ပြန်ကောင်းလာခြင်း
Vol. 19 Ch. 269
ဂျန်ဖန်း သူမအဝတ်အစားတွေချွတ်နေတာ သိ၏။
သို့ပေမယ့် သတိမေ့နေဆဲပြီး သတိရမလာသေးပေ။
ဂျန်ဖန်း စိတ်မရှည်စွာဖြင့် သူမလက်ကို ခါထုတ်ပြီး ပြောလိုက်သည်။
"ငါ ဒါကိုလုပ်ချင်တယ်လို့မင်းထင်နေတာလား...."
"ငြိမ်ငြိမ်နေ..."
ထို့နောက် အဝတ်တွေကို ဆက်လက်ချွတ်ပေးလိုက်သည်။
ပင်ကိုယ်ဗီဇအရခုခံနေသော်လည်း သူမလက်တွေ၌ လုံးဝခွန်အားကင်းမဲ့နေခဲ့သည်။
....
အဆုံး၌, ဂျန်ဖန်း အဝတ်အစားတွေကို ဖယ်ရှားပြီးသွားပြီး ခန္ဓာကိုယ်ကို စစ်ဆေးကြည့်လိုက်သည်။
တွေ့လိုက်ရတာကြောင့် အံ့အားသင့်သွား၏။
သူမခန္ဓာကိုယ်က တုန်လှုပ်စရာ အပြင်ပိုင်းဒဏ်ရာတွေဖြင့် ပြည့်နှက်နေခဲ့သည်။
သံချေးတက်သံတိုသံစတွေ ရင်ဘတ်အသားထဲ၌ နက်နက်ရှိုင်းရှိုင်း နစ်ဝင်နေ၏။
ချောက်နံရံကျောက်တုံးတွေကြောင့် ဝမ်ဗိုက်မှာ ရှည်းလျားသည့်ဒဏ်ရာကြီး ဖြစ်နေပြီး ကျောက်စအချို့လည်း စိုက်ဝင်နေခဲ့သည်။
ချွန်ထက်သည့်သစ်စတွေလည်း ပေါင်နှင့် ဝမ်ဗိုက်မှာ ထုတ်ချင်းဖောက်နေခဲ့သည်။
ပြန်လည်ရှင်သန်ခြင်းဆေးလုံးက ဒဏ်ရာတွေကို ကုသနိုင်သော်လည်း...
ဒဏ်ရာထဲမှာ ထိုအရာတွေရှိနေခြင်းက အလျှင်အမြန်ပျောက်ကင်းဖို့ တားဆီးနေခဲ့သည်။
ထိုအရာတွေကြောင့်ပဲ မိန်းခလေး ဤလောက်ထိ မခံမရပ်နိုင်အောင် နာကျင်နေတာဖြစ်သည်။
ဂျန်ဖန်း ဂရုတစိုက်ဖြင့် ထိုအရာတွေကို တစ်ခုပြီးတစ်ခုဖယ်ထုတ်လိုက်၏။ ထို့နောက် ဒဏ်ရာတွေကိုသန့်ရှင်းကာ ပတ်တီးစီးပေးလိုက်သည်။
ပြင်ပအရာဝတ္ထုတွေမရှိတော့တာ သေချာမှ သူမကို အဝတ်ပြန်ဝတ်ပေးလိုက်သည်။
ပြန်လည်ရှင်သန်းခြင်းဆေးလုံး အာနိသင်ပြပြီး ဒဏ်ရာတွေပျောက်ကင်းလာလျှင် မိန်းခလေးအဆင်ပြေပြီဖြစ်သည်။
သူက မိန်းခလေးကို မြေပြင်ပေါ်ချထားလိုက်သည်။
ထို့နောက် သိချင်စိတ်ကိုမထိန်းနိုင်ပဲ ကျောက်တိုင်နားချည်းကပ်သွားခဲ့သည်။
မီးအလင်းရောင်အောက်၌, "သန္ဓေသားဂူအိမ်တော်, မဝင်ရ" ဆိုသည့်စကားလုံးက ရှင်းလင်းစွာ ပေါ်လာခဲ့သည်။
သန္ဓေသားအဆင့် ကျွမ်းကျင်သူထံမှ သတိပေးစာက ဂျန်ဖန်းကို ကျောရိုးတစ်လျှောက် အေးစိမ့်သွားစေခဲ့သည်။
သူက ဘေးနားမှာရှိသည့် ဂူပေါက်ဝကို တွေဝေစွာဖြင့် တစ်ချက်ကြည့်လိုက်သည်။
