← Chapters

ချောက်ကမ်းပါးထဲခုန်ချခြင်း

Vol. 19 Ch. 267

ချောက်ကမ်းပါးထဲခုန်ချခြင်း

Vol. 19 Ch. 267

ကျီရူယွဲ့သတိထားပြီး မေးလိုက်သည်။

"ငါပြောရင်, ငါတို့ကြားကကိစ္စတွေ ကျေအေးပေးမှာလား...."

ဂျန်ဖန်း အနက်ရောင်ဓားကိုမြှောက်ပြီး အမျိုးသမီးသုံးယောက်ခွဲဝေနေသည့် ကြေးခွံနီရေနတ်ဆိုးနဂါးကို ညွှန်ပြလိုက်သည်။

"ကျေအေးပေးရုံတင်မဟုတ်ဘူး...."

"သားရဲဘုရင်ခန္ဓာကိုယ်ဝေစုလည်း ရမယ်..."

"ဒါပေါ့, မင်းမလိမ်ဖို့တော့လိုတယ်..."

ဘာ?....

ကျီရူယွဲ့ အလွန်ပျော်ရွင်သွား၏။

သူမက သူမအသက်ကိုကယ်တင်ချင်ရုံသာဖြစ်သည်။

မည်သူထင်ထားမည်နည်း။ ဂျန်ဖန်းက အပိုဆုလာဘ်ပါ ပေးနေခဲ့သည်။

သန္ဓေသားအဆင့်ဂူအိမ်တော်အတွက်တော့, ထိုအရာက သူမလို အခြေခံတည်ဆောက်ခြင်းအဆင့်တပည့်တစ်ယောက် တတ်နိုင်သည့်အရာမဟုတ်မှန်း သူမသိ၏။

ရတနာတစ်ခုမှမရှိသည့်တောင်ကိုစောင့်ကြပ်နေမည့်အစား, အသက်တစ်ချောင်း၊ ကြေးခွံနီရေနတ်ဆိုးနဂါးခန္ဓာကိုယ်ဝေစုတွေနှင့် လဲလှယ်လိုက်တာ ပိုကောင်း၏။

ဘယ်လိုပဲဖြစ်ဖြစ် သူမက သလင်းကျောက်တစ်သောင်း ဒါမှမဟုတ် တစ်သိန်းလောက်တောင် ရနိုင်၏။

ချက်ချင်းခေါင်းညိတ်ပြီး ပြောလိုက်သည်။

"သေချာပါတယ်, ဒါအမှန်ပါ..."

"ငါတို့..."

"ပါးစပ်ပိတ်ထားစမ်း...."

ရှဲလျူရှူး စိုးရိမ်သွားပြီး သူမကို အလျှင်အမြန်တားလိုက်သည်။

"ဂျူနီယာညီကျီ, ဒါက ရမ္မက်ဂိုဏ်းရဲ့လျို့ဝှက်ချက်ပါ။ ဘယ်လိုလုပ် ပြောနိုင်ရတာလဲ...."

ကျီရူယွဲ့ ခါးသီးမှုကို ခံစားလိုက်ရသည်။

သူမ ဒုက္ခရောက်သည့်အခါ, ရှဲလျူရှူး သူမကို စွန့်ပစ်ခဲ့၏။

ယခု, သတင်းအချက်အလက်အချို့နှင့် ကိုယ့်အသက်ကိုယ်ကယ်ချင်တော့ လာတားနေခဲ့သည်။

သူမက ဓားနှင့်အထိုးခံပြီး သေပေးရမှာလား?...

ခေါင်းမြင့်မြင့်မြှောက်ပြီး ပြောလိုက်သည်။

"အဲ့ဒီဂူအိမ်တော်ကို ငါရှာတွေ့ခဲ့တာ...."

"ငါပြောချင်တဲ့လူပြောလို့ရတယ်...."

"ဂိုဏ်းချုပ်ဒီမှာရှိရင်တောင်, ဘာမှပြောလို့မရဘူး....."

