← Chapters

ပထမဆုံးတစ်နာရီ

Vol. 25 Ch. 361

ပထမဆုံးတစ်နာရီ

Vol. 25 Ch. 361

ကျင်းထောင်ရှန်းဦးဆောင်သော မြို့တော်အရှေ့ပိုင်းမှ လုံခြုံရေးအဖွဲ့ဝင်များ ၊ဝမ်ကျားဦးဆောင်သော ရှင်းလုမှ လုံခြုံရေးအဖွဲ့ဝင်များ ၊ မြောက်များလှစွာသော ခြောက်ခြားဂိမ်းကစားသမားများ ၊ ကောင်းယန်၏ ကျောင်းသားကောင်စီ နှင့် များစွာသော ကောင်းမင်၏ကိုယ်ပွားဗားရှင်းများ စသဖြင့် ဟန်ဟိုင်းရှိ အဓိကကစားသမားများသည် လူနေရပ်ကွက်နှစ်ခုတွင် စုဝေးနေကြလေပြီ။နတ်ဘုရားသည်ပင် ထိုများပြားလှသော အဖွဲ့များ၏ ရလာဒ်ကို မခန့်မှန်းတတ်တော့ချေ။

လုံခြုံရေးအဖွဲ့ဝင်များနှင့် ခြောက်ခြားဂိမ်းကစားသမားများသည် လက်ရွေးစင်များကြားမှ လက်ရွေးစင်များဖြစ်သည်။သူတို့သည်သေခြင်းတရားဖြင့် လေ့ကျင့်ထားသူများဖြစ်ကြသည်။ သူတို့သည် သူတို့၏မှတ်ဉာဏ်များနှင့် စွမ်းအားအချို့ကို ဆုံးရှုံးခဲ့ရသော်လည်း ရင်ဆိုင်ရရန်မလွယ်ကူပေ။ အကယ်၍ နတ်ဘုရားနှစ်ပါးသည် သူတို့၏စွမ်းအားကို ကောင်းမင်အားဖိနှိပ်ရန် အာရုံစိုက်လိုက်ပါက ကောင်းမင်မှာလွတ်မြောက်ရန် အခွင့်အရေးမရှိပေ။ သို့သော်လည်း အခြားအင်အားစုများက ဤအစီအစဉ်အား ကျယ်ပြန့်စွာ ဖြိုခွင်းပစ်လိုက်ကြသည်။ ထာဝရဘဝအိမ်ရာရှိ လူများသည် ပန်းချီဆရာကောင်းမင်ကြောင့် တစ်ဦးထက်မက နိုးထလာကြတော့သည်။ သို့သော် သူတို့အများစုသည် သူတို့၏အခန်းများအတွင်း၌သာ နေနေကြပြီး ချောင်းကြည့်ပေါက်များမှတစ်ဆင့် စောင့်ကြည့်လေ့လာနေကြသည်။ အချိန်ကုန်လွန်လာသည်နှင့်အမျှ အိမ်ငှားများ၏ မှတ်ဉာဏ်များ ထိခိုက်လာတော့သည်။ ဤကြောက်မက်ဖွယ်ခံစားချက်က သူတို့အား ကိုယ့်ကိုယ်ကို ကယ်တင်နိုင်ရန် ကြိုးစားစေခဲ့သည်။ ပန်းချီဆရာကောင်းမင်သည် ကျိုးကျွင်းထက် ရုပ်ပိုင်းဆိုင်ရာအရ ပိုအားနည်း၏။ မိနစ်အနည်းငယ်ကြာပြေးပြီးနောက် သူဆက်မပြေးနိုင်တော့ပေ။

“ကျိုးကျွင်း ငါ့ကိုဖမ်းမိသွားရင် ငါသေလိမ့်မယ် ၊ ပြီးတော့ သူရွှံ့ရုပ်တုကို ရသွားလိမ့်မယ်…”

