အဆုံးမှာတော့ ဖုချောင်ဟွမ်ကိုကာကွယ်ဖို့အတွက် သူမလက်မောင်း ကိုက်ဖြတ်ခံခဲ့ရသည်။

၎င်းပါးစပ်ထဲရှိသွားတွေက အဆင့်မြင့်မှော်ရတနာပြုလုပ်ဖို့ ပြီးပြည့်စုံသည့်ကုန်ကြမ်းတွေဆိုတာ သံသယရှိစရာမလိုပေ။

ထိုအရာတွေ၏တန်ဖိုးက အလွန်အမင်းမြင့်မားလှ၏။

သူမ ချက်ချင်းပဲ ကြေးခွံနီရေနတ်ဆိုးနဂါးအလောင်းဆီ ပြေးထွက်သွား၏။

ထိုအရာကိုမြင်သည့်အခါ,ယီလန်ရှင်း ဒေါသတကြီး အော်ပြောလိုက်သည်။

"ရပ်စမ်း, ဒါ ဂျူနီယာမောင်လေးဂျန်ရဲ့ တိုက်ပွဲရပစ္စည်းပဲ..."

ဂုဏ်သရေရှိ မဟာအကြီးအကဲမင်က တပည့်တစ်ယောက်၏တိုက်ပွဲရပစ္စည်းကို အရှက်မရှိလုယူတာကို သူမ မယုံကြည်နိုင်ဖြစ်နေ၏။

သဘာဝအလျောက် ပြေးထွက်သွားဖို့ ပြင်လိုက်၏။

သို့ပေမယ့် ဂျန်ဖန်း သူမကို ဆွဲထားပြီး ညင်သာစွာ ပြောလိုက်သည်။

"မသွားနဲ့...."

ယီလန်ရှင်း ကြောင်သွား၏။

လှည့်ကြည့်လိုက်သည့်အခါ ဂျန်ဖန်း မလှုပ်ရှားရုံသာမက, ချင်ချိုင်းဟီနှင့် ချူရှင်းမန်တို့လည်း သတိကပ်နေပြီး ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ကြသည်။

ကြာပန်းနက်နှင့် မတော်တဆမှုပြီးနောက် သူမတို့က ဂျန်ဖန်းဆီမှ တန်ဖိုးရှိသင်ခန်းစာတစ်ခု သင်ယူလိုက်ရသည်။

ထိုအရာက သတိထားဖို့ပင်။

သူတို့ရှေ့ရှိ ကြေးခွံနီရေနတ်ဆိုးနဂါးက ကြမ်းကြုတ်ပြီး ဉာဏ်နီဉာဏ်နက်များ၏။ အရမ်းကာရော လုပ်လို့မရပေ။

ယီလန်ရှင်း မနေနိုင်ပဲ ရေရွတ်လိုက်သည်။

"နင်တို့အားလုံး သတိထားလွန်းနေတာ မဟုတ်ဘူးလား..."

"ကြေးခွံနီရေနတ်ဆိုးနဂါးက သေပြီလေ...."

သူမပြောနေစဥ်...

မင်ရိုလန် ကြေးခွံနီရေနတ်ဆိုးနဂါးအလောင်းရှေ့ ရောက်သွား၏။

၎င်းပါးစပ်ထဲရှိ လူသားအရွယ် ချွန်ထက်သည့်သွားလေးချောင်းကိုကြည့်ပြီး သူမမျက်လုံးတွေ ပြင်းပြမှုကြောင့် ပူလောင်လာခဲ့သည်။

"ဒီထိပ်တန်းအဆင့်မှော်ရတနာ ကုန်ကြမ်းလေးခုသာရရင် ငါလက်ရှုံးဆုံးရတာ ပြန်အဖတ်ဆယ်နိုင်ပြီ...."

