← Chapters

သင်္ချိုင်း

Vol. 99 Ch. 985

သင်္ချိုင်း

Vol. 99 Ch. 985

ထိုပုံရိပ်သည် တကယ့်အရိပ်၊ တနည်းအားဖြင့် ကိုယ်ခန္ဓာမရှိသော အရိပ်ပင် ဖြစ်သည်။

၎င်းသည် စုချန်းဆီသို့ လျင်မြန်စွာ မျောလွင့်လာ၏။ အရိပ်သည် မျောရုံမျှသာမျောပါလာပြီး မည်သည့် တုံ့ပြန်မှုမှ မရှိ။ သို့သော် စုချန်းကတော့ ထိုအရိပ် သူ့အနီးသို့ အကပ်မခံရဲချေ။

ထ်ိုအခါ သူက နောက်သို့ချက်ချင်း ဆုတ်လိုက်၏။ တချိန်တည်းမှာပင် သူ့လက်တဖက် လှုပ်ရှားသွားပြီး ကြာပန်းနီငါးပွင့် ထွက်ပေါ်လာကာ အရိပ်ဆီသို့ တိုးဝင်သွား၏။

ကြာပန်းများသည် အရိပ်ကိုတည့်တည့်မတ်မတ်ပင် ထိမှန်သွားပြီး ပေါက်ကွဲလောင်ကျွမ်းတော့သည်။

အရိပ် နာကျင်စွာ အော်ဟစ်လိုက်၏။ နားကြားပြင်းကပ်စရာ အော်သံကြောင့် စုချန်း ဆံပင်မွှေးများပင် ထောင်သွား၏။

ထိုအချိန်မှာပင် ထ်ိုအရိပ်က နောက်လှည့်ပြီး ထွက်ပြေးရန် ဟန်ပြင်လိုက်တော့သည်။ သို့သော် စုချန်းက ချက်ချင်းပင် ဆူမာရုလေဟာနယ်ကို အသက်သွင်းလိုက်၏။

လက်ရှိအချိန်တွင် စုချန်းသည် လေဟာနယ်ဆိုင်ရာ သဘာဝစွမ်းအားကို အလွန် ကျွမ်းကျင်နေခဲ့ပြီဖြစ်လေရာ ဆူမာရုလေဟာနယ်သည်လည်း အနှိုင်းမဲ့အဆင့်သို့တိုင် ရောက်ရှိနေခဲ့လေပြီ။ စုချန်း လက်တဖက်လှုပ်ရှားလိုက်သည်နှင့် လေထုသည် ရုတ်တရက် သိပ်သည်းသွားပြီး လေဟာနယ်စက်လုံးငယ်တလုံးအဆင့်ထိ သေးငယ်သွား၏။

အရိပ်သည် ဆူမာရုလေဟာနယ် အသေးစားစကြာဝဠာအတွင်း၌ အားကြိုးမာန်တက်ပျံသန်းနေသော်လည်း ရှေ့ကိုကား မရောက်နိုင်တော့ချေ။

သို့သော် ထိုအရိပ်သည် လေဟာနယ်စက်လုံးထဲတွင် ကန့်သတ်ခံထားရသည်ကို သဘောပေါက်ပုံမရ။ စက်လုံးအပြင်ဘက်ဆီမှ သူ့ကိုစိုက်ကြည့်နေသည့် မျက်လုံးကြီးတစ်လုံးကို မြင်လိုက်ရတော့မှ ကြောက်လန့်တကြား ထအော်ရှာ၏။

ထို့နောက်တွင်တော့ ၎င်းတကိုယ်လုံး လောင်ကျွမ်းပြာကျသွားလေသည်။

“ဒါ အရိပ်သက်ရှိပုံစံပဲ”

ဒိုင်အိုမီဒီးစ်၏အသံ ထွက်ပေါ်လာသည်။

အရိပ်သက်ရှိပုံစံများဟူသည် အရိပ်နယ်ပယ်၌သာ နေထိုင်ကြသည့် သက်ရှိများ ဖြစ်သည်။ အဘယ်ကြောင့် ဤနေရာတွင် ရုတ်တရက် ပေါ်လာရလေသနည်း။

ဒိုင်အိုမီဒီးစ် ထိတ်လန့်သွား၏။

သို့သော် စုချန်းကတော့ တစ်စုံတစ်ရာကို ချက်ချင်းသဘောပေါက်သွားလေသည်။

“ဒီတော့ ငါ့ဖိနပ်တွေက နယ်ပယ်နှစ်ခုကြား လမ်းကြောင်းကို ဖွင့်ပေးလိုက်တဲ့သဘောပေါ့”

