ချောက်ကမ်းပါးအောက်ခြေကမိန်းခလေး
Vol. 19 Ch. 268
ထိုမြင်ကွင်းက ရုတ်တရက်ဆန်လွန်းလှ၏။
လူတိုင်း၏မျှော်လင့်ချက်ကို ကျော်လွန်နေခဲ့သည်။
ယီလန်ရှင်းအော်ဟစ်လိုက်ပြီး ချောက်ကမ်းပါးအစွန်းကို အလျှင်အမြန်ပြေးသွားလိုက်၏။
"ဂျူနီယာမောင်လေးဂျန်...."
ချင်ချိုင်းဟီနှင့် ချူရှင်းမန်တို့ ထိတ်လန့်သွားပြီး တောင့်တောင့်ကြီး မတ်တပ်ရပ်နေခဲ့ကြသည်။
ရှဲလျူရှူးလည်း အံ့အားသင့်သွားပြီး ချောက်ကမ်းပါးအစွန်းကိုအမြန်သွားကာ ငုံ့ကြည့်လိုက်သည်။
သို့ပေမယ့် မည်သူသိမည်နည်း။
မြင်လိုက်ရသည့်မြင်ကွင်းက သူ့တစ်ကိုယ်လုံးတုန်ယင်သွားစေပြီး အံ့အားသင့်စွာဖြင့် ရပ်နေခဲ့သည်။
"ဒါ.... ဒါဘာကြီးလဲ..."
ယီလန်ရှင်းလည်း ကြောင်အနေ၏။
သူမမျက်လုံးတွေ ပြူးကျယ်နေပြီး ချောက်ကမ်းပါးအောက်ကို မျက်တောင်မခတ်တမ်းစိုက်ကြည့်နေခဲ့သည်။
သူတို့၏ပုံမှန်မဟုတ်သည့်အမူအရာက ထိတ်လန့်နေပြီးသားလူတွေကို စူးစမ်းချင်စိတ်ဖြစ်သွားစေပြီး အနားတိုးလာခဲ့ကြသည်။
သို့ပေမယ့်ကြည့်လိုက်ကြသည့်အခါ....
လူတိုင်း တူညီသည့်အမူအရာတွေ ပြသလာ၏။
အားလုံးက သစ္ဆေသရဲတစ်ကောင်မြင်သလို ကြည့်နေခဲ့ကြသည်။
ချင်ချိုင်းဟီ သူမ၏အနီရောင်နှုတ်ခမ်းလေးတွေကိုကာပြီး ကိုယ့်မျက်စိကို မယုံနိုင်ဖြစ်နေခဲ့သည်။
"ဂျူနီယာမောင်လေးဂျန်က ချောက်ကမ်းပါးနံရံမှာ ပြေးနေတာလား...."
ချူရှင်းမန် သူမလက်မောင်းကို အားနှင့် ဆွဲဆိတ်ကြည့်ပြီး နာကျင်စွာအော်ဟစ်လိုက်သည်။ ထို့နောက် အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။
"ငါ အိမ်မက်မက်နေတာမဟုတ်ဘူးပဲ...."
"စီနီယာအကိုဂျန်က တကယ်ကြီး ချောက်ကမ်းပါးနံရံမှာ ပြေးနေတာပဲ...."
ရမ္မက်ဂိုဏ်းတပည့်တွေအောက်ကိုကြည့်ပြီး ပင့်သက်ရှိုက်လိုက်ကြသည်။
"ဒါ...ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...."
"ဘယ်လိုလုပ် ဂျူနီယာညီလေးဂျန်က မြေပြင်မှာလမ်းလျှောက်သလို ချောက်ကမ်းပါးနံရံမှာ ပြေးနေရတာလဲ..."
......
နောက်ဆုံး အချိန်အတော်ကြာပြီးနောက်, ရှဲလျူရှူး တုန်ယင်သည့်အသံဖြင့် ပြောလိုက်သည်။
"ဒါက အောင်မြင်ခြင်းကြီးအဆင့် လှုပ်ရှားမှုနည်းစနစ်ပဲ...."
