← Chapters

အခန်း (၁၅၉၅)

Vol. 114 Ch. 1595

အခန်း (၁၅၉၅)

Vol. 114 Ch. 1595

ကောင်းကင်အသင်္ချေဓားဂိုဏ်းမှ လူများဖြစ်စေ သို့မဟုတ် ဓားဝယ်ရန် ဂိတ်တံခါးအရှေ့မှာ စောင့်ဆိုင်းနေကြသော ကျွမ်းကျင်သူများဖြစ်စေ သူတို့အားလုံးက ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။

အမှန်မှာ သူတို့က ဟန်မူယဲ့ပြောခဲ့သော စကား၏ အဓိပ္ပာယ်ကိုပင် နားမလည်ကြချေ။

ဓားဝယ်လျှင် ဓားသိုင်းများကိုလည်း အပိုရရှိနိုင်မည်လော။

ထို့ပြင် ကောင်းကင်အသင်္ချေဓားဂိုဏ်းက ဤနယ်တစ်ဝိုက်မှာ နာမည်ကျော်ကြားပြီး ၎င်း၏ ဓားပျိုးထောင်ခြင်းတဲအိမ်ထဲမှာ သိမ်းဆည်းထားသော ဓားအားလုံးက အလွန်တန်ဖိုးကြီးမားကြသည်။

သို့သော်လည်း ဓား၏ ပိုင်ရှင်နှင့် နောက်ခံသမိုင်းအကြောင်းကို အတိအကျပြောနိုင်ခြင်းက အလွန်ရှားပါးသောအရာ ဖြစ်သည်။

အကယ်၍ သူတို့က ယခင်ဓားပိုင်ရှင်၏ သရုပ်နှင့် နောက်ခံသမိုင်းအကြောင်းကို ရှင်းလင်းစွာ မသိထားဘူးဆိုလျှင် ဓားနှင့်ပတ်သက်သော နောက်ဆက်တွဲပြဿနာများကို စိုးရိမ်ရလိမ့်မည်။ သို့သော်လည်း ယင်းက သာမန်အင်အားစုများ လုပ်ဆောင်နိုင်သောအရာ မဟုတ်ပေ။

သို့သော်လည်း ဤအခိုက်အတန့်မှာ ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်က ဓား၏ ပိုင်ရှင်နှင့် နောက်ခံသမိုင်းအကြောင်းကို အတိအကျ ပြောနိုင်ရုံသာမက ဓားတာအိုအမွေအနှစ်များကိုပင် လက်အောက်အဖြစ်ပေးဦးလိမ့်မည်။

“ ဝမ်ဟွာဓားဂိုဏ်းက ဓားဂိုဏ်း(၃၆)ဂိုဏ်းနဲ့ မပတ်သက်ပေမဲ့ ကပ်ဘေးတစ်ခုကြောင့် ဖျက်ဆီးခံလိုက်ရတယ်… ”

“ အဲ့ဒါက နာမည်ကျော်ဓားဂိုဏ်းတစ်ဂိုဏ်းပဲ ”

အချိန်တစ်ခဏကြာပြီးနောက် လူအုပ်ကြီးထဲမှ တစ်စုံတစ်ယောက်က တီးတိုးရေရွတ်လိုက်သည်။

မူလက တိတ်ဆိတ်နေသော လူအုပ်ကြီးက တဖြည်းဖြည်း ဆူညံပွက်လောရိုက်သွားသည်။

တချို့က ဝမ်ဟွားဓားဂိုဏ်းအကြောင်း ဆွေးနွေးလိုက်ကြစဉ် တချို့က ဝမ်ဟွားဓားဂိုဏ်း၏ လက်ထောက်ဂိုဏ်းခေါင်းဆောင်အကြောင်း ဆွေးနွေးလိုက်ကြသည်။

ထို့ပြင် တချို့က ဝမ်ဟွားဂိုဏ်း၏ ဓားသိုင်းများအကြောင်း တီးတိုးပြောလိုက်ကြသည်။

သို့သော်လည်း မည်သူမှ ဟန်မူယဲ့ပြောသော အပိုလက်ဆောင်အကြောင်းကို စိတ်မဝင်စားကြချေ။

မည်သို့ဖြစ်ပါစေ ယင်းက ပါးစပ်စကားသာ မဟုတ်ပါလော။

မည်သူက ဓားတာအိုအမွေအနှစ်များကို လက်ဆောင်ပေးနိုင်မည်နည်း။

ထို့ပြင် ကောင်းကင်အသင်္ချေဓားဂိုဏ်းက ဝမ်ဟွားဓားဂိုဏ်း၏ ဓားတာအိုအမွေအနှစ်များကို မည်သို့ရရှိနိုင်မည်နည်း။

