← Chapters

လေဟာနယ် (၂)

Vol. 99 Ch. 983

လေဟာနယ် (၂)

Vol. 99 Ch. 983

လေဟာနယ်နှင့် စမ်းသပ်ခြင်းသည် လေဟာနယ်ဆိုင်ရာ သဘာဝစွမ်းအားကို နားလည်ရန် အကောင်းဆုံး နည်းလမ်းပင်ဖြစ်သည်။

အကြောင်းမှာ လေဟာနယ်စွမ်းအားဟူသည် လေဟာနယ်၏ နေရာတိုင်းတွင် တည်ရှိနေတတ်ပြီး အဆိုပါ လေဟာနယ် စွမ်းအားမျှင်တိုင်းတွင် လုံလောက်သော လေဟာနယ်ဆိုင်ရာ သဘာဝစွမ်းအားများ ကိန်းဝပ်နေကြသောကြောင့်ပင်။

လက်ရှိအခြေအနေတွင် စုချန်းသည် အရုပ်ဆိုင်ထဲမှ ကလေးငယ်တယောက်နှင့် တူနေ၏။ ထိုအခါ သူသည် သူ့ပတ်ဝန်းကျင်ကာတခုလုံးကို ပရမတ်မျက်လုံး၊ စိတ်ဝိညာဥ်သလင်းစသည်တို့ကို အသုံးပြုကာ ကြိုးစားပမ်းစားပင် ခွဲခြမ်းစိတ်ဖြာလျက်ရှိသည်။ တချိန်တည်းမှာပင် သူ၏ စိတ်ဝိညာဥ်စွမ်းအင်မှာလည်း သိသိသာသာပင် တိုးတက်လာနေ၏။

တခါတလေ ဒိုင်အိုမီဒီးစ်ကိုယ်တိုင်ပင် စုချန်း၏ ဇွဲလုံ့လကို သြချယူရလေသည်။

တကယ်တော့ ဝိညာဥ်မျိုးစိတ်များဟူသည်လည်း အလွန်ပင် ကြိုးစားအားထုတ်ကြသော မျိုးစိတ်ဝင်များ ဖြစ်ကြသည်။ ၎င်းတို့သည် ၎င်းတို့၏ ရှည်လျားသော သက်တမ်း အားလုံးနီးပါးကို သုတေသနပြုခြင်းနှင့်သာ ကုန်ဆုံးတတ်ကြသူများ ဖြစ်သည်။ ထို့ကြောင့် စုချန်းကို ကြည့်ရင်း ဒိုင်အိုမီဒီးစ်ကိုယ်တိုင် သူ့ငယ်ဘဝကို သတိရလာ၏။

ဤနေ့တွင်လည်း စုချန်းတယောက် ထုံးစံအတိုင်း လေဟာနယ်ဆိုင်ရာ သဘာဝစွမ်းအားကို နားလည်ရန် ဆက်လက်ကြိုးစားနေ၏။ လက်ရှိအချိန်တွင်ကား သူသည် ကိုယ်တဝက်လုံးနီးပါးကို လေဟာနယ်ထဲသို့ ဆန့်ထုတ်နိုင်ခဲ့လေပြီ။

စုချန်း၏ အခြေအနေကို အကဲခတ်ရင်း ဒိုင်အိုမီဒီးစ်က ပြောလိုက်၏။

“မင်း အတော်လေးကို တိုးတက်နေပြီပဲ"

သို့သော် စုချန်းက ခေါင်းခါယမ်းလိုက်သည်။

“မလုံလောက်သေးဘူး ဒါနဲ့ ဒိုင်အိုမီဒီးစ် လေဟာနယ်သက်ရှိတွေ လေဟာနယ်ထဲမှာ ဘယ်လို အသက်ရှင်နေတယ်လို့ ခင်ဗျားထင်သလဲ”