သန္ဓေသားအဆင့်ကျွမ်းကျင်သူဆိုတာ ဒဏ္ဍာရီလာ ဖြစ်တည်မှုတစ်ခုဖြစ်၏။
သာမန်တိုက်ခိုက်မှုတစ်ခုဖြင့် သူတို့က မြေပြင်ကိုလှန်နိုင်ပြီး ငလျှင်တွေကို ဖြစ်ပေါ်စေနိုင်တာပဲဖြစ်သည်။
ထိုလူသာ ဂူထဲမှာ ထောက်ချောက်တွေထားခဲ့လျှင် ချက်ချင်း အသတ်ခံရမှာဖြစ်၏။
သူက အချိန်အတော်ကြာစဥ်းစားနေခဲ့ပြီး မြေပြင်မှာ ပြန့်ကျဲနေသည့် သံကြိုးအပိုင်းအစတွေကိုကြည့်လိုက်သည်။
ထိုနောက် ကျောက်တိုင်ကိုကြည့်ပြီး သူ့မျက်လုံးထဲမှာ နားလည်သည့်အရိပ်အယောင်တစ်ခု ဖျတ်ကနဲလင်းသွား၏။
သူက ပြတ်ပြတ်သားသားပဲ ဂူဝင်ဝကို သွားလိုက်သည်။
မျှော်လင့်ထားသည့်အန္တရာယ်က ပေါ်မလာခဲ့ပေ။
ထိုအစား....
ကျောက်တုံးတံခါးတစ်ခုက သူ့လမ်းကို ပိတ်ထားခဲ့သည်။
ကျောက်တုံးတံခါး၌ ဂျန်ဖန်းနားမလည်နိုင်သည့်စာလုံးတွေ ထွင်းထုထား၏။
"ထူးဆန်းတယ်, ဒါ ဘာစာတွေလဲ.."
ရုတ်တရက်....
ကြင်လင်ပြတ်သားပြီး နာဝင်ချိုလှသည့် အမျိုးသမီးအသံတစ်ခု သူ့နားထဲမှာ ပေါ်လာခဲ့သည်။
"စာတွေမဟုတ်ဘူး, ရှေးဟောင်းကနုတ်တွေ....."
ထိုရုတ်တရက်အသံက ဂျန်ဖန်းဆံပင်ကို အဆုံးစွန်ထိ ထောင်မတ်သွားစေခဲ့သည်။
ပြတ်ပြတ်သားသားပဲ တံတောင်ဆစ်ကိုနောက်ပြန်လွဲယမ်းပြီး အော်ပြောလိုက်သည်။
"ဘယ်သူလဲ..."
ဒုတ်!
သူ့တံတောင်ဆစ်က ပျော့ပျောင်းသည့်အရာတစ်ခုနှင့်ထိမိသွားတာ ဂျန်ဖန်းခံစားမိလိုက်၏။
အမျိုးသမီးတစ်ယောက်၏ နာကျင်စွာညည်းညူးသံက ချက်ချင်းပဲ ထွက်ပေါ်လာခဲ့သည်။
ဂျန်ဖန်း မီးထုတ်ကို အလျှင်အမြန်ထိုးကြည့်လိုက်တော့ ကြောင်အသွားခဲ့သည်။
"ဘာလို့မင်းလဲ...."
ထိုအရာက သတိမေ့နေသည့် အနီဝတ်မိန်းခလေးမှလွဲပြီး အခြားသူမဟုတ်ပေ။
သူမက ရင်ဘတ်ကိုဆုတ်ကိုင်ထားပြီး ထောင့်နားမှာ ခွေခွေလေးလှဲလျောင်းနေခဲ့သည်။ မျက်နှာ၌ နာကျင်သည့်အမူအရာတစ်ခုနှင့် ညည်းညူနေ၏။
"နင်, ကောင်စုတ်,.... ငါ့ကိုသတ်ဖို့ကြိုးစားနေတာလား...."
ဂျန်ဖန် ရှက်သွားပြီး အလျှင်အမြန်သူ့ဓားရိုးကိုဆန့်ထုတ်ကာ အဝေးမှနေ၍ သူမထနိုင်အောင် ကူညီပေးလိုက်၏။
"တောင်းပန်ပါတယ်....."
"မင်း ဒီလောက်မြန်မြန်ကြီး နိုးလာမယ်လို့ မမျှော်လင့်ထားဘူး...."
