← Chapters

အငြင်းအခုံနှင့် မဟာမိတ်

Vol. 80 Ch. 1225

အငြင်းအခုံနှင့် မဟာမိတ်

Vol. 80 Ch. 1225

သွေးရောင် အလင်းတန်း ပျောက်ကွယ် သွားသည်ကို ကြည့်ရင်း လူတိုင်းက သက်ပြင်းချလိုက်ကြသည်။ ခီလီယာနာ၏ ဒဏ်ရာ အခြေအနေ အတိအကျကို သူတို့ မသိခဲ့ကြသော်လည်း မည်သို့ပင် ဖြစ်စေ လူတိုင်း ကပ်ဘေးမှ လွတ်မြောက်ခဲ့ကြ၏။

ချန်လွေ့၏ ကိုယ်ပေါ်မှ ကြယ်အလင်း တဖြည်းဖြည်း မှေးမှိန်သွားခဲ့သည်။ ၎င်းက ငြိမ်းသွားသည့် အခိုက်အတန့်တွင် ကြယ်ချပ်ကာ ကြေမွသွားပြီး သူ၏ခန္ဓာ တလျှောက်လုံးတွင် ကြောက်မက်ဖွယ် ဒဏ်ရာများ ပေါ်လွင်လာသည်။ သူ၏ ဒဏ်ရာများက အပေါ်ယံ မြင်ရသည်ထက် များစွာ ပိုပြင်းထန်နေခဲ့သည်။ သူ၏ ညာလက်မောင်းမှ အရိုးများမှာ အခြေခံအားဖြင့် ကျိုးသွားပြီး သူ၏ ဘယ်ခြေထောက်မှ ခြေကျင်းဝတ်လည်း ကျိုးသွားခဲ့သည်။ သူက မနည်းမနော ရပ်နေရသည်။ သူ့ဝိညာဉ်က ယခင်ထက် မကြုံစဖူး အားနည်းနေခဲ့သည်။ သူ၏ ဘယ်လက်မောင်းမှ နတ်မိမယ်နဂါးကမူ သတိလစ်နေပြီ ဖြစ်သည်။

ချန်လွေ့က ဇိုလာသည် [ကြယ်စုံနတ်ဘုရားမြင်ကွင်း]နှင့် အဘယ်ကြောင့် ပေါင်းစပ်နိုင်ခဲ့ကြောင်းကို နားမလည်ခဲ့ပေ။ အကယ်၍ နတ်မိမယ် နဂါးသာ ခုနက သူ၏အသက်ကို စွန့်စား၍ ထိုသို့ မလုပ်ခဲ့ပါက သူသည် ခီလီယာနာ မလွတ်မြောက်ခင် ပျက်စီးသွားလိမ့်မည် ဖြစ်ကြောင်း သူ ‌သိနေခဲ့သည်။

ကောင်းကင်တမန်တော် သုံးပါး၏ ဒဏ်ရာများသည်လည်း ပြင်းထန်လှသည်။ အထူးသဖြင့် ဂေဘရီရယ်ပင်။ [နတ်ဝင်သည်အခင်းအကျင်း] ပြိုလဲပြီး နောက်တွင် သူက ခီလီယာနာထံမှ နောက်ထပ် ပြင်းထန်သော ထိုးနှက်မှု တစ်ခုကို ခံစားခဲ့ရာ ခဏတာ အတွင်း ပြန်ကောင်းမွန်လာရန် ခက်ခဲပေလိမ့်မည်။

သိဒ္ဓိအမွေအနှစ် သုံးခုထဲမှ တစ်ခု ဖြစ်သော ဆူးသရဖူက ချန်လွေ့၏ ခေါင်းပေါ် ပေါ်လာပြီး [ကောင်းကင်ကုသ] ကို အသက်သွင်းလိုက်သည်။ ယခုတွင် ကောင်းကင်တမန် သုံးပါးစလုံးက ဘေးချင်းယှဉ် တိုက်ခိုက်ခဲ့သော မဟာမိတ်များ ဖြစ်ကြသောကြောင့် သုံးဦးလုံး ဖယ်ထုတ်ခြင်း မခံခဲ့ရပေ။ မိုက်ကယ်နှင့် ရာဖယ်ရယ် နှစ်ဦးလုံးတွင် အလင်းဒြပ်စင် ခန္ဓာကိုယ်များ ရှိကြသည်။ ဂေဘရီရယ်တွင် အလင်း ပါရမီ မရှိသော်လည်း နှစ်ပေါင်းများစွာကြာ အလင်းရောင် နတ်ဘုရား၏ နတ်ဝင်သည် တစ်ဦးအနေဖြင့် သူက အလင်းဒြပ်စင်၏ စွမ်းအားကို အလွန်ပင် ကောင်းမွန်စွာ စုပ်ယူနိုင်ခဲ့သည်။ [ကောင်းကင်ကုသ] ၏ အံ့သြဖွယ်ရာ သက်ရောက်မှုအောက်တွင် ကောင်းကင်တမန်တော် သုံးပါး၏ ပြင်းထန်သော ဒဏ်ရာများမှာ မကြာမီ တည်ငြိမ်သွားခဲ့သည်။