“ဘယ်လိုအသက်ရှင်သလဲဆိုတော့ သူတို့ကိုယ်တိုင်က လေဟာနယ်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်နေပြီးသားမို့ပေါ့ကွာ”

ဒိုင်အိုမီဒီးစ်က ပြန်ဖြေလိုက်၏။

"အသွေးအသားတွေ လေဟာနယ်စွမ်းအားနဲ့ ရောနှောသွားတဲ့အခါ သူ့ကို လေဟာနယ်က တရားဝင်လက်ခံ လိုက်တယ်ကွ ဒါကြောင့် အဲဒီ သတ္တဝါတွေဟာ လေဟာနယ်ရဲ့ တိုက်စားခြင်းကို မခံရတော့ဘူး ဒါပေမဲ့ မင်းကတော့ လေဟာနယ်သက်ရှိ မဟုတ်ဘူး ဒါကြောင့် လေဟာနယ်ကလဲ မင်းကို အသိအမှတ် မပြုဘူး"

စုချန်း ခေါင်းညိတ်လိုက်၏။

“ကျုပ်မှာလဲ ထင်မြင်ချက်တခုရှိတယ် ဒီလိုဗျာ တကယ်လို့ လေဟာနယ်သက်ရှိတွေကို လေဟာနယ်က လက်ခံနိုင်စေမယ့် ပစ္စည်းတမျိုးတလေ ရှိနေတယ်ဆိုရင်ရော"

အနီးအနားတွင် ရှိနေသော လေဟာနယ် ပင်လယ်မြင်းသည် စုချန်း၏ စကားကို ကြားသောအခါ စိတ်ဝင်စားဟန်ဖြင့် ခေါင်းထောင်လာ၏။ ဒိုင်အိုမီဒီးစ်မှ လေဟာနယ် ပင်လယ်မြင်းကို စကားပြောရန် သင်ပေးပြီးနောက် ၎င်းသည် စုချန်းတို့၏ စကားကို အတော်လေးနားလည်နိုင်စွမ်းရှိနေခဲ့လေပြီ။

ဒိုင်အိုမီဒီးစ် ခေါင်းညိတ်လိုက်သည်။

“ဟုတ်တယ် ဒါပေမဲ့ မင်း ရှာတွေ့ဖို့တော့မလွယ်ဘူး…… အော် ဟုတ်သားပဲဟမင်းမှာ အာကင်နာမျက်လုံး ရှိနေတယ်ဆိုတာ ငါ မေ့သွားတယ်”

“ပြီးတော့ ကျုပ်ရဲ့ သုတေသန ကိရိယာတွေလဲ ကျုပ်နဲ့အတူ အကုန် ပါလာတယ်လေ”

ထို့နောက် စုချန်းက လေဟာနယ် ပင်လယ်မြင်းကို လှမ်းကြည့်ပြီး မေးလိုက်သည်။

“ကျုပ်တို့ သဘောတူညီချက်တခုလောက် လုပ်ရအောင်လား မင်းရဲ့သွေးနည်းနည်းလောက် ကျုပ် လိုချင်တယ်"

လေဟာနယ် ပင်လယ်မြင်းသည် နှာမှုတ်သံတချက်ပြုပြီး စုချန်း၏ ကမ်းလှမ်းချက်ကို လျစ်လျူရှုလိုက်၏။

ထိုအခါ စုချန်းက ဒိုင်အိုမီဒီးစ်ကို ပြောလိုက်ပြန်သည်။

“ကျုပ်ကို ကူညီပြီး သူ့ကို စည်းရုံးပေးပါလားဗျ”

ဒိုင်အိုမီဒီးစ် ရယ်မောလိုက်သည်။

“ငါက ဘာလို့ မင်းကို ကူညီရမှာလဲ”

“ခင်ဗျား အပြင်ကမ္ဘာကို သွားချင်တယ်မလား"

“ငါက လွတ်လပ်မှုကို လိုချင်တာ”

