← Chapters

ပြောင်းလဲသွားသော အခြေအနေများ

Vol. 84 Ch. 1203

ပြောင်းလဲသွားသော အခြေအနေများ

Vol. 84 Ch. 1203

ယန်ကျန့်၊ လီယန်နှင့် ထုံချန်တို့သည် အခန်း ၅ ထဲမှနေ၍ အပြင်ဘက် လှုပ်ရှားမှုများကို နားစွင့်နေကြသည်။ ၁၅ မိနစ်ခန့် အကြာမှသာ ပုံမှန်မဟုတ်သော အခြေအနေများ အားလုံး ပျောက်ကွယ်သွားသည်။

ထို့နောက်မှ သူတို့ တံခါးကို ဖြည်းညှင်းစွာ ဖွင့်ပြီး အပြင်ဘက်ကို ချောင်းကြည့်လိုက်ကြသည်။

ထင်သည့်အတိုင်းပင် စင်္ကြံလမ်းသည် ဗလာဖြစ်နေပြီး ဘာမှ မမြင်ရပေ။ သို့သော် လမ်းဆုံတွင် တဖျပ်ဖျပ် လက်နေသော မီးရောင် တစ်ခုကို မြင်လိုက်ရသည်။

တခြားတစ္ဆေများ ထွက်ခွာသွားပြီ ဖြစ်သော်လည်း မီးဖိုကတော့ မပျောက်သွားဘဲ ကျန်ရစ်ခဲ့ပုံ ရသည်။

"ဒီနေရာက တကယ် အန္တရာယ်များတယ် ငါ အရင် ထွက်ကြည့်မယ် ဘေးကင်းမှ မင်းတို့ ထွက်ခဲ့"

ယန်ကျန့် အခန်းထဲမှ ထွက်ပြီး စင်္ကြံလမ်းထဲသို့ ရောက်လာသည်။

ညာဘက်ကို ကြည့်လိုက်သောအခါ စင်္ကြံလမ်းအပြင်ဘက်တွင် ခန်းမကြီး တစ်ခုကို လှမ်းမြင်လိုက်ရသည်။

အဲဒါက ဆီဇာဟိုတယ်နဲ့ ဆက်သွယ်ထားတဲ့ နေရာ၊ ထွက်ပေါက် ရှိတဲ့နေရာပဲ။

ဘယ်ဘက်ကို သွားလျှင် နောက်ထပ် လမ်းဆုံတစ်ခုသို့ ရောက်မည်။

ပတ်ဝန်းကျင်တွင် သဘာဝလွန် ဖြစ်ရပ်များ မရှိသလို မည်သည့် တစ္ဆေကြမ်းကမျှ သူ့ကို တိုက်ခိုက်ခြင်း မရှိပေ။

ယန်ကျန့် ဘယ်ဘက်သို့ သွားရန် ဆုံးဖြတ်လိုက်သည်။ လမ်းဆုံသို့ ရောက်သောအခါ ပိတ်ထားသော တံခါးတစ်ချပ်ရှေ့တွင် မီးဖို ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။ အခြား ပွင့်နေသော အခန်းများနှင့် ယှဉ်လျှင် သိသိသာသာ ကွဲပြားနေသည်။

အဲဒီအခန်းက... နံပါတ် ၁၀..

{တကယ် ပြဿနာရှိတဲ့ အခန်းပဲ ယာယီပုန်းခိုဖို့ ရွေးချယ်လိုက်တာ မှန်သွားတယ်}

ခဏလောက် တွန့်ဆုတ်နေပြီးနောက် ယန်ကျန့် ခြောက်ခြားဖွယ် မီးဖိုဆီသို့ လျှောက်သွားလိုက်သည်။

သူ ဒီသဘာဝလွန် ပစ္စည်းကို လိုချင်သည်။ အနာဂတ်တွင် အသုံးဝင်လာနိုင်သည်ဟု ယုံကြည်သဖြင့် ယူသွားချင်သည်။

အခန်း ၁၀ နှင့် ပတ်သက်၍ ဝင်ရောက် စူးစမ်းသင့် မသင့်ကိုတော့ ယန်ကျန့် မဆုံးဖြတ်ရသေးပေ။