ဂိုဏ်းထိပ်သီးပိုင်းတွေမကျေနပ်လျှင်တောင် သူမကို ထိခိုက်စေမည်မဟုတ်ပေ။

သူမအသက်ကိုကယ်တင်ခြင်းနှင့် ကြေခွံနီရေနတ်ဆိုးသားရဲခန္ဓာကိုယ်ဝေစုရယူခြင်းက သူမတကယ်ဆုပ်ကိုင်နိုင်သည့်အရာတွေဖြစ်သည်။

ထို့ကြောင့်, ဘာမှဂရုမစိုက်ပဲ ပြောလိုက်သည်။

"ငါ ချောက်ကမ်းပါးတစ်ခုနားဖြတ်သွားတုန်း, အောက်ခြေမှာ ရတနာအလင်းတန်းတစ်ခုလင်းလက်နေတာ မတော်တဆတွေ့ခဲ့တယ်...."

"ဒါ့ပြင်, ချောက်ကမ်းပါးမှာ သံချေးတက်နေတဲ့ လျို့ဝှက်ချိန်းကြိုးတစ်ခုလည်းရှိတယ်...."

"ချိန်းကြိုးကနေဆင်းသွားကြည့်တော့, ချောက်ကမ်းပါးအောက်ခြေမှာ ဂူတစ်ခုကို တွေ့ခဲ့တယ်....."

"ဂူဝင်ပေါက်မှာ ကျိုးပဲနေတဲ့ကျောက်တိုင်တစ်ခုရှိပြီး အပေါ်မှာ 'သန္ဓောသားအဆင့်ဂူအိမ်တော်, မဝင်ရ' ဆိုပြီး ရေးထားတယ်....."

"လုံခြုံရေးကြောင့် ငါအထဲမဝင်ရဲခဲ့ဘူး။ စီနီယာအကိုရှဲကို ပြောဖို့ပဲ တတ်နိုင်ခဲ့တယ်...."

ဂျန်ဖန်း ကျီရူယွဲ့အမူအရာကို သေချာစစ်ဆေးကြည့်ပြီး သူမစကားတွေ ယုံရမယုံရ ချင့်ချိန်နေခဲ့သည်။

ကျီရူယွဲ့လိမ်နေပုံမရပြီး သူမစကားတွေ၌ အပြစ်အနာရှာ မပါပေ။

သူ သူမပြောသည့်တစ်ဝက်ကို ယုံကြည်၏။

"အရင်ဆုံး ကြေးခွံနီရေနတ်ဆိုးနဂါးခန္ဓာကိုယ် ဝေစုယူလိုက်..."

"ပြီးရင် ငါ့ကို အဲ့ဒီချောက်ကမ်းပါးလိုက်ပြ။ လိမ်နေတာမဟုတ်မှန်း အတည်ပြုပြီးရင်, မင်းလွတ်လပ်ပြီ...."

"ဒါပေါ့,လိမ်ရင်တော့, နောက်ကိစ္စတစ်ခုဖြစ်သွားပြီ...."

ကျီရူယွဲ့မျက်နှာ ပျော်ရွင်မှုကြောင့် တောက်ပသွား၏။ သူမက အလျှင်အမြန် မတ်တပ်ရပ်ပြီး ဒူးမှဖုန်ခါကာ အလေးအနက် ကျိန်ပြောလိုက်သည်။

"ငါပြောတဲ့စကားတိုင်းမှာ တစ်လုံးမှ အမှားမပါပါဘူး...."

ပြောပြီးနောက်, သူမက ကြေခွံနီရေနတ်ဆိုးနဂါးခန္ဓာကိုယ်ဆီ စိတ်အားထက်သန်စွာ ပြေးသွားလိုက်သည်။

သူမက အရွယ်အစားမျိုးစုံရှိသည့် သေတ္တာတွေထုတ်ယူကာ, တန်ဖိုးကြီးအစိတ်အပိုင်းတွေကို စိတ်လှုပ်တရှားဖြတ်တော့သည်။

ယီလန်ရှင်းနှင့် အခြားအမျိုးသမီးနှစ်ယောက် မကန့်ကွက်ကြပေ။

ပထမတစ်ချက်, ဤအရာက ဂျန်ဖန်းအမဲလိုက်ထားတာဖြစ်၏။ ထို့ကြောင့် ခွဲဝေတာက သဘာဝအတိုင်း သူဆန္ဒအတိုင်းဖြစ်သင့်၏။

ဒုတိယအချက်, ကြေးခွံနီရေနတ်ဆိုးနဂါးက ကြီးမားလှ၏။ သူမတို့သုံးယောက်တည်း ခွဲနေလျှင် ပြီးမည်မဟုတ်ပေ။ တစ်ယောက်ပိုလာတာက မည်သည့်ထူးခြားမှုမှမရှိပ။

