← Chapters

အခန်း (၁၅၈၄)

Vol. 114 Ch. 1584

အခန်း (၁၅၈၄)

Vol. 114 Ch. 1584

မကြာမီ မည်သို့ကြောင့် ကောင်းကင်အသင်္ချေဓားဂိုဏ်းမှ တပည့်များက ထိုမျှရဲတင်းနေရကြောင်း ဂိုဏ်းအသီးသီးမှ အစွမ်းထက်ပုဂ္ဂိုလ်များက နားလည်သွားကြသည်။

ထျန်းလေတောင်တန်းပေါ်မှ အကာအကွယ်ဝင်္ကပါ၏ စွမ်းအားက ကောင်းကင်အသင်္ချေဓားဂိုဏ်းမှ တပည့်များ၏ ခွန်အားကို တိုးမြှင့်ပေးနိုင်သည်။

ထို့ကြောင့် ထျန်းလေတောင်တန်းပေါ် တတ်သွားကြသော ပြင်ပဂိုဏ်းသားများက ကြီးမားသော ဆုံးရှုံးမှုကို ခံစားမိသွားကြသည်။

လဝက်ကြာပြီးနောက် ဂိုဏ်းအသီးသီးမှ တပည့်များက တစ်ရာခန့် ကျဆုံးသွားကြသည်။ ထိုထဲမှာ တာအိုအဆင့် ကျင့်ကြံသူများလည်း ပါဝင်ကြသည်။

သို့ဖြစ်၍ ဂိုဏ်းအသီးသီးမှ ခေါင်းဆောင်များသည် ကောင်းကင်အသင်္ချေဓားဂိုဏ်းကို ဆန့်ကျင်တွန်းလှန်ရန် နောက်တစ်ကြိမ် အစည်းအဝေးထိုင်လိုက်ကြသည်။

ထိုအစည်းအဝေးကို အထွတ်အထိပ် တာအိုဝင်ရောက်ခြင်းအဆင့်နှင့် တာအိုချိုးဖြတ်ခြင်းအဆင့်မှ ကျွမ်းကျင်ပညာရှင်ဆယ်ယောက်ကျော်က တတ်ရောက်ကြသည်။ ထို့ပြင် တာအိုငြိမ်းသတ်ခြင်းအဆင့် အစွမ်းထက်ကျင့်ကြံသူတစ်ယောက်နှင့် ခြေလှမ်းဝက် တာအိုငြိမ်းသတ်ခြင်းအဆင့် ကျင့်ကြံသူနှစ်ယောက်လည်း ပါဝင်ကြသည်။

တာအိုငြိမ်းသတ်ခြင်းအဆင့် ထိုအစွမ်းထက်ကျင့်ကြံသူသည် သံမဏိဂိုဏ်းမှ အထွတ်အမြတ်အကြီးအကဲရှောက်လင်းမှလွဲ၍ တခြားလူမဟုတ်ပေ။

သံမဏိဂိုဏ်း၏ အင်အားသည် ထျန်မင်ဂိုဏ်းထက် အများကြီး ပိုသန်မာသည်။

ကောင်းကင်အသင်္ချေဓားဂိုဏ်းနှင့် တိုက်ပွဲမှာ ထျန်မင်ဂိုဏ်းက အင်အားတစ်ဝက်ခန့် ဆုတ်ယုတ်သွားခဲ့လေရာ ယခုအချိန်မှာ သူတို့က အလွန်အားနည်းနေသည်။ ထို့ကြောင့် သံမဏိဂိုဏ်းက ဤအခွင့်အရေးကို အသုံးချ၍ ထျန်မင်ဂိုဏ်းကို ဖိနှိပ်လိုက်ပြီး ကောင်းကင်အသင်္ချေဓားဂိုဏ်းကို တိုက်ခိုက်ရန် ဘေးပတ်ဝန်းကျင်မှ ဂိုဏ်းငယ်များကို ထောက်ပံ့ပေးလိုက်သည်။