အများဆုံး သူတို့က အတိတ်မှ ဝမ်ဟွားဓားဂိုဏ်း၏ ဓားတာအိုအမွေအနှစ်များနှင့်ပတ်သက်သော သဲလွန်စများကိုသာ ထောက်ပံ့ပေးနိုင်လိမ့်မည် မဟုတ်ပါလော။

သူတို့ဆီမှာ စစ်မှန်သော အမွေအနှစ်မရှိနိုင်ပေ။

ထို့ပြင် အကယ်၍ သူတို့ဆီမှာ စစ်မှန်သော အမွေအနှစ်ရှိမည်ဆိုလျှင်ပင် ကောင်းကင်အသင်္ချေဓားဂိုဏ်းက ယင်းတို့ကို အလွယ်တကူ ပေးပစ်နိုင်မည်လော။

ဟန်မူယဲ့က တောင်အောက်မှ လူအုပ်ကြီးကို ဝေ့ဝိုက်ကြည့်လိုက်ပြီး သူ၏ လက်ကို ဝှေ့ယမ်းလိုက်သည်။

ရွှေရောင်အလင်းလွှာက မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားသည်။

ရွှေရောင်အလင်းလွှာပေါ်တွင် အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော အဖိုးအိုတစ်ယောက်က ထွန်းလင်းတောက်ပသော ဓားရှည်တစ်လက်ကို ကိုင်ထားသည်။ နောက်အခိုက်အတန့်မှာ အဖိုးအိုက သူ၏ လက်ထဲမှ ဓားကို ညင်သာစွာ ဝှေ့ယမ်းလိုက်သည်။

ဓားအလင်းရောင် ဝင်းလက်သွားသည်နှင့် ကျောက်စိမ်းသစ်ပင်များက အလင်းလွှာပေါ်မှာ ထွက်ပေါ်လာကြသည်။ ထို့နောက် ရွှေရောင်ပန်းပွင့်များက မြေပြင်ပေါ်သို့ တဖြုတ်ဖြုတ် ကျဆင်းလာကြသည်။

ရွှေရောင်ပန်းပွင့်များက ခမ်းနားထည်ဝါပြီး လှပသော်လည်း ယင်းတို့ပေါက်ကွဲသွားသည့်အခိုက် သေးငယ်သော ဓားအလင်းများက အရပ်မျက်နှာအသီးသီးသို့ ပြန့်ကျဲသွားကြသည်။ ထိုဓားအလင်းများဖြင့် ထိတွေ့သွားသော သစ်ပင်ကြီးများနှင့် ကျောက်ဆောင်များက ချက်ချင်း အက်ကွဲသွားကြသည်။

ထိုမြင်ကွင်းက စောင့်ကြည့်နေကြသော လူများကို အသက်ရှူရပ်တန့်သွားစေသည်။

“ အဲ့ဒါ… အဲ့ဒါ ကျောက်စိမ်းပန်းခက်ဓားသိုင်းပဲ ”

နောက်ဆုံးမှာတော့ တစ်စုံတစ်ယောက်က မယုံကြည်နိုင်စွာ အော်ပြောလိုက်သည်။

ရွှေရောင်အလင်းလွှာပေါ်မှ ဓားသိုင်းကိုသာ မမြင်ခဲ့လျှင် ဟန်မူယဲ့မှာ ကျောက်စိမ်းပန်းခက်ဓားသိုင်း တကယ်ရှိကြောင်း မည်သူမှ ယုံကြည်လိမ့်မည် မဟုတ်ချေ။

“ အဲ့ဒီဓားသိုင်းက မင်တန်ဓားဂိုဏ်းက နာမည်ကျော် ကျောက်စိမ်းသစ်ပင်ဓားသိုင်းနဲ့ ဆက်နွယ်မှုတစ်ခုရှိပုံပဲ ”

