← Chapters

အခန်း (၁၅၉၁)

Vol. 114 Ch. 1591

အခန်း (၁၅၉၁)

Vol. 114 Ch. 1591

ပေတစ်ရာပတ်ဝန်းကျင်တွင် မူလစွမ်းအားက ဓားတစ်လက်အဖြစ် ပြောင်းလဲသွားသည်။

မိုးမြေကြားထဲမှ အကာအကွယ်ဝင်္ကပါစွမ်းအားက မူလစွမ်းအားမှတဆင့် ဆယ်ပေရှည်လျားသော ဓားတစ်လက်အဖြစ် ဖွဲ့စည်းသွားပြီး မိုးကောင်းကင်ပေါ်မှ ကျဆင်းလာသည်။

တာအိုအဆင့်ကျင့်ကြံသူအများအပြားကို ဦးဆောင်လာသော ခြေလှမ်းဝက် တာအိုချိုးဖြတ်ခြင်းအဆင့် အကြီးအကဲတစ်ယောက်သည် မည်သည့်ခုခံမှုကိုမှ မလုပ်နိုင်ဘဲ ခန္ဓာကိုယ်နှစ်ခြမ်းကွဲသွားသည်။

သွေးချီအနှစ်သာရက တစ်ဟုန်ထိုး ပေါ်လျှိုးလာပြီး မီးခိုးအလင်းတိုင်လုံးများအဖြစ် ပြောင်းလဲသွားသည်။

ဓားတစ်ချက်က တာအိုအဆင့်ကျင့်ကြံသူဆယ်ယောက်ကို သတ်ပစ်လိုက်သည်။

စုကြွယ်ရှန့်က ချောက်ချားဖွယ်ကောင်းစွာ ရယ်လိုက်သည်။ ထို့နောက် သူ၏ ပုံရိပ်က ပျံလွှားတစ်ကောင်နှယ် ကောင်းကင်ပေါ်သို့ ပျံတတ်သွားသည်။ သူက အတောင်ပံများကို ဖြန့်၍ လေထဲမှာ ရွေ့လျားသွားသည်။

တာအိုရှာဖွေခြင်းအဆင့်ဖြစ်စေ သို့မဟုတ် တာအိုဝင်ရောက်ခြင်းအဆင့်ဖြစ်စေ မည်သူမှ စုကြွယ်ရှန့်၏ ဓားတစ်ချက်ကို မခုခံနိုင်ကြချေ။ သူတို့၏ ခန္ဓာကိုယ်က အပိုင်းပိုင်း ဖြတ်တောက်ခံလိုက်ရသည်။

ဤတစ်လအတွင်းမှာ စုကြွယ်ရှန့်က လုပ်ကြံသတ်ဖြတ်ခြင်းတွင်သာ တိုးတတ်လာခြင်း မဟုတ်ပေ။ သူက ရန်သူကို ထိပ်တိုက် ရင်ဆိုင်နိုင်သည်အထိ သန်မာလာသည်။

ထိုသို့ဓားစွမ်းရည်က အတိတ်မှာ စုကြွယ်ရှန့် တစ်ခါမှ စိတ်ကူးမယဉ်ဖူးသောအရာ ဖြစ်သည်။

“ လစန္ဒာတောင်ထွတ်က ဘယ်လိုဖြစ်သွားတာလဲ ”

ရှုထန်းက အံတင်းတင်းကြိတ်လိုက်ပြီး လက်သီးဆုပ်လိုက်သည်။

သူသည်ပင် အစောနက ဓားအလင်းကို ခုခံနိုင်လိမ့်မည်ဟု ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်မရှိပေ။

သူက အတိတ်မှာ စုကြွယ်ရှန့်ကို လက်သီးတစ်ချက်တည်းဖြင့် သတ်ပစ်ရန် ယုံကြည်ချက်ရှိခဲ့သည်။