အကယ်၍ သူတို့သာ ကောင်းကင်အသင်္ချေဓားဂိုဏ်းကို အမြစ်ဖြတ်သုတ်သင်နိုင်မည်ဆိုလျှင် သို့မဟုတ် ကောင်းကင်အသင်္ချေဓားဂိုဏ်းက သူတို့၏ လက်အောက်မှာ အညံ့ခံလာမည်ဆိုလျှင် သံမဏိဂိုဏ်းက ဤအချင်းမိုင်တစ်သောင်းအတွင်းမှာ အသန်မာဆုံးဂိုဏ်း ဖြစ်လာလိမ့်မည်။

အကြီးအကဲရှောက်လင်းက ကောင်းကင်အသင်္ချေဓားဂိုဏ်းနှင့် ကြီးမားသော ရန်ငြိုးများရှိသည်။ ထို့ကြောင့် သူက ဤတစ်ကြိမ်မှာ ကိုယ်တိုင်ရောက်လာပြီး ကောင်းကင်အသင်္ချေဓားဂိုဏ်းကို တိုက်ခိုက်ရန် စီစဉ်ဆောင်ရွက်နေခြင်း ဖြစ်သည်။

“ အကြီးအကဲရှောက်… ဂိုဏ်းခေါင်းဆောင်ရှု… အကြီးအကဲစွန်း… ကောင်းကင်အသင်္ချေဓားဂိုဏ်းဆီ စေလွှတ်ထားတဲ့ ကျုပ်ရဲ့ ထျန်မင်ဂိုဏ်းက သူလျှိုတွေရဲ့ ပြောကြားချက်အရ ထျန်းလေတောင်တန်းပေါ်က ဒီတစ်ခေါက် ရန်သူတွေရဲ့ သရုပ်ကို သိခဲ့ရပါပြီ ”

အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော ကျင့်ကြံသူတစ်ယောက်က အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီး ကျယ်လောင်စွာ ပြောသည်။

ထျန်မင်ဂိုဏ်းသည် ဤတစ်ကြိမ် ကောင်းကင်အသင်္ချေဓားဂိုဏ်းကို ဝိုင်းရံတိုက်ခိုက်သော တိုက်ပွဲတွင် အဓိကအင်အားစု ဖြစ်သည်။ ဂိုဏ်းခေါင်းဆောင်နှင့် ဂိုဏ်းစောင့်အကြီးအကဲများမှလွဲလျှင် ဂိုဏ်းထဲမှ အစွမ်းထက်ပုဂ္ဂိုလ်အားလုံးက ဤနေရာမှာ ရှိနေကြသည်။

ဤတိုက်ပွဲက ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ သေခြင်းရှင်ခြင်းကိုသာမက ထျန်မင်ဂိုဏ်း၏ သေခြင်းရှင်ခြင်းကိုလည်း ကိုယ်စားပြုသည်။ အကယ်၍ သူတို့သာ ဤတိုက်ပွဲမှာ ရှုံးနိမ့်သွားမည်ဆိုလျှင် ထျန်မင်ဂိုဏ်းက နောက်ထပ် တည်ရှိနိုင်တော့မည် မဟုတ်ချေ။

“ ထျန်းလေတောင်တန်းကို သိမ်းပိုက်ထားကြတဲ့ လူတွေက လစန္ဒာတောင်ထွတ်က တပည့်တွေပါ… ဆိုလိုတာက လက်ရှိ ထျန်းလေတောင်တန်းက ကိစ္စအားလုံးကို လစန္ဒာတောင်ထွတ်က စီစဉ်ဆောင်ရွက်နေတာပါ ”

အစိမ်းရောင်ဝတ်စုံနှင့် အမျိုးသားက ကျယ်လောင်စွာ ပြောသည်။

လစန္ဒာတောင်ထွတ်… ။

ထိုသတင်းတင်ပြမှုကို ကြားသောအခါ တိုးညင်းသော မြည်သံက တဲအိမ်ထဲမှာ ပဲ့တင်ထပ်သွားသည်။ ထိုင်ခုံပေါ်မှာ ထိုင်နေကြသော အင်အားစုအသီးသီးမှ အစွမ်းထက်ပုဂ္ဂိုလ်များက တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြပြီး တီးတိုးပြောကြသည်။