ကျန်လက်တစ်ဖက်ကိုဆန့်ကာ သွားလေးချောင်းအနက် တစ်ချောင်းကို အားဖြင့် ဆွဲနုတ်လိုက်သည်။

သို့ပေမယ့်.....

သူမ အားထည့်လိုက်သည်နှင့်....

သေနေပုံရသည့် ကြေးခွံနီရေနတ်ဆိုးနဂါး၏ အက်ကွဲနေသည့်အဝါရောင်မျက်လုံးတွေ ရုတ်တရက် လှုပ်ရှားလာ၏။

ထို့နောက် မုန်းတီးခြင်းမှဖြစ်ပေါ်လာသည့် ကြမ်းကြုတ်သည့်စွမ်းအင်တစ်ခု ပေါက်ကွဲထွက်လာပြီး ၎င်း၏ ဧရာမပါးစပ်ကြီးကို ရုတ်တရက် ကိုက်ချလိုက်သည်။

အား....

မင်ရို့လန် လက်မောင်း ချက်ချင်း ကိုက်ခံလိုက်ရသည်။

ထို့နောက် ကြေးခွံနီရေနတ်ဆိုးနဂါးခန္ဓာကိုယ်ကြီး လှုပ်ရှားသွားပြီး သူမလက်မောင်းကို ဆွဲဖြုတ်ပစ်လိုက်သည်။

မင်းရိုလန်း ကြိတ်ဆုံကျောက်တုံးဆီ လွင့်စင်သွားပြီး ချက်ချင်း သတိလစ်သွားခဲ့သည်။

ဤသို့ဖြင့် ကောင်းကင်သံစဥ်ဂိုဏ်း မဟာအကြီးအကဲ, လက်နှစ်ဖက်လုံး ရှုံးဆုံးသွားပြီး မသန်မစွမ်းတစ်ယောက် ဖြစ်သွားပြီပင်။

ကြေးခွံနီရေနတ်ဆိုးနဂါး၏ ရက်စက်မှုတွေက လျော့မသွားသေးပေ။

၎င်း၏ ကြေမွနေသည့် မျက်အိမ်တွေက ဂျန်ဖန်းကို စိုက်ကြည့်နေပြီး ဒေါသတကြီးဟိန်းဟောက်လိုက်၏။

သို့ပေမယ့် နောက်ထပ်မတိုက်ခိုက်နိုင်တော့ပေ။

ဤတိုက်ခိုက်မှုက ၎င်း၏ နောက်ဆုံးအားထုတ်မှုဖြစ်သည်။

ထိုအရာကို ဂျန်ဖန်းအတွက် ရည်ရွယ်ထားခဲ့တာဖြစ်သည်။

သို့ပေမယ့် ကံမကောင်းစွာပဲ တိုက်ခိုက်ခံလိုက်ရတာက မင်ရိုလန်ဖြစ်နေခဲ့သည်။

ဤအရာက သူ့ကို စိတ်ပျက်ပြီး မကျေမနပ်ဖြစ်သွားစေခဲ့သည်။

အကြိမ်အနည်းငယ် ခက်ခက်ခဲခဲ အသက်ရှူပြီးနောက် ငြိမ်ကျသွားခဲ့သည်။

ထိုအရာအားလုံးကို မြင်သည့်အခါ ယီလန်ရှင်း ချွေးအေးတွေထွက်လာပြီး မျက်နှာ ဖြူဖြော့သွား၏။

"အဲ့သားရဲ.... စောနက သေချင်ယောင်ဆောင်နေတာပဲ...."

သူမ၏အပြင်းအထန်ခုန်ပေါက်နေသည့်ရင်ဘတ်ကိုကိုင်ထားပြီး အာခေါင််််တွေ ခြောက်လာခဲ့သည်။

ဂျန်ဖန်း သူမကို ဆွဲထားလို့သာ မဟုတ်လျှင်, သူမကံကြမ္မာက မင်ရိုလန်နှင့် အတူတူ ဒါမှမဟုတ် ပိုတောင်ဆိုးသွားနိုင်၏။

ချင်ချိုင်းယီ ဂုဏ်ယူမှုအနည်းငယ်ဖြင့် ညင်သာစွာ အသက်ရှူလိုက်သည်။

"စီနီယာအမယီ, ငါတို့ဘာလို့အရမ်းသတိထားနေလဲ နင်အခု နားလည်ပြီလား..."