“ ဒါပေါ့ဟ… ကျောက်စိမ်းသစ်ပင်ဓားသိုင်းက ဝမ်ဟွားဓားဂိုဏ်းရဲ့ ကျောက်စိမ်းပန်းခက်ဓားသိုင်းကနေ ဆင်းသက်လာတာလေ ”

တီးတိုးစကားသံက လူအုပ်ကြားထဲမှ ထွက်ပေါ်လာသည်။

မင်တန်ဓားဂိုဏ်းသည် ဤနေရာနှင့် မိုင်သုံးထောင်ကွာဝေးသော နေရာတွင် တည်ရှိသည့် နာမည်ကျော်ဓားဂိုဏ်းတစ်ဂိုဏ်း ဖြစ်သည်။ မင်တန်ဓားဂိုဏ်း၏ အလုံးစုံအင်အားက ကောင်းကင်အသင်္ချေဓားဂိုဏ်းထက် မနိမ့်ကျပေ။

မင်တန်ဓားဂိုဏ်း၏ အမွေအနှစ်နှင့် ဆက်စပ်နေသော ဓားသိုင်းက ဟန်မူယဲ့၏ လက်ထဲမှာ ရှိနေမည်ဟု မည်သူမှ မမျှော်လင့်ထားကြချေ။

လူအများစုက ရုတ်တရက် မျက်လုံးဝင်းလက်သွားကြသည်။

“ ဂိုဏ်းခေါင်းဆောင်ဟန်… ခင်ဗျား အဲ့ဒီဓားသိုင်းကို တကယ်ပေးမှာလား ”

“ ဂိုဏ်းခေါင်းဆောင်ဟန်… အနှောင်အဖွဲ့မဲ့ဓားအတွက် ဈေးနှုန်းက ဘယ်လောက်လဲ ”

ဤအခိုက်အတန့်မှာ လူအများစုက အနှောင်အဖွဲ့မဲ့ဓားအတွက် ဈေးနှုန်းကို စတင်စိတ်ဝင်စားသွားကြသည်။ သူတို့က ထိုဓားကို လက်ဝယ်ပိုင်ဆိုင်နိုင်ရန် ဆန္ဒရှိလာကြသည်။

လူအုပ်ကြီးထံမှ ဆူညံသံများက ဖြည်းဖြည်းချင်း ငြိမ်သက်သွားသည်။ ယခုအချိန်မှာ လူတိုင်း၏ အကြည့်က ဟန်မူယဲ့နှင့် သူ၏ လက်ထဲမှ ဓားပေါ်သို့ ကျရောက်သွားသည်။

လူတချို့သည်တော့ သူတို့က ဟန်မူယဲ့၏ အရှေ့မှ ရွှေရောင်အလင်းလွှာကို အာရုံစိုက်လိုက်ကြသည်။

ဟန်မူယဲ့က လက်မြှောက်လိုက်လေရာ ရွှေရောင်အလင်းလွှာက ပျောက်ကွယ်သွားသည်။ ထို့နောက် အနှောင်အဖွဲ့မဲ့ဓားက သူ၏ အရှေ့မှာ မျောလွင့်သွားသည်။

“ ဒီအနှောင်အဖွဲ့မဲ့ဓားကို မဟာပန်သွန်ကျောက်တုံးငါးရာနဲ့ ရောင်းချမယ် ”

မဟာပန်သွန်ကျောက်တုံးငါးရာ… ။

အဲ့လောက်တောင် ဈေးပေါတာလား… ။

ဈေးနှုန်းက လူတိုင်းကို ထပ်မံ ဆွံ့အသွားစေသည်။

ထိုအနှောင်အဖွဲ့မဲ့ဓားက ဝမ်ဟွားဓားဂိုဏ်း၏ နာမည်ကျော်ဓားတစ်လက်ဖြစ်ပြီး ယင်းကို ဝယ်ယူမည်ဆိုလျှင် ဝမ်ဟွားဓားဂိုဏ်း၏ ဓားတာအိုအမွေအနှစ်ကိုလည်း အပိုရရှိဦးလိမ့်မည်။ သို့တိုင် ယင်းက မဟာပန်သွန်ကျောက်တုံးငါးရာသာ ကုန်ကျသည်လော။