သို့သော်လည်း တစ်လကြာပြီးနောက် ကြီးမားစွာ ပြောင်းလဲသွားခဲ့သော စုကြွယ်ရှန့်၏ တိုက်ပွဲစွမ်းအားက သူ့ကို ပါးစပ်အဟောင်းသားဖြစ်စေသည်။

“ ဝီး ”

ဓားအလင်းက လေထဲမှာ ဝင်းလက်သွားပြီး မြေပြင်ပေါ်သို့ ဆင်းသက်လာသည်။

ရှုထန်းက ကျယ်လောင်စွာ ကျုံးဝါးလိုက်ပြီး လေပေါ်သို့ ခုန်တတ်လိုက်သည်။

“ အဲ့ဒါကို မရှောင်နိုင်မှတော့ ထိပ်တိုက် တိုက်ခိုက်တာပေါ့ ”

သူက မဟာမိတ်အဖွဲ့မှ လက်ရွေးစင်ကျင့်ကြံသူများကို စုဝေးလိုက်ပြီး စုကြွယ်ရှန့်ကို တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။

ကောင်းကင်ပေါ်မှ ဓားအလင်းများကြောင့် ကြောက်လန့်တုန်လှုပ်နေကြသော ထိုတပည့်များက မြန်ဆန်စွာ စုဝေးလိုက်ကြသည်။

လူတိုင်း၏ စုပေါင်းအင်အားမရှိလျှင် သူတို့က ထိုဓားအလင်းကို ခုခံနိုင်ကြလိမ့်မည် မဟုတ်ချေ။ သူတို့၏ ခုခံကာကွယ်မှုက ထိုဓားအလင်းကို မတားဆီးနိုင်လျှင် ယင်းက ကိုယ့်ကိုယ်ကိုယ် သေတွင်းထဲပို့သကဲ့သို့ ဖြစ်သွားလိမ့်မည်။

ဤမတိုင်ခင်မှာ သူတို့က ထျန်းလေတောင်တန်းပေါ်သို့ စိတ်အားထက်သန်စွာ ချီတတ်လာခဲ့ကြသည်။ သို့သော်လည်း သူတို့မမျှော်လင့်ထားသည်မှာ စုကြွယ်ရှန့်တစ်ယောက်တည်းက သူတို့အားလုံးကို တားဆီးထားသည်။

တောင်ပေါ်တွင် တုချန်းနှင့် တခြားလူများက တိုက်ပွဲပုံစံ ခင်းကျင်းထားကြပြီး အသင့်စောင့်ဆိုင်းနေကြသည်။

သို့သော်လည်း သူတို့၏ အမြင်တွင် တောင်အောက်မှ တိုက်ပွဲကို သူတို့ဝင်ပါရန် မလိုအပ်ပေ။

“ အဲ့ဒါက ငါတို့လစန္ဒာတောင်ထွတ်ရဲ့ စစ်မှန်တဲ့ အမွေအနှစ်ပဲ ”

တုချန်း၏ ဘေးမှ ကျောက်မင်ယွင်က မျက်လုံးဝင်းလက်သွားပြီး စိတ်လှုပ်ရှားစွာ ပြောသည်။

လစန္ဒာတောင်ထွတ်၏ ဓားတာအိုအမွေအနှစ်က စုကြွယ်ရှန့်ကဲ့သို့ တစ်ကိုယ်တော်လေလွင့်ကျင့်ကြံသူတစ်ယောက်ကို ထိုမျှပြောင်းလဲသွားစေခဲ့သည်။ အကယ်၍ သူတို့၏ ဓားတာအိုပါရမီနှင့် ကျင့်ကြံခြင်းအဆင့်သာ မနိမ့်ကျလျှင် သူတို့သည်လည်း လစန္ဒာတောင်ထွတ်၏ စစ်မှန်သော ဓားတာအိုအမွေအနှစ်များကို ထုတ်ဖော်နိုင်ကြလိမ့်မည်။

