ရမ္မက်ဂိုဏ်း ဂိုဏ်းချုပ်ကို သင်ကြားပေးခြင်း
Vol. 19 Ch. 270
ချက်ချင်းပဲ....
မြှားပစ်သံတွေ လေထဲကိုထိုးခွဲလာခဲ့သည်။
မရေမတွက်နိုင်သည့်အဆိပ်မြားတွေ မိုးရွာသလို ပစ်လွတ်လာ၏။
ဂူအပြင်ဘက်နှင်းပေါ်ကျသွားသည်နှင့် ချက်ချင်းပဲ အဖြူရောင်နှင်းတွေ မဲနက်နေအောင်တိုက်စားခံလိုက်ရသည်။
သူတို့နှစ်ယောက် နံရံမှာကပ်နေသည့်အတွက် မြှားအများစု ဘေးကဖြတ်သွားပြီး တစ်ချောင်းသာ ဂျန်ဖန်းခါးကို ထိမှန်သွား၏။
.....
ယွဲ့မင်ကျူး နောက်ဆုံးမှာတော့ ဂျန်ဖန်း သူမကို ကယ်လိုက်တာ နားလည်သွားခဲ့သည်။
အပြင်ဘက်ရှိ တိုက်စားခံထားရသည့် နှင်းပြင်ကျယ်ကြီးကိုကြည့်ပြီး တောင်းပန်လိုက်၏။
"စောနက... ငါ နင့်ကို နားလည်မှုလွဲသွားတယ်..."
ဂျန်ဖန်း နောက်ထပ်ထောင်ချောက်တွေမရှိတော့တာ အတည်ပြုပြီးမှ သူမကို လွတ်ပေးလိုက်သည်။
ထို့နောက် သူ့ခါးရှိမြှားကို အားဖြင့် ဆွဲနှုတ်လိုက်၏။
အင်္ကျီမကြည့်လိုက်သည့်အခါ ငွေရောင်ချပ်ဝတ် မြှားခေါင်း၏တိုက်စားမှုကြောင့် ချိုင့်ဝင်သွားခဲ့သည်။
ထိုအရာက ဖောက်ထွက်ပြီး သူ့အရေပြားကို ရောက်လုနီးပါးပင်။
ထိုအရာကိုမြင်သည့်အခါ, ယွဲ့မင်ကျူး ပိုလို့တောင် အပြစ်ရှိသလိုခံစားရပြီး မျက်နှာနီရဲသွား၏။
"ငါ့ကို ကယ်ပေးဖို့ ကျေးဇူးပါ..."
ဂျန်ဖန်း ဒေါသတကြီးအမူအရာဖြင့် သူမနဖူးကို လက်ညိုးဖြင့်ထိုးပြီး သင်ကြားပေးသည့်လေသံဖြင့်ပြောလိုက်သည်။
"မင်းအကြီးအကဲတွေက မင်းကို ဘာတွေသင်ပေးထားတာလဲ...."
"မင်းမှာ သတိဆိုတာ လုံးဝ မရှိဘူးလား...."
ယွဲ့မင်ကျူး သူမနဖူးကိုလက်ဖြင့်ကာပြီး မျက်လုံးတွေက ပြူးကျယ်နေခဲ့သည်။
"နင်က ငါ့ကိုထိရဲတယ်ပေါ့၊ ဆူတောင်ဆူလိုက်သေးတယ်။ ငါက ဂုဏ်ယူရ...."
သူမက သူမကိုယ်သူမ အချိန်မှီရပ်တန့်လိုက်၏။
သူမက သူမအထောက်အထားကို ထုတ်ဖော်မိလုနီးပါးပင်။
"မင်းက လက်မခံချင်သေးဘူးပဲ...."