ရမ္မက်ဂိုဏ်းတပည့်တွေ မနာလိုစွာဖြင့် ကြည့်နေကြ၏။

သာမန်တပည့်တွေအနေဖြင့်, သူတို့က တစ်နှစ်ကို သလင်းကျောက်ရာဂဏန်းလောက်ပဲ စုဆောင်းနိုင်ကြသည်။

ခြိုးခြံချွေတာလျှင် တစ်ထောင်လောက်တော့ စုမိကြ၏။

သို့ပေမယ့်ယခုတော့, ကျီရူယွဲ့ သတင်းအချက်အလက်လေးရောင်းရုံဖြင့် သလင်းကျောက်သောင်းချီ, သိန်းချီ ရသွားပြီဖြစ်သည်။

ထိုမျှလောက်များသည့် သလင်းကျောက်တွေနှင့်, ကျီရူယွဲ့ ရမ္မက်ဂိုဏ်းမှထွက်လျှင်တောင် ပူပင်ကြောင်ကြမှုမရှိပဲ ဘဝကို ပျော်ပျော်ရွင်ရွင်ဖြတ်သန်းနိုင်ပြီဖြစ်သည်။

သူမ၏သနားစရာကံကြမ္မာက အဆိုးထဲမှအကောင်းဖြစ်သွားမည်ဟု မည်သူမှ မျှော်လင့်မထားကြပေ။

တစ်နာရီ၊ နှစ်နာရီလောက်ကြာပြီးနောက်....

အမျိုးသမီးလေးယောက် လေလံသည့်သေတ္တာတွေကိုသယ်ကာ အမောတကောနှင့် လမ်းမလျှောက်နိုင်လုနီးပါးပင်။

သူမတို့မျက်နှာတွေက ပျော်ရွင်မှုတွေနှင့် ပြည့်နှက်နေခဲ့သည်။

ကြည့်ရတာ သူမတို့ရိတ်သိမ်းမှုက လုံလောက်ခဲ့ပုံပင်။

ကြေးခွံနီရေနတ်ဆိုးနဂါး အစိတ်အပိုင်းအတော်များများ ကျန်ရှိနေဆဲဖြစ်သည်။

အသားတွေအရိုးတွေသာကျန်တော့သော်လည်း ထိုအရာတွေက ကုန်သည်တွေလိုချင်နေသည့်ရတနာတွေဖြစ်ပြီး သလင်းကျောက်တစ်သောင်းကျော်ရနိုင်၏။

ရမ္မဂိုဏ်းတပည့်တွေ ကျန်ရှိသည့်သားရဲအလောင်းကိုကြည့်ပြီး မနေနိုင်ပဲ ဆံထွေးမျိုချလိုက်ကြသည်။

သူတို့က ဂျန်ဖန်းကို သတိထားကြည့်လိုက်ပြီး မျက်လုံးတွေ၌ အသနားခံသည့်အမူအရာတွေ ရှိနေခဲ့သည်။

ဂျန်ဖန်း လက်ဝှေ့ယမ်းပြီး တွေဝေမနေပဲ ပြောလိုက်သည်။

"ကျန်တာ မင်းတို့ယူလိုက်ကြ...."

သူက ဤအရာတွေကို မြစ်ထဲပစ်ချနိုင်၏။

သို့ပေမယ့် တစ်စုံတစ်ယောက်နာကျင်အကျိုးမရှိအောင်လုပ်ဖို့က မလိုအပ်ပေ။

သူ့လူတွေအသားစားပြီးနောက် အခြားလူတွေအတွက် အရိုးအရင်းအချိို့ချန်ထားမှသာ မျှတမည်ဖြစ်သည်။

ရမ္မဂိုဏ်းတပည့်လေးယောက် အံ့အားသင့်သွားပြီး ပျော်ရွင်စွာ လက်ချင်းယှက်ပြီး ပြောလိုက်ကြသည်။

"ကျေးဇူးတင်ပါတယ်, ဂျူနီယာညီလေးဂျန်...."

"မင်းကြိုက်တဲ့အချိန် ရမ္မဂိုဏ်းကိုလာခဲ့ပါ။ ငါ သေချာပေါက် နွေးနွေးထွေးထွေးဆက်ဆံမှာပါ...."

