အစွမ်းအထက်ဆုံး အမုန်းတရားအရှင်သခင်
Vol. 80 Ch. 1223
ကောင်းကင်တမန် သုံးပါးက အဖြူရောင် ပုံရိပ် သုံးခုအဖြစ်သို့ ပြောင်းလဲသွားပြီး သူတို့၏ တိုင်းပြည်များ ချက်ချင်းဆိုသလို ပေါင်းစပ်ကာ ရှေးနတ်ဝင်သည်သဖွယ် လျှို့ဝှက် ဆန်းကြယ်သော ပဲ့တင်ထပ်မှု တစ်ခုကို ထုတ်လုပ်လိုက်သည်။ ဧရာမ အင်အားက ကြီးမားသော လှိုင်းလုံးတစ်ခု ဖြစ်ပေါ်စေပြီး ခီလီယာနာထံသို့ အရပ် လေးမျက်နှာမှ ပြေးဝင်သွားခဲ့သည်။
[နတ်ဝင်သည်အခင်းအကျင်း]...
ချန်လွေ့ ထိုတိုက်ကွက်ကို ကိုယ်တိုင် ကိုယ်ကျ ကြုံတွေ့ခဲ့ဖူးသည်။ သူ၏ [ဓူဝံကြယ်အသွင်ပြောင်းခြင်း] သည်ပင် သတိမထားမိခဲ့စဉ်က လုံးဝ ဖိနှိပ်ခြင်း ခံခဲ့ရသည်။
ကြောက်မက်ဖွယ် ဧရာမ လှိုင်းလုံးက ရုတ်တရက် ရပ်တန့်သွားပြီး ၎င်း၏ လားရာ အမှန်တကယ်တွင် ပြောင်းလဲစ ပြုလာခဲ့သည်။ ၎င်းက စတင်၍ လည်ပတ်ပြီး တိုးလာသော စွမ်းအားကို စုပ်ယူလိုက်၏။
ဇစ်မြစ်မှာ ညင်သာစွာ ကခုန်နေသော လက်သည်းများပင်။ ချွန်ထက်လှသော ဓားသဖွယ် လက်သည်းများက ညင်သာစွာ လည်ပတ်နေသည်။ ၎င်းမှာ ဘယ်လက်၏ ပေါ့ပေါ့တန်တန် လှုပ်ရှားမှု တစ်ခုမျှသာ ဖြစ်ပြီး [နတ်ဝင်သည်အခင်းအကျင်း]၏ ကြီးမားသော စွမ်းအားမှာ သူ၏ လက်ဖဝါးထဲတွင် ကစားခံလိုက်ရသည်။ ထိုအရာက မည်မျှလောက် အစွမ်းထက် လိမ့်မည်နည်း။
မိုက်ကယ်၏ မျက်နှာပေါ်တွင် ဒေါသ အရိပ်အယောင် မရှိနေဘဲ ထူးထူးခြားခြား လေးနက်မှုသာ ရှိနေခဲ့သည်။ ကျယ်လောင်သော ဟိန်းသံနှင့်အတူ [နတ်ဝင်သည်အခင်းအကျင်း]၏ ဝဲဂယက် ရုတ်တရက် ပြောင်းလဲသွားသည်။ ၎င်းက အမှန်တကယ်၌ ခီလီယာနာ၏ ကိုယ်ပိုင် စွမ်းအားကို ငှားယူပြီး ဧရာမ ရောင်လျှံ တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ အလင်းရောင်၊ မီးတောက်နှင့် အနီးမှ အရာအားလုံးက ရောင်လျှံကြောင့် စုစည်းခြင်း ခံလိုက်ရသည်။ ထိုးနှက်မှု မထုတ်လွှတ်မီမှာပင် ရောင်လျှံက စကြဝဠာငယ်တစ်ခု ဖြစ်သည့်အလား လောက၏ အရှိန်အဝါ အငွေ့အသက် တစ်ခု ရှိနေပြီဖြစ်သည်။ ကြီးမြတ်ပြီး မလွန်ဆန်နိုင်ပေ။
“လမ်းပျောက်နေတဲ့ အပြစ်သားတို့ [အပြစ်ဆေးကြောအလင်း] လမ်းညွှန်မှုကို လက်ခံလိုက်...”