ဂျန်ဖန်း ဒေါသထွက်လာပြီး, သူမလက်ကိုဖယ်ကာ နဖူးကို နောက်တစ်ကြိမ်လက်ညိုးဖြင့်ထိုးလိုက်သည်။
"ကံကောင်းလို့, အစောကဟာတွေက မြှားတွေဖြစ်နေလို့။ သဲဗွက်တွေ, အဆိပ်ငွေ့တွေ၊ ပေါက်ကွဲစေတဲ့အဆောင်တွေဖြစ်နေရင် ဘယ်လိုလုပ်မလဲ...."
"ငါတို့နှစ်ယောက်လုံး ဒီမှာ သေသွားလိမ့်မယ်...."
ယွဲ့မင်ကျူး အလွန်ဒေါသထွက်သွားပြီး အသက်ပြင်းပြင်းရှူလိုက်သည်။
ဒီကောင်စုတ်, ဘယ်လိုတောင်လုပ်ရဲတာလဲ....
သူက ငါ့ကို ဆူရတာ စွဲနေတာလား....
သူမက ဒေါသတကြီးပြောလိုက်သည်။
"ဒီလိုဂူအိမ်တော်အဟောင်းထဲမှာ ထောက်ချောက်တွေအသက်ဝင်နေသေးမှန်း ငါဘယ်လိုလုပ်သိမှာလဲ...."
"ပြန်ပြောနေတုန်းပေါ့..."
ဂျန်ဖန်း သူမနဖူးကို နောက်တစ်ကြိမ်ထပ်ထိုးလိုက်သည်။
"ဦးနှောက်သုံးလေ...."
"သန္ဓေသားအဆင့် ကျင့်ကြံသူတွေက လေပေါ်ပျံနိုင်ကြတယ်။ ဘာလို့ ချောက်ကမ်းပါးပေါ်တက်ဖို့ သံချိန်းကြိုးတွေလိုမှာလဲ...."
အာ.....
စီးပိုးပုံပေါ်သည့် ယွဲ့မင်ကျူး နေရာတင်ပဲ အေးခဲသွား၏။
ထိုမေးခွန်းက သူမကိုအကျပ်ရိုက်သွားစေ၏။
"ပြီးတော့, အဝင်ဝကျောက်တိုင်က သတိပေးစာက သန္ဓေသားကျင့်ကြံသူ ထားခဲ့တာလို့ မင်းထင်လား...."
"လက်တစ်ချက်ဝှေ့ယမ်းရုံနဲ့ အပြင်လူတွေမဝင်နိုင်ရောင် တားနိုင်တဲ့နည်းတွေ သူ့မှာ အများကြီး...."
"ဘာလို့ အခြားလူတွေကိုသတိပေးဖို့ ဆိုင်းဘုဒ်ထောင်နေစရာလိုမှာလဲ...."
ဂျန်ဖန်း သူမခေါင်းကို ခေါက်ပြီး စိတ်ဆိုးမာန်ဆိုးပြောလိုက်သည်။
ယွဲ့မင်ကျူး စိတ်ထဲမှ အပြစ်ရှိစိတ်က မွှေနှောက်နေခဲ့သည်။
သူမက ဤနေရာရှိ သန္ဓေသားဂူအိမ်တော်ကိုပဲ အာရုံစိုက်နေသည်ဖြစ်၍ ထိုအချက်တွေကို လျစ်လျူရှုမိသွားခဲ့သည်။
သန္ဓေသားကျင့်ကြံသူဆိုတာ ဘယ်လိုတည်ရှိမှုမျိုးနည်း။
သူတို့မျက်လုံးထဲ၌ အမြုတေဖွဲ့စည်းခြင်းအဆင့်ဆိုတာ ပုရွက်ဆိတ်တွေလိုပင်။
ပုရွက်ဆိတ်ကိုသတိပေးဖို့ ဆိုင်းဘုဒ်ထောင်ထားစရာလိုမည်လား....
ထို့ပြင် သံချိန်းကြိုးကို စဥ်းစားမိတော့....