လစန္ဒာတောင်ထွတ်က အချင်းမိုင်တစ်သောင်းအတွင်းမှာ အတော်အသင့် နာမည်ကျော်ကြားပြီး ၎င်း၏ တောင်ထွတ်အရှင်သခင်ကော့ဟွားက ခြေလှမ်းဝက် တာအိုငြိမ်းသတ်ခြင်းအဆင့် တိုက်ပွဲစွမ်းအားကို ပိုင်ဆိုင်ထားသည်။ သို့ဖြစ်လေရာ ဤနယ်တစ်ဝိုက်တွင် တောင်ထွတ်အရှင်သခင်ကော့ဟွားကို မသိသူမရှိပေ။

ကောင်းကင်အသင်္ချေဓားဂိုဏ်းထဲမှာပင် သူက နောင်တတ်မည့် ဂိုဏ်းခေါင်းဆောင်အဖြစ် ထင်ကြေးပေးခံထားရသည်။

လစန္ဒာတောင်ထွတ်၏ အမွေအနှစ်နှင့် တိုက်ပွဲစွမ်းအားသည်တော့ တပည့်အရေအတွက်နည်းပါးမှုနှင့် တပည့်များ၏ နိမ့်ကျသော ကျင့်ကြံခြင်းအဆင့်ကြောင့် ဤအချင်းမိုင်တစ်သောင်းအတွင်းမှာ ၎င်းကို အလယ်အလတ် အင်အားစုတစ်ခုအဖြစ်သာ သတ်မှတ်နိုင်ပေသည်။

သို့သော်လည်း ယင်းက အတိတ်မှ လစန္ဒာတောင်ထွတ် ဖြစ်သည်။

လက်ရှိ လစန္ဒာတောင်ထွတ်က အတော်လေး နာမည်ကျော်ကြားသည်။

ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ ဤတစ်ကြိမ်ကပ်ဘေးက လစန္ဒာတောင်ထွတ်မှ အပြစ်မဲ့သော တပည့်များကို သတ်ဖြတ်ရန် ကြိုးစားခဲ့ခြင်းမှ စတင်ခဲ့ခြင်း မဟုတ်ပါလော။

လစန္ဒာတောင်ထွတ်အရှင်သခင်အသစ်သည် အံ့ဖွယ်ကောင်းသော တိုက်ပွဲစွမ်းအားကို ပိုင်ဆိုင်ထားသည်။ အစကတည်းက သူက ထျန်မင်ဂိုဏ်းမှ အစွမ်းထက်ပညာရှင်တချို့ကို သတ်ဖြတ်ခဲ့သည်။

“ လစန္ဒာတောင်ထွတ်က လူတွေလား ”

အရှေ့ဆုံးမှာ ထိုင်နေကြသော လူသုံးယောက်ထဲတွင် သံချပ်ကာဝတ်ဆင်ထားသော လူထွားကြီးက မျက်မှောင်ကြုတ်လိုက်ပြီး ပြောသည်။

“ သူတို့က အရမ်းသန်မာလို့လား ”

သူ၏ နာမည်က ရှုထန်ဖြစ်ပြီး သူက မဟာမိတ်ထဲမှ သွေးဝိညာဉ်ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင် ဖြစ်သည်။

သွေးဝိညာဉ်ဂိုဏ်း၏ အလုံးစုံအင်အားသည် အံ့ဩစရာမကောင်းပေ။ သို့သော်လည်း သူတို့၏ ဂိုဏ်းခေါင်းဆောင်ရှုထန်က ခြေလှမ်းဝက် တာအိုငြိမ်းသတ်ခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက် ဖြစ်သည်။ သူက လွှမ်းမိုးဖိနှိပ်သော ကျင့်ကြံခြင်းနည်းစနစ်ကို လေ့ကျင့်ထားသလို သူ၏ အကျင့်စရိုက်ကလည်း ရက်စက်ကြမ်းကြုတ်သည်။ ထို့ကြောင့် သူက တာအိုငြိမ်းသတ်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်နှင့် တိုက်ခိုက်လျှင်ပင် မရှုံးနိမ့်နိုင်ပေ။

ကောင်းကင်အသင်္ချေဓားဂိုဏ်းကို ဝိုင်းရံတိုက်ခိုက်ကြသော ဤအစီအစဉ်ကို အကြီးအကဲသုံးယောက်က ဦးဆောင်ကြသည်။ ဂိုဏ်းခေါင်းဆောင်ရှုထန်သည် ထိုအကြီးအကဲသုံးယောက်ထဲမှ တစ်ယောက်ဖြစ်သည်။

