နတ်ဆိုးများ
Vol. 19 Ch. 272
မည်သည့်ဂိုဏ်းမှာမဆို အခြေခံတည်ဆောက်ခြင်းအဆင့် ၈ က ပါရမီရှင်တပည့်တွေဖြစ်ကြ၏။
ထို့ပြင်, အသက် ၁၈ နှစ်သာရှိသေး၏။
ဤကဲ့သို့ ထူးချွန်ပြောင်မြောက်တဲ့သူ နောက်ဆုံးပေါ်လာတာ မြင့်မြတ်ဂိုဏ်း၏ ရှချောင်ကောပင်။
သူမရှေ့ရှိ လူငယ်လေးက ဘယ်လိုဇတ်ကြောင်းမျိုးနှင့်လဲ။
ချောက်ထဲပြုတ်ကျပြီး ဤကဲ့သို့ကောင်းကင်ဆန့်ကျင်သည့်ပါရမီရှင်နှင့် လာတွေ့နေရသည်။
ဂျန်ဖန်းအပေါ် သူမအမြင်က ချက်ချင်းပဲ ပြောင်းလဲသွားခဲ့သည်။
ဤကောင်လေးက ဆေးပညာပဲ ကျွမ်းကျင်တာမဟုတ်ပေ။
...
တကယ်ကို ပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက်ဖြစ်၏။
သူ ဘယ်ကလာတာလဲ?....
ထိုအရာက အဓိပ္ပာယ်မရှိပေ။ သူမက ဤကဲ့သို့ပါရမီရှင်တစ်ယောက်ကို မသိပေ။
သူမအတွေးတွေ ယောက်ယက်ခတ်နေစဥ်...
ဂျန်ဖန်း သူ့နည်းစနစ်ကို စတင်အသုံးပြုနေပြီဖြစ်သည်။
"အရှေ့ရပ်မှ ခရမ်းရောင်စွမ်းအင်...."
တောက်ပသည့်ခရမ်းရောင်စွမ်းအင်တစ်ခု ချက်ချင်းပဲ ပြေးထွက်သွားသည်။
ကြောက်စရာကောင်းသည့်ပေါက်ကွဲစွမ်းအားနှင့်အတူ ရုတ်တရက် ကျောက်တုံးတခါးကို ထိမှန်သွား၏။
ဘန်း!
ကျောက်တံခါး ထုတ်ချင်းပေါက်ခံလိုက်ရပြီး လက်သီးဆုပ်အရွယ်လောက်ရှိသည့် အပေါက်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ထို့နောက် နောက်ဆက်တွဲတုန်ခါမှုကို မခံနိုင်တော့ပဲ ပြိုလဲကျသွားကာ အခန်းတစ်ခုလုံး ဖုန်မှုန့်တွေဖြင့် ပြည့်နှက်သွားခဲ့သည်။
ယွဲ့မင်ကျုး နောက်တစ်ကြိမ် အံ့အားသင့်သွား၏။
"မြေကမ္ဘာအဆင့်လက်ချောင်းသိုင်း..."
ရင်ဘတ်ရှေ့မှာလက်ပိုက်ထားသည့်လက်တွေ အလိုလိုပြုတ်ကျသွားပြီး အနီရောင်နှုတ်ခမ်းလေးတွေကိုကာကာ မျက်လုံးတွေက ပြူးကျယ်နေခဲ့သည်။
မြေကမ္ဘာအဆင့်သိုင်းကျမ်းက ဂိုဏ်း ၉ ဂိုဏ်းနယ်မြေမှာ မျိုးတုန်းမသွားပေ။
အချို့ဂိုဏ်းတွေ၌ မြေကမ္ဘာအဆင့်သိုင်းကျမ်း အပိုင်းအစတွေရှိ၏။
သူတို့မှာ ပြီးပြည့်စုံတဲ့ မြေကမ္ဘာအဆင့်သိုင်းကျမ်းတွေတောင်ရှိနိုင်၏။
သို့ပေမယ့် မြေမ္ဘာအဆင့်သိုင်းကျမ်းကို နားလည်ဖို့ နှစ်ပေါင်းများစွာလိုအပ်၏။
နှစ်ပေါင်းများစွာ ဒါမှမဟုတ် ဆယ်စုနှစ်တစ်ခုမရှိပဲနှင့် ကျွမ်းကျင်ဖို့ ခက်ခဲ၏။
အသက် ၁၈ နှစ်နှင့် မြေကမ္ဘာအဆင့်နည်းစနစ်ကို တတ်ကျွမ်းနေခဲ့သည်။
သေချာပေါက် ဂျန်ဖန်းက ပထမဆုံးတစ်ယောက်ပင်။
ဆေးပညာမှာ အရည်အချင်းရှိရုံသာမက သိုင်းပညာပါရမီမှာလည်း ထူးချွန်၏။
နားလည်နိုင်စွမ်းတောင် သာမန်မဟုတ်ပေ။
ယွဲ့မင်ကျူး အံ့အားသင့်သွား၏။
ဘယ်အချိန်က ဤကဲ့သို့ ပါရမီရှင်မျိုး ဂိုဏ်း ၉ ဂိုဏ်းမှာ ပေါ်လာသနည်း။
သူမက မနေနိုင်ပဲ မေးလိုက်သည်။
"နင့်နာမည်က တကယ်ပဲ ဂျန်ဖန်းလား...."