ချူရှင်းမန် ဂျန်ဖန်းကို တောက်ပသည့်မျက်လုံးတွေဖြင့်ကြည့်ပြီး အနည်းငယ် ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ်..."

"ငါတို့အားလုံး ဒါကို စီနီယာအကိုဂျန်ဆီက သင်ယူခဲ့တာ..."

ယီလန်ရှင်း ဂျန်ဖန်းကို ကျေးဇူးတင်စွာဖြင့် ကြည့်လိုက်သည်။

"ကျေးဇူးတင်ပါတယ်, ဂျူနီယာမောင်လေးဂျန်...."

"နင်က ငါ့အသက်ကို ကယ်လိုက်တာပဲ..."

ဂျန်ဖန်း ခေါင်းညိတ်လိုက်သည်။

"မင်းအပြင်ထွက်တဲ့အခါ, သတိနည်းနည်းပိုထားတာရင် ဘယ်တော့မှ ထိခိုက်ဒဏ်ရာမရဘူး...."

ထို့နောက် သူက ကြေးခွံနီရေနတ်ဆိုးနဂါး အလောင်းဆီ လျှောက်သွားလိုက်သည်။

ထိုအခါမှသာ, သားရဲ၏သွားတွေကြား၌ အလွန်အမင်းချွန်ထက်ပြီး လူတစ်ယောက်အရွယ်အစားလောက်ရှိသည့် သွားလေးချောင်းကို သတိထားမိလိုက်သည်။

ထိကြည့်လိုက်သည့်အခါ အလွန်အမင်းအေးစက်လှ၏။

တစ်ခဏတွေးပြီးနောက်, ဂျန်ဖန်း တစ်ချောင်းကို အားနှင့် နှုတ်ယူလိုက်သည်။

ထို့နောက် ရေပုလင်းထုတ်ကာ ထိုအရာအပေါ်သို့ လောင်းချလိုက်၏။

သွားမျက်နှာပြင်၌ ချက်ချင်းပဲ ပါးလွာသည့်မြူတွေချက်ချင်းစုဝေးလာ၏။

အာရုံစိုက်ပြီး ဂျန်ဖန်း စိတ်ဝိညာဥ်စွမ်းအင်အချို့ထည့်သွင်းကာ ကြေးခွံနီရေနတ်ဆိုးနဂါးခန္ဓာကိုယ်ကို ခုတ်ချလိုက်၏။

ဝှစ်!

အံ့အားသင့်စရာမြင်ကွင်းတစ်ခုပေါ်ပေါက်လာခဲ့သည်။ သွားမှပြင်းထန်သည့်အအေးဓာတ်က ကြေးခွံနီရေနတ်ဆိုးနဂါးကြီး၏ ခန္ဓာကိုယ်တစ်ဝက်ကို အေးခဲသွားစေခဲ့သည်။

"ဒီတော့, ကြေးခွံနီရေနတ်ဆိုးနဂါးရဲ့ မွေးရာပါနတ်ဘုရားစွမ်းရည်က ဒီသွားထဲမှာကို..."

"အကြီးအကဲမင် ဒါတွေလိုချင်နေတာ မဆန်းတော့ပါဘူး..."

