← Chapters

ကောင်းကင်မြို့တော် ကပ်ဘေး

Vol. 80 Ch. 1221

ကောင်းကင်မြို့တော် ကပ်ဘေး

Vol. 80 Ch. 1221

သံတံခါးအင်ပါယာ ပျက်စီးသွား၏။

အင်ပါယာ တစ်ခုလုံး၏ ရှင်းလင်းခြင်း ခံလိုက်ရပြီး မည်သူမျှ အသက်ချမ်းသာရာ မရခဲ့ကြပေ။

ကျက်သရေပြာ အင်ပါယာ၏ ဧကရီ အရှင်မ လန်ဘိစ်က သူ၏ လက်ထဲမှ ထောက်လှမ်းရေး သတင်းကို အံ့ဩစွာ ကြည့်လိုက်သည်။ သူ၏ ဘေးနားတွင် သံတံခါးဘုရင် ဂရီဂိုရီထံမှ ဒုက္ခရောက်နေသော အစီရင်ခံစာတစ်ခု ရှိနေသည်။

ယနေ့တွင် ရိုးရှင်းသော စာခေါင်းများကို မှော်ဖုန်းဖြင့် အခြေခံအားဖြင့် အစားထိုးပြီး ဖြစ်သည်။ ဖုန်းတစ်လုံးဖြင့် လူတစ်ဦးက အလျင်မြန်ဆုံး ဆက်သွယ်မှုကို ချက်ချင်း ရရှိနိုင်သည်။ သို့သော် သံတံခါးဘုရင် ဂရီဂိုရီထံမှ ဒုက္ခရောက်နေသော ခေါ်ဆိုမှု တစ်ခုကို လက်ခံရရှိပြီး မကြာမီတွင် လန်ဘိစ်က ပါလီမန်မှ အကြီးအကဲများနှင့် ဝန်ကြီးများကို ဆင့်ခေါ်ပြီး အကူအညီ ပေးရန် တပ်များစေလွှတ်ခြင်းကို ဆွေးနွေး နေခဲ့သော်လည်း မကြာခင်တွင် သံတံခါး အင်ပါယာ ပျက်စီးသွားခြင်း အစီရင်ခံစာ တစ်ခုကို လက်ခံရရှိခဲ့သည်။

“ဒီအရှိန်က... အရမ်းမြန်လွန်းတယ်...” လန်ဘိစ် မျက်မှောင်ကြုတ်လိုက်၏။

“ဟုတ်ပါတယ်။ အရှင်မ။” ကျက်သရေပြာ အင်ပါယာ၏ ထိပ်တန်း စစ်ဘက်ဆိုင်ရာ တပ်မှူး အယ်လ်တိုစ်က လေးနက်သော အမူအရာကို ပြသခဲ့သည်။ “ကျုပ်တို့ရဲ့ ထောက်လှမ်းရေးတွေ စုံစမ်း စစ်ဆေးမှုနဲ့ သုံးသပ်ချက်အရ ဆိုရင်တော့ သံတံခါး အင်ပါယာကို ဖျက်ဆီးပစ်ခဲ့တဲ့ မကောင်းဆိုးဝါးအင်အားစုက အိပ်မက်ဆိုး တောနက်ထဲကနေ လာတာ ဖြစ်မယ်။ ဒါပေမဲ့ အဲဒါတွေက အော့ခ်တွေမဟုတ်ဘဲ ကြောက်စရာ မကောင်းဆိုးဝါးတွေပဲ။ သူတို့က ဆိုးသွမ်းပြီးတော့ ရက်စက် ကြမ်းကြုတ်ကြတယ်။ ဖြတ်သန်းသွားရာ နေရာတိုင်း သက်ရှိ အကုန်လုံး ပျက်စီး သွားခဲ့တယ်။”

“ဒါက နတ်ဆိုးတွေရဲ့ လှည့်ကွက် တွေလား။” စကားပြောသူမှာ ပါလီမန်တွင် အသစ်ခန့်အပ်ခံရသော ပြောရေးဆိုခွင့် ရှိသူ မက်ဂနမ် ဖြစ်သည်။

အယ်လ်တိုစ်က ခေါင်းခါလိုက်သည်။ “ဗိုလ်ချုပ် ဆန်ဒရိုဆီကနေ ပေးပို့လိုက်တဲ့ စာအရဆိုရင် နတ်ဆိုးတွေရဲ့ အဓိက အင်အားစုက လူသားလောကကို အခုမှ ဝင်ရောက်လာခဲ့ပြီး သူတို့က ရွှေရောင် နယ်မြေပေါ်မှာ ကျုပ်တို့ရဲ့ မဟာမိတ် စစ်တပ်ကို အစွမ်းကုန်နဲ့ တိုက်ခိုက်ဖို့ အာရုံစိုက်နေကြတယ်။ သူတို့ အဲဒီကို ရောက်ဖို့က မဖြစ်နိုင်ပါဘူး။”