ထို[အပြစ်ဆေးကြောအလင်း] စွမ်းအားမှာ အလွန်အမင်း အံ့ဩဖွယ်ရာ ကောင်းသည်။ ချန်လွေ့ပင် ၎င်းကြောင့် တုန်လှုပ်သွားခဲ့သည်။ ကောင်းကင်တမန် သုံးပါးသည် ရွှေရောင်နယ်မြေ တိုက်ပွဲတွင် ထိုတိုက်ကွက်ကို မသုံးခဲ့ပေ။ ၎င်းမှာ သနားညှာတာ၍ မဟုတ်ဘဲ ၎င်းသည် စွမ်းအား စုစည်းရန် အတော်အတန် အချိန်တစ်ခုကို လိုအပ်သောကြောင့်ပင်။ ကောင်းကင်တမန် သုံးပါး၏ လက်ရှိ အခြေအနေအရ ဆိုလျှင် သူတို့ကိုယ်တိုင် တန်ဖိုးတစ်ခုခုကို ပေးဆပ်ခဲ့ရသည်။
ရွှေရောင်နယ်မြေ တိုက်ပွဲအတွင်းတွင် သုံးဦးလုံးက [နတ်ဝင်သည်အခင်းအကျင်း] သည် ချန်လွေ့ကို အနိုင်ယူနိုင်လိမ့်မည်ဟု ထင်ထားခဲ့ကြသော်လည်း ပြိုင်ဘက်၏ စွမ်းအားက သူတို့၏ မျှော်လင့်ချက်များကို ကျော်လွန်သွားခဲ့သည်။ ထိုအကြီးမားဆုံး အဆုံးသတ်အကွက်ကို အသုံးမပြုနိုင်ခင် နှစ်ဖက်လုံး ဒဏ်ရာရနှင့်ပြီး ဖြစ်သည်။ နောက်ပိုင်းတွင် ဇိုလာက [ဒြပ်စင်အမျက်] ကို အချိန်ကိုက် ထုတ်သုံးခဲ့ပြီး ချန်လွေ့၏ စကားများက တိုက်ပွဲကို ဖြေရှင်းပေးခဲ့ရာ ထိုအဆုံးသတ်အကွက် အသုံးမပြုခဲ့ရပေ။
ယခု ခီလီယာနာသည် မိုက်ကယ်နှင့် အခြားသူ နှစ်ဦးထံသို့ မကြုံစဖူးသော အကျပ်အတည်း အာရုံကို ယူဆောင် လာပေးခဲ့ရာ သူတို့ မည်သို့ စွမ်းအားကို ထိမ်ချန် ထားနိုင်မည်နည်း။ သူတို့က ထိုအဆုံးသတ် အကွက်ကို ချက်ချင်းပင် အသက်သွင်းရန် တန်ဖိုး ကြီးကြီးမားမား တစ်ခုကို ပေးဆပ်ခဲ့ကြသည်။
ရောင်လျှံတွင် ခီလီယာနာပတ်လည်မှ နေရာလွတ်က သူ၏ကြောက်မက်ဖွယ်ရာ ဖိအားအောက်တွင် အလျင်အမြန် ဖိသိပ်ခြင်း ခံလာခဲ့သည်။ သူ၏ကိုယ်က အမြင်အာရုံတွင် စတင်၍ ပုံပျက်လာ၏။ သူက အချိန်မရွေး ပြိုလဲသွားနိုင်သည်။
ထိုအခိုက်အတန့်တွင် ခီလီယာနာ၏ ပုံပျက်နေသော ပုံရိပ် လှုပ်ရှားသွားခဲ့သည်။ ထိုတစ်ကြိမ်တွင် ၎င်းမှာ ကြာပွတ်ကို ကိုင်ထားသော ညာလက် ဖြစ်သည်။
ရွှေရောင်ရင့် ကြာပွတ်ကို ဝှေ့ယမ်း လိုက်သည်နှင့် ချန်လွေ့က မိုးကြိုးတစ်စင်း အနီးအနားမှ နေရာလွတ်ကို ဖြတ်သန်း သွားသကဲ့သို့ ခံစားမိလိုက်ရသည်။ [အပြစ်ဆေးကြောအလင်း]၏ အငွေ့အသက်သည် ၎င်းအတွင်းမှ စကြဝဠာလေးနှင့်အတူ ဧရာမစွမ်းအား တစ်ခုကြောင့် အတင်းအကျပ် စုတ်ပြဲ၍ သွားခဲ့သည်။
ကြာပွတ်တစ်ချက်က [အပြစ်ဆေးကြောအလင်း]နဲ့ [နတ်ဝင်သည်အခင်းအကျင်း]ကို ချေမှုန်း ပစ်လိုက်၏။
ကောင်းကင်တမန်တော် သုံးပါး၏ အစွမ်းအထက်ဆုံး အဆုံးသတ်အကွက်က ခီလီယာနာ၏ ကြာပွတ် တစ်ချက်ကို မခုခံနိုင်ခဲ့ပေ။
ပုံပျက်ခြင်းမှ ပြန်ကောင်းမွန်လာသော ခီလီယာနာနှင့် မျက်နှာမှ ခနဲ့နေသော အပြုံးကို ကြည့်ရင်း ချန်လွေ့ တုန်လှုပ် သွားခဲ့သည်။ ဒါ SSSS+++ စွမ်းအားလား။
မိုက်ကယ်နှင့် အခြားသူများ အပေါ်မှ အဖြူရောင်အလင်း များစွာ မှေးမှိန်သွားပြီး ဒွါရ ၇ပေါက်မှ သွေးများ ထွက်လာခဲ့သည်။ ဒဏ်ရာမှာ အသေအချာပင် ပြင်းထန်သော်လည်း [နတ်ဝင်သည်အခင်းအကျင်း]မှာ လုံးဝ မပြိုလဲခဲ့ပေ။ မိုက်ကယ်က ခနဲ့နေသော ခီလီယာနာကို ကြည့်ပြီး အံကြိတ်ကာ စိတ်ကို ပြင်လိုက်သည်။ “ငါ အစွမ်းကုန် ထုတ်သုံးတော့မယ်...”