မီးဖိုတွင် ချည်ထားသော ကြိုးမှာ အကောင်းပကတိ ရှိနေသေးသည်။ သူ အကွာအဝေး တစ်ခုတွင် ရပ်လိုက်ပြီး ကြမ်းပြင်ပေါ် ကျနေသော ကြိုးစကို ကောက်ယူကာ မီးဖိုကို ဆွဲယူရန် ပြင်လိုက်သည်။

ယန်ကျန့် အားစိုက် ဆွဲလိုက်သော်လည်း မီးဖိုသည် ကြမ်းပြင်နှင့် တွဲရိုက်ထားသကဲ့သို့ တစ်လက်မမျှပင် မရွေ့ပေ။

"ဆွဲလို့ မရဘူးလား"

သူ အစပိုင်းတွင် နားမလည် ဖြစ်သွားသော်လည်း ချက်ချင်းပင် တစ်စုံတစ်ခုကို သတိရလိုက်ပြီး တစ္ဆေမျက်လုံး ဖွင့်ကာ မီးဖိုကို ကြည့်လိုက်သည်။

မီးဖိုဘေးတွင် နီရဲနေသော အရေပြားနှင့် ခြောက်ခြားဖွယ် ပုံရိပ်တစ်ခုသည် ကြိုးတစ်ဖက်စကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။ သူ ဘယ်လောက်ပဲ အားစိုက်ဆွဲဆွဲ ထိုလူကို တစ်လက်မမျှပင် ရွေ့အောင် လုပ်နိုင်မည် မဟုတ်ပေ။

{ကြိုးကို တစ္ဆေက ကိုင်ထားတာပဲ အားသက်သက် သုံးပြီး အဲဒီတစ္ဆေကို ရွှေ့ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ နောက်တစ်ခါ ထပ်ခုတ်ပြီး တစ္ဆေကို ငြိမ်သွားအောင် မလုပ်ရင် ရွှေ့ဖို့ ခက်လိမ့်မယ်}

ယန်ကျန့် စိတ်ထဲမှ တွေးလိုက်သည်။

{ဒါပေမဲ့ ဒီလိုဆိုရင် ဘာလို့ မီးဖိုက အခန်း ၁၀ ရှေ့မှာ ရောက်နေရတာလဲ}

{အဲဒီအခန်းထဲမှာ တကယ်တမ်း ဘာရှိနေတာလဲ}

ယန်ကျန့် စိတ်ရှုပ်ထွေးသွားပြီး အနည်းငယ် စူးစမ်းချင်စိတ် ဖြစ်ပေါ်လာသည်။

သို့သော် အခန်း ၁၀ ထဲ ဝင်ချင်လျှင် မီးဖိုကို ဖယ်ရှားရမည်။ မီးဖိုကို ဖယ်ရှားချင်လျှင် ထင်းခုတ်ဓားကို ထပ်သုံးရမည်။

"တခြား ရွေးချယ်စရာ မရှိတော့ဘူး ဒီအထိ ရောက်ပြီးမှ ပြန်လှည့်သွားရတာက အရမ်း မိုက်မဲရာ ကျလိမ့်မယ်"

ယန်ကျန့် သက်ပြင်းချလိုက်ပြီး ကြိုးကို ချလိုက်ကာ မီးဖိုဆီသို့ ခြေလှမ်းကျဲကြီးဖြင့် လျှောက်သွားလိုက်သည်။

တစ္ဆေမျက်လုံး၏ အမြင်အာရုံတွင် မီးဖိုဘေးမှ တစ္ဆေကြမ်းသည် သူ့ထံသို့ တဖြည်းဖြည်း နီးကပ်လာနေသည်။

လုံလောက်သော အကွာအဝေးသို့ ရောက်သောအခါ သူ လက်ထဲမှ ထင်းခုတ်ဓားကို မြှောက်လိုက်သည်။

လက်က မြောက်တက်သွားပြီး ဓားက ပြန်ကျလာသည်။

မီးဖိုဘေးရှိ တစ္ဆေကြမ်းသည် နောက်တစ်ကြိမ် နှစ်ပိုင်းပြတ်သွားပြီး ကြမ်းပြင်ပေါ် လဲကျသွားကာ မလှုပ်မယှက် ဖြစ်သွားသည်။