ကြည့်ရတာ ဤသန္ဓေသားဂူအိမ်တော်ကို ရှာတွေ့တာ တစ်ယောက်ထက်မကပုံပေ။
သူတို့က လူတွေကိုခြောက်လန့်ပြီး ဤနေရာကိုလက်ဝါးကြီးအုပ်ဖို့ ကျောက်တိုင်ထားသွားတာဖြစ်သည်။
ထို့ပြင်, ထိုလူက အခြားလူတွေစူးစမ်းရှာမှကာကွယ်ဖို့ သဘာဝအတိုင်း ဂူထဲမှာ ထောက်ချောက်ဆင်သွားတာပဲဖြစ်သည်။
ထိုအရာကိုတွေးပြီး ယွဲ့မင်ကျူး ရှက်သွား၏။
အဆုံးမှာတော့ သူမက လူငယ်လေးတစ်ယောက်လောက်တောင် ရှင်းရှင်းလင်းလင်းမမြင်နိုင်ခဲ့ပေ။
ဂျန်ဖန်း စိတ်ပျက်သည့်မျက်နှာဖြင့် မေးလိုက်သည်။
"မင်းအမှားကို မင်းသိပြီလား..."
ယွဲ့မင်ကျူး အနည်းငယ်အပြစ်ရှိသလို ခံစားရပြီး ပြောလိုက်သည်။
"သိပါပြီ..."
သူမမျက်နှာ နီရဲသွား၏။
ယခု သူမက သူမအထောက်အထားကို ထုတ်ဖော်လို့မရပေ။
သူမလို ဂုဏ်သရေရှိရမ္မက်ဂိုဏ်းချုပ်က ဂျူနီယာတစ်ယောက် ဆူပူတာကို ခံနေရသည်။ ထို့ပြင် ဆူပူမှုက လုံးဝ အဓိပ္ပာယ်ရှိနေ၏။
ထိုအရာသာ အပြင်ပျံ့သွားလျှင် သူမ သေချာပေါက် အရှက်ကွဲပြီပင်။
နောက်ဆုံး သူမလက်လျော့တာမြင်တော့ ဂျန်ဖန်း သူမနှင့်အတူ ဂူထဲဝင်သွားခဲ့သည်။
မဟုတ်လျှင်, သူမနောက်တစ်ချိန်စကားနားမထောင်လို့ ထောက်ချောက်အချို့ထဲပိတ်မိသွားလျှင် ဘာတွေဖြစ်မည်ဆိုတာ မည်သူမှမသိနိုင်ပေ။
"ငါ့ခွင့်ပြုချက်မရပဲ, အထဲက ဘာကိုမှ လျှောက်မထိနဲ့...."
ဂျန်ဖန်း နူးညံ့သည့်အမူအရာဖြင့် သူမကို သတိပေးလိုက်သည်။
ယွဲ့မင်ကျူး ရှုံ့မဲ့ပြလိုက်သည်။
"နားလည်ပါတယ်...."
ဤသို့ဖြင့်, နှစ်ယောက်သား ခေတ်ကာလ ဘယ်လောက်ကြာကြာ ပိတ်ထားမှန်း မသိသည့် ဂူထဲကို တစ်ယောက်ပြီးတစ်ယောက်ဝင်သွားကြသည်။
သူတို့ဝင်လိုက်သည်နှင့်....
ဂျန်ဖန်း ချက်ချင်းပဲ သေသေချာချာပြုလုပ်ထားသည့် ဒူးလေးကုတင်တစ်ခုကို သတိထားမိလိုက်သည်။
အစောပိုင်း အဆိပ်မြှား ၅၀ ကျော်ပစ်လွတ်လာတာ ဤဒူးလေးကုတင် ဖြစ်ရမည်ပင်။
ဂျန်ဖန်းကို ထိတ်လန့်သွားစေတာက....
