အကြံအစည်ပေါင်းသောင်းခြောက်ထောင်
Vol. 19 Ch. 271
သံသယရှိစရာမလိုပေ။
ဗိုက်ထဲမျိုချခြင်းက ဖုံးကွယ်ဖို့အကောင်းဆုံးနည်းလမ်းပင်။
အဘယ်ကြောင့်ဆိုသော် လူတစ်ယောက် ထိုမျှလောက်ထိလောဘကြီးမည်သူ မည်သူမှထင်မှာမဟုတ်သောကြောင့်ပင်။
သေသွားတာတောင် ရတနာကို ဗိုက်ထဲမျိုးချခဲ့သေး၏။
ထိုအရာက ဂူတစ်ခုလုံးမှာ တန်ဖိုးအရှိဆုံးရတနာဖြစ်နိုင်၏။
သူက ရှေ့တက်သွားဖို့ အလွန်စိတ်အားထက်သန်နေခဲ့သည်။
သို့ပေမယ့် သူ့ကိုယ်သူထိန်းထားလိုက်သည်။
အဘယ်ကြောင့်ဆိုသော်, ဘေးမှာ ယွဲ့မင်ကျူး ရှိနေသောကြောင့်ပင်။
....
မည်သည့်လှုပ်ရှားမှုမဆို ယွဲ့မင်ကျူး သတိထားမိမည်ဖြစ်သည်။
ထိုအချိန်၌, ရတနာခွဲဝေဖို့က နောက်တစ်ကြိမ်ပြဿနာဖြစ်လာပြီပင်။
သူက တကယ်ပဲ ရတနာအတွက် အခြားလူတွေနှင့်မတိုက်ခိုက်ချင်ပေ။
ထို့ကြောင့် တစ်ခဏစဥ်းစားပြီး အိတ်ထဲမှာ ကျယ်လောင်စွာ အိပ်နေသည့် ချီလင်းလေးကို တိိတ်တဆိတ်ပုတ်လိုက်သည်။
"အစာစားချိန်ရောက်ပြီလား? အစာစားချိန်ရောက်ပြီလား..."
ချီလင်းလေးနှာခေါင်း ပွရှုံ့ရှုံ့ဖြစ်လာပြီး မျက်လုံးတွေ ပွင့်လာခဲ့သည်။
ဂျန်ဖန်း စိတ်ထဲကနေ ညည်းညူလိုက်သည်။
"စားမယ်, စားမယ်, စားမယ်နဲ့... မင်းက စားဖို့ပဲသိတယ်...."
"မြန်မြန်ထ, ငါ့အတွက်အလုပ်လုပ်ပေးအုန်း...."
ချီလင်းလေး တွန့်ဆုတ်စွာထလာပြီး ၎င်း၏အိပ်မှုန်စဝါးမျက်လုံးတွေကို လက်သေးသေးလေးဖြင့် ပွတ်သပ်ကာ ရေရွတ်လိုက်သည်။
"မြက်မကျွေးပဲ မြင်းကို ပြေးခိုင်းချင်နေတယ်..."
ဂျန်ဖန်း အသာအယာနှာမှုတ်လိုက်၏။
"အဲ့ဒီပစ္စည်းယူပေးရင်, မင်းအတွက် အဆင့်မြင့်စိတ်ဝိညာဥ်ဆေးလုံး ၁၀ လုံး လုပ်ပေးမယ်...."
ဘာ?...
ချီလင်းလေးမျက်လုံးတွေ ချက်ချင်းပြူးကျယ်သွားပြီး တောက်ပလာ၏။
ဂျန်ဖန်း မျက်လုံးလှန်လိုက်သည်။
"အခု, မင်းနိုးပြီလား...."
ချီလင်းလေး အမွေးပွလက်လေးတွေကို ပွတ်သပ်ပြီး ပြုံးဖြဲဖြဲလုပ်လိုက်သည်။
"စိတ်ဝိညာဥ်ဆေးလုံးက အဓိကမဟုတ်ပါဘူး...."
"အဓိကက ငါက ကူညီရတာကို သဘောကျတယ်လေ...."
"တော်လိုက်တော့...."
ထိုကောင် အဘယ်ချိန်က ဤလောက်ထိ စကားတတ်သွားရသနည်း။
ဂျန်ဖန်း စိတ်မရှည်စွာပဲ အိတ်အနားကိုဖွင့်ကာ ချီလင်းလေးကို ချောင်းကြည့်ခိုင်းလိုက်၏။
ထို့နောက် စိတ်ထဲကနေ ပြောလိုက်သည်။
"အဲ့အလောင်းထဲက အစိမ်းရောင်အလင်းတန်းကိုမြင်လား..."