ကောင်းကင်တမန်တော် သုံးပါးသည် နှစ်ပေါင်းများစွာ အတူတကွ အလုပ်လုပ် ခဲ့ကြသောကြောင့် သူတို့က တိုက်ပွဲတွင် အပြန်အလှန် နားလည်မှုတစ်ခု ရှိသည်။ မိုက်ကယ်၏ ဆုံးဖြတ်ချက်ကို အာရုံခံမိပြီး နောက်တွင် အခင်းအကျင်းက ချက်ချင်း ပြောင်းလဲသွားခဲ့သည်။ ခီလီယာနာကို ဝန်းရံမည့်အစား သူတို့က သုံးယောက် ပေါင်းစပ်မှုဖြင့် ခီလီယာနာ အရှေ့တွင် ပေါ်လာခဲ့ကြသည်။
ချန်လွေ့က အမြင်အာရုံ ပြောင်းလဲမှု တစ်ခုကိုသာ ခံစားမိလိုက်ရသည်။ သူတို့ သုံးဦး၏ ပုံစံက နှင်းကဲ့သို့ ဖြူဖွေးသော ပန်းတစ်ပွင့်လို ပြောင်းလဲသွားပုံ ရသည်။ ၎င်းမှာ အသန့်စင်ဆုံးနှင့် ဇစ်မြစ်ဖြစ်ဆုံး အငွေ့အသက်ကို ထုတ်လွှတ်ပြီး ၎င်းမှာ အဆုံးမရှိ လျှို့ဝှက်ဆန်းကြယ်ပြီး ကြီးမား ကျယ်ပြန့်နေခဲ့သည်။
ဒီအငွေ့အသက်က တကယ်တော့ အရင်က [အပြစ်ဆေးကြောအလင်း] ထက် ပိုကြီးမြတ်တယ်...
“ဖန်တီးခြင်း ဇစ်မြစ်လား။ မဟုတ်ဘူး။ ဒါက ဖန်တီးခြင်းစာအုပ်ပဲ။” ခီလီယာနာ၏ မျက်လုံးများ လှုပ်ရှားသွားခဲ့သည်။ သူက အနည်းငယ် တုန်လှုပ်သွား၏။
ချန်လွေ့၏ အကြည့်မှာ လေးနက် သွားသည်။ ယခင်တစ်ခေါက် လောက နှစ်ခု၏ တံခါး နေရာလွတ်တွင် သူ၏ အရှိန်အဟုန်က ကောင်းကင်တမန်တော် သုံးပါး အပါအဝင် နတ်ဘုရား-ယောင် အထွတ်အထိပ် အားလုံးကို လွှမ်းမိုးခဲ့၍ သူသည် မိုက်ကယ်နှင့် အခြားသူများ အပေါ်တွင် အထင်သေးခြင်း အနည်းငယ် ရှိခဲ့သည်။ ယခု ထိုသို့ အထင်သေးခြင်း ပျောက်ကွယ်သွားပြီ ဖြစ်၏။ တကယ်လို့ ငါသာဆို [အပြစ်ဆေးကြောအလင်း] ကို မျက်နှာချင်းဆိုင် ခံနိုင်မှာ မဟုတ်ဘူး။ ဖန်တီးခြင်းစာအုပ် ထုတ်လွှတ်လိုက်တဲ့ တိုက်ကွက်ကို ထားလိုက်တော့။
အလင်းနတ်ဘုရားကျောင်းမှာ ထားထားတဲ့ ဖန်တီးခြင်းစာအုပ်ကို ကောင်းကင်တမန်သုံးပါးက ဒီတစ်ခေါက် တကယ်ပဲ ထုတ်ယူလာခဲ့တယ်။ ပြီးတော့ ဒါက ဒီလိုမျိုး စွမ်းအားကို ထုတ်ဖော် နိုင်သေးတယ်။ တကယ်လို့ ရွှေရောင် နယ်မြေမှာ ငါတို့ အချိန်မီ နှစ်ဖက်အကြား မကျေနပ်မှုတွေကို မဖြေရှင်းခဲ့ဘူးဆိုရင် ဒီလို အထူးကြီးမားတဲ့ တိုက်ကွက်ကို ရင်ဆိုင်ရမယ့်သူက ငါပဲ ဖြစ်လိမ့်မယ်။ ချန်လွေ့ တိတ်တဆိတ် သတိထား လိုက်သည်။ ဘယ်သူ့ကိုမှ လုံးဝ လျှော့မတွက်နဲ့။ အထူးသဖြင့် နတ်ဘုရားတွေရဲ့ ဆည်းဆာချိန်ကို ကြုံခဲ့ဖူးတဲ့ အစွမ်းထက် ပုဂ္ဂိုလ်တွေ ဖြစ်တဲ့ ကောင်းကင်တမန် သုံးပါးကိုပေါ့...