ထိုအရာက နာမည်အတုဟု သူမသံသယရှိ၏။
ဘယ်လိုလုပ် ဤကဲ့သို့ ပါရမီရှင်က ဂိုဏ်းချုပ်တစ်ယောက်ဖြစ်သည့်သူမစောင့်ကြည့်မှုမှ လွတ်မြောက်နိုင်မည်နည်း။
သို့ပေမယ့် သူမက ဂျန်ဖန်းဆိုသည့်နာမည်ကို တစ်ခါမှမကြားဖူးပေ။
ခဏနေပါအုန်း...
တိမ်စိမ်းဂိုဏ်း၌ ဂျန်ဖန်းဆိုသည့်နာမည်နှင့်တပည့်တစ်ယောက်ရှိ၏။
သို့ပေမယ့် သူ့ဂုဏ်သတင်းက မကောင်းပေ။
သူမရှေ့ရှိဂျန်ဖန်းနှင့် လုံးဝခြားနား၏။
ဂျန်ဖန်း သူမကို တုံ့ပြန်ချင်စိတ်မရှိပေ။
ရှေ့ကဖုန်တွေကို ခါထုတ်လိုက်ပြီး အကြည့်က လျို့ဝှက်ခန်းပေါ် ကြရောက်လာခဲ့သည်။
သူက ပြောလိုက်သည်။
"ထောင်ချောက်မရှိဘူး..."
"ဒါ့ပြင်, ဒါက ကျင့်ကြံရေးအခန်းနဲ့တူတယ်...."
ဂျန်ဖန်း လျှောက်ဝင်သွားပြီး လျို့ဝှက်ခန်းက ဗလာကြီးဆိုတာ တွေ့လိုက်၏။
မြေပြင်ပေါ်မှာရှိသည့်တစ်ခုတည်းသောအရာက ဖုန့်မှုန့်တွေဖြစ်နေတဲ့ မြက်ဖျာတစ်ချပ်ပင်။
ယွဲ့မင်ကျူး သူမအံ့အားသင့်မှုကို ဖိနှိပ်ပြီး အလျှင်အမြန်ရှေ့တက်ပြီး တစ်ချက်ကြည့်လိုက်သည်။
ဘာမှမတွေ့တာမြင်သည့်အခါ, သူမက နှုတ်ခမ်းဆူလိုက်သည်။
ကန်ချက်တစ်ချက်ဖြင့် မြက်ဖျာကို အပိုင်းပိုင်းဖြစ်သွားစေခဲ့သည်။
"ဒါက ဘယ်လို သန္ဓေသားအဆင့် ကျင့်ကြံသူလဲ။ ဖုန်မှုန့်ကလွဲပြီး ဘာမှလဲမချန်ထားခဲ့ဘူး...."
ဂျန်ဖန်းလည်း သက်ပြင်းချလိုက်သည်။
သူလှည့်ထွက်ဖို့ပြင်လိုက်ချိန်မှာပဲ, ဖုန်မှုန့်တွေပြုတ်ကျသွားတာကြောင့် မှိန်ဖျော့သည့်ခြေရာတစ်ခု နံရံပေါ်မှာပေါ်လာခဲ့သည်။
"ဟမ်, ဒီမှာ ခြေရာတစ်ခုရှိနေတာပဲ...."
"နေပါအုန်း, ခြေရာထဲမှာ တစ်ခုခုရှိနေတယ်...."