သူ၏ စကားကို ကြားသောအခါ ဘေးပတ်ဝန်းကျင်မှ တပည့်များက စိတ်လှုပ်ရှားသွားကြသည်။

ယင်းက သူတို့၏ ကိုယ်ပိုင်အမွေအနှစ်ဖြစ်သည်။ သူတို့သာ အပတ်တကုတ် ကြိုးစားကျင့်ကြံမည်ဆိုလျှင် သူတို့၏ အနာဂတ်က သေချာပေါက် အကန့်အသတ်မဲ့သွားလိမ့်မည်။

သူတို့က အနောက်ဘက်သို့ ခေါင်းလှည့်လိုက်ကြပြီး မြူခိုးထုဆီသို့ ကြည့်လိုက်ကြသည်။ ထိုနေရာတွင် မြူခိုးထုက တအိအိလှုပ်ခတ်နေသည်။

ထိုနေရာမှာ လစန္ဒာတောင်ထွတ်၏ စစ်မှန်သောအမွေအနှစ် တည်ရှိသည်။ ယင်းက အရာအားလုံး၏ ဇစ်မြစ်လည်း ဖြစ်သည်။

တောင်ထွတ်အရှင်သခင်ဟန်က လစန္ဒာတောင်ထွတ်၏ အမွေအနှစ်ကို အထွတ်အထိပ်သို့ ပို့ဆောင်ပေးနိုင်လိမ့်မည်။

ထျန်းလေတောင်တန်း၏ အကာအကွယ်ဝင်္ကပါထဲတွင် ဟန်မူယဲ့က ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။ သူက ဘေးသို့ ခေါင်းလှည့်လိုက်လေရာ ပုံရိပ်တစ်ခုက သူ၏ အနားသို့ တိတ်တဆိတ် ရောက်ရှိလာသည်။

ယုချန်းရှန်… ။

ထျန်မင်ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်… ။

တာအိုငြိမ်းသတ်ခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်ဖြစ်သော ယုချန်းရှန်က အကာအကွယ်ဝင်္ကပါ၏ အပြင်ဘက်မှာ ရပ်လိုက်သည်။ သူ၏ အကြည့်က မြူခိုးထုကို ဖောက်ထွင်းသွားပြီး ကျောက်ပြားများပေါ်သို့ ကျရောက်သွားသည့်အခါ လွမ်းဆွေးသတိရသော အမူအရာက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

ယုချန်းရှန်က လေဝိညာဉ်ဓားကို ယူဆောင်သွားသူဖြစ်ကြောင်း ဟန်မူယဲ့ သိသည်။

“ ဂိုဏ်းခေါင်းဆောင်ယုကိုယ်တိုင် ရောက်လာတာက မမျှော်လင့်ထားတဲ့အရာပဲ ”

ဟန်မူယဲ့က ရေရွတ်လိုက်သည်။ ထို့နောက် သူ၏ ပုံရိပ်က ဖျတ်ခနဲ ရွေ့လျားသွားပြီး အကာအကွယ်ဝင်္ကပါ၏ အရှေ့မှာ ပြန်ပေါ်လာသည်။

အကာအကွယ်ဝင်္ကပါ၏ အပြင်ဘက်တွင် ယုချန်းရှန်က အံ့ဩသွားပုံမပြချေ။ သူက ဟန်မူယဲ့ကို တည်ငြိမ်စွာ ကြည့်၍ အကဲခတ်လိုက်သည်။

“ အပြင်လူတစ်ယောက်က လစန္ဒာတောင်ထွတ်ရဲ့ အမွေအနှစ်နဲ့ နက်ရှိုင်းစွာ ပတ်သက်နေတယ်… မင်း ဘယ်က လာတာလဲဆိုတာ ငါတကယ်ပဲ သိချင်မိတယ် ”

ဟန်မူယဲ့ကို စိုက်ကြည့်လိုက်သည့်အခါ နတ်ဘုရားအလင်းက ယုချန်းရှန်၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။