သူက ရှောက်လင်းကဲ့သို့ပင် အတိတ်မှာ ကောင်းကင်အသင်္ချေဓားဂိုဏ်းနှင့် ရန်ငြိုးရန်စတချို့ ရှိခဲ့သည်။

“ လစန္ဒာတောင်ထွတ်က အဲ့လောက် အစွမ်းမထက်ပါဘူး… ဒါပေမဲ့ ဒီတစ်ကြိမ်မှာ သူတို့က အရမ်းရက်ရောလွန်းတယ် ”

အခြားတစ်ဖက်တွင် အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော အဖိုးအိုက ခေါင်းယမ်းလိုက်ပြီး ရယ်မောလိုက်သည်။

ရက်ရောတယ်… ။

ထျန်းလေတောင်တန်းပေါ်မှ အကာအကွယ်ဝင်္ကပါကို အသက်သွင်းရန် မဟာပန်သွန်ကျောက်တုံးများကို အချိန်ပြည့် သုံးစွဲနေရလိမ့်မည်။

ယင်းမှာ သူတို့က သေဆုံးမည့်ရက်ကို ငွေကုန်ခံ၍ အချိန်ဆွဲဆန့်နေခြင်း မဟုတ်ပါလော။

ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ ပင်မတောင်ထွတ်ဖြစ်သော ကောင်းကင်အသင်္ချေတောင်ထွတ်သည်ပင် ထိုသို့မလုပ်ဝံ့ပေ။

“ လစန္ဒာတောင်ထွတ်တစ်ခုတည်းက အဲ့ဒီငွေကြေးကို အကုန်အကျခံနိုင်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး ”

အကြီးအကဲရှောက်လင်းက ပြောသည်။ သူက တဲအိမ်ထဲမှ လူတိုင်းကို ဝေ့ဝိုက်ကြည့်လိုက်လေရာ အလင်းတန်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

“ အကြီးအကဲချင်… အကြီးအကဲကျောက်… မင်းတို့နှစ်ယောက် ထျန်းလေတောင်တန်းဆီသွားပြီး သူတို့ရဲ့ အခြေအနေကို သွားစမ်းသပ်ကြည့်ပါ ”

“ လစန္ဒာတောင်ထွတ်က တမင်ဟန်ဆောင်နေတာလား ဒါမှမဟုတ် သူတို့က အရင်းအမြစ်တွေ အကုန်သုံးပြီး နောက်ဆုံး အဆုံးအဖြတ်တိုက်ပွဲကို ဆင်နွှဲချင်နေတာလားဆိုတာ ကြည့်ရအောင် ”

အကြီးအကဲရှောက်လင်း၏ စကားဆုံးသွားသည်နှင့် အစိမ်းရောင်သံချပ်ကာ ဝတ်ဆင်ထားကြသော လူနှစ်ယောက်က မတ်တတ်ရပ်လိုက်ကြသည်။

သူတို့နှစ်ယောက်က အရှေ့ထွက်လာကြပြီး လက်နှစ်ဖက်ဆုပ်၍ ဂါရဝပြုလိုက်ကြသည်။ ထို့နောက် သူတို့က အနောက်လှည့်၍ တဲအိမ်ထဲမှ ထွက်သွားကြသည်။

တစ်ခဏကြာပြီးနောက် ကြုံးဝါးသံများနှင့် အော်သံများက တဲအိမ်အပြင်ဘက်မှာ ထွက်ပေါ်လာသည်။

တဲအိမ်ထဲမှ ပုဂ္ဂိုလ်များက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ထို့နောက် သူတို့က မတ်တတ်ရပ်လိုက်ကြပြီး အပြင်သို့ ထွက်သွားကြသည်။

တဲအိမ်အပြင်သို့ သူတို့ရောက်ရှိသွားသည့်အခါ မီးခိုးငွေ့နှင့် ဖုန်လုံးက ထျန်းလေတောင်တန်းဆီသို့ တလိပ်လိပ် မြှောက်တတ်သွားနေသည်ကို မြင်လိုက်ကြရသည်။

တာအိုချိုးဖြတ်ခြင်းအဆင့် ကျင့်ကြံသူနှစ်ယောက်သည် ကျင့်ကြံသူသုံးရာကို ဦးဆောင်၍ ထျန်းလေတောင်တန်းဆီသို့ တန်းမတ်စွာ ချီတတ်သွားကြသည်။

…..