ပန်းက တစ်လွှာပြီးတစ်လွှာ ပွင့်လာပြီး ၎င်းတွင် အထူးစွမ်းအားတစ်ခု ရှိပုံမရပေ။ သို့သော် ဖျော့တော့သော တောက်ပမှု အောက်တွင် ခီလီယာနာ၏ ခန္ဓာကိုယ်မှ မီးခိုး အငွေ့အသက်တစ်ခု ရှိနေပြီး ၎င်းမှာ လောင်ကျွမ်းမှု တစ်မျိုးမျိုး အောက်တွင် အလျင်အမြန် ပြိုကွဲသွားနေသည့်အလား ထင်ရ၏။ သူ၏ အရှိန်အဟုန် ရုတ်တရက် အားနည်းသွားခဲ့သည်။
ချန်လွေ့၏ မျက်လုံးများ လက်ခနဲ ဖြစ်သွား၏။ ဖန်တီးခြင်းနဲ့ ပျက်စီးခြင်းက နဂိုက အပြန်အလှန် ဖြစ်တည်ခြင်းနဲ့ အပြန်အလှန် ချုပ်တည်းခြင်းရဲ့ အစွန်း နှစ်ဖက်ပဲ။ ဖန်တီးခြင်း ဇစ်မြစ်က အသူရာ ချောက်နက်ရဲ့ ပျက်စီးခြင်း စွမ်းအားရဲ့ အကြီးမားဆုံး အဓိကရန်သူ။ အထူးသဖြင့် ဖန်တီးခြင်း စာအုပ်လို ရှေးဟောင်း ရတနာတစ်ခုပဲ...
မိုက်ကယ် အရင် စိန်ခေါ်ခဲ့တုန်းက ယုံကြည်မှု ရှိနေပုံရတာ ဒါကြောင့်ကိုး။ သူ့မှာ ခီလီယာနာကို အနိုင်ယူဖို့ ဒီလို အားကောင်းတဲ့ တိုက်ကွက် တစ်ခု ရှိနေတာပဲ...
တစ်လှမ်းချင်းစီ ဖိနှိပ်ခြင်း ခံနေရသော ခီလီယာနာက ရုတ်တရက် လှောင်ပြုံး ပြုံးလိုက်ပြီး သူ၏ ညာမျက်လုံးမှ သွေးအရောင် ရုတ်တရက် မှေးမှိန်ကာ ဘယ်မျက်လုံး၏ အပြာရောင်က နက်ရှိုင်းသော အလင်းဖြင့် ထွန်းလင်း လာခဲ့သည်။ သူ၏ စိတ်နေသဘောထား တစ်ခုလုံး ရုတ်တရက် လုံးဝ ပြောင်းလဲ သွားခဲ့သည်။ ဖန်တီးခြင်း၏ စွမ်းအားက ခီလီယာနာအား ယခင်ကဲ့သို့ ထိရောက်စွာ မချုပ်တည်းနိုင်တော့ပေ။
ဒါ... ဖန်တီးခြင်း ဇစ်မြစ်စွမ်းအားပဲ...
ချန်လွေ့ မယုံကြည်နိုင်ပေ။ အရာ အားလုံးကို ဖျက်ဆီးမယ့် ခီလီယာနာက ဖန်တီးခြင်းရဲ့ ဇစ်မြစ်စွမ်းအားကို တကယ် ပိုင်ဆိုင်ထားတာပဲ...