မက်ဂနမ်က ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်။ နတ်ဆိုးတွေက အခု ရွှေရောင်နယ်မြေက အဆုံးအဖြတ် တိုက်ပွဲ အပေါ်မှာ အာရုံစိုက်နေကြတယ်။ သူတို့ ဒီလောက် အစောကြီး တိုက်ပွဲရှေ့တန်းကို တိုးချဲ့ရအောင် မိုက်မဲမှာ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီလို မကောင်းဆိုးဝါးတွေက နတ်ဆိုးတွေ မဟုတ်ရင် သူတို့က ဘာတွေလဲ။ ပြီးတော့ ဘာလို့ သူတို့က ဒီလောက် ကြောက်စရာ ကောင်းတာလဲ။”

“ဒါက အဓိကအချက် မဟုတ်ပါဘူး။ အရှင်မ။ ဆာ-ပြောရေးဆိုခွင့်ရှိသူ။ ကျုပ်ရဲ့ ရိုင်းပျမှုကို ကျေးဇူးပြုပြီး ခွင့်လွှတ်ပါ။ ကျုပ်တို့မှာ ဒါတွေကို စူးစမ်းရှာဖွေဖို့ အချိန်ပို မရှိတော့ဘူး။” အယ်လ်တိုစ်က လေးနက်စွာ ပြောလိုက်သည်။ “သံတံခါး အင်ပါယာကို ဖျက်ဆီးပစ်ခဲ့တဲ့ မကောင်းဆိုးဝါးရဲ့ အရှိန်အရ ကျုပ်တို့ ဒီမကောင်းဆိုးဝါးတွေရဲ့ အရေအတွက်နဲ့ အင်အားက မယုံနိုင်စရာ ကောင်းတယ် ဆိုတာ မြင်တွေ့နိုင်တယ်။ သူတို့အထဲမှာ သူတော်စင် အဆင့်တွေ ဒါမှမဟုတ် သူတော်စင်အဆင့်အထက် တည်ရှိမှုတွေ သေချာပေါက် ရှိနေလိမ့်မယ်။ ပြီးတော့ အရေအတွက်က အတော်လေး များတယ်။ သံတံခါး အင်ပါယာကို ဖျက်ဆီးပြီးတော့ ဒီမကောင်းဆိုးဝါးတွေက တစ်ရက်ပဲ နေခဲ့ကြတယ်။ ပြီးတော့ သူတို့က လျူရေကန် အင်ပါယာနဲ့ ပန်းပွားနီ အင်ပါယာဘက် အခု ဦးတည်သွားနေပြီ။ ဒီအင်ပါယာ နှစ်ခု ပြီးသွားရင် ကျုပ်တို့ ကျက်သရေပြာ အင်ပါယာရဲ့ နယ်မြေပဲ။ ဒါကြောင့် ဒီမကောင်းဆိုးဝါးတွေကို ကျုပ်တို့ ရင်ဆိုင်ရမှာ အနှေးနဲ့အမြန်ပဲ။”

“သူတော်စင်အဆင့်တွေ အရေအတွက် အများကြီးနဲ့ အထူးအဆင့်တောင်မှလား။” လန်ဘိစ်က ပလ္လင်မှ လေးနက်သော မျက်နှာဖြင့် ထရပ်လိုက်၏။ “အင်ပါယာ တစ်ခုလုံးကို အနီရောင် စစ်သတိပေးချက် ချက်ချင်း အသက်သွင်း။ မြို့တစ်မြို့စီရဲ့ ကာကွယ်ရေး အဆင့်ကို အမြင့်ဆုံး အဆင့်အထိ မြှင့်တင်လိုက်။ အယ်လ်တိုစ်။ သုံးလို့ရနိုင်တဲ့ တပ်ဖွဲ့တွေ အားလုံးကို ချက်ချင်း စုစည်းပြီးတော့ နေရာတိုင်းက မှော်အကာအကွယ်တွေနဲ့ အရေးပေါ် တယ်လီပို့ အဆောက်အအုံတွေကို အသက်သွင်းလိုက်။ ခက်ခဲတဲ့ တိုက်ပွဲ တစ်ခု အတွက် အသင့်ပြင် ထားရမယ်။ မက်ဂနမ်။ ကောင်စီဝင်တွေ အားလုံးကို အရေးတကြီး ခေါ်ပြီးတော့ ဆုံးဖြတ်ချက် ကနေတစ်ဆင့် သိဒ္ဓိခိုလှုံရာရဲ့ အင်အား အကုန်လုံးကို အသုံးပြုလိုက်။ မယ်လ်။ ဂျာဒါကို ချက်ချင်းသွားပြီးတော့ အဲဒီမှာ စစ်ဆေးနေတဲ့ သိဒ္ဓိကျောင်းတော်က ရေဖျန်း ဘုန်းတော်ကြီး ဂရာလင်ကို ရှာလိုက်။ သူ့ကို သံတံခါး အင်ပါယာ ပျက်စီးခြင်းနဲ့ မကောင်းဆိုးဝါးတွေ အကြောင်းကို အသေးစိတ် ပြောပြ။ သူ့ကို သိဒ္ဓိအလင်းတောင်ဆီ ချက်ချင်း အစီရင် ခံခိုင်းပြီးတော့ စစ်ကူအတွက် ကျက်သရေဆောင် စစ်သည်တော်တွေကို စေလွှတ်ခိုင်း။ ကျောက်စိမ်း သစ်တော ပင်လယ်က ဧကရီအရှင်မ လစ်ဗ်ကို ကျွန်မ ကိုယ်တိုင် ဆက်သွယ်ပြီး မှော်ပညာရှင် မျှော်စင်အဖွဲ့နဲ့ နတ်သူငယ် မျိုးနွယ်စုရဲ့ ထောက်ပံ့မှု အပြည့်အဝ ရဖို့အတွက် တောင်းဆိုမယ်...”