စုချန်းက တီးတိုးရေရွတ်လိုက်သည်။

“နတ်ဘုရား ကိရိယာ ဒီဖိနပ်တွေက တကယ်ကို နတ်ဘုရားအဆင့် ကိရိယာပဲဟေ့”

ဒိုင်အိုမီဒီးစ် အံ့အားတကြီးနှင့် ထအော်လိုက်ပြန်သည်။

သို့သော် စုချန်း ခေါင်းခါယမ်းလိုက်သည်။

“ဒီဖိနပ်တွေ အဲဒီအဆင့်ထိ မရောက်သေးဘူးဗျ"

ထ်ိုစကားကို ကြားလိုက်မှ ဒိုင်အိုမီဒီးစ် အသိပြန်ဝင်လာ၏။

“ဟုတ်တယ် မင်း ပြောတာ မှန်တယ် ခုလောလောဆယ် ငါတို့က လေဟာနယ်ထဲမှာ ရှိနေတာ ​​လေဟာနယ်ထဲမှာဆိုရင် နယ်ပယ်တွေကြားက နယ်နိမိတ်ဟာ အများကြီး ပိုအားနည်းနေတတ်တယ် ဒီဖိနပ်တွေက ဒီလို နေရာမျိုးမှာပဲ အသုံးဝင်မယ် ဒါဆိုရင် ဒီဖိနပ်ဟာ နယ်ပယ်နှစ်ခုကို ချိတ်ဆက်ပေးနိုင်တာမဟုတ်ပဲ တခုတည်းသော ဘုံကို ဥမင်လိုဏ်ခေါင်းဖောက်ပေးနိုင်တာမျိုးပဲ ဖြစ်ရမယ်”

နယ်ပယ်တိုင်းတွင် ၎င်းတို့၏ ကိုယ်ပိုင် ကာကွယ်ရေး အတားအဆီးများ ရှိကြ၏။ ထို့ကြောင့် နယ်ပယ်နှစ်ခုကြား ဥမင်လိုဏ်ခေါင်းဖွင့်ရန် အနည်းဆုံး အတားအဆီး နှစ်မျိုးခန့်ကို ချိုးဖျက်ရန် လိုအပ်ပေသည်။

သို့သော် စုချန်း၏ ဖိနပ်များကတော့ ဤမျှ အစွမ်းမထက်။ ဖိနပ်သည် တစ်လမ်းသွား ဥမင်လိုဏ်ခေါင်းမျှကို သာ ဖြစ်ပေါ်စေ၏။

ထို့ကြောင့် စုချန်း၏ ဖိနပ်သည် မပြည့်စုံသော နတ်ဘုရား ကိရိယာနှင့် ပို၍ တူနေ၏။

လူအများစုအတွက်မူ မပြည့်စုံသော နတ်ဘုရား ကိရိယာများသည် အထူးတလည်အားဖြင့် အသုံးမဝင်တတ်ချေ။ သို့သော် စုချန်းအတွက်တော့ ဤနှစ်မျိုးအကြား အထူးတလည် ကွာခြားချက်မရှိချေ။

အကြောင်းမှာ စုချန်းကိုယ်တိုင်က လက်ရှိတွင် လေဟာနယ်၌ နေထိုင်နေသောကြောင့်ပင် ဖြစ်သည်။ သူသည် ဤဖိနပ်များကို အသုံးပြု၍ လေဟာနယ်ထဲသို့ ကြိုက်သည့်အချိန်တွင် ဝင်ရောက်နိုင်ပြီး သူ သွားလိုသည့် အခြားနယ်ပယ်များသို့ သွားရန် ဖိနပ်များကို အသုံးပြုနိုင်၏။

“ဒါဆို ဒီဖိနပ်ကများ ငါတို့ကို မူလတိုက် ကြီးဆီ ပြန်ခေါ်သွားနိုင်မလားမသိဘူး”

ဒိုင်အိုမီဒီးစ်က မေးလိုက်သည်။

စုချန်း ခေါင်းခါယမ်းလိုက်သည်။

"တိကျတဲ့ တည်နေရာပြအမှတ်အသားတွေမပါရင် အတော်ကို ခက်လိမ့်မယ်”

ဤလေဟာနယ်ဆိုင်ရာ ဥမင်လိုဏ်ခေါင်းများ ဖန်တီးခြင်းတွင် တိကျသော တည်နေရာပြအမှတ်အသားများ လိုအပ်၏။