ကောင်းကင်တမန် သုံးပါးကလည်း တုန်လှုပ်သွားကြသည်။ ထိုအချိန် ပန်းက စိမ်းလန်းပြီး ကြည်လင်လာသော်လည်း ခီလီယာနာအပေါ် ပျက်စီးမှုမှာ ပို၍ပို၍ သေးငယ်လာခဲ့သည်။
ခီလီယာနာက မိုက်ကယ်နှင့် အခြား နှစ်ဦးကို မထီမဲ့မြင်ပြုမှုဖြင့် ကြည့်ရင်း လှောင်ရယ်လိုက်သည်။ “အရာအားလုံးရဲ့ အစွန်းနှစ်ဖက်က အတူ မွေးဖွားလာပြီး စကြဝဠာရဲ့ လျှို့ဝှက် ဆန်းကြယ်တဲ့ ပြောင်းလဲမှုက အတွေးတစ်ခု အတွင်းမှာပဲ ရှိနေတယ်။ မင်းတို့ ပုရွက်ဆိတ်တွေ ဒါကို ဘယ်လိုလုပ် နားလည်နိုင်မှာလဲ။ မင်းတို့ နတ်ဘုရား ယောင်ဆောင်ပြီး ယုံကြည်မှု ခိုးယူဖို့ ဖန်တီးခြင်းစာအုပ်ရဲ့ စွမ်းအားကို ဒီလောက် နှစ်ပေါင်းများစွာ သုံးခဲ့ကြပေမဲ့ မင်းတို့ရဲ့ စွမ်းအားတွေက အခုထိ အရမ်း အရေးမပါသေးဘူး။ စိတ်ပျက်စရာ ကောင်းလိုက်တာ။ လက်အောက်ငယ်သား တစ်ယောက်က နောက်ဆုံးတော့ လက်အောက်ငယ်သား တစ်ယောက်ပါပဲ။ သခင်ကို ဆုံးရှုံးသွားတဲ့ ခွေးတစ်ကောင်က ဘယ်လောက်ပဲ တောက်ပနေပါစေ လမ်းပျောက်နေတဲ့ ခွေးတစ်ကောင်ပါပဲ...”
ထိုသို့ ပြောနေစဉ် သူက ဖန်တီးခြင်း စွမ်းအားကြောင့် သက်ရောက်မှု ရှိသည့် အလား အစိမ်းရောင် အမှတ်အသားများ ခီလီယာနာ၏ မျက်နှာပေါ် ရုတ်တရက် ပေါ်လာခဲ့သည်။ ခွတ်ခနဲ အသံ တစ်သံက ညာဘက် မျက်ဆံမှ ထွက်ပေါ်လာခဲ့သည်။ သူ ဟိန်းသံကို ထုတ်လွှတ်လိုက်သည်နှင့် သိဒ္ဓိပန်းတွင် ရေတွက်၍ မရနိုင်သော အက်ကြောင်းများ ဖြစ်လာခဲ့သည်။ အက်ကြောင်းများက ရွှေရောင်ရင့်ရင့် အလင်းဖြင့် လင်းနေခဲ့သည်။
ပန်းသည် စက္ကန့် အနည်းငယ်မျှသာ ကြာမြင့်ခဲ့ပြီးနောက် ကြေမွသွားခဲ့သည်။ ပုံရိပ် သုံးခု မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး [ယုံကြည်မှုချပ်ကာ] ကြေမွသွားခဲ့သည်။
နောက်ထပ် ကြာပွတ် တစ်ချက်ဖြင့် [နတ်ဝင်သည်အခင်းအကျင်း]မှာ လုံးဝကို ပြိုလဲသွားပြီး ကောင်းကင်တမန် သုံးပါး အပြင်းအထန် ဒဏ်ရာရသွားခဲ့သည်။
မိုက်ကယ်နှင့် အခြားသူများ ရှုံးနိမ့် သွားသည့် အခိုက်တွင် အရာအားလုံး နှေးကွေးသွားခဲ့သည်။
“[သစ်တောလိုနှေးကွေး]”
ချန်လွေ့က လှုပ်ရှားမှုတစ်ခု ပြုလုပ် လိုက်သည်။
[နတ်ဝင်သည်အခင်းအကျင်း] မဖွဲ့စည်းခင် မိုက်ကယ်၏ ချန်လွေ့အား စိုက်ကြည့်မှုမှာ အမှန်တွင် လျှို့ဝှက် အချက်ပြမှုတစ်ခု ဖြစ်သည်။ မိုက်ကယ်က ခီလီယာနာ ကဲ့သို့သော ရန်သူတစ်ဦးကို ရင်ဆိုင်ရင်း အတွင်းရေး တိုက်ပွဲတစ်ခုကို စတင်မည့် ထူပူသော အရူးတစ်ယောက် မဟုတ်ပေ။ သူတို့ ငါးယောက်လုံး မရောက်ခင်က အသူရာချောက်နက် အရှင်သခင် သုံးပါးကို ဆန့်ကျင်သည့် နည်းဗျူဟာများကို ဆွေးနွေးခဲ့ကြသည်။ ကောင်းကင်တမန်သုံးပါးက ခီလီယာနာ၏ ပစ်ခတ်အားနှင့် အာရုံစိုက်မှုကို လွှဲပြောင်း ပေးပြီး အစွမ်းအထက်ဆုံး တစ်ဦးချင်း တိုက်ခိုက်မှု စွမ်းအားရှိသည့် ချန်လွေ့က သေစေနိုင်သော ထိုးနှက်မှုကို ပြုလုပ် ပေလိမ့်မည်။