ဒူးလေးကုတင် အခြားတစ်ဖက်၌, ခြောက်သွေ့သည့်အလောင်းကောင်တစ်ခု လဲလျောင်းနေခဲ့သည်။
ခန့်မှန်းကြည့်လျှင် ထိုလူသေသွားတာ နှစ် ၂၀၊ ၃၀ လောက်တော့ရှိရမည်ပင်။
ဂျန်ဖန်း တွေးလိုက်သည်။
"ဒီလူက ဒီဂူအိမ်တော်ကို သိမ်းပိုက်ခဲ့တဲ့လူထင်တယ်..."
"သေသွားတာတောင်, ဒူးလေးကုတင်ဘေးမှာလဲပြီး အပြင်လူတွေ ဝင်လာမှာကို မလိုလားဘူးဖြစ်နေတယ်...."
"တော်တော် ဥစ္စာခြောက်တာပဲ...."
ရုတ်တရက်...."
ဂျန်ဖန်း ခြောက်သွေ့နေသည့်အလောင်းကောင်ညာဘက်လက်ဝါးထဲ၌ ဝါးစာလိပ်တစ်ခုကို သတိထားမိလိုက်သည်။
ပေါ်နေသည့်ထောင့်စွန်းလေး၌, "မြေကမ္ဘာအဆင့်နည်းစနစ်"ဆိုတာကို မှိန်မှိန်လေးမြင်နိုင်တာပဲဖြစ်သည်။
ယွဲ့မင်ကျူးလည်း သတိထားမိပြီး, သူမမျက်ခွံ့တွေကျုံ့သွား၏။
သို့ပေမယ့် သူမက အရမ်းကာရော မလှုပ်ရှားပေ။
ဂျန်ဖန်း ခေါင်းလှည့်ပြီး အံ့အားသင့်စွာ ပြောလိုက်သည်။
"အို?, မင်းက မတုံးသေးဘူးပဲ..."
ယွဲ့မင်ကျူး ပါးစပ် တွန့်လိမ်သွား၏။
ကျောက်တံခါးအပြင်ဘက်၌ သူမ ဂရုမမူမိဖြစ်တာဖြစ်သည်။ ထိုအရာက သူမ အတွေ့အကြုံမရှိတာမဟုတ်ပေ။
သူက တကယ်ပဲ သူမကို အတွေ့အကြုံမရှိသည့်ကလေးမလေးဟု ထင်နေသည်လား?...
သူမက လှောင်ပြောင်စွာ ပြောလိုက်သည်။
"ဒါ ထောင်ချောက်ဆိုတာ အသိသာကြီးပဲ...."
"ဒီလိုအရေးပါတဲ့မြေကမ္ဘာအဆင့်ကျင့်ကြံရေးနည်းစနစ်ကို ဘယ်လိုလုပ် လက်ထဲမှာ ပေါ့ပေါ့ဆဆ ကိုင်ထားမှာလဲ...."
"ဒါ့ပြင်, 'မြေကမ္ဘာအဆင့်နည်းစနစ်'ဆိုတဲ့ စကားလုံးတွေ ပေါ်နေတာကလည်း တိုက်ဆိုင်လွန်းမနေဘူးလား...."
"ဒါသက်သက် လူတွေကို ထောက်ချောက်ထဲများခေါ်ဖို့ပဲလေ..."
ဂျန်ဖန်း ခေါင်းညိတ်ပြီး သဘောကျသည့်အမူအရာပြသလာ၏။
"မင်းတိုးတက်လာပြီပဲ...."
ယွဲ့မင်ကျူး မျက်လုံးလှန်လိုက်သည်။
"နင့်ရဲ့ချီးကျူးမှုအတွက် ကျေးဇူးပါ..."