"နံရံတွေပေါ်ပြေးနိုင်ပြီး အမိုးတွေပေါ်လမ်းလျောက်နိုင်တဲ့ ဒဏ္ဍာရီလာအတတ်ပညာ...."
"ဂိုဏ်း ၉ ဂိုဏ်း ခေါင်းဆောင်တွေတောင် ဒီအဆင့်ကို ရောက်ချင်မှရောက်မှာ..."
အာ?....
ရမ္မက်ဂိုဏ်းတပည့်တွေသာမက ယီလန်ရှင်းတို့ပါ အံ့အားသင့်သွားကြ၏။
ဂျန်ဖန်းက လှုပ်ရှားမှုနည်းစနစ်ကိုလည်း သိသည်လား....
သူတို့က ဂျန်ဖန်းနောက် အချိန်အတော်ကြာလိုက်လာသည်ဖြစ်၍ သူ့နည်းစနစ်အတော်များများ မြင်ဖူးကြ၏။
သူမတို့က သူ့ကိုကောင်းကောင်းသိသည်ဟု ထင်ခဲ့ကြ၏။
ယခုတော့, ဂျန်ဖန်းနည်းလမ်းတွေက တကယ်ကို အဆုံးမရှိတာ နားလည်လိုက်ကြသည်။
သူပြသသည့်အရာရာတိုင်းက အံ့သြတုန်လှုပ်စရာပင်။
"သေစမ်း, အဲ့ဒီကောင်လေးအောင်မြင်တော့မယ်...."
ရှဲလျူရှူး အသိပြန်ဝင်လာပြီး သူ့ပေါင်ကိုရိုက်ပြီး အပြစ်တင်လိုက်သည်။
"ကျီရူယွဲ့...."
"ဒါက ငါတို့ရမ္မက်ဂိုဏ်းရဲ့အခွင့်အရေးပဲ။ နင်က အပြင်လူကို ပေးပစ်လိုက်တယ်...."
"ဂိုဏ်းချုပ်ရဲ့ ဒေါသကို နင်စောင့်နေလိုက်...."
အမ်?...
ပထမနှစ်ကြောင်းကြားတုန်းက ကျီရူယွဲ့ဂရုမစိုက်ပေ။
သို့ပေမယ့် နောက်ဆုံးစာကြောင်းကြားသည့်အခါ.....
သူက သံသယအမူအရာပြသလာ၏။
"ဂိုဏ်းချုပ်?... သူမက ဘယ်လိုလုပ် ဒီနေရာကိုသိမှာလဲ...."
ထိုအချိန်၌ ရှဲလျူရှူး ဖုံးကွယ်မထားတော့ပေ။
သူက ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။
"လွန်ခဲ့တဲ့ရက်အနည်းငယ်က ငါ ဒီသန္ဓေသားအဆင့်ဂူအိမ်တော်အကြောင်းကို စာပို့ခိုကတဆင့် ဂိုဏ်းကို အကြောင်းကြားထားပြီးပြီ...."
"ဂိုဏ်းချုပ် မကြာခင်ရောက်လာမယ်လို့ ငါယုံတယ်...."
ဘာ?...
ကျီရူယွဲ့မျက်ခုံးတွေ မြှင့်တက်သွားပြီး အော်ပြောလိုက်သည်။
"နင်... နင်က အကျိုးအမြတ်အားလုံးကို တိတ်တဆိတ်ယူခဲ့တာပဲ...."
"တာဝန်ပြီးမှ ဂိုဏ်းချုပ်ကိုအတူတူတင်ပြမယ်လို့ ငါတို့သဘောတူထားတာလေ...."
"ဒါပေမယ့်, နင်က အချက်အလက်တွေကို တစ်ယောက်တည်း တိတ်တဆိတ်ပို့လိုက်တယ်ပေါ့...."