လူတိုင်းက အမိန့်များနှင့်အတူ ထွက်ခွာ သွားခဲ့ကြသည်။

အကူအညီ တောင်းခံနေကြသော လျူရေကန် အင်ပါယာနှင့် ပန်းပွားနီ အင်ပါယာ အတွက်မူ ကျက်သရေပြာ အင်ပါယာ၏ ပဏ္ဏာဆက် နယ်မြေများ ဖြစ်သော်လည်း ထိုအချိန်တွင် သူတို့က စစ်တပ်၏ အစိတ်အပိုင်းငယ်တစ်ခုကိုသာ စေလွှတ်နိုင်ခဲ့သည်။ အကြီးမားဆုံးသော ရည်ရွယ်ချက်မှာ ထောက်ပံ့ရန်မဟုတ်ဘဲ မကောင်းဆိုးဝါးများနှင့် ပတ်သက်သော သတင်းများ ပိုမိုသိရှိနိုင်စေရန် ဖြစ်သည်။

အခြားနေရာတစ်ခု၌...

အဆုံးမဲ့ သစ်တောပင်လယ်က အမြင် အာရုံတွင် ပြည့်နှက်နေသည်။ စိမ်းလန်း စိုပြေမှု အကြားမှ အသက်စွမ်းအားများဖြင့် ပြည့်နှက်နေသော မြင်ကွင်းတစ်ခုပင်။

တောအုပ်ထဲတွင် အဖြူရောင်ခြေဖဝါး တစ်စုံသည် အစိမ်းရောင် မြေပြင်ပေါ်တွင် တဖြည်းဖြည်း ခြေလှမ်းလျက် ခြေရာ တိမ်တိမ် တစ်ခုကို ချန်ထားခဲ့သည်။

ခြေရာများက တောအုပ် အနက်ရှိုင်းဆုံး အထိ လမ်းတစ်လျှောက်လုံး ဆက်သွား၍ နေခဲ့သည်။

အချိန်အတော် ကြာပြီးနောက်တွင် ချိုင့်ဝင်နေသော ခြေရာများ တဖြည်းဖြည်း လောင်ကျွမ်းစပြုလာခဲ့၏။

ထိုကဲ့သို့ စိုစွတ်သော တောအုပ်ထဲတွင် လောင်ကျွမ်းနေခြင်းပင်။

မီးတောက်များက မပြင်းလှသော်လည်း အသက်စွမ်းအားဖြင့် ပြည့်နှက်နေသော ပတ်ဝန်းကျင်မှ သစ်ပင်များ တစ်ပင်ပြီး တစ်ပင် လောင်ကျွမ်းသွားခဲ့၏။ အသက် စွမ်းအား လုံးဝ စုပ်ယူခြင်း ခံလိုက်ရပုံ ရလေသည်။

စိမ်းလန်းစိုပြေနေခဲ့သော သစ်တောပင်လယ်က တဖြည်းဖြည်း ညှိုးနွမ်းလာပြီး မလွန်ဆန်နိုင်ဘဲ စတင်၍ လောင်ကျွမ်းလာခဲ့သည်။