"အဲ့တာကို သွားယူလိုက်..."
ချီလင်းလေးမျက်လုံးတွေ ဝှေ့ဝဲကြည့်လိုက်ပြီး ပစ်မှတ်ကိုတွေ့သွားသည့်အခါ ပြောလိုက်သည်။
"အေးဆေးပါ...."
သို့ပေမယ့်....
ချီလင်းလေး ၎င်း၏စွမ်းရည်ကိုအသုံးပြုပြီး ပစ္စည်းယူတော့မည့်အချိန်မှာပဲ...
အမြဲလိုလိုစေ့စပ်သေချာသည့် ယွဲ့မင်ကျူးလည်း အစိမ်းရောင်အလင်းတန်းကို သတိထားမိလိုက်သည်။
သူမမျက်လုံးတွေ တောက်ပသွား၏။
ဤလူမသေခင်မျိုးချခဲ့သည့်ပစ္စည်းက သေချာပေါက် သာမန်မဟုတ်ဘူးဆိုတာ သူမရှင်းရှင်းလင်းလင်းသိ၏။
မျက်လုံးထောင့်မှ ဂျန်ဖန်းကိုတစ်ချက်ကြည့်ပြီး မည်သည့်ဆူညံမှုမှ မလုပ်ပေ။
ထိုအစား, ပတ်ဝန်းကျင်ကို သာမန်အတိုင်း ကြည့်လိုက်သည်။
ထိုနောက် မသိမသာ အလောင်းနားကို တိုးကပ်သွားခဲ့ပြီး ဂျန်ဖန်းမသိလိုက်ခင် အစိမ်းရောင်အလင်းတန်းကို တိတ်တဆိတ်ယူဖို့ပြင်လိုက်၏။
ဂျန်ဖန်း စိတ်ထဲမှာတွေးလိုက်သည်။
"မကောင်းတော့ဘူး...."
သူက ချက်ချင်းပဲ ချီလင်းလေးကို အမိန့်ပေးလိုက်သည်။
"မြန်မြန်လုပ်..."
ချီလင်းလေး ချက်ချင်းပဲ အဝေးမှ အစိမ်းရောင်အလင်းတန်းကို ဆုပ်ကိုင်လိုက်သည်။
ယခု အမွေးပွလက်သေးသေးလေးထဲ၌ တစ်စုံတစ်ခုပါလာပြီပင်။
ဝမ်းဗိုက်ထဲရှိ အစိမ်းရောင်အလင်းတန်းပျောက်ကွယ်သွားတာ သတိထားမိသည့်အခါ ချီလင်းလေးအောင်မြင်သွားပြီဆိုတာ ဂျန်ဖန်းသိလိုက်၏။
သူက တိတ်တဆိတ် အိတ်ကိုပိတ်လိုက်သည်။
ထို့နောက် ဘာမှမဖြစ်သလိုဟန်ဆောင်ပြီး ပတ်ဝန်းကျင်ကို ပတ်ကြည့်နေခဲ့သည်။
ဂျန်ဖန်း သူမလှုပ်ရှားမှုကို သတိမထားမိသည့်အခါ ယွဲ့မင်ကျူး နှုတ်ခမ်းဆူလိုက်သည်။
"အရူး..."
"ရှေ့မှာ ရတနာကြီးတစ်ခုရှိနေတာတောင် သတိမထားမိဘူး....."
"ဒါနဲ့တောင် ငါ့ကိုဆူရဲသေးတယ်..."
သူမက ကျိုးပြတ်နေသည့်အလောင်းကောင်နားကို သာမန်အတိုင်း လျှောက်သွားလိုက်သည်။
ထိုနောက် ဂျန်ဖန်း ကျောပေးနေတာကို အခွင့်ကောင်းယူပြီး လက်ဆန့်ထုတ်ကာ အလောင်းကောင်ဝမ်းဗိုက်ထဲကို နှိုက်လိုက်သည်။
လက်အပြည့်ဖုန်မှုန့်တွေသာ ဆုပ်ကိုင်မိသွားပြီး သူမကြောင်အသွားခဲ့သည်။
အစိမ်းရောင်အလင်းတန်း၏ တိကျသည့်နေရာကို မှတ်မိသည့်အတွက် သူမနှိုက်ယူမှုက တိကျ၏။
ဘယ်လိုလုပ် ဘာမှမရှိရသနည်း။
ဂျန်ဖန်း လှည့်မလာသေးတာကိုသိပြီး, အလျှင်အမြန်ပဲ နောက်ထပ် ရှာဖွေမှုများစွာ လုပ်လိုက်သည်။
သို့ပေမယ့် ဝမ်းဗိုက်တစ်လုံးရှာပြီးတာတောင် အစိမ်းရောင်အလင်းတန်း၏အရင်းအမြစ်ကို ရှာမတွေ့သေးပေ။
"မင်းဘာရှာနေတာလဲ...."