ကျီရူယွဲ့ ဒေါသထွက်သွား၏။
ဤကဲ့သို့ အရေးကြီးသတင်းမျိုး ဂိုဏ်းကိုပြန်ယူသွားလျှင် သေချာပေါက် အကျိုးအမြတ်များမှာဖြစ်သည်။
သူတို့တွေ ဤဂူအိမ်တော်ကိုတွေ့တုန်းက သူမ ဂိုဏ်းကို သတင်းပို့ချင်ခဲ့၏။
သို့ပေမယ့် ရှဲလျူရှူး သူမကိုတားခဲ့သည်။ သူပြောတာက ဤကဲ့သို့ကြီးမားသည့်အကျိုးပြုမှုမျိုးကို လူကိုယ်တိုင်တင်ပြမှ ဆုလာဘ်ပိုရမယ်ဟူ၍ပင်။
မည်သူသိမည်နည်း။ သူက လုံးဝ စကားမတည်ခဲ့ပေ။
သူမကို သတင်းမပို့ဖို့ဖျောင်းဖျပြီး, သူကိုယ်တိုင်ကတော့ တစ်ယောက်တည်းအကျိုးအမြတ်ရဖို့, ဂိုဏ်းကို အကြောင်းကြားခဲ့သည်။
ထိုအရာက အတော်လေးအရှက်မဲ့လှ၏။
ရှဲလျူရှူး ကို့ရို့ကားယား နှာခေါင်းကုတ်ပြီး ပြောလိုက်သည်။
"အဟွန့်, အဟွန့်, ဂျူနီယာညီမကျီ, ဂိုဏ်းချုပ်ကို ဘယ်လိုရှင်းပြမလဲဆိုတာပဲ တွေးသင့်တယ်..."
"မင်းက သတင်းအချက်အလက်တွေကို အပြင်လူကို ပေါက်ကြားစေခဲ့ပြီး သူတို့ကို လက်ဦးအောင်ခွင့်ပြုလိုက်တယ်...."
"ဂိုဏ်းချုပ်က မင်းကို အလွယ်တကူခွင့်လွတ်မှာ မဟုတ်ဘူး..."
ကျီရူယွဲ့ ဒေါသပျောက်ကွယ်သွားပြီး စိုးရိမ်မှုတွေ အစားထိုးဝင်ရောက်လာခဲ့သည်။
ဂိုဏ်းချုပ်သာရောက်လာလျှင် သူမသွားပြီပင်။
ရုတ်တရက်....
သူမက မြေပြင်ရှိချိန်းကြိုးအပြတ်ကိုကြည့်ပြီး သံသယအမူအရာပြသလာ၏။
"ဂိုဏ်းချုပ် ချောက်ကမ်းပါးထဲကို ဆင်းသွားပြီဆိုရင်ကော..."
"ပြီးတော့ ဒီချိန်းကြိုးက သူမ ရုတ်တရက် ဖြတ်လိုက်မိတာ မဖြစ်နိုင်ဘူးလား?...."
"အဆုံးမှာတော့, ငါနောက်ဆုံးအကြိမ်အသုံးပြုတုန်းကတောင် ဒါက အကောင်းကြီးရှိသေးတယ်...."
ရှဲလျူရှူး မျက်နှာ ပြောင်းလဲသွား၏။
သူ့နှလုံးသား ခုန်ပေါက်သွား၏။
ထို့နောက် တင်းမာစွာဖြင့် ကြိမ်းမောင်းလိုက်သည်။
"ပါးစပ်ပိတ်ထားစမ်း။ မင်း ဂိုဏ်းချုုပ်ကို ကျိန်ဆဲနေတာလား...."
"သေချာပေါက် သူမက လာတဲ့လမ်းမှာပဲ ရှိအုန်းမှာ..."
ကျီရူယွဲ့လည်း သူမအမှားကို နားလည်သွားပြီး သူမပါးစပ်ကိုရိုက်လိုက်သည်။
"ဒါငါ့အမှားပါ။ ငါ့အမှားပါ..."