ရှေ့မှ လမ်းကို ပိတ်ဆို့ထားသော ဖောက်ထွင်းမြင်ရသော အားစက်ကွင်း အချို့ ရှိနေပုံရသော်လည်း ခြေဖဝါးများ လုံးဝမရပ်တန့်ခဲ့ပေ။ အရှိန်နှင့် စည်းချက် အတူတူ ရှိနေဆဲပင်။

အားစက်ကွင်းသည် ဧရာမပူဖောင်း တစ်ခုနှင့် တူသည်။ ပြင်ပအင်အားက အားစက်ကွင်းကို ညှစ်လိုက်ပြီး ပို၍ပင် နက်ရှိုင်းသော ခွက်ဝင်မှုတစ်ခု ဖွဲ့စည်း လိုက်သည်နှင့် အားစက်ကွင်းသည်လည်း ပိုရှည်လျားပြီး အားနည်းသွားခဲ့သည်။

နောက်ဆုံးတွင် ဘုန်းခနဲ အသံနှင့်အတူ အကာအကွယ် အစီအရင်တစ်ခုလုံးက အမှန်တကယ်တွင် ပူဖောင်းတစ်ခုလိုပင် ပြောင်းလဲသွားပြီး အရိပ်အယောင်မကျန် ကြေမွသွားခဲ့၏။

ခြေဖဝါးများက အသေးအဖွဲ အရာ တစ်ခုကို ပြုလုပ်ခဲ့သည့်အလား ထင်ရပြီး အလျင်လိုခြင်းမရှိဘဲ ရှေ့သို့ ဆက်လက် ရွေ့လျားသွားခဲ့သည်။

မကြာခင်တွင် မြို့ရိုးတစ်ခု အမြင်ထဲ ပေါ်လာခဲ့သည်။

မြို့ရိုးက ရေတွက်၍ မရနိုင်သော အစိမ်းရောင် နွယ်များဖြင့် ဖုံးထားသည်။ အဝေးမှ ကြည့်လျှင် ၎င်းမှာ အပင်များဖြင့် လုံးဝ ဖွဲ့စည်းထားသလိုပင်။ မြို့ရိုး၏ နောက်တွင် ပေါ်လွင်နေသော လှပသော အဆောက်အအုံများ၏ ထောင့်များကို မြင်တွေ့နိုင်၏။

မြို့တံခါးမှာ ဟိုးကတည်းက ပိတ်ထားခဲ့ပြီး မြို့ရိုးပေါ်မှ နတ်သူငယ် အစောင့်များက ကြီးမားသော ရန်သူ တစ်ဦးကို ရင်ဆိုင်နေရသည့် အလား လက်နက်အပြည့်အစုံ ဆင်ထားကြသည်။

အကာအကွယ် အစီအရင် ကျိုးပဲ့ သွားသည့် အခိုက်တွင် ငွေလကောင်းကင် မြို့တော် တစ်ခုလုံးသည် မြင့်မားသော သတိပေး အခြေအနေသို့ ဝင်ရောက် သွားပြီ ဖြစ်သည်။

ချဉ်းကပ်လာသော ပုံရိပ်ကို ရှင်းရှင်း လင်းလင်း မြင်တွေ့ပြီး နောက်တွင် အစောင့်ခေါင်းဆောင် နာနာ အပါအဝင် နတ်သူငယ်ပေါင်းများစွာက အံ့ဩသော အမူအရာများကို ပြသခဲ့ကြသော်လည်း နာနာသည် တွန့်ဆုတ် မနေခဲ့သေးပေ။ အမိန့်တစ်ခုနှင့်အတူ နတ်သူငယ်အားလုံး မြှားများကို ချက်ချင်း ပစ်ခတ်လိုက်သည်။

မြှားမိုးက ဝတ်ရုံဖြူ ဝတ်ဆင်ထားသော လှပသော ပုံရိပ်ထံသို့ ကောင်းကင် တစ်ခွင်လုံးမှ ပြန့်ကျဲသွား၏။ နတ်သူငယ် မျိုးနွယ်စုသည် ထူးချွန်သော မြှားပစ် စွမ်းရည်အတွက် ကျော်ကြားပေသည်။ ထိုမြှားများက သာမန်မြှားများထက် လှပမှု၊ တိကျမှုနှင့် စွမ်းအားအရ များစွာ သာလွန်သည်။ အထူးသဖြင့် ၎င်းတို့ကို တစ်ယောက်တည်းထံ ချိန်ရွယ်ထားသော အခါ၌ ဖြစ်၏။