“ မင်းက ဓားဂိုဏ်း(၃၆)ဂိုဏ်းထဲက ဘယ်ဂိုဏ်းကလဲ ”

ဓားဂိုဏ်း(၃၆)ဂိုဏ်း… ။

ဟန်မူယဲ့က ထိုအကြောင်းကို လစန္ဒာတောင်ထွတ်၏ ရှေးဟောင်းစာအုပ်များထဲမှာ ဖတ်ဖူးသည်။

အတိတ်မှာ ဂုဏ်းကြီးတစ်ဂိုဏ်းက ဓားဂိုဏ်း(၃၆)ဂိုဏ်းအဖြစ် ခွဲထွက်သွားခဲ့သည်။

လစန္ဒာတောင်ထွတ်၏ အမွေအနှစ်ဖြစ်စေ သို့မဟုတ် ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ အမွေအနှစ်ဖြစ်စေ ယင်းတို့အားလုံးက ဓားဂိုဏ်း(၃၆)ဂိုဏ်းထဲမှ ဓားဂိုဏ်းတစ်ဂိုဏ်းမှ ဆင်းသက်လာခြင်း ဖြစ်သည်။

သို့သော်လည်း မည်သည့်ဓားဂိုဏ်းဖြစ်ကြောင်းကိုတော့ ဟန်မူယဲ့ မသိပေ။

ဖြစ်နိုင်သည်မှာ ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်ရှမင်တန်က ထိုအကြောင်းကို သိလောက်၏။

ထိုကြောင့် ဟန်မူယဲ့က ဓားဂိုဏ်း(၃၆)ဂိုဏ်းထဲမှ ဓားဂိုဏ်းတစ်ဂိုဏ်း၏ တပည့်တစ်ယောက်ဖြစ်ရမည်ဟု ယုချန်းရှန်က ခန့်မှန်းလိုက်ခြင်း ဖြစ်သည်။

သို့မဟုတ်လျှင် မည်သို့ကြောင့် ဟန်မူယဲ့က လစန္ဒာတောင်ထွတ်၏ အမွေအနှစ်ကို အချိန်တိုလေးအတွင်းမှာ ထိုမျှတိုးတတ်စေနိုင်မည်နည်း။

“ ဂိုဏ်းခေါင်းဆောင်ယုချန်းရှန်… ကျုပ်လည်းပဲ တစ်ခုသိချင်တယ်… ခင်ဗျားရဲ့ ထျန်မင်ဂိုဏ်းက ကောင်းကင်အသင်္ချေဓားဂိုဏ်းနဲ့ ရန်သူဖြစ်ဖို့ ဘာလို့ အဲ့လောက်တောင် စိတ်အားထက်သန်နေတာလဲ ”

ဟန်မူယဲ့က ခေါင်းလှည့်လိုက်ပြီး ကျောက်ပြားများကို ကြည့်လိုက်သည်။ သူက ခပ်ရေးရေး ပြုံးလိုက်ပြီး ပြောသည်။

“ မဟုတ်မှ အဲ့ဒါတွေကြောင့်လား ”

ထိုကျောက်ပြားများက လစန္ဒာတောင်ထွတ်၏ အမွေအနှစ်ဖြစ်သည်။

ထိုကျောက်ပြားများပေါ်တွင် လစန္ဒာတောင်ထွတ်၏ ဓားတာအိုအမွေအနှစ်ကို ရေးထွင်းထားသည်။ ထို့ပြင် ယင်းတို့က လေဝိညာဉ်ဓားထဲမှ အမွေအနှစ်နှင့် လိုက်လျောညီထွေသည်။

သို့ဖြစ်၍ လေဝိညာဉ်ဓားကို ရရှိထားသော ယုချန်းရှန်က ထိုကျောက်ပြားများကို အသည်းအသန်လိုချင်နေသည်မှာ မထူးဆန်းပေ။

