← Chapters

စိတ်ဝိညာဥ်လက်နက်၏ အံ့အားသင့်ဖွယ်အသွင်အပြင်

Vol. 19 Ch. 273

စိတ်ဝိညာဥ်လက်နက်၏ အံ့အားသင့်ဖွယ်အသွင်အပြင်

Vol. 19 Ch. 273

ဂျန်ဖန်း စိတ်ရှုပ်စွာဖြင့် မေးလိုက်သည်။

"ဘာဖြစ်ရမှာလဲ, ခန္ဓာနည်းစနစ်က ငါ့အတွေးအမြင်တွေပေါ့...."

"မင်းက ခန္ဓာနည်းစနစ်ကျင့်ကြံတယ် မဟုတ်ဘူးလား..."

ဟမ်?...

ယွဲ့မင်ကျူးမျက်လုံးတွေ ပြူးကျယ်သွား၏။

"နင်က ခန္ဓာနည်းစနစ်လည်းကျင့်ကြံတာပဲလား...."

"ဟာသတွေမပြောပါနဲ့...."

ဂျန်ဖန်း ကျင့်ကြံရေးနယ်ပယ်၌ ရွယ်တူတွေကို နောက်မှာ အများကြီးချန်ထားခဲ့ပြီဖြစ်သည်။

.....

သူ ထိုအထဲသို့အစွမ်းကုန်နစ်မြုပ်ထားတာ သိသာလှ၏။

မဟုတ်လျှင်, လက်ရှိအောင်မြင်မှုမျိုး ရမည်မဟုတ်ပေ။

ဘယ်လိုလုပ် ခန္ဓာကိုယ်နည်းစနစ်ပေါ်လည်း အာရုံစိုက်နိုင်ရသနည်း။

ရှချောင်ကောလို ပါရမီရှင်တစ်ယောက်တောင် ထိုကဲ့သို့ မလုပ်ရဲပေ။

ဂျန်ဖန်း ဆွံ့အသွား၏။

"လိမ်လို့ဘာရမှာလဲ..."

သူက လက်သီးမြောက်ပြီး နောက်ရှိကျောက်နံရံကို သာမန်အတိုင်း ထိုးချလိုက်သည်။

ဘုန်း!

လျို့ဝှက်ခန်း အနည်းငယ်တုန်ခါသွားပြီး ဖုလုံးကြီးတွေ ကျလာခဲ့သည်။

သူထိုးလိုက်သည့်နေရာ၌ သုံးလက်မလောက်နက်သည့် လက်သီးရာတစ်ခု ကျန်နေခဲ့၏။

ယွဲ့မင်ကျူးမျက်လုံးတွေ တုန်လှုပ်မှုကြောင့် ပြူးထွက်မတတ်ပင်။

ထိုလက်သီးလက်ချက်က အမြုတေဖွဲ့စည်းခြင်းအဆင့် ၁ နှင့် ယှဥ်နိုင်၏။

ဧရာမဂိုဏ်းပါရမီရှင်တပည့်တွေတောင် ဤကဲ့သို့စွမ်းအားမရှိပေ။

ထို့ပြင် ထိုအရာက ဂျန်ဖန်း သာမန်အတိုင်းထိုးလိုက်တာဖြစ်ပြီး အားကုန်သုံးမထားပေ။

သူသာ ခွန်အားကုန်သုံးလျှင် ဧရာမဂိုဏ်းတပည့်ကြီးတောင် ပြိုင်ဘက်မဖြစ်နိုင်ပေ။

ဂျန်ဖန်းကို အံ့အားသင့်စွာဖြင့်စိုက်ကြည့်နေခဲ့သည်။

သူမ ချောက်ကမ်းပါးထဲပြုတ်ကျပြီး သွေးလေချောက်ခြားသွားသည်လား....

ဤကမ္ဘာကြီးမှာ ဤကဲ့သို့ မကောင်းဆိုးဝါးဆန်သည့်ပါရမီရှင် ဘယ်လိုလုပ်ရှိနိုင်မည်နည်း။

ခန္ဓာကိုယ်နှင့် ကျင့်ကြံရေး နှစ်မွာကျင့်ကြံသူဖြစ်ရုံသာမက ဂိုဏ်း ၉ ဂိုဏ်း ထိပ်သီးလည်းဖြစ်နေ၏။

ထိုအရာတွေမှာ အကောင်းဆုံးဖြစ်တာက ကိစ္စတစ်ခုဖြစ်သည်။ ဆေးပညာနှင့်နားလည်နိုင်စွမ်းမှာလည်း ထူးချွန်သေး၏။

ဤကဲ့သို့လူမျိုး တကယ်ရှိသည်လား?...