သူ၏ပန်းချီစုတ်တံသည် ထွင်းဓားတစ်ချောင်းနှင့်တူ၏။ ပန်းချီဆရာကောင်းမင်သည် သူ့သွေးမှ ဖန်တီးထားသောဆေးကို သုံး၍ ရွှံ့ရုပ်တု၏ မျက်လုံးများကို ခတ်နှိပ်လိုက်သည်။ ထိုအချိန်တွင် ရွှံ့ရုပ်တုပေါ်ရှိ ပန်းချီများအားလုံး အသက်ဝင်လာကြသည်။ သူတို့သည် ရူးသွပ်စွာဖြင့် ရွှံ့ရုပ်တုအတွင်းသို့ တွားဝင်သွားကြ၏။ ရွှံ့ရုပ်တုပေါ်တွင် သွေးကြောကွန်ယက်တစ်ခု ပေါ်လာခဲ့သည်။ပန်းချီဆရာကောင်းမင်သည် ကျိန်စာများအား ရွှံ့ရုပ်တု၏နှလုံးသားထဲသို့ သွန်းလောင်းရန် အရာအားလုံးကိုလုပ်ဆောင်ခဲ့သည်။

“ငါ့ပန်းချီကားတွေက ငါ့ဘဝနဲ့ငါ့အသိစိတ်ပဲ။ ကောင်းမင်က ငါနဲ့ပေါင်းစည်းခဲ့တယ် ၊အခုမင်းလည်း ငါနဲ့ပေါင်းစည်းရမယ်! ဟားဟား!”

ပန်းချီဆရာကောင်းမင် ရူးသွပ်စွာရယ်မောလိုက်သည်။ သူဆုံးဖြတ်ချက်တစ်ခုချလိုက်သည်။ နောက်ထပ်တစ်ကွေ့တွင် ရွှံ့ရုပ်တုအား ကျိုးကျွင်းမျက်နှာသို့ ပစ်ပေါက်လိုက်၏။

ပြေးလာနေသောကျိုးကျွင်းက ရွှံ့ရုပ်တုကို မသိစိတ်မှ ဖမ်းဆုပ်လိုက်သည်။ ချက်ချင်းဆိုသလိုပင် တစ်ခုခုမှားယွင်းနေသည်ကို သူခံစားလိုက်ရသည်။ သူ့နောက်ကျောအား ဓားမြောင်များဖြင့် စိုက်ကြည့်ခံနေရသလို သူခံစားလိုက်ရသည်။ သူလှည့်ကြည့်လိုက်သည့်အခါ သရဲဘွားဘွားက သူ့ကို စိုက်ကြည့်နေသည်ကို သဘောပေါက်သွားသည်။ သရဲဘွားဘွားသည် ကောင်းမင်အား မည်သည့်ဦးစားပေးမှုတစ်စုံတစ်ရာမှ မပြပေ။ ရွှံ့ရုပ်တုကို ကိုင်ထားသူမည်သူကိုမဆို သူမ ပစ်မှတ်ထားမည်ဖြစ်သည်။ ကျိုးကျွင်းသည် ရွှံ့ရုပ်တုက အရေးကြီးကြောင်းသိသော်လည်း ၎င်းကိုကိုင်ဆောင်ထားခြင်းက သူ့အသက်ကို ဆုံးရှုံးစေမည်ဖြစ်သည်။ သူ့လက်မောင်းအတွင်းရှိ အထူးလူသေဓာတ်ပုံသည် သူ့အသားကိုတတိတိ ဝါးမြိုနေ၏။ ရွှံ့ရုပ်တုနှင့် နှိုင်းယှဉ်လျှင် ကောင်းမင်သည် စုံစမ်းစစ်ဆေးရေးဌာနအတွက် ပိုအရေးကြီးလေသည်။

အသက်အနည်းငယ်ရှူသွင်းလိုက်ပြီး ကျိုးကျွင်း အရှိန်လျှော့လိုက်သည်။ သူ ရွှံ့ရုပ်တုကို သူနှင့်ကောင်းမင်ထံမှ ခပ်ဝေးဝေးသို့ပစ်မှတ်ထား၍ အဝေးသို့ပစ်ထုတ်လိုက်သည်။