ယုချန်းရှန်က ကျယ်လောင်စွာ အော်ရယ်လိုက်သည်။ နောက်အခိုက်အတန့်မှာ သူ၏ ပုံရိပ်က လေကြမ်းတိုက်ခတ်မှုနှင့်အတူ ပျောက်ကွယ်သွားသည်။

ရွှေရောင်လက်ဝါးက ဟန်မူယဲ့ပေါ်သို့ ကျဆင်းလာသည်။

ဟန်မူယဲ့၏ ခန္ဓာကိုယ်ပေါ်တွင် ဝိညာဉ်အလင်းက မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားပြီး ရွှေရောင်လက်ဝါးပုံရိပ်ကို ခုခံကာကွယ်လိုက်သည်။

“ မင်းက အစွမ်းအစတချို့ရှိသားပဲ ”

ယုချန်းရှန်က ကြုံးဝါးလိုက်လေရာ သုံးပေရှည်လျားသော ဓားမော့က သူ၏ လက်ထဲမှာ ထွက်ပေါ်လာသည်။

ဓားမော့အလင်း ဝင်းလက်သွားသည့်အခိုက် လေကြမ်းက အနက်ရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး အောက်သို့ ရက်စက်ကြမ်းကြုတ်စွာ ကျဆင်းသွားသည်။

တာအိုငြိမ်းသတ်ခြင်းစွမ်းအား… ။

ထိုဓားမော့က တာအိုစိတ်ဆန္ဒကို ထိန်းသိမ်းနိုင်သော တာအိုလက်နက်ဖြစ်သည်။ ထိုတာအိုလက်နက်ကို ကိုင်ဆောင်ထားသူကလည်း တာအိုငြိမ်းသတ်ခြင်းအဆင့်မှာ ဖြစ်သည်။

ထိုသို့အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်က လှုပ်ရှားလိုက်သည့်အခါ တစ်စုံတစ်ယောက်မှာ တာအိုငြိမ်းသတ်ခြင်းအဆင့် ကျင့်ကြံခြင်းစွမ်းအားမရှိလျှင် ယင်းကို ခုခံနိုင်လိမ့်မည် မဟုတ်ချေ။

ယုချန်းရှန်က လစန္ဒာတောင်ထွတ်မှ ကျောက်ပြားများကို သိမ်းယူရန် လုံးဝ စိတ်ပိုင်းဖြတ်ထားသည်။

“ ဒီနေ့ကို ငါဘာလို့ ရွေးချယ်ခဲ့လဲ မင်းသိလား ”

ဟန်မူယဲ့ကို ကြည့်လိုက်စဉ် ယုချန်းရှန်၏ မျက်နှာပေါ်မှာ အပြုံးတစ်ခု ထွက်ပေါ်လာသည်။

“ ဘာလို့လဲဆိုတော့ ဒီနေ့ပြီးသွားရင် အချင်းမိုင်တစ်သိန်းဧရိယာအတွင်းက ဘယ်ဂိုဏ်းမှ မတိုက်ခိုက်ရတော့လို့ပဲ ”

“ တကယ်လို့ မင်းရဲ့ လစန္ဒာတောင်ထွတ်ကို ဒီနေ့ ငါဖျက်ဆီးလိုက်ပြီး အမွေအနှစ်တွေကို သိမ်းယူလိုက်မယ်ဆိုရင် ပြန်ပေးစရာမလိုတော့ဘူး ”

ကောင်းကင်အသင်္ချေဓားဂိုဏ်းနှင့် ထျန်မင်ဂိုဏ်းတို့က ယွင်ထျန်းတာအိုဂိတ်၏ ဆင့်ခေါ်အမိန့်ကို ရရှိပြီးကြပြီ ဖြစ်၏။ သို့ဖြစ်၍ ယနေ့ပြီးသွားလျှင် ဂိုဏ်းများကြားမှ ရန်ငြိုးများကို ယာယီမေ့ထားရလိမ့်မည်။