ထျန်းလေတောင်တန်းပေါ်တွင် ပုံရိပ်များက ဤအခိုက်အတန့်မှာ ပြေးလွှားနေကြသည်။

ဓားအလင်းများက ပြိုးပြိုးပြက်ပြက် ဝင်းလက်နေသည်။

ဆုလာဘ်ရရှိထားကြသော လစန္ဒာတောင်ထွတ်မှ တပည့်များက အားကုန်ထုတ်၍ ကျင့်ကြံနေကြသည်။ သူတို့က ဤသို့အခွင့်အရေးကောင်းကို နည်းနည်းလေးမှ အလဟဿ မဖြုန်းတီးချင်ကြပေ။

ဟန်မူယဲ့က အမိန့်တစ်ခု ထုတ်ပြန်လိုက်သည်။ တောင်ခြေမှာ တစ်ရက်ကင်းစောင့်ပေးသည့် မည်သူမဆို ထျန်းလေတောင်တန်း၏ အကာအကွယ်ဝင်္ကပါထဲမှာ တစ်နာရီကျင့်ကြံခွင့် ရရှိကြလိမ့်မည်။

အကာအကွယ်ဝင်္ကပါထဲမှာ နာရီဝက်ကျင့်ကြံနိုင်ခြင်းသည်ပင် အလွန်ရှားပါးသော အခွင့်အရေး ဖြစ်၏။

မည်သို့ဖြစ်ပါစေ အကာအကွယ်ဝင်္ကပါထဲတွင် မူလစွမ်းအားက အလွန်ပေါများပြီး သွေးချီအနှစ်သာရက အလွန်သိပ်သည်းသည်။ သို့ဖြစ်၍ ကျင့်ကြံခြင်းအဆင့်တတ်ရန် အခက်ကြုံနေသူများက ထိုနေရာမှာ ကျင့်ကြံလိုက်မည်ဆိုလျှင် အလွယ်တကူ အဆင့်ချိုးဖြတ်နိုင်ကြလိမ့်မည်။

ဤလဝက်အတွင်းမှာ တပည့်ငါးယောက်က တာအိုအဆင့်သို့ ဝင်ရောက်သွားကြပြီး တာအိုသစ်သီးကို ဖွဲ့စည်းနိုင်သွားကြသည်။

ယခု ထျန်းလေတောင်တန်းပေါ်တွင် တာအိုအဆင့် ကျင့်ကြံသူများက စုစုပေါင်း (၃၈)ယောက် ရှိသွားကြသည်။

သူတို့ထဲမှ တစ်ဝက်ခန့်က ဤခြောက်လအတွင်းမှာ အဆင့်ချိုးဖြတ်သွားကြသူများ ဖြစ်သည်။

တာအိုအဆင့်ကျင့်ကြံသူများ ပိုမိုများပြားလာသည်နှင့်အမျှ လစန္ဒာတောင်ထွတ်၏ အလုံးစုံအင်အားက တဖြည်းဖြည်း ပိုအားကောင်းလာသည်။

ထို့ပြင် တာအိုအဆင့်ဆီသို့ လက်တလောမှ တတ်လှမ်းသွားကြသော ထိုတပည့်များသည် လူတစ်ယောက်တည်းအပေါ်မှာသာ သစ္စာရှိကြသည်။ ထိုလူက လက်ရှိ လစန္ဒာတောင်ထွတ်အရှင်သခင် ဟန်မူယဲ့ ဖြစ်သည်။

“ ဝီး ”

ဝင်္ကပါက တုန်ယင်သွားသည့်အခါ တိမ်တိုက်များက ပြန့်ကျဲသွားပြီး အလင်းလွှာတစ်ခု ထွက်ပေါ်လာသည်။

ထိုအလင်းလွှာပေါ်တွင် ပုံရိပ်သုံးရာက ထျန်းလေတောင်တန်းပေါ်သို့ တန်းမတ်စွာ ချီတတ်လာနေကြသည်ကို ဖော်ပြနေသည်။