ချိန်းကြိုးပြတ်တာက အလွန်ကြီးမားသည့်အားကြောင့်ဆိုတာ သိသာလှ၏။
ရမ္မဂိုဏ်း ဂိုဏ်းချုပ်သာ ထိုကဲ့သို့ဖြစ်ခဲ့လျှင် ချောက်ကမ်းပါးတစ်ဝက်ကနေ ပြုတ်ကျသွားမည်ဖြစ်သည်။
ဤချောက်နက်, အောက်ခြေက အဆုံးအဆမဲ့လှ၏။
ရမ္မက်ဂိုဏ်း ဂိုဏ်းချုပ်က အမြုတေဖွဲ့စည်းခြင်းနောင်းပိုင်းအဆင့်ဖြစ်သော်လည်း ဤကဲ့သို့အမြင့်မျိုးမှပြုတ်ကျလျှင်, ချက်ချင်းသေမှာပဲဖြစ်သည်။
ထိုအရာကိုတွေးပြီး ကျီရူယွဲ့ တုန်ယင်သွား၏။
သူမ နောက်ထပ် မတွေးရဲတော့ပေ။
ရှဲလျူရှူးပြောသည့်အတိုင်းသာ ဖြစ်ဖို့ မျှော်လင့်နိုင်၏။
ဂိုဏ်းချုပ်က လာသည့်လမ်းမှာပဲ ဖြစ်ရမည်ပင်။
ဂျန်ဖန်းအကြောင်းပြောရလျှင်...
သူ့ခြေထောက်ပတ်လည်မှာ စိတ်ဝိညာဥ်စွမ်းအင်တွေလှည့်ပတ်နေပြီး ချောက်ကမ်းပါးနံရံတစ်လျှောက် အသာအယာပဲ ဆင်းသွားနေခဲ့သည်။
တစ်နာရီလောက်ကြာပြီးနောက်....
သူက နောက်ဆုံးမှာ ချောက်အောက်ခြေကို ရောက်လာ၏။
"ဒါက တကယ်မြင့်တာပဲ...."
ဂျန်ဖန်း အနည်းငယ်နာကျင်နေသည့် သူ့ခြေချင်းဝတ်ကိုခါပြီး ရေရွတ်လိုက်သည်။
ထို့နောက် ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ ပတ်ဝန်းကျင်က မဲမှောင်နေတာ တွေ့လိုက်၏။
ဤချောက်နက်က ပတ်ပတ်လည်မှာ မြင့်မားသည့်တောင်တွေဖြင့် ဝန်းရံထားပြီး တစ်နှစ်ပတ်လုံး နေရောင်ခြည်မမြင်ရပေ။
နေ့လည်ခင်းဆိုရင်တောင် အလင်းက အောက်ကို မရောက်နိုင်ပေ။
ရွေးချယ်စရာမရှိပဲ အလင်းရဖို့ မီးထုတ်တစ်ခု ထွန်းညှိလိုက်သည်။
ထိုအခါ သူက မြေပြင်တစ်လျှောက်၌ ချိန်းကြိုးအပိုင်းအစတွေကို တွေ့လိုက်ရသည်။
သံချိန်းကြိုးက မရေမတွက်နိုင်သည့်အပိုင်းအစတွေအဖြစ် ကွဲကြေသွားတာကြည့်ခြင်းအားဖြင့် ချောက်ကမ်းပါးဘယ်လောက်မြင့်မှန်း သိသာလှ၏။
ရုတ်တရက်...