မိုက်ကယ်၏ အကြည့်မှာ အမှန်တွင် အာမခံ တစ်ခုမျှသာ ဖြစ်သည်။ သူ၏ အမြင်တွင် ဖန်တီးခြင်းစာအုပ် လက်ထဲ ရှိနေသ၍ သူသည် ခီလီယာနာကို အနိုင်ယူနိုင်သင့်သည်။ လိုရမည်ရက ပေါ်လာဦးမည်ကို မည်သူသိနိုင်မည်နည်း။ ခီလီယာနာက အမှန်တကယ် ဖန်တီးခြင်း စွမ်းအားကို ပြောင်းလဲခဲ့ပြီး သူတို့ သုံးဦးကို အနိုင်ယူခဲ့သည်။
ခီလီယာနာက ထိုးနှက်မှု တစ်ခုတွင် အောင်မြင်ခဲ့သော်လည်း ထိခိုက်မှု တစ်မျိုးမျိုးကြောင့် ဒဏ်ရာဟောင်း ပြန်ထလာသည်မှာ အသေအချာပင်။ ယခု ကုန်ဆုံးသွားသော အင်အား ပြန်လည်၍ မပြည့်မီမှာပင် ချန်လွေ့က တိုက်ခိုက်ရန် ပြတ်ပြတ်သားသား ရွေးချယ်ခဲ့သည်။
ချန်လွေ့ အချိန်အရှိန်အဝါကို အသက် သွင်းလိုက်၏။ ခုနက ကောင်းကင်တမန် သုံးပါးသည် ခီလီယာနာ၏ ကြီးမားသော ကြောက်စရာ တိုက်ခိုက်ရေး စွမ်းအားကို စမ်းသပ်ပြီးဖြစ်သည်။ ထိုကဲ့သို့ အားကောင်းသော ရန်သူ တစ်ယောက်ကို ရင်ဆိုင်ရာတွင် အစွမ်းအထက်ဆုံးအရာကို အသက်သွင်းရမည် ဖြစ်သည်။
[ကြယ်စုံနတ်ဘုရားမြင်ကွင်း] ပေါင်းစပ်မှုက အချိန်ပမာဏ တစ်ခုကို လိုအပ်သည်။ ခီလီယာနာ အတွက် ထိုအချိန်က စွမ်းအားကို ပြန်လည် ထုတ်လုပ်ရန်နှင့် ဒဏ်ရာများကို ဖိနှိပ်ရန် လုံလောက်သောကြောင့် [သစ်တောလို နှေးကွေး]၏ ရည်ရွယ်ချက်မှာ အခွင့်အရေးကို အရင်ရယူရန်ပင်။
အချိန် ပုံမှန်အတိုင်း ပြန်မဖြစ်ခင် ခေတ္တ ခဏ နှေးကွေးသွားခဲ့သည်။ ၎င်းမှာ ခီလီယာနာ၏ ကြောက်မက်ဖွယ်ရာ ဖိနှိပ်မှုအောက်တွင် မကြာရှည်နိုင်သည်မှာ ထင်ရှားပေသည်။
[သစ်တောလိုနှေးကွေး]၏ အကျိုး သက်ရောက်မှုမှာ ထင်ထားသည်ထက် များစွာ ပို၍ တိုတောင်းသည်။ ချန်လွေ့ ထိတ်လန့်သွားခဲ့သည်။ အကြောင်းရင်းမှာ [ကြယ်စုံနတ်ဘုရားမြင်ကွင်း] အပြည့်အဝ မပေါင်းစပ်ရသေးသော်လည်း ၎င်းကို ယခု ထုတ်လွှတ်ရမည် ဖြစ်သောကြောင့်ပင်။
ခီလီယာနာ ချန်လွေ့ကို ချက်ချင်း မတိုက်ခိုက်ခဲ့ပေ။ အကြောင်းမှာ သူ၏ ပတ်ပတ်လည်တွင် အရောင် ၆ရောင် အလင်းများ ရှိနေခြင်းကြောင့်ပင်။
အရောင် ၆ရောင် အလင်းသည် မျက်စိ တစ်မှိတ်အတွင်းတွင် နေရာတစ်ခုတည်း ပေါင်းစပ်သွားပြီး သက်တန့်က သုံးမြှောင့် ဖန်တုံးတစ်ခုသို့ ပြန်လည် ရောက်ရှိသွား သကဲ့သို့ ဖြစ်နေကာ နောက်တစ်ကြိမ် အရောင်မဲ့ ဖြစ်သွား၏။ ထိုပေါင်းစပ်မှု စွမ်းအားက အဆတိုးပွား ပျက်စီးမှုကို ပေါက်ကွဲထွက်စေခဲ့သည်။
[ဒြပ်စင်အမျက်]...