“ အဲ့ဒါ ပြင်ပဂိုဏ်းသားတွေ ”

“ သူတို့က ဒီကို လာရဲတယ်လား ”

“ ဟား ဟား… ငါတို့တွေ ကောင်းကောင်း မတိုက်ခိုက်ရတာ ဘယ်နှစ်ရက်ကြာသွားပြီလဲ ”

အစွမ်းထက်ရန်သူများ ချီတတ်လာနေကြကြောင်း မြင်သွားသောအခါ ထျန်းလေတောင်တန်းပေါ်မှ တပည့်များက ကြောက်ရွံ့သွားမည့်အစား ဝမ်းမြောက်ဝမ်းသာ အော်ဟစ်ခုန်ပေါက်လိုက်ကြသည်။

သူတို့၏ မျက်လုံးထဲမှာ ထိုပြင်ပဂိုဏ်းသားများက အန္တရာယ် မဟုတ်ကြချေ။ ယင်းအစား တိုက်ပွဲအကျိုးပြုမှုများ ဖြစ်ကြသည်။ တိုက်ပွဲအကျိုးပြုမှုများဖြင့်ဆိုလျှင် သူတို့က ပစ္စည်းကောင်းများကို လဲလှယ်နိုင်ကြလိမ့်မည်။

“ တာအိုချိုးဖြတ်ခြင်းအဆင့် ကျင့်ကြံသူနှစ်ယောက်… ကျေးဇူးပြုပြီး အကြီးအကဲနှစ်ယောက်က သူတို့ကို ကိုင်တွယ်လိုက်ပါ ”

“ ကျန်တဲ့ တာအိုကျင့်ကြံသူတွေကိုတော့ ကျောက်မင်ယွင်က တပည့်တွေကို ဦးဆောင်ပြီး တိုက်ခိုက်မယ် ”

ဟန်မူယဲ့၏ အသံက အကာအကွယ်ဝင်္ကပါထဲမှ ထွက်ပေါ်လာသည်။

တာအိုချိုးဖြတ်ခြင်းအဆင့်လား… ။

တုချန်းနှင့် မိန့်ယုချန်က အကြည့်ချင်းဖလှယ်လိုက်ကြသည်။ ထို့နောက် သူတို့က မတ်တတ်ရပ်လိုက်လေရာ သွေးချီအနှစ်သာရက သူတို့၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးလာသည်။

သူတို့က တာအိုချိုးဖြတ်ခြင်းအဆင့်သို့ ဝင်ရောက်နိုင်ရန် သိပ်မလိုတော့ပေ။ အဆင့်ချိုးဖြတ်မှုကို အောင်မြင်စေမည့် အခွင့်အရေးက ယခု သူတို့ထံသို့ ရောက်ရှိလာသည်။

ယခင်ကဆိုလျှင် သူတို့၏ ကျင့်ကြံခြင်းစွမ်းအားနှင့် သက်တမ်းအရ တာအိုချိုးဖြတ်ခြင်းအဆင့်သို့ ဝင်ရောက်ရန် သူတို့အတွက် မဖြစ်နိုင်တော့ပေ။

သို့သော်လည်း လက်တလောတွင် သူတို့က သေခြင်းရှင်ခြင်းမဟာပန်သွန်ကျောက်တုံးထံမှ မူလစွမ်းအားနှင့် သွေးအနှစ်သာရကို စုပ်ယူလိုက်သည့်အခါ သူတို့၏ သက်တမ်းက တိုးပွားလာသည်။ သို့ဖြစ်၍ တာအိုချိုးဖြတ်ခြင်းအဆင့်သို့ ဝင်ရောက်ရန် သူတို့မှာ မျှော်လင့်ချက်ရှိသွားသည်။

အကယ်၍ တခြားနေရာမှာသာဆိုလျှင် သူတို့က တာအိုချိုးဖြတ်ခြင်းအဆင့် ကျင့်ကြံသူများကို ရင်ဆိုင်ဝံ့လိမ့်မည် မဟုတ်ချေ။