တစ္ဆေကြမ်း တစ်စစီ ဖြစ်သွားသဖြင့် မီးဖိုထဲမှ မီးတောက်သည် ငြိမ်းလုနီးပါး ဖြစ်သွားသည်။ ယန်ကျန့် ထိုအခွင့်အရေးကို အသုံးချပြီး မီးဖိုကို ဘေးသို့ ရွှေ့လိုက်ကာ အခန်း ၁၀ တံခါးကို ဖွင့်လိုက်သည်။

ထိုအချိန်တွင် သူ ကြောင်အမ်းသွားသည်။

အခန်း ၁၀ တံခါး ပွင့်သွားပြီးနောက် ရင်းနှီးနေသော ဧည့်ခန်းအစား နံရံပိတ်ကြီး တစ်ခု သူ့ရှေ့တွင် ပေါ်လာသည်။

အခန်း ပျောက်သွားပြီ။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

ယန်ကျန့် မယုံကြည်နိုင် ဖြစ်သွားသည်။

အခန်းတစ်ခန်း ပျောက်သွားတာမျိုး ဒီနေရာမှာ ပထမဆုံးအကြိမ် ကြုံဖူးခြင်း ဖြစ်သည်။

သူ နံရံကို ထိကြည့်လိုက်သည်။

အစစ်အမှန် ဖြစ်သည်။ တစ္ဆေမျက်လုံးနှင့် ကြည့်သောအခါလည်း ပုံမှန်အတိုင်း ဖြစ်နေသည်။ ထင်ယောင်ထင်မှား ဖြစ်ခြင်း မဟုတ်ပေ။

{တစ်ယောက်ယောက်က ဒီနေရာက အရာအားလုံးကို နောက်ကွယ်ကနေ ထိန်းချုပ်နေတာလား ငါတို့ကို ရှင်းပစ်ချင်လို့ အစတုန်းက တံခါးတွေ အကုန်ဖွင့်ပြီး တစ္ဆေတွေကို လွှတ်ပေးလိုက်တာ ကံကောင်းလို့ ငါရွေးတဲ့လမ်းကြောင်း မှန်သွားပြီး အန္တရာယ် အများစုကို ရှောင်ရှားနိုင်လိုက်တာ အခု အခန်း ၁၀ ကို ဖျောက်ဖျက်လိုက်တာက အရေးကြီးတဲ့ အချက်အလက်တွေကို ဖုံးကွယ်ချင်လို့ ဖြစ်လောက်တယ်}

ယန်ကျန့်၏ မျက်လုံးများ လှုပ်ရှားသွားပြီး ဒီပြောင်းလဲမှုအပေါ် သံသယ ဝင်လာသည်။

ရှန်းလန် ရေးသားထားသော အခန်း ၁၀ အကြောင်း အချက်အလက်များသည် ဒီနေရာ၏ လျှို့ဝှက်ချက်များနှင့် ပတ်သက်နေမှာ သေချာသည်။ ဒီမှာ ပိတ်မိနေသူများ သိသွားလျှင် ကိစ္စမရှိသော်လည်း သူတို့က ဘယ်မှ ထွက်မပြေးနိုင်၊ ဆက်လက် သေဆုံးနေရဦးမည် ဖြစ်သဖြင့်)၊ ယန်ကျန့်လို ပြင်ပလူတစ်ယောက် သိသွားလျှင် ကိစ္စရှိသည်။

ဒီနေရာက အရာအားလုံး ပြောင်းလဲသွားနိုင်သည်။

ယန်ကျန့် ဆက်လက် တွေးတောမနေတော့ပေ။ အခန်း ၁၀ ပျောက်သွားပြီ ဖြစ်ရာ ဒီနေရာတွင် ဆက်နေစရာ အကြောင်းမရှိတော့ပေ။

ငြိမ်းခါနီး မီးဖိုကို ယူပြီး သူ နောက်လှည့်ပြန်ထွက်လာခဲ့သည်။

"အခြေအနေတွေ ပြောင်းလဲသွားပြီ ငါတို့ ဒီကနေ ထွက်ကြမယ်"