ပြောပြီးနောက် သူမက ဒူးလေးကုတင်ကိုဖြတ်ကျော်ပြီး ခြောက်သွေ့သည့်အလောင်းကောင်နားချည်းကပ်သွားခဲ့သည်။
ဂရုတစိုက်ဆောင့်ကြောင့်ထိုင်လိုက်ပြီး အကြည့်တွေက ဝါးစာလိပ်ပေါ် စွဲမြဲစွာကြည့်နေခဲ့သည်။
သူမက အလျှင်အမြန်ပဲ ပါးလွာသည့်စတီးကြိုးတစ်ခုကို သတိထားမိလိုက်၏။ အစွန်းတစ်ဖက်က ဝါးစာလိပ်ကိုချိတ်ထားပြီး အခြားတစ်ဖက်က အလောင်းခြေထောက်အောက်မှာရှိနေခဲ့သည်။
ထို့နောက် မြေပြင်ပေါ်ဝပ်လိုက်ပြီး ခြေထောက်အောက်အဟကြားမှ ကြည့်လိုက်သည်။
သူမက လှောင်ရယ်လိုက်သည်။
"ထင်ထားတဲ့အတိုင်းပဲ, ပေါက်ကွဲအဆောင်တစ်ခုရှိနေတာပဲ...."
"ဝါးစာလိပ်ယူဖိုကြိုးစားတဲ့ဘယ်သူမဆို စတီးကြိုးကိုဆွဲမိပြီး အဆောင်စာရွက်ကို အသက်သွင်းမိလိမ့်မယ်...."
"အဲ့ဒီအခါ, ဂူအိမ်တော်တစ်ခုလုံး ပြိုကျသွားမှာ...."
"ဂူထဲဝင်တဲ့သူတိုင်းလည်း သူနဲ့အတူ မြုပ်နှံခံရလိမ့်မယ်...."
"တော်တော်ယုတ်မာတဲ့စိတ်ဓာတ်ပဲ...."
ဂျန်ဖန်း မျက်လုံးထဲမှာ သဘောကျသည့်အမူအရာတွေပြသလာ၏။
ဤမိန်းခလေးက သဘောပေါက်လွယ်ပြီး ကြည့်ရတာ သူ သူမကို လျော့တွက်မိပုံပင်။
ဂျန်ဖန်းကို ပိုအံ့အားသင့်သွားစေတာက...
ဤကဲ့သို့ထောင်ချောက်ကိုကိုင်တွယ်ရာ၌ မိန်းခလေး၏ ကြွယ်ဝပြတ်သားသည့်ကျွမ်းကျင်မှုပင်။
သူမက စတီးကြိုကို လက်တစ်ဖက်ဖြင့်ကိုင်ထားပြီး ပေါက်ကွဲအဆောင် အသက်ဝင်လာခြင်းမှာ ကာကွယ်လိုက်၏။
ထို့နောက် အခြားလက်တစ်ဖက်ဖြင့် သာမန်အတိုင်း အလောင်းကို လွင့်ပျံသွားစေကာ ကျောက်နံရံနှင့်ထိမှန်ပြီး အပိုင်းပိုင်းဖြစ်သွားခဲသည်။
ဤသို့ဖြင့် ပေါက်ကွဲအဆောင် ထွက်ပေါ်လာခဲ့သည်။
"တကယ်ပဲ ပေါက်ကွဲအဆောင်က အမြုတေဖွဲ့စည်းခြင်းအဆင့် ၉ ရဲ့ တိုက်ခိုက်မှုနဲ့ ညီမျှတာပဲ..."
ယွဲ့မင်ကျူး အဆောင်၏စွမ်းအားကိုမြင်သည့်အခါ သူမ၏နူးညံ့သည့်မျက်နှာလေး၌ စိတ်လှုပ်ရှားသည့်အမူအရာ ပေါ်လာခဲ့သည်။
အလျှင်အမြန်ပဲ စတီးကြိုးကိုဖြတ်ကာ အဆောင်စာရွက်ကို အသက်မဝင်အောင်လုပ်လိုက်သည်။
သူမမျက်နှာ၌ ပျော်ရွင်မှုတွေ အပြည့်ပင်။
အမြုတေဖွဲ့စည်းခြင်းအဆင့် ၉ စွမ်အားရှိသည့် ပေါက်ကွဲအဆောင်စာရွက်က ဂိုဏ်း ၉ ဂိုဏ်းမှ မည်သည့်ဂိုဏ်းချုပ်မဆို ခုခံဖို့ ခက်ခဲမည်ဖြစ်သည်။
ဤအရာရှိခြင်းက သေစေနိုင်သည့်လက်နက်တစ်ခုရှိတာနှင့် ညီမျှ၏။
"ဂျန်ဖန်း, ဒီတစ်ခုငါ့ကိုပေး။ နင်က နောက်ထပ်ပစ္စည်းနှစ်ခုရွေးလိုက်... ဘယ်လိုသဘောရလဲ....."