ဂျန်ဖန်း ရယ်ချင်စိတ်ကိုဖိိနှိပ်ပြီး ပဟေဠိဖြစ်ဟန် ဟန်ဆောင်လိုက်သည်။
"ဒီအလောင်းထဲမှာ ရတနာအချို့ရှိနေလို့လား..."
ယွဲ့မင်ကျူး, အနည်းငယ်ထိတ်လန့်သွားပြီး အလျှင်အမြန်ဖုံးကွယ်လိုက်သည်။
"မရှိပါဘူး၊ ဘာမှမရှိပါဘူး...."
"အလောင်းဗိုက်ထဲမှာ တစ်ခုခုများရှိမလား သိချင်လို့ပါ..."
ဂျန်ဖန်း ယွဲ့မင်ကျူး၏ညစ်ပတ်သည့်လက်ကို ရွံ့ရှာသည့်အမူအရာဖြင့် ကြည့်လိုက်သည်။
"အလောင်းကို ခြေထောက်နဲ့နင်းချေလိုက်တာမဟုတ်ဘူး...."
"ဘာလို့ လက်ကြီးနဲ့နှိုက်နေတာလဲ...."
ထိုအခါမှ ယွဲ့မင်ကျူး သူမလက်၌ စေးကပ်သည့်အရည်တွေပေနေတာကိုသတိထားမိပြီး အန်ချင်သွား၏။
အလျှင်အမြန်ပဲ လက်ကိုင်ပုဝါတစ်ခုထုတ်ကာ သုတ်လိုက်သည်။
စိတ်ထဲမှာတော့ အနည်းငယ် စိတ်ပျက်နေခဲ့သည်။
ဒီကောင်စုတ်လေး ရှာတွေ့သွားမှာ စိုးလို့သာ မဟုတ်လျှင် ငါ့လက်ကိုသုံးမနေဘူး...
ရိုးရိုးသားသားပြောရရင်, ဂိုဏ်းချုပ်တစ်ယောက်အနေနဲ့ ငါလိုချင်တဲ့အရာကို တိုက်ရိုက်ယူလိုက်တာ ပိုကောင်းတယ်...
ဘယ်လိုလုပ် ဒီလိုဒီလိုခိုးကြောင်ခိုးဝှက် အခြေအနေနဲ့ အဆုံးသတ်မှာလဲ....
စိတ်ထဲမှာ သူမကိုယ်သူမအပြစ်တင်နေရင်း ထိုအရာကိုရယူဖို့ သူမ၏အဆင့်အတန်းကို အသုံးမပြုခဲ့ပေ။
ရိုးစင်းသည့်အကြောင်းပြချက်ကြောင့်ပင်။
သူမ ဂျန်ဖန်းအပေါ် အသက်ကြွေးတစ်ခု တင်နေခဲ့သည်။
ဂျန်ဖန်း၏အံ့အားသင့်စွာထွက်ပေါ်လာပြီး သူမကိုကယ်တင်ခဲ့လို့သာမဟုတ်လျှင်.....
ယခုလို ဂူထဲရှာဖွေဖို့ အခွင့်အရေးလည်းရှိမည်မဟုတ်ပေ။
ထို့ကြောင့် သူမက ဂူထဲက ရတနာတွေကို ဤဂျူနီယာ, ဂျန်ဖန်းနှင့် ခွဲဝေဖို့ ဆန္ဒရှိနေတာဖြစ်သည်။
ရယ်ချင်စိတ်ကိုဖိနှိပ်ပြီး ဂျန်ဖန်းရှေ့လျှောက်လာခဲ့သည်။ သူက အလောင်းကို ခြေထောက်ဖြင့်နင်းခြေပြီး ပြောလိုက်သည်။
"ဘာမှမရှိဘူး...."
ယွဲ့မင်ကျူး မယုံနိုင်ဖြစ်သွား၏။
အထဲအပြင် လှန်လှောကြည့်လိုက်ပြီး အရိုးတွေတောင် ချန်မထားပေ။
သို့ပေမယ့် ဘာမှမတွေ့ပေ။
သူမ ရေရွတ်လိုက်သည်။
"ထူးဆန်းတယ်, အစိမ်းရောင်အလင်းတန်းကို ငါသေချာမြင်လိုက်တာပါ..."