ယန်ကျန့် အခန်း ၅ ရှေ့မှ ဖြတ်သန်းစဉ် ပြောလိုက်သည်။

လီယန်နှင့် ထုံချန် ချက်ချင်း ထွက်လာကြသည်။

"အခန်း ၁ ကို သွားမစစ်ဆေးတော့ဘူးလား"

သူတို့ ဆုတ်ခွာလာစဉ် အခန်းတစ်ခန်း ရှေ့မှ ဖြတ်သန်းရာ လီယန်က သတိပေးလိုက်သည်။

"ဒီနေရာက အရာအားလုံး ပြောင်းလဲခံလိုက်ရပြီ အချက်အလက်တွေ ဖုံးကွယ်ခံလိုက်ရပြီ အခန်း ၁ ကို သွားလည်း အလကားပဲ ဆီဇာဟိုတယ်ရဲ့ တံခါးမကြီးကို အမြန်ရှာပြီး ဒီကနေ ထွက်သွားမှ ရမယ်"

ယန်ကျန့်က ပြောလိုက်သည်။

"ဆီဇာဟိုတယ်က အရမ်းကျယ်တယ် အဲဒီတံခါးကို ချက်ချင်း ရှာတွေ့ဖို့ မလွယ်ဘူး"

ထုံချန်က ပြောလိုက်သည်။

ယန်ကျန့်က ပြောသည်။

"ငါတို့ အရင်က လုပ်ခဲ့တာတွေ အကျိုးရှိမယ်လို့ မျှော်လင့်ရတာပဲ စင်္ကြံလမ်း အဝင်ဝမှာ ထောင်ထားခဲ့တဲ့ ရွှေတံခါးကို မှတ်မိတယ်မလား"

"အဲဒီတံခါးက အသုံးမဝင်ဘူး မဟုတ်လား"

ထုံချန်က မေးလိုက်သည်။

"ဒါပေမဲ့ ငါတို့ထားခဲ့တဲ့ နေရာက မှန်တယ် အဲဒီတံခါးကို ရှာတွေ့ရင် မှန်ကန်တဲ့နေရာကို ရောက်နိုင်လိမ့်မယ်"

ယန်ကျန့်က ပြောလိုက်သည်။

"ဖြစ်နိုင်တယ်"

လီယန် ခဏ စဉ်းစားပြီးနောက် ယန်ကျန့် ဆိုလိုတာကို နားလည်လိုက်သည်။

ဒီထဲ မဝင်ခင် လုပ်ဆောင်ခဲ့သော ဆုံးဖြတ်ချက်များသည် ရွှေကို အခြေခံပြီး လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ရွှေသည် သဘာဝလွန် လွှမ်းမိုးမှုကို မခံရပေ။ နေရာ ပြောင်းလဲသွားလျှင်တောင် သီအိုရီအရ ထိုရွှေတံခါးသည် ဆီဇာဟိုတယ်၏ အခြားနေရာ တစ်ခုခုတွင် ပေါ်လာသင့်သည်။

ရှာတွေ့လျှင် အစစ်အမှန် တည်နေရာကို ဆုံးဖြတ်နိုင်သည်။

ယခုအချိန်တွင် ဒါသည် သဘာဝလွန် နေရာတစ်ခု ဖြစ်နေပြီး နေရာဒေသများ အပါအဝင် အရာအားလုံး ပြောင်းလဲနေသဖြင့် ယခင် အတွေ့အကြုံများကို သုံးပြီး ယခင်နေရာကို ပြန်ရှာတွေ့ရန် မဖြစ်နိုင်ပေ။

သူတို့သုံးဦး စင်္ကြံလမ်းထဲမှ ထွက်လာကြသည်။

သို့သော် အန္တရာယ်က မပြီးဆုံးသေးပေ။

လောလောဆယ်တွင် ဆီဇာဟိုတယ်သည် တစ္ဆေများ စုဝေးရာနေရာ ဖြစ်နေပြီး အခန်းများထဲမှ ထွက်လာသော တစ္ဆေများသည် ဒီနေရာတွင် လှည့်လည်သွားလာနေကြသည်။