ဒိုင်အိုမီဒီးစ်က ပြန်ပြောလိုက်သည်။

“မဖြစ်နိုင်ဘူး”

စုချန်းက ဒိုင်အိုမီဒီးစ်၏ တောင်းဆိုမှုကို ချက်ချင်း ငြင်းပယ်လိုက်သည်။

“ခင်ဗျား ကျုပ်ရဲ့ သုတေသနကို ပိုပြီးမြန်သွားအောင် ကူညီနိုင်တယ်ဆိုရင်တောင် မရှိမဖြစ်တော့ မဟုတ်ဘူး ခင်ဗျား မပါလို့ အချိန် ပိုကြာသွားတာပဲ ရှိလိမ့်မယ် ဒါပေမဲ့ ခင်ဗျားသာ ကျုပ်ကို ကူညီမယ်ဆိုရင် ခင်ဗျားကို ဓားတစ်သောင်းတောင်ရဲ့ အလှဆုံး တောင်ထိပ်မှာ စိုက်ထားပေးမယ်လို့ ကျုပ် ကတိပေးတယ် ခင်ဗျားအနေနဲ့ အဲဒီနယ်မိမိတ်အတွင်းမှာ စိတ်ကြိုက်သွားလာလို့ရမယ် ဒါပေမဲ့ ဓားတစ်သောင်း တောင်ကနေတော့ ထွက်သွားခွင့်မပေးနိုင်ဘူး”

“ကောင်းပြီ…… ကောင်းပြီ ငါ လက်ခံတယ်”

ဒိုင်အိုမီဒီးစ်လည်း ထပ်မံ ညှိနှိုင်းရန် ကြိုးစားခြင်းမရှိတော့ပဲ သဘောတူလိုက်၏။

ထို့နောက် သူ လေဟာနယ် ပင်လယ်မြင်းကို စည်းရုံးရန် ထွက်သွားလေသည်။

အချိန်အတော်လေးအကြာတွင်တော့ စုချန်း၏ လက်ထဲသို့ ပင်လယ်မြင်း၏ သွေးပုလင်း ရောက်ရှိလာ၏။

လေဟာနယ် ပင်လယ်မြင်း၏ သွေးကြောင့် စုချန်၏ လေဟာနယ်ဆိုင်ရာ သဘာဝစွမ်းအားအပေါ် နားလည်နိုင်စွမ်းမှာ ခုန်ပျံကျော်လွှားပင် တိုးတက်လာခဲ့၏။ တချိန်တည်းမှာပင် သူ့ခွန်အားကလည်း တိုးတက်လာလေသည်။ မကြာမီ သူ တကိုယ်လုံးကို လေဟာနယ်ထဲတွင် နှစ်မြုပ်ထားနိုင်လာ၏။

ရက်တချို့အကြာတွင်တော့ သူသည် ကျွန်းပြင်ပသို့ထွက်လာနိုင်ရုံသာမက ကျွန်းတပတ် ပတ်နိုင်လောက်အောင် အားကောင်းလာ၏။

စုချန်း၏ ပုံစံမှာ တနေ့တွင် အပြောကျယ်လှသော ပင်လယ်ပြင်ကို ဖြတ်ကူးပြီး အိမ်ပြန်နိုင်ရန် စိတ်အားထက်သန်စွာ ရေကူးလေ့ကျင့်နေသည့် လူသူကင်းမဲ့ကျွန်းပေါ်တွင် ပိတ်မိနေသူတဦးနှင့်ပင် တူနေသေးသည်။ သို့သော် လေဟာနယ်ကို ဖြတ်ကျော်ရန် လေ့ကျင့်ရခြင်းမှာ သမုဒ္ဒရာကို ဖြတ်ကူးရခြင်းထက် အဆပေါင်းများစွာ ပိုမို ခက်ခဲနေသည်မှာကား အမှန်ပင်။