ယွဲ့မင်ကျူး၏ ကို့ရို့ကားယားအခြေအနေကို မြင်သည့်အခါ ဂျန်ဖန်း ရေရွတ်လိုက်သည်။

"ဒီခန္ဓာနည်းစနစ်က မင်းဟာလောက် မကောင်းပါဘူး...."

"အဲ့လောက်ကြီး အံံ့အားသင့်ဖို့ မလိုဘူးမလား..."

ငါ အံ့အားမသင့်ပဲ နေမလား....

ယွဲ့မင်ကျူး အသိပြန်ဝင်လာပြီး တစ်ခဏ ဘယ်လိုတုန့်ပြန်ရမှန်းမသိဖြစ်သွား၏။

အစောပိုင်းသူမကန်ချက်က အမြုတေဖွဲ့စည်းခြင်းနောင်းပိုင်းအဆင့် ရုပ်ခန္ဓာကြောင့်ဖြစ်ပြီး အထူးကျင့်ကြံရေးနည်းစနစ်ကြောင့်မဟုတ်ပေ။

သူမက ဘယ်လိုလုပ် ခန္ဓာသန့်စင်နည်းစနစ်အကြောင်း သိမည်နည်း။

ယွဲ့မင်ကျူး သာမန်အတိုင်းပြောလိုက်သည်။

"အင်း, အချိန်ရှိရင် ငါတို့ ခန္ဓာနည်းစနစ်နဲ့ပတ်သက်ပြီး အတွေးအမြင်တွေ ဖလှယ်သင့်တယ်...."

"ဒီလျို့ဝှက်ခန်းထဲဘာရှိလဲ အမြန်စစ်ဆေးကြည့်ရအောင်...."

သူမက ဂျန်ဖန်းနှင့် နောက်ထပ် မပြောချင်တော့ပေ။

ဂျန်ဖန်းလည်း သိချင်စွာဖြင့် လျှောက်လာခဲ့သည်။

လျို့ဝှက်ခန်းထဲကြည့်လိုက်သည့်အခါ, သူတို့က သစ်သားစင်များစွာ တွေ့လိုက်၏။

စင်ပေါ်၌ ဖုန်တင်နေသည့်ပုလင်းတွေ၊ ခရားတွေနှင့် ပြည့်နှက်နေခဲ့သည်။

အခန်းအလယ်၌ ဖုန်တက်နေသည့်ဆေးမီးဖိုတစ်ခုရှိနေပြီး အရောင်ခွဲခြားလို့မရတော့ပေ။

ဂျန်ဖန်း တစ်ချက်ကြည့်ပြီး အံ့အားသင့်စွာပြောလိုက်သည်။

"ဒါက ဆေးသန့်စင်တဲ့အခန်းပဲ....."

"ဒီသန္ဓေသားကျင့်ကြံသူက တကယ် ဝိညာဥ်သခင်တစ်ယောက်ပဲ...."

ဤအရာက ခြေရာနှင့်ပတ်သက်ပြီး သူ့ယူဆမှုကို အတည်ပြုပေးလိုက်သည်။

ထိုအရာက ဝိညာဥ်စွမ်းအင်ကျင့်ကြံရာမှ ကျန်ရှိခဲ့သည့်လက်က္ခဏာပင်။

ဤဂူအိမ်တော်၏ပိုင်ရှင်က တကယ်ပဲ သန္ဓေသားအဆင့်ဝိညာဥ်သခင်တစ်ယောက်ဖြစ်၏။

ဆေးဖော်စပ်ခန်း?....

ယွဲ့မင်ကျူးမျက်လုံးတွေ တောက်ပလာပြီး ချက်ချင်း စင်တွေဆီ အပြေးသွားကာ ပုလင်းနှင့် ခရားတွေကို ကောင်းနိုးရာရာ ရှာဖွေယူလိုက်သည်။