"ဒီနေ့ ငါတို့ ဂျူနီယာညီလေးဂျန်ကို အကြွေးတင်သွားပြီ...."

.....

ထို့နောက် လေးယောက်သား စိတ်လှုပ်ရှားစွာဖြင့် အသားနှင့်အရိုးတွေကို ခွဲဝေလိုက်ကြသည်။

တစ်ယောက်ချင်းဆီက သလင်းကျောက်နှစ်ထောင်လောက်စီ အလကားရလိုက်ကြ၏။

ထိုအရာက ကျီရူယွဲ့လောက်မများသော်လည်း သူတို့အတွက် မျှော်လင့်မထားသည့်ပမာဏဖြစ်နေဆဲပင်။

ရှဲလျူရှူး သူတို့လေးယောက်ပျော်ရွင်စွာဖြင့် ဂျန်ဖန်းကို ကျေးဇူးတင်နေတာကြည့်ပြီး....

ဒေါသကော အကူအညီမဲ့မှုပါ ခံစားလိုက်ရသည်။

စွန်ကြဲပေးကမ်းမှုအနည်းငယ်က သူတို့ကို ဘယ်ဂိုဏ်းကလဲဆိုတာ မေ့သွားစေခဲ့သည်။

ကျောရိုးမရှိတဲ့စောက်ရူးတွေ....

သူက တင်းမာသည့်မျက်နှာဖြင့် မေးလိုက်သည်။

"ဂျူနီယာညီလေးဂျန်, မင်းတကယ်ပဲ သန္ဓေသားဂူအိမ်တော်ကို ရှာဖွေချင်တာလား..."

"မင်းသတိထားဖို့ ငါအကြံပေးချင်တယ်...."

"သန္ဓေသားစွမ်းအားကြီးသူရဲ့နေရာက မင်းတို့ငါတို့တွေ စူးစမ်းလို့ရတဲ့နေရာမဟုတ်ဘူး...."

ဂျန်ဖန်း လေးနက်သည့်အဓိပ္ပာယ်ဖြင့် ပြန်တုံ့ပြန်လိုက်သည်။

"မင်းက ငါ့ကို ဝင်မသွားစေချင်တာလား...."

ထိုအရာက ရှဲ့လျူရှူးအမူအရာကို အေးခဲသွားစေပြီး နောက်ထပ်ဘာမှမပြောတော့ပေ။

အဖွဲ့က ထုတ်ပိုးလိုက်ကြသည်။

ကျီရူယွဲ့ ဂျန်ဖန်းကာကွယ်ပေးမှုအောက်၌ ချောက်ကမ်းပါးကို ဦးဆောင်ခေါ်လာခဲ့သည်။

ရှဲ့လျူရှူး အံ့ကြိတ်လိုက်၏။

တာဝန်ကျရှုံးသွားပြီဖြစ်၍ သူ့မှာ သွားစရာမရှိတော့ပေ။ ထို့ကြောင့် နောက်မှလိုက်လာခဲ့သည်။

နှစ်ရက်ကြာပြီးနောက်.....

နှင်းဖုံးလွမ်းနေသည့်တောင်တစ်ခုကိုဖြတ်ကာ တောင်ထိပ်ကိုရောက်လာကြသည်။

ကျီရူယွဲ့ အလျှင်အမြန် ချောက်ကမ်းပါးစွန်းသွားပြီး အောက်ကိုညွှန်ပြကာ ပြောလိုက်သည်။

"ဒီမှာ, ဒီနေရာပဲ...."

ဂျန်ဖန်း အနားကပ်လာပြီး အောက်ခြေမဲ့ချောက်နက်ကိုကြည့်လိုက်သည်။

ရုတ်တရက်...

အလင်းတန်းတစ်ခု ဖျတ်ကနဲလက်သွားပြီး ပျောက်ကွယ်သွားခဲ့ည်။

ဒါက ကျီရူယွဲ့ပြောတဲ့ရတနာလား?...

ကြည့်ရတာ သူမစကားတွေက မှန်ပုံပဲ....

ဂျန်ဖန်း အောက်ကိုဆင်းဖို့မစောင့်နိုင်တော့ပဲ ပတ်ဝန်းကျင်ကိုကြည့်ပြီး မေးလိုက်သည်။

"မင်းပြောတဲ့ ချိန်းကြိုးက ဘယ်မှာလဲ....."