ဇိုလာ၏ တိုက်ခိုက်မှုမှာ အချိန်ကိုက် ဖြစ်ခဲ့သည်။
ခီလီယာနာ၏ ရွှေရောင်ရင့် ကြာပွတ်ရှည် လှုပ်ခါသွားပြီး ဆံပင်က ခန္ဓာကိုယ်ကို ကာကွယ်ရန် စက်ဝိုင်းတစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ မျက်စိ တစ်မှိတ် အတွင်းတွင် ခန္ဓာကိုယ်သည် [ဒြပ်စင်အမျက်]ကြောင့် ဝါးမျိုခြင်း ခံလိုက်ရပြီး ဖြစ်သည်။ ကြောက်မက်ဖွယ် ပေါက်ကွဲမှုသည် ကျောက်စိမ်းသစ်တော ပင်လယ် တစ်ခုလုံးကို ပြင်းထန်စွာ တုန်ခါသွားစေခဲ့သည်။ အနီးအနားမှ အရာ အားလုံး ဗလာနတ္ထိ ဖြစ်သွားခဲ့သည်။
ကောင်းကင်တမန် သုံးပါးနှင့် ချန်လွေ့ တို့သည် ထိခိုက်မှု များစွာ မဖြစ်ခဲ့ပေ။ ထိုသို့သော စွမ်းအားနှင့် ထိန်းချုပ်မှုကို ကောင်းကင်တမန် သုံးပါးသည်ပင်လျှင် မတုန်လှုပ်ဘဲ မနေနိုင်ခဲ့ပေ။ ရာဖယ်ရယ် သည်ပင် စွမ်းအား တစ်ခုတည်းအရ ထိုထိုးနှက်မှု စွမ်းအားမှာ သူ၏ကိုယ်ပိုင် [သိဒ္ဓိစိတ်ဝိညာဉ်ဓမ္မတေး] အပေါ်တွင်ပင် ရှိနေမည်ဟု ဝန်ခံရမည် ဖြစ်သည်။
သို့သော် လူတိုင်းက ပေါက်ကွဲမှု၏ အလယ်မှ ခီလီယာနာ မလှုပ်မယှက် ဖြစ်နေသည်ကို အာရုံခံနိုင်နေသေးသည်။ ကြာပွတ် အရိပ်ဖြင့် ဝန်းရံထားသော ဧရိယာမှ မြေပြင်တွင် အက်ကွဲကြောင်း တစ်ခုမျှပင် မရှိခဲ့ပ။
သို့သော်လည်း ထိုအခွင့်အရေးကို အခွင့်ကောင်းယူလျက် ချန်လွေ့သည် [ကြယ်စုံနတ်ဘုရားမြင်ကွင်း] ပေါင်းစပ်မှုကို အခြေခံအားဖြင့် ပြီးသွားပြီ ဖြစ်သည်။ သူ ခရမ်းရောင် ကြယ်တစ်စင်း အဖြစ်သို့ ပြောင်းလဲသွားပြီး ခီလီယာနာ ထံသို့ တန်းတန်း ပြေးဝင်သွားခဲ့သည်။
ခီလီယာနာက ဖန်တီးခြင်း စာအုပ်၏ စွမ်းအားနှင့် [ဒြပ်စင်အမျက်] ကို တစ်ခုပြီး တစ်ခု ခံယူခဲ့ရပြီး ပိုအရေးကြီးသည်မှာ အစောပိုင်းက လရောင်တိမ်ပင်လယ် လေးကြောင့် ဖြစ်ခဲ့သော ဒဏ်ရာဟောင်း ပွင့်ထွက်လာခဲ့သည်။ ကြာပွတ်ရှည်၏ စွမ်းအား ကုန်ဆုံးသွားသည်နှင့် သူက ခရမ်းရောင်ကြယ်ကို မရပ်တန့်နိုင်တော့။
၎င်းမှာ မရှောင်လွှဲနိုင် ဖြစ်သောအခါ ခီလီယာနာက သူ၏ လက်မောင်းများကို ကြက်ခြေခတ်လိုက်ပြီး ခုခံကာကွယ်သည့် အနေအထားကို ယူလိုက်၏။
နောက်စက္ကန့်တွင် လောကတစ်ခုလုံး ခဏတာ တုန်ခါသွားပြီး တိတ်ဆိတ် သွားခဲ့သည်။ [ဒြပ်စင်အမျက်] ၏ ကျန်ရှိ နေသော အရှိန်အဟုန်က ထိုကြီးမားသော တိတ်ဆိတ်မှုကြောင့် လုံးဝကို ဖိနှိပ်ခြင်း ခံလိုက်ရသည်။
လူ လေးယောက်၏ မျက်လုံးများသည် အလယ်မှ လူ နှစ်ဦး အပေါ်တွင် စူးစိုက် နေကြသည်။
ခရမ်းရောင်ကြယ်အလင်း အလွှာတစ်ခု ခီလီယာနာ၏ ကိုယ်ပေါ်တွင် ဖွဲ့စည်း သွားခဲ့သည်။ သူက ကြယ်များဖြင့် စုစည်းထားသော သလင်းကျောက် တစ်မျိုးမျိုးတွင် ချုပ်နှောင် ခံထားရပုံ ရသည်။ အကြိမ်များစွာ ကြိုးစားပြီး နောက်တွင် သူက ကြယ်အလင်းရောင် စွမ်းအားကို မဖောက်ထွက် နိုင်ခဲ့ပေ။ ထိုအစား ကြယ်စွမ်းအား ချုပ်တည်းမှုမှာ ပို၍ပို၍ တင်းကျပ်လာခဲ့၏။
၎င်းမှာ [ကြယ်စုံနတ်ဘုရားမြင်ကွင်း]၏ ရိုးရှင်းသော ပေါင်းစပ်စွမ်းအား မဟုတ်ဘဲ ထိုကာလအတွင်း ချန်လွေ့ အဆက်မပြတ် လေ့ကျင့်မှု ရလဒ်ပင်။ ကြယ်အပ်နှင်း စင်မြင့် ချိပ်ပိတ်ခြင်း၏ နက်ရှိုင်းသော အဓိပ္ပာယ်ပေတည်း...