ဂျန်ဖန်း ထိုအရာတွေကို စိတ်မဝင်စားပေ။

သူက ဆေးမီးဖိုဆီ တိုက်ရိုက်လျှောက်သွားလိုက်သည်။

ဖုန်တွေဖယ်ရှားလိုက်သည့်အခါ ဆေးမီးဖို၏ပုံသဏ္ဍာန်အစစ်အမှန်ပေါ်လာခဲ့သည်။

ဆေးမီးဖိုမျက်နှာပြင်၌ နဂါးကိုးကောင်ထွင်းထုထားပြီး အထူးပုံစံများစွာရှိနေခဲ့သည်။

ပြုလုပ်ထားသည့်ပစ္စည်းက အလွန်ထူးခြား၏။

ဆယ်စုနှစ်များစွာ တိုက်စားလာသော်လည်း အသစ်အတိုင်းရှိနေပြီး သံကြေးအနည်းငယ်မျှ မတက်ပေ။

သူ့နှလုံးသားလှုပ်ရှားသွားပြီး ထိုထဲကို စိတ်ဝိညာဥ်စွမ်းအင်ထည့်သွင်းဖို့ ကြိုးပမ်းလိုက်၏။

မဲနက်နေသည့်ဆေးမီးဖို ရုတ်တရက် တုန်ခါလာပြီး ထူးခြားသန်မာသည့်စိတ်ဝိညာဥ်စွမ်းအင်ဖိအားတစ်ခု ထုတ်လွတ်လာခဲ့သည်။

ပုလင်းတွေလိုက်ယူနေသည့် ယွဲ့မင်ကျူး ထိတ်လန့်သွားပြီး ကြောက်လန့်တကြား ခေါင်းလှည့်ကြည့်လိုက်သည်။

"ဒါ..ဒါက... စိတ်ဝိညာဥ်လက်နက်တစ်ခုပဲ..."

အရမ်းကြီးမသေချာပဲ,လျှောက်လာကာ ဆေးမီးဖိုပေါ် လက်ဝါးတင်လိုက်၏။

သို့ပေမယ့် သူမလက်ဝါးတင်လိုက်သည်နှင့် တုန်လှုပ်ဖွယ် စိတ်ဝိညာဥ်ဖိအားက လက်ကို အဝေးလွင့်ထွက်သွားစေခဲ့သည်။

သူမ တက်ကြွသည့်အမူအရာ ပြသလာ၏။

"တကယ်ပဲကိုး။ ဒါက စိတ်ဝိညာဥ်လက်နက်တစ်ခုပဲ...."

"ဒီလိုအံ့အားသင့်စရာကောင်းတဲ့ဖိအားက စိတ်ဝိညာဥ်နက်လက်ကပဲ လာနိုင်တာ...."

"ငါ တကယ် စိတ်ဝိညာဥ်လက်နက်ကို မျက်စိနှင့်တပ်အပ်မြင်နေရတာပဲ...."

သူမမျက်လုံးတွေ တုန်ယင်နေပြီး ကြီးမားသည့်စိတ်အားထက်သန်မှုတွေနှင့် ပြည့်နှက်နေခဲ့သည်။

ဂျန်ဖန်းကို သူမကို မနှောက်ယှက်ခင်ထိပင်။

"မင်းက ဒီပစ္စည်းလိုအပ်လို့လား...."

အာ...

ယွဲ့မင်ကျူး အမူအရာ ချက်ချင်းအေးခဲသွား၏။

ဝိညာဥ်သခင်တစ်ယောက်သာ ဆေးမီးဖို အသုံးပြုနိုင်၏။

အခြားလူတွေအတွက်တော့, ထိုအရာက အပိုင်းအစသတ္ထုတစ်ခုသာဖြစ်သည်။

ထိုအရာက ယွဲ့မင်ကျူးကို ရူးသွပ်သွားစေပြီး ဆေးမီးဖိုကို ဒေါသတကြီး ကန်ချလိုက်သည်။

"နင်က ဘာလို့ ဓားတစ်ချောင်းမဖြစ်ရတာလဲ။ ဒါမှမဟုတ်လည်း အခြားလက်နက်တစ်ခုခုဖြစ်လိုက်ပေါ့...."

"အခုတော့ ဆေးမီးဖိုကြီးဖြစ်နေတယ်။ ဘာသုံးစားလို့ရမှာလဲ...."

"စိတ်တိုစရာကောင်းလိုက်တာ...."

"ငါ,ယွဲ့မင်ကျူး, ဘယ်တော့မှ ဝိညာဥ်သခင်တွေနဲ့ အတူတကွ ယှဥ်တွဲမနေဘူး..."