“အဘွားကြီးရဲ့ပစ်မှတ်က ရွှံ့ရုပ်တုပဲ။ ငါအခု သူ့ကို ရင်မဆိုင်နိုင်သေးဘူး ငါသူ့ကို အာရုံပြောင်းအောင် ဒါသုံးလိုက်မယ် ၊ ငါကောင်းမင်ကိုသတ်ပြီးမှ သူ့ကို သတ်ဖို့ လူထပ်စုမယ်!” ရွှံ့တုရုပ်သည် အမြောက်ဆံတစ်ခုကဲ့သို့ သရဲဘွားဘွားကို ဖြတ်ကျော်၍ပျံသန်းသွား၏။ သူမ၏မျက်လုံးများသည် ရဲရဲနီနေသည်အထိ စိုးရိမ်ပူပန်နေ၏။ရွှံ့ရုပ်တု ပျက်စီးသွားမည်ကို သူမစိုးရိမ်နေခြင်းဖြစ်သည်။

သူတို့နောက်မှ လိုက်ပါလာသောဝမ်ကျားက သူ့မျက်လုံးများကို မှေးကျဉ်းလိုက်သည်။ သူ၏ကံကြမ္မာမှာ ဤမျှ လျင်မြန်စွာပြောင်းလဲသွားမည်ကို သူမမျှော်လင့်ထားခဲ့ပေ။ ရွှံ့ရုပ်တုသည် ကြမ်းပြင်ပေါ်သို့ကျလာပြီး သူ့ဆီသို့လှိမ့်ဝင်လာလေသည်။ ဝမ်ကျားသည် အရိပ်ထဲမှ ခုန်ထွက်လိုက်သည်။ သူရွှံ့ရုပ်တုကို ကောက်ယူလိုက်ပြီး သွေးနီရောင်ဆက်သွယ်ရေးစက်ထံ အော်ဟစ်လိုက်သည်။

“အားလုံး ငါ့နေရာကိုလာစုကြ!”

ရှင်းလုမှလုံခြုံရေးအဖွဲ့ဝင်များထံတွင် လျှို့ဝှက်နည်းပညာများစွာရှိသည်။ မူမမှန်မှုအတွင်းတွင် ဆက်သွယ်ရေးပိတ်ဆို့ခံထားရသော်လည်း ဌာနချုပ်ပင်မသိသော သူတို့၏ ကိုယ်ပိုင်ဆက်သွယ်ရေးနည်းလမ်းများရှိကြသည်။ ဝမ်ကျား သူ့အိတ်ကပ်ထဲသို့ လက်လှမ်းလိုက်သည်။ သူသည် လူ့ဆံပင်ဖြင့်ပြုလုပ်ထားသော အရုပ်ငယ်တစ်ခုပေါ်တွင် သူ့သွေးများကို သုတ်လိမ်းလိုက်သည်။ အရုပ်ထံမှတုံ့ပြန်မှုမရှိသည် အာရုံခံမိသဖြင့် ဝမ်ကျားက သံချောင်းရှည်တစ်ချောင်းကိုဆွဲယူ၍ အရုပ်၏ ဦးခေါင်းကို ထိုးဖောက်လိုက်သည်။

တစ်ချိန်တည်းတွင် ထာဝရဘဝအိမ်ရာ အခန်း၁၂၀၉ရှိ လုံခြုံရေးယူနီဖောင်းဝတ် အမျိုးသမီးတစ်ဦး အော်ဟစ်လိုက်ပြီး မြေပြင်ပေါ်သို့လဲကျသွားသည်။ သူမ၏ ရှုပ်ပွနေသောဆံပင်များကို ကျစ်ဆံမြီးများစွာ ထုံးထား၏။ ကျစ်ဆံမြီးတစ်ခုစီ၏ အဆုံးတွင် တစ်လက်မအရွယ် အဝတ်ရုပ်လေးများရှိလေသည်။

“ကျူးယင် ၊ နင်ဘာဖြစ်တာလဲ”

လုံခြုံရေးအဖွဲ့နှစ် အဖွဲ့၏ခေါင်းဆောင်မှာ အချိုးအစားပြေပြစ်သော အမျိုးသမီးတစ်ဦးဖြစ်သည်။ သူမသည် အလွန်အရပ်ရှည်သော်လည်း သူမ၏ခန္ဓာကိုယ်တစ်ခုလုံးအား အနက်ရောင်အဝတ်များဖြင့် ဖုံးအုပ်ထားသည်။ သူမ၏ အရေပြားတစ်လက်မမျှပင် ဖော်ထုတ်ထားခြင်းမရှိပေ။

“ဒု-ကပ္ပတိန် ၊ နင့်ခေါင်းနောက်က သွေးထွက်နေတယ်!”