သို့သော် ပုံရိပ်က ရှေ့သို့ ဆက်လက် လျှောက်သွားနေဆဲပင်။ မြှား အကုန်လုံး ချဉ်းကပ်လာစဉ် အမှုန်များ အဖြစ်သို့ ပျောက်ကွယ်သွားခဲ့လေသည်။ ဝတ်ရုံဖြူ ဝတ်ထားသော အမျိုးသမီးက မြှားများကို မကြည့်ဘဲ မြို့ရိုးပေါ်မှ နတ်သူငယ် များကိုလည်း မကြည့်ခဲ့။ သူက မြေပေါ်မှ ပုရွက်ဆိတ်များကို ကြည့်ရန်ပင် စိတ်မဝင်စားသော ကောင်းကင်မှ နဂါးတစ်ကောင်ကဲ့သို့ တန်းတန်းမတ်မတ် ရှေ့သို့ လျှောက်သွားခဲ့သည်။

ခဏအကြာ ဝတ်ရုံဖြူ ဝတ်ထားသော အမျိုးသမီးက မြို့ရိုးသို့ ချဉ်းကပ်လာနေပြီ ဖြစ်သည်။ မြို့ရိုးက မှော်စက်ဝိုင်းနှင့် အစီအရင် အလင်းရောင်များ လင်းလက် နေခဲ့သည်။ အလင်းရောင်များ လင်းလက် နေသော ကြိမ်နှုန်းက ကြီးမားသော ဖိအားအောက်တွင် ရှိနေသည့်အလား ပို၍ ပြင်းထန်လာခဲ့သော်လည်း ချက်ချင်းပင် အလင်းရောင်အားလုံးက ပျောက်ကွယ်၍ သွားခဲ့သည်။ အမျိုးသမီးက မြို့တံခါးကို ဖြတ်သန်းသွားခဲ့သည်။

မယုံနိုင်လောက်အောင်ပင် မြို့ရိုးက ပျက်စီးသွားခြင်း မရှိဘဲ ခုခံကာကွယ် နေကြသော နတ်သူငယ်များက မြို့ရိုး ပေါ်တွင် မှင်တက်နေကြသည်။ သူတို့ ကြောက်လန့်နေလား သို့မဟုတ် အင်အား တစ်မျိုးမျိုးကြောင့် ဖြစ်ခဲ့လေသလား ဆိုသည်ကို မသိရပေ။

ခဏအကြာတွင် မြို့ရိုးတစ်ခုလုံးပေါ်မှ အစိမ်းရောင် နွယ်ပင်များ ညှိုးနွမ်းလာပြီး နောက်ဆုံးတွင် လောင်ကျွမ်းသွားခဲ့သည်။ နတ်သူငယ်များက မီးတောက်များထဲ ပြာမှုန့် ဖြစ်သွားစဉ်မှာပင် အရောင်မှိန် ရုပ်သေးရုပ်များကဲ့သို့ ရှိနေဆဲ ဖြစ်သည်။

ဝတ်ရုံဖြူ ဝတ်ထားသော အမျိုးသမီးက လှည့်မကြည့်ခဲ့ပေ။ သူ ဖြတ်သန်းသွားရာ နေရာတိုင်း ကောင်းကင်မှ တိမ်များက သွေးရောင်အဖြစ်သို့ ပြောင်းလဲသွားသည်။ ၎င်းမှာ အဆောက်အအုံများ ဖြစ်စေ၊ နတ်သူငယ်များဖြစ်စေ အရာအားလုံးက မီးလောင်ကျွမ်းသွားခဲ့၏။ အရေးကြီးဆုံး အချက်ပေး ခေါင်းလောင်းများက ငွေလ ကောင်းကင် မြို့တော်တွင် မြည်နေပြီ ဖြစ်သည်။

ဝတ်ရုံဖြူ ဝတ်ထားသော အမျိုးသမီး၏ ခြေလှမ်းများ နောက်ဆုံးတွင် ရပ်တန့်၍ သွားခဲ့သည်။ သူက ရှေ့သို့ ကြည့်လိုက်၏။

နတ်သူငယ် ဧကရီအရှင်မ လစ်ဗ်က ထိုနေရာတွင် ရပ်နေခဲ့ပြီး စက်ဝိုင်း တစ်ခုထဲမှ သစ်ပင်လူသား ၁၀ကောင်နှင့် သက်ဆိုင်ရာ နေရာများတွင် ရပ်နေသော နတ်သူငယ် ရာပေါင်းများစွာ ဝန်းရံခြင်း ခံထားရသည်။ ၎င်းမှာ အခင်းအကျင်း တစ်ခု ဖြစ်ပုံရသည်။