ထိုကိစ္စ၏ နောက်ကွယ်မှာ အကြောင်းအရင်းတစ်ခု ရှိနေပါသလား။

“ ဂိုဏ်းခေါင်းဆောင်… အဲ့ဒါက တာအိုလက်နက်မဟုတ်ပေမဲ့ ဓားတာအိုအမွေအနှစ်ရှိတဲ့ ဓားကောင်းတစ်လက် ဖြစ်ပါတယ်… တကယ်ပဲ အဲ့ဒီဓားကို မဟာပန်သွန်ကျောက်တုံးငါးရာနဲ့ ရောင်းချမှာပါလား ”

အဝေးမှာ မတ်တတ်ရပ်နေသော ဝတ်စုံနက်ဝတ် အဖိုးအိုတစ်ယောက်က မနေနိုင်တော့ဘဲ ဟန်မူယဲ့ကို လှမ်းမေးလိုက်သည်။

သူက ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ တောင်ထွတ်အရှင်သခင်တစ်ပါးဖြစ်ပြီး သူ၏ ကျင့်ကြံခြင်းက တာအိုချိုးဖြတ်ခြင်းအဆင့်မှာ ဖြစ်၏။

မဟာပန်သွန်ကျောက်တုံးငါးရာသည် တာအိုချိုးဖြတ်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်အတွက် များပြားသော ပမာဏမဟုတ်ပေ။

“ တကယ်ဆိုရင် ဒီအနှောင်အဖွဲ့မဲ့ဓားက မဟာပန်သွန်ကျောက်တုံးနှစ်ထောင် တန်ကြေးရှိတယ်… ဒါပေမဲ့ ဒီဓားနဲ့ပတ်သက်နေတဲ့ ဓားတာအိုအမွေအနှစ်တွေက နောက်ဆက်တွဲအရှုပ်အထွေးတွေကို ပေးနိုင်တယ်… ဒါကြောင့် ကျုပ်က ဓားရဲ့ တန်ကြေးကို မဟာပန်သွန်ကျောက်တုံးငါးရာထိ လျော့ချလိုက်တာပဲ ”

ဟန်မူယဲ့က မြေပြင်ပေါ်မှ လူအုပ်ကြီးကို ကြည့်လိုက်ပြီး တည်ငြိမ်စွာ ရှင်းပြသည်။

ဒီတော့ အဲ့ဒီလိုကို… ။

မည်သို့ဖြစ်ပါစေ ဝမ်ဟွားဓားဂိုဏ်း၏ ဓားတာအိုအမွေအနှစ်က မင်တန်ဓားဂိုဏ်းနှင့် ပတ်သက်မှုရှိသည်။ သို့ဖြစ်၍ ထိုဓားကို ဝယ်ယူသွားသော လူက မင်တန်ဓားဂိုဏ်း၏ ပစ်မှတ်ထားခြင်း ခံရနိုင်ခြေရှိ၏။

ဓားတစ်လက်အတွက် အစွမ်းထက်ဓားဂိုဏ်းတစ်ဂိုဏ်းကို ရန်ပြုခြင်းသည် မထိုက်တန်ချေ။

သို့ဖြစ်၍ ဟန်မူယဲ့၏ စကားကို ကြားသောအခါ လူအများစု၏ မျက်နှာပေါ်မှာ တုံ့ဆိုင်းသော အမူအရာ ထွက်ပေါ်လာသည်။

မဟာပန်သွန်ကျောက်တုံးငါးရာကို သုံးစွဲခြင်းက ကိစ္စကြီးမဟုတ်သော်လည်း ထိုအတွက်ဖြင့် အစွမ်းထက်ဓားဂိုဏ်းတစ်ဂိုဏ်းကို ရန်ပြုခြင်းက မထိုက်တန်ချေ။

“ ဓားပျိုးထောင်ခြင်းတဲအိမ်ကနေ ဓားဝယ်သွားတဲ့ လူတွေရဲ့ လုံခြုံရေးအတွက်လည်း ကျုပ်ပြင်ဆင်ထားပါတယ်… ဓားဝယ်သွားတဲ့ လူတွေအတွက် ကျုပ်တို့ရဲ့ ကောင်းကင်အသင်္ချေဓားဂိုဏ်းက ဂိတ်တံခါးရဲ့ အပြင်ဘက် မိုင်သုံးဆယ်အကွာမှာ နေစရာစီစဉ်ပေးပါမယ် ”