ယနေ့တွင်လည်း စုချန်းသည် ကျွန်းကို အကြိမ်အနည်းငယ် လှည့်ပတ်ပျံသန်းပြီး ပြန်လာခဲ့၏။ ကျွန်းပေါ်သို့ရောက်သည်နှင့် စုချန်းက မေးလိုက်လေသည်။

“ဘယ်လောက်ကြာသလဲ”

ဒိုင်အိုမီဒီးစ်က သဲနာရီကို လက်ညှိုးထိုးပြပြီး ပြန်ဖြေလိုက်၏။

“သဲနာရီတခါလှန်တယ်”

ဤသဲနာရီ​ကို ကျွန်းပေါ်တွင် ယာယီ တည်ဆောက်ထားခြင်းဖြစ်၍ တိကျမှုနည်းသော်လည်း ၎င် တစ်ကြိမ်လှန်ခြင်းသည် ခန့်မှန်းခြေအားဖြင့် ဆယ့်ငါးမိနစ်ကို ကိုယ်စားပြုနေ၏။

စုချန်း၏ မျက်နှာတွင် ကျေနပ်အားရသော အပြုံးတရပ် ပေါ်ပေါက်လာသည်။

“မနက်ဖြန် ပိုဝေးတဲ့ တနေရာရာကို သွားကြည့်မယ်”

ဒိုင်အိုမီဒီးစ်အနေနှင့် အံ့အားသင့်ခြင်းမရှိ။

စုချန်း ကျွန်းပတ်ပတ်လည်ကို သက်သောင့်သက်သာ လှည့်ပတ်နိုင်ခြင်းက သူ့အနေနှင့် ပိုမို စူးစမ်းလေ့လာသင့်နေပြီဟု ဆိုလိုနေခြင်းပင် မဟုတ်ပါလား။

နောက်တစ်နေ့တွင် ဖြစ်သည်။

စုချန်းသည် ကျွန်းမှထွက်ခွာပြီး လေဟာနယ်ထဲသို့ ဦးတည်ပျံသန်းလိုက်၏။ ထိုအခါ လေဟာနယ် စွမ်းအင်သည် သူ၏ ခန္ဓာကိုယ်ကိုရိုက်ခတ်လာပြီး တဖြတ်ဖြတ်လင်းလက်လာတော့သည်။

သို့သော် သူ နားလည်ထားသည့် လေဟာနယ်ဆိုင်ရာသဘာဝစွမ်းအားက သူ့ကို လေဟာနယ်၏ တိုက်စားခြင်းမှ ကာကွယ်ပေးထားလျက်ရှိသည်။ ထိုမျှသာမကသေး စုချန်းသည် လေဟာနယ်စွမ်းအား၏ တိုက်စားခြင်းကို ချေဖျက်ပေးသည့်လေဟာနယ် မူလပစ္စည်းတမျိုးကိုပါ ထုတ်လုပ်နိုင်ခဲ့လေရာ ၎င်းက လေဟာနယ်၏ တိုက်စားနိုင်စွမ်းကို လျော့ပါးပျံ့ကားသွားစေရန် ကူညီပေးနေပြန်၏။

သို့သော် အဆိုပါမူလပစ္စည်းသည် လေဟာနယ်၏ စွမ်းအားကို လုံးဝ ဖယ်ရှားပစ်ရန်တော့ မတတ်နိုင်ချေ။ ထို့ကြောင့် ကျန်စွမ်းအားလက်ကျန်ကိုတော့ စုချန် ကိုယ်တိုင်သာ ကိုင်တွယ်ဖြေရှင်းရပေလိမ့်မည်။

လေဟာနယ်စွမ်းအား၏ သက်ရောက်မှုကြောင့် စုချန်း၏ အသက်စွမ်းအားသည် အဆက်မပြတ် လျော့ကျနေ၏။ ထိုအခါ သူ့အသားအရေတခုလုံး ပြာနှမ်းနှမ်းဖြစ်လာပြီး သူ့ နှလုံးခုန်နှုန်းမှာလည်း အကြီးအကျယ် မြန်ဆန်လာတော့သည်။