ယွဲ့မင်ကျူး, အဆောင်စာရွက်ကို တယုတယကိုင်ထားပြီး ဂျန်ဖန်းကို ညှိနှိုင်းသည့်အကြည့်ဖြင့်ကြည့်လိုက်သည်။
မူလတုန်း၌ သူမက ဂျန်ဖန်းကို အရင်ဆုံးပစ္စည်းတစ်ခုရွေးခိုင်းမည်ဟု ကတိပေးခဲ့သည်။
သို့ပေမယ့် ယခု, ပထမဆုံးရတနာကို သူမယူမည်ဟုပြောနေသဖြင့် အနည်းငယ်ရှက်သွားခဲ့သည်။
"ပြဿနာမရှိပါဘူး...."
ဂျန်ဖန်း အလျှင်အမြန်ပဲ သဘောတူလိုက်သည်။
ဤကဲ့သို့ ဟန့်တားနိုင်သည့်အဆောင်စာရွက်တွေက တစ်ခုဆိုလုံလောက်ပြီဖြစ်သည်။ အပိုရှိလျှင်လည်း ဘာမှထပ်ပြီး တန်ဖိုးရှိမည်မဟုတ်ပေ။
ထို့ပြင် သူ့လက်ထဲရှိ အဆောင်စာရွက်တွေ၌, သန္ဓေသားကျောက်စိမ်းအဆောင်က...
ဤပေါက်ကွဲအဆောင်ထက် အဆများစွာ ပိုတန်ဖိုးရှိ၏။
နောက်ထပ်ရတနာနှစ်ခုနှင့် လဲလှယ်နိုင်ခြင်းက သံသယရှိစရာမလိုအောင် အကျိုးရှိ၏။
ရုတ်တရက်...
ဂျန်ဖန်း မျက်လုံးထောင့်ကနေ မှိန်ဖျော့ဖျော့ အစိမ်းရောင်အလင်းတန်းတစ်ခုကို သတိထားမိလိုက်သည်။
ကြည့်လိုက်သည့်အခါ...
ထိုအရာက ကျိုးပဲ့သွားသည့်အလောင်းကောင်ထဲမှ ထုတ်လွတ်နေတာကို မြင်လိုက်၏။
၎င်း၏ဝမ်းဗိုက်၌ အရေပြားကိုဖြတ်ပြီး ရေးတေးတေး လင်းလက်နေတာဖြစ်သည်။
ဂျန်ဖန်း နှလုံးသား ခုန်ပေါက်သွား၏။
ဤလူက ဂူထဲရှိရတနာတွေကို သူ့အသက်သွေးကြောကဲ့သို့သဘောထားသည့်အတွက် သေလျှင်တောင် အခြားလူတစ်ယောက်ကို ပိုင်ဆိုင်စေချင်မည်မဟုတ်ပေ။
ထို့ကြောင့် မသေခင် ရတနာကို ဘယ်နေမှာ ဝှက်ထားခဲ့မည်နည်း?....
ဝမ်ဗိုက်ထဲက အစိမ်းရောင်အလင်းတန်းကိုစိုက်ကြည့်ပြီး....
သူ့နှလုံးသားတွေ ခုန်ပေါက်လာခဲ့သည်။