ဧကရီအရှင်မ လစ်ဗ်၏ လက်ထဲတွင် အစိမ်းရောင် လေးတစ်လက် ရှိနေသည်။ သူက လေးကို ရွှေရောင်မြှားတစ်စင်းဖြင့် ဆွဲလျက် ဝတ်ရုံဖြူ ဝတ်ဆင်ထားသော အမျိုးသမီးထံသို့ ချိန်ရွယ်ထားခဲ့သည်။ နတ်သူငယ် ဧကရီအရှင်မက ဝမ်းနည်းစွာ ကြည့်လိုက်ပြီး သက်ပြင်းချလိုက်သည်။ ငါ့တူမ ဒီနတ်သူငယ် တစ်ပိုင်းလေးက နောက်ဆုံးတော့ တကယ့် မကောင်းဆိုးဝါး

ဖြစ်သွားတာပဲ။

“လရောင်နတ်ဘုရားမရဲ့ အမည်နာမတော်နဲ့....” ဧကရီအရှင်မ လစ်ဗ်က ထိုစကားကို ပြတ်ပြတ်သားသား ပြောလိုက်ပြီး ဧရာမအရှိန်အဝါ တစ်ခုက ခန္ဓာကိုယ်တစ်ခုလုံးမှ ထွက်လာသည်။ အခင်းအကျင်းမှ သစ်ပင်လူသားများနှင့် နတ်သူငယ်များလည်း အမျိုးမျိုးသော လက်ဟန်များကို ပြုလုပ်ခဲ့ကြသည်။ ငွေလကောင်းကင်မြို့တော် အလင်းရောင် မှေးမှိန်သွားပြီး ရွှေရောင်မြှား အပေါ်တွင် စုစည်းသွားခဲ့သည်။

“နတ်သူငယ် လေး သုံးလက်ရဲ့ ထိပ်ဆုံး၊ လရောင်တိမ်ပင်လယ်လေးလား။” ဝတ်ရုံဖြူ ဝတ်ထားသော အမျိုးသမီး၏ လှပသော မျက်နှာ၌ လှောင်ပြောင်သော အပြုံးတစ်ခု ရှိနေသည်။ “ဒါက ကောင်းချီးမင်္ဂလာ စွမ်းအားကို တကယ်ပဲ ရရှိထားတဲ့ အဆောင်ပစ္စည်း တစ်ခုပဲ။ ကံဆိုးတာကတော့ အဲဒီလူပြက်တွေက ကျဆုံးသွားခဲ့တာ ကြာပြီ။ သူတို့ရဲ့ အကာအကွယ်ကို ဆုံးရှုံးထားတဲ့ မင်းလို သနားစရာအရာက သူ့ရဲ့ စွမ်းအားကို အလွန်ဆုံး ၀.၀၀၀၁% ကိုတောင် အသက် သွင်းနိုင်မှာ မဟုတ်ဘူး။ မင်း နတ်သူငယ် ဧကရီအရှင်မ အနေနဲ့ နတ်သူငယ် မျိုးနွယ်စုရဲ့ ယုံကြည်မှုစွမ်းအား အကုန်ကို လျှို့ဝှက်အစီအရင်တစ်ခုနဲ့ စုစည်းတောင် ငါ့ဆံပင်တစ်မျှင်ကိုတောင် ထိခိုက်နိုင်မှာ မဟုတ်ဘူး။”

စကား မဆုံးခင်မှာပင် စုစည်းပြီး ဖြစ်သော ဧကရီအရှင်မ လစ်ဗ်က သူ၏ လက်ချောင်းကို လွှတ်လိုက်ရာ ရွှေရောင် အလင်းတန်းတစ်ခု လေးညှို့မှ ထွက်ပေါ် လာခဲ့သည်။

ဧကရီအရှင်မ လစ်ဗ်၏ စွမ်းအားမှာ နတ်ဆိုး အရှင်သခင် အထွတ်အထိပ် အဆင့်တွင်သာ ရှိသော်လည်း သူ့တွင် ခန္ဓာကိုယ်ပေါ်၌ စုစည်းထားသော ငွေလကောင်းကင် မြို့တော် တစ်ခုလုံး၏ စွမ်းအား ရှိနေ၏။ လရောင် တိမ်ပင်လယ် မှတစ်ဆင့် ပစ်လွှတ်လိုက်ရာ မြှားက မနှိုင်းယှဉ်နိုင်သော၊ မရှုံးနိမ့်နိုင်သော၊ မရှောင်လွှဲနိုင်သော စွမ်းအားဖြင့် လျှပ်စီး သဖွယ် ဝတ်ရုံဖြူ ဝတ်ဆင်ထားသော အမျိုးသမီးထံသို့ ပျံသန်းသွားခဲ့သည်။