ထိုအရာက တကယ်ထူးဆန်း၏။
ပြန်လည်ရှင်သန်းခြင်းဆေးလုံးက အာနိသင်ကောင်းလျှင်တောင် ဤမျှလောက် မြန်မြန်ကြီးတော့ အလုပ်မလုပ်နိုင်ပေ။
တစ်ခုတည်းသောပြောစရာက သူမ၌ ထူးခြားသည့်ရုပ်ခန္ဓာတစ်ခုရှိရမည်ပင်။
ထိုအရာက သူမအလျှင်အမြန်နိုးထလာရသည့်အကြောင်းအရင်းဖြစ်နိုင်၏။
ဂျန်ဖန်းကို ပဟေဠိဖြစ်သွားစေဆုံးက သူမက သူ့နောက်ကို လုံးဝသတိမထားမိစေပဲ ဘယ်လိုလုပ်ရောက်လာရသနည်း။
သူ ကျောက်တံခါးပေါ်က အညွှန်းပေါ် အာရုံစိုက်သွားလို့လား?....
အနီဝတ်မိန်းခလေး သူ့ဓားရိုးကို ဒေါသတကြီးရိုက်ထုတ်ပြီး သူမ၏ငွေရောင်သွားလေးတွေကို အံ့ကြိတ်လိုက်သည်။
"ငါ နင့်အကူအညီမလိုဘူး..."
"နင်မှာ ရိုးသားမှု လုံးဝမရှိဘူး..."
ဂျန်ဖန်း သူ့နှာခေါင်းကိုထိပြီး ဓားပြန်သိမ်းကာ ပြောလိုက်သည်။
"မင်းက ကောင်းလားဆိုလား ငါဘယ်လိုလုပ်သိမှာလဲ...."
"အခြေအနေအရ အကွာအဝေးတစ်ချို့ ထိန်းထားရုံပါ..."
အနီဝတ်မိန်းခလေး ဒေါသတကြီး လက်သီးဆုပ်လိုက်သည်။
"ဟုတ်ပါတယ်, ဟုတ်ပါတယ်, နင်က လူကောင်းပါ...."
"ငါ့ကိုကိုယ်လုံးတီးချွတ်ပြီး ခန္ဓာကိုယ်အနှံ့လိုက်ကိုင်တဲ့ တကယ့်လူကောင်းတစ်ယောက်ပါ...."
ဒါက....
ကြည့်ရတာ အစောပိုင်းကတည်းက သူမအသိအချို့ရှိခဲ့ပုံရ၏။
ဂျန်ဖန်း ခြောက်ကပ်ကပ်ချောင်းဆိုးလိုက်ပြီး ပြောလိုက်သည်။
"အရေးကြီးတဲ့အချိန်မှာ အရေးကြီးသလိုလုပ်ရမှာပဲ။ ငါ့မှာ ထိခိုက်စေလိုစိတ် မရှိပါဘူး...."
အနီဝတ်မိန်းခလေး ခုချိန်ထိနာကျင်နေဆဲဖြစ်သည့် သူမရင်ဘတ်ကိုပွတ်ကာ ဒေါသတကြီးပြောလိုက်သည်။
"ငါ့ကိုကယ်ခဲ့လိုသာမဟုတ်လျှင် ခုလောက်ဆို နင့်ကို ဆုတ်ဖြဲပြီးနေပြီ...."
ဂျန်ဖန်း ပြောစရာစကားကင်းမဲ့သွား၏။
ဤမိန်းခလေးက အမှန်တကယ် ကျေးဇူးကန်း၏။
သူက သူမအသက်ကိုကယ်ခဲ့ပေမယ့် လုံးဝကျေးဇူးမတင်သည့်အပြင် ဤကဲ့သို့သဘောထားမျိုးရှိနေခဲ့သည်။
သူက သူမနှင့် ငြင်းခုန်ရမှာပြင်း၍ ကျောက်တံခါးပေါ်က ကနုတ်တွေကို ဆက်လက်စစ်ဆေးလိုက်သည်။
အနီဝတ်မိန်းခလေးလျှောက်လာပြီး ကျောက်တံခါးပေါ်ရှိကနုတ်တွေကိုကြည့်ကာ ပြောလိုက်သည်။
"ဒါတွေက အစီအရင်ကနုတ်တွေ။ ဒါကိုဖွင့်ဖို့ဆို နင်က အစီအရင်ကျွမ်းကျင်မှရမှာ...."
"ဘေးဖယ်, ငါအစီအရင်ချိုးဖြတ်ပေးမယ်..."
အို?...
အစီအရင်?...