ကျီရူယွဲ့ အလျှင်အမြန်ရှာလိုက်သည်။

သူမမှတ်ဉာဏ်ကိုအားကိုးပြီး နှင်းပုံထဲစမ်းကြည့်ရာ ချိန်းကြိုးတစ်ချောင်းကို ရှာတွေ့လိုက်သည်။

"ရှာတွေ့ပြီ...."

သို့ပေမယ့် ချိန်းကြိုးကိုဆုပ်ကိုင်လိုက်သည့်အခါ သူမအမူအရာအေးခဲသွား၏။

ဂျန်ဖန်းကြည့်လိုက်သည့်အခါ မနေနိုင်ပဲ သူ့အမူအရာလည်း ပြောင်းလဲသွား၏။

ချိန်းကြိုးက အပိုင်းအစတစ်ခုသာဖြစ်သည်။

အောက်ခြေကိုဆက်ထားသည့် ချိန်းကြိုးရှည်က ပြတ်သွားပြီပင်။

ကြည့်ရတာ ချိန်းကြိုးက သံချေးတိုက်စားမှုကြောင့် ပြတ်သွားပုံပင်။

ကျီရူယွဲ့ ထိတ်ထိတ်ပျာပျာဖြစ်သွာ၏။

"နောက်ဆုံးအကြိမ်ငါသုံးခဲ့တုန်းက မပြတ်သေးပါဘူး...."

"ဂျူနီယာမောင်လေးဂျန်, ငါ နင့်ကို မလိမ်ပါဘူး...."

သူမက ဂျန်ဖန်းကို ကြောက်လန့်တကြားကြည့်လိုက်သည်။

သူ သူမကို နားလည်မှုလွဲမှာ ကြောက်နေခဲ့သည်။

ရှဲလျူရှူး စိတ်သက်သာယာရစွာဖြင့် တိတ်တဆိတ်သက်ပြင်းချလိုက်သည်။ သူ့အမူအရာပြေလျော့သွားပြီး ပြောလိုက်သည်။

"ဂျူနီယာညီလေးဂျန်, ဒီချောက်ကမ်းပါးက ပေးထောင်ချီနက်တယ်။ ငှက်တောင် ဖြတ်မပျံနိုင်ဘူး...."

"ကြည့်ရတာ မင်း တကယ်ပဲ အောက်မဆင်းနိုင်တော့ဘူးထင်တယ်...."

"လုံခြုံရေးအတွက် ထွက်သွားကြရအောင်...."

ယီလန်ရှင်း, ချင်ချိုင်းဟီနှင့် ချူရှင်းမန်တို့လည်း နောင်တရသည့်အမူအရာတွေပြသလာ၏။

ချိန်းကြိုးပြတ်သွားပြီဖြစ်၍ အောက်ဆင်းဖို့က မဖြစ်နိုင်တော့ပေ။

မည်သူသိမည်နည်း။

ဂျန်ဖန်း ဝါးပြွန်တစ်ခုထုတ်ယူပြီး ယီလန်ရှင်းကိုပေးလိုက်သည်။

သူက ရှဲလျူရှူးကိုတစ်ချက်ကြည့်ပြီး ပြောလိုက်သည်။

"စီနီယာအမယီ, နောက်ပိုင်းတစ်ယောက်ယောက် လှုပ်ရှားလာရင် ဒီမီးခိုးဗုံးကို ချောက်ကမ်းပါးအောက်ပစ်လိုက်...."

"ငါ ချက်ချင်းတက်လာခဲ့မယ်...."

ဟမ်?....

မေးခွန်းကြီးတစ်ခု ယီလန်ရှင်းနဖူးမှာ ပေါ်လာခဲ့သည်။

သူဆိုတာကို သူမနားမလည်ခင် ဂျန်ဖန်း ခုန်ဆင်းသွားခဲ့သည်။

ရှဲလျူရှူး၏ မျက်ခွံတွေကျုံ့သွားမှု၊ အမျိုးသမီးသုံးယောက်၏အော်ဟစ်မှု၊ ရမ္မက်ဂိုဏ်းတပည့်တွေ၏အံ့အားသင့်မှုတွေ အလယ်မှာ.....

သူက ချောက်ကမ်းပါးထဲကို ခုန်ဆင်းသွားခဲ့သည်။

All Chapters