“ အဲ့ဒီမှာ နေထိုင်ကြတဲ့ လူတွေကို သုံးနှစ်အတွင်း ဘာအန္တရာယ်နဲ့မှ မတွေ့ကြုံရအောင် ကောင်းကင်အသင်္ချေဓားဂိုဏ်းက တာဝန်ယူပေးပါမယ် ”

ဟန်မူယဲ့၏ စကားက ဂိတ်တံခါးအရှေ့မှာ ထပ်မံ ပဲ့တင်ထပ်သွားသည်။

ဤအခိုက်အတန့်မှာ လူအုပ်ကြီးက လုံးဝ တိတ်ဆိတ်ငြိမ်သက်သွားသည်။ တောင်လေတိုက်ခတ်သံမှလွဲ၍ မည်သည့်အသံကိုမှ မကြားရတော့ပေ။

ဂိုဏ်းခေါင်းဆောင်ဟန်မူယဲ့က ဓားပျိုးထောင်ခြင်းတဲအိမ်ထဲမှ ဓားများကို ရောင်းချရန် စိတ်ဆုံးဖြတ်ထားကြောင်း လုံးဝ ထင်ရှားသည်။

“ ဂိုဏ်းခေါင်းဆောင်ဟန်… အဲ့ဒီဓားကို ကျုပ်ဝယ်မယ် ”

အသံတစ်သံက အဝေးမှ ထွက်ပေါ်လာသည်။

အနက်ရောင်ချပ်ဝတ် ဝတ်ဆင်ထားသော လူထွားကြီးတစ်ယောက်က လူအုပ်ကြားထဲမှ အမြန်ပြေးလာသည်။

ဟန်မူယဲ့က ခပ်ရေးရေး ပြုံးလိုက်သည်။ သူက အနှောင်အဖွဲ့မဲ့ဓားကို ပစ်ပေးလိုက်ပြီးနောက် အနောက်လှည့်၍ ထွက်သွားသည်။

…..

လဝက်ကြာပြီးနောက် ကောင်းကင်အသင်္ချေဓားဂိုဏ်းသည် စုစုပေါင်း ဓား(၃၃)လက်ကို ရောင်းချနိုင်ခဲ့သည်။

ထိုဓားများထဲတွင် တချို့က အမည်မသိဓားများဖြစ်ကြပြီး တချို့က နောက်ခံသမိုင်းကြောင်းရှိသော နာမည်ကျော်ဓားများဖြစ်ကြသည်။

ဓား၏ အရည်အသွေးနှင့် အမွေအနှစ်ပေါ်မူတည်၍ တန်ကြေးက အမျိုးမျိုး ကွဲပြားသွားသည်။ သို့ဖြစ်၍ တချို့ဓားများက မဟာပန်သွန်ကျောက်တုံးသုံးထောင်ခန့် တန်ကြေးရှိကြပြီး တချို့ဓားများက မဟာပန်သွန်ကျောက်တုံးရာဂဏန်းခန့်သာ တန်ကြေးရှိကြသည်။

ဓား(၃၃)လက်ကို ရောင်းချပြီးနောက် ကောင်းကင်အသင်္ချေဓားဂိုဏ်းသည် လိုအပ်နေသော မဟာပန်သွန်ကျောက်တုံးငါးသောင်းကို စုဆောင်းမိသွားရုံသာမက မဟာပန်သွန်ကျောက်တုံးအပိုနှစ်ထောင်ကိုပင် ပိုင်ဆိုင်သွားသည်။

မှန်ပေသည်။ သူတို့က ထိုအတွက် ဂိုဏ်း၏ အခြေခံအုတ်မြစ်ဖြစ်သော ဓားပျိုးထောင်ခြင်းတဲအိမ်ထဲမှ ဓားများကို ရောင်းချခဲ့ရသည်။

ထိုကိစ္စနှင့်ပတ်သက်၍ ကောင်းကင်အသင်္ချေဓားဂိုဏ်းတစ်ခုလုံးက စိုးရိမ်ကြောင့်ကြနေသည်။ လစန္ဒာတောင်ထွတ်မှ တပည့်များသာလျှင် မည်သည့်အပူအပင်မှမရှိဘဲ တည်ငြိမ်နေကြသည်။

ဟန်မူယဲ့သည်တော့ သူက ဓားဂိုဏ်းအသီးသီးမှ ဓားတာအိုအမွေအနှစ်များကို ပြန်လည်ဖော်ထုတ်နေသည်။