ထိုအတတ်ပညာက အတော်ရှုပ်ထွေးပြီး နားလည်ရခက်၏။ ကျွမ်းကျင်အဆင့်ကို ရောက်ဖို့ဆိုလျှင် အနည်းငယ် ၁၀ နှစ်ယောက်အချိန်ယူရမည်ဖြစ်သည်။
ဤမိန်းခလေးက အသက်ဘယ်လောက်ရှိသေးလို့နည်း။
သူမက အစီအရင်ကို နားလည်သည်လား....
အနီဝတ်မိန်းခလေး ကျောက်တံခါးရှေ့မှာမတ်တပ်ရပ်ပြီး မတူညီသည့်ကနုတ်တွေကို ညွှန်ပြနေခဲ့သည်။
သူမက လူကြီးဆန်ဆန်ပြောလိုက်သည်။
"ငါက လူတွေအပေါ်ကျေးဇူးကျွေးတင်ရတာ မကြိုက်ဘူး...."
"ဒါကြောင့် ငါတို့အထဲဝင်တဲ့အခါ နင်အရင်ဆုံးတစ်ခုရွေးပါ...."
ဂျန်ဖန်း ရယ်လိုက်၏။
ဤအသက်အရွယ်ဖြင့် သူမက ဘယ်လောက်သန်မာနိုင်မှာမို့လို့နည်း။
ထို့ပြင် ခုလေးမှ ဒဏ်ရာတွေကုသပြီးရာ ခွန်အားအများကြီးရှိအုန်းမည်မဟုတ်ပေ။
သူလိုချင်တာယူဖို့ ဘာကြောင့် သူမခွင့်ပြုချက်လိုအပ်မည်နည်း။
သို့ပေမယ့် သူမက သူ့ထင်သလောက် မဆိုးပေ။
အနည်းဆုံးတော့ ကျေးဇူးတရားကို သိသေး၏။
သူက သာမန်ကာဆန်ကာ ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီလေ, ဒါကိုဆေးကုခလို့သဘောထားလိုက်မယ်...."
အနီဝတ်မိန်းခလေး မျက်လုံးလှန်လိုက်ပြီး သာမန်အတိုင်းမေးလိုက်သည်။
"စောနက ငါ့ဒဏ်ရာတွေကို နင် ဘယ်လိုကုလိုက်တာလဲ...."
သူမက သူမဒဏ်ရာတွေကို ကောင်းကောင်းနားလည်၏။
အရိုးများစွာကျိုးနေခြင်းနှင့် ပြင်ပဒဏ်ရာတွေက ကိုယ်တွင်းအင်္ဂါထိခိုက်မှုနှင့်ယှဥ်လျှင် ဘာမှမဟုတ်ပေ။
သူမက သေတော့မည်ဟုထင်ခဲ့၏။
ထူးဆန်းစွာပဲ ရှေ့ရှိလူငယ်လေးက သူမကို ကယ်တင်ခဲ့သည်။
သူဘယ်လိုလုပ်ခဲ့လဲဆိုတာ သူမက အတော်သိချင်နေ၏။
သူမက ပြန်လည်ရှင်သန်ခြင်းဆေးလုံးအကြောင်း အတည်ပြုဖို့ကြိုးစားနေတာ ဂျန်ဖန်း ပြောနိုင်၏။
ထိုအရာက သူသာမန်အတိုင်းပြောနိုင်သည့်အရာ မဟုတ်ပေ။
ထို့ကြောင့်, အမူအရာကင်းမဲ့စွာဖြင့်ပြောလိုက်သည်။
"ဒီလိုပါပဲ, ဟိုလုပ်ဒီလုပ်နဲ့ပြီးသွားတာပဲ...."
အနီဝတ်မိန်းခလေး ခေါင်းလှည့်လာပြီး သူ့ကို စိုက်ကြည့်လိုက်သည်။
"နင်က အသက်ငယ်ပေမယ့် ၈၀အရွယ်အဖိုးကြီးထက်တောင် ဉာဏ်နီဉာဏ်နက်ပိုများသေးတယ်..."
သူမရှေ့က လူငယ်လေးက အသက်ငယ်ငယ်အမျိုးသားတစ်ယောက်ဆိုတာ သိသာလှ၏။
သို့ပေမယ့် သူနှင့်ရင်ဆိုင်ရတာ တော်တော်စိတ်ပင်ပန်းရ၏။
ဂျန်ဖန်း မျက်လုံးလှန်လိုက်၏။
"မင်းကပဲ အသက်ပိုကြီးသလိုလိုနဲ့...."
အနီဝတ်မိန်းခလေး ဒေါသတကြီးပြန်ပြောလိုက်သည်။
"ငါ..."