သို့သော် ဇိုလာ နိုးမလာသေးပေ။ ကံကောင်းစွာပင် အသက် အငွေ့အသက် ရှုထောင့်မှ ကြည့်လျှင် ပြင်းထန်သော ပြဿနာများ မရှိလောက်ပေ။

ချန်လွေ့၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်က ထိုတစ်ကြိမ် ပြင်းထန်စွာ ဒဏ်ရာရခဲ့၏။ [ကောင်းကင်ကုသ]က အပေါ်ယံကိုသာ ကုသပေးခဲ့ပြီး ၎င်းမှာ လုံလောက်ခြင်း မရှိသေးသောကြောင့် သူ ပြန်လည်၍ ကောင်းမွန်လာရန် အချိန် အကြာကြီး အနားယူရပေလိမ့်မည်။

“မိတ်ဆွေတို့...” ချန်လွေ့ စကားကို စလိုက်ပြီး ဆူးသရဖူကို ပြန်ယူလိုက်သည်။ “ဒီနေ့ရဲ့ တိုက်ပွဲက ကံကောင်းတယ်လို့ပဲ ပြောလို့ရမယ်။ ကျုပ်တို့က ခီလီယာနာရဲ့ စွမ်းအားကို ခန့်မှန်းတဲ့ နေရာမှာ အတော်လေးကို အားနည်းသွားခဲ့တယ်။ တကယ်လို့ တကယ်လို့ သူက ဒဏ်ရာ တစ်မျိုးမျိုး မရထားဘဲနဲ့ ဒဏ်ရာ ပွင့်ထွက်လို့ မထွက်ပြေးသွားခဲ့ဘူးဆိုရင် ဒီနေ့ ကျုပ်တို့ အသက်ချမ်းသာရာ ရမှာ မဟုတ်လောက်ဘူး။”

“ခီလီယာနာရဲ့ စွမ်းအားက တကယ်ပဲ စိတ်ကူးထားတာထက် ကျော်နေတယ်။ ပြီးတော့ ငါတို့က သူရဲ့ ဒဏ်ရာအပေါ်မှာ မျှော်လင့်ချက်ကို တင်ထားလို့ မရဘူး။” မိုက်ကယ်က ဦးစွာ ပြောလိုက်သည်။ သူက ချန်လွေ့အပေါ်တွင် အတော်လေး သတိထားနေဆဲ ဖြစ်သော်လည်း ၎င်းကို ဝန်ခံခဲ့ရ၏။ ယခင် တိုက်ပွဲတွင် ထိုသူက ခီလီယာနာ အတွက် အခြိမ်းခြောက်ဆုံး တည်ရှိမှု ဖြစ်ခဲ့သည်။ ခီလီယာနာ ကိုယ်တိုင်ပင် သူ့ကို ရင်ဆိုင်တိုက်ခိုက်ရန် ထိုက်တန်တဲ့ တစ်ဦးတည်းသော ရန်သူဟု ခေါ်ဆိုခဲ့သည်။

“ဖန်တီးခြင်း စာအုပ်နဲ့တောင်မှ ခီလီယာနာကို မကိုင်တွယ်နိုင်ဘူးလို့ မထင်ထားခဲ့ဘူး။” ဂေဘရီရယ် သက်ပြင်း ချလိုက်သည်။

“ဘာလို့ ကျုပ် အဲဒီအရာကို သုံးလို့ မဖြစ်တာလဲ။” ချန်လွေ့က သူ၏စိတ်ထဲမှ အကြီးမားဆုံး မေးခွန်းကို မေးလိုက်သည်။

ဂေဘရီရယ် ခဏတာ တိတ်ဆိတ် သွားပြီးနောက် သူက ပြန်မေးလိုက်သည်။ “ရှင် ဒါကို သုံးဖို့ အဆင်သင့် ဖြစ်ပြီလား။”

ချန်လွေ့ အနည်းငယ် စဉ်းစားလိုက်ပြီး ခေါင်းခါလိုက်သည်။

မိုက်ကယ်နှင့် ရာဖယ်ရယ်တို့က ၎င်းမှာ မည်သည့်အရာ ဖြစ်ကြောင်း နားမလည် ခဲ့ကြပေ။ ဂေဘရီရယ် စကားအနည်းငယ် တိုးတိုး ပြောလိုက်ရာ ကောင်းကင်တမန် နှစ်ပါးလုံး လန့်သွားကြသည်။ ရာဖယ်ရယ် လွှတ်ခနဲ ပြောလိုက်၏။ “မင်း အဲဒါကို သုံးလို့ မဖြစ်ဘူး...”