အစစ်အမှန် တံခါးကို ရှာမတွေ့သေးသဖြင့် တစ္ဆေများ အပြင်ထွက်၍ မရနိုင်ပေ။

ထိုတံခါးသည် လက်တွေ့ကမ္ဘာနှင့် ဆက်သွယ်ထားသော၊ အပြင်လောကသို့ ထွက်ခွာနိုင်သော လမ်းကြောင်း ဖြစ်သည်။

"ယန်ကျန့် ဒီမှာ ငါ သိသားပဲ မင်းတို့ အဆင်ပြေမယ် ဆိုတာ"

ထိုအချိန်တွင် ပြန်ထွက်လာသော ယန်ကျန့်သည် အနီးနားမှ သူ့ကို ခေါ်သံ ကြားလိုက်ရသည်။

ဆီဇာဟိုတယ် စင်္ကြံလမ်းအနီးရှိ အခန်းတစ်ခန်း ပွင့်လာပြီး တုန်းယွီလန် ခေါင်းတစ်ဝက် ပြူထွက်လာကာ တိုးတိုးလေး နှုတ်ဆက်လိုက်သည်။

"ဟင်"

သူမကို မြင်လိုက်ရသောအခါ ယန်ကျန့်၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားသည်။

သူ့ခန့်မှန်းချက်အရ တုန်းယွီလန်နှင့် အဖွဲ့သည် သဘာဝလွန် တိုက်ခိုက်ခံရပြီး တစ္ဆေအသတ်ခံလိုက်ရပြီ ဖြစ်သင့်သည်။ ဘယ်လိုလုပ် ဒီနေရာမှာ ရှိနေနိုင်သေးတာလဲ။

ဘာပဲဖြစ်ဖြစ် သူ ခုနကမှ ကျူးကျန့် စင်္ကြံလမ်းထဲတွင် ပြန်လည်ရှင်သန်လာသည်ကို တွေ့ခဲ့ရသည်။

လူအများအပြား အတူတူ ရှိနေကြပြီး တစ်ယောက်သေဆုံးကာ အခန်းထဲတွင် ပြန်လည်ရှင်သန်လာသည် ဆိုလျှင် ကျန်လူများ၏ အခြေအနေလည်း ကောင်းမွန်လှမည် မဟုတ်ပေ။

စူးစမ်းချင်စိတ်ကြောင့် ယန်ကျန့် အခြေအနေကို သွားရောက် စစ်ဆေးလိုက်သည်။

"ဒီအခန်းက ဘေးကင်းတယ် ငါတို့ စစ်ဆေးပြီးပြီ မင်းတို့ စိတ်ချလို့ရတယ်"

တုန်းယွီလန်က ပြောလိုက်သည်။

သို့သော် ယန်ကျန့် အခန်းထဲ ဝင်လိုက်သည်နှင့် ရင်းနှီးနေသော အသံတစ်ခု ထွက်ပေါ်လာသည်။

"မင်းတို့ ပြန်မသွားသင့်ဘူး ငါ အရင်က ပြောခဲ့သားပဲ ပြန်သွားတာက ဘာအဓိပ္ပာယ်မှ မရှိပါဘူးလို့ ဒီကနေ ထွက်သွားမယ့် မှန်ကန်တဲ့ တံခါးကို ရှာဖို့က အခု အရေးအကြီးဆုံးပဲ မင်းတို့ ငါတို့အချိန်တွေကို အလကား ဖြုန်းတီးပစ်လိုက်တာပဲ"

ကျူးကျန့် အခန်းထဲတွင် ရပ်နေပြီး ယန်ကျန့်ကို မကျေမနပ် ကြည့်နေသည်။

"မင်းလား"

လီယန်နှင့် ထုံချန်တို့ သူ့ကို မြင်လိုက်ရသောအခါ တစ္ဆေမြင်လိုက်ရသကဲ့သို့ မျက်လုံးများ ပြူးကျယ်သွားပြီး ချက်ချင်း သတိထားလိုက်ကာ တိုက်ခိုက်ရန်ပင် ပြင်လိုက်ကြသည်။