ဤအနေအထားတွင် စုချန်းအနေနှင့် ကျွန်းသို့ အချိန်မီပြန်ရောက်မှသာ သက်သာရာ ရပေလိမ့်မည်။

ဤသဘောထားကို စုချန်းကိုယ်တိုင်ကလည်း ကောင်းကောင်းကြီး နားလည်ထား၏။ ထို့ကြောင့် သူ့အနေနှင့် ကျွန်းမှ အလွန်အမင်း ဝေးသည့်နေရာသို့ မသွားရဲချေ။

သို့သော် ထိုနေ့မှစ၍ စုချန်သည် နေ့စဉ်လိုလို ပို၍ ဝေးကွာသော နေရာများသို့ သွားရောက်ရန် စတင်ကြိုးပမ်းတော့သည်။ ဤနည်းအား​ဖြင့် သူ လေဟာနယ်ထဲတွင် နေထိုင်သည့်အချိန်ကလည်း ပို၍ ပို၍ တိုးလာနေ၏။

တစ်နေ့တွင် ဧရာမ ကျောက်တုံးကြီးတတုံး သူ့ဆီသို့ ပျံသန်းလာသည်ကို စုချန်း သတိထားမိလိုက်၏။ တကယ်တော့ ထိုကျောက်တုံးကဲ့သို့ ပုံသဏ္ဌာန် ထူးဆန်းသော ကျောက်တုံးများ ကျွန်းပတ်ပတ်လည်တွင် ပေါ်လာတတ်လေရာ စုချန်းကိုယ်တိုင် ၎င်းတို့ထဲမှ တချို့ကို ယခင်က မြင်ဖူးထား၏။

သို့သော် ဤကျောက်တုံးကတော့ အတော်လေး ထူးခြားနေပုံရသည်။ ၎င်းသည် ကျောက်တုံး ဖြစ်သော်လည်း ဧရာမ ငါးမန်းကြီးတကောင်နှင့် ပို၍တူနေ၏။ ၎င်း၏ ပါးစပ်ကျယ်ကြီးတွင် ဓားကဲ့သို့ ချွန်ထက်သော သွားများဖြင့် ပြည့်နေ၏။ ၎င်း၏ ကျောပေါ်တွင်လည်း ချွန်ထက်သော ဆူးချွန်များစွာ ပေါက်ရောက်လျက်ရှိသည်။ ကြည့်ရသည်မှာ ဤကျောက်တုံးသည် ဓားငါးမန်းတကောင်နှင့် အတော်လေး ဆင်တူနေ၏။

သို့ဆိုလျင် အဘယ်ကြောင့် ဓားငါးမန်းတကောင်၏ ရုပ်တု လေဟာနယ်ထဲတွင် မျောပါနေရလေသနည်း။

စုချန် အံ့အားသင့်သွား၏။ သို့သော် သူ ချက်ချင်း တစုံတရာကို သဘောပေါက်လိုက်သည်။

ဒါ ရုပ်တု မဟုတ်ဘူး ဒါ တကယ့် ဓားငါးမန်းတကောင်ပဲ...

ဤလေဟာနယ်သည် နက်ရှိုင်းပင်လယ်ဝမ်းနည်းခြင်း၏ တည်နေရာဖြစ်လေရာ အစွမ်းထက် သားရဲမဟာဧကရာဇ်များစွာ၏ နေအိမ်ဟုလည်း ဆိုနိုင်၏။

ဤအတိုင်းသာဆိုလျင် သားရဲများအားလုံး လေဟာနယ်၏ သက်ရောက်မှုကြောင့် ရုပ်တုများအဖြစ်သို့ ပြောင်းလဲသွားကြခြင်းပင် ဖြစ်ပေလိမ့်မည်။

သားရဲမဟာဧကရာဇ်ရုပ်တုများ...