“ဘာလို့လဲ။” ရာဖယ်ရယ်၏ သဘောထားက ချန်လွေ့အား အတွင်း ဇာတ်လမ်းကို ပို၍ပင် ဖော်ထုတ်ချင်စိတ် ဖြစ်သွားစေခဲ့သည်။

“တားမြစ်ချက်ပဲ....” ဂေဘရီရယ်က ရှင်းပြလိုက်သည်။ “တားမြစ်ချက် အချို့ကြောင့် ကန့်သတ်ထားလို့ ကျွန်မတို့ ဆက်စပ်နေတဲ့ အရာတွေ ပြောပြမရဘူး။ တကယ်လို့ တားမြစ်ချက် ချိုးဖောက်ခဲ့ရင် အသက်တွေနဲ့ တန်ဖိုး ပေးဆပ်ရလိမ့်မယ်။ အဲဒါကြောင့် လျှို့ဝှက်ချက်တွေကို ကိုယ်တိုင်ပဲ စူးစမ်းရှာဖွေလို့ ရနိုင်မယ်။ သူ ပြောခဲ့သလိုပဲ။ တကယ်လို့ ရှင် မပြင်ဆင် ရသေးဘူးဆိုရင် အဲဒီအရာကို မသုံးနဲ့။ ဘယ်တော့မှ မသုံးတာ ပိုကောင်းမယ်။”

ချန်လွေ့က မြေဒြပ်စင်ဘုရင် မိုးရီသည် ဒြပ်စင်လောက၏ လျှို့ဝှက်ချက်ကို ပြောခဲ့သောကြောင့် ပျက်စီးသွားကြောင်း ကိုယ်တွေ့ ကြုံတွေ့ခဲ့ဖူးရာ သူသည် ဂေဘရီရယ်၏ စကားများမှာ ဆင်ခြေများ မဟုတ်ကြောင်း နားလည်သည်။

မိုက်ကယ် အချိန်အကြာကြီး စဉ်းစားပြီး စကားစလိုက်သည်။ “ငါ မင်းကို ဒီလိုပဲ ဖြေနိုင်တယ်။ ခီလီယာနာကို ရင်ဆိုင်တဲ့ အခါမှာ ငါတို့ ဒါကို အသုံးမပြုခဲ့ရင် ငါတို့မှာ မျှော်လင့်ချက် အစအနလေး တစ်ခု ရှိနေနိုင်သေးတယ်။ ငါတို့ ဒါကို အသုံးပြုလိုက်တာနဲ့ မျှော်လင့်ချက် အစအနလေး တစ်ခုတောင်မရှိတော့ဘူး။”

ချန်လွေ့က မိုက်ကယ်၏ စကားများမှ အဓိပ္ပာယ်ကို စဉ်းစားနေစဉ် ရာဖယ်ရယ် ပြောသည်ကို ကြားလိုက်ရသည်။ “အခု အရေးကြီးဆုံးက အသူရာချောက်နက်ရဲ့ စွမ်းအားကို ဘယ်လို တားဆီးရမလဲ ဆိုတာပဲ။ ခီလီယာနာက ယာယီတော့ ဆုတ်ခွာသွားတယ်။ ဒါပေမဲ့ အဲဒီ အသူရာ ချောက်နက် သတ္တဝါတွေက ရပ်တန့်မှာ မဟုတ်ဘူး။”

ချန်လွေ့က မျက်မှောင်ကြုတ်လိုက်ပြီး ပြောသည်။ “ဒီနေ့ ခီလီယာနာကိုပဲ တွေ့ခဲ့ရတယ်။ ဆိုစဘတ်နဲ့ ဒီလော့စ်ရိုကို မတွေ့ခဲ့ရဘူး။ တကယ်လို့ သူတို့ နှစ်ယောက်က လှုပ်ရှားမှုတွေ လုပ်ခဲ့ရင် သူတို့ကို ဘယ်လို တာဆီးနိုင်မှာလဲ။”