အဖွဲ့နှစ်မှ အခြားမိန်းကလေးသုံးဦးက ကျူးယင်အား ထူပေးလိုက်ကြသည်။ သူတို့သည် ငါးယောက်တစ်ဖွဲ့ဖြင့် အိမ်ရာအတွင်းသို့ ဝင်ရောက်လာကြပြီး အခန်းအတူတူသို့ ရောက်ရှိလာကြခြင်းဖြစ်သည်။

“ခေါင်းဆောင် တစ်ခုခုဖြစ်နေပြီ!”

ကျူးယင်ထလာသည်နှင့် သူမ၏ကျစ်ဆံမြီးများတဝိုက်တွင် ချည်နှောင်ထားသော အရုပ်များကို ဆုပ်ကိုင်လိုက်သည်။

“သူက သူ့နေရာကို ချက်ချင်းလာစုဖို့ တခြားသူတွေကို ငါ့ကိုဆက်သွယ်ခိုင်းလိုက်တယ်!”

“ငါတို့ ဒီကိုရောက်တာ တစ်နာရီမပြည့်သေးဘူး ၊ ဝမ်ကျားက ဒုက္ခကြုံနေပြီလား”

အဖွဲ့ခေါင်းဆောင်က ကျူးယင်၏ပခုံးကို ကိုင်လိုက်သည်။

“နင် သေချာလား”

“ဒါက တိုက်ရိုက်အကျဆုံးအမိန့်ပဲ! ခေါင်းဆောင်ရဲ့မျက်လုံးတွေက အန္တရာယ်အစစ်အမှန်ကိုမြင်ခဲ့ရတာဖြစ်မယ် ၊ ငါတို့ ဒုက္ခကြီး ကြုံနေပြီ!”

ကျူးယင်က သူမ၏သွေးများကို အရုပ်များအားလုံးပေါ်တွင် ပက်ဖြန်းလိုက်သည်။ အရုပ်များအားလုံး ပြုံး၍ မျက်လုံးများဖွင့်လာသည်နှင့် သူမက အရုပ်များကို စတင်စကားပြောလိုက်သည်။

“မဖြစ်ဘူး ၊ ငါသရဲတက်တူးကို သုံးလို့မဖြစ်ဘူး ၊ လူတိုင်းကို ဆက်သွယ်ဖို့ ငါ့ကိုယ်ပိုင်အာရုံခံစွမ်းရည်ကို သုံးမှရမယ်”

ကျူးယင်သည် သူမ၏လက်ချောင်းများကို လှီး၍ သွေးများကို အရုပ်များ၏ပါးစပ်အတွင်းသို့ ထိုးထည့်လိုက်သည်။ သူမ၏ပါးစပ်သည် အရုပ်၏ပါးစပ်ပုံသဏ္ဌာန်အဖြစ် တဖြည်းဖြည်း သိမ်းယူလိုက်သည်။ အဆောက်အအုံအတွင်း ပြန့်ကျဲနေသောလုံခြုံရေးအဖွဲ့ဝင်များက သူမ၏မက်ဆေ့ချ်ကို ရခဲ့သင့်သော်လည်း ကျူးယင်၏မျက်နှာကား ဖြူဖျော့နေသည်။ သူမ စွမ်းအင်များစွာကုန်ဆုံးခဲ့သော်လည်း အဖြေသုံးခုသာရရှိခဲ့သည်။

“ငါတို့ ဒုက္ခအကြီးကြီးရောက်နေပြီ”

ကျူးယင်၏မျက်နှာမှာ စာရွက်တစ်ရွက်ကဲ့သို့ ဖြူဖျော့လျက်ရှိသည်

“အဖွဲ့တစ်ဖွဲ့မှာ လူငါးယောက်ရှိရင် ငါတို့အဖွဲ့အပြင် လူဆယ့်ငါးယောက်ဆီပဲ ရောက်နိုင်တယ်”