မူလက ၎င်းကို တစ်ချိန်က ဖိုက်သွန်ကို အကျဉ်းချခဲ့ဖူးသော စူပါစနစ်အတွင်း၌သာ အသက်သွင်း နိုင်ခဲ့သော်လည်း ယခုအခါ [ကြယ်စုံနတ်ဘုရားမြင်ကွင်း] စွမ်းအားကို ပေါင်းစပ်ပြီးနောက် ၎င်းကို တိုက်ရိုက် အသက်သွင်းလာနိုင်ခဲ့သည်။ ထိုအရာမှာ ချန်လွေ့၏ အစွမ်းအထက်ဆုံး တိုက်ကွက် ဖြစ်၏။
သူ ခီလီယာနာကို အောင်မြင်စွာ ချိပ်ပိတ်နိုင်ခဲ့လေပြီ။
ရုန်းကန်မှု ပို၍ အားနည်းလာသည်ကို မြင်ရာ ခီလီယာနာ၏ ညာမျက်လုံးက ရုတ်တရက် ပြင်းထန်သော သွေးအလင်း ပစ်လွှတ်လိုက်ပြီး ခရမ်းရောင် သလင်းကျောက် သွေးအလင်းကြောင့် ကြက်သွေးရောင်အဖြစ်သို့ ရောင်ပြန်ဟပ် သွားခဲ့သည်။ ခီလီယာနာ၏ အရေပြား သွေးနီရောင် အဖြစ်သို့ ပြောင်းလာပြီး ရွှေရောင်ပုံစံကွက်များ၏ အစအနများကို ပြသနေသည်။ သူ၏ ခန္ဓာကိုယ်ပုံစံလည်း အနည်းငယ်ပြောင်းသွားပြီး ပုခုံးနှစ်ဖက် အပေါ်တွင် ချွန်ထက်သော အရိုးဆူးများ ပေါ်လာကာ အနောက်တွင် အမြီးတစ်ခု ပေါ်လာခဲ့၏။
ခရမ်းရောင် သလင်းကျောက်က ထိုသို့ ဖိအားကို မခံနိုင်တော့ဘဲ အက်ကွဲကြောင်း တစ်ခု ပေါ်လာကာ မျက်နှာပြင်ပေါ်တွင် ပျံ့နှံ့သွားပြီးနောက်တွင် ဝုန်းခနဲ လုံးဝကို ကြေမွသွားခဲ့သည်။
မျက်နှာချင်းဆိုင်မှ ချန်လွေ့က လွင့်စင် ထွက်သွားခဲ့၏။ သူ၏ ကိုယ်ပေါ်မှ ကြယ်ချပ်ကာ အက်သွားပြီး သွေးများက ပါးစပ်မှ လျှံကျလာခဲ့သည်။ အသွင်ပြောင်း ပြီးနောက် ခီလီယာနာက ကြာပွတ်ပေါ်မှ ပြန့်ကြဲနေသော ကြယ်မှုန်များကို ခါထုတ် လိုက်ကာ ခနဲ့သလို အပြုံးတစ်ခုကို ပြသခဲ့သည်။
ကောင်းကင်တမန် သုံးပါးနှင့် ဇိုလာတို့က ထိုစွမ်းအားကြောင့် အလွန်ပင် ထိတ်လန့် သွားခဲ့ကြပြီး လုံးဝနီးပါး မလှုပ်ရှား နိုင်ကြတော့ပေ။ သူတို့၏ မျက်လုံးများက ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေ၏။ သူက အစွမ်းထက်လွန်းတယ်...