ဂျန်ဖန်း ပျော်ရွင်မှုကို မဖုံးကွယ်နိုင်ပေ။

မသန့်စင်ရသေးတာတောင် ဤသွားတွေ၏စွမ်းအားက အလယ်အလတ်အဆင့်မှော်ရတနာလောက် ရှိ၏။

ကျွမ်းကျင်သည့်လက်နက်သန့်စင်ဆရာတစ်ယောက်သာရှာတွေ့လျှင်, ဤအရာတွေက အဆင့်မြင်မှော်ရတနာတွေအဖြစ် ပြောင်းလဲသွားနိုင်၏။

သူက မတွေဝေပဲ သွားလေးချောင်းလုံး ဆွဲနှုတ်လိုက်သည်။

"ကျန်တာတွေ, မင်းတို့သုံးယောက် ခွဲယူလိုက်ကြ..."

ဂျန်ဖန်း သွားတွေကို သိမ်းလိုက်သည်။

ယခု သူ့ခန္ဓာကိုယ်ပေါ်၌ မရေမတွက်နိုင်သည့်ပစ္စည်းတွေရှိနေပြီဖြစ်သည်။

ဓားနှစ်လက်နှင့် ရှေးဟောင်းဗျတ်စောင်း၊ များပြားသည့်သလင်းကျောက်တုံကင်၊ စိတ်ဝိညာဥ်ဆေးလုံး စတာတွေနှင့် မရေမတွက်နိုင်သည့် အရာတွေရှိ၏။

ထို့ပြင် ယခု, လူသားအရွယ် သွားလေးချောင်းပါ ပါလာပြီဖြစ်သည်။

သူ့ကိုယ်ပေါ်၌ သယ်စရာနေရာ လုံးဝမရှိတော့ပေ။

ထို့ကြောင့်, ကျန်ရှိသည့်ပစ္စည်းတွကို အမျိုးသမီးသုံးယောက်အား ခွဲပေးလိုက်တာဖြစ်သည်။

အမျိိုးသမီးသုံးယောက် ပျော်ရွင်သွားပြီး အလျှင်အမြန်ပဲ သူမတို့သဘောကျသည့်အစိတ်အပိုင်းတွေကို ဖြတ်ယူကြ၏။

ထိုမြင်ကွင်းက ရမ္မက်ဂိုဏ်းတပည့်တွေကို မနာလိုဖြစ်သွားစေ၏။

"ဒါက သားရဲဘုရင်အလောင်းလေ။ ဈေးအပေါဆုံးကြေးခွံတောင် ရောင်းရင် သလင်းကျောက်ထောင်ချီရတယ်..."

"အစာအိမ်အိတ်၊ အမှီးနဲ့ အရိုးတွေဆို ပြောကိုမနေနဲ့တော့..."

"သူဂျူနီယာမောင်လေးဂျန် သဘောကျမှုရရအောင် သူတို့တွေက ဘယ်လောက်တောင်ကံကောင်းနေတာလဲ..."

"ငါကကော သူ့တို့လောက်မလှလို့လား...."

"ဒါ တကယ် မမျှတတာပဲ..."

ထိုအခိုက်အတန့်၌...

ဂျန်ဖန်း ရမ္မက်ဂိုဏ်းတပည့်တွေကိုကြည့်ပြီး သူ့မျက်လုံးတွေ မှေးကျဥ်းသွား၏။

"ရှဲလျူရှူး, ငါတို့ ဆက်ပြီးစားရင်းရှင်းကြမလား...."

တစ်ခဏကြာပြီးနောက်, သူ့စိတ်ဝိညာဥ်စွမ်းအင်အချို့ ပြန်ရလာပြီဖြစ်သည်။

ကျားနဂါးဟိန်းသံနည်းစနစ် အနည်းငယ်တီးခတ်တာက ပြဿနာမဟုတ်တော့ပေ။

ရှဲလျူရှူးမျက်ခွံတွေ တွန့်လိမ်သွားပြီး ကျီရူယွဲ့ကို မသိမသာ ရှေ့တွန်းပို့လိုက်၏။

ကျီရူယွဲ့မျက်နှာ ဖြူဖြော့သွား၏။ သူမခြေထောက်တွေကို စိုးရိမ်တကြီးရွေ့လျားကာ ဂျန်ဖန်းနား သတိထား ချည်းကပ်သွားခဲ့သည်။

ဂျန်ဖန်း ပြောတာကိုစောင့်မနေပဲ, ဒူးထောက်ကာ အသနားခံတောင်းပန်လိုက်၏။

"ဂျူနီယာမောင်လေးဂျန်, ဒါ ငါ့အမှားပါ, တောင်းပန်ပါတယ်..."