သို့သော်လည်း ဤနေရာက ထျန်းလေတောင်တန်း ဖြစ်သည်။

ထျန်းလေတောင်တန်းပေါ်မှ အကာအကွယ်ဝင်္ကပါ၏ စွမ်းအားထောက်ပံ့မှုအောက်မှာ သူတို့၏ ကိုယ်ပိုင်စွမ်းအားထက် သာလွန်သော စွမ်းအားကို ထုတ်လွှတ်နိုင်ကြလိမ့်မည်။ ထို့ပြင် သူတို့၏ ရန်သူများက အကာအကွယ်ဝင်္ကပါကြောင့် အားနည်းသွားကြလိမ့်မည်။

ယင်းက ရှားပါးအခွင့်အရေးတစ်ခု ဖြစ်သည်။

“ စိတ်ချပါ တောင်ထွတ်အရှင်သခင်… ကျူးကျော်လာတဲ့ ရန်သူတွေကို ဖြေရှင်းဖို့ ကျုပ်တို့တွေ အကောင်းဆုံး ကြိုးစားပါမယ် ”

တုချန်းက အရိုအသေပေးလိုက်သည်။ ထို့နောက် သူက တောင်အောက်သို့ ပျံသန်းသွားလေရာ ဓားအလင်းက သူ၏ ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာသည်။

စကားနည်းသော မိန့်ယုချန်က သူ့နောက်သို့ အမြန်လိုက်သွားသည်။

တစ်ခဏကြာပြီးနောက် ဓားချင်းထိခတ်သံများ၊ သွေးချီပေါက်ကွဲသံများက တောင်အောက်မှ ပျံ့လွင့်လာသည်။

ကျောက်မင်ယွင်နှင့် တခြားလူများသည်လည်း တောင်အောက်သို့ ဆင်းသွားကြပြီး တခြားဂိုဏ်းအသီးသီးမှ တပည့်များကို ခုခံတားဆီးလိုက်ကြသည်။

အဝေးတွင် မဟာမိတ်အဖွဲ့မှ အစွမ်းထက်ကျင့်ကြံသူများက ထိုတိုက်ပွဲကို စူးစမ်းလေ့လာနေကြသည်။

“ လစန္ဒာတောင်ထွတ်က အသေအကြေတိုက်ခိုက်ဖို့ တကယ်စိတ်ကူးနေတာလား ”

“ ကြည့်ရတာတော့ လစန္ဒာတောင်ထွတ်ရဲ့ တိုက်ပွဲစွမ်းအားက အရမ်းသန်မာပုံပဲ ”

“ ဒီပုံစံအတိုင်းဆိုရင်တော့ ထျန်းလေတောင်တန်းက လစန္ဒာတောင်ထွတ်ရဲ့ တပည့်တွေကို ရှင်းပစ်ဖို့ မလွယ်ကူဘူး… သူတို့ကို အမြစ်ဖြတ်ရှင်းပစ်မယ်ဆိုရင် ငါတို့ဘက်က တန်ဖိုးကြီးတစ်ခုကို ပေးချေရလိမ့်မယ် ”

လူတိုင်းက တီးတိုးဆွေးနွေးလိုက်ကြသည်။ ထို့နောက် သူတို့က အဝေးမှ အကြီးအကဲရှောက်လင်းနှင့် တခြားအကြီးအကဲများကို ကြည့်လိုက်ကြသည်။

ယင်းက အကျိုးကိုယ်စီအတွက် ဖွဲ့စည်းထားသော မဟာမိတ်ဖြစ်သည်။ သို့ဖြစ်၍ မည်သူက သေခြင်းရှင်ခြင်းတိုက်ပွဲကို အမှန်တကယ် တိုက်ခိုက်ချင်မည်နည်း။

“ အဲ့ဒါက ဝင်္ကပါတစ်ခုပါပဲ… သူတို့က အဲ့ဒီဝင်္ကပါကို အချိန်ပြည့် အသက်သွင်းထားနိုင်မယ်လို့ ဒီအကြီးအကဲက မယုံဘူး ”

အကြီးအကဲရှောက်လင်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး လက်ဝှေ့ယမ်းလိုက်သည်။

“ စုကြွယ်ရှန့် မင်းသွားစမ်း… ထျန်းလေတောင်တန်းပေါ် တတ်ပြီး အဲ့ဒီဝင်္ကပါကို ချိုးဖြတ်ပစ်စမ်း ”

All Chapters