ထိုအတွက် သင့်အနေနှင့် မြေပုံပေါ်ရှိ ထိုနေရာသည် မည်သည့်နေရာ ဖြစ်သည်ကို ဦးစွာ သိရှိရန် လိုအပ်ပေလိမ့်မည်။

သင့်အနေနှင့် မြေပုံကို တစ်ခါမျှ မမြင်ဖူးပါက မြေပုံပေါ်ရှိ မည်သည့်နေရာသို့ သွားချင်သည်ကို သင် မည်သို့ သိနိုင်အံ့နည်း။

အထူးသဖြင့် ထိုမြေပုံသည် ရှုပ်ထွေးပြီး ကျယ်ပြောပါက ပို၍ခက်ခဲမည်မှာ သေချာနေ၏။

ထို့ကြောင့် စုချန်းအနေနှင့် မူလကမ္ဘာကြီးသို့ ပြန်ရောက်သွားသောအခါမှသာ မူလကမ္ဘာ၏ တည်နေရာပြအမှတ်အသားးများကို မှတ်သားနိုင်မည်ဖြစ်သည်။ သို့မဟုတ်ပါက ဖိနပ်များသည် သူ့ကို မူလကမ္ဘာသို့ ပြန်ရောက်ရန် မည်သို့မှ ကူညီနိုင်လိမ့်မည်မဟုတ်ချေ။

အထက်ပါအချက်များကြောင့် စုချန်းအဖို့ မူလကမ္ဘာကြီးသို့ ပြန်သွားရန် အကောင်းဆုံး နည်းလမ်းမှာ မူလဝင်ပေါက်ကို ရှာဖွေရန်ပင် ဖြစ်သည်။

“ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ ကံစမ်းကြည့်ရအောင်လား ကံကောင်းချင် ကောင်းသွားမှာပေါ့”

ဒိုင်အိုမီဒီးစ်က ပြောလိုက်လေသည်။

“အန္တရာယ်အလွန်များတဲ့သတ္တဝါတွေရောက်လာရင် ကျုပ်တို့ ဒုက္ခများသွားနိုင်တယ်"

စုချန်းကား ဒိုင်အိုမီဒီးစ်၏အကြံကို စိတ်မဝင်စား။ မတူညီသောနယ်ပယ်တခုသို့ ဥမင်လိုဏ်ခေါင်းဖွင့်ခြင်းမှာ အလွန်အန္တရာယ်များသော လုပ်ရပ်မျိုး ဖြစ်သည်။ အကြောင်းမှာ မည်သို့သော အန္တရာယ်မျိုးကို ဖိတ်ခေါ်မ်ိမည်မှန်း ကြိုတင်ခန့်မှန်းရန် မဖြစ်နိုင်သောကြောင့်ပင်။ ယုတ်စွအ​ဆုံး တိုက်ပွဲကြောင့် သူတို့မသေလျင်ပင် ခိုလှုံရာကျွန်းကလေး အကြီးအကျယ် ပျက်စီးသွားနိုင်၏။

“ဒါဆိုလဲ အပြင်ဘက်မှာ လေဟာနယ်ထဲမှာ ဥမင်လိုဏ်ခေါင်းဖွင့်ကွာ”

ဒိုင်အိုမီဒီးစ်က အကြံပြုလိုက်ပြန်သည်။

ဤအကြံကိုတော့ စုချန်း လက်ခံလိုက်၏။ တခြားနယ်ပယ်တခုမှ မည်သို့သောသက်ရှိမျိုးရောက်လာစေကာမူ လေဟာနယ်၏စွမ်းအားကြောင့် သေကြေပျက်စီးကုန်မည်ဖြစ်လေရာ လေဟာနယ်ထဲတွင် ဥမင်လှိုဏ်ခေါင်းဖွင့်ခြင်းဖြင့် အထူးတလည် အန္တရာယ်မရှိနိုင်ချေ။

“ဒီလောက်ကတော့ ကျုပ်တို့ ကြိုးစားကြည့်လို့ရတယ် ကျုပ်တို့အနေနဲ့ မူလကမ္ဘာကြီးဆီ ပြန်မသွားနိုင်ရင်တောင် တခြားနယ်ပယ်တွေမှာ ဘာရှိသလဲ စူးစမ်းနိုင်တာပေါ့ဗျာ"