“လက်ရှိ သတင်းအရဆိုရင် သူတို့က လုံးဝ မပေါ်လာသေးဘူး။ တကယ်လို့ ငါ့ရဲ့ ခန့်မှန်းချက် မှန်မယ်ဆိုရင် ဆိုစဘတ်နဲ့ ဒီလော့စ်ရိုက အပြည့်အဝ မနိုးထသေးတာ ဒါမှမဟုတ် အားနည်းတဲ့ အခြေအနေမှာ ရှိနေတာ ဖြစ်နိုင်တယ်။” မိုက်ကယ်က ပြောလိုက်သည်။ “အဲဒါကြောင့် အသူရာ ချောက်နက် သတ္တဝါတွေက ဆက်ပြီးတော့ တိုက်ခိုက်လိမ့်မယ်။ သူတို့ရဲ့ ပျက်စီးခြင်းက ဆိုစ်ဘက်ခ်နဲ့ ဒီလော့စ်ရို တို့ကို တစ်လှမ်းချင်းစီ အသက်ပြန်ရှင် လာစေနိုင်တယ်။”

“ခင်ဗျား ဆိုလိုတာက အသူရာ ချောက်နက် အရှင်သခင်တွေက အသူရာ ချောက်နက် သတ္တဝါတွေရဲ့ အသက် ပျက်စီးခြင်းကနေ တစ်ဆင့် စွမ်းအားတွေ ရရှိနိုင်တယ်ပေါ့။” ချန်လွေ့က မှင်တက် သွားသော အမူအရာကို ပြသခဲ့သည်။

ဂေဘရီရယ်က ထပ်ပြောလိုက်သည်။ “ဟုတ်တယ်၊ အသူရာ ချောက်နက် သတ္တဝါတွေက တကယ်တမ်း သက်ရှိတွေကို သတ်ဖြတ်ပြီးတော့ ယုံကြည်မှုနဲ့ အသက်ကို ဝါးမျိုဖို့ ပျက်စီးခြင်း စွမ်းအားကို သုံးကြတယ်။ ဒီဝါးမျိုခြင်းကနေ ရရှိခဲ့တဲ့ စွမ်းအားရဲ့ အစိတ်အပိုင်းတစ်ခုက အရှင်သခင်တွေဆီ အလိုလို ပြန်လည် ပို့ဆောင်ပေးတယ်။ ပြီးတော့ အကြောက်တရားနဲ့ မျှော်လင့်ချက်မဲ့ခြင်းလို ဖြစ်ပေါ်လာတဲ့ အနုတ်လက္ခဏာ စိတ်ခံစားချက်တွေက အရှင်သခင်တွေရဲ့ စွမ်းအားကို ပိုပြီးတော့ တိုးမြှင့်ပေးလိမ့်မယ်။ တကယ်လို့များ အသူရာ ချောက်နက် အရှင်သခင်တွေက သတ္တဝါတွေကို တိုက်ရိုက်ဖျက်ဆီးပစ်ခဲ့ရင် ဒီလို အကျိုးသက်ရောက်မှုမျိုး ရှိမှာ မဟုတ်ဘူး။ ဥပမာအားဖြင့် ခီလီယာနာက ဒီနေ့ ငွေလကောင်းကင် မြို့တော် ပျက်စီးတာ အတွက် သက်ဆိုင်တဲ့ အထောက်အပံ့တွေကို မရရှိနိုင်ဘူး။ သူ ဒီကို ရောက်လာတဲ့ ရည်ရွယ်ချက်က ကြာပွတ်ကို ယူဆောင်သွားဖို့ ဖြစ်မယ်။”

“ဟွမ့်။ အဲဒီကြာပွတ်က လွန်ခဲ့တဲ့ နှစ် ၂သောင်းက နတ်သူငယ် မျိုးနွယ်စု ပုန်ကန်မှုကနေ ကျန်ရစ်ခဲ့တဲ့ အရာ ဖြစ်ရမယ်။ တကယ်လို့ နတ်သူငယ် မျိုးနွယ်စုသာ အဲဒီတုန်းက ဖျက်ဆီးခြင်း ခံခဲ့ရရင် ဒီနေ့ ဒီလိုအခြေအနေမျိုး ရှိမှာ မဟုတ်ဘူး။ အလူစီယာက အပြည့်အဝ တာဝန်ယူသင့်တယ်။” ရာဖယ်ရယ်က မကျေမနပ် ပြောလိုက်သည်။