ဤလူများအတွက် ဝမ်ကျား၏စကားများသည် အကြွင်းမဲ့အမိန့်များဖြစ်သည်။ သူတို့အသက်ရှင်လိုပါက ဝမ်ကျားအား နာခံရမည်ဖြစ်သည်။ ပြန်မဖြေသူများသည် သူတို့ဆက်မရှင်သန်လိုတော့ဟု ဆိုလိုပေသည်။

“ဒီနေရာက အဲဒီလောက်အန္တရာယ်များတာလား”

အဖွဲ့နှစ် အဖွဲ့ဝင်တစ်ဦး တုန်ယင်သွားလေသည်။

“ဒီကသရဲတွေရဲ့စွမ်းအားက မှတ်ဉာဏ်နဲ့ဆက်စပ်နေတယ် ၊ ငါ့စွမ်းအားကြောင့် နင်ဘာမှမခံစားရတာ”

အဖွဲ့ခေါင်းဆောင်က သူမလက်မောင်းဝန်းကျင်ရှိ အနက်ရောင်အဝတ်စကို ဆုပ်ကိုင်လိုက်သည်။ သူမ၏ခန္ဓာကိုယ်သည် ဆွဲဆောင်မှုရှိလှသည်။ ဖုံးအုပ်ထားသော အဝတ်များကပင် သူမ၏လှပသောအသွင်အပြင်ကို ဖုံးကွယ်နိုင်ခြင်းမရှိပေ။ သူမ အနက်ရောင်အဝတ်စကို ဆွဲဖြဲလိုက်သည်။ သူမ၏အဖွဲ့ဝင်များသည် စူးစမ်းချင်စိတ်ဖြင့် သူမကိုကြည့်လိုက်ကြသည်။ ဖြူဝင်းချောမွတ်သောအသားအရေအစား အရေပြားများတွင် ကြောက်မက်ဖွယ်ရာ အမာရွတ်များနှင့်အရေးအကြောင်းများကိုတွေ့လိုက်ကြရသည်။

“ငါအသက်စွမ်းအားကို လဲလှယ်ပြီး အပျက်သဘောဆောင်တဲ့သက်ရောက်မှုတွေကို ဖယ်ရှားနိုင်တယ် ဒါပေမယ့် ဒီနေရာမှာ ငါ အလျင်အမြန်အသက်ကြီးနေပြီ ၊ အဆောက်အအုံတစ်ခုလုံးက တချို့စည်းမျဉ်းတွေအောက်မှာပဲ ၊ နင်တို့ သတိမထားမိရင် နင်တို့မှတ်ဉာဏ်နဲ့ ကိုယ့်ကိုယ်ကိုယ်ပါ ဆုံးရှုံးသွားလိမ့်မယ်”

ထိုအမျိုးသမီးက သူမ၏လက်ကို ပြန်ရစ်ပတ်လိုက်သည်။ သူမသည် မီးဖိုချောင်ထဲသို့ဝင်၍ အနီရောင်သေတ္တာတစ်လုံးကို ယူလိုက်သည်။

“လက်ဆောင်တွေက ငါတို့ရဲ့ အနက်ရှိုင်းဆုံး လျှို့ဝှက်ချက်တွေပဲ ၊ ငါတို့ တစ်ယောက်ကိုတစ်ယောက် လျှို့ဝှက်ချက်တွေမှတ်မိအောင် ကူညီနိုင်မယ်လို့ မျှော်လင့်ပါတယ်”

ထိုအမျိုးသမီးသည်သေတ္တာအား ပြာဖြစ်သွားအောင် မီးခြစ်ဖြင့်ရှို့လိုက်တော့သည်။ နာရီပေါ်ရှိ မိနစ်လက်တံမှာ တစ်ပတ်ပြည့်သွားပြီဖြစ်သည်။

အခန်းအတွင်းရှိ နာရီများအားလုံး ထူးခြားသောအသံတစ်ခု ထွက်ပေါ်လာလေသည်။ အိမ်ငှားများက နာရီများကို လှည့်ကြည့်လိုက်သည့်အခါ နာရီများ၏မျက်နှာပြင်ပေါ်တွင် သူတို့၏ရောင်ပြန်ဟပ်မှုကို တွေ့လိုက်ကြရသည်။

All Chapters