ကျူးကျန့် မသေသေးဘူး ဆိုရင် စင်္ကြံလမ်းထဲမှာ တွေ့ခဲ့ရတဲ့ ကျူးကျန့်က ဘယ်သူလဲ။

ပြောင်းပြန်အားဖြင့် နောက်ထပ် ဖြစ်နိုင်ချေ တစ်ခု ရှိသေးသည်။

ကျူးကျန့် သေဆုံးပြီးပြီ ဆိုရင် စင်္ကြံလမ်းထဲက ကျူးကျန့်က သေဆုံးပြီးနောက် ပြန်လည်ရှင်သန်လာသူ ဖြစ်သည်။ ဒါဆို ဒီအခန်းထဲက ကျူးကျန့်က ဘယ်သူလဲ။

"စိတ်အေးအေးထားကြပါ ကျူးကျန့်က ရန်လိုတဲ့သဘောနဲ့ ပြောတာ မဟုတ်ပါဘူး ငါတို့က ပူးပေါင်းဆောင်ရွက်နေတုန်းပဲလေ ဒီလောက်ထိ ရန်သူလို သဘောထားစရာ မလိုပါဘူး"

တုန်းယွီလန် အလျင်အမြန် ပြောလိုက်သည်။

ကျူးကျန့်၏ စကားကြောင့် သူတို့ စိတ်ဆိုးသွားသည်ဟု သူမ ထင်နေသည်။

ယန်ကျန့် အေးစက်စွာ ပြောလိုက်သည်။

"ခုနက ငါ မင်းကို အထဲမှာ တွေ့ခဲ့တယ် အဲဒီအချိန်တုန်းက မင်းနောက်မှာ တစ္ဆေတစ်ကောင် လိုက်နေပြီး ငါတို့ကို အကူအညီ တောင်းခဲ့တယ် ပြီးတော့ ငိုရင်း ထွက်ပြေးသွားပြီး နောက်ဆုံး ပျောက်သွားတယ်..."

ထိုစကားကို ကြားလိုက်ရသည်နှင့် အခန်းတစ်ခုလုံး တိတ်ဆိတ်သွားသည်။

အခြားသူများ အားလုံး ကျူးကျန့်ကို ပြိုင်တူ ကြည့်လိုက်ကြသည်။

ဝမ်ကန်ချွမ်း ခဏ တိတ်ဆိတ်နေပြီးနောက် ပြောလိုက်သည်။

"မင်းပြောတာ အမှန်တွေ ဆိုတာ ငါ သံသယ မရှိပါဘူး ဒါပေမဲ့ ကျူးကျန့်က အခုချိန်ထိ ငါတို့နဲ့ အတူတူ ရှိနေခဲ့တာပါ အတွင်းပိုင်းကို ဘယ်တော့မှ မသွားခဲ့ဘူး ဒါကြောင့် သူ မင်းနဲ့ တွေ့ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး"

"သူပြောတာ မမှားဘူး"

တုန်းယွီလန်လည်း ခေါင်းညိတ်လိုက်သည်။

"မင်းတွေ့ခဲ့တဲ့ ကျူးကျန့်က တစ္ဆေတစ်ကောင်က ငါ့ယောင်ဆောင်ထားတာ ဖြစ်နိုင်တယ် မင်း အလိမ်ခံလိုက်ရတာ နေမှာပေါ့"

ကျူးကျန့် လှောင်ပြုံး ပြုံးလိုက်သည်။

ယန်ကျန့် လှမ်းကြည့်လိုက်သည်။

"တစ္ဆေယောင်ဆောင်ထားတာ မင်း မဟုတ်ဘူးလို့ ဘာလို့ ပြောနိုင်တာလဲ အစကနေ အခုထိ ကျူးကျန့် မင်းတို့ မြင်ကွင်းကနေ တစ်ခါမှ မပျောက်သွားဘူးလို့ အာမခံနိုင်လား"