ချန်လွေ့သည် တစ်ချိန်က အလူစီယာ ဆောက်ထားသော ကြေးမုံလောကကို ကြုံတွေ့ခဲ့ဖူးသည်။ သူက နတ်သူငယ် ရှေ့ဖြစ်ဟော၏ နည်းလမ်းများမှာ သေချာပေါက် ထိုသို့ မရိုးရှင်းဟု အမြဲပင် ခံစားခဲ့ရသည်။ အထူးသဖြင့် ခီလီယာနာ၏ စွမ်းအားဖြင့် သူ့အား ထိုသို့ လျို့ဝှက်ဒဏ်ရာမျိုးကို ခံစားစေနိုင်သည့် မည်သူ့ကိုမျှ မစဉ်းစားနိုင်ခဲ့ပေ။ ၎င်းမှာ အလူစီယာနှင့်လည်း တစ်ခုခု ပတ်သက် နေနိုင်လောက်သည်။

ကံဆိုးသည်မှာ အလူစီယာက သေဆုံးသွားခဲ့ပြီး ဖြစ်လေသည်။ သူ၏ သက်တမ်း တစ်လျှောက် ဖန်တီးခဲ့သော လှည့်ကွက် အမျိုးမျိုး အကြောင်းကို မည်သူမျှ သိလိမ့်မည် မဟုတ်ပေ။

“အခု အကောင်းဆုံး နည်းဗျူဟာက ခီလီယာနာ ဒဏ်ရာရနေတုန်းနဲ့ ဒီလော့စ်ရိုနဲ့ ဆိုစဘတ်တို့ အပြည့်အဝ မနိုးထသေးတုန်းမှာ အိပ်မက်ဆိုး တောနက်ကို အလစ် တိုက်ခိုက်ဖို့ပဲ။ အသူရာ ချောက်နက်ရဲ့ အခြေခံ အုတ်မြစ်ကို တခါတည်း အနိုင်ယူမယ်။” ဂေဘရီရယ် ရပ်တန့်သွားပြီး သက်ပြင်း ချလိုက်သည်။ “ကံဆိုးချင်တော့ ကျွန်မတို့ အားလုံးက ဒဏ်ရာ အပြင်းအထန်ရနေပြီး မတိုက်ခိုက်နိုင်ဘူး။ စေတန်၊ ရာဂူရယ်လ်နဲ့ တခြားသူတွေကို ရေတွက်ခဲ့ရင်တောင်မှ သေချာပေါက် ခီလီယာနာရဲ့ ပြိုင်ဘက်တွေ မဟုတ်ဘူး။”

ချန်လွေ့လည်း နောင်တရနေခဲ့သည်။ အခုက တကယ်ပဲ အသူရာချောက်နက် အားအနည်းဆုံး ဖြစ်နေတဲ့ အချိန်ပဲ။ ဒါပေမဲ့ ဒီအားနည်းချက်က နှိုင်းရ တစ်ခုပဲ။ အိပ်မက်ဆိုး တောနက်က အသူရာ ချောက်နက်ရဲ့ အခြေစိုက်စခန်း။ အဲဒီမှာ ခီလီယာနာတင် မကဘူး။ ဒီလော့စ်ရို၊ ဆိုစဘတ်နဲ့ အဆုံးမဲ့ အသူရာချောက်နက် သတ္တဝါတွေလည်း ရှိနေနိုင်သေးတယ်။ တကယ်လို့ ငါတို့ အဲဒီကို မဆင်မခြင် သွားခဲ့ရင် အလကား သေရလိမ့်မယ်။

အကြွင်းမဲ့ စွမ်းအား အရှေ့မှာ လှည့်ကွက်တွေက အခြေခံအားဖြင့် အသုံးမဝင်ဘူး။ တကယ်လို့ ငါတို့ အသူရာ ချောက်နက်ကို အမှန်တကယ် အနိုင်ယူ ချင်တယ်ဆိုရင် ငါတို့ အသူရာချောက်နက် အရှင်သခင် သုံးပါးနဲ့ ယှဉ်ပြိုင်နိုင်မယ့် စွမ်းအားမျိုး ရှိရမယ်။ ကံဆိုးချင်တော့ ဂေဘရီရယ် ပြောခဲ့သလိုပဲ လောက နှစ်ခုက နတ်ဘုရား-ယောင်တွေ အားလုံး ပေါင်းစပ်ခဲ့ရင်တောင်မှ ခီလီယာနာရဲ့ ပြိုင်ဘက် မဟုတ်ဘူး။