သူမအထောက်အထားကိုထုတ်ပြောချင်ပေမယ့် ပြန်စဥ်းစားလိုက်သည်။ သူမက ဒဏ်ရာအပြည့်အဝပြန်မကောင်းသေးသည်ဖြစ်ရာ မလိုလားအပ်သည့်ပြဿနာတွေ ဖြစ်လာနိုင်၏။
ထို့နောက် စိတ်တိုစွာ ပြောလိုက်သည်။
"နင့်ကိစ္စနင် စိတ်ဝင်စားစမ်းပါ...."
"ဟုတ်သားပဲ, ငါ့နာမည်က... ယွဲ့မင်ကျူး, နင့်နာမည်ကကော...."
ယွဲ့မင်ကျူး?....
ဂျန်ဖန်း မနေနိုင်ပဲ ရေရွတ်လိုက်သည်။
"ချန်ဟိုင်ပင်လယ်မှာ, လမင်းရဲ့ပုလဲလုံး ငိုကြွေးနေတယ်...."
"အတော်ကဗျာဆန်တဲ့နာမည်ပဲ...."
"ငါနာမည်က ဂျန်ဖန်းပါ..."
ယွဲ့မင်ကျူး ခိုးရယ်လိုက်၏။
"ဂျန်ဖန်း?, တကယ်ရိုးရှင်းတဲ့နာမည်ပဲ...."
ဂျန်ဖန်းမျက်နှာ တင်းမာသွားပြီး နှာမှုတ်လိုက်သည်။
"အဓိပ္ပာယ်မရှိတာတွေ ပြောမနေနဲ့တော့။ မင်း ဒါကို ဖွင့်နိုင်လား မဖွင့်နိုင်ဘူးလား..."
ဒီမိန်းခလေးက စိတ်ပျက်ဖို့အတော်ကောင်း၏။
ယုံကြည်မှုရှိသည့်အပြုံးတစ်ခုဖြင့် ယွဲ့မင်ကျူး ပြောလိုက်သည်။
"အေးဆေးပါ..."
ထို့နောက် သူမလက်တွေကို အလျှင်အမြန် လှုပ်ရှားပြီး မတူညီသည့်ကနုတ်တွေကို တိကျတဲ့အစီအစဥ်အတိုင်း ထိလိုက်သည်။
ဂျန်ဖန်း ကျောက်နံရံကိုမှီပြီး ကျောက်တံခါးပတ်ဝန်းကျင်ကို လေ့လာနေခဲ့သည်။
သူက တွေးဆပြီး ပြောလိုက်သည်။
"ကျောက်တံခါးပွင့်လာရင်, စက်ယန္ဒယားတွေကို သတိထားပါ..."
ယွဲ့မင်ကျူးမျက်ခုံးတွေ မြင့်တက်သွား၏။
"နင်က အရမ်းသတိထားလွန်းနေတာမဟုတ်ဘူးလား...."
"ဒီဂူအိမ်တော်တည်ရှိနေတာ အနည်းရှုံး နှစ်တစ်ရာလောက်ရှိပြီး။ အထဲမှာ စက်ယန္ဒယားတွေရှိရင်တောင် တိုက်စားခံရပြီး အလုပ်မလုပ်လောက်တော့ဘူး...."
ပြောပြီးသည်နှင့်....
သူမလက်ချောင်းကို နောက်ဆုံးကနုတ်ပေါ် ဖိချလိုက်သည်။
ခရက်....
ကျောက်တံခါး ချက်ချင်းတုန်ခါပြီး ပွင့်လာခဲ့သည်။
ဂျန်ဖန်းအမူရာ ပြောင်းလဲသွား၏။
အလျှင်အမြန်ပဲ ယွဲ့မင်ကျူးကို သူ့ရင်ခွင်ထဲဆွဲသွင်းကာ နံရံနှင့်ဖိကပ်ထားလိုက်သည်။
ယွဲ့မင်ကျူး ရုတ်တရက် နံရံနှင့် ကျယ်ပြန်သည့်ရင်ဘတ်ကြား ပိတ်မိသွား၏။ ရှက်ရွံ့စွာဖြင့် ဒေါသတကြီး ခြေဆောင့်လိုက်သည်။
"နင်, နင်အတင့်ရဲလိုက်တာ...."
သို့ပေမယ့် ထိုအခိုက်အတန့်၌...
ဖွင့်လာသည့်ကျောက်တုံးတံခါးမှ စက်ယန္ဒယားလည်ပတ်သံ ထွက်ပေါ်လာခဲ့သည်။