"ဘယ်လိုပျောက်သွားရတာလဲ...."
"ငါပဲ မျက်စိတ်မှားသွားတာလား..."
ဂျန် စိတ်ထဲမှာ တခစ်ခစ်ရယ်လိုက်၏။
မင်းမျက်စိမှားတာမဟုတ်ဘူး...
တစ်စုံတစ်ယောက်ရဲ့လှည့်ကွက်တွေက မင်းထက်သာနေတာ...
ဂျန်ဖန်း တစ်စုံတစ်ခုကို နားလည်လိုက်၏။
ဤ မိန်းခလေး၏စိတ်က သာမန်ကောက်ကျစ်တာ မဟုတ်ပေ။
ရုပ်လေးက သန့်စင်ပြီးချစ်စရာကောင်းလလောက် တကယ့်လက်တွေ့မှာတော့ ဉာဏ်နီဉာဏ်နက်များလှ၏။
သူ အရင်တွေ့လို့သာမဟုတ်လျှင် ရတနာကို သူမတိတ်တဆိတ်ယူသွားလောက်ပြီပင်။
"မင်းဒဏ်ရာတွေမပျောက်သေးလို့ အမြင်အာရုံကိုသက်ရောက်သွားတာနေမှာ...."
ယွဲ့မင်ကျူး တစ်ခဏစဥ်းစားပြီး တကယ်ပဲ သူမအမြင်မှားသွားတာဟု ထင်လိုက်၏။
နောက်ဆုံးမှာတော့ တွန့်ဆုတ်စွာပဲ လက်လျော့လိုက်သည်။
"ဖြစ်နိုင်တယ်..."
"လာ, အထဲသွားကြည့်ရအောင်။ ကြည့်ရတာ ဒီဂူက သိပ်မနက်ဘူးနဲ့တူတယ်...."
ဂျန်ဖန်း ခေါင်းညိတ်လိုက်၏။
တကယ်တော့ သူက အဆုံးကိုမြင်နေရပြီဖြစ်သည်။
ခြေလှမ်း ၂၀ လောက် လမ်းလျှောက်ပြီးနောက် သူတို့က ကျောက်နံရံတစ်ခုကို ရောက်လာခဲ့ကြသည်။
ဧည့်ခန်းတစ်ခုနှင့်ဆင်တူပြီး, ကျောက်တုံးစားပွဲနှင့် ထိုင်ခုံအချို့ရှိ၏။
စားပွဲပေါ်၌ လက်ဖက်ရည်အိုးတစ်ခုလည်းရှိ၏။
ယွဲ့မင်ကျူး စိတ်လှုပ်တရှား အဖုံးကိုဖွင့်လိုက်သည့်အခါ ယိုယွင်းပျက်စီးပြီး ဖုန်မှုန့်အဖြစ်ပြောင်းနေသည့် စိတ်ဝိညာဥ်လက်ဖက်ရွက်တွေသာ တွေ့လိုက်သည်။
အထဲမှ ကြမ်းပိုးများစွာ ထွက်လာခဲ့သည်။
စိတ်ပျက်စွာဖြင့် ထိုအရာကို လွင့်ပစ်ပြီး ရေရွတ်လိုက်သည်။
"သန္ဓေသားကျင့်ကြံသူကလည်း သာမန်ကြွေထည်တွေသုံးနေတယ်..."
"သူ့အဆင့်အတန်းကိုမှအားမနာ...."
ဂျန်ဖန်း ဆွံ့အသွား၏။
သူများဂူထဲဖောက်ဝင်လာပြီး ပစ္စည်းတွေခိုးနေတာတောင် အသုံးဆောင်ပစ္စည်းတွေမကောင်းသည့်အတွက် အပြစ်တင်နေသေးသည်လား?....
ဤကဲ့သို့လူမျိုးက အတော်ရှား၏။
ရုတ်တရက်...
ဂျန်ဖန်း နံရံဘေးနှစ်ဖက်ရှိ ကျောက်တံခါးတွေကို သတိထားမိလိုက်သည်။
သူ့မျက်လုံးတွေ လင်းလက်သွား၏။
ယွဲ့မင်ကျူးလည်း သတိထားမိပြီး ပျော်ရွင်သည့်အမူအရာတွေ ပြသလာ၏။
သို့ပေမယ့် သူမက တံခါးကို အလောတကြီးမဖွင့်ပဲ ကျောက်တုံးအချို့ကောက်ယူပြီး ကျောက်တံခါးကို ဖျက်ဆီးဖို့ပြင်လိုက်၏။
မမျှော်လင့်စွာပဲ ဂျန်ဖန်း ပြောလိုက်သည်။
"မင်း နောက်နည်းနည်းဆုတ်...."