ယုချန်းရှန်က ယနေ့ကို တမင်ရွေးချယ်ခဲ့ခြင်းမှာ ကောင်းကင်အသင်္ချေဓားဂိုဏ်းက လစန္ဒာတောင်ထွတ်၏ အမွေအနှစ်များကို ပြန်မတောင်းနိုင်ရန် ဖြစ်သည်။

သူ၏ အစီအစဉ်များက ကောင်းမွန်သည်။

ကောင်းကင်ဘုံစစ်ပွဲပြီးသွားလျှင် ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ အင်အားက ယုတ်လျော့သွားလိမ့်မည်။ ထိုအခါကျလျှင် ထျန်မင်ဂိုဏ်းက ကောင်းကင်အသင်္ချေဓားဂိုဏ်းကို ကြောက်နေရန် မလိုတော့ချေ။

“ အစီအစဉ်ကတော့ ကောင်းပါတယ်… ဒါပေမဲ့ ခင်ဗျားရဲ့ စွမ်းအားက မလုံလောက်ဘူး ”

ဟန်မူယဲ့က မထူးမခြားနား ပြောသည်။ သူ၏ လေသံထဲမှာ အေးတိအေးစက်စိတ်ဆန္ဒ ကိန်းဝပ်နေသည်။

သူက နောက်ထပ် မဖုံးကွယ်ချင်တော့ပေ။

ကောင်းကင်ဘုံစစ်ပွဲမှာ ပါဝင်နိုင်ရန်အလို့ငှာ ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ အခြေအနေကို အမြန်ဆုံး သူအဆုံးသတ်ပစ်ရမည်။

သူ့စကားဆုံးသွားသည်နှင့် ဓားအလင်းတစ်ခုက သူ၏ လက်ထဲမှာ ထွက်ပေါ်လာသည်။

“ ဝီး ”

ဓားအလင်းက ပေတစ်ရာရှည်လျားသော ဓားပုံရိပ်အဖြစ် ပြောင်းလဲသွားသည်။

ဤအခိုက်အတန့်မှာ ဓားပုံရိပ်က ဆက်လက် ကျယ်ပြောသွားပြီး ထျန်းလေတောင်တန်းတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။

ပေရာပေါင်းများစွာ ရှည်လျားသော ဓားပုံရိပ်က မိုးမြေကြားထဲမှာ ခုတ်ပိုင်းလိုက်သည်။

ဓားမော့ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသော ယုချန်းရှန်က မယုံကြည်နိုင်မှုကြောင့် မျက်လုံးပြူးကျယ်သွားသည်။

“ မင်း… မင်းက အန္တိမတာအိုအဆင့်မှာလား ”

ထိုသို့အံ့ဖွယ်ကောင်းသော ဓားပုံရိပ်ကို အန္တိမတာအိုအဆင့်နှင့် အထက်အဆင့်မှ အစွမ်းထက်ပုဂ္ဂိုလ်များသာ ထုတ်လွှတ်နိုင်ကြလိမ့်မည်။

ဟန်မူယဲ့က ထိုမေးခွန်းကို ပြန်မဖြေပေ။

သူက ဓားကို ညင်သာစွာ ခုတ်ပိုင်းလိုက်သည်။

“ ဘန်း ”

ပေရာပေါင်းများစွာ ရှည်လျားသော ဓားအလင်းက အောက်သို့ ကျဆင်းလာသည်။

ယုချန်းရှန်၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီး သူက မြေကြီးပေါ်မှာ ဒူးထောက်ကျသွားသည်။

အဝေးတွင် ပုံရိပ်အများအပြားက လေထဲမှာ လွတ်လပ်စွာ ပျံသန်းနေကြရင်း တိုက်ပွဲနေရာဆီသို့ ချဉ်းကပ်လာနေကြသည်။