ထိုနေ့မှစ၍ စုချန်းသည် သူ့ဖိနပ်များကိိုသုံးကာ တခြားနယ်ပယ်များသို့ ဥမင်လိုဏ်ခေါင်းဖွင့်ရန် ကြိုးစားသည့်အခါ ကြိုးစား၏။ တခါတရံတွင်လည်း သူသည် လေဟာနယ်ကြယ်သတ္တုကို လိုက်လံရှာဖွေနေခဲ့လေသည်။

သို့သော် ဖိနပ်များကို အသုံးပြု၍ အခြားနယ်ပယ်များကို ရှာဖွေရခြင်းမှာ အလွန် ခက်ခဲကြောင်း စုချန်း လျင်လျင်မြန်မြန်ပင် တွေ့လာရ၏။ အကြောင်းမှာကား သူသည် မယုံနိုင်လောက်အောင် ရှုပ်ထွေးကျယ်ပြောလှသော မြေပုံပေါ်မှ ပစ်မှတ်များကို ရှာဖွေရန် ကြိုးစားနေရသော​ကြောင့်ပင် ဖြစ်သည်။

နောက်လာသည့်ရက်တချို့အတွင်း စုချန်းတယောက် ဥမင်လိုဏ်ခေါင်း နှစ်ဆယ်နီးပါးကို အသက်သွင်းနိုင်ခဲ့၏။ သို့သော် မည်သည့်သီးခြားနယ်ပယ်ကိုမျှကား ရှာမတွေ့နိုင်ခဲ့ချေ။

တချိန်တည်းမှာပင် သူသည် သားရဲမဟာဧကရာဇ်ကျောက်ရုပ်တချို့ကို ထပ်မံ ကြုံတွေ့ခဲ့ရသေး၏။ ဤကျောက်ရုပ်အရေအတွက်အရဆိုလျင် နောက်ထပ်ပစ္စည်းတမျိုး ထပ်မံ ဖန်တီးရန် လုံလောက်သောပမာဏ ဖြစ်သည်။ သို့သော် စုချန်းကား သင်ခန်းစာရသွားလေပြီ။ သူ့အနေနှင့် မည်သည့်ပစ္စည်းကိုမှ ဖန်တီးရန် စိတ်ကူးမရှိတော့ချေ။

အချိန်များ ထပ်မံ ကုန်ဆုံးသွားပြန်၏။ မည်မျှကြာသွားမှန်း အတိအကျ မပြောနိုင်သော်လည်း အနည်းဆုံး လတချို့ခန့် ကြာသွားပြီဟု စုချန်း ခံစားရလေသည်။

ဤအတောအတွင်းဝယ် စုချန်း၏ လေဟာနယ်ဆိုင်ရာ သဘာဝစွမ်းအားကျွမ်းကျင်မှုသည်လည ဆက်လက် တိုးတက်နေ၏။ ထိုနည်းတူ သူ လေဟာနယ်အတွင်း လှည့်ပတ်သွားလာနိုင်သောအကွာအဝေးမှာလညပို၍ ကျယ်ပြန့်လာနေ၏။ သို့တိုင်အောင် ချောက်နက်၏ ထွက်ပေါက်ကိုတော့ ယခုအချိန်ထိ စုချန်း လုံးဝ ရှာမတွေ့နိုင်သေးချေ။

တနေ့တွင်တော့ သူ့ရှေ့ခပ်လှမ်းလှမ်းတနေရာမှ မှုန်ဝါးဝါးအရိပ်အစုအဝေးကြီးကို စုချန်း မြင်လိုက်ရ၏။

အနီးသို့ရောက်သည်နှင့် ထိုအရိပ်များ ဘယ်အရာမှန်း စုချန်း သိလိုက်ရသည်။ ထိုအရိပ်အစုအ​ဝေးကြီးမှာ တခြားမဟုတ်။ သားရဲမဟာဧကရာဇ် ရုပ်တုအစုအဝေးကြီးပေတည်း။

ရာနှင့်ချီသော သားရဲမဟာဧကရာဇ်ရုပ်တုများ ထိုနေရာတွင် ရှိနေ၏။

မြင်ကွင်းကြောင့် စုချန်း အံ့အားသင့်သွားလေသည်။ သို့သော် ချက်ချင်းပင် တစုံတရာကို နားလည်သဘောပေါက်သွားပြီး စုချန်း ဝမ်းမြောက်ဝမ်းသာ ထအော်မိတော့၏။