သူမ တကယ် ဒေါသထွက်နေ၏။

ဘဝမှာ ပထမဆုံးအကြိမ်အနေဖြင့် ဒဏ္ဍာရီလာ စိတ်ဝိညာဥ်လက်နက်ကိုတွေ့ပေမယ့် သူမမသုံးနိုင်သည့် ဆေးမီးဖိုတစ်ခုဖြစ်နေခဲ့သည်။

ဘယ်သူက မရူးသွပ်ပဲ နေမည်နည်း။

ဂျန်ဖန်း တိတ်တဆိတ် ရယ်လိုက်၏။

ယူမရတော့, ဝိညာဥ်သခင်တွေကို ကျိန်ဆဲနေတယ်ပေါ့....

သနားစရာပဲ....

ကွက်တိပင်။ ဂျန်ဖန်း၌ ခုချိန်ထိ သီးသန့်ဆေးမီးဖိုတစ်ခုမရှိသေးပေ။

သူက ဤဆေးမီးဖိုကို ယူဖို့တွေဝေမနေပေ။

ရှေ့တက်ပြီး ဆေးမီးဖိုကိုဆုပ်ကိုင်ကာ မဖို့ကြိးစားလိုက်၏။

သို့ပေမယ့်....

သူကြောင်အသွား၏။

ဆေးမီးဖိုက တစ်လက်မတောင်မရွေ့ပေ။

"လေးလှကြီလား..."

ဂျန်ဖန်း အံ့အားသင့်သွားပြီး ရုပ်ခန္ဓာစွမ်းအင်ကို အသုံးပြုလိုက်သည်။

သို့ပေမယ့် ဆေးမီးဖိုကတောင်တစ်လုံးကဲ့သို့ဖြစ်နေပြီး အနည်းငယ်မျှလှုပ်မသွားပေ။

ဂျန်ဖန်း မယုံကြည်နိုင်ပေ။ ထို့ကြောင့် သူ၏ ရုပ်ခန္ဓာစွမ်းအားနှင့် စိတ်ဝိညာဥ်စွမ်းအား အားလုံးကို အသုံးပြုလိုက်သည်။

သူ့ကိုအံ့အားသင့်စွာပဲ....

ဆေးမီးဖိုက ရွေ့မလာသေးပေ။

ထိုအခိုက်အတန့်၌, သူ့ခွန်အားက အမြုတေဖွဲ့စည်းခြင်းအဆင့် ၂ နှင့် ညီမျှနေပြီဖြစ်သည်။

တစ်ထပ်အိမ်လောက်ရှိသည့်ကျောက်တုံးကိုတောင် မနိုင်၏။

ဘယ်လိုလုပ် ဤပစ္စည်းက တစ်လက်မမှ မရွေ့ရသနည်း။

ဂျန်ဖန်း ရုန်းကန်နေရတာမြင်တော့, ယွဲ့မင်ကျူး၏ မခံကျိမခံသာဖြစ်နေသည့်စိတ် နောက်ဆုံးမှာ အခြေအနေတိုးတက်လာခဲ့သည်။

နင်တောင်မှ အခုလိုအခိုက်အတန့်ရှိသေးတာပဲ.....

သူမက တစ်ခစ်ခစ်ရယ်လိုက်၏။

"ဘာလဲ, ထမင်းမစားရသေးဘူးလား...."

"ဒီလောက်မီးဖိုသေးသေးလေးတောင် မမနိုင်ဘူး...."

ဂျန်ဖန်း မျက်နှာမဲမှောင်သွား၏။

"ဒီဆေးမီးဖိုက ထူးဆန်းတယ်...."

ယွဲ့မင်ကျူး ထပ်ရယ်လိုက်ပြီး ကျေနပ်သွား၏။

"နင်မမနိုင်တာနဲ့ မီးဖိုကိုအပြစ်တင်နေတယ်..."

"နင်မမနိုင်ရင် ငါယူလိုက်မယ်..."

"ငါ မသုံးနိုင်ပေမယ့် ကောင်းကင်ဘုံစက်ယန္ဒယားခန်းမ နန်းတော်သခင်ကို လက်ဆောင်ပေးလို့ရတယ်။ ဒါဆို ငါလည်း အကျိုးအမြတ်အများကြီးရမှာ...."

ဂျန်ဖန်း၏ ပိုပိုမဲမှောင်လာသည့်အမူအရာကို မြင်တော့....