ယွဲ့မင်ကျူး ဂျန်ဖန်း ကျောက်တံခါးကိုတိုက်ခိုက်ဖို့ ကျင့်ကြံရေးနည်းစနစ်သုံးဖို့ပြင်နေတာကို ကြည့်ပြီး ပြုံးလိုက်သည်။
ဂျူနီယာတစ်ယောက်က ရမ္မက်ဂိုဏ်း ဂိုဏ်းချုပ်ဖြစ်သည့်သူမရှေ့မှာ လာကြွားချင်နေသည်လား....
ဒါဆိုလည်းကောင်းပြီလေ....
သူ့ကိုကြိုးစားခိုင်းလိုက်တာပေါ့....
ဤနည်းဖြင့် သူမလည်း ထိုကောင်စုတ်လေး အမှန်တကယ် အရည်အချင်းဘယ်လောက်ရှိလဲဆိုတာ မြင်နိုင်၏။
အခြေခံတည်ဆောက်ခြင်းအဆင့် ၂ ဒါမှမဟုတ် အဆင့် ၃ ဆိုရင်တော့ ရမ္မက်ဂိုဏ်းကိုဝင်ရောက်ဖို့စဥ်းစားပေးမည်ဖြစ်သည်။
အဆင့် ၆ နှင့် အထက်ဆိုလျှင်တော့ တပည့်အဖြစ်ခေါ်ယူပြီး သူမကိုယ်တိုင်သင်ကြားပေးမည်ဖြစ်သည်။
ထိုအရာက သူမအသက်ကိုကယ်သည့်အတွက် ပြန်ပေးဆပ်တာဟု ယူဆလို့ရသည်။
သူ့စွမ်းရည်က ပိုတောင်မြင့်နေလျှင်တော့...
ယွဲ့မင်ကျူး ထိုအရာကို တွေးတောင်မထားပေ။
ဤလူငယ်လေးက အသက် ၁၈ နှစ်သာရှိပြီး မည်သည့်ဂိုဏ်းမှာမဆို တပည့်အသစ်အရွယ်သာဖြစ်သည်။
ဤကဲ့သို့တပည့်တစ်ယောက် အခြေခံတည်ဆောက်ခြင်းအဆင့် ၆ ရောက်နေလျှင်တောင် ရှားရှားပါးပါးဖြစ်သည်။
ပိုမြင့်ဖို့က မဖြစ်နိုင်ပေ။
ထို့ပြင်, ဂျန်ဖန်းက ပိန်းသေးသေးဖြင့် အမျိုးသမီးတွေထက်တောင် အသားအရေပိုကောင်းသေး၏။
သေချာပေါက် အလိုလိုက်ခံထားရပြီး ဆင်းရဲဒုက္ခခံစားဖူးမည့် လူတစ်ယောက်မဟုတ်နိုင်ပေ။
သူမလက်သီးတစ်ချက်ကတောင် သူ့ကို မြေပြင်ပေါ်ညည်းညူးနေစေမည်ဖြစ်သည်။
ထိုအရာကိုတွေးပြီး မနေနိုင်ပဲ စလိုက်သည်။
"နင် အားနည်းနည်းတော့သုံးနော်...."
"ဒီကျောက်တံခါးက အထူကြီး...."
"တံခါးပွင့်မသွားပဲ နောက်ပြန်လွင့်သွားအုန်းမယ်...."
ဂျန်ဖန်း သူမကို မျက်လုံးလှန်ကြည့်လိုက်သည်။
ထို့နောက် စိတ်ဝိညာဥ်စွမ်းအင်စုစည်းပြီး သူ့ညာလက်ညိုးကို ပို့ဆောင်လိုက်သည်။
အခြေခံတည်ဆောက်ခြင်း အဆင့် ၈ စွမ်းအားက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ယွဲ့မင်ကျူးခန္ဓာကိုယ် တုန်လှုပ်သွားပြိး မျက်နှာပေါ်ရှိအပြုံးအေးခဲသွား၏။
သူမက မယုံကြည်နိုင်စွာဖြင့် ပြောလိုက်သည်။
"နင်က အခြေခံတည်ဆောက်ခြင်းအဆင့် ၈ ကို ရောက်နေပြီ?...."
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...."