ချန်လွေ့ ခဏလောက် စဉ်းစားလိုက်ပြီး ပြောသည်။ “ကျုပ်တို့ အခု ပထမဆုံး စဉ်းစားဖို့ လိုအပ်တာက အသူရာ ချောက်နက် သတ္တဝါတွေကို တွန်းလှန်ပြီး သူတို့ကို လူသားလောက ဖျက်ဆီးပစ်ခြင်း ကနေ ကာကွယ်ဖို့ စစ်အင်အားတွေကို ဖွဲ့စည်းဖို့ပဲ။ ဒါက အသူရာချောက်နက် အရှင်သခင် သုံးပါးရဲ့ စွမ်းအားရင်းမြစ်ကို ဖြတ်တောက်ပစ်ပြီးတော့ အရှင်သခင် သုံးပါးရဲ့ ပြန်လည် ကောင်းမွန်လာမှုကို နှောင့်နှေးစေလိမ့်မယ်။ ကျုပ် နာလန်ထဖို့ နတ်ဆိုးဘုံကို ပြန်သွားမယ်။ ပြီးတော့ နောက်ထပ် စွမ်းအားကို အဆင့်တက်နိုင်ဖို့ လုပ်နိုင်မလား ကြိုးစားကြည့်မယ်...”

စွမ်းအား အဆင့်တက်ရန် ဟူသော စကားကို ကြားလိုက်ရာ မိုက်ကယ်၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီးနောက် ရာဖယ်ရယ်က အေးစက်စက်နှင့် ပြောလိုက်သည်။ “အရှင်သခင် သုံးပါးရဲ့ စွမ်းအား အရင်းအမြစ်ကို ဖြတ်တောက်ဖို့ ပိုလွယ်ကူတဲ့ နည်းလမ်းတစ်ခု ရှိတယ်။ အဲဒါက အသူရာချောက်နက် လှုပ်ရှားမှု မပြုခင် ငါတို့ အရင်ဆုံး စွမ်းအား အရင်းအမြစ်ကို ဖျက်ဆီးပစ်လိုက်ဖို့ပဲ။”

ချန်လွေ့ ထိတ်လန့်သွား၏။ သူ၏ မျက်လုံးများသည် အေးစက်သော ခြိမ်းခြောက်မှုဖြင့် ပြည့်နှက်သွားပြီး ရာဖယ်ရယ်ကို စိုက်ကြည့်နေလိုက်သည်။ “ခင်ဗျားက စတုတ္ထမြောက် အသူရာ ချောက်နက် အရှင်သခင် ဖြစ်ချင်တာလား။”

ရာဖယ်ရယ် မည်သည့် အားနည်းချက်မှ မပြဘဲ လှောင်ရယ်လိုက်သည်။ “အရေခြုံ လုပ်မနေနဲ့။ မင်းဟာက ကြင်နာမှု မဟုတ်ဘူး။ အဲဒါက အကြောက်တရားပဲ။ အသူရာ ချောက်နက်လို ရန်သူတစ်ဦးကို ကိုင်တွယ်ဖို့ နည်းလမ်းတွေ အကုန်လုံးကို သုံးရမယ်။”

“အဲဒီလိုဆိုရင် ကျုပ်က အန္တိမသော့ကို သုံးဖို့ ပြင်ဆင်ထားလိုက်ပြီ။”

မိုက်ကယ် မျက်မှောင် ကြုတ်လိုက်ပြီး ပြောလိုက်သည်။ “ကောင်းပြီလေ။ ငြင်းခုံ မနေကြနဲ့တော့။ ဒါက စိတ်ကူးကောင်း တစ်ခု မဟုတ်ဘူး။ ခီလီယာနာက အခု ဆင်းသက်လာခဲ့ပြီ။ ပြီးတော့ လူတိုင်းက သူ့ရဲ့ စွမ်းအားကို ခုနက ကြုံတွေ့ခဲ့ပြီးပြီ။ ငါတို့က တကယ်ပဲ လူသားအားလုံး ဒါမှမဟုတ် နတ်ဆိုးတွေ အားလုံးကို သတ်ခဲ့ရင်တောင်မှ ငါတို့ ခီလီယာနာကို အနိုင်ယူနိုင်မှာ မဟုတ်သေးဘူး။ ပြီးတော့ ယုံကြည်သူတွေကို ဆုံးရှုံးလိုက်ရတာက ငါတို့ရဲ့ နောက်ထပ် ဖြစ်နိုင်ခြေကို ဖျက်ဆီးပစ်တာနဲ့ အတူတူပဲ။ ဒါဆိုရင် အသူရာချောက်နက်ကို ငါတို့ ဘယ်လို တိုက်ခိုက်နိုင်မှာလဲ။”

ဂေဘရီရယ်ကလည်း ပြောလိုက်သည်။ “အသူရာ ချောက်နက်ကို အတူတူ တိုက်ခိုက်ဖို့ အတွက် ငါတို့ နတ်ဆိုးဘုံနဲ့ လူသားလောကရဲ့ စွမ်းအားတွေကို စုစည်း ရမယ်။ အထူးအဆင့် အစွမ်းထက် ပုဂ္ဂိုလ်တွေ အပါအဝင်ပေါ့။”