ယွဲ့မင်ကျူး ပိုလို့တောင် ကျေနပ်သွား၏။ သူမက ရယ်ပြီး ဆေးမီးဖိုနား ချည်းကပ်လာခဲ့သည်။

ထိုနောက် ဆေးမီးဖိုအစွမ်းနှက်ဖက်ကို လက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်ပြီး သာမန်အတိုင်းမကာ ပြောလိုက်သည်။

"ဆေးမီးဖိုသေးသေးလေးများ, လွယ်လွယ်...."

စကားလုံးတွေ ပါးစပ်ထဲမှ ထွက်မလာပေ။

သူမအမူအရာ အေးခဲသွား၏။

အဘယ်ကြောင့်ဆိုသော်, မီးဖိုက တစ်လက်မတောင် ရွေ့မလာသောကြောင့်ပင်။

ဘယ်လိုလုပ်ဖြစ်နိုင်မည်နည်း။

စိတ်ဝိညာဥ်စွမ်းအင်မသုံးလျှင်တောင် အမြုတေဖွဲ့စည်းခြင်းနောင်းပိုင်းအဆင့်ဖြစ်သည့် သူမရုပ်ခန္ဓာက လူတစ်ဝက်လောက်ရှိသည့်ဆေးမီဖိုကိုတောင် မနိုင်သင့်၏။

နောက်တစ်ကြိမ်ကြိုးစားသည့်အခါ, အတူတူပဲဖြစ်သည်။

ဆေးမီးဖိုက မြေပြင်နှင့် ခိုင်မြဲစွာ ကပ်နေသလိုပင်။

ဂျန်ဖန်း မျက်မှောင်ကြုတ်သွား၏။

"မင်းရုပ်ခန္ဓာနဲ့တောင် မရွေ့နိုင်ဘူးလား..."

ယွဲ့မင်ကျူးမျက်နှာနီရဲသွားပြီး စိတ်လှုပ်တရှားပြောလိုက်သည်။

"ဘယ်...ဘယ်သူပြောလဲ။ ငါ ခုထိ ခွန်အားကုန်မသုံးရသေးဘူး..."

ရွေးချယ်စရာမရှိပေ။

သူမက တိတ်တဆိတ် စိတ်ဝိညာဥ်စွမ်းအင်လှည့်ပတ်ကာ နောက်ဆုံးတစ်ကြိမ်ကြိုးစားကြည့်လိုက်သည်။

သူမ၏ အမြုတေဖွဲ့စည်းခြင်း နောင်းပိုင်းအဆင့်နှင့် ထိုအရာက လုံလောက်သင့်၏။

သူမကိုတုန်လှုပ်စွာပဲ....

ခွန်အားကုန်သုံးပြီး မျက်နှာအနီရောင်ပြောင်းသွားသော်လည်း ဆေးမီးဖိုက တစ်လက်မတောင်ကြွမလာသေးပေ။

သူမ အံ့အားသင့်သွား၏။

"ဒီပစ္စည်းနဲ့ပတ်သက်ပြီး တစ်ခုခုတော့မှားနေပြီ...."

သူမခွန်အားနှင့် တောင်ငယ်တစ်လုံးကို မမနိုင်လျှင်တောင် ရွေ့အောင်တော့ လုပ်နိုင်၏။

ထိုအရာက ဘယ်လိုလုပ် လုံးဝ မရွေ့ရသနည်း။

သူမလည်း မမနိုင်တာမြင်သည့်အခါ ဂျန်ဖန်း မေ့စေ့ပွတ်ပြီး ဆေးမီးဖိုကိုပတ်ကြည့်လိုက်သည်။

ရုတ်တရက်...

အနည်းငယ်မညီညာသည့်ခံစားမှုတစ်ခု သူ့ခြေထောက်အောက်မှ ထွက်ပေါ်လာခဲ့သည်။

ငုံ့ကြည့်လိုက်သည့်အခါ, သူ့ခြေထောက်အောက်၌ ပြာဖုံးနေသည့်ကြမ်းပြင်ကို တွေ့လိုက်သည်။

ပြာတွေကို ခြေထောက်ဖြင့် ဘေးဖယ်လိုက်ရာ ကြမ်းပြင်၌ ဝိညာဥ်စွမ်းအားဖြင့် ရေးထားသည့် စာလုံးတွေကို တွေ့လိုက်ရသည်။

သန္ဓေသားကျင့်ကြံသူချန်ထားခဲ့သည့်အရာပင်။

ဂျန်ဖန်းမျက်ခွံတွေ ကျုံ့သွားပြီး ချက်ချင်း အာရုံစိုက်လိုက်သည်။

All Chapters