ယွဲ့မင်ကျူးလည်း ပုံမှန်မဟုတ်တာကို သတိထားမိပြီး အလျှင်အမြန်ပဲ အနားသွားကြည့်လိုက်သည်။
သေသေချာချာကြည့်လိုက်သည့်အခါ, ခြေရာထဲ၌ အမှန်တကယ် စပါးစေ့အရွယ်လောက် သေးငယ်သည့်စာလုံးလေးတွေကို တွေ့လိုက်ရသည်။
ယွဲ့မင်ကျူးစိုက်ကြည့်နေပြီး မူးဝေလာခဲ့သည်။
"ဒါ ဘာစာတွေလဲ။ သေးရုံတင်မဟုတ်ဘူး၊ ကြည့်နေတာ မူးတောင်လာပြီ...."
တစ်ခဏကြာပြီးနောက် သူမ နောက်ထပ်မကြည့်နိုင်တော့ပေ။
သို့ပေမယ့် ဂျန်ဖန်း မျက်လုံးတွေ တောက်ပသွား၏။
"ဒါတွေက ဝိညာဥ်စွမ်းအားအသုံးပြုပြီး ထွင်းထုထားတဲ့စာတွေပဲ...."
"ဒီသန္ဓေသားကျင့်ကြံသူက ဝိညာဥ်စွမ်းအားလေ့ကျင့်နေရင်း သာမန်အတိုင်း ကျင့်ကြံရေးနည်းစနစ်တစ်ခု ထွင်းထုထားခဲ့တာ..."
ဂျန်ဖန်း ထိုအရာတွေနှင့် အလွန်ရင်းနှီး၏။
သူ့အဖေထားခဲ့သည့်သစ်သားသေတ္တာထဲ၌ "ထိုက်ယင်ဝိညာဥ်နည်းစနစ်"ဟုခေါ်သည့် စာအုပ်တစ်အုပ်ရှိ၏။
ထိုအပေါ်ရှိစာလုံးအားလုံးက ဝိညာဥ်စွမ်းအားဖြင့်ထွင်းထုထားပြီး ဝိညာဥ်စွမ်းအားအသုံးပြုမှသာ မြင်နိုင်၏။
မဟုတ်လျှင်, သူတို့က ဖတ်လို့ရမည်မဟုတ်ပေ။
တကယ်?...
ယွဲ့မင်ကျူး သူမနားသယ်ကိုသပ်လိုက်ပြီး မျှော်လင့်မထားစွာ တုံ့ပြန်လိုက်သည်။
"နင် ဘယ်လိုသိတာလဲ...."
သူမ မမြင်နိုင်လျှင် ဂျန်ဖန်း ဘယ်လိုလုပ် မြင်နိုင်မည်နည်း။
ဖြစ်နိုင်တာ သူက ဝိညာဥ်သခင်တစ်ယောက်လည်း ဖြစ်နေသေးသည်လား?...
ထိုအရာက မဖြစ်နိုင်ပေ။
လုံးဝမဖြစ်နိုင်ပေ။
ဂိုဏ်း ၉ ဂိုဏ်း နယ်မြောကို မပြောလိုသေးပေ။ ကောင်းကင်ဘုံစက်ယန္ဒယားခန်းမတောင် ဂျန်ဖန်းလိုပါရမီရှင်တစ်ယောက် ရှာမတွေ့နိုင်ပေ။
ဂျန်ဖန်း သူမကို လျစ်လျူရှူထားလိုက်သည်။
သူက နံရံပေါ်ရှိ ကျင့်ကြံရေးနည်းလမ်းကို မျက်တောင်မခတ်ပဲ စိုက်ကြည့်လိုက်သည်။
ဂရုတစိုက်စစ်ဆေးပြီးနောက် စိတ်လှုပ်ရှားသည့်အမူအရာတစ်ခုပြလာပြီး ပြောလိုက်သည်။
"ဒါက ခြေထောက်နည်းစနစ်တစ်ခုပဲ။ ပြီးတော့ မြေကမ္ဘာအလယ်အလတ်အဆင့်..."
ဘာ?....
ယွဲ့မင်ကျူးမျက်လုံးတွေ အံ့သြမှုကြောင့် ပြူးကျယ်သွားပြီး အသက်ရူရပ်တန့်သွား၏။
"နင်သေချာလား..."
မြေကမ္ဘာအလယ်အလတ်အဆင့်က ကောင်းကင်ဘုံစက်ယန္ဒယားခန်းမမှာတောင် ထိပ်တန်းလျို့ဝှက်နည်းလမ်းအဖြစ် ယူဆနိုင်၏။
နန်းတော်သခင်သာ ထိုအရာကို ကျင့်ကြံနိုင်၏။
ဂျန်ဖန်း ပျော်ရွင်စွာ ပြောလိုက်သည်။
"သေချာတယ်...."