"ကျေးဇူးပြုပြီး ငါ့ကို လွတ်ပေးပါနော်..."

ဂျန်ဖန်း မလှုပ်မရှားရှိနေပြီး အနက်ရောင်ဓားကိုဖြည်းဖြည်းချင်း ဆွဲထုတ်လိုက်၏။

သူက သူမကို တစ်ခါလောက်တော့ တိုက်ခိုက်ဖို့ပြင်လိုက်၏။

သေချာပေါက်ပင်။ ထိုအရာက သူမကို ဒဏ်ရာရစေပြီး သင်ခန်းစာပေးချင်ရုံပဲဖြစ်သည်။

သူတို့တာဝန်က မိုင်တစ်ထောင်သိမ်းငှက်တွေအား ရမ္မက်ဂိုဏ်း ပို့ဆောင်ပေးရမှာဖြစ်သည်။

တာဝန်မပြီးသေခင်, ရမ္မက်ဂိုဏ်းတပည့်တွေကို သတ်လို့မရသေးပေ။

မဟုတ်လျှင်, တာဝန်ပြီးမြောက်ဖို့ ခက်ခဲပြီပင်။

သို့ပေမယ့်, ဤအရာက ကျီရူယွဲ့ကို သေလောက်အောင်ကြောက်ရွံသွားစေပြီး ဂျန်ဖန်း သူမကို သတ်တော့မည်ဟု ထင်လိုက်၏။

သူမမျက်နှာ စိုးရိမ်မှုတွေ ပြသလာ၏။

ကူညီမည့်အရိပ်အယောာင်မပြသည့် ရှဲလျူရှူးကို လှည့်ကြည့်ပြီး...

အံ့ကြိတ်ကာ ပြောလိုက်သည်။

"ဂျူနီယာမောင်လေးဂျန်, ငါ့အသက်အတွက် သတင်းတစ်ခုနဲ့လှဲလှယ်ပါ့မယ်, အဆင်ပြေလား..."

သတင်း?...

ဘယ်လိုသတင်းမျိုးက ဤလောက်ထိ အရေးကြီးသနည်း။

ထိုအရာက သူမအသက်ကိုတောင် ကယ်တင်နိုင်သည်လား?...

ဂျန်ဖန်း မေးလိုက်သည်။

"ဘာသတင်းလဲ...."

ကျီရူယွဲ့ အလျှင်အမြန်ပြောလိုက်သည်။

"ဒီနေရာကို လာတဲ့လမ်းမှာ, ငါတို့ သန္ဓေသားအဆင့်စွမ်းအားကြီးသူရဲ့ ဂူအိမ်တော်တစ်ခု ရှာတွေ့ခဲ့တယ်...."

ဘာ?....

ဂျန်ဖန်း မျက်ခွံတွေ ကျုံ့သွား၏။

သန္ဓေသားအဆင့်စွမ်းအားကြီးသူ၏ဂူအိမ်တော်?....

သူ့အသက်ရှူသံတွေ ချက်ချင်း မြန်လာ၏။

ကျီးရူယွဲ့ပြောသည့်သတင်းက ဂိုဏ်း ၉ ဂိုဏ်းနယ်မြေကို တုန်လှုပ်သွားစေနိုင်သည့် အရာမျိုးဖြစ်မည်ဟု သူတစ်ခါမှ ထင်မထားခဲ့ပေ။

"အဲ့တာ ဘယ်မှာလဲ...."

All Chapters