“ ဒေါင် ”

“ ဒေါင် ”

“ ဒေါင် ”

ခေါင်းလောင်းမြည်သံက အဝေးသို့ ပျံ့လွင့်သွားသည့်အခါ ပုံရိပ်အများအပြားက ကောင်းကင်ပေါ်သို့ ပျံတတ်သွားကြသည်။

အဝေး၌ အစွမ်းထက်ပုဂ္ဂိုလ်များက အပေါ်သို့ ခေါင်းမော့ကြည့်လိုက်ကြသည်။

“ သူတို့ရောက်လာကြပြီ ”

“ အစွမ်းထက်ရန်သူတွေ လာတိုက်ခိုက်ကြပြီ ”

ကောင်းကင်ယံတွင် ပုံရိပ်သုံးခုက ဓားပျံနည်းစနစ်ကို အသုံးပြု၍ ကောင်းကင်အသင်္ချေဓားဂိုဏ်းဆီသို့ မြန်ဆန်စွာ ချဉ်းကပ်လာနေကြသည်။

“ မင်တန်ဓားဂိုဏ်းရဲ့ ဟဲကျိယန်၊ ဟဲမင်ယန်နဲ့ ဟဲကျန်းယန်က ကောင်းကင်အသင်္ချေဓားဂိုဏ်းဆီ အလည်ရောက်လာပါတယ်… ”

ကျယ်လောင်သော အော်သံ ပဲ့တင်ထပ်သွားသည့်အခါ ဘေးပတ်ဝန်းကျင်မှ မိုးမြေက တုန်ခါသွားသည်။

ဓားသုံးလက်ထံမှ အလင်းတန်းများက တစ်ခုတည်းပေါင်းစည်းသွားပြီး ပေသုံးဆယ်ရှည်လျားသော ဓားအလင်းအဖြစ် ဖွဲ့စည်းသွားသည်။ ထို့နောက် ဓားအလင်းက ကောင်းကင်အသင်္ချေတောင်ထွတ်ပေါ်သို့ ကျဆင်းသွားသည်။

မင်တန်ဓားဂိုဏ်းသည် ရောက်လာသည်နှင့်ချက်ချင်း စတင်တိုက်ခိုက်လိုက်သည်။

“ အဲ့ဒါ မင်တန်ဓားဂိုဏ်းက ဟဲမိသားစုရဲ့ အကြီးအကဲသုံးယောက်ပဲ ”

“ အကြီးအကဲသုံးယောက်စလုံးက ခြေလှမ်းဝက် တာအိုငြိမ်းသတ်ခြင်းအဆင့်မှာဖြစ်ပြီး မင်တန်ဂိုဏ်းရဲ့ အမွေဆက်ခံသူတွေ ဖြစ်ကြတယ် ”

“ ပွဲကတော့ လှပြီ… ကောင်းကင်အသင်္ချေဓားဂိုဏ်းထဲမှာ သူတို့ကို ယှဉ်ပြိုင်နိုင်တဲ့ လူက ရှမင်တန်တစ်ယောက်ပဲ ရှိတယ် ”

“ မင်းပြောတာ မဟုတ်သေးဘူး… လက်ရှိဂိုဏ်းခေါင်းဆောင်ဟန်မူယဲ့က အရမ်းသန်မာတယ်လို့ ငါကြားဖူးတယ် ”

တီးတိုးစကားသံများက ပျံ့လွင့်သွားစဉ် လူတိုင်းထံမှ အကြည့်က ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ ဂိတ်တံခါးပေါ်သို့ ကျဆင်းလာသော ဓားအလင်းပေါ်သို့ ကျရောက်သွားသည်။

အကယ်၍ ထိုဓားချက်က ဂိတ်တံခါးကို ဖျက်ဆီးလိုက်မည်ဆိုလျှင် ယင်းက ကောင်းကင်အသင်္ချေဓားဂိုဏ်းအပေါ် တိုက်ရိုက် စိန်ခေါ်လိုက်ခြင်း ဖြစ်သွားလိမ့်မည်။

သို့ဖြစ်၍ ကောင်းကင်အသင်္ချေဓားဂိုဏ်းက အမြန်တုံ့ပြန်လိုက်သည်။

“ အဲ့ဒီဓားအလင်းကို တားကြစမ်း ”