"ဒီသန္ဓေသားကျင့်ကြံသူက ဝိညာဥ်စွမ်းအားကျင့်ကြံရင်းနဲ့ ဒီလိုအံ့အားသင့်စရာကောင်းတဲ့ ကျင့်ကြံရေးနည်းစနစ်ကို သာမန်ကာဆန်ကာ ချန်ထားခဲ့တယ်...."
"သူ့ခွန်အားဘယ်လောက်နက််ရှိုင်းလဲဆိုတာ ခန့်မှန်းကြည့်ဖို့တောင်ခက်တယ်...."
ယွဲ့မင်ကျူးလည်း စိတ်လှုပ်ရှားသွားပြီး မေးလိုက်သည်။
"နင် ဒီနည်းစနစ်ကို ငါနဲ့မျှဝေနိုင်မလား....."
သူမ အနည်းငယ်ရှက်သလိုခံစားရ၏။
ကျင့်ကြံရေးနည်းစနစ်ရှေ့မှာရှိပေမယ့် ဂိုဏ်းချုပ်တစ်ယောက်ဖြစ်သည့်သူမက နားမလည်နိုင်ပေ။ ထိုအစား ဂျူနီယာတစ်ယောက်ကို မေးနေရ၏။
အမှန်တကယ်ပင်။
ရမ္မဂိုဏ်းချုပ်ဆိုသည့် သူမအထောက်အထားကို တစ်ဖက်လူ သိသွားလို့မဖြစ်ပေ။
ဤကဲ့သို့ မျက်နှာပျက်မှုကို သူမမခံနိုင်ပေ။
တွေဝေမနေပဲ ဂျန်ဖန်း စာရွက်နှင့်စုတ်တံထုတ်ကာ ချက်ချင်းပဲ ချရေးလိုက်သည်။
ကျောက်တံခါးပေါ်ရှိ ကနုတ်တွေကို ဤအမျိုးသမီးဖြေရှင်းပေးလို့မဟုတ်လျှင် သူက အထဲရှိ ရတနာတွေလည်း ရမည်မဟုတ်ပေ။
ကျင့်စဥ်တစ်ခုလောက်မျှဝေတာက ပြဿနာမဟုတ်ပေ။
ယွဲ့မင်ကျူး စိတ်လှုပ်ရှားသွား၏။
ပထမစာကြောင်းအနည်းငယ်ဖတ်ရုံဖြင့် ဤခြေထောက်နည်းစနစ်၏ နက်နဲမှုကို ခံစားမိပြီး ပျော်ရွင်စွာ ပြောလိုက်သည်။
"မမှားဘူး၊ ဒါ တကယ် မြေကမ္ဘာအလယ်အလတ်အဆင့် နည်းစနစ်ပဲ..."
သို့ပေမယ့်...
အညွန်းကို ဖြတ်လိုက်သည့်အခါ, သူမအပြုံးတွေ အေးခဲသွား၏။
"ဒီနည်းစနစ်ကိုလေ့ကျင့်ဖို့ လူတစ်ယောက်က လှုပ်ရှားမှုနည်းစနစ်ကို ကျွမ်းကျင်ထားရမယ်...."
ဤခြေထောက်နည်းစနစ်က အရှိန်ကို အသားပေးတာဖြစ်သည်။
လှုပ်ရှားမှုနည်းစနစ် အခြေခံမရှိပဲနှင့် ပထမအဆင့် အောင်မြင်ဖို့တောင် ခက်ခဲမည်ဖြစ်သည်။
နောက်ပိုင်းအဆင့်တွေဆိုရင်တော့ ပြောစရာကို မလိုတော့ပေ။
ယွဲ့မင်ကျူး ဒေါသတကြီးအံ့ကြိတ်လိုက်၏။
"လှုပ်ရှားမှုနည်းစနစ်တတ်နေရင် ငါက ဘာလို့ ဒီသုံးစားမရတဲ့ခြေထောက်နည်းစနစ်ကို စိတ်အနှောက်အယှက်ဖြစ်ခံနေမှာလဲ..."
သူမက အလှည့်စားခံရသလို ခံစားလိုက်ရ၏။
လှုပ်ရှားမှုနည်းစနစ်ကျွမ်းကျင်ဖို့က မြေကမ္ဘာအဆင့်နည်းစနစ် ကျွမ်းကျင်ဖို့ထက် အများကြီးပိုခက်ခဲ၏။
ဤခြေထောက်နည်းစနစ်က တကယ်ပဲ လှုပ်ရှားမှုနည်းစနစ် အခြေခံလိုအပ်နေခဲ့သည်။
လုံးဝကို ပြောင်းပြန်ဖြစ်နေခဲ့သည်။
"ပြန်ယူလိုက်..."