ထွက်ပေါက်။ ချောက်နက်၏ ထွက်ပေါက်ပေတကား။

ဤနေရာတွင် သားရဲမဟာဧကရာဇ်ရုပ်တုများ စုဝေးနေသည်ကိုကြည့်လျင် အနီးအနား​တနေရာတွင် ထွက်ပေါက်ရှိနေကြောင်း မြင်သာနေ၏။ အကြောင်းမှာ ချောက်နက် ပြိုကွဲပြီးနောက် သားရဲမဟာဧကရာဇ်အများအပြား ထွက်ပေါက်ပတ်ပတ်လည်တွင် စုဝေးနေခဲ့ကြသည် မဟုတ်ပါလား။

ချောက်နက်ကြီး အလုံးစုံ ပျက်စီးသွားပြီးနောက်တွင်တော့ မလွတ်မြောက်နိုင်တော့သည့် သားရဲမဟာဧကရာဇ်များသည်လည်း ဤနေရာမှာပင် သေဆုံးကုန်ကြ၏။ ဤနည်းအားဖြင့် ဤနေရာသည် သားရဲမဟာဧကရာဇ်များ၏ သင်္ချိုင်းကြီးသဖွယ် ပြောင်းလဲသွားတော့သည်။

စုချန်း အကြီးအကျယ် စိတ်လှုပ်ရှားနေ၏။

နောက်ဆုံးတော့ သူ အိမ်ပြန်ရန် လမ်းရှာတွေ့ခဲ့လေပြီ။

ထို့နောက် စုချန်းက သားရဲမဟာဧကရာဇ်ရုပ်တုများဆီသို့ ဦးတည် ပျံသန်းသွားလိုက်သည်။ အနှီ ရုပ်တုများတွင် လေဟာနယ် ကြယ်သတ္တုများဖြင့် ပြည့်နှက်နေ၏။ စုချန်းသာ ဤကြယ်သတ္တုအားလုံး စုဆောင်းနိုင်ခဲ့ပါက ခုနှစ်ပြည်ထောင်လုံးကို ဝယ်ယူနိုင်သည်အထိ ချမ်းသာကြွယ်ဝသွားပေလိမ့်မည်။

သို့တိုင် စုချန်း၏ အာရုံကို အမှန်တကယ် ဆွဲဆောင်နေသည်မှာကား သူ့ကို အိမ်သို့ ခေါ်ဆောင်သွားမည့် ထွက်ပေါက်ပင် ဖြစ်သည်။

မိုးကုတ်စက်ဝိုင်းတနေရာတွင် အလင်းအစက်ပြောက်တခုကို စုချန်း မြင်တွေ့နေရ၏။ ထိုအလင်းအစက်ပြောက်သည်ကား အခြားနယ်ပယ်တခုဆီသို့ ပေါက်သွားသည့် ဥမင်လိုဏ်ခေါင်း၏ အခြားတစ်ဖက်မှ လာခြင်းဖြစ်သည်။

သို့သော် ဝင်ပေါက်အနီးတွင် ကြီးမားသောအရိပ်ကြီးတရိပ်ကို စုချန်း မြင်လိုက်ရ၏။

မဟုတ်သေးဘူး...

ဒါ အရိပ် မဟုတ်ဘူး

ဒါ ဝေလငါးကြီးတကောင်ပဲ...

ဝေလငါးကြီးကား ယခုတိုင် အသက်ရှင်နေသေး၏။ ၎င်းသည် ရေထဲမှ ငါးတကောင်ကဲ့သို့ လေဟာနယ်ကို ဖြတ်၍ ကူးခတ်နေလေသည်။

ထိုအချိန်မှာပင် ဝေလငါးကြီးက စုချန်းကို လှည့်ကြည့်လိုက်၏။ ၎င်း၏ မျက်လုံးများထဲတွင် သွေးဆာသောအငွေ့အသက်များ ပြည့်နှက်နေကြောင်း အတိုင်းသား မြင်တွေ့နေရသည်။

ထို့နောက် ဝေလငါးကြီးက ပါးစပ်ကို ဖြည်းဖြည်းချင်း ဖွင့်လိုက်၏။

သေစမ်း...

တစ်ခုခု မှားယွင်းနေမှန်း စုချန်း ချက်ချင်း သဘောပေါက်လိုက်၏။ တချိန်တည်းမှာပင် သူ အလင်းတုန်ခါတစ္ဆေကို အသက်သွင်းလိုက်လေသည်။

အုန်းခနဲမြည်သံနှင့်အတူ ကြီးမားသော စွမ်းအင်လှိုင်းကြီး ဝေလငါးပါးစပ်မှ တိုးထွက်လာကာ စုချန်း ကနဦးရှိခဲ့သောနေရာကို ဝါးမြိုသွားလေသည်။

All Chapters