ဧကရီအရှင်မ လစ်ဗ်ဘေးနားမှ အထူး အစွမ်းထက်ပုဂ္ဂိုလ်သည်ပင်လျှင် မြှား၏ လမ်းကြောင်းကို ရှင်းရှင်းလင်းလင်း မမြင်တွေ့နိုင်ခဲ့ပေ။ ၎င်းတို့သည် အရှိန်မြင့် စုတ်ဖြဲခြင်းအင်အားကြောင့် ဖြစ်လာသော ကြမ်းတမ်းသည့် ဝေဝါးမှုကိုသာ မသဲမကွဲ ခံစားမိနိုင်၏။

ဝတ်ရုံဖြူ ဝတ်ထားသော အမျိုးသမီး ပြောခဲ့သည့် အတိုင်းပင် ထိုမြှားသည် ငွေလကောင်းကင် မြို့တော်၏ စွမ်းအား အကုန်လုံးကို စုစည်းထားပြီး နတ်သူငယ် မျိုးနွယ်စု ယုံကြည်မှုနှင့် မျှော်လင့်ချက်ကို သယ်ဆောင်ထားခဲ့လေသည်။ ၎င်းမှာ အစွမ်းအထက်ဆုံး ထိုးနှက်ချက်ပင်။

လျပ်တပြက်အတွင်း...

အရာအားလုံး ရပ်တန့်သွား၏။

ရွှေရောင်မြှားတစ်စင်းက လက်ချောင်း နှစ်ချောင်းအကြားတွင် အသာအယာလေး အညှပ်ခံလိုက်ရပြီး စွမ်းအား အကုန်လုံးက ငြိမ်းသတ် ခံလိုက်ရသော ဖယောင်းတိုင် တစ်တိုင်ကဲ့သို့ ငြိမ်းသွားခဲ့သည်။

“ပုရွက်ဆိတ်တွေရဲ့ စွမ်းအားပဲ။” အဖြူရောင် ဝတ်ရုံ ဝတ်ဆင်ထားသော အမျိုးသမီးက မထီမဲ့မြင် လှောင်ရယ် လိုက်သည်။ “မင်း မပြောနဲ့။ လရောင် နတ်ဘုရားမ ဆာရာနီယက်တောင် ငါ့ရဲ့ စစ်မှန်တဲ့ စိတ်ဆန္ဒကို မဖျက်ဆီးနိုင်ဘူး။”

ထိုသို့ပြောပြီး သတ္တုကဲ့သို့ ဖြစ်နေသော ရွှေရောင်မြှားက ရုတ်တရက် သစ်သား အဖြစ် ပြောင်းသွားကာ မြှားအမွေးတောင် များသည်လည်း အစိမ်းရောင် အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ မြှားက ချက်ချင်း ကြေမွသွား၏။

ကြေမွသွားသော မြှားက ဝတ်ရုံဖြူ ဝတ်ဆင်ထားသော အမျိုးသမီး မျက်နှာကို ဖြတ်သွားပြီး သွေးအရာ များစွာကို ချန်ထားရစ်ခဲ့သည်။

ဝတ်ရုံဖြူ ဝတ်ထားသော အမျိုးသမီးက ထိုသို့သော မြှားတစ်စင်းက သူ့ကို အမှန်တကယ် ထိခိုက်စေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူ၏ညာမျက်လုံးမှ ရန်လိုမှုမှ တိုးပွားလာခဲ့ပြီး သူ၏လက်ကို လက်သည်း ပုံစံအဖြစ် ဆုပ်ကိုင်လိုက်ပြီး ပြင်းထန်စွာ ဝှေ့ယမ်းလိုက်၏။

ဒုတိယမြှားကို ပစ်ခတ်တော့မည့် ဧကရီ အရှင်မ လစ်ဗ်က ရုတ်တရက် တုန်သွားပြီး လှုပ်ရှားမှုများ ရပ်တန့်၍ သွားခဲ့သည်။ တစ်ချိန်တည်းပင် အစီအရင်မှ သစ်ပင် လူသားများနှင့် နတ်သူငယ်များလည်း ရပ်တန့်သွားခဲ့သည်။

ဝတ်ရုံဖြူ ဝတ်ထားသော အမျိုးသမီး၏ မျက်နှာပေါ်မှ သွေးအရာများက ချက်ချင်း ဆိုသလို ပြန်ကောင်းသွားခဲ့သည်။ သူပ နတ်သူငယ်များကို ထပ်မံမကြည့်တော့ဘဲ အခြားလားရာသို့ လျှောက်သွားခဲ့သည်။

ဧကရီအရှင်မ လစ်ဗ်က သူ၏ နောက်ဆုံး အင်အားဖြင့် အမည်တစ်ခုကို ပြောလိုက်သည်။ “ဘလန့်ချ်...”