တုန်းယွီလန်နှင့် ဝမ်ကန်ချွမ်း ချက်ချင်း ပြန်စဉ်းစားလိုက်ကြသည်။

ထို့နောက် တုန်းယွီလန်က ပြောလိုက်သည်။

"အာမ မခံနိုင်ဘူး အရင်အခန်းတုန်းက တံခါးတွေ အကုန်ပွင့်နေတာ တွေ့ခဲ့ရတယ် နောက်ပိုင်း ပြန်ပိတ်လိုက်ပေမယ့် အန္တရာယ်တွေ ဆက်တိုက် ပေါ်လာတယ် ခဏကြာတော့ ဆက်နေဖို့ အန္တရာယ်များလွန်းတယ်လို့ ခံစားရပြီး ငါတို့ ဆုတ်ခွာခဲ့ကြတယ် အဲဒီအချိန်တုန်းက ငါတို့ ခဏတာ လူစုကွဲသွားဖူးတယ်"

"ဒါပေမဲ့ အဲဒီအချိန်က တိုတောင်းလွန်းတယ် တစ္ဆေတစ်ကောင် ဝင်ရောဖို့ မလွယ်ဘူး ဝင်လာရင်လည်း ငါတို့ လုံးဝ သတိမထားမိဘဲ နေမှာ မဟုတ်ဘူး"

လီယန် မျက်နှာထား တင်းမာစွာဖြင့် ပြောလိုက်သည်။

"မှားယွင်းသတ်မိတာက လွှတ်ပေးလိုက်တာထက် ပိုကောင်းတယ် ဘာပဲဖြစ်ဖြစ် ကျူးကျန့်က သေရင် ပြန်ရှင်လာမှာပဲ တကယ်လို့ သူက သေပြီးသား တစ္ဆေ ဖြစ်နေရင် ဘယ်လိုလုပ်မလဲ"

"မင်းတို့ ငါတို့ကို ရှင်းထုတ်ချင်တယ်လို့ပဲ ပြောလိုက်ပါ ဘာလို့ ဆင်ခြေရှာနေတာလဲ"

ကျူးကျန့်က ပြောလိုက်သည်။

"အာနန်လည်း ပြန်မလာသေးဘူး မင်းတို့လက်ချက်နဲ့ သေသွားတာ မဟုတ်လား ငါ သိသားပဲ မင်းတို့ ပြင်ပလူတွေက ငါတို့ကို သေစေချင်နေကြတာ ဒီနေရာကို ပိတ်ဆို့ပြီး ငါတို့ရဲ့ အသက်ရှင်ခွင့် မျှော်လင့်ချက်ကို ဖြတ်တောက်ချင်နေကြတာ"

"အပြင်က လူတွေအတွက်လို့ ပါးစပ်က ပြောနေပေမယ့် တကယ်တမ်းကျတော့ မင်းတို့က အတ္တကြီးတဲ့ ကောင်တွေပဲ"

ထိုစကားကို ကြားသောအခါ တုန်းယွီလန်နှင့် ဝမ်ကန်ချွမ်းတို့၏ မျက်နှာထား ပြောင်းလဲသွားသည်။

"ငါတို့ မင်းတို့ကို သတ်ချင်ရင် ဒီလောက် အပင်ပန်းခံနေစရာ မလိုဘူး မင်းတို့ရဲ့ တန်ဖိုးကို အထင်မကြီးနဲ့ ကျိန်စာသင့်နေတဲ့ အကောင်တွေက သက်ရှိလူသားတောင် မဟုတ်တော့ဘူး ထွက်ပေါက်တံခါး မင်းတို့ရှေ့ ရောက်လာရင်တောင် မင်းတို့ ဖြတ်လျှောက်သွားနိုင်ပါ့မလား ဆိုတာ ငါ သံသယ ရှိတယ်"

လီယန် ဒေါသတကြီး ပြောလိုက်သည်။

"ငါတို့ ထွက်နိုင် မထွက်နိုင်က ငါတို့ကိစ္စ မင်းတို့နဲ့ ဘာမှ မဆိုင်ဘူး"