ရာဖယ်ရယ်က ဂေဘရီရယ်နှင့် မိုက်ကယ်ကို ကြည့်လိုက်သော်လည်း သူက နောက်ထပ် ဘာမှမပြောတော့ပေ။

ချန်လွေ့က ရာဖယ်ရယ်ကို လျစ်လျူရှုပြီး ခေါင်းညိတ် လိုက်သည်၊ “အသူရာချောက်နက် ဆင်းသက်လာခဲ့တဲ့ နေရာက အိပ်မက်ဆိုး တောနက်ထဲမှာ။ ဒါကြောင့် သူတို့ရဲ့ပန်းတိုင်က အိပ်မက်ဆိုး တောနက်ကို ဗဟိုပြုပြီးတော့ ဖြန့်ကျက် လာရမယ်။ သံတံခါး အင်ပါယာ ပျက်စီးခြင်းက အစပဲ ရှိသေးတယ်။ အခု ထိပ်တန်း ဦးစားပေးက ကျက်သရေပြာ အင်ပါယာကို စစ်ကူတွေ အလျင်အမြန် ပံ့ပိုးပေးဖို့ပဲ။ တစ်ချိန်တည်းမှာပဲ တိုက်ခိုက်ရေး စွမ်းအားတွေ မရှိတဲ့ အရပ်သားတွေကို ဘေးကင်းလုံခြုံတဲ့ နေရာ တစ်ခုဆီကို ကြိုတင်ရွှေ့ပြောင်း ထားသင့်တယ်။ တကယ်လို့ စစ်ပွဲက တကယ်ပဲ အရေးပေါ် ဖြစ်ခဲ့ရင် နတ်ဆိုးဘုံကို ဒီရွှေ့ပြောင်းမှု နေရာ အတွက် ထည့်စဉ်းစားလို့ ရနိုင်တယ်။”

လူသားတွေကို နတ်ဆိုးဘုံဆီကို ရွှေ့ပြောင်းမှာလား။ ထိုအဆိုပြုချက်က ကောင်းကင်တမန် သုံးပါးအား တစ်ချိန်တည်း ထိတ်လန့်သွားစေသည်။ ဂေဘရီရယ်က စကားစလိုက်သည်၊ “အခြေအနေက အဲဒီလောက် ဆိုးမှာ မဟုတ်ဘူးလို့ မျှော်လင့်ပါတယ်...”

နှစ်ဖက်စလုံး လောက နှစ်ခု လက်တွဲ ပူးပေါင်းမည်ဟူသော သဘောတူညီချက် တစ်ခုကို အခြေခံအားဖြင့် ရရှိသွားသည်။ မြေပြင်တပ်များက အားဖြည့်မှုများ အတွက် ကျက်သရေပြာ အင်ပါယာသို့ အလျင်အမြန် ရွှေ့ပြောင်းသွားခဲ့ကြသည်။ ချန်လွေ့က ဇိုလာကို နာလန်ထူရန် နတ်ဆိုးဘုံသို့ ခေါ်ဆောင်သွားခဲ့သည်။ ကောင်းကင်တမန်တော် သုံးပါးသည် အားကောင်းသော ရန်သူများကို တိုက်ခိုက်ရန်အတက် လောက နှစ်ခု၏ အထူးအဆင့် အစွမ်းထက် ပုဂ္ဂိုလ်များကို ပြန်လည်၍ ဆင့်ခေါ်ခဲ့သည်။

နတ်ဆိုးဘုံနှင့် လူသားလောကတို့က ရန်သူများမှ မိတ်ဆွေများ အဖြစ်သို့ ပြောင်းလဲသွားကြသည်။ မဟာမိတ်ဖွဲ့ခြင်း သတင်းက ရွှေရောင်နယ်မြေနှင့် လူသား လောက တစ်ခုလုံးသို့ပင် ပျံ့နှံ့သွားခဲ့သည်။ လူတိုင်းနီးပါးက တုန်လှုပ်သွားကြသည်။ လွန်ခဲ့သော ရက်အနည်းငယ်က သူတို့ နတ်ဆိုး မဟာမိတ် စစ်တပ်နှင့် သေသည် အထိ တိုက်ခိုက်နေခဲ့ကြပြီး ယနေ့ သူတို့ ပူးပေါင်းတော့ပေမည်။ အတုန်လှုပ်ဆုံး အရာမှာ အမှန်တကယ် မဟာမိတ်ဖွဲ့ခြင်း ကိုယ်တိုင်မဟုတ်ဘဲ ထိုမဟာမိတ်ဖွဲ့ခြင်းမှ ရောင်ပြန်ဟပ်နေသော တုန်လှုပ်ဖွယ် အကြောင်း တစ်ခုပင်။ ကောင်းကင်တမန် သုံးပါးက အဲဒီ မကောင်းဆိုးဝါးများတွေကို မရှင်းလင်းနိုင်ခဲ့ဘူး။ အဲဒါကြောင့်ပဲ ငါတို့ နတ်ဆိုးဘုံနှင့် အတင်းအကျပ် မဟာမိတ် လုပ်ခဲ့ရတာ။