ဘလန့်ချ်ဟူသော အမည်က ဝတ်ရုံဖြူ ဝတ်ဆင်ထားသော အမျိုးသမီးအား ခဏ ရပ်တန့်သွားစေခဲ့သော်လည်း သူက ခေါင်းကို မလှည့်ခဲ့ပေ။ ထိုအစား သူ၏ ဘယ်မျက်လုံးက ပို၍ ဗလာ ဖြစ်လာ၏။ “ငါ့နာမည်က... ခီလီယာနာ...”

နောက်ဆုံးစကားလုံး ပြောပြီးနောက် ဧကရီအရှင်မ လစ်ဗ်၊ နတ်သူငယ် အားလုံးနှင့် အခင်းအကျင်းထဲမှ သစ်ပင် လူသားများ ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲ သွားခဲ့သည်။

ငွေလကောင်းကင်မြို့တော်နှင့် ကျောက်စိမ်းသစ်တောပင်လယ်တစ်ခုလုံး ပင်လျှင် ကောင်းကင်သို့ တက်သွားသော ထူထဲသော မီးခိုးများဖြင့် မီးလောင်ကျွမ်း သွားခဲ့သည်။ ကျောက်စိမ်း သစ်တော ပင်လယ်အနီးမှ ရေခဲပင်လယ် နယ်မြေ အထက်တွင် အိပ်မက်ဆိုး တောနက်သို့ အလျင်အမြန် ပျံသန်းနေသော အလင်းစီးကြောင်း ၅ခုကလည်း အဝေးမှ သွေးရောင်တိမ်နှင့် ကောင်းကင်သို့ တက်သွားသော ထူထဲသော မီးခိုးများကို တွေ့လိုက်ရသည်။ သူတို့က ချက်ချင်း လားရာ ပြောင်းလိုက်ပြီး ထိုဘက်ခြမ်းသို့ ပျံသန်းသွားခဲ့သည်။

ခီလီယာနာက ငရဲမှ တမန်တော် တစ်ပါး ဖြစ်သည့်အလား တဖြည်းဖြည်း လျှောက်လှမ်းနေဆဲ ဖြစ်သည်။ သူ၏ ပတ်လည်မှ အရာအားလုံး ပျက်စီး၍ သွားခဲ့သည်။ မူလက နတ်မိမယ်ပုံပြင် လောကကဲ့သို့သော ငွေလကောင်းကင် မြို့တော်မှာ မီးပင်လယ်နှင့် ငရဲမီးအဖြစ်သို့ ပြောင်းလဲသွားခဲ့၏။

ခြေလှမ်းများ ရပ်တန့်သွားခဲ့သည်။

သူ၏ အရှေ့တွင် သုသာန်တစ်ခု ရှိနေသည်။

နတ်သူငယ်တစ်ပိုင်း၏ သုသာန်ပင်။

နတ်သူငယ်တစ်ပိုင်းများက နတ်သူငယ်များ၏ အထင်သေးခြင်းကို ခံခဲ့ရပြီး သူတို့ သေဆုံးပြီးနောက်တွင် နတ်သူငယ် သုသာန်တွင် မြှုပ်နှံခြင်း မခံရသောကြောင့် ထိုသို့ ရိုးရှင်းသော မြေလွတ်တွင်သာ မြှုပ်နှံခြင်းခံရသည်။

၎င်းမှာ ခီလီယာနာ ဦးတည်သွားခဲ့သော နေရာပင််။

သုသာန်ရှေ့တွင် ရပ်နေလျက် သူက လက်များကို တဖြည်းဖြည်း ဖွင့်လိုက်ပြီး အချို့သော အထူးတည်ရှိမှု တစ်ခုကို ခေါ်ဆိုသည့်အလား ရှုပ်ထွေးသော စကားလုံးများကို ရွတ်ဆိုလိုက်၏။

အနက်ရောင် အငွေ့များ သုသာန်မှ ထွက်ပေါ်လာပြီး အဆုံးမဲ့ မကျေနပ်မှုနှင့် မုန်းတီးမှုကို မသဲမကွဲ ထုတ်ဖော်ပြသကာ အတူတကွ စုစည်းသွားခဲ့သည်။

ခီလီယာနာ၏ ညာမျက်လုံးက ပြင်းပြသော သွေးရောင် အလင်းဖြင့် တောက်ပလာခဲ့သည်။ သူ၏ဝတ်ရုံဖြူက ကြက်သွေးရောင်သို့ ပြောင်းလဲသွားခဲ့၏။ အနက်ရောင် မီးခိုး၏ ပုံသဏ္ဌာန်မှာ အလျင်အမြန်ပင် စတင်ပြောင်းလဲလာပြီး တဖြည်းဖြည်းနှင့် လက်နက် တစ်ခုကို ဖွဲ့စည်းလိုက်သည်။

All Chapters