ကျူးကျန့် ပြန်ပြောလိုက်သည်။

လီယန် သူတို့နှင့် စကားဆက်မပြောတော့ဘဲ ယန်ကျန့်ဘက် လှည့်မေးလိုက်သည်။

"ခေါင်းဆောင် ဒီအခြေအနေအရ ဆိုရင် ငါတို့ရဲ့ အရင် ဆုံးဖြတ်ချက် မှားနေတာ၊ ဒါမှမဟုတ် ဒီကျူးကျန့်မှာ ပြဿနာ ရှိနေတာ တစ်ခုခုပဲ ငါတို့ ဆုံးဖြတ်ချက် မှားတယ်လို့ ငါ မထင်ဘူး ငါတို့ ကျူးကျန့်ကို တကယ် တွေ့ခဲ့တာ သူ့ကို တိုက်ခိုက်တောင် တိုက်ခိုက်ခဲ့သေးတယ်"

"တစ္ဆေက ကျူးကျန့် အယောင်ဆောင်ရုံ သက်သက်ဆိုရင် ဖြစ်နိုင်ချေ သိပ်မရှိဘူး ငါ့အကြံကတော့ လှုပ်ရှားလိုက်တာ ပိုကောင်းမယ်"

ထုံချန်က ပြောလိုက်သည်။

"ငါ့အမြင်ကတော့ နည်းနည်းလောက် ထပ်စောင့်ကြည့်သင့်တယ် တကယ် လှုပ်ရှားမယ် ဆိုရင် ကျူးကျန့် တစ်ယောက်တည်းနဲ့ ပြီးမှာ မဟုတ်ဘူး"

သူ ဘေးကင်းရေးကို ထည့်စဉ်းစားနေခြင်း ဖြစ်သည်။

ဒီလူသုံးယောက်နှင့် တိုက်ခိုက်ပါက မမျှော်လင့်သော အရာများ ဖြစ်လာမည်ကို စိုးရိမ်နေသည်။ ဘာပဲဖြစ်ဖြစ် သူတို့ ဒီမှာ အသက်ရှင်နေတာ ကြာပြီ ဆိုတော့ ဝှက်ဖဲ အချို့ ရှိကောင်း ရှိနိုင်သည်။

ယန်ကျန့် မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ကျူးကျန့်ကို စူးစိုက်ကြည့်လိုက်သည်။

သူ လီယန်၏ အကြံပြုချက်ကို သဘောကျသည်။ မှားယွင်းသတ်မိတာက လွှတ်ပေးလိုက်တာထက် ပိုကောင်းသည်။

ဒီကျူးကျန့်သာ တစ္ဆေအစစ် ဖြစ်နေလျှင် နောက်ဆက်တွဲ သူတို့ အန္တရာယ် ကြုံရနိုင်သည်။

ယခင်က တစ္ဆေအိပ်မက်ထဲတွင် ကျန်းယန် နှစ်ယောက်နှင့် တွေ့စဉ်က သူ တုံ့ဆိုင်းခြင်း မရှိဘဲ သူ့အနီးဆုံး ကျန်းယန်ကို ဓားနှင့် ထိုးသတ်ခဲ့သည်။

အစစ်လား အတုလား ဆိုတာ လှုပ်ရှားလိုက်သည်နှင့် ချက်ချင်း သိရမည်။

"ကျူးကျန့်က တစ္ဆေ ဖြစ်နိုင်ချေ မနည်းဘူး ငါ မင်းကို ဆက်ရှိနေခွင့် မပေးနိုင်ဘူး မင်းတို့နှစ်ယောက် ငါ့ကို တားချင်ရင် တားလို့ရတယ် နောက်ထပ် လူနှစ်ယောက်လောက် ထပ်သတ်ရတာ ငါ့အတွက် ပြဿနာ မရှိဘူး"

ယန်ကျန့် ပြောလိုက်ပြီး လက်ထဲမှ အက်ကွဲနေသော လှံရှည်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။

"တကယ် လုပ်တော့မှာလား"

ဝမ်ကန်ချွမ်း တင်းမာသွားပြီး အသံနိမ့်ကာ ပြန်လည် တိုက်ခိုက်ရန် အသင့်ပြင်လိုက်သည်။

တစ္ဆေအသတ်ခံရတာနဲ့ လူအသတ်ခံရတာ အဓိပ္ပာယ်ချင်း မတူပေ။

ဒီအခြေအနေ ရောက်မှတော့ ဘယ်သူက အသတ်ခံချင်မှာလဲ။

All Chapters