လေထဲမှ တစ်စုံတစ်ယောက်က အော်ပြောလိုက်သည်။

ပုံရိပ်အများအပြားက ကောင်းကင်ပေါ်သို့ ပျံတတ်သွားကြပြီး ပေသုံးဆယ်ရှည်လျားသော ဓားအလင်းကို တားဆီးလိုက်ကြသည်။

သို့သော်လည်း သူတို့အားလုံးက ပေသုံးဆယ်ဓားအလင်းကြောင့် အဝေးသို့ လွင့်စင်သွားကြသည်။

ဤအခိုက်အတန့်မှာ ကောင်းကင်အသင်္ချေဓားဂိုဏ်းထဲမှ မည်သူကမှ ထိုဓားအလင်းကို တစ်ခဏပင် မရပ်တန့်နိုင်ကြချေ။

ဓားအလင်းက ဆက်လက် ကျဆင်းလာနေလေရာ ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ ဂိတ်တံခါးနှင့် တွေ့ဆုံရန် ပေသုံးဆယ်သာ ကွာဝေးတော့သည်။

ကြည့်ရသည်မှာ ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ ဂိတ်တံခါးက ဓားတစ်ချက်ကြောင့် အက်ကွဲသွားတော့မည့်ဟန် ရ၏။

အဝေးမှ စောင့်ကြည့်နေသူများက မျက်လုံးဝင်းလက်သွားကြသည်။

အကယ်၍ ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ ခွန်အားက အလုံအလောက် မသန်မာဘူးဆိုလျှင် သူတို့က ထိုဓားဝယ်သူများကို မည်သို့ ကာကွယ်ပေးနိုင်လိမ့်မည်နည်း။

အကယ်၍ ကောင်းကင်အသင်္ချေဓားဂိုဏ်းက ထိုမျှအားနည်းသည်ဆိုလျှင် ဓားပျိုးထောင်ခြင်းတဲအိမ်ထဲမှ ဓားများကို ဆက်လက် ထိန်းသိမ်းစောင့်ရှောက်ပေးနိုင်ဦးမည်လော။

သို့သော်လည်း ထိုစဉ် အပြောင်းအလဲတစ်ခုက ရုတ်ချည်း ထွက်ပေါ်လာသည်။

ပေသုံးဆယ်ရှည်လျားသော ဓားအလင်းက ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ ဂိတ်တံခါးနှင့် တွေ့ဆုံရန် ပေသုံးဆယ်အလိုမှာ ရပ်တန့်သွားပြီး လွင့်ပြယ်သွားသည်။

အဝေး၌ မတ်တတ်ရပ်နေကြသော မင်တန်ဓားဂိုဏ်းမှ အကြီးအကဲသုံးယောက်က မျက်နှာဖြူဖျော့သွားကြပြီး ခန္ဓာကိုယ်တုန်ယင်သွားကြသည်။

“ ခင်ဗျားတို့သုံးယောက်ကို ဓားပျိုးထောင်ခြင်းတဲအိမ်ဆီ လာခဲ့ဖို့ ဂိုဏ်းခေါင်းဆောင်က ဖိတ်ခေါ်လိုက်တယ် ”

တိုးညင်းသော စကားသံက သူတို့၏ အနောက်မှ ထွက်ပေါ်လာသည်။ ထိုအသံထဲမှာ ကျောချမ်းဖွယ်ကောင်းသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ထင်ရှားစွာ ထွက်ပေါ်နေသည်။

ထိုသတ်ဖြတ်ခြင်းစိတ်ဆန္ဒက တာအိုအဆင့် ကျင့်ကြံသူသုံးယောက်ကို အရိုးခိုက်ခိုက်တုန်အောင် ချမ်းအေးသွားစေသည်။

စုကြွယ်ရှန့်က သူ၏ ဓားကို ဖြည်းညင်းစွာ ဆွဲထုတ်လိုက်သည်။

သူ၏ လက်ရှိတိုက်ပွဲစွမ်းအားအရ တာအိုငြိမ်းသတ်ခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်များကို သုံးပေအကွာမှ သတ်ပစ်နိုင်သည်။

ယခု သူ၏ အရှေ့မှာ ရှိနေကြသော ထိုပုဂ္ဂိုလ်များက ခြေလှမ်းဝက် တာအိုငြိမ်းသတ်ခြင်းအဆင့်မှာသာ ရှိကြသေးသည်။

All Chapters