ဂျန်ဖန်း မှိန်ဖျော့ဖျော့အလင်းထုတ်လွတ်နေသည့် ကျောက်တိုင်တစ်ခုကို တွေ့လိုက်သည်။
ထိုအရာက ကျီရူယွဲ့ပြောသည့်ဟာဖြစ်ရမည်ပင်။
ထို့ပြင် ကျောက်တိုင်ဘေး၌ မည်းနက်သည့်ဂူဝင်ပေါက်တစ်ခုရှိနေခဲ့သည်။
သူ့နှလုံးသား အပြင်းအထန် ခုန်ပေါက်သွား၏။
ထိုအရာက သန္ဓေသားဂူအိမ်တော်ပင်။
သူက အလျှင်အမြန်ပဲ ရှေ့သွားလိုက်သည်။
သို့ပေမယ့် ခြေနှစ်လှမ်းလှမ်းပြီးနောက်, သူ့ခြေထောက် တစ်စုံတစ်ခုကို ခလုတ်တိုက်မိသွားသည်။
အစပိုင်း၌ သူက ကျောက်တုံးတစ်ခုလို့ထင်ခဲ့၏။ ထို့ကြောင့် အများကြီးအာရုံစိုက်မနေပေ။
သို့ပေမယ့် မကြာမီ, တစ်ခုခုမှားနေတာ သတိထားမိလိုက်၏။
ဘောဖိနပ်တစ်လျောက်ကနေတောင် ထိုအရာက အလွန်ပျော့ပျောင်းတာ သူ ခံစားမိ၏။
အလျှင်အမြန်ပဲ မီးထုတ်မြှောက်ကာ သူ့ခြေထောက်အောက်ကိုကြည့်လိုက်သည့်အခါ အံ့အားသင့်သွားခဲ့သည်။
လူတစ်ယောက်၏ခါးလောက်ထူးသည့် ချိန်းကြိုးတစ်ခုဖြင့်ရစ်ပတ်ထားသည့် လူတစ်ယောက်ရှိနေခဲ့သည်။
အနီးကပ်ကြည့်လိုက်သည့်အခါ သူက အနီဝတ်မိန်းခလေးတစ်ယောက်ကို မြင်လိုက်၏။
၁၈ နှစ်အရွယ်လောက်ရှိပြီး အသားအရည်က ဖြူဖွေးချောမွတ်လှ၏။
သူမအသွင်အပြင်က နူးညံ့ကာ, လှပသည့်ဘဲဥပုံသဏ္ဍာန်မျက်နှာလေးက ရင်သက်ရှုမောဖွယ်ရာကောင်းလှသည်။
ခန္ဓကိုယ်အချိုးအစားက ကျက်သရေရှိဆွဲဆောင်မှုရှိပြီး လှပသည့်ကောက်ကြောင်းတွေရှိ၏။
သူမက လှပသည့်မိန်းကလေးတစ်ယောက်ပင်။
သို့ပေမယ့်, သူမအခြေအနေက အတော်ဆိုး၏။
အရိုးများစွာကျိုးနေပြီး နှုတ်ခမ်းမှာလည်း ခြောက်သွေ့နေသည့် သွေးစွန်းရာတွေရှိ၏။
ထို့ပြင် ခန္ဓာကိုယ်က ပါးလွာသည့်နှင်းအလွာတစ်ခုဖြင့် ဖုံးလွမ်းထားခဲ့သည်။
ရှင်းလင်းစွာပင်, သူမ ဤနေရာမှာ လဲလျောင်းနေတာ အချိန်အတော်ကြာပြီဖြစ်သည်။
"သူမဆင်းလာတုန်း ချိန်းကြိုးပြတ်ပြီး ပြုတ်ကျလာတာများလား...."
ဂျန်ဖန်း သုံးသပ်ကြည့်လိုက်သည်။
"ဒါပေမယ့်, ဒီအောက်မှာ ပုံမှန်မဟုတ်တဲ့တစ်ခုခုရှိမှန်း သူမဘယ်လိုသိတာလဲ...."
တစ်ခဏတွေးပြီးနောက်, ဂျန်ဖန်း သူမလည်ပင်ကိုထိပြီး သွေးကြောစစ်ဆေးကြည့်လိုက်သည်။
သူ အံ့အားသင့်သွား၏။
"အသက်ပြင်းလှကြီလား...."
"အသက်ရှင်နေသေးတယ်ပေါ့...."
"သွေးကြောတွေကတော့ အတော်လေးအားနည်းနေတယ်...."
ပတ်ပတ်လည်ရှိ ချိန်းကြိုးအပိုင်းအစတွေက ဤမိန်းခလေး လမ်းတစ်ဝက်ကပြုတ်ကျတာကို ပြသနေ၏။
ဤကဲ့သို့အမြင့်မှပြုတ်ကျတာတောင် အံ့အားသင့်စွာပဲ သူမက မသေသေးပေ။
တော်တော်ကောင်းသည့်ကံပင်။
တစ်ခဏတွေဝေနေပြီးနောက်...