နတ်သူငယ် မျိုးနွယ်စုက ထိခိုက်မှု အများဆုံးကို ခံစားခဲ့ရ၏။ အကြောင်းမှာ နတ်သူငယ်များသည် ငွေလကောင်းကင် မြို့တော် ပျက်စီးသွားပြီ ဖြစ်ကြောင်း သတင်းဆိုးကို ရရှိနှင့်ပြီး ဖြစ်၍ပင်။ ဧကရီအရှင်မ လစ်ဗ်နှင့် ကျန်ရှိနေသော နတ်သူငယ်အားလုံး သေဆုံးသွားခဲ့သည်။

နတ်သူငယ် အားလုံး ရှင်းပြမရနိုင်ဘဲ ဝမ်းနည်းနေခဲ့ကြသည်။ မင်းသမီးလေး မီရှယ်က ငိုရင်း သတိလစ်သွားခဲ့သည်။ နတ်သူငယ် ရှေ့ဖြစ်ဟော အသစ် ခီလန်ယာက သူ၏ဖခင် အလူစီယာက သဘာဝသစ်ပင်ကို အပြင်လူတစ်ဦးဖြစ်သူ ချန်လွေ့အား အဘယ်ကြောင့် အခိုင်အမာ လွှဲအပ်ခဲ့ပြီး ၎င်းကို အချိန်ဇယားအတိုင်း ပြန်မပေးရန် ခွင့်ပြုခဲ့သည်ကို နားလည် သွားခဲ့သည်။ သူက ဧကရီအရှင်မထံသို့ စာတစ်စောင်ကိုလည်း ချန်ထားခဲ့ပြီး လက်ရွေးစင် အားလုံးကို လူသား မဟာမိတ် စစ်တပ်သို့ စေလွှတ်ရန် အကြံပြုခဲ့၏။ ငွေလကောင်းကင်မြို့တော် ပျက်စီးခြင်းကို ဟိုးအရင်ကတည်းက ကြိုတင် မြင်ခဲ့ပြီးသား ဖြစ်ခဲ့လေသည်။

ထိုအချိန် လူသားလောကနှင့် နတ်ဆိုးဘုံ အကြား မှော်ဂိမ်းထဲတွင် အရေးကြီးသော ကြေညာချက် တစ်ခုကို တစ်ချိန်တည်း ထုတ်ပြန်ခဲ့သည်။ ၎င်းက မှော်ဖုန်းတစ်ခုချင်းစီ၏ စာတိုများ၌လည်း အလိုလို ပေါ်လာခဲ့သည်။ ယခုတစ်ကြိမ် လူသားလောကကို တိုက်ခိုက်နေသော မကောင်းဆိုးဝါးမှားမှာ အခြားလောက တစ်ခုမှ ရောက်ရှိလာခဲ့သည်။ သူတို့က မျိုးနွယ်အားလုံး၏ ဘုံရန်သူများ ဖြစ်၏။ သူတို့၏ မူလပုံစံနှင့် အလေ့အထများက မှော်ဂိမ်းများမှ ဂူသင်္ချိုင်းများ သို့မဟုတ် ဝိုင်းရံတိုက်ခိုက်မှု အဖြစ်အပျက်များမှ မကောင်းဆိုးဝါးများနှင့် ဆင်တူသည်။ စစ်တပ် ပစ်မှတ်ထားသော ဗျူဟာများနှင့် နည်းဗျူဟာများကို ထည့်စဉ်းစားနိုင်၏။ မကောင်းဆိုးဝါးများက အားကောင်းရုံ သာမက သူတို့၏ အရေအတွက်များမှာ အံ့ဩဖွယ် ကောင်းလှသည်။ သူတို့ ဖြတ်သန်းသွားရာ နေရာတိုင်း မည်သူမျှ အသက်ချမ်းသာရာမရခဲ့။ လက်နက်ချရန် အခွင့်အရေး မရှိခဲ့ပေ။ အကယ်၍ အသက် ရှင်လိုခဲ့ပါက အစွမ်းကုန်ဖြင့် ခုခံတွန်းလှန် နိုင်ရုံသာ တတ်နိုင်မည် ဖြစ်သည်။

All Chapters