ယွဲ့မင်ကျူး ဒေါသတကြီး ဂျန်ဖန်းဆီ ပစ်ပေးလိုက်သည်။
"နင်လည်း မလေ့ကျင့်ဖို့ အကြံပေးချင်တယ်...."
"နင် လှုပ်ရှားမှုနည်းစနစ်ကျွမ်းကျင်တဲ့အချိန်ဆို မြေကမ္ဘာအဆင့်နည်းစနစ် နှစ်ခုလောက် လေ့ကျင့်ပြီးနေလောက်ပြီ...."
"ဒါ သက်သက်အချိန်ဖြုန်းတာပဲ...."
ဂျန်ဖန် သူ့နှာခေါင်းကို ထိလိုက်သည်။
လှုပ်ရှားမှုနည်းစနစ်, ထိုအရာကို သူသိ၏။
ထို့ပြင်, ကျွမ်းကျင်တယ်လို့တောင် ပြောလို့ရ၏။
နှမြောတသသည့်အမူအရာဖြင့် ယွဲ့မင်ကျူး လျို့ဝှက်အခန်းထဲက မပျော်မရွင်ဖြင့် ထွက်ခွာသွားခဲ့သည်။
သူမက အခြားလျို့ဝှက်ခန်းရှေ့ ရောက်သည့်အခါ ဒေါသတကြီး ကျောက်တံခါးကို ကန်ချလိုက်သည်။
ဘုန်း!
ကျောက်တံခါး ချက်ချင်းပွင့်ထွက်သွားခဲ့သည်။
ဂျန်ဖန်း မျက်ခွံ့တွေ ကျုံ့သွား၏။
နေပါအုန်း...
ဘာလဲဟ....
သူက ကျောက်တံခါးကိုဖွင့်ဖို့ မြေကမ္ဘာအဆင့်နည်းစနစ်နှင့် စိတ်ဝိညာဥ်စွမ်းအင်အားလုံး အသုံးပြုခဲ့ရသည်။
ယွဲ့မင်ကျူး စိတ်ဝိညာဥ်စွမ်းအင်တောင်မသုံးပဲ, ကျောက်တံခါးကို ကန်ဖွင့်လိုက်သည်။
ထိုအခိုက်အတန့်၌, ယွဲ့မင်ကျူး တစ်ခုခုကို နားလည်လိုက်သည်။
သူမ သူမခွန်အားကို ထုတ်ဖော်မိပြီပင်။
မျက်လုံးလှန်လိုက်ပြီး လှည့်ပြောလိုက်သည်။
"မအံ့သြပါနဲ့။ ငါက ခန္ဓာနည်းစနစ် ကျင့်ကြံထားတာ...."
ခန္ဓာနည်းစနစ်?...
ဂျန်ဖန်း စဥ်းစားလိုက်သည်။
ထိုအရာက ခန္ဓာနည်းစနစ်ဆိုလျှင်တောင် အံ့အားသင့်စရာကောင်းနေသေး၏။
သူက ဖီးနစ်သွေးရတနာခန္ဓာကိုယ်ကို လေ့ကျင့်ထားသော်လည်း ကျောက်တံခါးကို ကန်မဖွင့်နိုင်ပေ။
ယွဲ့မင်ကျူးက သူနှင့်အသက်တူလောက်ဖြစ်သော်လည်း ခန္ဓာကိုယ်သန်မာမှုက တကယ် သူ့အထက်မှာရှိ၏။
အမှန်တကယ်ပင်။ တောင်တစ်တောင်ထက် ပိုမြင်သည့်တောင်တစ်လုံး အမြဲရှိ၏။
သူက ခေါင်းညိတ်ပြီး ပြောလိုက်သည်။
"ငါတို့ အချိန်ရရင် အတွေ့အကြုံဖလှယ်သင့်တယ်...."
ယွဲ့မင်ကျူး အပြစ်ရှိစွာဖြင့် ခေါင်းညိတ်လိုက်သည်။
သို့ပေမယ့် ထို့နောက် ပဟေဠိဖြစ်သည့်အမူအရာတစ်ခုပြသလာ၏။
"အတွေ့အကြုံဖလှယ်မယ်...."
"ဘာအတွေ့အကြုံလဲ...."