၎င်းတို့သည် တနည်းနည်းနှင့် အသုံးဝင်လာကောင်း အသုံးဝင်နိုင်လာ၏။

ထိုအချက်ကို သဘောပေါက်လိုက်သည်နှင့် စုချန်းတယောက် ဧရာမ ကျောက်တုံးကြီးဆီသို့ စိတ်အားထက်သန်စွာ ပျံသန်းသွားလိုက်သည်။

ကျောက်တုံးအနီးသို့ ရောက်သည်နှင့် စုချန်းက ဦးစွာ လက်ဆစ်နှင့် ခေါက်ကြည့်လိုက်၏။ အထိအတွေ့ကား သာမန် ကျောက်တုံးတတုံးနှင့် အတူတူပင်။

သို့သော် ဤကျောက်တုံးသည် ယခင်က သားရဲမဟာဧကရာဇ်တကောင် ဖြစ်ခဲ့ဖူး၏။ မည်သို့မှ အသုံးမဝင်သည်မှာ ဖြစ်နိုင်ပါမည်လော။

ထို့နောက် စုချန်းက ရုပ်တုကို လက်သီးနှင့် ထိုးချလိုက်၏။ သို့သော် ဤရုပ်တုမှာ မယုံနိုင်လောက်အောင် မာကျောပုံရပြီး စုချန်း၏ လက်သီးချက်ကို အနည်းငယ်မှ ဖြုံပုံမရချေ။

ထို့နောက်တွင်တော့ စုချန်းတယောက် အလင်းမဲ့ဓားကို ထုတ်ယူလိုက်၏။ အလင်းမဲ့ဓားသည် အပြင်ဘက်ကျောက်လွှာကို အလွယ်တကူ ထိုးဖောက်သွားလေသည်။ ထိုခနမှာပင် စိတ်ဝင်စားစရာ ခံစားမှုတခုကို စုချန်း ခံစားလိုက်ရ၏။

ထိုခံစားချက်မှာ အလင်းမဲ့ဓား ဆာလောင်နေကြောင်း သူ့ကို အသိပေးလိုက်သည့် ခံစားချက်ပင် ဖြစ်သည်။

စုချန်းကား ဤခံစားချက်နှင့် အလွန် ရင်းနှီးနေ၏။

အကြောင်းမှာ အလင်းမဲ့ဓား၏ ထူးခြားသော ဂုဏ်သတ္တိကြောင့်ပင် ဖြစ်သည်။ ဤဓားထဲတွင် စီးဆင်းရွှေဓားအာကင်နာနည်းစနစ် ကိန်းအောင်းပါဝင်နေလေရာ အနီးအနားတွင် သူလိုချင်သည့်အရာ တခုရှိတိုင်း ဤသို့ပင် သတိပေးလေ့ရှိ၏။

အလင်းမဲ့ဓား လိုချင်သည့် တခုတည်းသော အရာမှာ တခြားမဟုတ်။ သတ္တုပေတည်း။

ထို့ကြောင့် ကျောက်တုံးအတွင်း၌ တစုံတရာသော သတ္တု ရှိနေသည်မှာ သေချာသွားလေပြီ။

ထိုသို့ နားလည်သွားသည်နှင့် စုချန်းက စီးဆင်းရွှေဓား၏ စုပ်ယူနိုင်စွမ်းကို အသက်သွင်းလိုက်လေရာ ရုပ်တုအတွင်းရှိ သတ္တုများ အလင်းမဲ့ဓားထဲသို့ စီးဝင်လာ၏။