ဂျန်ဖန်း သူမကိုရစ်ပတ်နေသည့် ချိန်းကြိုးကြီးကိုဖယ်ရှားပြီး နှင်းမရှိသည့် ခြောက်သွေးတဲ့ထောင့်တစ်နေရာကို သယ်သွားခဲ့သည်။
သူက သူမနွေးဖို့ မီးမွေးပေးလိုက်သည်။
ထို့နောက် အတော်တွန့်ဆုတ်နေပြီး ပြန်လည်ရှင်သန်ခြင်းဆေးလုံးတစ်လုံး ထုတ်လိုက်သည်။
"ငါကိုယ်တိုင်တောင်မသုံးရသေးဘူး။ မင်းကံကောင်းတယ်မှတ်ပါ..."
ဂျန်ဖန်း မိန်းခလေး၏ပါးစပ်ထဲကို ထည့်ပေးလိုက်သည်။
ပြန်လည်ရှင်သန်းခြင်းဆေးလုံးက တကယ်ကို တန်ဖိုးကြီး၏။
သို့ပေမယ့် မသေမျိုးနတ်ဆေးဆရာ၏ အမွေဆက်ခံသူတစ်ယောက်အနေဖြင့်, သူ့ရှေ့မှာ တစ်စုံတစ်ယောက်သေတော့မှာကို ကြည့်မနေနိုင်ပေ။
နောက်ပိုင်းမှ သူမဆီက လျော်ကြေးတစ်ချို့ပြန်တောင်းဖို့ ဆုံးဖြတ်လိုက်၏။
ပြန်လည်ရှင်သန်ခြင်းဆေးလုံး၏အကျိုးသသက်ရောက်မှုက ဆန်းကြယ်လှ၏။
နှစ်နာရီကြာပြီးနောက်....
သူမသွေးကြောတွေ ပိုအားကောင်းလာပြီး ကျိုးသွားသည့်အရိုးတွေတောင် ပျောက်ကင်းလုနီးပါးပင်။
သို့ပေမယ့် နိုးလာမည့်အရိပ်အယောင်မပြပေ။ ထိုအစား, သူမအမူအရာက နာကျင်သည့်အမူအရာ ပြသလာ၏။
ဂျန်ဖန်း ချက်ချင်း ပြဿနာကို နားလည်လိုက်၏။
"သူမမှာ ပုန်းကွယ်နေတဲ့ ဒဏ်ရာတွေရှိတာလား..."
သပ်သပ်ရပ်ရပ်ဝတ်ဆင်ထားသည့်မိန်းခလေးကိုကြည့်ပြီး ဂျန်ဖန်း ခေါင်းကုတ်လိုက်သည်။
ဒဏ်ရာတွေဘယ်နားမှာဆိုတာ သိရဖို့ သူက သူမအဝတ်အစားတွေကို ချွတ်ရမည်ဖြစ်သည်။
သို့ပေမယ့် ထိုကဲ့သို့ပြုလုပ်တာက အပြစ်လုပ်မိရာရောက်၏။
"အာ, အသက်က ပထမဦးစားပေးပဲ။ မိန်းခလေး, ကျေးဇူးပြုပြီး ငါ့ကို ခွင့်လွတ်ပေးပါ...."
ဂျန်ဖန်း တွေဝေမနေတော့ပဲ သူမကော်လံကြယ်သီးတွေကို ဖြုတ်လိုက်သည်။
သို့ပေမယ့် ကြယ်သီးနှစ်လုံးဖြုတ်ပြီး၊ သူမ၏နှင်းဖြူရောင်ပခုံးရိုးတွေပေါ်လာသည့်အခါ....
ရုတ်တရက် မိန်းခလေးလက် ဂျန်ဖန်းလက်ကောက်ဝတ်ကို ဆုပ်ကိုင်လာပြီး ရေရွတ်လိုက်သည်။
"မဟုတ်ဘူး, မလုပ်နဲ့...."