“ ထျန်းယွင်တာအိုဂိတ်ရဲ့ အမိန့်တော်… အချင်းမိုင်တစ်သိန်းဧရိယာထဲက ဂိုဏ်းအားလုံး တိုက်ခိုက်တာကို ရပ်စဲရမယ် ”

“ ဒီနေ့တိုက်ပွဲမှာ ပါဝင်ပတ်သက်သူတွေက ကောင်းကင်ဘုံစစ်ပွဲမှာ ပါဝင်ကြရမယ် ”

“ ကောင်းကင်အသင်္ချေဓားဂိုဏ်းရဲ့ တပည့်သုံးထောင်က ကောင်းကင်ဘုံစစ်ပွဲမှာ ပါဝင်ရမယ်… ဘယ်လိုအကြောင်းပြချက်နဲ့မှ ငြင်းဆန်ခွင့်မရှိဘူး ”

ထိုပုံရိပ်များက ထျန်းလေတောင်တန်း၏ အရှေ့မှာ ဆင်းသက်လိုက်ကြစဉ် အကာအကွယ်ဝင်္ကပါ၏ တားဆီးခံလိုက်ကြရသည်။

သူတို့က ဟန်မူယဲ့၏ အရှေ့မှာ ဒူးထောက်နေသော ထျန်မင်ဂိုဏ်းခေါင်းဆောင် ယုချန်းရှန်ကို မြင်သွားသောအခါ မျက်လုံးပြူးကျယ်သွားကြသည်။

“ ယုချန်းရှန်က အသတ်ခံလိုက်ရပြီ… ”

“ ဘယ်လိုလူက ယုချန်းရှန်ကို သတ်နိုင်တာလဲ ”

လူတိုင်း၏ အကြည့်က ယုချန်းရှန်၏ အရှေ့မှ ဟန်မူယဲ့ပေါ်သို့ ကျရောက်သွားသည်။

အဲ့ဒီလူက ဘယ်လောက်တောင် သန်မာတာလဲ… ။

“ တိုက်ပွဲရပ်စဲရမှာလား ”

ဟန်မူယဲ့က တောင်အောက်သို့ ကြည့်လိုက်သည်။

“ ဆင့်ခေါ်အမိန့်ကို ငါလက်မခံခင် အသက်ဆယ်ခါရှူချိန်အတွင်း အညံ့ခံမလား ဒါမဟုတ် အသတ်ခံမလား မင်းတို့ရွေးချယ်ပါ ”

“ စုကြွယ်ရှန့်… တကယ်လို့ သူတို့က အညံ့မခံဘူးဆိုရင် အသက်ဆယ်ခါရှူချိန်အတွင်း သူတို့အားလုံးကို သတ်ပစ်လိုက်ပါ ”

သူက စိတ်ဓာတ်ပြတ်သားစွာ အမိန့်ပေးသည်။

သူ၏ အသံက မိုးခြိမ်းသံပမာ ပဲ့တင်ထပ်သွားသည်။

တောင်အောက်တွင် လူတိုင်းက တုန်လှုပ်ချောက်ချားသွားကြသည်။

“ တောင်ထွတ်အရှင်သခင်ရဲ့ အမိန့်တော်အတိုင်းပါ ”

စုကြွယ်ရှန့်က အော်ပြောလိုက်သည်။ ထို့နောက် သူက ဓားအလင်းအဖြစ် ပြောင်းလဲသွားပြီး လေထဲမှာ ပျောက်ကွယ်သွားသည်။

ဤအခိုက်အတန့်မှာ သုသာန်တစပြင်ပမာ သေခြင်းတိတ်ဆိတ်မှုက ထျန်းလေတောင်တန်းတစ်လျှောက် ပျံ့နှံ့သွားသည်။

အသက်ဆယ်ခါရှူချိန်အတွင်း… ။

အညံ့ခံမည်လော သို့မဟုတ် အသတ်ခံမည်လော။

All Chapters