သိပ်မကြာမီ အလင်းမဲ့ဓားသည် တောက်ပစွာ လင်းလက်လာပြီး ၎င်း၏ကိုယ်ထည်သည်လည်း ကျယ်ပြန့်လာ၏။ စုချန်၏ အလင်းမဲ့ဓားသည် မူလကတည်းက အရွယ်အစားအားဖြင့် အတော်လေး အထင်ကြီးစရာကောင်းနေပြီး ရုပ်တုအတွင်းရှိ သတ္တုကို မစုပ်ယူမီကပင် အဆင့်တစ်မူလကိရိယာနှင့် အစွမ်းချင်း ညီမျှပြီးသား ဖြစ်သည်။ ဤတ​ကြိမ်တွင်တော့ အလင်းမဲ့ဓားသည် အမှန်တကယ် အဆင့်တစ် မူလကိရိယာ၏ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွားတော့၏။ သိပ်မကြာမီ နတ်ဘုရားမူလကိရိယာအဆင့်သို့ပင် ရောက်သွားနိုင်သည့် အလားအလာများကိုပင် စုချန်း မြင်တွေ့နေရသည်။

“တယ်ဟုတ်ပါလား”

အလင်းမဲ့ဓား၏ အခြေအနေကိုကြည့်ပြီး စုချန်း အံ့အားသင့်သွား၏။

အစာစားပြီးနောက် အလင်းမဲ့ဓား၏ အလင်းရောင်သည်မှိန်ဖျော့စပြုလာ၏။ လေဟာနယ်၏ စွမ်းအားကား ၎င်းအပေါ်တွင် မည်သည့်သက်ရောက်မှုမှ မရှိချေ။ သို့သော် ဓား၏အလေးချိန်သည် ထင်ထားသည်ထက် ပိုမိုလေးလံနေပုံရသည်။

ထိုအခါ စုချန်းက ခေတ္တစဥ်းစားပြီး ရုပ်တုကို လက်သီးနှင့်ထိုးချလိုက်ပြန်သည်။ ဤတကြိမ်တွင်တော့ ဓားငါးမန်းရုပ်တုသည် အစိတ်စိတ်အမွှာမွှာ ပေါက်ကွဲထွက်သွား၏။

ကျောက်တုံးအပိုင်းအစများအားလုံး နေရာအနှံ့သို့ လွင့်စင်သွား၏။ ထိုအခါ စုချန်းက အပိုင်းအစတခုကို လှမ်းဆွဲပြီး ခွဲခြမ်းစိတ်ဖြာလိုက်တော့သည်။ အလင်းမဲ့ဓား မစုပ်ယူရသေးသော သတ္တုအမှုန်အမွှားတချို့သည် စုချန်၏ ထိုးထွင်းသိမြင်နိုင်သော အမြင်အာရုံအောက်ဝယ် မည်သို့မှ ပုန်းအောင်းနိုင်ဖွယ်ရာမရှိပေ။

နောက်ဆုံးတော့ ဤသတ္တုဘာမှန်း စုချန်း သဘောပေါက်သွားလေပြီ။

“လေဟာနယ် ကြယ်သတ္တုပါလား"

စုချန်း တုန်လှုပ်သွား၏။

ဤစကြဝဠာတွင် ထူးဆန်းသော သတ္တု အမျိုးအစားများစွာ တည်ရှိလေရာ လေဟာနယ်ကြယ်သတ္တုသည်လည်း တမျိုးအပါအဝင်ပင် ဖြစ်သည်။ လေဟာနယ်ကြယ်သတ္တုဟူသည် လေဟာနယ်ထဲတွင်သာ တည်ရှိနိုင်သော သတ္တုတမျိုးဖြစ်ပြီး ၎င်းတွင် အလွန်ထူးခြားလှသော ဂုဏ်သတ္တတမျိုး ရှိနေ၏။ ထိုဂုဏ်သတ္တိမှာကား မူလလေဟာနယ်ဆိုင်ရာ ဂုဏ်သတ္တိပေတည်း။

ယခုတော့ လေဟာနယ်ကြယ်သတ္တုသိုက်ကို စုချန်း ရှာတွေ့သွားပြီဟုသာ ဆိုရပေတော့မည်။

All Chapters